အဘိဏှသုတ် (ဗုဒ္ဓဓမ္မ ဦးလောကနာထ မှ)
အဘိဏှသုတ် (ဗုဒ္ဓဓမ္မ ဦးလောကနာထ မှ ကူးယူဖော်ပြပါသည်)
ကံတရားကို အမြဲမပြတ် ဆင်ခြင်ပါ…
''မိမိ၏ ကံသာလျှင် မိမိဥစ္စာ ရှိ၏၊ ကံ၏ အမွေခံ ဖြစ်၏၊ ကံသာလျှင် အကြောင်းရှိ၏၊ ကံသာလျှင် အဆွေအမျိုး ရှိ၏၊ ကံသာလျှင် ကိုးကွယ် မှီခိုရာရှိ၏၊ ကောင်းသည်ဖြစ်စေ မကောင်းသည်ဖြစ်စေ ငါပြုမိသော ကံ၏ အမွေခံသာ ဖြစ်ရပေမည်'' ဟူ၍ မိန်းမဖြစ်စေ ယောက်ျားဖြစ်စေ လူဖြစ်စေ ရဟန်းဖြစ်စေ မပြတ် ဆင်ခြင်အပ်၏။
ရဟန်းတို့ သတ္တဝါတို့အား ကာယဒုစရိုက် ဝစီဒုစရိုက် မနောဒုစရိုက်သည် ရှိ၏၊ ထို(ကံ) အကြောင်းကို မပြတ် ဆင်ခြင်သော ထိုသူအား မကောင်းမှုသည် အချင်းခပ်သိမ်းမူလည်း ပျောက်ကင်း၏၊ ခေါင်းပါးခြင်းမူလည်း ဖြစ်၏။
''ငါတစ်ယောက်တည်းသာလျှင် ကံသာလျှင် မိမိဥစ္စာရှိသည် ကံ၏ အမွေခံဖြစ်သည် ကံသာလျှင် အကြောင်းရှိသည် ကံသာလျှင် အဆွေအမျိုးရှိသည် ကံသာလျှင် ကိုးကွယ်မှီခိုရာ ရှိသည် ကောင်းသည်ဖြစ်စေ မကောင်းသည် ဖြစ်စေ ငါပြုမိသော ကံ၏ အမွေခံဖြစ်သည် မဟုတ်၊ စင်စစ်မူကား ဤဘုံဘဝသို့ လာခြင်း တစ်ခြားဘုံဘဝသို့ သွားခြင်း စုတေခြင်း ပဋိသန္ဓေ နေခြင်းရှိသည့် သတ္တဝါဟူသမျှ အားလုံးတို့သည် ကံသာလျှင် မိမိဥစ္စာ ရှိကုန်၏၊ ကံ၏ အမွေခံ ဖြစ်ကုန်၏၊ ကံသာလျှင် အကြောင်းရှိကုန်၏၊ ကံသာလျှင် အဆွေအမျိုး ရှိကုန်၏၊ ကံသာလျှင် ကိုးကွယ် မှီခိုရာ ရှိကုန်၏၊ ကောင်းသည်ဖြစ်စေ မကောင်းသည်ဖြစ်စေ ပြုမိသော ကံ၏ အမွေခံတို့သာ ဖြစ်ကြလိမ့်မည်'' ဟု ဆင်ခြင်၏။
ထိုကံအကြောင်းကို မပြတ် ဆင်ခြင်သော ထိုသူအား မဂ်သည် ကောင်းစွာ ဖြစ်ပေါ်လာ၏၊ ထိုအရိယာတပည့်သည် ထိုမဂ်ကို မှီဝဲ၏၊ ပွါးများ၏၊ ကြိမ်ဖန်များစွာ ပြု၏၊ ထိုမဂ်ကို မှီဝဲသော ပွါးများသော ကြိမ်ဖန်များစွာ ပြုသော ထိုသူအား သံယောဇဉ်တို့သည် အချင်းခပ်သိမ်း ပျောက်ကင်းကုန်၏၊ အစဉ်ကိန်းနေသော 'အနုသယ' တရားတို့သည် ကင်းပြတ်ကုန်၏ ဟု မိန့်တော်မူ၏။
Wednesday, August 24, 2011
ဘလော့ကြသူများနှင့် ဘလော့ကာဒေး(နောက်ဆက်တွဲး)
Google ကနေ ရှာတင်ပေးထားခြင်း ဖြစ်ပါတယ်။
          အဲဒီလို ဝင်ရင်ကနေ နေရာဒေသ အနှံအပြားက မတူညီတဲ့ မြင်ကွင်း၊ ရိုးရာဓလေ့၊ ဘာသာ ထုံးတမ်းစဉ်လာတွေ ကို တွေ့ လာရတယ် မြင်ကွင်းလည်း ပိုပြီး ကျယ်သထက် ကျယ်လာတယ်လို့  ခံစားရပါတယ်။  အရှေ့ အလယ်ပိုင်းက အာရပ်ဆော်ဘွား နိုင်ငံက လူ့ အခွင့်အရေး ချိုးနှိမ့်မူ ဇာတ်လမ်းတွေကို တောကျောင်းဆရာ ရဲ့  ဆိုဒ်ထဲမှာ ယောင်္ကျားလေးနှင့် မိန်းခလေး ကြား ပွင့်လင်းတဲ့ ဆက်ဆံမူ ကို ဝတ္ထူတွေမှာ ရေးသားခွင့် မရှိလို့  ဝတ္ထူရေးဆရာတွေ မာယာသုံး ရေးတာမျိုးတွေဟာ သူတို့ ဆီမှာ အထူးအဆန်းတော့ ဖြစ်ခြင်မှ ဖြစ်မယ်၊ ကျမအတွက်တော့ ဒါဟာ တခါမှ မကြားဘူးမိခဲ့တဲ့ အထူးအဆန်းတွေ ဖြစ်ခဲ့ရတယ်။ ဘာသာရေးနှင့် ဆက်နွယ်တဲ့ အစွန်းရောက်တယ်လို့  ယူဆနိုင်တဲ့ မရိုးနိုင်အောင် ကွဲးပြားခြားနားမူ့ တွေကို ကျမ သွားတွေ့  မိတယ်။ တကယ်တော့ စာတွေဖတ်ပြီး အတော်အသင့်တော့ သိတယ်လို့  ထင်တဲ့ အယူအဆတွေဟာလည်း ပညာတွေ၊ ဗဟုသုတတွေရှာရင်းနဲ့  လူတွေဟာ အသက်သာသေသွားမယ် ဆုံးခမ်းတိုင်မှာ မဟုပ်ပါလားလို့  သိလာ၊လက်ခံလာရတယ်။ ဘုရားမှလွဲးလို့  ဘယ်သူမှ အကုန် မသိနိုင်ပါ့လားနော် မှန်လိုက်တာ။
          တခါ ကိုညီလင်းသစ် (ညီလင်းသစ်) ဆိုဒ်မှာလည်း Europe ရဲ့  လူနေထိုင်မူ ပုံစံတွေ၊ ရူ့ ခင်းတွေတွေ့  ရပြီး သူ့ ရဲ့  စာအရေးအသား ကောင်းမွန်မူ့ ကြောင့် ဖတ်လို့  မညီးနိုင်အောင် ဖြစ်ရပါတယ်။ သူ့  အတွက်တော့ ခုချိန်မှာ အသားကျနေတဲ့ ပတ်ဝန်းကျင်တစ်ခုပေါ့လေ။ ပြီး ဘာရယ်မဟုပ် သွားသွားပြီး သူကြွားတာပဲ ဖြစ်ဖြစ်၊ သူမျှဝေခြင်တာ၊ ပြောခြင်တာတွေကို မပျင်းတန်း ဖတ်ဖြစ်ခဲ့တာကတော့ အမကြီး ခင်ဦးမေ (khin oo may) ။ သူလည်း လူတွေက ဘဖ သွားနေကြလို့ ၊ ဘလော့ထဲမှာ မပျော်တော့ဘူး ပြောနေတယ် လည်လည် သွားလိုက်ကြပါဦးနော်။ နောက်ပြီး နေ့ စဉ်နှင့်အမျှ သူရိုက်-ရိုက် တင်ပေးတဲ့ စာတွေကို စောင့်ပြီပဲဖြစ်ဖြစ်၊ သွားဖတ်ဖြစ်တဲ့ အမကြီး ရွှေစင်ဦး (မရွှေစင်ဦး) နှင့် အမကြီး မစစ (ခေါ်) မ စည်းစိမ်ရှင် တိုကိုလည်း အထူး ကျေးဇူးတင်ရှိပါတယ်။ ဒီလို အမြဲ ရိုက်တင်နိုင်ဘို့ က လွယ်တာမဟုပ်ဘူးလေ။
           ဘာပဲပြောပြော မချော [ချော (အစိမ်းရောင် လွင်ပြင်)] ကလည်း လေ့လာစရာ၊ ဖတ်ချင်စရာ အကြောင်းအရာတွေနှင့် စုံလင်ပြီ အတော်လေး သွားပြီး ဖတ်၊ မှတ်ဖြစ်တဲ့ ဆိုဒ်ပါ။ မရောက်ဖူးသေးတဲ့ ဗန်းမော်မြို့ က ဘုရားတွေကိုတောင် တော်တော်လေး ဖူးလိုက်ရပါတယ် မချော ကျေးဇူးနှင့်ပေါ့။ ဧရာဝတီမြစ်ဆုံကိုတော့ ဝအောင် မကြည့်ရဘူး ပျက်ကုန်လို့ တဲ့။ အဲလိုပဲ ဗီယက်နန်ရောက် မြန်မာမျိုး ဘလော့ကာများ ကျေးဇူးနှင့် ငယ်ငယ်က သမိုင်းမှာ သင်ခဲ့ရဘူးတဲ့ အန်ကောဝပ် ကျောင်းတော်ကြီးကိုလည်း ကိုထွဋ် ဆီကနေ တဆင့် သွားရောက် လည်ပတ်ဖြစ်ခဲ့ပါတယ်။ တခြား ဗီယက်နန်ရောက် မြန်မာဘလော့တွေ ဖြစ်တဲ့ ကနေလည်း လယ်ဖြစ်တယ်။ ဆိုဒ်တွေ မမှတ်မိတော့လို့  မဖော်ပြနိုင်တဲ့ အတွက် စိတ်မကောင်းဖြစ်ရပါတယ်။ ခုလည်း အန်တီတင့်၏ အမှတ်တရလေးများ က ဝါတွင်းကာလမှာ မြို့ ပေါ်က ဘုရားသမိုင်းတွေနှင့် မနက်စာ၊ နေ့ လည်သရေစာလုပ်နည်းတွေကို ရေးသားတင်ပြ ပေးနေပါတယ်။ ဘုန်းဘုန်း တောက်ပကြယ်စင် ကလည်း တရားသဘောတွေကတစ်မျိုး၊ ဟာသလေးတဖုံ တင်ပြထားတာ တွေ့  ရပြန်ပါတယ်။
