အဘိဏှသုတ် (ဗုဒ္ဓဓမ္မ ဦးလောကနာထ မှ)
အဘိဏှသုတ် (ဗုဒ္ဓဓမ္မ ဦးလောကနာထ မှ ကူးယူဖော်ပြပါသည်)
ကံတရားကို အမြဲမပြတ် ဆင်ခြင်ပါ…
''မိမိ၏ ကံသာလျှင် မိမိဥစ္စာ ရှိ၏၊ ကံ၏ အမွေခံ ဖြစ်၏၊ ကံသာလျှင် အကြောင်းရှိ၏၊ ကံသာလျှင် အဆွေအမျိုး ရှိ၏၊ ကံသာလျှင် ကိုးကွယ် မှီခိုရာရှိ၏၊ ကောင်းသည်ဖြစ်စေ မကောင်းသည်ဖြစ်စေ ငါပြုမိသော ကံ၏ အမွေခံသာ ဖြစ်ရပေမည်'' ဟူ၍ မိန်းမဖြစ်စေ ယောက်ျားဖြစ်စေ လူဖြစ်စေ ရဟန်းဖြစ်စေ မပြတ် ဆင်ခြင်အပ်၏။
ရဟန်းတို့ သတ္တဝါတို့အား ကာယဒုစရိုက် ဝစီဒုစရိုက် မနောဒုစရိုက်သည် ရှိ၏၊ ထို(ကံ) အကြောင်းကို မပြတ် ဆင်ခြင်သော ထိုသူအား မကောင်းမှုသည် အချင်းခပ်သိမ်းမူလည်း ပျောက်ကင်း၏၊ ခေါင်းပါးခြင်းမူလည်း ဖြစ်၏။
''ငါတစ်ယောက်တည်းသာလျှင် ကံသာလျှင် မိမိဥစ္စာရှိသည် ကံ၏ အမွေခံဖြစ်သည် ကံသာလျှင် အကြောင်းရှိသည် ကံသာလျှင် အဆွေအမျိုးရှိသည် ကံသာလျှင် ကိုးကွယ်မှီခိုရာ ရှိသည် ကောင်းသည်ဖြစ်စေ မကောင်းသည် ဖြစ်စေ ငါပြုမိသော ကံ၏ အမွေခံဖြစ်သည် မဟုတ်၊ စင်စစ်မူကား ဤဘုံဘဝသို့ လာခြင်း တစ်ခြားဘုံဘဝသို့ သွားခြင်း စုတေခြင်း ပဋိသန္ဓေ နေခြင်းရှိသည့် သတ္တဝါဟူသမျှ အားလုံးတို့သည် ကံသာလျှင် မိမိဥစ္စာ ရှိကုန်၏၊ ကံ၏ အမွေခံ ဖြစ်ကုန်၏၊ ကံသာလျှင် အကြောင်းရှိကုန်၏၊ ကံသာလျှင် အဆွေအမျိုး ရှိကုန်၏၊ ကံသာလျှင် ကိုးကွယ် မှီခိုရာ ရှိကုန်၏၊ ကောင်းသည်ဖြစ်စေ မကောင်းသည်ဖြစ်စေ ပြုမိသော ကံ၏ အမွေခံတို့သာ ဖြစ်ကြလိမ့်မည်'' ဟု ဆင်ခြင်၏။
ထိုကံအကြောင်းကို မပြတ် ဆင်ခြင်သော ထိုသူအား မဂ်သည် ကောင်းစွာ ဖြစ်ပေါ်လာ၏၊ ထိုအရိယာတပည့်သည် ထိုမဂ်ကို မှီဝဲ၏၊ ပွါးများ၏၊ ကြိမ်ဖန်များစွာ ပြု၏၊ ထိုမဂ်ကို မှီဝဲသော ပွါးများသော ကြိမ်ဖန်များစွာ ပြုသော ထိုသူအား သံယောဇဉ်တို့သည် အချင်းခပ်သိမ်း ပျောက်ကင်းကုန်၏၊ အစဉ်ကိန်းနေသော 'အနုသယ' တရားတို့သည် ကင်းပြတ်ကုန်၏ ဟု မိန့်တော်မူ၏။
Wednesday, April 27, 2011
