အဘိဏှသုတ် (ဗုဒ္ဓဓမ္မ ဦးလောကနာထ မှ)

အဘိဏှသုတ် (ဗုဒ္ဓဓမ္မ ဦးလောကနာထ မှ ကူးယူဖော်ပြပါသည်)

ကံတရားကို အမြဲမပြတ် ဆင်ခြင်ပါ…

''မိမိ၏ ကံသာလျှင် မိမိဥစ္စာ ရှိ၏၊ ကံ၏ အမွေခံ ဖြစ်၏၊ ကံသာလျှင် အကြောင်းရှိ၏၊ ကံသာလျှင် အဆွေအမျိုး ရှိ၏၊ ကံသာလျှင် ကိုးကွယ် မှီခိုရာရှိ၏၊ ကောင်းသည်ဖြစ်စေ မကောင်းသည်ဖြစ်စေ ငါပြုမိသော ကံ၏ အမွေခံသာ ဖြစ်ရပေမည်'' ဟူ၍ မိန်းမဖြစ်စေ ယောက်ျားဖြစ်စေ လူဖြစ်စေ ရဟန်းဖြစ်စေ မပြတ် ဆင်ခြင်အပ်၏။

ရဟန်းတို့ သတ္တဝါတို့အား ကာယဒုစရိုက် ဝစီဒုစရိုက် မနောဒုစရိုက်သည် ရှိ၏၊ ထို(ကံ) အကြောင်းကို မပြတ် ဆင်ခြင်သော ထိုသူအား မကောင်းမှုသည် အချင်းခပ်သိမ်းမူလည်း ပျောက်ကင်း၏၊ ခေါင်းပါးခြင်းမူလည်း ဖြစ်၏။

''ငါတစ်ယောက်တည်းသာလျှင် ကံသာလျှင် မိမိဥစ္စာရှိသည် ကံ၏ အမွေခံဖြစ်သည် ကံသာလျှင် အကြောင်းရှိသည် ကံသာလျှင် အဆွေအမျိုးရှိသည် ကံသာလျှင် ကိုးကွယ်မှီခိုရာ ရှိသည် ကောင်းသည်ဖြစ်စေ မကောင်းသည် ဖြစ်စေ ငါပြုမိသော ကံ၏ အမွေခံဖြစ်သည် မဟုတ်၊ စင်စစ်မူကား ဤဘုံဘဝသို့ လာခြင်း တစ်ခြားဘုံဘဝသို့ သွားခြင်း စုတေခြင်း ပဋိသန္ဓေ နေခြင်းရှိသည့် သတ္တဝါဟူသမျှ အားလုံးတို့သည် ကံသာလျှင် မိမိဥစ္စာ ရှိကုန်၏၊ ကံ၏ အမွေခံ ဖြစ်ကုန်၏၊ ကံသာလျှင် အကြောင်းရှိကုန်၏၊ ကံသာလျှင် အဆွေအမျိုး ရှိကုန်၏၊ ကံသာလျှင် ကိုးကွယ် မှီခိုရာ ရှိကုန်၏၊ ကောင်းသည်ဖြစ်စေ မကောင်းသည်ဖြစ်စေ ပြုမိသော ကံ၏ အမွေခံတို့သာ ဖြစ်ကြလိမ့်မည်'' ဟု ဆင်ခြင်၏။

ထိုကံအကြောင်းကို မပြတ် ဆင်ခြင်သော ထိုသူအား မဂ်သည် ကောင်းစွာ ဖြစ်ပေါ်လာ၏၊ ထိုအရိယာတပည့်သည် ထိုမဂ်ကို မှီဝဲ၏၊ ပွါးများ၏၊ ကြိမ်ဖန်များစွာ ပြု၏၊ ထိုမဂ်ကို မှီဝဲသော ပွါးများသော ကြိမ်ဖန်များစွာ ပြုသော ထိုသူအား သံယောဇဉ်တို့သည် အချင်းခပ်သိမ်း ပျောက်ကင်းကုန်၏၊ အစဉ်ကိန်းနေသော 'အနုသယ' တရားတို့သည် ကင်းပြတ်ကုန်၏ ဟု မိန့်တော်မူ၏။

Sunday, September 16, 2012

ကြည့်မိသော Charity သို့ မဟုတ် အလှူပွဲး ကျင်းပမှူ့ ပွဲးလေး



          ပြီးခဲ့တဲ့ အပတ်က အယ်လန်ရဲ့  အလှူပွဲး ရန်ပုံငွေပြပွဲးလေး တစ်ခုကို T.V ထိုင်ကြည့်ရင်းက မြင်တွေ့ ခွင့် ရခဲ့ပါတယ်။ မြန်မာပြည်မှာ ရုတ်သံကနေ အစီအစဉ်ဆွဲးထားတဲ့ အခန်းလေးတစ်ခု၊ ခုချိန်ထိ မရှိနေသေးပါဘူး။ မြန်မာပြည်ရဲ့  ရုပ်မြင်သံကြား အစီအစဉ်တွေဟာ ပုဂ်ဂလိက အပိုင်းကို မရောက်သေး တာလည်း အကြောင်းတစ်ခု ဖြစ်မယ်ထင်ပါတယ်။ 

          သူက ရုတ်သံကနေ ပြိုင်ပွဲးလေး တစ်ခု ဖိတ်ခေါ်ကျင်းပတာပါပဲ။ မြန်မာပြည်မှာ ဆိုရင် ကျမ္မာရေးနဲ့  ပတ်သက်တဲ့ ဟောပြောပွဲး ကျင်းပတာ၊ တက်ရောက်နားထောင်ဘို့  ဖိတ်ခေါ်တာလိုမျိုးပါပဲ။ ဒါပေမယ့် ဝင်ကျေးတော့ သတ်မှတ်ထားပါတယ်။ ဒီပိုက်ဆံတွေကလည်း ကျင်းပတဲ့သူက Volunteer (အခမဲ့ လုတ်အားပေး ထားတာပါ။) ပိုက်ဆံ အကုန်လုံး ရည်ရွယ်ထားတဲ့ အကျိုးရှိတဲ့ နေရာတစ်ခုကို လှူလိုက်တာပါ။ သူဘယ်လောက်လှူမယ်၊ ဘယ်သူက ဒီအစီအစဉ်ကိုယ် စိတ်ဝင်စားပြီး ဘယ်လောက် လှူတယ် ဆိုတာ တရားဝင် တိုက်ရိုက်ပြသတဲ့ ပွဲးမှာပဲ တိုက်ရိုက် ထုတ်လွှင် ကျေညာပေးတာပါပဲ။

ဘဏ်ကနေ ATM ကဒ်နှင့် Account number သိရုံနှင့် ငွေလွဲ လို့  ရနေတော့ ကမ္ဘာ့ ဘယ်အရပ်ကို  မဆို ပို့ လို့ ရတဲ့ ခုလိုခောတ်မှာ သူ့ နိုင်ငံထဲက နေရာလေးတစ်ခုကို ပို့ လိုက်ဘို့  ဆိုတာ မိနစ်ပိုင်းလောက်နဲ့ ကိစ္စပြီးတဲ့ အလုတ်ပါ။ လူတွေရဲ့  တီထွင်ကြံဆမှူတွေ ကနေ ကမ္ဘာကြီးဟာ အင်တာနက်၊ လျှက်စစ် စွမ်းအင် တွေကို ကျယ်ပြန့် စွာ သုံးလို့ နေတာ တွေ့ ရတော့ ကျမနိုင်ငံကို အဲလို့  ဖြစ်စေလို့ တဲ့ စိတ်စေတနာတွေ ဖြစ်မိတယ်။ တကယ်ပါ၊

ဘယ်နိုင်ငံမှာ မဆို ကိုယ်ခြေထောက်ပေါ် ကိုယ်ရပ်တည်လို့ တဲ့ စိတ်ထားရှိဘို့ က အရေးကြီးတာကို တွေ့ ရပါတယ်။  ကြိုးစားလိုတဲ့စိတ်၊ ကိုယ်ခြေထောက်ပေါ် ရပ်လိုတဲ့ စိတ်ဓာတ်မျိုးမွေး ပေးလေ့ရှိတဲ့ အကျင့်ကို ဥရောပနိုင်ငံတွေမှာ အများဆုံး တွေ့ ရပါတယ်။ ကျမတို့  နိုင်ငံမှာ အသက် နှစ်ဆယ့်ငါးနှစ်မှာတောင် အလုတ်မလုတ်သေးပဲ၊ အိမ်တွေမှာ ကလေးဆိုးတွေလို နေ နေကြတာကို တော့ ကျမ စိတ်ထဲ သိပ်မတွေ့ လှဘူး။ ဒါဟာ ကိုယ့်သား၊ သမီးကို ချစ်ရာ ရောက်ရဲ့ လားဆိုတာ စဉ်စားသင့်လှပါတယ်။

အင်း ပြောလိုတဲ့ ကိစ္စလေးဘက်ကို လမ်းကြောင်းပြောင်း လိုက်ပါရစေနော်။ အယ်လန်ရဲ့  အလှူရံပုံငွေပွဲး လေးက ဒီတခါတော့ မူကြိုကျောင်းလေး တစ်ခုရှင့်။ ဒါပေမယ့် နံမည်ကြီးကျောင်း ဟုတ်၊ မဟုတ်တော့ ကျမ သေချာမသိပေမယ့်၊ ဒီကျောင်းလေးရဲ လုတ်ဆောင်မူတွေ၊ စေတနာ၊ ရည်ရွယ်ချက်တွေ ကတော့ ကောင်းပုံရပါတယ်။ သူ့ ကျောင်းလေကို ရည်ညွှန်းတဲ့၊ ထောက်ခံမူ့ ပေး ပြောဆိုတဲ့သူတော့ တော်တော် များတယ်လို့  အစီအစဉ် ကျင်းပပွဲး ကူညီလုတ်ဆောင်တဲ့ အယ်လန်က အစီအစဉ်ကနေ ဖုန်းဆက် ပြောတာကို နားထောင်လိုက်ရပါတယ်။

ကျောင်းလေးရဲ့  ပုံစံကိုပါ အင်တာနက်ကနေ တိုက်ရိုက် ချိတ်ဆက်ပြနေတာမို့  အစီအစဉ်ကနေ မြင်တွေ့ နေရတာပေါ့။ သာမာန် မူကြိုကျောင်း လို့ ဆိုတာထက်၊ ကလေးတွေ အတွက် စာအုပ်စဉ်တွေ ပါနေတာကတော့ ကျမတို့ နိုင်ငံမှာ မမြင်ဘူးသေးတဲ့ မြင်ကွင်းဆိုတာကို ကျမစိတ်ထဲက မှတ်မှတ် ထင်ထင်ကို သိနေတာပါပဲ။ ကလေးတွေကို သာမာန် စာသင်ပေး၊ အိမ်ခိုင်း၊ စားခိုင်းတာမျိုးတင်တော့ မဟုတ်တော့ဘူးလေ။ ကျောင်းကလေးကသိပ်မကျယ်ပေမယ့် စင်္ကာပူမှာလို ကစားစရာ ပစ္စည်းတွေ သိပ် အများကြီး မတွေ့ ရဘူး။ ပြီး စင်္ကာပူက ကလေးတွေကို အရုတ်တွေ ဆွဲးခိုင်းတယ်၊ သင်ပေးတယ်။ သီချင်းဆိုခိုင်းမယ်။ ဆော့ခိုင်းမယ်။ မြန်မာပြည်မှာဆိုရင် ဘုရားရှစ်ခိုး သင်၊ စားခိုင်း၊ အိမ်ခိုင်းမယ်။ တချို့  ကျောင်းတွေမှာဆို ပုံဆွဲးခိုင်း ၊ ဆော့ခိုင်းမယ်။ ဒါလောက်ပဲ တွေ့ ဘူးတယ် ထင်တာပါပဲ။