           ပြီးတော့ ယိုဒယားက ကိုမျိုး (မောင်မျိုး) ရေးတဲ့ မိသားစု၊ သူငယ်ချင်း အပေါင်းအသင်းတွေ အကြောင်းလည်း ဖတ်ဖြစ်ပါတယ်။ တစ်ခုတောင် သွားအမှတ်ရမိသေးတယ်။ မောင်မျိုးက သူ့ အဖေ အရက်သောက်ပြီး ပြန်လာတော့ အဖေ အရက်မသောက်နှင့် သားရှက်တယ်လို့  ပြောပြီတော့ သူ့  အမ မကောက်ကွေး ( J )  ဆီသွားတော့ ယောက်ဖနှင့် အရက်တူတူသောက်လို့  အမက ဝင်ပြောရတာတွေ့  တော့    xxxxxx    တော်ဘီ ပြောကို မပြောခြင်ဘူး။ ပြီး နေမကောင်းနေလို့  ဘလော့လောကနှင့် အဆက်ပြတ်ရာကနေ ပြန်ရောက်လာတဲ့ မခရစ်စတယ် (http://crystal-lovelivelife.blogspot.com) ဆီလည်း အလည်သွားဖြစ်ပါတယ်။ ထိုင်းဘလော့မှာ စာအရေးကောင်းတဲ့ ဆရာဝန်အမျိုးသမီးတစ်ဦးဆိုဒ်လည်း ရှိသေးတယ်။ ဆိုဒ်နံမည်မေ့နေတယ် ဘယ်လောက် ရွာရိုးကိုးပေါက် လျှောက်လည်သလည်းဆိုတော့။ ပြီး ဆရာဝန် ဘလော့ကာ တစ်ဦးဖြစ်တဲ့ သက်တန့်ချို..... ဆိုဒ်ကလည်း ဗဟုသုတတွေ ၊ စိတ်ဝင်စားစရာ Creative ဝတ္ထူလေးတွေလည် ဖတ်ရတယ်။
           ကျမက သမိုင်းကြောင်းလေးတွေ စိတ်ဝင်စားမိလို ပိုစ့်တွေက သွား၊ သွား မွှေဖတ်ဖြစ်တဲ့ ဆိုဒ်လေးကတော့ ရှေးမြန်မာ..  ပါ။ ပြီး ကိုယ့်အတ္ထုပ်ပတ္တိကို ရေးတဲ့ ကြုံခဲ့ရ နဗနဘ၀ မှာလည်း အစကနေ အဆုံးထိ ဖတ်ဖြစ်ပါတယ်။ ခုတော့ ပေါ်မလာတော့ဘူး ဖြစ်နေပါတယ်။ စာအရေးကောင်းတဲ့ sosegado တည် ငြိမ် အေး ဆီကိုလည်း စာဖတ်သွားဖြစ်ပြီ၊ ခုတလော အလည်အပတ်များတဲ့ DeGoLar ဆီမှာလည်း သူသွားခဲ့တဲ့ နေရာတွေ လိုက်လည်ဖြစ်ခဲ့ပါတယ်။ ပန်းသီးတွေ လိုက်ပေးပြီ ပုံပြင်တွေ အပြောကောင်းတဲ့ တုံးဖလားသူကြီး ကိုကိုမောင် (ပန်းရနံ့) ရဲ့  သူကြီးဖြစ်လိုက်၊ ကိုကိုမောင် ဖြစ်လိုက်နှင့် ပြောပြတဲ့ ပုံပြင်ရှည်တွေကိုလည်း စောင့်ဖတ်ဖြစ်ပါတယ်။ ဟင်းတွေအမြဲ ချက်ပြုတ်ပြီး ကုသိုလ်ယူတတ်တဲ့ မမေဓာဝီ တွေးမိတွေးရာ...ရေးမိရေးရာ ဆီက ကံကောင်းလာတဲ့ အကြောင်းအရာတွေကိုလည်း ဖတ်ရတဲ့အတွက် စိတ်ထဲမှာ ကြည်နုးနေမိပါတယ်။
          ဆိုဒ်ပရက်က အဖြူရောင်နတ်သမီး ရဲ့  မွေးနေ့ ပွဲးမှာ သရေကျလောက်အောင် တင်ပေးထားတဲ့ အမယ်မျိုးစုံ၊ ဆိုဒ်ပရက်ရဲ့  ဒဏ္ဍာရီ၊ ခေတ်ရေစီးကြောင်းတွေကို လည်း ဖတ်မှတ်ရတယ်။ လူကြီးဆန်ဆန် အရေးအသားကောင်းကောင်းနှင့် ရေးသားပြီး သူစိတ်ဝင်စားတာလေးတွေ၊ ရင်တွင်းခံစားချက်တွေ တင်ပြပေးတတ်တဲ့ နေ၀သန် အကြောင်းတွေလည်း အားပေးဖြစ်တယ်။ ဗဟုသုတ အဖြာဖြာကို ဘာသာပြန် ဝေငှပေးတယ်လို့  လူသိများတဲ့ ကိုပီတာရဲ့အတွေးပုံရိပ်များ ကလည်း အလုပ်ပြောင်းရာက အင်တာနက် ကမ္ဘာ အပြင်ရောက်သွားလို့  အဲဒီကမ္ဘာကို ကြိုးစားဝင်ရောက်ပြီး ဗဟုသုတလေးတွေ ဆက်လက်ဝေငှနေပါတယ်တဲ့။  ကျမစာတွေကို လာလာ ဖတ်တတ်တဲ့ ...အလင်းစက်များ နှင့် ဓာတ်ပုံဆရာနှင့် တရားနာဆော်သြသူ ဂျစ်တူး ( မုံရွာ ) ၊ ကိုယ်ပိုင်ရေး ဝတ္ထူလေးတွေ ရေးတင်တဲ့ ရွှေပြည်သူ၊ ပိုစ်တွေနှင့် မြန်မာပြည်ပြန်တဲ့ Evergreen Phyo ၊ စာအရေးအသား ကောင်းမွန်ပြေပြစ်တဲ့  မချစ်ကြည်အေး၊ မဖြိုး (My World )၊ မြစ်ကျိုးအင်းမယ်ကိုးရဲ့ စာစုများစူးနွယ် ၊့  Rita, Evergreen Sky ! နှင့် ဂွတီး ဂွကျနဲ့  လူတွေအကြားမှာ နေပြီ ဂွကျတဲ့သူ ဖြစ်မှာစိုးနေတဲ့ KiKi-Idiotlove ဆီမှာလည်း၊ ခန္တာမှာ ဖြစ်တတ်တဲ့ လက္ခာအဖြာဖြာတွေ ဖတ်ရတာလည်း ဗဟုသုတ တမျိုးပါပဲ။
          ဂျာမဏီက အကြောင်းအရာ၊ အဖြစ်အပျက်လေးတွေနှင့် ဂျာမဏီ ဗုဓ္ဒဘာသာ အကြောင်းတွေ ပြောပြတတ်တဲ့ shinlay တို့  ဆီက စိတ်ဝင်စားစရာ အကြောင်းတွေကို ဖတ်ရတာက တမျိုး ထူးခြားနေပြန်ပါတယ်။ ကိုအေအေတူ ရဲ့  ဘာလီ တစ်ထောင့်တစ်ညတွေနှင့် တိုးလိုက်တဲ့ အတွေ့ အကြုံတွေဟာလည်း တစ်ဘာသာ ထူးခြားနေပြန်ပါတယ်။ ဆရာတောင်လုံးပြန်ရဲ့  ဝတ္ထူကို တင်ပေးနေတဲ့ အဖြူလေး ဆိုဒ်ကိုလည်း အခန်းဆက် ဝတ္ထူရှည်ကို စောင့်ဖတ်နေမိပါတယ်။ တခါတလေ စောင့်ရတာ တော်တော်ကြာတယ်။ အဲဒါနဲ့  ဘယ်အချိန်တင်သွားမှန်း မသိလိုက်တာတွေ့ ရှိသေးတယ်။ ဘလော့လောကလေးကို စုစုစည်းစည်းဖြစ်အောင် စုဆောင်းကူညီလင့်ချိတ်ပေးတဲ့ ကိုဇော် ရဲ့ နည်းပညာအကူအညီကလည်း ဘလော့လောကများ ကျေးဇူးများပါတယ်။ ကျမဆီကို အလည်လာပြီး၊ ကျမကလည်း အလည်သွားဖြစ်တဲ့ မိုးယံAngelhlaing(May everybody be happy and health ၊ . Lyn Lynဟန်ကြည် တို့ ကိုလည် ကျေးဇူးတင်ပါတယ်။
          အစားအသောက် လုပ်နည်းတွေ ဝေငှတဲ့ (Mon Petit Avatar) ၊ Lu Lu တို့ လိုဆိုဒ် တွေ နှင့် တကယ့် စာရေးဆရာတွေရဲ့  ဆိုဒ်တွေနှင့် သတင်းဆောင်းပါးရေးကြတဲ့ ဆိုဒ်တွေကလည်း အများသားပါ။ ကျမလည်း လင့်လေးတွေ လိုက်ရှာရင်းကနေ မျက်စိတွေညောင်းပြီး ခေါင်းတွေပါ နောက်လာတာမို့  ဒီလူသိများတဲ့ ဆိုဒ်တွေကိုတော့ အသေးစိတ် မရေးနိုင်တော့တဲ့ အတွက် တောင်းပန်ပါတယ်။ ရေးရင်းကနေ ကြော်ညာဖြစ်သွားပြီလား မသိပါဘူးရှင်၊ တခြားရောက်ခဲ့ဘူးတဲ့ နေရာတွေက သိပ်သိပ်များတော့ အားလုံးကို မမှတ်မိတော့တာလဲပါပါတယ်။ နေဦး ခုတလော အလှူလုပ်တဲ့ ပုံစံတွေ အကြောင်း တင်ပေးနေတဲ့ ကိုဧရာ မသီတာ  ဆီကိုလည်း သွား လေ့လာမိသေးတယ်။ အလှူ ဆိုလို့  ဟိုတလောက တာလေငလျှင် လှုတ်တယ်ဆိုတော့ Nine Nine SaNay ရဲ့  ဆိုဒ်ကနေ အလှူလှမ်းထဲ့ရင်းနဲ့ ၊ ရှောက်ရှာဖတ်ရင်းက တာလေမြို့  သူ ဆိုတဲ့ မိုး ငွေ့  (မိုးငွေ့......) ဆိုဒ်ကို ရောက်တော့ ငိုနေတာနဲ့  တိုးခဲ့ရသေးတယ် . . . :P ။
        တကယ့်စာရေးဆရာတွေ ဖြစ်ကြတဲ့ ဆရာစိုးမြင့် (မေ့ဆေး)ဆရာအောင်သင်းကိုမင်းဒင်လွန်းထားထား(ဆေးတက္ကသိုလ်)  ၊  ချောအိမာန် (မန္တလေး)မြသွေးနီမခက်မာ  ဆိုဒ်တွေကိုလည်း သွားရောက် လေ့လာ ဖတ်ရူ့ နိုင်ပါတယ်။ ကျမလည်း ဒီထဲက သုံး၊ လေး ဆိုဒ်လောက်ကို မွှေနှောက် ဖတ်ထားတယ်ဗျ။ စိတ်မကြည်လင်၊ စိတ်ဓာတ်ကျနေရင်တော့ Buddha FM တို့  ၊ တခြားဆိုဒ်တွေကိုလည်း http://mongti.ning.com/profiles/blogs/web-sites ဒီထဲမှာ ဝင်ရောက်ရှာဖွေ နိုင်သေးတယ်နော်။ ဒါမှ မဟုပ်လို့  ရေဒီယိုနားထောင်ခြင်တယ် ဆိုရင် အဖြူရောင် သံစဉ် တို့ လို ဆိုဒ်တွေ ရှိတာလည်း သိလာရတယ်။ စကားဝါမြေအွန်လိုင်းစာကြည့်တိုက် တို့ လို ကောင်းနိုးရာရာကို ရှာဖတ်လို့ ရတဲ့ နေရာတွေ အများကြီး ရှိသေးတယ်။ ရွှေအိုး | shwe oe | freemyanmarvcd တို့  BurmeseClassic တို့ မှာ ရုတ်ရှင် ကြည့်မလား၊ သီချင်းနာထောင်မလား ၊ ငွေဈေးနှင့် ရွှေဈေးတွေ သိခြင်ရင် Mr.Sail0rMoon မှာ လေ့လာနိုင်သေးတယ်။ တကယ်ကို ဝေဝေဆာဆာ ထွေထွေဖြာဖြာကို သိလာရပါတယ် ဆိုတဲ့ အကြောင်းလေး ရေးရင်း နိဂုံးချုပ်လိုက်ပါတယ်နော်။ အားလုံးကို စုံစိအောင် ရေးသားတင်ပြနိုင်ခြင်း မရှိတာ၊ လိုအပ်ချက်တွေ ရှိနေတာတွေကိုတော့ သည်းခံနားလည်ပြီး ဖတ်ပေးကြပါနော်။