ပုဂံ မြို့ သို့  တစ်ခေါက်ရောက်ခြင်း - ၅
      ပုဂံဘုရား သမိုင်းလေး ဆက်ပြောမယ်နော်။  ဒီရက်ပိုင်းမှာ အလုပ်တွေက များနေလို့  စာအများကြီးရေချိန်မရဘူး။ ဒါပေမယ့် ကြိုးစားပြီး ရေးတင်ပါ့မယ်။  ပြီးခဲ့တဲ့ (၄)က ငှက်ပစ်တောင် အကြာင်းလေးကို ဆက်လိုက်ရအောင်နော် . . .။
     ငှက်ပစ်တောင် သမိုင်း ပန်းချီကားချပ်တွေပါ။ နံရံဆေးရေးလို့ ထင်တာပဲ။  :D        လက်ရာဟောင်း နှင့် လက်ရာသစ် ရောနေတယ်ထင်တယ်။ ဆေးသုတ်သူကြောင့် စာတွေပေါ်မှာတောင် ဆေးစက်တွေက တက်အုပ်နေပါသေးတယ်။ (ပုံတွေကို သေခြာကြည့်လိုပါက ဓါတ်ပုံပေါ် နှစ်ချက် နှိပ်လိုက်ပါ။)
    သူ့ ကိုလည်း ရှေးဟောင်းပစ္စည်း ထိန်းသိမ်းဘို့  ပညာပေးတရားဟောရမလား စဉ်းစားမိသေးတယ်။ စိတ်ကူးနှင့်ပါ။ ဘယ်သူ သုတ်မှန်းမှ မသိတာ။ သိလို့ ပြောပြန်ရင်လဲ လက်ပဲခံမလား၊ မျက်စောင်းပဲ ထိုးကြည့်လိုက်လေ မလား မသိပါ။
၁။ နေနတ်သားနှင့် နဂါးမတို့  မလည်တောင်ယံမှာ ပျော်ပါးနေပုံ  ၂။ သန္ဒေဖွားအံသောငှာ ကျီးဖြူကို နေနတ်သားထံ စေလွှတ်လိုက်ရာ နေနတ်သားက ပတ္တမြားတစ်လုံးကို ကျီဖြူကို ထုတ်ပေးလိုက်သော အခန်း
၃။ လမ်းခရီးတွင် သင်္ဘောကုန်သည်တို့  လဲလှယ်ယူလိုက်သော ဝစ္စခြောက်ထုပ်ကို  နဂါမမြင်လျှင် ဝမ်းနည်းပူဆွေးလျှက် တောင်ယံတွင် သန္ဒေဥထားခဲ့ပြီး နဂါပြည်ပြန်သွားခန်း။၎။ သန္ဒေဥကို မုဆိုးတွေ့ ၍ ဆောင်ယူခဲ့ပြီး လမ်းခရီးတွင် ချောင်းကူးရာ ဥများ လက်မှလွတ်၍ မျှောသွားသောအခန်း
၅။  ဧရာဝတီမြစ်တွင် မျောပါလာသော ဥဖြူတလုံးကို ညောင်ဦးဆိပ်သို့ ခဝါဖွတ်လာသောမြေသိင်းတွင်းက ပျူလင်မယားတွေ့ ၍ ဆယ်ယူခန်း ၆။ တုပ်ဝပ်တောင်ခြေ ရှိ ရှင်ရသေ့အား ဥကိုပြသရာ ဥမြတ်ဖြစ်ကြောင်း ဘုန်းပညာရှိသူ ဖွားအံဖြစ်၍  ကောင်းစွာသိမ်းဆည်း စောင်ရှောက်ရန် မိန့် ကြားခန်း
