အဘိဏှသုတ် (ဗုဒ္ဓဓမ္မ ဦးလောကနာထ မှ)

အဘိဏှသုတ် (ဗုဒ္ဓဓမ္မ ဦးလောကနာထ မှ ကူးယူဖော်ပြပါသည်)

ကံတရားကို အမြဲမပြတ် ဆင်ခြင်ပါ…

''မိမိ၏ ကံသာလျှင် မိမိဥစ္စာ ရှိ၏၊ ကံ၏ အမွေခံ ဖြစ်၏၊ ကံသာလျှင် အကြောင်းရှိ၏၊ ကံသာလျှင် အဆွေအမျိုး ရှိ၏၊ ကံသာလျှင် ကိုးကွယ် မှီခိုရာရှိ၏၊ ကောင်းသည်ဖြစ်စေ မကောင်းသည်ဖြစ်စေ ငါပြုမိသော ကံ၏ အမွေခံသာ ဖြစ်ရပေမည်'' ဟူ၍ မိန်းမဖြစ်စေ ယောက်ျားဖြစ်စေ လူဖြစ်စေ ရဟန်းဖြစ်စေ မပြတ် ဆင်ခြင်အပ်၏။

ရဟန်းတို့ သတ္တဝါတို့အား ကာယဒုစရိုက် ဝစီဒုစရိုက် မနောဒုစရိုက်သည် ရှိ၏၊ ထို(ကံ) အကြောင်းကို မပြတ် ဆင်ခြင်သော ထိုသူအား မကောင်းမှုသည် အချင်းခပ်သိမ်းမူလည်း ပျောက်ကင်း၏၊ ခေါင်းပါးခြင်းမူလည်း ဖြစ်၏။

''ငါတစ်ယောက်တည်းသာလျှင် ကံသာလျှင် မိမိဥစ္စာရှိသည် ကံ၏ အမွေခံဖြစ်သည် ကံသာလျှင် အကြောင်းရှိသည် ကံသာလျှင် အဆွေအမျိုးရှိသည် ကံသာလျှင် ကိုးကွယ်မှီခိုရာ ရှိသည် ကောင်းသည်ဖြစ်စေ မကောင်းသည် ဖြစ်စေ ငါပြုမိသော ကံ၏ အမွေခံဖြစ်သည် မဟုတ်၊ စင်စစ်မူကား ဤဘုံဘဝသို့ လာခြင်း တစ်ခြားဘုံဘဝသို့ သွားခြင်း စုတေခြင်း ပဋိသန္ဓေ နေခြင်းရှိသည့် သတ္တဝါဟူသမျှ အားလုံးတို့သည် ကံသာလျှင် မိမိဥစ္စာ ရှိကုန်၏၊ ကံ၏ အမွေခံ ဖြစ်ကုန်၏၊ ကံသာလျှင် အကြောင်းရှိကုန်၏၊ ကံသာလျှင် အဆွေအမျိုး ရှိကုန်၏၊ ကံသာလျှင် ကိုးကွယ် မှီခိုရာ ရှိကုန်၏၊ ကောင်းသည်ဖြစ်စေ မကောင်းသည်ဖြစ်စေ ပြုမိသော ကံ၏ အမွေခံတို့သာ ဖြစ်ကြလိမ့်မည်'' ဟု ဆင်ခြင်၏။

ထိုကံအကြောင်းကို မပြတ် ဆင်ခြင်သော ထိုသူအား မဂ်သည် ကောင်းစွာ ဖြစ်ပေါ်လာ၏၊ ထိုအရိယာတပည့်သည် ထိုမဂ်ကို မှီဝဲ၏၊ ပွါးများ၏၊ ကြိမ်ဖန်များစွာ ပြု၏၊ ထိုမဂ်ကို မှီဝဲသော ပွါးများသော ကြိမ်ဖန်များစွာ ပြုသော ထိုသူအား သံယောဇဉ်တို့သည် အချင်းခပ်သိမ်း ပျောက်ကင်းကုန်၏၊ အစဉ်ကိန်းနေသော 'အနုသယ' တရားတို့သည် ကင်းပြတ်ကုန်၏ ဟု မိန့်တော်မူ၏။

Thursday, October 27, 2011

မေမေနဲ့  သွားဖြစ်တဲ့ နေရာ

            ဒီတခါတော့ အပျင်းထူပြီ စန်တိုဆာက ရေပန်းအက ပုံတွေပဲ တင်တော့မယ်နော်။ ရေးခြင်တဲ့စာမျိုး ခေါင်းထဲမှာ ဘာမှစဉ်းစားမရဘူး ဖြစ်နေတယ်။ ဒီပုံတွေက ကင်မရာပါမသွားလို့  ဖုန်းနဲ့ပဲ ရိုက်ခဲ့ရတဲ့ ပုံတွေပါ။  မေမေ ပထမဆုံးတစ်ခေါက် အလည်လာတုံးကဆိုတော့ သိပ်မကြာသေးပါဘူ  :P ၂-နှစ် ပြည့်ဘို့  ၂-လ လောက်ပဲ လိုတော့တယ်လေ။  အဲဒီတုံးက နံမည်က ` Song of the Sea` ပါ။ ခုထိ ဒါပဲလား၊ အသစ်ပြောင်းသွားပြီလား မသိဘူး။ မေမေ့ကို ပို့ ပေးတဲ့ တစ်ခေါက်ပဲ ရောက်ဖူးတာမို့ ပါ။  :D