Tuesday, August 23, 2011
ဘလော့ကြသူများနှင့် ဘလော့ကာဒေး
          ကျမရဲ့  အလုပ်မှာ ပုံမှန်ရယ်မဟုပ်ပဲ ရူတ်ခြင်တဲ့ အခါ တော်တော်ရူတ်ပြီး၊ အားခြင်တဲ့ အခါ တော်တော် အား တတ်တာကြောင့်၊ အားလပ်တဲ့ အချိန်ဆို တော်တော်ပျင်းပြီး ဘာလုပ်ရမှန်းမသိပဲ ဖြစ်နေရင်းက မြန်မာစာအုပ်တွေကို အွန်လိုင်းကနေ ရှာဖတ်လို့ ရတယ်၊ အင်တာနက်မှာ မြန်မာစာ ရိုက်ရှာလို့ ရတယ် လို့  ပြောပြတာကြောင့် Google Search ကနေ မြန်မာလို စာရိုက်ရှာကြည့်ပါတယ်။ မြန်မာစာကတော့ ဒေါင်းလုပ် လုပ်ထားပြီးသား စက်ထဲမှာ ရှိနေပါတယ်။ ဒီအရင်ကတော့ တုံးတယ်ပဲ ပြောပြော ကျမ အွန်လိုင်းကို အီမေးစစ် တာကလွဲးရင် သိပ်မသုံးဖြစ်ပါဘူး။ ပထမအလုပ်မှာတုံးက မအားမလပ်နိုင်အောင် အလုပ်ရူတ်ခဲ့တာရော၊ အပြောမခံရအောင် ရှောင်တာရောကြောင့် ဘာမှ မသိသလောက်ပါပဲ။( နည်းနည်းပါးပါးတော့ သိတယ် သိပ် မသုံးဖြစ်တာပါ။)
          တနေကုန် အလုပ်ထဲမှာ ကွန်ပြုတာနဲ့  အလုပ်လုပ်ပြီး အိမ်ပြန်လာတဲ့ အချိန်၊ ကွန်ပြုတာကို ထပ်မကြည့်ဖြစ်တာက များပါတယ်။ ကွန်ပြုတာပေါ်မှာ မြန်မာလို စာရိုက်ရှာရင် ရမှန်းကို မသိခဲ့တာပါ။ တကယ်တော့ ဒါလောက်ထိ အလုပ်မှာ ကိုယ့်ကိုယ်ကို နှစ်မြုပ်ထားဘို့  မသင့်ခဲ့ပါဘူး။ နောက်အလုပ် တစ်ခုကို အခြေအနေ အကြောင်းကြောင်းတွေကြောင့် ရောက်သွားရပြီတော့ အားလိုက်၊ မအားလိုက် ဖြစ်လာမှပဲ အားတဲ့ အချိန်တွေကို သတင်းတွေ၊ စာအုပ်တွေ ရှာဖတ်မယ် ဆိုတဲ့ ရည်ရွယ်ချက်နှင့် အင်တာနက်မှာ ရှာရာကနေ သတင်းဆိုဒ်၊ စာအုပ်တွေ အပ်လုပ်တင်တဲ့ဆိုဒ်တွေ၊  နောက်တော့ တဖြည်းဖြည်းနဲ့  ဘလောစ့်ဆိုတဲ့ လောကကို စသိခဲ့ရပါတယ်။
          ဒီမှာ စတင် ခံစားမိတာက အပျင်းပြေတဲ့ ဖျော်ဖြေမူ့  တစ်ခု သက်သက်တင်မဟုပ်ပဲ၊ ဗဟုသုတတွေ၊ လူတွေရဲ အတွေးအခေါ်၊ အတွေ့ အကြုံတွေကို အနည်းနဲ့  အများ ရရှိခံစားရပါတယ်။  စာပေတို့  သတင်းတို့  ဟာ သူတို့  သိတာ၊ ကြားသိတာ၊ သိခဲ့ဘူးတာတွေနှင့် ခန့် မှန်းမူတွေရောထားတာမျိုး၊   ကိုယ်တိုင်ကြုံတွေ့  ခဲ့ရတာမျိုးတွေကို ဖော်ပြတတ်တာက များပါတယ်။ စိတ်ကူးနှင့် ရေးသားနိုင်တာတွေကတော့ ပုံပြင်၊ ဟာသနဲ့  ဝတ္ထူတို/ ရှည်တို့ ၊ သရော်စာတို့  ဆိုပြီ ဂဏ္ဍတွေများစွာကို ကျယ်ကျယ်ပြန့် ပြန့်  လေ့လာ ဖတ်ရှူ့ နိုင်မူတွေကို တွေ့ ရပါတယ်။ စာဆိုတာမျိုးကတော့ အမှား၊ အမှန် (သို့ ) အကောင်း၊ အဆိုးကို ကိုယ်ပိုင်ဥာဏ်နှင့် ခွဲးခြားပြီး ကောင်းတာကို အတုခိုးတတ်ဘို့ ၊ သူတပါးရဲ့  အတွေ့ အကြုံကနေ သင်ခန်းစာယူတတ်ဘို့ ၊ အမှား၊အမှန်ကို ဝေဖန်ပိုင်းခြား နားလည်နိုင်ဘို့ လိုပါတယ်။
          သူများရဲ့  အမှား၊အမှန် အတွေ့ အကြုံကနေ ကိုယ့်အတွက် သင်္ခန်စာ ယူနိုင်သူဟာ လူတော်လို့  ဆိုပါတယ်။ ကိုယ်တိုင်မှားမှ၊ တွေ့ ကြုံရမှ သင်္ခန်စာရသူကတော့ မဆိုးသေးဘူးလို့  ဆိုပါတယ်။ သူများဆီကလည်း မယူ၊ ကိုယ်တိုင်မှားတာလဲ မရဘဲ ထပ်ခါ မှားနေသူကတော့ လူညံ့ပါပဲလို့  ဆိုပါတယ်။  ဒါပေမယ့် ဖော်ပြထားတာတွေ အားလုံးဟာ ရေးသားသူရဲ့  စိတ်ကူး၊ ပုံဖော်မူ့ ကနေ အခြေခံတာမို့  အားလုံးတော့ အမှန်ဖြစ်ခြင်မှ ဖြစ်မှာပါ။ ပုထုဇင် လူသားမို့  အမှားမကင်းတတ်တဲ့ သဘာဝလေးပါပဲ။ ရေးသူနှင့် ဖတ်သူ ဒါမှမဟုပ် ရေးသူအခြင်းခြင်းကြား တယောက်နှင့် တယောက် တွေးပုံ၊ အတွေ့  အကြုံမတူတာနှင့် ဝေဖန်ထိုးနှက်မူတွေ လုပ်နေတာထက် ထောက်ပြပြီ ဒီလိုလေးတော့ မဖြစ်နိုင်ဘူးလားလို့  အကြံဥာဏ်ပေးတာ က ပိုပြီဖြစ်သင့်တယ်လို့  မြင်ပါတယ်။ ချစ်စကို ရှည်စေ၊ မုန်းစကို တိုစေလိုတဲ့ သဘောလေး သက်ရောက် မယ်လို့  ထင်ပါတယ်။ တခါတလေ ကိုယ်လက်မခံနိုင်တဲ့ အယူအဆမျိုးတွေ ဖြစ်နေရင် ကျမကတော့ မဖတ်ပါဘူး၊ စာမျက်နှာ ကျော်ဖတ်လိုက်တာပါပဲ။ 
          တချို့ ကလည်း ကြော်ညာတာပါ(ကြော်အောင် ညာတာတွေလည်း ပါပါတယ် အလကားဆိုပြီ ပိုက်ဆံတောင်းတဲ့ ဆိုဒ်တွေရှိတာမျိုးပါ)။ ဈေးကွက်စီးပွှားရေး စနစ်တစ်ခုအနေနှင့် သီချင်း၊ စာအုပ်၊ သင့်တော်ရာ ပစ္စည်းမျိုးစုံ ရရှိနိုင်ကြောင်းလည်း ဖော်ပြပါတယ်၊ ဝေမျှနိုင်တာတွေကိုလည် အလကားဖတ်ရူ့ ၊ နာထောင်နိုင်အောင် တင်ပေးကြပါတယ်။ တချို့ ကတော့ မြန်မာပြည်ကနေ ဝေးကွာနေတဲ့ ကိုယ့်လူမျိုး၊ ဆွေမျိုးသာခြင်းတွေကို မျှဝေလိုတဲ့ စိတ်ရင်း၊ စေတနာတွေနဲ့ ပါ။ တချို့ ကြပြန်တော့လည်း မိဘဆွေမျိုး၊ သူငယ်ချင်းတွေနှင့် ဆက်သွယ်နိုင်၊ လူကိုယ်တိုင်ပြောပြသလို ဆက်သွယ်မူလေး အဖြစ်၊ နိုင်ငံရပ်ခြားမှာ ပျင်းလို့ မှ စကားပြောဖော် မရှိဘို့ က များတော့ စကားပြောမူ့ အစား၊ စာရေးမျှဝေဘို့ ၊ အပေါင်းအသင်း မိတ်ဆွေတွေ ရဘို့ ဆိုတဲ့ အကြောင်းပြချက် အမျိုးမျိုးတွေနှင့် ဘလော့ကာ လောကထဲကို ရောက်လာကြတာပါပဲ။  ကျမ သူငယ်ချင်းတစ်ယောက်ဆို (မယ်သံရဲ့  အမှတ်ရ စရာလေးများ ) သူ့ သမီးကြီးလာရင် သူ့ အကြောင်း၊ သူ့ သမီး ငယ်ငယ်တုံးက အကြောင်းတွေကို ပြောပြနိုင်ဘို့  ခြေရာချန်တဲ့  သဘောနှင့် စာတို၊ စာရှည်တွေ ရေးခဲ့တာပါ။ တကယ့် အနုပညာသမားတွေရဲ့  စာတွေလည်း များစွာ တွေ့ ရှိရပါတယ်။