၇။  ချိန်ခါစေရောက် ဖွားမြောက်၍ (၇)နှစ်ရွယ်ရှိသော် ဘရာရသေ့ထံ အပ်နှံရာ အဋ္ဌာရသအတတ်မျိုးစုံကို သင်ကြားပေးခန်း ၈။  (၁၆)နှစ်အရွယ်ရောက်သေိာ ခမည်းတော် နေနတ်သားက ငှက်ကြီးကို နှိမ်နင်းရန် နတ်လေး၊ မျှားတို့ ကို လာရောက် အပ်နှင်းသော အခန်း
၉။  ပြူအိုလင်မယားထံ ပန်ကြားသော် ရန်သူ(၄)ဦးတို့  (၁၂)နှစ်တိုင်နှိပ်စက်နေသည်ကို သတိပေးပြောကြားနေခန်း ၁၀။ ငှက်ကြီးသည် မိမိကျက်စားရာ အရပ်မှ (၇)ရက် တကြိမ်လာလတ်၍ သ္မီးကညာ(၇)ယောက်အား စာသောက်ခန်း
၁၁။  ငှက်စာပေးအံဟု အပျိုတော်(၇)ယောက်ကို ယူလာစဉ် ပြူစောထီးနှင့် တွေ့ ၍ အကြောင်းစုံကို မေးမြန်းနေသော အခန်း  ၁၂။ ပြူစောထီးသည် ကြောက်ရွံ့ ခြင်းမရှိ ပကတိတည်ကြည်ခြင်းဖြင့် ရတနာအတိပြီးသော သဇီရိန်စဉ်သွားတက်သော နတ်လေးနှင့် ပစ်ခန်း 
    မြားကျတဲ့ နေရာထင်တာပဲ  .. .. .. :D၊ ကလေးလေးတွေက သေခြာရှင်းပြလို့  ဓါတ်ပုံရိုက်ထားတာ၊ ခုတော့ မေ့တေ့တေ့ဖြစ်နေပြီ။  ငှက်ကြီးကို မျှားမှန်တော့ ပြုတ်ကြပြီး ဒီနေရာနားမှာ ပြူစောထီးကို နုတ်သီးနှင့် လှမ်းပေါက်သတ်တော့ ငှက်ပေါက်တွင်းကနေ ရေတွေထွက်လာပါတယ်။ ခုတော့ ငှက်ပေါက်ရေတွင်းရယ်လို့  သေခြားဘောင်ခေတ်ပြီး အထင်အရှားရှိပါသေးတယ်။ ပုံမရိုက်ခဲ့မိလို့  မပြနိုင်တော့ပါဘူး။  အရင်က တွင်းရှေ့ မှာ ငှက်ကြီးပြုတ်ကျတော့ မြေနဲ့ ရိုက်မိပြီး ငှက်ကြီး အန်ဖက်တွေ တောင်ပူစာလို ကုန်းမို့ မို့ နဲ့  ရှိပါတယ်။ လူတွေက ဆေးဖတ်ဝင်တယ်ဆိုပြီး တူးတူးယူသွားလို့  ခုတော့ မြေညီပြင်ကိုပဲ တွေ့ ရပါတယ်။
             ဒါကတော့ ငှက်ကြီးပုံတူ ဆောက်တာပါ။ ဒါပေမယ့် မတူပါဘူး။ ငှက်သေဟာတောင် တောင်းကုန်းတစ်ခုစာလောက် ကြီးတယ်ဆိုပါတယ်။ အရုပ်နောက်ဘက်မှာတော့ လှိုင်ဂူတွေ ရှိပါတယ်။ ပုဂံခောတ်က ရှင်အရဟံ ဘုန်းကြီးကျောင်းက စ၍ တရားဘာဝနာ အားထုတ်သော ရဟန်းရှင်သူမြတ်နှင့် ယောကီသူတော်စင်တို့  သတင်းသုံးခဲ့ဘူးသော လှိုင်ဂူ အဆောက်ဦး တစ်ခုဖြစ်ခဲ့ပါတယ်။ ခုလည်း တရားစခန်းဖွင့်လျှင် တရားထိုင်ကြတုံးပါပဲ။