ဒါပေမယ့် ကျမခေါင်းထဲမှာ စာအုပ်စဉ်တွေ အများကြီးနဲ့  စာကြည့်ခန်းလေးထဲက မူကြိုလေးဆီပဲ ရောက်နေတော့တာပါပဲ။ မြန်မာနိုင်ငံကြီး ပြုပြင်ပြောင်းလဲ တိုးတက်ဘို့ ဆိုတာ ဗဟုသုတ ကြွယ်ဝတဲ့၊ စိတ်နေမြင့်တဲ့ ၊ တွေးခေါ် မျှော်မြင်နိုင်စွမ်းတဲ့ လူရွယ်၊ လူကြီးတွေရဲ့  ခေါင်းဆောင်မှူ့ တင် မကပါဘူး  ဒီလို့  နုနယ်တဲ့ ကလေးတွေမှာပါ ကိုယ်ကျင့် သီလကောင်းမူ့ ၊ တွေခေါ်မျှော်မြင်တတ်လာအောင် သူတို့  လေးတွေရဲ့  စိတ်ကူးလေးတွေကို စာအုပ်ကောင်းလေးတွေကနေ သင်ပြပေးဘို့ ကလည်း လိုအပ်နေတယ်လို့  ကျမစိတ်က လက်ခံနေလို့ ပါပဲ။

ကျမစိတ်ထဲမှာ ဒီလို အလုတ်မျိုး လုတ်ပေးလိုလှပေမယ့် ခုချိန်မှာ အလှမ်းဝေးနေသေးတာမို့  ဒီလို လုတ်ပေးဘို့  စိတ်ကူးလည်းရှိ၊ နေရာနှင့် ရင်နှီးနိုင်တဲ့သူတွေ ရှိလာ၊ ပေါ်ပေါက်လာစေဘို့ ကိုပဲ ပိုပြီး မျှော်လင့်ရင်း   ကိုယ့်စိတ်ကူးနှင့် ကိုယ်အနာဂတ်ကို ကလေးလေးတွေကပဲ စာပေ၊ ဗဟုသုတတွေ ကနေ လမ်းပျောက်မနေပဲ၊ တည့်မတ်မှန်ကန်စွာ ရွယ်ချယ်နိုင်တဲ့ ယနေ့ လူငယ်၊ နောင်ဝယ်လူကြီး ဆိုတဲ့ စကားလေးလိုပဲ လူချွန်၊လူကောင်း အလောင်း၊ အလျှာလေးတွေကို မွှေးထုတ်ပေးနိုင်တဲ့ လုတ်ငန်းရှင် လေးတွေ ပေါ်ပေါက်လာပါစေလို့  ဒီနေရာကနေ ဆုမွန်ကောင်းတောင်း လိုက်ပါတယ်ရှင်။

 

Thursday, March 15, 2012

မွန်းကျပ်မူ့ ကို ဖောက်ထွက်လို့ 


             သေခြင်တဲ့ ကျားတောပြောင်း ဆိုတဲ့ စကာပုံလိုပဲ၊ အလုတ်ပြောင်းလိုက်တာ အသွားမတော် တလှမ်း၊
အစားမတော် တလုပ် ဖြစ်သွားတယ်။ ကျောင်းပြီးခါစက ကျမမြို့ လေးကနေ ခွဲခွာထွက်ခဲ့ရတုံးကလည်း မိဘအိမ်မှာ
မိဘရဲ့  အမိုး၊ အကာ အောက်ကနေ လောကကြီးကို မမြင်ဘူးတဲ့ အံသြစရာကောင်း၊ မသိဘူးသေးတဲ့ လူတွေရဲ့ 
လူလည်ကျတတ်၊ ငှဲ့ ညာမူ မရှိတဲ့ အတွေ့ အကြုံတွေကို ထူးဆန်းစွာ ကြည့်ပြီ ရင်ဆိုင်ခံစားခဲ့ဘူးတယ်။ အလုတ်စလုတ်မှ လူလောက အကြောင်း သိရလေအောင် ကာကွယ် စောင့်ရှောက်ခဲ့တဲ့ မိဘနှင့် ဆွေမျိုးတွေရဲ့  ကျေးဇူးတွေကို ခုတော့မှ နာလည်မိတယ်။

          အဲဒီတုံးကတော့ တဖြည်းဖြည်းခြင်း ကိုယ့်ကိုယ်ကို ရင့်ကျက်လာတယ်လို ထင်ခဲ့၊ အသိအမှတ်ပြုခဲ့ ဘူးတယ်။  တခါ ကိုယ့်မခံရပ်နိုင်တဲ့ ခါးသည်းမူတွေကို အချိုးအကွေ့ တွေ တွေ့ ရတိုင်း ရင်ထဲမှာ နာကျင်စွာ ခံစားရတိုင်း ရင့်ကျက်မူ့ ဆိုတာ ဒါမျိုးတွေကို ရင်ဆိုင်ရင် ` သြ ၊ . . .  ဒါတော့ ငါ မခံစားနိုင်သေးပါလား ​` စဉ်းစားခဲ့ဘူးတယ်။ အဟပ်  သူရဲခြောက်တယ်လို့  စိတ်ထဲ ထင်လိုက်တိုင် ခြေဖျား၊ လက်ဖျားတွေ အေးသွားပြီး စိတ်ထဲမှာ တုန်လှုတ်သွားတိုင်း တကယ်တော့ ငါဟာ ကြောက်တတ်နေတုံး ပဲဆိုတာ ကိုယ်ဘာသာ လက်ခံလိုက်ရတာလိုမျိုးပါပဲ။

          နိုင်ငံခြားမှာ အလုတ် , လုတ်ရတာ နတ်ပြည်ရောက်သွားတာလည်း မဟုပ်ဘူး၊ ငရဲပြည် ရောက်တာလား ?   နေ့ ခံ၊ ညစံတဲ့ ပြိတာဘဝ ကို လူအရှင်လတ်လတ်ပဲ ရောက်သွားတာလားလို့ လည်း စဉ်စားနိုင်တယ်။ ပြောင်းခဲ့မိတဲ့ အလုတ်ကို ပြောပါတယ်။ ဒါပေမယ့် မသေမခြင်းတော့ အလုတ် လုတ်နေရဦးမယ်လေ  … စား၊ ဝတ်၊ နေရေးက ရှိသေးတာကိုး။ ဟိုတုံးက လူတွေ နိုင်ငံခြားမှာ ငွေရှာရင် တကယ်သူဌေး ဖြစ်ကောင်း၊ ဖြစ်ခြင် ဖြစ်မယ်။ ခုကတော့ ရန်ကုန်မှာ အိမ်ပိုင်ဘို့  ကို မဆိုထားနဲ့  သိတတ်သူဆို မိဘကို ကျေးဇူးဆပ်တာနဲ့ တောင် အိုစာကို ခြစ်ခြုပ်စုရမယ့်သူတွေ များစွာ ရှိပါတယ်။

          ပြီးခဲ့တဲ့ ၄၊ ၅ ၊ ၆ လ လောက်က ထိုင်းကနေ စင်္ကာပူကို အလည်လာတဲ့ ယိုဒယားမလေး၊ MRT (မီးရထား)  လမ်းပေါ်ကို ခုန်းဆင်းတဲ့  ကိစ္စကို စင်္ကာပူ လမ်းနှင့် ပို့ ဆောင်ရေးဌါနက စင်္ကာပူငွေသုံးသောင်း ကျော်နဲ့  ဖြေရှင်းပြီး လေယာဉ်ပေါ်ကိုယ် လိုက်ပို့ လိုက်တယ်။ ထိုင်း အစိုးရက လက်မခံပဲ သံရုံးကနေ စင်္ကာပူ အစိုးရနဲ့  အခြေအတင် စေ့စပ်ဆွေးနွေးလိုက်တယ်။ ကောင်းမလေးက ခုမှ ၁၆၊ ၁၇ နှစ်လောက် ခြေနှစ်ချောင်း ကျိုးသွားတယ်။ သုံးသောင်းခွဲးသည် သူမရဲ့  ကျန်ရှိတဲ့ ဘဝ တခုလုံး မဖြတ်နိုင်ပါဘူး။ ကောင်မလေးနှင့် မိဘတွေက ငွေသုံးသောင်းကျော်နှင့် ကျေအေးနိုင်ပေမယ့် အစိုးရက သူ့ နိုင်ငံသားရဲ့  ဆုံးရှုံးမူကို ဒီပိုက်ဆံလောက်နဲ့  လက်မခံနိုင်ပါဘူးဆိုလို့  သိန်း ၂၀ လောက်လို့ ထင်တယ် (သေချာ မမှတ်မိတော့ဘူး။ ) ထပ်ပြီး လျှော်ကျေးပေးလိုက်ရတယ်။

          ဘယ်နိုင်ငံမှာ မဆို သူ့ နိုင်ငံသားတွေကို ကာကွယ်ပေးတာတွေ မြင်ရတော့ ကိုယ့်လူမျိုးကို ကာကွယ်ဘို့  ပျက်ကွက်တဲ့ ဘယ်သူ့ ကိုမဆို စက်ဆုတ်တဲ့ ခံစားမူနဲ့  မုန်းခြင်မိတယ်။ သူများဆိုရင်တော့ ကံလို့  သတ်မှတ်ပြီး၊ ကိုယ့်သား၊ ကိုယ့်သမီး ၊ ကိုယ့် အမျိုးမှ လုံးလ စိုက်တတ်တဲ့ လူတွေကို တွေ့ ရတော့ အံသြ စိတ်ပျက်မိတယ်။ မင်းကျင့်တရားလည်း မသိ၊ ကျောသား၊ ရင်သားခွဲခြားတဲ့ အစိုးရတွေ တွေ့ တော့ ဘုရားလောင်း မင်းဝေသန်သရာ မင်းလုတ်ရင်း ငရဲခံခဲ့ရတာ သတိယလို့  ဆွံ့ အရောင်ဆောင်ခဲ့ရဘူးတာကို သတိရတယ်။ ဟီး ဟိ စိတ်ပျက်တာက အဲဒီ အလုတ်မှာ မကောင်းတဲ့၊ တရားမရှိ၊ အမျိုးမသိသူတွေနဲ့  တွေ့  လာခဲ့ရလို့ ၊ ထောင်နဲ့  တူတဲ့၊ အနိုင်ကျင့်တတ်တဲ့ အလုတ်ရှင်တွေ၊ လူတွေ ရှိနေလို့ ပါ။ သူတို့ ကို ကြည့်ပြီ တော့တောင် မန်နေဂျာ ဆိုတာ မတတ်ပဲနဲ့  ဟောက်စားနေတဲ့ လူတွေလို့  ထင်ခဲ့မိသွားတယ်။

          အင်း ခုတော့ ဒီ အကျဉ်းထောင် အလုတ်ထဲက ထွက်နိုင်ခဲ့ပါပြီ။ စလုံးမှာ ဘာလို့  မြန်မာတွေ မြန်မာလို့  အသိမခံခြင်တာလဲ။ ဒါပေမယ့် သူများလူမျိုးရဲ့  မကောင်းတဲ့ အကျင့်ကိုယ် လက်ခံကျင့်နေပြီး၊ ကောင်းတဲ့ အကျင့်ကိုတော့ လက်မခံခြင်တာလဲ။ ကျမလေ မွန်းကျပ်တဲ့ အိမ်မက်ကို ထပ် မမက်ခြင်တော့ဘူး။ ကိုယ်ရဲ့  ကောင်းတဲ့ အကျင့်ကိုယ် မထိန်းသိမ်းနိုင်တာ၊ မဟုတ်တာကို အထင်ကြီးတာလား၊ ခေတ်ရေစီး ဆိုတာလား။ ဟား ဟား ကိုယ့်လူမျိုးကို ရောင်းစားနေတာ တခြားနိုင်ငံသားလား၊ ကိုယ့်လူမျိုးလား။ လူတွေကို ကြောက်စရာကောင်းတဲ့ စိတ်ဓါတ်တွေနဲ့  တွဲးတွေ့  လိုက် ရတော့ သမဝါယမ ခောတ်ကလို လူကြိုက်များတဲ့ ပစ္စည်းတခုကို၊ မကြိုက်တဲ့ ပစ္စည်းတခုနဲ့  မလိုခြင်ပဲ တွဲးယူခဲ့ရသလိုပဲ။