          ပြီး မိဘ၊ ဆွေမျိုးသားခြင်းတွေ ဝေးတဲ့ အရပ်မှာ ရောက်နေတဲ့ မြန်မာလူငယ်၊ လူကြီးမရွေးအတွက် ထမင်း၊ ဟင်းချက်ပညာကို မြန်မာဟင်း၊ အရှေ့ တိုင်း အစားအစာ၊ အနောက်တိုင်း အစားအစာတွေ ပါမကျန် ရေးသား ချက်ပြုတ်ပြီး သရေကျလောက်အောင် ဖော်ပြ၊ နည်းပေးကြတဲ့ ဆိုဒ်တွေကိုလည်း တွေ့ လာရပါတယ်။ တချို့ ဆို ရောက်တဲ့နေရာဒေသမှာ အသုံးပြုရမယ့် ပစ္စည်းတွေ ရှာဖွေရမှာ မခက်အောင် အမည်စာရင်းလေးတွေကိုပါ မကျန် ရှာဖွေဖော်ပြပေးကြတာဟာ တကယ်ကျေးဇူးတင်စရာ ကောင်းပါတယ်။
          တဖန် အများနှစ်သက်တဲ့ ဗေဒင်တို့ ၊ နတ်ခတ်တို့ ကို တွက်ချက် တင်ပြပေးတဲ့ စာမျက်နှာတွေ ဟာလည်း အတော်ကိုပဲ ကျေးဇူးတင်စရာကောင်းပါတယ်။  ဘာသာရေးဘက်က ဆိုရင်လည်း တရားစာ တို၊ရှည် ရေးသားလို့ တဖုန်၊ တရားစာအုပ်တွေ၊ တရားခွေတွေကို တင်ပေးထားတာက တစ်မျိုး၊ ပါဌိကို မြန်မာ ဘာသာပြန်လို ဖော်ပြပေးခြင်းတို့ ဖြင့် အမျိုးမျိုးသော ထောက်ပံမူတွေ၊ ကုသိုလ်ယူသူတွေနှင့် ပေါ့လေ။ ရေးချင်သူက ရေးလို့ ၊ ဖတ်ချင်သူတွေကလည်း ရှာကြံဖတ်လို့  ဘလော့ကာ လောကလေးပေါ့။
          ကျမက ဘလော့ လောကရဲ့  အစလည်း မမှီ၊ အလယ်လည်း ဟုပ်တိ ပတ်တိ မသိပါဘူး။ ကိုယ်က နောက်ဖျားပဲ မှီတဲ့သူလေ။  ဖတ်ခါစ အစပိုင်းက ဘလော့ဖတ်သူ အဖြစ် ပထမဦးဆုံး အနေနဲ့  မှတ်မိတာ ကတော့ ကိုအောင်(ပျူနိုင်ငံ ) ပါပဲ။ သူကပဲ ကျမ ဘလော့လေးကို စပြီး လင့်ချိတ်ပေးခဲ့တာပါ။ သူ့ ဘလော့ကို ဘယ်လို စရောက်ခဲ့သလဲဆိုတာ သေချာမမှတ်မိတော့ ပေမယ့် သူ့ ဘလော့က သရဲကြောင်းတွေကို၊ ရှေးကရော၊ နောက်ကရော လှန်လှော်ရှာဖတ်ဖြစ်ခဲ့တာပါပဲ။ ကိုယ်ဖတ်ရုံတင်မကဘူး တွေ့ သမျှ သူငယ်ချင်းတွေကိုလည်း လင့်တွေ လိုက်ပို့ ။ ကူးပေးလို့  ရတုံးကဆို အမျိုးတွေဆီ ကူးပို့ ရသေးတယ်။ ဖတ်ရအောင်လို့ ။ သူတို့ ဆီက ဖတ်ရတာ ဖွင့်ဖို့  မလွယ်လို့ ပါ။ နောက်ပိုင်း ကော်ပီတွေ ယူတယ်ဆိုပြီ ကိုအောင်က နည်းပညာသမား မိတ်ဆွေတွေ အကူအညီနဲ့  ကော်ပီရိုက်ဒ် လုပ်လိုက်မှ ပို့ ရတာ သက်သာသွားပါတယ် . . . အဟီး။
          ဒုတိယ သတိတရနှင့် မှတ်မိရတာကတော့ အဲဒီအချိန်က ဘလော့လောကရဲ အရေးအပါဆုံး ပိုဂ္ဂိုလ်ကြီး ဖြစ်တဲ့ နာယကကြီး ဖြစ်တဲ့ အများအခေါ် ကိုကြီးကျောက်(ရွှေရတုမှတ်တမ်း )ပါ။ မှတ်မှတ်ရရ စာဖတ်ပရိသတ် အဖြစ် ကိုအောင့်ဆိုဒ်မှာ သရဲကြောင်းတွေ၊ စာတို၊ပေစတွေ ဖတ်နေချိန်မှာ ကိုအောင်က ကိုကြီးကျောက်မှာ ကင်ဆာရောဂါ ဖြစ်နေကြောင်း ပိုစ့်တစ်ပုတ်တက်လာပါတယ်။ အဲဒီထိ ကိုကြီးကျောက်ကို ဘယ်သူမှန်း မသိသေးပါဘူး။ နောက်မှ ကိုအောင့်ဆိုဒ်ထဲမှာ လင့်ချိတ်ထားတဲ့ ဆိုဒ်တွေကို လိုက်ဖတ်ရင်းကမှ ကိုကြီးကျောက်ဆိုဒ်ထဲရောက်၊ တပုတ်စဖတ်ရာကနေ ပိုစ့်အကုန်ကို တစ်ခုပြီးတစ်ခု မွှေနှောက် ဖတ်ဖြစ် ပါတော့တယ်။  သူက အရွယ်အရလည်း ဝါကြီးပြီး အတွေ့ အကြုံစုံတဲ့ အပြင် ရယ်ရွှင်ဖွယ်ကောင်းအောင် ရေးသားတတ်တဲ့ သူ့ ရဲ့ စာတွေကို တစ်ပတ်တစ်ခါ စောင့်ဖတ်ခဲ့ရပါတယ်။
          နောက်ပြီး ဘလော့ကလည်း လုပ်လဲ၊ မလုပ်တတ်သလို လုပ်ဘို့  စိတ်ကူးလည်း မရှိခဲ့ပါဘူး။ အပတ်တိုင်း ကိုကြီးကျော် အဲလေ ကိုကြီးကျောက် ဘလော့ကို သွားဖတ်ရာကနေ သူ့ ဆိုဒ်က ဝင်လို့ မရပဲ ဖြစ်နေပါတယ်။ တရက်လည်း မဟုပ်၊ နှစ်ရက်ကနေ သုံးရက်လောက်ကျ သူ့ ဆိုဒ်မဝင်ပဲ ကိုယ့်ကို ဘလော့လုပ်မလားပဲ ဂူဂဲက တမေးထဲမေးနေပါတယ်။ အဲဒီကနေ ဘလောထဲကို ဘုမသိ၊ ဘမသိနဲ့  ရောက်လာတာပါ။ နည်းပညာဆိုတာ နထ္တိပေါ့။ ဖွင့်ဖြစ်သွားတော့ ဟိုကလိ၊ ဒီကလိ လျှောက်လုပ်ဖြစ်ရင်းကနေ ကိုယ် သတိတရ ဖြစ်တဲ့ အကြောင်းအရာလေးတွေ၊ ကိုယ်သိမ်းထားခြင်တာလေးတွေ အတွက်တော့ နေရာရှိပြီ ဆိုပြီ စရေးဖြစ်ခဲ့ပါတယ်။ ဒီလို စရေးတော့ ပထမဦးဆုံး လာပြီ ကွန်မန့် ပေးတာကတော့ ထုံးစံအတိုင်း ကိုကြီးကျောက်ပါ။
          နောက်တော့ ကိုမောင်လေး(ခေါ်) ကိုညိမ်းနိုင် (ညိမ်းနိုင်) က မှားနေတဲ့ စာတွေ၊ သတ်ပုံတွေ လာပြင်ပေးပါတယ်။ သူကလည်း ဘလော့ရေးကာစ ကျမအတွက် အားပေးခဲ့သူ တစ်ယောက်ပါပဲ။ နောက် ကိုကလည်း ဖတ်ဖြစ်ပြီ၊ ကွန်မန့် လည်း ပေးဖြစ်ခဲ့တဲ့ ငွေလမင်းမိသားစု (ငွေလမင်း)  ၊ ကြုံတုံး ပြောရဦးမယ် ငွေလမင်းမိသားစုဆိုလို တလောက မဒန်ငွေ ဆေးရုံတက်မယ်ကြားတော့ ကလေးမွှေးဘို့  တက်တာလားလို့  သွားမေးမိသေးတယ်။ အဟီး အပြင်မှာဆို ပါးချခံရကိန်းရှိတယ်။ ကိုယ်ကလည်း သေခြာမသိပဲ ယူပြီးတဲ့ စုံတွဲထင်လို့ မေးမိတာကိုး ခုတောင်ပန်ပါတယ်နော် မဒန်ငွေ :P ။ ခုတော့လည်း စေ့စပ်ကြောင်းမြန်းတော့မယ် ကြားပါတယ်။(ကြော်ညာပေးတာပါ)
          အဲဒီကနေ လင့်ချိတ်ထားတဲ့ ဆိုဒ်တွေကို ဟိုဝင်ဖတ်၊ ဒီဝင်ဖတ်ကနေပြီးတော့ တခြားဘလော့ကာတွေရဲ စာတွေကို ဖတ်ရူ့ ဖြစ်ခဲ့တာပါ။  ဘယ်ဆိုဒ်က ဘာမှန်းလည်း မသိဘူး။ ဖတ်ပြီး ရေးခြင်စိတ်ပေါ်လာရင် ကွန်မန့်  ရေးထားခဲ့တာပါပဲ။ ရေးလိုက်တာ အဆုံးသတ်လို့  မဖြစ်နိုင်သေးပဲ ဆက်လည်း ရေးဘို့  အချိန် အခက်အခဲ အနည်းငယ် ဖြစ်နေတာမို့  အခန်းဆက် မရေးခြင်ပေမယ့် နောက်တစ်ပိုင်းမှပဲ လက်စသတ်နိုင်တော့မယ် ထင်ပါတယ်နော်။
Saturday, August 13, 2011
ဂျက်ကီ
             သိတတ်တဲ့ အရွယ်လောက်တုံးက အိမ်မှာ အိမ်မွေးတိရိစ္ဆာန်တွေ ရှိခဲ့တယ်။ ဆင်၊ မျောက်၊ ခါ တွေတော့ မဟုပ်ရပါဘူး။ ဆင်ကကြီးတော့ မွေးဘို့  မြေနေရာမကျယ်လို့ ပါ။ မျောက်ကျတော့ သူကိုက်ရင် ရွှေချရတာမို့  ရွှေဘိုးကုန်မှာ စိုးလို့ ပါ။ ခါကတော့ သူပါချတဲ့ အီ အီးထဲက ညောင်စေ့ကနေ ညောင်ပင်တွေ ပေါက်လာရင် နေစရာပျောက်မှာ စိုးတာကြောင့် ဒီသတ္တဝါတွေကို မမွေးကြဘူးထင်ပါတယ် ဟီး ဟီး။ အိမ်တွေမှာ အများဆုံးမွေးလေ့ရှိတာက ခွေး၊ ကြောင် နှင့် ကျက်တူရွေးလေးတွေပါ။ ခုနောက်ပိုင်းမှာ ရွှေငါးမျိုးစုံ ကိုပါ မွေးမြူလာကြတာတွေ့ ရပါတယ်။ စီးပွှားဖြစ် မွေးတဲ့ တိရိစ္ဆာန်တွေလဲ ရှိပါတယ်။ ဒါပေမယ့် ကျမတို့  အိမ်မှာတော့ စီးပွှားဖြစ်မွေးတဲ့ တိရိစ္ဆာန်တွေတော့ တကောင်မှ မရှိပါဘူး။