     ဒါကတော့ ပုံပါစာမှာ မြင်ရသလို မွန်းတည့်ဂူပါ။  ငှက်ကြီးလာရင် မမြင်နိုင်အောင် အပျိုတော်တွေဟာ ဒီဂူတွေထဲမှာ ပုန်းအောင်းနေရပါတယ်။ ဂူရှေ့ ကအပေါက်တွေကို အလုံပိတ်ထားတာကြောင့် အလင်မြင်နိုင်တဲ့ အပေါက်တစ်ခုထားတယ်လို့ ဆိုပါတယ်။ နေရာတော့ သေခြာမသိပါ။ အဲဒီအပေါက်ကလည်း မွန်းတည့်တည့်မှာသာ နေရောင်မြင်နိုင်၊ ဝင်နိုင်တယ်လို့  ဆိုပါတယ်။ ဒါက ငလျှင်ကြောင့် တချို့ ပျက်ဆီးတာတွေ ပြန်မွန်းမံထားတယ်။ ဘယ်အပိုင်းက ပြန်ပြငိထားတာလည်းတော့ ပြောမထားပါ။ အားလုံးတော့ မဟုပ်ပါဘူး။ှ
      ငှက်စာပေးမယ့် အပျို(ရ)ဦးကိုပဲ အပြင်ထုတ်ပါတယ်။ အပျိုတောင် မှဲ့ ပါ၊ တင်ကြီး စတဲအပြစ်အနားကင်းရပြီ၊ ပြစ်မျိုး မရှိတဲ့ အပျိုစင် စစ်စစ် ကိုပဲစားပါသတဲ့။
     ရှင်အရဟံအုတ်ကျောင်းရဲ့ အနောက်ကပ်ရပ်မှာ  ငှက်ပစ်တောင်ဘုးရားရှိပါတယ်။ လှိုင်ဂူပါ နှစ်ထပ် ဘုရားပါ။ ဒါကတော့ အောက်ထပ် လှိုင်ဂူအတွင်းက တစ်ဆူတည်းသော ဘုရားကြီးပါ။ ပုဂံခောတ်လက်ရာပါ။
             ဒါကတော့ ဘေးလှေကားကနေ အပေါ်တက်လိုက်ရင် ဖူးမြော်ရမယ့် ဘုရားပါ။ ဒီဘုရားက အပျိုတွေပုန်းတဲ့ဂူပေါက် ပေါ်က တောင်ကမူပေါ်မှာ ကပ်ရပ်တည်ရှိပါတယ်။ အပေါက်က တစ်ခုထဲပါတာမို့  တစ်ဝဂူဘုရားလို့ လည်း အထက်က စေတီတော်ကို ခေါ်ပါတယ်။
       ဒါကတော့ ~ဗူးဘုရား~ ပါ ။ အလယ်ကအကွက်က ဖြတ်ထားတာပါ။ ဘုးရားပုံး သီးသန့်  မရိုက်ခဲ့ရတာကြောင့်ပါ။  ဒီအထဲမှာ ဘာလို့  ဒီပုံကို ဖော်ပြရသလဲဆိုတော့ အထက်မှာပါခဲ့တဲ့ ရန်သူကြီး(၄)မျိုးထဲက တစ်ခုမို့ ပါ။ ဒီရန်သူကြီး(၄)မျိုးလုံးကို ပြူစောထီးကပဲ တစ်ယောက်ထဲနှိမ်းနင်ခဲ့တာ ဖြစ်ပါတယ်။
           ရန်သူကြီး(၄)မျိုးဆိုတာက ပရူးပျံကြီး ၊ ငှက်ကြီး ၊ တောဝက်နှင့် ဗူးနွယ်ပင်တို့ ပါ။ ပရူးပျံကြီး နှင့် တောဝက်ကြီးကို ပြူစောထီးက နှိမ်နင်းအောင်မြင်ခဲ့ပေမယ့် အမှတ်အသား၊ ဘုရား တစ်ခုမှ မရှိပါဘူး။  ဗူးပင်ကြီးကတော့ ဗူးသီးအကြီးကြီးသီးနေပြီ နွယ်တွေက အရှင်ဖြစ်နေတယ်။ အဲဒီဗူးနွယ်ရှင်တွေက လာသမျှ လူ၊ အကောင်တွေကို ရစ်ပတ်ပြီ ညစ်သတ်တယ်။ ရစ်နွယ်ဆွဲးတော့ လူတွေက ရုန်းမထွက်နိုင်တော့ပဲ သေကြရတယ်။  ဒါကိုလည်း နိုင်အောင်း ခုတ်ထွင်၊ ရှင်းလင်း နှိမ်နင်းနိုင်ခဲ့ပါတယ်။