          ဆိုလိုခြင်တာက ကိုယ်လူမျိုးကိုယ် ချစ်တတ်တဲ့ အသည်းနှလုံးဟာ၊ မနှစ်သက်တဲ့ မကောင်းတဲ့ ကိုယ်ကျင့်တရား ကူစက်ရောဂါတွေနှင့် ပူးတွဲးပြီး လူတကာ နှိမ်ချခံရတဲ့ အကြောင်းတရားတွေနှင့် ကောင်းခြင်း၊ မကောင်းခြင်းတွေနှင့် လူမျိုးတစုကို သမကုန်ပစ္စည်းလို ခံစားလိုက်ရတယ်။            

Tuesday, March 6, 2012

စင်္ကာပူ ခရစ်စမတ်စ်













                   လျှောက်သွားဖြစ်တာတွေ ဖုန်းနဲ့  ရိုက်ဖြစ်တာတွေ တင်ပေးလိုက်တာပါ။   မြန်မာ နိုင်ငံကို စင်္ကာပူနိုင်ငံနဲ့  တူတဲ့ နေရာမှာ စည်းကမ်းထိန်းသိမ်းတာနဲ့  ဥပဒေ အတိုင်းလိုက်နာတဲ့ ဝန်ထမ်းတွေ၊ ဥပဒေနှင့် ထိမ်းညို့  ထားတာ မျိုးကလွဲးရင် ကျန်တာတော့ ဘာမှ မတူစေခြင်ပါဘူး။

                    မြန်မာတွေကို ကိုယ်ကျင့်သီလပြည့်စုံတဲ့ အမျိုးမြက်တဲ့ လူမျိုးဖြစ်စေခြင်တယ်။ ဘယ်တိုင်းပြည်မှာ မဆို ကိုယ်ပိုင်ဟန်တွေ၊ ကိုယ်ပိုင် စိတ်ကူး၊ စိတ်သန်းတွေနဲ့  ကိုယ့်နိုင်ငံကို အကောင်းဆုံး တည်ဆောက်ကြသလို  မြန်မာတွေလဲ ကိုယ့်ခြေထောက်ပေါ် ကိုယ်ကျိုးစား ရပ်တည်နိုင်တယ်လို့  ယုံကြည်ထားတယ်။ ဘယ်နိုင်ငံမှာ ဘယ်လိုဆိုတာ လေ့လာရမယ်။ ဒါပေမယ့် ပုံတူကူးတာမျိုးတော့ မဖြစ်သင့်ဘူး ထင်တယ်လေ။ ကိုယ့်သိက္ခာတော့ ကိုယ်ထိန်းရမှာပေါ့။ သမိုင်းနှင့် အဆင်အလာ ရှိခဲ့တဲ့ လူမျိုးတွေပဲ။

                  မြန်မာဖြစ်ရတာ ရှက်နေ၊ ကြောက်နေတာထက် ကိုယ့်ကျင့်တရားပျက်မူ တွေကို ပြင်ပြီး၊ အမျိုးကိုယ် ဆောက်ရှောက်တတ်မူ့  တွေကို မြင့်တင်လို့  မြင့်မြက်တဲ့ လူမျိုးတွေ အဖြစ် ကမ္ဘာမှာ ရဲရဲ ရပ်တည်လိုက်စမ်းပါ။  မြန်မာဖြစ်ရတာ ဂုဏ်ယူနိုင်ဘို့  ကိုယ်တိုင်၊ ကိုယ်ကျ ပြုပြင်ကြမယ်ဆိုရင် သူများနိုင်ငံ က ဦးမော့ ကြည့်ခဲ့ရတဲ့ တချိန်က နံပါတ်တစ် နေရာကို အချိန်မကြာ အမြန်ပြန်ရမှာပါ။ စိတ်ဓါတ်တော့ မြင့်တင်ဘို့  လိုတယ်နော်။             ။

Sunday, November 6, 2011

စိတ် နှင့် ဆိတ်

Google မှာ ရှာဖွေ ရယူသည်။
          မြို့ လေးတမြို့ က လမ်းမတန်းဘက်မှာ ရုံးတွေနှင့် လူနေအိမ်တွေဟာ တအိမ်ကျော်၊ ဒါမှမဟုပ် နှစ်အိမ်၊သုံးအိမ်ခြား လိုလို တည်ရှိလိုက်၊ အိမ်တန်းတလှည့်၊ ရုံးတည်ရှိရာ ဝန်းတလှည့်နှင့် အစီအရီတည်ရှိနေခဲ့ပါတယ်။   မြို့ လေးက တောင်ကုန်းတွေ ဝိုင်းရံတည်ရှိနေတဲ့ အညာမြို့ လေး တစ်မြို့  ပေါ့။ အညာရဲ့ သဘော မိုးနည်းပြီး၊ ပူပြင်းခြောက်သွေ့ တဲ့ နွေ၊ မိုးရာသီနှင့် အလွန်အေးတဲ့ ဆောင်းရာသီ တနည်း ပြောရရင်တော့   အပူ၊ အအေးပြင်းတဲ့ ရာသီဥတုလေး ရှိတဲ့မြို့ လေး တမြို့ ပေါ့။

          မြို့ လယ် လမ်းမတန်းလေးမှာ လမ်းသွယ်နှစ်ခုကြားက အိမ်လေးလုံးတန်းဟာ တန်းစီပြီ တည်ရှိ နေပါတယ်။ အိမ်လေးလုံးတန်းမှာ ဧရာဝတီရုံးနဲ့  သမဝါယမရုံး [မဆလခောတ် (သို့ ) ဆိုရှယ်လစ်ခောတ် ပစ္စည်းခွဲးဝေ ရောင်းချသောဆိုင်နှင့် ပတ်သက်သော ရုံးဌါန] နှင့် လူနေအိမ်ဝိုင်း နှစ်ဝိုင်း ပါဝင်တဲ့ လေးအိမ်တန်းလေးပေါ့။ အဲဒီမှာ အိမ်တစ်အိမ်ဟာ ရုံးလေးနှစ်ရုံးကြားတည်ရှိတယ်။ ရုံးလေးတစ်ခု ရှေ့ မှာ ညနေစောင်းကနေ ညဘက်ထိ ရောင်းတဲ့ အသုတ်စုံဆိုင်တန်းလေး တခုရှိတယ်။ ညဘက် ဆိုင်သိမ်းချိန်လောက်ဆို အသုတ်အတွက် အသီးအနှံဆေးတဲ့ရေ၊ အသုတ်စားပြီးသား ပုဂံတွေ ဆေးကြောတဲ့ ရေတွေကို ခုံတွေသိမ်း၊ အမိုက်တွေလှည်းပြီတဲ့ အချိန်ဆို အဲဒီရေတွေ မြေပြင်ပေါ် သွန်ပက် ပစ်ခဲ့တာပါပဲ။

          ရုံးလေးရှေ့ မှာတော့ ရေသန့်လေးခက်ပြီး မြေကြီးကို ရေဖျန်းပေးခဲ့တယ်။ အဲဒီဆေးကြောတဲ့ ရေတွေတော့ ဘေးက အိမ်ဘက် ရောက်လာတတ်တယ်။ ရုံးရှေ့ သွန်လို့  ညစ်ပတ်ရင် ဆိုင်ဖွင့်ခွင့် မပေးဘဲ နေမှာ စိုးတာကိုး။ ဒါပေမယ့် အိပ်ချိန်ကြမှ ပက်တဲ့ရေဆိုတော့ ဘေးအိမ်လေးကလဲ ပြောခွင့်မသာဘူးပေါ့။ ဖြန်းကနဲ ပတ်ပြီးမှတော့ ဘယ်သူ၊ ဘာပြောသာမလဲ။ ဘယ်အချိန်ပက် မလဲလို့  ဘယ်သူကရော စောင့်ကြည့် နိုင်မှာလဲ။ ဒီလိုပါပဲ တရက်ပြီ တရက်၊ တလပြီ တလပေါ့။ ခုချိန်ထိလဲ ရှိနေတုံးပါပဲ။ ခုဆို ဘောလုံးပွဲး ပြချိန်ပြီးအောင်တောင် စောင့်ရောင်းတတ်တာ။ ဘာတဲ့ အာဆင်နယ်တို့ ၊ မန်ယူ၊ မန်စီးတီးတို့  ကန်တဲ့ ပွဲးတွေကို စောင့်ကြည့်တဲ့သူတွေကို ရောင်းတာပေါ့။
          အဲဒီလိုနဲ့ ဒီဆေးရေတွေကနေ ပါလာတဲ့ ငရုတ်စိလေး ကနေ ငရုတ်ပင်ကလေး တပင် ပေါက်လာတယ်။ ဘေးအိမ်လေးရဲ့  ရှေ့ မှာ ကပ်ပေါက်နေတဲ့ ဒီ ငရုတ်ပင်လေးဟာ တနေ့ တခြား မြင့်လာ၊ ကြီးလာ တာပေါ့။ နောက်တွေ ညစဉ်ပက်နေတဲ့ ရေကလည်းရ၊ နေကလည်းရ ပေါ့။ အပင်မှန် နေရာမှန် ဖြစ်နေထင်ပါရဲ့  အပွင့်တွေ ပွင့်၊ အသီးတွေ ဖြိုင်ဖြိုင်သီးလို့  ဝေဆာလာတာပေါ့။ အဲဒီ လမ်းမတန်းကို ဖြတ်သန်း သွားလာနေတဲ့ ကုလားလေး တစ်ယောက်က အသီးသီးလာ ကတည်းက တကြည့်ကြည့် ဖြစ်နေခဲ့တယ်။ ကုလားလေး အသက်က ရှိလှမှ ၈-နှစ်၊ ၉-နှစ်ပေါ့။ အသီးတွေ မရင့်တရင့်၊ အိမ်ကလေး ရှေ့  မှာလဲ လူလစ်ခိုက်မှာ ဒီအပင်ကို တပင်လုံး ဆွဲးနှုတ်ပြီး ခိုးပါလေရော။ သူနှုတ်ပြီးခါစတင် အိမ်ကလေးက မိန်းခလေး တစ်ယောက် ထွက်လာတာနဲ့  တိုးတော့ ငရုတ်ပင် လက်မှာ တန်းလန်းနဲ့  စက်ဘီးနှင်းပြီး ဇွတ်ထွက်ပြေး ပါလေရော။

          ဒါပေမယ့် ကုလားလေးဟာ အဲဒီနောက်ပိုင်း မကြာ၊ မကြာ ဆိုသလို စက်ဘီးလေးစီးပြီ ဒီလေးအိမ်တန်းဘက် ရောက်၊ ရောက်လာတတ်တာပါပဲ။ ကလေးဆိုပြီး ကြည့်နေလိုက်တာ နောက်တခါ ဒီအိမ်လေးက အိမ်ရှေ့ မှာ စိုက်ပျိုးထားတဲ့ သလဲသီးပင်က သလဲသီးတွေကိုလည်း မရင့်မှဲ့ ချိန်မှာ အဲလိုပဲ ချောင်း ချောင်း ခူးနေခဲ့တာပေါ့။ ဒီအိမ်လေးရဲ့  ပိုင်ရှင် ကောင်မလေး အမေက တွေ့ သွားလို့  အော်ဟစ်တော့မှ ထွက်ထွက်ပြေးတာပဲ။ သူကတော့ ဒါကို ကစားနည်းလိုပဲ မကောင်းမှန်းသိတာ၊ မသိတာထက် သူများမကြိုက်တာကိုပဲ ပျော်ပျော်ရွှင်ရွှင် လုပ်ခြင်နေပုံပါပဲ။ ဒါကြောင့် တချို့ အိမ်တွေက ကုန်းအော်၊ နောက်ကနေ တုတ်နဲ့ လိုက်တဲ့ အခါ ဒီလူနယ် ကလေးကိုလို့  တွေးခြင်စရာပေမယ့်၊ ကလေးတွေဟာ ဒီလိုမှ မလုပ်ရင် လူတွေက လက်ခံတယ်ဆိုပြီ၊ တိုးတိုးလုပ်ရာကနေ ကိုယ်လုပ်တာ ကိုယ်မှန်တယ် ထင်လာတတ်တော့တာပဲ။