             ဒါပေမယ့် အိမ်မှာ ခွေးထီးတစ်ကောင်၊ ကြောင်မိသားစုတွေ နှင့် ကြက်တူရွေးတစ်ကောင် တော့ မွေးဖူးပါတယ်။ ခုပြောပြဘို့  စိတ်ကူးထားတာကတော့ ဂျက်ကီ ဆိုတဲ့ ခွေးအကြောင်းပါ။ ဒီခွေးကို မေမေတို့  ဘယ်အချိန်က စမွေးမှန်း မသိပေမယ့် ကျမဆော့တဲ့ အချိန်မှာတော့ ဒီခွေးက တကောက်ကောက်လိုက်ခြင်ခဲ့၊ ကျမအပေါ် ပိုချစ်ပုံရခဲ့ပါတယ်။ အိမ်မှာက ညီမ(၇)ယောက်ဆိုတော့ ညီမတွေ ၂-ယောက် တတွဲးလို တွဲးဘက်နေရာမှ ကျမမှာတော့ တွဲးဘော်ရာယ်လို့  မရှိခဲ့သလိုပါပဲ။ ကျမကလည်း အိမ်မှာ တွဲးဘို့  ဘက်ပဲ့နေခဲ့တော့ကာ ခွေးလေးဟာ ကျမရဲ့  အပျင်းဖြေ၊ အတူဆော့ကစားဖော် ဖြစ်ခဲ့ရပါတယ်။
              ခွေးလေးလို့ သာ ပြောတာပါ၊ ကျမပြန်တွက်ကြည့်တော့ ဂျက်ကီက ကျမထက် ၃-နှစ်လောက် ပိုကြီးပါတယ်။ ခွေးတွေ၊ ကြောင်တွေရဲ့  အသက်ဟာ ၁၂-နှစ်လောက်ပဲ ရှိတယ်လို ကျမ ဦးလေးက ကျမကို ပြောပြဘူးပါတယ်။ ဒါပေမယ့် အိမ်က ကြောင်တွေရဲ့  သက်တန်းကတော့ တော်တော်ကို ရှည်ပါတယ်။ တချို့  ကြောင်တွေဆို ၁၈-နှစ်လောက်ကို နေသွားကြပါတယ်။ မိုးလင်း၊ နေ့ လယ်၊ ညစာဆိုပြီး ၃-နှပ်စားပြီး စည်စိမ်ကြီးနဲ့ နေကြရလို့ ထင်ပါရဲ့ ။ ပြီး ငါးလေးစားတာငြီးငွေ့ ရင်၊ အမဲသားခြောက်တို့ ၊ ပုဇွန်ခြောက်ကို အမုန့်  ကြိတ်ပြီကျွေးသေး။ ( ခုထိ ကျမတို့ မှာ အကောင်းဆုံး ပုဇွန်ခြောက် ကိုယ်တောင်မစားဘူး၊ မေမေ့ဘို့ များ ဝယ်ကန်တော့ရင် ကိုရွှေကြောင်တွေ ပါစပ်ထဲ ရောက်သွားရော။ အင်း ခွေကြောင်းဆိုပြီ ကြောင်တွေ အကြောင်း ပြောနေပြန်ပြီလို့  မထင်ပါနဲ့  သူတို့  အကြောင်းက မပါလို ကို မရလို့ ပါ။)
            ခွေးကြီး ဂျက်ကီကလည်း တကောင်တည်း အိမ်မှာ ဗိုလ်ပါပဲ။ အဲ အဲ ဒါပေမယ့် ကြောင်တွေကလည်း သူတလူ၊ ငါတမင်းပါပဲခင်များ ခုခေတ်အဖွဲ့ အစည်းလို အဲလေ ကြောင်လဲ ကြောင်အဖွဲ့  လိုပေါ့။ သူတို့ ကလည်း ခွေးကြီး ဂျက်ကီကို သခင်အားကိုးနဲ့  ခွေးမထင်ဘူး ရှင့်။ ကြောင်အမေကြီးဆို ပြန်တောင် ကုတ်ဖဲ့ပြစ်လိုက်သေး။ ဂျက်ကီကြီးကတော့ သနားပါတယ် တခါတခါ ကုတ်လို့  နှာခေါင်းမှာ လက်သည်းရာက အစင်းလိုက်နဲ့ လေ။ ကိုက်ခြင်လဲ လူရှိရင် သူ့ ကိုဟန့် လို ရပ်လိုက်ရနဲ့ လေ။ လူတွေကလည်း အမြင်မတော်ဘူးဆို ဝင်ဟန့်ရ(ဆရာလုပ်ရတာ) ဆိုတော့ သူ့ ခင်ဗျာလည်း သခင့်အကြိုက် နေရရှာတာ။ ကြောင်တွေကတော့ လူကခြောက်လဲ မရပါဘူး။ ဘယ်သူ့ မျက်နှာမှ မကြည့်ဘူး၊ ကုတ်ပြစ်၊ ဖဲ့ပြစ်လိုက်တာပဲ။ မကုတ်ခင်ထဲက အမြီးကြီးကို ဖွာလို ကိုယ်လုံးကြီးတယ်ထင်အောင် တကိုယ်လုံး အမွှေးတွေက တဖြည်းဖြည်းနဲ့  ထောင်လာပါရော။ ( တရုတ်တွေ၊ တချို့  နိုင်ငံခြားသားတွေလိုပဲ တကိုယ်ကောင်းဆန်တာလား၊ ကိုယ်ကလွဲရင် ဘယ်သူ့ ဘို့ မှ မသိသလိုပဲ)
             ကျမကတော့ ဂျက်ကီကို ချစ်သလိုပဲ၊ ကြောင်တွေကိုလည်း ချစ်တာပါပဲ။ ကြောင်မွေးကာစလေးတွေဆို သိပ်ကိုင်လိုကောင်း၏။ သူတို့ က ခွေးလောက်တော့ သခင့်အပေါ် သစ္စာမရှိကြပေမယ့် သတ္တဝါတွေပဲမို့ လား။ ခွေး ဆိုတာမျိုးက သေတပန်၊ သက်တဆုံး သခင်အပေါ် ချစ်ခင်ကြတာ၊ တချို့ ခွေးတွေဆို လူတွေကံနိမ့်နေရင်၊ ထမင်းတစ်နပ်ပဲ ကျွေးဘူးသူအစားတောင် သေပေးတတ်သတဲ့။ ခွေးတစ်ကောင် အိမ်ရှေ့ လာသေနေရင် ဒဏ်ခံတာလို့  လူကြီးတွေက ပြောတာ ကြားဘူးတယ်။ သိရသလောက်ကတော့ ကြောင်တွေဟာ အိမ်တအိမ် စီးပွှားပျက်တော့မယ်ဆို အိမ်ရွှေ့ သွားတတ်ကြတာပါပဲ။ ပြောင်းသွားတဲ့ အိမ်ကတော့ ကြောင်လာမွေးရင်၊ ပြောင်းလာရင် စီပွှားရေး ပိုကောင်းလာတတ်သတဲ့။ သဘာဝ တရားတွေကို တိရိစ္ဆာန်တွေက လူတွေထက် ပိုသိသလိုပဲလား မပြောတတ်ပါဘူး။
            မေမေ ပြောပြဘူးသလောက်တော့ မေမေက ဂျက်ကီကို မွေးစားဘို့  စာတိုက်ဝိုင်းထဲမှာ နေတဲ့ ခွေးပိုင်ရှင်ဆီကနေ ခွင့်တောင်းပြီး ခွေးတွေထဲက အလှဆုံးကို ခေါ်လာပါသတဲ့။ ဂျက်ကီက အယ်လဇေးရှင်း မျိုး နည်းနည်းပဲပါပြီး သူ့ အမေကြီးကတော့ ဗမာခွေးမျိုးလို့  ဆိုပါတယ်။ ကျန်တဲ့ခွေးလေးတွေက သူ့ အမေလိုပဲ လို့လဲ မေမေကပြောပြသေးတယ်။ နို့ တိုက်ပြီး မွေးခဲ့ရတယ်တဲ့။ (ဟုပ်တယ် ကြောင်းလေးတွေလည်း သူတို့  အမေက နို့ မတိုက်နိုင်လို့  ထွက်ပြေးနေရင် မေမေက နိုဆီကိုဖျော်တိုက်တာပဲ ဇွန်းလေးနဲ့။ လက်ဖက်ရည်ဇွန်းတောင် သူတို့ တိုက်ဖို့  သက်သက်ထားရတယ်။) ဂျက်ကီးက ကြီးလာတော့ သမင်ရောင်နဲ့  အဖြူကြားလေး ရုပ်လဲ မဆိုးဘူး။ ချစ်စရာကောင်းတယ်၊ ခွေးပေမယ့် သဘောကောင်းတယ်။ ဒါကြောင့်မို့  ကြောင်တွေ အနိုင်ခံရတာပေါ့။
             ကျမ မှတ်မိတဲ့ အရွယ်ရောက်တော့ ဂျက်ကီက ကျမသိမ်းညည်းကို အလွန်ခံတယ်။ သူလှည်းနေတုံး ကျမခြေထောက်များ သူ့ ကိုယ်ပေါ်တင်ထားရင် မော့ကြည့်ရုံကြည့်ပြီး ပြန်လှည်းသွားတာပဲ။ ဘယ်တော့မှ ရန်မလုပ်ဘူး။ သူများတွေ သူ့ ကိုယ် အဲလိုလုပ်လိုကတော့ ကြည့်ပြီး ထိုးဟောင်တော့တာပဲ။ သူက သူ့ ကိုယ်လုံးပေါ်ကို အဲလိုတင်တာ မကြိုက်ဘူးလေ။ သူ့ အမြီးက တခါတလေ ဂျက်တပ်ခဲဖြစ်ပြီး တွဲးနေတတ်တယ်။ အဲဒီလို ဖြစ်နေရင် မလှလို့  မေမေတို့ ၊ တခြားလူတွေ ညှပ်ရင် မရဘူး။ ကိုယ်လုံးကိုယ် ဟိုလိုလှည့်လိုက်၊ ထွက်ပြေးလိုက်၊ ဟောင်လိုက် လုပ်နေတတ်တာ။ အိမ်မှာတော့ ဂျက်ကီက မေမေ့ကို အကြောက်ဆုံး။ ကျမက ကတ်ကျေးကို မမြင်အောင် နောက်မှာ ဖွတ်ယူပြီ အနားကြမှ ဖြတ်ခနဲ ကိုက်ပြစ်လိုက်ရတယ်။ ဒါတောင် ပါစပ်က လှန်းတော့ ဟပ်လိုက်ခြင်သေးတာ။