ဒီရထားစီးသွားလည်း ရတယ်။ အတွင်းမှာ (၄) မှတ်တိုင်ပဲ ရှိတယ်ထင်တယ်။ လူတိုင်း ရောက်ဖူးပြီးသားပါ။ :P



ဒါက ပုံပြင်ကို သိုင်းဝိုင်းမဲ့သူတွေပေါ့။
         
မလေးလူမျိုးတွေပဲ များပါတယ်။ ပျော်ပွဲးစားထွက်တဲ့ပုံနဲ့  စထွက်လာပါတယ်။

ပျော်ပွဲးစားမှာ သီချင်းဆိုတော့ ရေထဲက မင်းသမီးလေးက နိုးလာပြီ သီချင်ထဆိုတဲ့ အခန်းတဲ့။

ဒါတွေက ရေပန်းတွေကြားထဲမှာ ဆလိုက်ထိုးပြထားတဲ့ ပင်လယ်နေ သတ္တဝါပုံလေးတွေ။


ဒါက မီးတောင်ကြီး၊ သူကတော့ မင်းသမီးလေးကို ဖမ်းထားတဲ့ နတ်ဆိုးတပါးလိုပေါ့။ အောက်က သဲတွေပါ ယမ်းဖောက်ပြီး ကစေတယ်။
ဒါက မိတ်ဆာတဲ့။ အမှန်တော့ မပျင်းအောင် ဇာတ်လမ်းလိုလိုလေးပါ။ အဓိက ကတော့ သဲ၊ ရေ၊ မီးရောင်တွေနဲ့  လှလှပပလေး ရေတွေကို ကစေတာပါပဲ။ နည်းပညာ ပေါင်းစပ်မူ့ ပေါ့။

အလယ်ကပုံက မီးတောင်က မကောင်းဆိုးဝါပုံပေါ့။

ရေပန်းတွေကို ဆလိုက်နှင့် ကာလာစုံးသုံးပြီး ကသွားတာပါ။
တူတူပဲနော်။

ရေပန်း ကပုံပြောင်းသွားဘီနော်။
အပြင်မှာတော့ တီးလုံးလေးတွေ ပါတာပေါ့။

တိန်းတိန်း ဒိုင်းဒိုင်းတွေ စုံနေအောင် သံစုံတယ်။

ဒါက နောက်တစ်မျိုး။
 
မင်းသမီးလေး အသံပျောက်သွားလို့  ပြန်နိုးလာအောင် စဉ်စားနေတဲ့ အခန်းတဲ့။
 
ဒါက မီးတောင်ကြီး ဒေါ်သထွက်နေတဲ့ပုံ တင်ဆက်ထားတာ။
မင်းသမီးလေးပုံ။ ဖုန်းနဲ့ဆိုတော့လည်း ဒီလောက်ပဲရတယ်။
မီးတောင် ပေါက်ကွဲးတဲ့ အခန်းထင်တာပဲ။
မီးပန်းတွေ ဖောက်တာလေ။
ဒါ နောက်ဆုံးရိုက်မိတဲ့ပုံပဲ။
          ဗွီဒီယို ကင်မရာနဲ့ လိုတော့ စုံတော့ဘူးနော်။ ကျမနှင့် မေမေ သွားကြည့်ခဲ့တာလေး အမှတ်တရ သိမ်းခြင်တာရယ် ကျမလိုပဲ မရောက်ဘူးသေး၊ မမြင်ဘူးသေးတဲ့သူတွေ လဲ သိမြင်ရအောင်၊ သိဘူးသူတွေလည်း ဘာရယ်မဟုပ် ထပ်ကြည့်သွားပါလား ။ ဟီး ဟီး ဇွတ်ပဲနော်။ ကျမလို ဘယ်မှ မသွား၊ မရောက်သူတွေလည်း ရှိမယ်ထင်တာပဲလေ ငွေကုန်၊ လူပန်း မို့  ရှောင်ပေမယ့်လဲ၊ တခါတရံတော့ စိတ်ပန်းဖြေ တနေရာရာကို သွားဖြစ်တာလည်း မဆိုးပါဘူးလေ။            ။

10 comments:

ညိမ်းနိုင် said...

ဝင်ကြေးတစ်ဆယ်ဆိုလားဗျနော်.....ကပ်စေးနှဲပြီး တစ်ခါမှ
ဝင်မကြည့်မိဘူး...၊အပြင်မှာလည်း အခွေရောင်းတယ်ဗျ....၊
ဒါနဲ့ Song of the sea လား sea of the song လား...၊
ကျွန်တော်လည်းမသေချာဘူး....ဟီး...။

စော(အဝါရောင်မြေ) said...