        ယခင် ဗူးဘုရားဟောင်းက စက်လုံးပိန် သဏာန် တကယ့် ဗူးသီးလို ပုံပန်းရှိပါတယ်။ ပုဂံငလျှင်မှာ မြေခသွားပါတယ်။ ယခုမြင်ရတဲ့ ဘုရားကတော့ ပုဂံငလျှင်ပြီးမှ ပြန်လည် တည်ဆောက်ထားတာဖြစ်ပါတယ်။
 *************************************..........******************************
Tuesday, April 19, 2011
ပုဂံ မြို့ သို့  တစ်ခေါက်ရောက်ခြင်း - ၎
           ပုဂံမြို့ ဟောင်း တစ်ခု ရှိခဲ့တယ် ဆိုတဲ့ သက်သေအဖြစ် သဘာဝဘေး အန္တရာယ် အမျိုးမျိုးကို ဖြတ်ကျော်လျှက် နှစ်ပေါင်း တစ်ထောင့်ငါးရာ ကျော်တိုင် မယိုင်မလဲ ခိုင်မြဲစွာ သက်သေပြလျှက် ရှိနေသေးသော သရပါတံခါးရဲ့  မနေ့ တစ်နေ့ ကထိ မြင်ကွင်းဖြစ်ပါတယ်။ ပထမပုံသည်  ပုဂံနန်းမြို့  အပြင် အဝင်ဘက်မှ ဖြစ်ပါတယ်။
 ဒါကတော့ အဝင်မှာ မြင်ရတဲ့ အိမ်လိုလို နတ်ကွန်း လေး တစ်ဖက် တစ်ခု ပါတာတွေ့ ရမှာ ဖြစ်ပြီ တဖက်က မောင်၊ တဖက်က နမတော် နန်းကွန်းထဲကပုံ တစ်ပုံ ရိုက်ထားတဲ့ အထဲမှာ ပါလာလို့  တင်ပေးတာပါ။
    နတ်ရုပ်ရဲ့  ပုံညာအောက်ထောင့်က ထမင်းချိုင့်ကတော့ နတ်တင်ထားတာ မဟုပ်ပါ။ ကွမ်းယာဆိုင်ကလူတွေက နတ်ကွန်းမှာ ခဏလာထားတာပါ။ :D
       ဒုတိယပုံကတော့ နန်းမြို့  အတွင်းက မြင်ရမယ့် သရပါတံခါးရှိရာ မြို့ ရိုးဂိတ်ဟောင်းပါ။ နေ မွန်းလွဲပြီးမှ ရိုက်တာဖြစ်တဲ့ အတွက် သရပါးတံခါးဟာ နန်းရှေ့ အရပ်လို ယူဆရမယ်ထင်ပါတယ်။  နန်းရှေ့ တံခါးဟာ မင်္ဂလာအရပ် ဖြစ်ပြီး ဘုရင်တွေ အသုံးပြုတဲ့ တံခါးဖြစ်ပါတယ်။