           ဂျက်ကီက ရေကြောက်တယ်။ သူ့ ကိုယ်လုံးကိုတော့ လျှာနဲ့ လျှက်ပြီး အမြဲသပါတယ်။ တခါတလေ ရေတွေ၊ ရွံ့ တွေ တခုခုပေလာရင်တော့ မေမေက သူ့ ကို သံကြိုးကို အလစ်ဖမ်းပြီး အရင်ပတ်ပြီးမှ ရေချိုးခန်းထဲ ခေါ်သွားပြီး ရေချိုးရတယ်။ အလွန်ရေကြောက်တဲ့ ခွေးပေါ့။ ချိုးပြီး မေမေက အဝတ်တခုခုနဲ့  သုတ်ပေးပြီးမှ လွှတ်မှ၊ မဟုပ်ရင် ပြေးထွက်ပြီး လဲချပြီး ကိုယ်လုံးနဲ့  မြေကြီးတွေကို လူးပစ်လိုက်ရော။ ဘယ်လောက် ဂျစ်ကန်ကန်လဲဆို။ သူက ရေကို အရမ်းကြောက်တာ။ မိုးရေမိလာမှပဲ စိုးခံရတတ်တာ ဒါပေမယ့် ကိုယ်လုံးကို ခါချပြီး ရေတွေကို သပ်နေတတ်ပြန်ရော။
             သူ့ လည်ပင် သံကြိုးချည်တာလည်း သူက အရမ်းမုန်းတာလေ။ ပြောရ၊ ထိန်းရတာမခက်ဘူး။ ဒါပေမယ့် လူရူတ်ရူတ်ဆို သူကလည်း နေရာတကာပါတော့တာ။ သူရူတ်နေတာနဲ့ ဘာမှ လုပ်လို့ မရလို့  မေမေက သူ့ ကို ချည်ရတာပေါ့။ သူရေချိုးတာနဲ့  သံကြိုးချည်ဘို့ တော့ မေမေကလွဲးလို့  ဘယ်သူမှ လုပ်လို့ မရဘူး။ အကောင်ကထွားတော့ ကျမတို့ က သူ့ ကို ဘယ်ထိန်းနိုင်မှာလည်း။ ကျမပြောင်ချည်ရင်တော့ အရိတ်အကဲ သိတတ်ပုံပဲ ငြိမ်ခံတယ်။ ပြီးကျမကလည်း ပြန်ဖြုတ်ပေးလိုက်တာပါပဲ။ မေမေကများ ဂျက်ကီကို သံကြိုးချည်လိုက် ဆိုလို့ ကတော့ တန်းနေအောင် ထပြေးတာ၊ အထိမခံဘူး သိပ်လည်တယ်။
           ဂျက်ကီကလေ ဧည့်သည်လာရင်လည်း သူပါဝင်ပါခြင်သေးတာ။ ဧည့်သည်တွေက သူ့ ကို ကြောက်လို့  ကိုက်မှာစိုးလို့  :D။ သူကမကိုက်တတ်ပါဘူး။ ဒါပေမယ့် ပွတ်သီး၊ ပွတ်သတ် နေခြင်တယ်။ ပြီး အိမ်မှာက သူ့ ကပဲကြောက်ရတော့ သူ့ ကို ဧည့်သည်တွေက ကြောက်တာလဲ သဘောကျနေတာ ထင်ပါရဲ့ ။ ကိုရွှေကြောင်တွေက သူ့ မကြောက်တော့ သူကလည်း လူလစ်ရင် ဆော်ခြင်တယ်။ ဇာတ်လမ်းကလည်း အဲဒါပဲ။ ကြောင်တွေက နောက်မှာ သူတို့ အတွက် အစာကျွေးတာကို ကျူးကျော်ပြီ အိမ်ရှေ့ က ခွေးစာကို သွားသွားစားတယ်။ အလည်လွန်တဲ့ကြောင်တွေက သူတို့  အစာမရှိလည်း စားတယ်၊ တခါ ခွေးကျွေးတာက ပိုကောင်းတယ် ထင်လို့ လဲ သွားစားတယ်။ သူ့ အစားလာစာရင် ဂျက်ကီက သူ့ ခွင်ပေါ့ မာန်ပါလေရော။ ထခြောက်မှ မဟုပ်ရင် ရန်ဖြစ်ရော ခွေးနှင့် ကြောင် တိန်ဒေါင်၊ တိန်ဒေါင်ပေါ့။
          အဲတာ အကောင်မွေးရတဲ့ ဒုက္ခပေါ့။ ဒါတောင် ခရီးသွားရင် သူတို့ စားဘို့ ပူပင်ရတာရှိသေးတယ်။ကြောင်တွေရှိတော့ ကြောင်ချီးတွေကြုံးရ၊ နေမကောင်း ဖြစ်လို့ အန်ပြန်ရင် အန်ဖက်တွေ ကြုံးရ၊ ဆေးရနဲ့  တကယ်ပါ ဧည့်သည်လာရင် တခါတလေ အာနာဘို့ တောင်ကောင်းတယ် သူတို့ အနံအသက်တွေနဲ့ လေ။ သိတဲ့အတိုင်းပဲ ခိုင်းနိုင်းတာတောင် ရှိသေးတယ်မို့ လား ပျော့ပျော့လေးနဲ့  နံတဲ့ ကြောင်အီး လို့  . . . ဟီးဟီး။ ခွေးတွေကတော့ သူတို့ ကိစ္စ သူတို့  အပြင်မှာ အဆင်ပြေသလိုပဲ ရှင်းတာများပါတယ်၊ သိပ်ဒုက္ခမပေးဘူး။ ချီး၊ သေး ကိစ္စကို ပြောပါတယ်။
         တခါကလည်း လည်ကြီးမျိုး အင်းခွေးဆိုပြီ ဖေဖေက ခွေး အမဲလေး တစ်ကောင် ခေါ်လာတယ်။ သူက မကြိုက်ဘူး။ အကောင်းကလည်း ကြီးနေတော့ ခွေမဲလေးမှာ သူ့ ကို ကြောက်နေရတာနဲ့  နောက်ဆုံးတော့ ဖေဖေက ခွေးအမဲလေးကို သူ့ အမအိမ်ပို့ လိုက်ရတယ်။ တကယ် ခွေးတွေကလည်း သူတို့ ထက် ပိုချစ်မှာစိုးတယ်။ မနာလို တတ်ဘူလေ။ အင်းလေ ကြောင်တွေနဲ့ တောင် တစ်ကောင်နဲ့  တစ်ကောင် မနာလိုကြတာပဲလေ။ ကလေးတွေကလည်း တရုန်းရုန်း၊ ခွေးတွေ၊ကြောင်တွေကလည်း တဝုန်းဝုန်းနဲ့ ပေါ့။ အဟီး ပျော်စရာကြီးနော်။ ဒါကြောင့်လည်း ဘုရားရှင် ပွင့်ထွန်းပေါ်ပေါက်စဉ်က သတ္တဝါတွေဟာ ဘယ်သူမှ ဒုက္ခကို ဒုက္ခမှန်း မသိပဲ ပျော်နေကြလို့  ခြွေချွတ်လိုတဲ့ စိတ်ကူးပျက်သုန်းခဲ့ရတာ နေမှာနော်။
         ဒီလိုနေရင်းကနေ တစ်နေ့ တော့ ဂျက်ကီဟာ အရိုးကိုက်ရင် အရိုးမျက်သွားတယ်။ သွားကြားထဲ မျက်နေတဲ့ အရိုးကတော်တော်နဲ့  ထုတ်လို့ မရဘူး။ သူ တရက်ခွဲးလောက် အစာစားလို့ မရဖြစ်သွားတယ်။ အသက်ကလည်း ခွေးသက်တန်းအရတော့ သူဟာကြီးနေပြီပေါ့။ သူ့ အသက် ၁၂-နှစ်ကျော် ဒါမှမဟုပ် ၁၄-နှစ်လောက်လို့  ထင်တာပဲ။ အစားမစားရတဲ့ ဒဏ်၊ အရိုးမျက်လို နာတဲ့ဒဏ်တွေနဲ့  ဆုံးပါးသွားတယ်။ ကျမတို့ မှာ ငိုလိုက်ရတာဆိုတာ တရူံရူံပါပဲ ကလေးတွေကို။ ကြောင်လေးတွေ သေရင် အိမ်ထဲမှာပဲ မြေတူးပြီ ကျမတို့  ကလေးတွေပဲ မြုပ်ပေး၊ ပန်းလေးတွေ မြေပုံပေါ်တင်ပေး လုပ်ကြပေမဲ့ ဂျက်ကီကြတော့ အကောင်းကြီးတော့ အိမ်မှာ မြုပ်လို့ မရပါဘူး။ ဖေဖေပဲ လူခေါ်ပြီး ပိုက်ဆံပေး ၊ မြုပ်ခိုင်းရပါတယ်။
         သေသွားတော့ ဂျက်ကီကို လွမ်းလို့  ဘယ်တွေ၊ ဘယ်ဘဝတွေများ ရောက်နေလဲနော်လို့  မေမေ့ကို မေးမိရင် မေမေက ကျမကို ပြောပါတယ်။ သေသွားရင် ဘယ်ကို ရောက်သွားမှန်း မသိနိုင်တော့ဘူုး တဲ့။ ဟုပ်ပါတယ်လေ ခွေးတွေမှ မဟုပ်ပါဘူး သတ္တဝါတွေသေရင် ဘယ်ကိုရောက်တယ် လို့  သိနိုင်တဲ့သူ တစ်ယောက်တော့ လောကမှ ရှိဘူးခဲ့ပါရဲ့  ဘုရားလက်ထပ်က။ ဒါပေမယ့်လဲ နောက်ဆုံးတော့ နိဗ်ဗန်ရောက်တဲ့ သူဦးခေါင်းကိုင် ဂါထာတွေရွတ်တော့ မသိနိုင်တော့ဘူးလေ။ ဘုရားရှင်နဲ့  ရဟန္တာများမှသာ သိနိုင်ပေတာပါပဲ။
           ဒါပေမယ့် ကြောင်မျိုးဆက်ကြီးကတော့ ယနေ့ တိုင် အိမ်မှာအနည်းစု အနေနဲ့  ယနေ့ တိုင် ဆက်လက် ပေါက်ပွှားနေကြတုံးပါပဲရှင်။ ဂျက်ကီရဲ့  အကြောင်းကတော့ ဒါပါပဲကွယ်။ လာလည်ကြ၊ စာလာဖတ်ကြသူ မိတ်သဟာ အပေါင်းလည်း ကိုယ်၊စိတ် နှစ်ဖြာ ကျမ်းမာ ရွှင်လန်းကြပါစေလို့  ဒီနေရာကနေ စုတောင်းပေးလိုက်ပါတယ်။ မှတ်ချက်တွေကို ပြန်ကြာနိုင်ခြင်း မရှိတာမို့ လည်း တောင်ပန်းပါတယ်လို့ ။ ။
Wednesday, August 3, 2011
ငယ်က ကစားဖော်တွေရယ်
Google မှ ရှာဖွေ ရယူထားခြင်း ဖြစ်ပါသည်။