ကိုညိမ်းနိုင်ရေ

သဒ္ဒါအရတော့ song of the sea ကမှန်မယ် ထင်ပါတယ်။ ဒီလိုပဲ ပညာရှိ သတိဖြစ်ခဲတဲ့။
ဟားဟ
ကိုယ်ညံ့တာလဲ ဝန်မခံနိုင်ပြန်ဘူး။ အမှန်တော့ ညံ့တာပါပဲ။ ကျေးဇူးပဲ ပြင်လိုက်ပြီ။

မဒမ်ကိုး said...

မတန်သေးဘူး မတန်သေးဘူး
အဲလက်မှတ်ကိုဝယ်ထားပြီးမှ ဖျားလာလို့ထပြန်ခဲ့ရတား(
ရေအောက်ကမ္ဘာထဲတော့ရောက်ပါရဲ့
သူများတွေလို ကျန်းမာသူမဟုတ်လေတော့
ကမ်းစပ်သွားတိုင်း ခြေဖျားနဲ့ရေထိပြီးပဲ ပြန်လာနေရတယ် .မကောင်းပါဘူး
ကလေးမွေးပြီးမှ လာထားဆော့ပစ်မယ် စိတ်ကြိုက်း)

ညီလင်းသစ် said...

စင်န်တိုဆာ မရောက်ဖူးသေးလို့ ပုံတွေ ကြည့်ရတာ ကျေးဇူး တင်ပါတယ်၊ ရေပန်းအကတွေက စိတ်ဝင်စား စရာပဲ၊ အမှန်တော့ စင်န်တိုဆာမှ မဟုတ်ပါဘူးဗျာ၊ စင်ကာပူတောင် ချန်ဂီအပြင်ဖက်ကို တခါမှ မရောက်ဖူးသေး ပါဘူး..၊း(

Anonymous said...

မဒမ်ကိုးဆီမှာ မှတ်ချက်ရေးထားတာ နဲ့ ပတ်သက်လို့ ပါ
လိုချင်တယ်လို့ ရေးပါတယ်
ခြင်ကောင်နဲ့ လိုခြင်တယ် ဆိုရင် မှားပါတယ်

စော(အဝါရောင်မြေ) said...

အနောနီမတ်ရေ
အယ်ဒါ ပြန်ပြင်လို့  ရတော့ဘူးလေ။
ပြန်ပြင်ပေးတာ ကျေးဇူးပါ။ မှတ်မိသလောက် မှတ်ထားပါမယ် ဟီး . . . မှတ်ဥာဏ်က ကောင်းတော့ဘူး။
ရေးတော့အမှန်၊ ဖတ်တော့အသံ
ဒါပေမယ့် တခါတခါ ဘယ်ဟာ အမှန်လဲကို မသိဘူး။ :P

စော(အဝါရောင်မြေ) said...

မဒမ်ကိုးရေ
ခုထဲက ကျမ္မာရေး ဂရုစိုက်ထား။ ကလေးမွေးပြီးရင် ဒါထက် ကျမ္မာဘို့ လိုတယ်။ ဒါမှ တူတူ ဆော့နိုင်မှာ ကလေးနဲ့ :D။

ကိုညီလင်းသစ်ရေ
ကျမလည်း အဲလောက်နီးနီးပါပဲ။ မေမေလာမှ သူ့ ပို့ ချင်လို့  ဆန်တိုဆာဆိုတာ ဘာမှန်းမသိပဲ လိုက်ပို့ ရင်း ရောက်သွားတာ။ လူကြီးတွေက ဘယ်မှမသွားရရင် ပျင်းတယ်။ သူတို့ က သိပ်မလာချင်ဘူး။ ရောက်ဖူးရုံး တပတ်၊ နှစ်ပတ်ဆို တော်သေး။ တလဆို ပြန်ပြေးချင်နေရောပဲ။

...အလင်းစက်များ said...

ဒီကျွန်းပိစိလေးကလည်း လည်စရာတွေ တစ်မျိုးပြီး တစ်မျိုးပါပဲလားဗျာ။

ခင်မင်စွာဖြင့်

ကြောင်ဖြူများရှင်

mgbakyaing2 said...

ဆမ်တိုဆာကျွန်းဆိုတာလား လှပါ့ဗျာ ရောက်ဖူးသေးဖူး ထီပေါက်ရင်တောင် သွားနိုင်မယ်ထင်ဖူး အကြွေးများနေလို့း)း) မောင်ဘကြိုင်

mstint said...

အရင်တစ်ခေါက် စလုံးရောက်တော့ ညီအစ်မတွေ စုပြီး အလည်ရောက်ခဲ့တယ်။ ပွဲအစကနေအဆုံးအထိ သဘောကျတယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်