          သူများကို အဲလို နောက်ယှက်တတ်တဲ့ ကုလားကလေးက တနေ့ တော့ စက်ဘီးမပါလာဘူး။ ဒါပေမယ့် စက်ဘီးအစား၊ ဆိတ်တကောင်နှင့် အတူ လေးအိမ်တန်းဘက် လမ်းရှောက်လာခဲ့ ပြန်တာကို တွေကြရပြန်တယ်လေ။ ကလေးဆိုတော့ သူချစ်တဲ့ ဆိတ်ကလေးကို လူကြားထဲ ကြွားခြင်လို့  ခေါ်လာတာပေါ့။ ကုလားလေး မိဘတွေက ပိုက်ဆံရှိကြတယ်လို အဲဒီတော့မှ လေးအိမ်တန်းက လူတွေက သိကြတာပေါ့။ ဒါတောင်မှ သူများပစ္စည်းကို ခွင့်မတောင်ပဲ၊ မတရားလိုခြင်စိတ် ရှိနေတာတော့ မကြိုက်ပါဘူး။ ပိုက်ဆံမရှိလို့ လဲ မဟုပ်ဘူး။ ပိုက်ဆံ ရှိရှိ၊ မရှိရှိ သူက လိုခြင်နေတာကို က သူ့ စိတ်ဟာ ကလေးဖြစ်ပြီ စိတ်မဖြုစင်တာကို ပြတာပဲလေ။ တနေ့ မှာ ဒီလိုသာ ဆက်လုပ်နေရင် သူများပစ္စည်း ခိုးမှူကို ကျူးလွန်လာနိုင်တာပေါ့။

          ဟိုရောက်၊ ဒီရောက်ဖြစ်ကုန်ဘီ။ ကုလားလေးရဲ့  ဆိတ်လေး အကြောင်း ပြန်သွားကြပါစို့ ။ ဆိတ်လေးက အဖြူရောင်များတယ်။ အနက်ကွက်တွေကတော့ ခပ်ကျဲကျဲ ဟိုတစ၊ ဒီတစပေါ့။ ဆိတ်ပါ ဆိုမှတော့ အဖြူနဲ့  အနက်ကြားပေါ့လို့ ဘာရောင်ရှိသေးလို့ လဲလို့  ဂွကျကျ ပြောမယ်ဆိုရင်တော့ အော်၊ ဟုပ်ပါတယ်။ ဒါပေမယ့် သူကဖုန်နဲ့ သောသောမှာ မနေရတဲ့ ဆိတ်ဆိုတော့ သူ့  သခင် ကုလားလေးကလည်း  ချစ်၊ အမြဲ သန့်ရှင်းပေးထားတာလား။ ဆိတ်ဖြူလေး အဖြူရောင်ဟာ အရောင်ထွက်တယ်ပဲ ပြောရမလား၊ တောက်ပတယ်ပဲ ပြောရမလားပါပဲ။ ကုလားလေးက သူဆိတ်ကလေးကို အလွန်ချစ်နေတော့ သူ့  မိဘတွေက ဒီကလေးကို အလိုလိုက်ပြီး၊တစ်နေ့ မှာ ဆိတ်ကလေးကို မအစ်ပဲ ဘေးမဲ့  ပေးထားလိုက်ရတာပေါ့။

          ကုလားလေးက ဆိတ်လေးနဲ့  လေးအိမ်တန်းဘက်ထွက်လာတိုင်း တခုသော ရုံးဒေါင့်မှာ ဖွင့်ထားတဲ့ ကွမ်းယာဆိုင်လေးက လူတွေနဲ့  စကားလက်ဆုံကျလာတတ်ပါတယ်။ ကွမ်းယာဆိုင် ပိုင်ရှင်က ဆိတ်အကြောင်းတွေ မေးတတ်လို့  အပေါ်က အကြောင်းတွေကို လေးအိမ်တန်းကလူတွေနဲ့  ဒီပတ်ဝန်းကျင်ကို လာတတ်တဲ့သူတွေက သိနေကြတာပေါ့။ အဲလို လာပါများတော့ ဆိတ်ကလေးဟာ၊ သူ့  သခင် ကုလားလေး ကျောင်းသွားတဲ့ အချိန်တွေမှာ တကောင်ထဲ  လေးအိမ် တန်းဘက် ထွက်လာလိုက်၊သူ သခင်လာရှာရင် ပြန်လိုက်သွားလိုက် လုပ်လာရင်း ဆိတ်ကောင်လေးဟာ တဖြည်းဖြည်း လသားအဖြစ် ကြီးလာခဲ့တယ်။

          ဆိတ် ဆိုတာ သိတဲ့ အတိုင်းပဲ တွေ့ ကရာကို စားတတ်ပြီ၊ အစာမြုံ့ နေတတ်တာ ကလား။  တနေ့  တော့ မြို့ မှာ နေတဲ့ ဒီဆိတ်က ကွမ်းယာဆိုင်က ကွမ်းရွတ်တွေကို နမ်း၊ နမ်းနေလို့  ကွမ်းယာရောင်းတဲ့ လူက ကွမ်းတစ်ယာ ယာပြီး ဆိတ်လေးကို ကျွေးလိုက်တယ်။ ကွမ်းက ထုံးတို့ ၊ ဆေးရွတ်ကြီးတို့ နဲ့  ထည့်ကျွေးလိုက်တာ ဆိုတော့ ဆိတ်ကလေးက ဝါးရင်း၊ ဝါးရင်းကနေ ဘိုင်းဆို လည်းသွားပါလေရော။  ကွမ်ရောင်းတဲ့ သူနဲ့  ကာလသားတွေက ဝိုင်းရယ်ကြတာပေါ့။   မူးတော့ မြေပေါ်မှာ မထနိုင်ဘူးပေါ့။  တော်တော်ကြာ  အမူးပြေတော့ မောင်မင်းကြီးသား ဆိတ်လေးက ဘာလုပ်တယ် ထင်လဲ။    ပြန် ကျူံးထ၊ ပြီး ကွမ်းရောင်းတဲ့လူဆီ မော့လို ထက်တောင်းပြန်တာပါပဲ။ စောင့်ကြည့်တဲ့ သူတွေလည်း တဝေါဝေါ၊ တသောသောနဲ့  သဘောကျပြီး ရီနေလိုက်ကျတာ လေးအိမ်တန်းလေး ကျွက်ကျွက်ညံသွားတော့တာပါပဲ။

          ပိုင်ရှင်ကုလားလေးကလည်း သူများပစ္စည်း ကို မသိအောင်လိုခြင်၊ မရနိုင်တဲ့ဟာကို မသိအောင် ဖျက်စီးချင်တဲ့  စိတ်ရှိတယ်။ သူ့ ဆိတ်လေးဟာ တိရိစ္ဆာန်ပေမယ့် သူ့ ထက်များစွာ စင်ကြယ်ပါသေးတယ်။ ဒါပေမယ့် လူတွေဖျက်စီးတော့ ကွမ်းယာမူးတာကိုပဲ အမူးပြေတော့ ထက်မျှော်နေပါသေးတယ်။ ကုလားလေးလည်း သူဆိတ်လေး သူ့ စီရောက်လာတော့ ဆိတ်လေးကို လူတွေဒီလို လုပ်မှာစိုးတာနဲ့ သူများပစ္စည်းလဲ အလစ်မချောင်းနိုင် ရှာတော့ပါဘူး။  မကောင်းမူဟာ လူကတော့ ကိုယ်ကလည်း သိတတ်မယ်၊ ဆိုဆုံးမသူလဲရှိ၊ ကိုယ်ကလည်း နားထောင်မယ်ဆိုရင် လူကောင်းတယောက် ဖြစ်လာနိုင်ပါတယ်။ တိရိစ္ဆာန်တွေမှာတော့ သဘာဝတရား အတိုင်းသာနေကြတာများပါတယ်။ ဒါပေမယ့် လူတွေက သင်ပြန်ရင်လဲ အကောင်းအဆိုး၊ အရောင်ဆိုး ခံကြရပြန်တာပါပဲ။ ဒါကြောင့်မို့  အမူးပြေချိန်မှာ မကောင်းတာကို ပြန်မော့မကြည့်မိဘို့ တော့ ခိုင်မာတဲ့ စိတ်ဓါတ် ခွန်အားရှိဘို့  လိုပါတယ်နော်။          

Thursday, October 27, 2011

မေမေနဲ့  သွားဖြစ်တဲ့ နေရာ

            ဒီတခါတော့ အပျင်းထူပြီ စန်တိုဆာက ရေပန်းအက ပုံတွေပဲ တင်တော့မယ်နော်။ ရေးခြင်တဲ့စာမျိုး ခေါင်းထဲမှာ ဘာမှစဉ်းစားမရဘူး ဖြစ်နေတယ်။ ဒီပုံတွေက ကင်မရာပါမသွားလို့  ဖုန်းနဲ့ပဲ ရိုက်ခဲ့ရတဲ့ ပုံတွေပါ။  မေမေ ပထမဆုံးတစ်ခေါက် အလည်လာတုံးကဆိုတော့ သိပ်မကြာသေးပါဘူ  :P ၂-နှစ် ပြည့်ဘို့  ၂-လ လောက်ပဲ လိုတော့တယ်လေ။  အဲဒီတုံးက နံမည်က ` Song of the Sea` ပါ။ ခုထိ ဒါပဲလား၊ အသစ်ပြောင်းသွားပြီလား မသိဘူး။ မေမေ့ကို ပို့ ပေးတဲ့ တစ်ခေါက်ပဲ ရောက်ဖူးတာမို့ ပါ။  :D

ဒီရထားစီးသွားလည်း ရတယ်။ အတွင်းမှာ (၄) မှတ်တိုင်ပဲ ရှိတယ်ထင်တယ်။ လူတိုင်း ရောက်ဖူးပြီးသားပါ။ :P



ဒါက ပုံပြင်ကို သိုင်းဝိုင်းမဲ့သူတွေပေါ့။
         
မလေးလူမျိုးတွေပဲ များပါတယ်။ ပျော်ပွဲးစားထွက်တဲ့ပုံနဲ့  စထွက်လာပါတယ်။

ပျော်ပွဲးစားမှာ သီချင်းဆိုတော့ ရေထဲက မင်းသမီးလေးက နိုးလာပြီ သီချင်ထဆိုတဲ့ အခန်းတဲ့။

ဒါတွေက ရေပန်းတွေကြားထဲမှာ ဆလိုက်ထိုးပြထားတဲ့ ပင်လယ်နေ သတ္တဝါပုံလေးတွေ။


ဒါက မီးတောင်ကြီး၊ သူကတော့ မင်းသမီးလေးကို ဖမ်းထားတဲ့ နတ်ဆိုးတပါးလိုပေါ့။ အောက်က သဲတွေပါ ယမ်းဖောက်ပြီး ကစေတယ်။
ဒါက မိတ်ဆာတဲ့။ အမှန်တော့ မပျင်းအောင် ဇာတ်လမ်းလိုလိုလေးပါ။ အဓိက ကတော့ သဲ၊ ရေ၊ မီးရောင်တွေနဲ့  လှလှပပလေး ရေတွေကို ကစေတာပါပဲ။ နည်းပညာ ပေါင်းစပ်မူ့ ပေါ့။