          ဟိုး ငယ်ငယ်တုံးက အိမ်ပတ်ဝန်းကျင်မှာ အတူဆော့ဖော် ကလေးတွေ အများကြီးရှိခဲ့တာပေါ့။ ခုတော့ လည်း ကျမတောင် ကိုယ့်မြို့ လေးနှင့် အလှန်းကွာခဲ့တာ ဆယ်နှစ်မကတော့ဘူးလေ။ အိမ်တစ်အိမ်မှာ အနည်းဆုံးမရှိပါဘူးဆို ကလေး နှစ်ယောက်၊ သုံးယောက်တော့ ရှိတတ်တဲ့ ကျမတို့  ပတ်ဝန်းကျင်းလေးမှာ အသက်တွေကလည်း မတိမ်း၊ မယိမ်းနှင့်မို့  ဆော့စရာ အဖော်ဆိုတာကတော့ မရှားသလောက်ပါပဲ။ ကျမတို့ က သာလို့  တောင်များသေးတာ မဟုပ်လား၊ ဒါပေမယ့် ကျမနှင့် အတူဆော့ဖော်က ကျမအထက်က အမတစ်ယောက်ပါပဲ။ ကျန်တာတွေက အတန်းကြီးတော့ သိပ်မဆော့နိုင်ကျပါဘူး။ တစ်ခါတစ်လေတော့လည်း ကိုယ့်အိမ်ကလူနဲ့ တင် မိုးနှင့် မြေတို့ ၊ ထုတ်စီးထိုး၊ ကြက်တောင်ရိုက်၊ ကွင်းပစ်တူးတို့  ဆော့ရတယ်။
          အိမ်မှာ တခါတခါကျ ရေအိုးစင်လုပ်တန်း ဆိုပြီ လူနှစ်ယောက်က လက်လေးဖက်ကို တန်းလုပ်ပြီး  ရေအိုးစဉ်လုပ်၊ အပေါ်မှာ ကလေးတစ်ယောက်က တက်ထိုင်ပြီ ရေအိုးလုပ်ရတယ်။ ကစားတဲ့သူတွေက ရေသောက်မယ်လို့  ဟန်နှင့် အလှည့်ကျ ခက်သောက်ရတယ်။ ရွှေတံခါးကြီး ဖွင့်ပါအုံး၊ ငွေတံခါးကြီး ဖွင့်ပါအုံးဆိုပြီ ထမင်းအိုးလေးတင်ပါရစေအုံး လို့ ပြောပြီ တံခါးဖွင့်ခိုင်း၊ တခါ ဟင်းအိုးလေး တင်ပါရစေအုံးဆိုပြီး ဖွင့်ခိုင်းလိုက် ဆော့ရတာ ပျော်စရာပါပဲ။ နောက်တမျိုး ကစားနည်းကလည်း ခွေးရူးကျတဲ့သူကို အရူးမကြီး မစာအု ဘယ်သွားမလို့ လဲမေးရင် ရန်ကုန် တိရိစာန်ရုံသွားမလို့  လိုက်ကျအုံးမလား၊ မလိုက်ခြင်ဘူး ကျားတွေ၊ ခြင်သေ့တွေကိုက်မှာစိုးတယ်။ မလိုက်ခြင်နေဆိုပြီ ထွက်သွားရင်၊ မစာအုကြီးနေပါအုံးနှင့် နောက်ကလိုက်အော် ဒီလိုလည်းဆော့ခဲ့ကြတယ် အဟုပ်။ ခုတော့ ရန်ကုန်တိရိစာန်ရုံလား၊ နေပြည်တော် တိရိစာန်လှောင်ရုံလို့  ပြောင်းဆို နေကြပြီးလားနော်။ တခါတလေကျတော့လည်း ငြင်းကျ၊ ရန်ဖြစ်ကျနှင့် ပွဲးပျက်တဲ့ အခါတွေလည်း ရှိတယ်။
          ဆော့ဖော်တွေထဲမှာ ယောင်္ကျားလေးတွေရော ဆိုတော့ ကျမဆိုတာ သံခွေတောင် လှိမ့်ဘူးတယ်။ ခုတော့ ဘယ်လိုလိမ့်ရမလဲ မေ့ကုန်ဘီ။ တခါကဆို ဝန်းထရံကို ဘောလုံးနှင့် တစ်ယောက်ခြင်း အလှည့်ကျ ကန်မယ်ဆိုပြီကန်တာ ကျမခြေသည်းတွေက မညပ်ရသေးတော့ ဘောလုံးကန်လိုက်တာ  ခြေသည်းနှင့် တွေ့  သွားပြီ သွေးတောင်စို့ လာတယ်။ အဲဒီကတည်းက ခြေသည်း၊ လက်သည်းညုပ်ရမှာ မပျင်းရဲတော့ဘူး။ ကလေးဆိုတာ ဘာမှလည်းသိတာ မဟုပ်ဘူးလေ၊ ခြေသည်း၊လက်သည်းညုပ်တို့ ၊ ရေမိုးချိုးတာတို့ ဆိုတာ  အိမ်က ရေချိုးပေး၊ ဂျီးတွန်းပေးမှာပဲ ကိုယ်ဘာသာကတော့ ဗုန်း၊ ဗွမ်းနှင့် လောင်းချိုး၊ ဆက်ပြာတိုက်ဆိုတိုက်ပြီး ရေမြုပ်မရှိတော့ရင် ရေချိုးတာပြီးတာပဲ။
          ငယ်ငယ်ကများ အပူထဲသွားရတာများတော့ ရေချိုးပြီဆိုရင် ကိုယ်လုံးနှင့် ရေနဲ့ ထိတာနှင့် အငွေ့  တောင်ထွက်တယ်။ ကိုယ်က ပူနေတာ ဘယ်လောက်များလည်း ဆိုတော့လေ။  မိုးရာသီဆိုရင်  မိုးရေကိုတော့ ကလေးတိုင်း ကိုယ့်အိမ် တံစက်မြိတ်မှာ ထွက်ချိုးကြတယ်။ ကျမတို့ ကျောက မိတ်တွေ ပျောက်အောင်ပေါ့။ အညာမိုးရာသီက မိုးက ရွားတာက နည်းနည်း ၊ နေပူတဲ့ရက်က များများ ဆိုတော့ မိုးရာယ်လို့ လဲ သိပ်မထူးခြားလှပါဘူး။ မိုးရွာတတ်တယ်ဆိုတာ သိတာတစ်ခုပါပဲ။ ဆောင်းရာသီဆို အပေါ်က အနွေထည်တွေ ချွတ်လို့  ဆော့တာချွေးတလုံးလုံး၊ ပြီး ခြေ၊လက်တွေ ဆေး၊ အိပ်တော့ အနွေထည် အထပ်ထပ်၊ ဂွမ်းစောင်တို့ ၊ ဘာဘူစောင် အထပ်ထပ်နှင့် အိပ်ရပြန်ရောလေ။ နာစည်း၊ ချောင်ဆိုးလည်း ဖြစ်ကြတာပဲ အေးလွန်းတော့။
          အဲလို့  အိမ်ရှေ့ မြေကွက်လပ်မှာ ဆော့ရုံမကဘူး၊ အိမ်လည်ပြီးလည်း ဆော့သေးတာ။ ကျမတို့ မြို့ က တောင်ကုန်းတွေ၊ ဘိုအိမ်တွေ ရှိတယ်။ ကလေးကတည်းက ကုန်းပေါ်က ဘိုအိမ်ကုန်းတွေကို သွားတဲ့ ဂတ်စ် ပိုက်လိုင်းတွေ တွေ့ ဘူးတယ်။ ကုန်းပေါ်မှာ ကျမ သူငယ်ချင်းမာလာတို့  အိမ်ရှိတယ်။ သူတို့  အိမ်ကလည်း ကျမတို့  အိမ်လိုပဲ မွေးခြင်းများတယ်။ သူ့ အမတွေကလည်း ကျမအမတွေနှင့် သူငယ်ချင်းတွေပဲ။  တစ်ကျောင်းထဲထွက်တွေ ဆိုတော့ ရွယ်တူတွေက၊ သူငယ်ချင်းတွေ ဖြစ်ကြရတာပါပဲ။ အဲ သူတို့ အိမ်ရှေ့  မလှမ်း၊မကမ်းမှာ ဂတ်စ် ပိုက်လိုင်းတွေ ရှိတော့ ပိုက်လိုင်းဖွင့်၊ပိတ် လုပ်တဲ့ဘဲလေးပေါ်မှာ ပူစီပေါင်းလေး စွပ်ထားလိုက်ရင် စိမ့်ထွက်လာတဲ့ ဂတ်စ် ငွေ့ တွေနှင့် မိုးပျံပူပေါင်လေး ဖြစ်သွားတာပေါ့။ လေပြည့်တဲ့ ပူပေါင်ကို ထိပ်က လက်နဲ့ စည်းပြီး ထိပ်ကချည်လိုက်ရင် ရရော။ ပူစီပေါင်းလုပ်မယ့် အထုပ်လေးတွေ ဝယ်သွားပြီး၊ မိုးပျံပူပေါင်းလေးတွေ သွား၊ သွားလုပ်တယ်။ ကြိုးလေးတွေ ရှည်ရှည်တပ်၊ တခါတလေကျ ကွန့် ပြီး ဘောပင်၊ ဆော့ပင်တွေနှင့် လူလို မျက်လုံး၊ မျက်ခုံး၊ ပါးစပ်တွေ ဆွဲးပြီး အိမ်မှ လွှတ်လိုက်၊ ပြန်ဆွဲးလိုက် ဆော့သေး။
          အင်း အိမ်ပတ်လည်၊ လမ်းမတော်တန်းက ကစားဖော်တွေ အကြောင်း ပြန်သွားလိုက်ရအုံးမယ်။ ကျမတို့  အိမ်နား တဝိုက်ပဲ ကလေးတွေ ရှိတယ်၊ များသောအားဖြင့် ရုံးတွေဆိုတော့ ဒီကလေးတွေကလည်း အပြောင်းအလဲ မရှိဘူးပေါ့။ နေ့ လည်း အိမ်အလုပ်ကူကြရတဲ့ ကလေးတွေက သူတို့ အားလပ်ပြီ ဆိုတာနှင့် တစ်ယောက်နှင့် တစ်ယောက် အချက်ပြလို့  ကစားဘို့  လူစုကြတာ အမော။ တခါ လူမမြင်ရင်၊ အိမ်ပေါက်ဝသွားပြီး ဘယ်သူရှိလား၊ ဘယ်ဝါရှိလား မေးပြီး ခေါ်ထုတ်လာတာပဲ။ ကျမတို့ မြို့ မှာ အလယ်တန်း ကျောင်းတွေက နေ့ တစ်ဝက်ပဲတက်ရတယ်။ ဒါပေမယ့် မနက်တက်တဲ့သူနှင့် နေ့  လည်တက်တဲ့သူတွေ ကွဲးနေတော့ ကျောင်းဖွင့်ရက်ဆိုရင် ညဘက်မှ ကစားကြတာများတယ်။ ကျောင်းပိတ်ရက်ကျတော့ နေ့  လယ်နှင့် ည အချိန်ခွဲးဆော့ကြတာပေါ့။   :D လက်လက်ကို စင်နေအောင် ဆော့ကြတာ အဖွဲ့ လိုက်။