အလယ်ကပုံက မီးတောင်က မကောင်းဆိုးဝါပုံပေါ့။

ရေပန်းတွေကို ဆလိုက်နှင့် ကာလာစုံးသုံးပြီး ကသွားတာပါ။
တူတူပဲနော်။

ရေပန်း ကပုံပြောင်းသွားဘီနော်။
အပြင်မှာတော့ တီးလုံးလေးတွေ ပါတာပေါ့။

တိန်းတိန်း ဒိုင်းဒိုင်းတွေ စုံနေအောင် သံစုံတယ်။

ဒါက နောက်တစ်မျိုး။
 
မင်းသမီးလေး အသံပျောက်သွားလို့  ပြန်နိုးလာအောင် စဉ်စားနေတဲ့ အခန်းတဲ့။
 
ဒါက မီးတောင်ကြီး ဒေါ်သထွက်နေတဲ့ပုံ တင်ဆက်ထားတာ။
မင်းသမီးလေးပုံ။ ဖုန်းနဲ့ဆိုတော့လည်း ဒီလောက်ပဲရတယ်။
မီးတောင် ပေါက်ကွဲးတဲ့ အခန်းထင်တာပဲ။
မီးပန်းတွေ ဖောက်တာလေ။
ဒါ နောက်ဆုံးရိုက်မိတဲ့ပုံပဲ။
          ဗွီဒီယို ကင်မရာနဲ့ လိုတော့ စုံတော့ဘူးနော်။ ကျမနှင့် မေမေ သွားကြည့်ခဲ့တာလေး အမှတ်တရ သိမ်းခြင်တာရယ် ကျမလိုပဲ မရောက်ဘူးသေး၊ မမြင်ဘူးသေးတဲ့သူတွေ လဲ သိမြင်ရအောင်၊ သိဘူးသူတွေလည်း ဘာရယ်မဟုပ် ထပ်ကြည့်သွားပါလား ။ ဟီး ဟီး ဇွတ်ပဲနော်။ ကျမလို ဘယ်မှ မသွား၊ မရောက်သူတွေလည်း ရှိမယ်ထင်တာပဲလေ ငွေကုန်၊ လူပန်း မို့  ရှောင်ပေမယ့်လဲ၊ တခါတရံတော့ စိတ်ပန်းဖြေ တနေရာရာကို သွားဖြစ်တာလည်း မဆိုးပါဘူးလေ။            ။

Sunday, October 23, 2011

သောင်္ကြာနေ့ က လာသော သဘာဝဘေး အန္တရာယ်


          ကျမ သောင်္ကြာနေ့ က အိမ်ကို ကြိုးစားပြီး ဖုန်းဆက်ပါသည်။ ဖုန်း Ring မမြည်ပါ။ ချလိုက်ပါတယ်။ စင်း (၁)ကျပ် စားသွားပါသည်။ ကျမတို့ မှာ မိဝေး၊ ဖဝေး          ဆွေမျိုးသားခြင်းနှင့် ဝေးသောအရပ်မှာ အလုပ်လုပ် နေကြရာ ကိုယ့်ဝမ်းသာစရာများကို မျှဝေရန်၊ ဝမ်းနည်းစရာများ ရှိလျှင် စိတ်ဖြေမေ့ပျောက်ရန်၊  တခါ မိဘတွေ ကျမ္မာကြရဲ့ လားလဲ သိလိုကြပါသည်။ ထိုအခါ လူကိုယ်တိုင် ပြန်ကြည့်ရန် ကျမတို့ တွင် အချိန်ဆင်းရဲကြပါသည်။ တဖန် ငွေလည်း ဟိုကဖြတ်၊ ဒီကဖြတ်နှင့် ချင့်ချိန်ရပြန်ပါသည်။ ကျမ အလွန် စိတ်မကောင်း ဖြစ်မိသည်များကို ဆက်ရလျှင် ဆုံးနိုင်အံ့ မထင်။

           ကမ္မာပေါ်တွင် ဖုန်းခေါ်ဆိုခ ဈေးကြီးဆုံး စာရင်းတွင် ပါမည်ထင်သော နိုင်ငံ၊ အလကားခေါ်ဆိုရနိုင်သော နိုင်ငံများ စာရင်းတွင် မပါသောနိုင်ငံ၊ ခေါ်ဆိုရန် လွန်ခက်ခဲသော၊ ဖုန်းခ စကားမပြောရဘဲယူသော နိုင်ငံကို ရှာကြည့်ရန်မလိုပါ၊ ကိုယ် ဖုန်းဆက်တိုင်း အမြဲရင်ဆိုင် ကြုံတွေ့ နေရပေသည်။ နိုင်ငံရပ်ခြားတွင် (အနည်းနှင့် အများ) စိတ်ဖိဆီးခံရပြီမှ ရသောလစာငွေကို မိဘကန်တော့၊ အစိုးရကန်တော့ရန် ချန်ပြီ ချွေတာသုံးရပါသည်။ နိုင်ငံ စီပွှားရေး မကောင်းတော့ နိုင်ငံသားတွေ နှိမ်ခံရသည်လည်း မပြောလိုတော့ပါ။ သူတို့  နိုင်ငံမှာ အလုပ်လုပ်လျှင် သူတို့ အစိုးရ သက်မှတ်ထားသော ဝင်ငွေကျော်လျှင် အခွန်ဆောင်ရပါသေးသည်။ ဒါတွေကို ရင်ဆိုင်ကြုံတွေ့  နေရသော်လည်း ကျမတို့  မြန်မာပြည်သူ၊ ပြည်သားတွေမှာ ကိုယ့်နိုင်ငံကို လွမ်းဆွတ်ရတုံးပါပင်။ ကိုယ် မွေးဖွား ကြီးပြင်းခဲ့ရသော ရေ၊မြေ မို့ လား။

          ပိုက်ဆံ ၅-ဒေါ်လာ၊ ၆-ဒေါ်လာ အသာလွတ်ကုန်ပြီး သကာလ ဖုန်းဝင်သွားပါသည်။ ဤတွင် `ကြားရလားဇာတ်လမ်း`ဖြင့် အသံ ဝါးလိုက်၊ ကြားလိုက်ဖြင့် ဖုန်းပြောရသော အခိုက်တွင် ဖုန်းလာကိုင်သော အမက ပြောလာပါသည်။
အမ -   ` ညက မုန်းတိုင်ဝင်မယ်ဆိုလို့  မေမေ နှင့် ငါ အိပ်တောင် ဖြောင့်ဖြောင့် မအိပ်ရပါဘူ`

အမ-    ` လေတော့ သိပ်မတိုက်ပါဘူ။ တညလုံး မိုးရေများများပါတဲ့ မိုးတောက်လျှောက် ရွာတော့    အိမ်အပေါ်ထပ် တခုလုံး ရေတွေရွဲးနေလို့  သုတ်လိုက်ရတာ`
ကျမ-   ` ဘုရားစင်တော့ လွတ်တယ်မလား`
အမ-    ` ဘုရားစင်တော့ မိုးလွတ်ပါတယ်`
ကျမ-   ` ဘုရားက ဘာလောဘမှ မရှိတော့ပဲကို၊ လွတ်မှာပေါ့`
          အမှန်က ဘုရားစင် မိုးရေလွတ်သည်မှာ အိမ်တွင်းမှာပင် ဘုရားစင်ကို ဘုရားကျောင်းဆောင် ဆောက်လုပ် ပူဇော်ထားတာလည်း ပါပါလိမ့်မည်။ ပထမ တရက်တွင် မပြောခင် ကတည်းက ၅-ဒေါ်လာ ကုန်ထားပြီးဘီမို့  လိုတိုရှင်း မေးပြီ ဖုန်ချလိုက်ပါသည်။

ဒယ်အိုး website ရယူပါသည်။
တွင် အပြည့်အစုံ သွားရောက် ဖတ်ရူ့ နိုင်ပါသည်။
          အမ့ အကြီးဆုံးက ဖုန်ဆက်၍ ဒီနေ့ သတင်းတွင် ပခုက္ကူမြို့ တွင် တံတားကျိုးကြောင်း၊ ချောင်းရေတွေ အရှိန်အဟုန်နှင့် ဆင်းတာကြောင့်လို သတင်းမှာ တချက်ပါလာတယ်။ ဒီသတင်း သေခြာသိခြင်လို့  မြန်မာဂျာနယ်တွေကို Online ကနေ ရှာဖတ်တာတွေ ပြောပြပါတော့သည်။ ပုဂံတွင် စေတီ(၃)ဆူ ပြိုကျတယ်။ မိုးရေချိန်က ၉လက္မ ရွာသွန်းတယ်။ ချောက်၊ စလေမှာလည်း မိုးသည်းတယ်။ ယောချောင်း တလျှောက်မှာရှိတဲ့ ရွာတွေလောက်တော့ မဆိုးဘူး ဆိုပါသည်။ ကျမ ဘုရား `တ` မိပါသည်။ မြန်မာပြည် အနှံ့ အပြားမှ ပြည်သူ၊ ပြည်သားတွေ ကပ်ဆိုဒ်နေကြ ဘီလားဟု လည်း တွေးမိပါသည်။  နာဂစ်၊ ဂီရိ မုန်တိုင်း၊ ပြီးတော့ တာလေ ငလျှင်၊ နောက် လာပြန်ပြီ ဒီမုန်တိုင်း။   ခုမုန်တိုင်းက လေထက် မိုးကြောင့် ဖြစ်လာသော တောင်ကျချောင်းရေသည် နှစ် ၄၀၊ ၅၀ သက်တန်းမှာ မကြုံဘူးအောင် ရေကြီးမြင့်ခဲ့သည်။

          ချောက်နှင့် ဆိပ်ဖြူ မြို့ နယ်များမှ အမြင်နှင့် ပြောပြသည်များမှာ ယောချောင်းရေ အရှိန်ပြင်းလွန်းသဖြင့် တကြောင်း ၊ ညဘက်တွင် ရေကျလာခြင်းကြောင့် တကြောင်း လူတွေ၊ အိမ်တွေ ၊ အိမ်မွေးတိရိစာန်တွေ ရေနှင့် အတူ မျှောလာတာကို တွေ့ ကြရပါသည်။ ဧရာဝတီမြစ်ကို ရောက်လာသည်ထိ ကယ်ပါ၊ ယူပါ တစာစာ အော်နေတာတွေ၊ လူတွေရဲ့  လက်တွေကို မြင်တွေ့ နေရပါတယ်။ ရေစီးကြောင့် လှေတွေ ကွဲးမှာစိုးရိမ်ရလို့  လှေများပင် ကုန်ပေါ်တင်ယူနေရတဲ့ အခြေအနေဖြစ်နေပါတယ်လို့  ဆိုပြန်ပါတယ်။ မနက်ခင်းတွင် ရေလွတ်ရာအရပ်တွင် လူတွေချည် ဗလာအတိနှင့် ကျန်ခဲ့ရပါသတဲ့။ ကျမ့ မေမေကပင် ထိုသူတွေ အတွက်
` ဘာလုပ်ပေးရရင် ကောင်းမလဲ မသိဘူး`
ဟု ပြောနေသဖြင့် ကျမကပင် ပြန်နှစ်သိမ့်ရပါသည်။
` ဒါက မေမေတစ်ယောက်ထဲ လုပ်လို့ မရနိုင်ဘူး ထင်တယ်။ ပျက်ဆီးတာကများတော့ အသင်း၊ အဖွဲ့  နှင့်မှ လုပ်လို့  ရလိမ့်မယ်။ အဲဒီလို အဖွဲ့ တွေ ရှိရင် အဲဒီမှာပဲ လှူလိုက်ပေါ့`
လို့  ပြောရပါသည်။ တကယ်တော့ ကျမလည်း စိတ်မကောင်း ဖြစ်မိပါသည်။ စိတ်ထဲမှာလည်း ဘာလုပ်ပေးရင် ကောင်းမလဲ စဉ်စားနေမိပါတယ်။  ဝါဇီ မှ တိုက်ခန်းများပင် ရေဝင်မူ ဖြစ်ပေါ်ခဲ့တယ် ဆိုပါတယ်။ တစ်ထပ်ခွဲးလောက်ထိကို ရေဝင်ခဲ့တယ် ဆိုပါတယ်။

          မနှစ်ကလည်း ယောချောင်းရေကျလို့  တချို့ ရွာတွေ ပြန်လည်ထူထောင်ထားရသည်မှာ အခြေကျမည်ပင် မရှိသေး၊ ဒီနှစ်က ပိုဆိုးစွာ ကြုံရလေသည်။ ချောင်းကျအပြီးတွင် ရွံ့ တွေ ဒူးခေါင်းလောက် တင်ကျန်နေလို့  သွားလို့ ပင် ကောင်းကောင်းမရသေးဘူးလို့  မြစ်အရှေ့ မှ ထမင်းထုပ်ဝေသော ကားတွေ အပြန်တွင် ပြောသံတွေလည်း ကြားရသည်။ တချို့ ရွာတွင် ရေဆက်စီးနေဆဲမို့  ကားတွေကူးမရ၊ လူတွေပဲ ချောင်းရေထဲဖြတ် သယ်ပို့ ကြရသည်။  အမနှင့် တနင်္ဂနွေနေ့ က ဖုန်းဆက်သွယ်ရတော့ အထက်ပါ အကြောင်းတွေ သိရပြီ၊ ဆရာတော် ဦးသုမင်္ဂလ ရဲ့  ဖောင်ဒေးရှင်းအဖွဲ့ မှ လာရောက်လှူဒါန်းရန် ရှိကြောင်း၊ ဆရာတော် ဦးဥာဏိသရဦးစီးတဲ့ အဖွဲ့ မှ ဆန်အိတ် တစ်ထောင်လှူမည် ဆိုသော သတင်းတွေ ထပ်ကြားသိရပါသည်။

          ` ကပ်ဆိုဒ်နေသလိုပါပဲ။`  လို့  မေမေပြောသော စကားသည် ကျမနားထဲက မထွက်ပါ။ မြန်မာပြည်မှ သစ်ပင်တွေ မရှိတော့လို့  သဘာဝ စနစ်တွေ ပျက်သုန်းပြီး၊ မကြာခဏ မုန်တိုင်းဝင်နေသည်လို့  ကျမ စိတ်ထဲမှာ ထင်နေမိပါသည်။ သစ်ပင် စိုက်ပျိုးဘို့  လူတွေမှာ စိတ်ကူးရှိကြပါ့မလားမသိ။ သစ်ပင်ကြီး ဆိုသည်မှာလည်း ခုစိုက်လို့ ၊ ခုကြီးတာမျိုးမဟုပ်ပါဘူး။ နှစ် ၃၀၊ ၄၀ လောက် အချိန်ယူ စိုက်ပျိုးရတာရှိသလို၊ နှစ် ရာချီအောင် စိုက်ပျိုးရသော အပင်တွေလည်း ရှိနိုင်ပါသည်။ သစ်တောဘက်မှလူများ ပညာရှင်များ ပိုသိကြပါလိမ့်မည်။ ငယ်ငယ်က ခရီးသွားသော လမ်းဘေး ဝဲ၊ယာ တဖက်တချက်မှာ ဖတ်ဘူးခဲ့သော ဆိုင်းဘုတ်လေးမှ ဆောင်ဘုတ်ကို ခုထိမှတ်မိနေပါသေးသည်။  ` ဥတု ရာသီ တောကိုမှီ` တဲ့  ဒါတွေကြောင့် မုန့် တိုင်းဝင်မူတွေ တနေ့ တခြား များပြားလာတယ်လို့  ထင်မိတယ်။

          ကူညီရင်လည်း တကယ်ဒုက္ခရောက်သူတွေဆီသာ ထိထိရောက်ရောက် ကူညီခြင်ပါသည်။ အဝတ်တွေ လဟာပြင်မှာ ဖျာပုံလုပ် ရောင်းနေတယ်။ ဒုက္ခသည်တွေအတွက် ဆန်တွေ ဘယ်ရောက်သွားတယ်၊ ဆေးတွေလည်း ဘယ်မှာတဲ့။ ယုတ်စွ အဆုံး နေစရာမရှိသူအတွက် ရွက်ဖျင်တဲပင် ဝေသူက လိုခြင်လို့  သိမ်းထားတာတွေ ကြားရတော့ အော် ဒုက္ခရောက်သူထံမှပင် ဖြတ်စားနေသူတို့ တွင် ဘယ်မှာလဲ လူကျင့်ဝတ်လို့  တွေးမိပါသည်။ ကူညီသူတို့ မှာလည်း အချိန်၊ ငွေ အတိုင်းအတာတခုထိသာ ကူညီနိုင်ကြပေမည်။ ကိုယ်ထူ၊ကိုယ်ထ လုပ်ငန်းများကိုလည်း ကြိုးစား ရွတ်ဆောင်ရန် လိုသေးသည်။  ဒါတွေဟာ လူတယောက်အနေနဲ့  စဉ်းစားမိတဲ့ လူမူရေး အကြောင်းတွေပါ။ လူမူရေး ပြသ်သနာတွေ ကြိုးစား ဖြေရှင်းနိုင်ကြပါစေ။ စိတ်ဓာတ်အစဉ် မြင့်တင်နိုင်ကြပါစေ။

သတင်းတွေကို ဒီနေရာတွေမှာ ကြည့်ရူ့ နိုင်ပါတယ်။


Tuesday, October 18, 2011

ပြုံးခြင်စရာ သဘာဝ



  • လောဘ

          တခါက ဦးဇင်း တပါးက ကျောင်းထိုင် ဘုန်းကြီး တစ်ပါးအကြောင်း ပုံပြင်တိုလေး ပြောပြဘူးတာ မှတ်သားရဘူးပါတယ်။ ဘာကြောင့် ပြောဖြစ်သလဲ ဆိုတော့ လူတွေက ဘုန်းကြီးကျောင်း သွားရင် အများစုက ကျောင်းထိုင်ဆရာတော် ဆီသာ အသွားများကြပါတယ်။ လှူမယ်ဆိုလည်း ဆရာတော်ကြီးတွေဆီပဲ အရောက်များတော့ ၊ ကိုရင်လေးတွေကို ပစ္စည်း တခုတလေ လိုအပ်နေတာမျိုး ရှိရင် ဆရာတော်ကြီးကို ပြန့်  စွန့်  ဘို့  လျှောက်ထားပါလားလို့  ပြောရာကနေ ကြားသိခဲ့ရတာပါ။

          မြို့ လေးတမြို့ မှာ စာချ ဘုန်းတော်ကြီးကျောင်း တစ်ခု ရှိသတဲ့။ ကလေးတွေကို စာသင်ပေး၊ မပေးတော့ မသိပါဘူး။ ရဟန်းသံဃာတွေကိုတော့ စာပေတွေ ပို့ ချ သင်ကြားပေးနေတာပေါ့။ ဒီလို ဆရာတော်ကြီးက ဝါတွင်းကာလတွေမှာ စာပေတွေ သင်းကြားနေခိုက်၊ ဆရာတော်ကြီးဆီမှာ စာဝါလိုက်နေတဲ့ စာသင်သား ကိုယ်တော် တပါးဆီကို ဒကာများက လာရောက်ဖူးမျှော်ရင်း၊ စာသင်သား ဆရာတော်လိုအပ်မယ် ထင်တဲ့ ပစ္စည်းလေးပါ တပါထဲ ကပ်လှူခဲ့ပါတယ်။ အဲဒီပစ္စည်းက ကော်ဇောတချပ် ဖြစ်ပါသတဲ့။ စာသင်သား ကိုယ်တော်ကလည်း သူရရှိထားတဲ့ ကော်ဇောလေး တစ်ခုထဲကို၊ တခြား ကိုယ်တော်တွေနှင့် အတူသုံးတော့ မလောက်ငှတာနဲ့  ဆရာတော်ကြီးဆီက ကောဇောအများကြီးရှိတဲ့ အထဲက ပြန်မျှနိုင်ရင်တော့ လောက်ကောင်းရဲ့ ဆိုပြီ ဆရာတော်ကြီးကို ပိုနေတဲ့ ကောဇောလေးများရှိရင် ပြန်စွန့် ဘို့  မေးလျှောက်ပါသတဲ့။ အဲဒါနဲ့  ဆရာတော်ကြီးနှင့် ပြောဆိုရင်းက သူ့ မှာ ကောဇောတချပ် ရှိတာကို ဆရာတော်ကြီးက သိသွားပြီး၊ ပြန်ပြောလိုက်တာက
          ` မင်းမှာ ကော်ဇောတစ်ချပ် ရှိတာ၊ ငါ့မှာ (၉၉)ချပ်ပဲရှိတယ်။ ကော်ဇော (၁၀၀)ပြည့်အောင် အဲဒီ တချပ်ကို ငါ့လှူလိုက်ပါကွာ`

          လို့ မစွန့် နိုင်တဲ့အပြင် နောက်ထပ်ြပီ အလှူခံလိုက်ပါသတဲ့။
-       ၀        -         ၀        -         ၀        -         ၀        -         ၀        -         ၀        -

  • သာဓုခေါ်ပါ

          ဒီပုံပြင်လေးတော့ လူတွေ ကြားဘူးထားပြီးသား ဖြစ်ကောင်းဖြစ်မယ် လို့ ထင်ပါတယ်။ ထင်တယ်လို့  ပြောတာပါ . . . သေချာတော့လည်း မသိပါဘူး။ ဒီပုံပြင်ကလည်း အပေါ်က ပုံပြင်လိုပဲ ဆွမ်းကပ်ဘို့ သွားရင်း ကြုံစုံရတဲ့ ဘုန်းတော်ကြီးတပါးက ပြန်မိန့် ဘူးတာလေးပါ။

          တခါက ရွာလေး တရွာမှာ ရွာဦးကျောင်း ဘုန်းကြီးကျောင်း တကျောင်းနှင့် ရွာသူ၊ ရွာသားတွေ နေထိုင်ကြသတဲ့။ ရွာလေးက တောဓလေ့ အတိုင်း ကိစ္စကြီး၊ ငယ် (သို့ ) သာရေး၊ နာရေးတွေ ရှိရင် ရွာဦးကျောင်းက အုတ်မောင်းကို ခေါက်ပြီး ရွာကလူတွေကို ရွာဦးကျောင်းမှာ စုစည်းလေ့ရှိသတဲ့။ စည်းဝေးပွဲးကိုတော့ ရပ်ကွက်လူကြီး၊ ဒါမှမဟုတ် ရွာဦးကျောင်း ဆရာတော်ဘုရားက ဦးစီးတတ်ပါသတဲ့။

          တနေ့ တော့ ရွာရဲ့  အာရုံတက်ပြီးစ အချိန်လောက်မှာ ရွာဦးကျောင်းက အုတ်မောင်းသံ တဒုံး ဒုံး ထုလို့  လူစုဘို့  အချက်ပေးသံ ပေါ်လာပါရော။  ဒါနဲ့  ရွာဆိုတော့ ရွာထုံးစံ လယ်တော၊ ယာတောဆီ လုပ်ငန်းခွင် သွားကြမယ့် သူတွေရော၊ အိမ်အလုပ် လုပ်ဘို့ ပြင်နေသူတွေပါ ရွာဦးကျောင်းစီကို ၊ ကိုယ်စီ ချီတက်သွားကြရတာပေါ့။ ဘာလို့  ခေါက်မှန်းလဲမသိ၊ အရေးကြီး၊ မကြီးလဲ မသိ နဲ့ ပေါ့။     ဒါနဲ ရွာဦးက ဘုန်းကြီးကျောင်းကို လူတွေ စုဝေးရောက်တယ် ဆိုရင်ပဲ        ရွာဦးကျောင်း ဆရာတော်ကြီးက ရွာသူ၊ ရွာသားတွေကို စကားစပြောပါတယ်။
          ` သာဓု (၃)ကြိမ် ခေါ်ကြတော့`
လို့  ပြောပါသတဲ့။ ဒါနဲ့  ရွာကလူတွေကလည်း
          ` ဘာကို ဘာအကြောင်းကြောင့် သာဓု ခေါ်ရမလဲဘုရား`
လို့  ပြန်လျှောက်ပါသတဲ့။                   ဒါနဲ့  ဆရာတော်ကြီးကလည်း
          ` ငါ ဒီနေ့  အသက်(၉၀) လည်းပြည့်ပြီ။ နောက်ပြီး ဘုန်းကြီးဘဝနဲ့  တသက်လုံး တရား အားထုတ်တော့မယ်လို့  ဒီနေ့ ပဲ ဆုံးဖြတ်လိုက်ပြီ ၊ ဒါကြောင့်မို့ ရွာသားတွေကို အသိပေးပြီး၊ သာဓုခေါ်ဘို့  လူစုရတာပါပဲ`
လို့ ပြောပါသတဲ့။ ဒီအကြောင်း အရာကို ပြောပြတဲ့ ဆရာတော်ကတော့ ဘုန်းကြီးဆိုတာလည်း အားလုံး အရိယာဘဝ မရောက်သေးဘူး။ လူပဲရှိသေးတယ်၊ ဘုန်းကြီးဘဝ ကနေ အချိန်မရွေး လူအဖြစ် စိတ်ပြောင်းနိုင်သေးကြောင်းနှင့် ဘုန်းကြီးဘဝမှာလည်း သူအခက်အခဲနဲ့  သူရှိတယ်။ လူ့ ပတ်ဝန်းကျင်းနှင့် အနေနီးရင် လူစိတ်ပြောင်းနိုင်သေးကြောင်း ဖြည့်စွတ်ပြောပါတယ်။
-       ၀        -         ၀        -         ၀        -         ၀        -         ၀        -         ၀        -

          လူဘဝမှာ ကြုံစုံရသမျှ သဘော၊ သဘာဝကို မျှဝေခြင်းသာ ဖြစ်ပါသည်။ ဆရာတော်များကို ပြောင်လှောင်လိုခြင် အလျှင်းမရှိပါ။ တစုံတခု မှားယွင်းစွာ ရေးသားခဲ့ခြင်းရှိပါကလည်း နားမလည်သောကြောင့် သာဟု နားလည်ခွင့်လွတ်ပေးပါရန် တောင်ပန် လျှောက်ထားအပ်ပါသည်။               ရေးသားသူ

Tuesday, October 11, 2011

သီတင်းကျွတ် အဘိဓမ္မာဒေသနာ ရွတ်ဖတ်ပူဇော်ပွဲး သတင်း


မိဘကျေးဇူး သိဆပ်လိုသူတိုင်း
မိဘကျေးဇူး သိဆပ်, အဘိဓမ္မာဒေသနာ, တရားမြတ် မင်္ဂလာ, အခါတော်နေ့  ဖိတ်ကြားလွှာ

ပုံများကို  Google Search မှ ရှာဖွေ၍ ယူထားခြင်း ဖြစ်ပါသည်။


ဓမ္မမိတ်ဆွေ သူတော်စင်အပေါင်းတို့  . . .