          အဖွဲ့ ကလူတွေနှင့် စမိတ်ဆက်ပေးမယ်နော်။  မဖြူတို့  အိမ်က လက်ဖက်ရည်ဆိုင် ဖွင့်တယ်၊ မနက်ဆို ဆိတ်ရိုးစွပ်ပြုပ်တွေတောင် လုပ်ရောင်းသေးတယ်။ :P ဟုပ်တယ်လေ ဆိတ်ရိုးပဲ ပါတာပဲဟာကိုး။ သူက ကျမတို့  အဖွဲ့ ထဲမှာ အထွားဆုံး၊ ပြီ ထုတ်ဆီးထိုးလို့  အဖွဲ့ နှင့် ဆော့ရတဲ့ ကစားနည်းတွေဆို ခေါင်သူကြီးပေါ့။ တခါတလေ သူ့ ဆိုင်မှာ အလုပ်လုပ် မပြီးသေးရင် ကျမက သွား၊သွား ခေါ်ရတယ်။ သူ့  အဖေနှင့် အမေကို ကြောက်တော့ ကြောင်သလိုလိုပဲ(စွာတာကိုး) ဒါပေမယ့် သိပ်မကြောက်ပါဘူး မနက်တိုင်း ကျမက အဲဒီဆိုင်မှာ လက်ဖက်ရည် သွားဝယ်နေကျ ဆိုတော့ သွားရဲတယ်။ သူ့ အကိုက အတန်းကြီးပြီဆိုတော့ ကျမတို့ နှင့် မဆော့ရပါဘူ။
          နောက် အေးဝင်း နှင့် နောက်တိုး တို့  မောင်နှမ။ ဒါပေမယ့် နောက်တိုးနဲ့ ပဲ ကစားကြတာ များပါတယ်။ သူ့ အဖေက ရုပ်ရှင်ရုံမှာ ဖလင်လိပ်တွေ ခွေတယ်၊ တကားထဲကို ရုပ်ရှင်ရုံ နှစ်ရုံလုံးက ပြရင် ၊ ဖလင်လိပ်တွေကို စက်ဘီးနှင့် ဟိုပို့ လိုက်၊ ဒီသယ်လိုက် လဲလုပ်တယ်။ ဖလင်ပြတဲ့ စက်လဲမောင်းရတယ်။ ရုပ်ရှင်ရုံ ဝန်ထမ်းဆိုပါတော့။ ကလေးတွေကများပြီ လခနှင့် မလောက်ငလို့  ကျန်တဲ့အချိန်တွေမှာ ရေထမ်းရောင်းရတယ်။ နောက်တိုးက သူ့  အဖေရဲ့  ရေထမ်းတဲ့အလုပ်ကို ကူရတယ်။ ရေထမ်းစရာတွေကုန်မှ အပြေအလွှားလာ ဆော့ရတယ်။ ကျန်တဲ့သူ့  ညီအမတွေနှင့်တော့ သိပေမယ့် မဆော့ဘူးဘူ။ ကလေးတွေမို့  ဆင်းရဲလို့ မို့ တို့၊ ချမ်းသာလို့ မို့ လို့ လဲ မသိပါဘူး။ ဂုဏ်ရှိတာ၊ ဂုဏ်မရှိတာလည်း မသိဘူး။ ဆော့ဘို့ ပဲ သိကြတာ။ အိမ်တွေကလည်း ဘယ်သူနဲ့  မဆော့ရဘူး၊ ဘယ်ဝါနှင့် မဆော့ရဘူလို့ မပြစ်ညုပ်ပါဘူး။ အားလုံးက စာရိတတော့ ကောင်းကြပါတယ်။ ကလေးမို့  မဟုပ်ဘူး ခုထိလည်း ကောင်းကြပါတယ်။ သတင်းတွေ ကြားရသလောက်ပေါ့နော်။
          အင်း နောက် ၂-ယောက်ကတော့ ညီညီ နဲ့  မရှည် တို့  မောင်၊ နှမ ပေါ့။ သူတို အကို ကိုကြီးလည်း တခါတခါတော့ ဝင်ဆော့တတ်တယ်။ သူတို့ က ရခိုင်လူမျိုးတွေပါ။ သူ့ တို့  အဖေက ဧရာဝတီရုံးက ကိုယ်စာလှယ်လုပ်တယ်။ (နောက်ဆို ဒီရာထူး ရှိပါအုံးမလားပဲ) သူတို့ တွေနှင့်က တအိမ်လုံးနဲ့  သိတာ။ ညီညီက ကျမနှင့် အရွယ်မတိမ်းမယိမ်းပေါ့။ ကရောင်း ကစားပြီဆိုရင်တော့ (အဖွဲ့ နှစ်ဖွဲ့ ခွဲးပြီ အိုးချမ်းကွဲးတွေ ထပ် ၊ ပြီးတော့ ဘောလုံး သေးသေးနှင့် ပစ်ရတယ်။ ခွေးရူးကျတဲ့ အဖွဲ့ က ဘောလုံးကောက်ပြီး တစ်ယောက်နဲ့  တစ်ယောက် လက်ပူမထိအောင် ပစ်ပေးရင်း ကျန်အဖွဲ့ က လူတွေကို ဘောလုံးပစ်ပြီး မိအောင်ဖမ်းရတယ်။ ကျန်တဲ့ အဖွဲးက ကိုယ်ပစ်ထားလို့  အောက်ကျနေတဲ့ အိုးကြမ်းကွဲးတွေကို အလစ်မှာ ဝင် ဝင်ကောက်ပြီ ပြန်ထပ်ရတယ်။ အားလုံးထပ်ပြီးရင် ကရောင်း လို့ အော်ရင် နိုင်တယ်။ မတင်ပြီခင် ဘောလုံးနဲ့ တစ်ယောက်ယောက် ထိသွားရင် ရုံးတယ်၊ ခွေးရူးလုပ်ရတာပေါ့။
          ဒီကစားနည်းဆိုရင် ညီညီနဲ့  ကျမနဲ့  အမြဲ ရန်ဖြစ်ရတယ်။ သူက လက်တည့်တဲ့အပြင် အင်နဲ့  အားနဲ့  ပစ်ဖမ်းတတ်တယ်။ ဖမ်းတိုင်းလည်း ကျမကို အရင် ဖမ်းလေ့ရှိတယ်။ ဘယ်လိုဖမ်းတယ် ထင်လဲရှင် ။  ဘယ်လောက်ဝေးဝေး ပြေးပြေး နောက်ကနေလိုက်လို့  မှီလောက်တဲ့ အနေအထားရောက်လာရင် ကျမပါးကို အတည့်ချိန်ပြီမှ အားနဲ့ ပစ်တာလေ။ ပါးကို နီစုတ်နေတော့တာပဲ။ ကျမ ဘယ်လောက် စိတ်ဆိုးဆိုး ကစားတိုင်း အမြဲအဲလိုပဲ လိုက်ဖမ်းတာပဲ။  ဒါပေမယ့် သံခွေလိမ့်တမ်း ကစားတာတို့  တခြားကစားနည်းတွေနှင့်ဆို ကျမကို အလျှော့ပေးပြန်ရော။ အဲဒီလို သူငယ်ချင်းပေါ့။  သူ့ ညီမက ကျပြန်တော့ သဘောကောင်းပြန်ရော။ သူတို့  နှစ်ယောက်က ကျမနှင့် တစ်နှစ်ကြီး၊ တစ်နှစ်ငယ်တွေ။
          ပြီးတော့ ကျမနှင့် ကျမအမ အားလုံးပေါင်း ၆-ယောက်၊ တခါတခါကြ ၈-ယောက် ပေါ့။ ကစားနည်းမှာ ခွေးရူးက တစ်ယောက်ထဲ လုပ်ရတာရှိတယ်။ နှစ်ဖွဲးခွဲး ကစားရတဲ့ ကစားနည်းတွေ ကျရင်တော့ အရွယ်ညီတွေ တွဲးပြီး နံမည်ဖွက်ရတယ်။ ခေါင်းသူကြီးတွေကို ဖွက်တဲ့ နံမည်နှစ်ခုပြောရင် သူတို့ ထဲက တစ်ယောက်က နံမည်တစ်ခု ရွေးတယ်။ ကျတဲ့သူက သူဖက်လိုက်၊ ကျန်တာက တခြားအဖွဲ့  ဆိုပြီ အဖွဲ့ ခွဲး လိုက်တာပါပဲ။  တနေ့  ၊တရက်လည်း မဟုပ်ဘူး။ ကစားလိုက်တာဟာ နွေပိတ်ရက်တင် လည်းမကဘူး။
          ဒါပေမယ့် ခုတော့ မဖြူတို့  မိသားစုတွေလည်း ဘယ်ရောက်သွားလည်း မသိတော့ဘူး။ သူတို့  လက်ဖက်ရည်ဆိုင် နေရာမှာ တခြားသူတွေရောက်နေပြီ။  ရုပ်ရှင်ရုံကလည်း အစိုးရပိုင်ကို ရောင်းလိုက်တော့ နောက်တိုးတို့  မိသားစုတွေလည်း ကျမတို့  အပိုင်းကနေ တခြားရပ်ကွက်ရောက်သွားပြီ။ ကြီးလာတော့ ခေါ်ရတာလည်း အရင်လောက် မဟုပ်တော့ဘူး။ နည်းနည်း စိမ်းလာတယ်။ ညီညီကလည်း အိမ်ထောင်တွေကျပြီ အထက်အရပ်မှာလို့  ကြားတာပါပဲ။ သူ့ ညီမကတော့ ရန်ကုန်မှာ အလုပ်လုပ်လို့  လမ်းကြုံရင် တွေ့ ရသေးတယ်။ ကျမတို့ လား၊ ကျမတို့  ညီမတွေတောင် အိမ်ထောင်ကွဲးတွေ ဖြစ်ကုန်ပါပြီ။
          အော် သူငယ်ချင်း၊ မိသားစု၊ အဖော်ဆိုတာတွေက တနေ့ နေ့ ၊ တချိန်ချိန်မှာ ဒီလိုပဲ ကိုယ်လမ်းတွေကို ဆိုင်ရာ၊ ဆိုင်ရာသွားလိုက်ကြတာ ပြန်စုံဘိုလည်း မလွယ်၊ စုံခဲ့ရင်တောင် အရွယ်တွေ၊ရုပ်တွေပြောင်းလို့  ဘယ်သူရယ်၊ ဘယ်ဝါရာယ် မှတ်မိကြတော့မယ် မထင်တော့ပါဘူး။ ဒါပေမယ့် ကျမတို့ တွေ ငယ်ငယ်က ကွင်းပြင်ကျယ်ကြီးထဲမှာ အတူတူဆော့ ကစားဘူးခဲ့ကြတယ် ဆိုတာကိုတော့ အမြဲတမ်းမှတ်မိ နေပါတယ် သူငယ်ချင်းတို့ ရာယ်။  ဒါကြောင့် ရေစပ်တွေ့ စုံတုံးခဏ တွေ့ ကြရတဲ့ သူတွေ တစ်ယောက်နှင့် တစ်ယောက် ဘာလို့ များ ချစ်ချစ်ခင်ခင် စိတ်ရင်းနှင့် မနေနိုင်တဲ့ သူတွေများတွေ့ ရင် ကျမလေ စိတ်မကောင်းလည်း ဖြစ်မိတယ်။ ကိုယ့်အပေါ် မကောင်းတဲ့သူတွေ တွေ့ ရင်လည်း ခပ်ခွာခွာပဲ နေမိတော့တယ်။ ကိုယ့်စိတ်ကို သူတို့  တွေကြောင့် အရောင်တွေ ပို မဲညစ်မလာစေခြင်ဘူးလေ။ ဆရာကြီးရွှေဥဒေါင်းရဲ့  တသက်တာ မှတ်တမ်းထဲကလို ဆူးတွေတစ်ချောင်းပြီး၊ တစ်ချောင်းပေါက်လာတာ မှန်ပေမယ့် တတ်နိုင်သမျှတော့ ထပ်မတိုးအောင် ကာကွယ်ရမှာပေါ့လေ။          ။