          ဗုဒ္ဓသာသနာနှစ် ၂၅၅၆ ခုနှစ်၊ မြန်မာသက္ကရာဇ် ၁၃၇၃ ခုနှစ်၊ သီတင်းကျွတ်လပြည့် (ဗုဒ္ဓဟူးနေ့ )၊ ခရစ်သက္ကရာဇ် ၂၀၁၁ ခုနှစ်၊ အောက်တိုဘာလ (၁၂)ရက်နေ့ သည်ကား “အဘိဓမ္မာဒေသနာဒ“ တရားတော်မြတ်ကြီးကို အောင်မြင်စွာ ဟောကြားပြီးဆုံးခဲ့သည့် နေ့ ထူးနေ့ မြတ်ကြီးဖြစ်ပါသည်။

          မြတ်စွာဘုရားသည် မိခင်ကျေးဇူးကို ဆပ်လိုသော ရည်ရွယ်ချက်ဖြင့် မယ်တော်မိနတ်သား အမှူးပြုသော နတ်ဗြဟ္မာတို့ အား တာဝတိံသာနတ်ပြည်၌ “အဘိဓမ္မာဒေသနာ“ တရားတော်ကို ဟောကြားတော်မူခဲ့ပါသည်။

          အတိတ်အကြောင်းလေး တခုတွင် အဘိဓမ္မာဒေသနာသံကို ကြားဖူးရုံမျှဖြင့် လင်းနို့ လေးများသည်ပင် သင်သူတော်စင်တို့ ရဲ့  ဂေါတမမြတ်ဘုရား လက်ထက်တော်မှာ တရားထူးရသည်အထိ ပါရမီ သတ္တိထူးကို ပေးစွမ်းနိုင်သည့် တရားတော်ကို  ကိုယ်တိုင်ရွတ်ဖတ် ပူဇော်ကြားနာရလျှင် မည်မျှအထိ ပါရမီိအသိထူးဖြစ်မည်ကို ပြောပြဖွယ်ပင် လိုမည်မထင်ပါ။

          သို့ မို့ ကြောင့် ထူးခြားချက် (၄)မျိုး၊ ဂမ္ဘီရ (၄)မျိုးတို့ နှင့် ပြည့်စုံစေလျှက် ခက်ခဲနက်နဲလှစွာသော အဘိဓမ္မာ (၇)ကျမ်းကို “အမိကျေးဇူး ဆပ်တရား“ အဖြစ် ဟောကြားတော်မူခဲ့သော မြတ်စွာဘုရားရှင်၏ ကျေးဇူးဂုဏ်ကို ညွှတ်နူး ကော်ရော် ပူဇော်မြတ်နိုးကြပြီး       မိမိတို့ သည်လည်း မိဘကျေးဇူး သိ၊  ဆပ်သူ ပါရမီရှင်များ ဖြစ်ကြစေရန်၊ ဘုရားရှင်နှင့် မိဘကျေးဇူးဂုဏ်ကို ရည်မှန်းပူဇော်ကန်တော့ကြမည် ဖြစ်ပါ၍        “အဘိဓမ္မာ အခါတော်နေ့ “ အခမ်းအနားသို့  ကျေးဇူးတရားကို သိ၊ ဆပ် ပူဇော်လိုသူတိုင်း ကြွရောက် ဆင်နွဲးကြပါရန် လေးမြတ်စွာ ဖိတ်ကြားအပ်ပါသည်။

          အောက်တိုဘာ (၁၂)ရက်နေ ၊ ည ၆း၃၀ နာရီမှ စတင်ပြီး ဘုရားရှင်အား စုပေါင်း၍ မွှေးကြိုင်လှစွာသော ပန်း၊ ရေချမ်းတို့ ဖြင့် ပူဇော်ကြိုဆိုကြလျှက် ပါရမီဖြည့် အဘိဓမ္မာ ရွတ်ဖတ်ပူဇော်၊ အမျှဝေ၊ ဆုတောင်းကြမည် ဖြစ်ပါသည်။



*လူတိုင်းစေ့ ဘုရားရှင်အား ကြိုဆိုပူဇော်နိုင်ရန် မွှေကြိုင်လှစွာ်သော ပန်း၊ ရေချမ်းတို့ ကို အသင့်စီစဉ် ပေးထားပါမည်။
*ဒါနကောင်းမူ အစုစုတို့ ကို အသက်ထင်ရှာရှိ၊ မရှိသော မိဘများအား အစထား၍ သတ္တဝါ အနန္တ   နတ်၊ ဗြဟ္မာအနန္တ တို့ အား စုပေါင်း အမျှဝေပါမည်။

ဧည့်ခံ ကျွေးမွေးအလှူတော်-
        ကြက်သား ကြာဇံကြော် နှင့် အအေး
        တို့ ဖြင့် ဧည့်ခံလှူဒါန်းပါမည်။



ကျင်းပမည့်နေရား    ဝရာဓာတု ရတနာရာမ အသင်းတော် (ဓါတ်တော်တိုက်)
                                    No.59  Lor 4 Geylang, Singapore 399297.   Tel: 6841 4540, 6748 7352
                              Bus: 7, 12, 32, 33, 197 from Kallang MRT, alight at second bus stop.

( Parame Group မှ ပေးပို့ ၍ Forward မှ ရသည့် ဖိတ်စာကို နိဗ္ဗာန်အကျိုးမျှော်၍ ပြန်လည်မျှဝေ၊ နိုးဆော်လိုက်ခြင်းသာ ဖြစ်ပါကြောင်း)

Wednesday, October 5, 2011

မကျွတ်သေးသူ


( ညဘက်မှာ မဖတ်ပါနဲ့ ၊ ကြောက်တတ်ရင်လည်း မဖတ်ပါနဲ့ ။ )

          တနေ့ ကပေါ့ ကျမနဲ့  ကျမအမနဲ့  ကျမတို့  မိသားစုကြောင်းတွေကို ဖုန်းဆက်ပြောရင်းကနေ ဟိုရောက်၊ ဒီရောက် ပြောဖြစ်ကြပါတယ်။ အဲလို ပြောရင်းကနေ လူတွေ ငွေနောက်လိုက် လိုက်ကြပုံများ ဘယ်လို ကြောက်စရာကောင်းကြောင်းတွေ အမက ပြောလာပါတယ်။ လူတွေများ ငွေနှင့် ဂုဏ်ဆို ငမ်းငမ်းတက်ကြတာ ဘယ်လိုတွေ ဖြစ်ကုန်ကြသလဲ မသိပါဘူးတဲ့။ ကိုယ်ချင်းစာတရားလဲ မရှိတော့ဘူး။ ကျင့်ဝတ်ဆိုတာလည်း ခါးဝတ်ထည်တွေလို မမြဲကြတော့ဘူးတဲ့။ (ခါးဝတ် ပုဆိုး ဆိုတာတော့ သိပါတယ်။ ခုခေတ်က ဝတ်ခြင်တာ အကုန်ဝတ်နေတာမို့  ခေတ်နှင့် အညီ ပြောင်းလိုက်ရပါတယ်။   :P)

          အဲလို ပြောရင်းကနေပြီး ကျမ အမ့တစ်ယောက်ရဲ့  အလုပ်ရှင်နှင့် အမျိုးတော်တဲ့ (သိပ်လည်း မဆင်းရဲပါဘူး) တူမ မိသားစုအကြောင်းကို (စပ်မိ စပ်ရာ ဘာညာကိကွ) ရောက်သွားပါတယ်။ လူတွေရဲ စိတ်ဟာ တော်တော် ကြောက်စရာကောင်းပါလားလို့  ကျမဖြင့် ကြောက်တောင်သွားပါတယ်။ ပြောရရင်တော့ ဘယ်ကစရမှန်းတောင် မသိတော့ပါဘူးရှင်။ မြန်မာနိုင်ငံမှာ အလုတ်တွေထဲမှာ ကိုယ့်ဂုဏ်သိက္ခာကို ထိန်းလို့  အကောင်းဆုံး၊ လူအလေးစားဆုံး အလုပ်(အခု ဟုတ် -ဟုတ်၊ မဟုတ်-ဟုတ်) ဖြစ်ခဲ့တာ ဆရာမ အလုပ်ပါ။ ဆရာ၊ ဆရာမဆိုတာ ကိုယ့်ကို လူရိုသေအောင်၊ လေးစားအောင် နေရသလို ၊ လူတွေကလည်း ဆရာ၊ ဆရာမ ဆိုပြီး အနည်းနှင့် အများ ဦးစားပေးရတဲ့ အလုပ်မျိုးမလား။

          ဒါပေမယ့် ဒီအမျိုးသမီးက ဘောဒါဆောင်ဖွင့်တဲ့ ဆရာမထင်ပါရဲ့ ရှင်။ သူ့ အိမ်မှာ တရုတ်နယ်စပ် နေရာတစ်ခုက လာကျောင်းတက်တဲ့ ကျောင်းသားတစ်ယောက် ရှိပါတယ်။ သူတို့ အိမ်မှာပဲ ငှါးနေပါတယ်။ ပထမတော့ ကျောင်းသားနှစ်ယောက် အတူငှါးနေကြတာပါပဲ။ သူမအိမ်ဟာ အဲဒီတုံးက ရန်ကုန်ရဲ့  ထင်ရှားတဲ့ မြို့ ပြ အိမ်ယာ စီမံကိန်းတစ်ခုထဲမှာ ခြံနှင့် ဝိုင်းနဲ့  နေထိုင်ကြပါတယ်။ နောက်တော့ ကျောင်းသား တစ်ယောက်က မြို့ ထဲကို ပြောင်းသွားတော့၊ သူတစ်ယောက်ပဲ ကျန်ခဲ့တဲ့ပုံပါပဲ။ ဒီကျောင်းသားလေးမှာ ပိုက်ဆံချမ်းသာတဲ့ မိဘတွေ ရှိတာကို ဆရာမလေးက အစကတော့ မသိပါဘူး။ ကောင်လေးက သုံးနိုင်ပင်မဲ့ ပုံမှန်ပဲ အေးအေးနေတတ်တာကြောင့် ကောင်းလေးက ဘာ၊ သူမိဘတွေ က ဘယ်လို ဆိုတာ သိခဲ့ခြင်း မရှိပါဘူး။ ဆယ်တန်းမဖြေခင် ဆိုတော့ ၁၆-နှစ်ကနေ ၂၀-နှစ် ဝန်ကျင်းပဲ ရှိမှာပါ။

          တနေ့ တော့ ဒီကောင်လေးမှာ ကံအပြောင်းအလဲ ကြုံဘို့  အစပြုလာပါတယ်။ အဲဒါကတော့ သူ့  ဆရာမအိမ်က ကားပျက်တာကို ဝတ်ရှော့မှာ အပ်ထားတာ ပြင်ပြီးလို့  အိမ်ကို ကုန်ကျစရိတ်(Bill) တောင်းစာနှင့် အတူ ကားကို ပြန်ပို့ လာပါတယ်။ အဲဒီအချိန်က ဆရာမ အမျိုးသားက ခရီးထွက်နေတဲ့အချိန်နဲ့  ကြုံနေပါတယ်။ ကားက ဘောဒီတွေပြင်၊ လိုတာတွေ အကုန်ပြင်တာဆိုတော့ သိန်း(၂၀)လောက် ကျနေပါတယ်။ ဆရာမကလည်း လက်ထဲပိုက်ဆံများများမရှိ၊ ခင်ပွန်းသည်က  အလုတ်ကိစ္စတစ်ခုနဲ့  ခရီးသွားတာဆိုတော့ အိမ်မှာ ပိုက်ဆံ များများ မကျန်တာပါ။ ဒါနဲ့  ကောင်းလေးဆီမှာ ပိုက်ဆံ တသိန်း၊ နှစ်သိန်းလောက်ရှိရင် ချေးဘို့  ဆရာမက လာမေးပါတယ်။ အမှန်က စရံသတ်ထားဘို့ ပါ။ အမျိုးသားပြန်လာမှ အပြီးချေဘို့  ညိုနိုင်းမယ်လို့  စဉ်စားပုံပါပဲ။ ဒါပေမယ့် ဝတ်ရှော့ကလည်း အကုန်တောင်းနေပါတယ်။ ကောင်လေးက အဲဒါနဲ့  ပြေစာ စာရွတ် တောင်းကြည့်တော့ သိန်း-၂၀ ဖြစ်နေတာနဲ့  သူမှာရှိတဲ့ ပိုက်ဆံထဲက သိန်း-၂၀ ကို ထုတ်ပေး၊ ချေးငှါးလိုက်တာပါပဲ။



          ဒီနေရာမှာ ဒီကောင်လေးကပဲ ကိုယ့်ဆရာမဆိုပြီ ယုံကြည်တာလား၊ ဆရာမမှာလည်း အိမ်တွေ၊ ကားတွေရှိတာမို့  ချမ်းသာတယ် ယုံကြည်လောက်တယ် ထင်လို့ ပဲလား မသိပါဘူး။ သူ့ က စိတ်ရင်းကောင်းနဲ့  ကူညီတာဖြစ်ပေမယ့် လူတွေရဲ့  စိတ်ဆိုတာ အစိုးမရတဲ့သဘောကို နားမလည်လို့ ပဲ ထင်ပါရဲ့  ထုတ်ပေး လိုက်တာ။ ဒါပေမယ့် ဆရာမက ကောင်လေးစီမှာ ပိုက်ဆံအများကြီး ရှိတာ သိသွားပါတယ်။ လောဘလည်း တက်သွားပါတယ်။ လောကမှာ သုံးစွဲးမယ်ဆိုရင်တော့ ကိုယ်ရှာတဲ့ ပိုက်ဆံဟာ လောက်နိုင်တယ်ကို ရှိမယ် မထင်ပါဘူး။ ဒီထုံးစံကြောင့်ပဲ ထင်ပါရဲ့  ကောင်းလေးရဲ ပိုက်ဆံတွေ ဟိုလိုတမျိုး၊ ဒီလို တမျိုး တောင်းသုံးတော့တာပါပဲ။

          ကောင်လေးမှာ ပါလာတဲ့ ပိုက်ဆံကုန်တော့လည်း မိဘတွေဆီကို နည်းမျိုးစုံသုံးပြီး တောင်ခိုင်းပါတယ်။ အစကတော့ အနုနည်းနဲ့  တောင်းပုံပါပဲ။ နောက်တော့ ကောင်လေးကို ချုတ်ထားပြီး အကြမ်းနည်းတွေနဲ့  တောင်တော့တာပါပဲ။ နောက်ကောင်လေးကို အကြမ်းကိုင်ရင်းကနေ အက်စစ်နဲ့  ပတ်တဲ့ အချိန်မှာ ကောင်လေးက သေသွားပါလေရော။ အလောင်းကို အစဖျောက်လိုက်ပါတယ်။ ဒါပေမယ့် လောဘက မရပ်ပါဘူး။ မိဘတွေကိုတော့ ဆုံးကြောင်းတခွန်း မဟပဲ၊ သူ့ တပြည့်အနေနဲ့  ပိုက်ဆံတွေ တောင်းသုံးပါတယ်။ ဒါပေမယ့် လောဘဆိုတာ အစရှိပေမယ့် အဆုံးသတ်ဘို့  ခက်နေတာပါပဲ။ ဟိုကလဲ ဘယ်လောက်တောင် ချမ်းသာနေသလဲ၊ ဘယ်လို စီးပွှားဖြစ်နေတယ်တော့ မသိပါဘူး။

          ဒီကောင်လေးက အနေနဲ့  ပုံမှန်းတောင်းရမယ့် ပမာဏကို ကျော်နေတဲ့ အပြင် ၊ မကြာခဏ တောင်းပါများတော့ ကောင်လေး မိဘတွေက သံသယ ဝင်လာပါတယ်။ ကောင်လေးဆီ ဖုန်းဆက်တိုင်းလည်း အကြောင်းတမျိုးမျိုးပြလို့  အိမ်မှာ မရှိတာကြည့်ပဲမို့  စကားမပြောရတာလည်း ကြာပြီဆိုတော့လည်း သံသယ မဝင်နေရိုးလား။ ဒါနဲ့  ကောင်လေးအိမ်က ကောင်လေးကိုယ်တိုင် တောင်းတာလား၊ ဘယ်သူ တောင်းနေတာလည်း သေချာသိရအောင် တရက်ဖုန်းဆက်ပြီး ငွေတောင်းတဲ့ အချိန်မှာ ကောင်လေးကို ပစ္စည်း တစ်ခု လူကြုံထဲ့ပေးစရာ ရှိတဲ့အကြောင်းနဲ့ ၊ အဝါနှင့် အပြာရောင် ဘယ်အရောင် ကြိုက်သလဲလို့  ကောင်လေးကို မေးခိုင်းပါတယ်။ အမှန်ကတော့ ကောင်လေးဘာရောင် ကြိုက်တယ်ဆိုတာ သူ့ အိမ်က သိပြီးသားပါ။

          အဲဒီအချိန်ကြမှ အဖြေမှား ဖြေလိုက်လို့  သူ့ အိမ်က ရိတ်မိသွားပါတယ်။ ကောင်လေး အိမ်က ရိတ်မိမှန်းလည်း သိရော ဆရာမနှင့် သူ့  ခင်ပွန်း ထားပါတော့ သူတို့ မိသားစုဟာ ဒီအိမ်လေးကို ခပ်မြန်မြန်ရောင်းထုတ်ပြီ မြို့ ထဲကို ပြောင်းရွေ့ ပြေးပါတော့တယ်။ ကောင်လေးအိမ်ကလည်း ရန်ကုန် ဆင်းလာပြီး လူပျောက်မူ့  စဖွင့်နေပါပြီ။ ဒါပေမယ့် သက်သေမရှိ၊ ဘယ်ပြောင်းမှန်းမသိ ဆိုတော့ အမူဟာ ကွင်းဆက်ပျက်နေခဲ့ပါတယ်။ ကြာတော့ ကောင်လေးအိမ်ကလည်း ကိုယ့်မြို့ ၊ ကိုယ်ရွာမှာ ကိုယ့်စီးပွှားလုတ်ဘို့  ပြန်သွားကြပါပြီ။

          ဒီအိမ်ကိုဝယ်လိုက်တဲ့ အိမ်ရှင်သစ်တွေလည်း ပြောင်းရွေ့  နေထိုင်နေကြပါပြီး။ အိမ်ရှင်သစ် အမျိုးသားက နေ့ ဘက်ဆို အလုပ်သွားတော့၊ အိမ်မှာ အမျိုးသမီးတစ်ယောက်ထဲ ကျန်ခဲ့တာကများပါတယ်။ ပထမ တလ၊ နှစ်လ လောက်မှာတော့ အိမ်မှာ နေတာ သိပ်ထူးခြားမူ့  မတွေ့ ရပါဘူး။ ဒါပေမယ့် အမျိုးသမီးကလည်း ကိုယ်ဝန်ဆောင်သယ်ဖြစ်တာက တစ်ကြောင်း၊ နေပြီး ၃-လ လောက်မှာတော့ ထူးလာတာ တွေ့ သွားပါတယ်။ ခြံထဲမှာ လူအရိပ်တစ်ခုကို ဖြိုးခနဲ၊ ဖြတ်ခနဲ တွေ့ ၊ တွေ့ နေတာပါ။ အမျိုးသမီးကလည်း မသင်္ကာတာရော၊ စိတ်မသန့် တာရောမို့  သူ မ့အမျိုးသားကို ဖွင့်ပြော တိုင်ပင်ပါတယ်။ ဒါနဲ့  သူ့  အမျိုးသားလည်း ရုံးပိတ်ရက်မှာ အမျိုးသမီးပြောတဲ့ အရိပ်တွေ့ တတ်တဲ့ နေရာကို လူတွေခေါ်ပြီး အင်ကတေတွေ ဖယ်၊ မြေတွေရှင်းလိုက်တော့ လူသေအလောင်း ထွက်လာပါတော့တယ်။

          ဒါနဲ့  နောက်အိမ်ရှင် အသစ်တွေလည်း ရဲကို အကြောင်းကြားကြပါတယ်။ ရဲ ရောက်လာပြီး အလောင်းသယ်၊ အကြောင်းရင်းတွေမေးပါတယ်။ သူတို့ တွေ ဘယ်သူ့ ဆီကနေ ဒီအိမ်ကို ဝယ်တာပါ။ ဘယ်ရက်ကပါနဲ့  ပြောပြရပါတယ်။ တကယ်က ဆရာမ မိသားစုက ကောင်လေးသေတာကို မိဘတွေလည်း အကြောင်းမကြားပဲ သူ့ ဝိုင်းထဲမှာ မြေမြုတ်ပြီး၊ အပေါ်ကနေ အင်ကတေလောင်းပြီး အစဖျောက်လိုက်တာပါ။ အဲဒီ နေရာကပဲ အရိပ်တစ်ခု သွား၊လာ နေတာကို နောက်ပြောင်းလာတဲ့   အမျိုးသမီးက တွေ့ တာပါ။ တခြားသူတွေက မတွေ့ ကြပါဘူး။ ရဲကလည်း အမူလိုက်တော့ အရင်ဖွင့်ထားတဲ့ အမူဟောင်းနှင့် ဆက်စပ်ပြီး ဆရာမတွေ ပြောင်းသွားတဲ့နေရာကို ရာဖွေ စုံးစမ်းမူ့ တွေလုပ်ပြီး တရားခံကို ဖမ်းနိုင်ခဲ့ပါတယ်။ ကောင်းလေးရဲ့  မိဘတွေကို အကြောင်းကြားလို့  တရားစွဲးစေခဲ့ပါတယ်။  ကောင်လေးလည်းသေ၊ သူတို့ လည်း လူသတ်မူဆိုတော့ နှစ်ကြီးထောင်ပဲကျသလား၊ ကြိုးမိန့်  ပဲကျသလားတော့ မသိတော့ပါဘူး။

          ကောင်လေးကလည်း ကိုယ်ဝန်ဆောင်သည်စီမှာ နေခြင်လို့  အရိပ်ပြတာလား၊ သူ့ ကို ဒီနေရာမှာ မြုတ်ထားတာကို တခြားလူတွေသိအောင် ပြတာလား၊ သူ့ မိဘဟောင်းတွေ သိအောင်၊ အမူ့ မှန်ပေါ်အောင်လား ဆိုတာတော့ တွေးရခက်ပါတယ်။ အဲဒါကို သေချာမသိပေမယ့်၊ သူ့  အလောင်းသယ်သွားပြီးတဲ့ နောက်မှာ သူ့ အရိပ်ကိုလည်း မတွေ့ ရတော့ပါဘူ။       ။