              ကျောက်ဆည်အရပ်မှာ ကျွဲရိုင်းတစ်ကောင် သောင်းကျန်နေပါသဖြင့် နှိမ်နင်းပေးပါရန် လာရောက်လျှောက်ထားသဖြင့်  အနော်ရထာမင်း နိမ်နှင်းရန် သရပါတံခါးမှ ထွက်ကြွသည်ကို တံခါးစောင့်နတ်ဘီလူးက ထွက်ပြီးတားသော တံခါးလဲ ဖြစ်ပါတယ်။   ဒီအချက်ကို ကြည့်ခြင်းဖြင့် ရှင်ဘုရင်တို့  သည် တိုင်းပြည်၏ အခွန်ကို စားရသဖြင့် ပြည်တွင်း၊ ပြည်ပမှာ အန္တရာယ်မှန်သမျှကို ကာကွယ် စောင့်လျှောက်ပေးရမြဲ ဖြစ်ကြောင်း သိနိုင်ပါတယ်။
  အနော်ရထာမင်းသည် ဗုဓ္ဒဘာသာတွင် သက်ဝင်ယုံကြည်သော အချိန်တွင် နတ်တို့ ကို ကိုးကွယ်ခြင်းသည် သရနဂုံ ပျက်ကြောင်းဖြစ်သဖြင့် ရွှေစည်းခုံတွင်းမှာ နတ်လျှောင်းအိမ်ထားကား နတ်ရုတ်တွေကို သိမ်းစည်းလိုက်ပါတယ်။ အဲဒါကြောင့် လူတွေကတော့ နတ်က မကျေနပ်လို့ ရှင်ဘုရင် ကံညံတဲ့အခိုက် သေအောင် ကျွဲယောင်ဆောင် ခတ်တယ်လို့  ပြောပါတယ်။  သို့ ဖြစ်ပါသဖြင့် တရားစောင့်သော မင်းများကို စောင့်လျှောက်သော တံခါးစောင့်နတ်က ကြွမသွားဘို့  တားတာလို့  ဆိုပါတယ်။ ဒါတွေဟာ ကျမတို့  သိနိုင်တဲ့ ကိစ္စတွေ မဟုပ်ပါဘူး။
     ကျမအနေနဲ့ ကတော့ ဒီလို မထင်ပါဘူး ။ ဘာလို့ လဲဆိုတော့ အဲဒီ နတ်လို့  ပြောနေတာတွေက အောက်နတ်တွေပါ။ လူထက်ကို အဆင့်နိမ့်ပါသေးတယ်။ တကယ်တော့ အဲဒါတွေဟာ လူတွေ ပြောပြော နေတဲ့ တစေ၊ သူရဲ အသူရကယ်ပြိတ္တာ အမျိုးအစားတွေပါ။  နတ်လှံကိုင်ထားတဲ့ ဘုရင်ကို အဆုံးစီရင်နိုင်တယ် ဆိုတာ မဖြစ်နိုင်ပါဘူး။ အတိတ်ဇာတ်လည်း ရှိလို့ ၊ ကံတော်လည်းကုန်လို့  မို့ သာ ကျွဲခောတ်လို့  အင်း ဘုရင်ဆိုတော့ နတ်ရွားလားသည်ပေါ့နော် (အရပ်စကားအရတော့ သေရပါတယ်)။  တံခါးစောင့် နတ်ကလည်း အတိတ်ဇာတ်အရ ကံကုန်နိုင်တာကို သိလို့ သာတားတာ ဖြစ်မှာပါ။ ကံကုန်တာခြင် တူရင်တောင် နန်းတော်မှာ ဆိုရင်တော့ ကောင်းကောင်းမွန်မွန် ဖြစ်မယ်ထင်ပါတယ်။
     ဒီလို တံခါးစောင့်နတ်က ကိုယ်ထင်ပြကာ သေမည့် အန္တရာယ် ရှိပါတယ်။ မသွားပါနဲ့ လို့  တားမြစ်တာတောင်မှ သက်ဦးဆံပိုင် ရှင်ဘုရင်ဖြစ်တဲ့  အနော်ရထာမင်းဟာ တိုင်းသူ၊ ပြည်သားအပေါင်းပေါ် တွင် ရင်ဝယ်သားနှင့် မခြား ချစ်မြတ်နိုးတော် မူသောကြောင့် မိမိအသက်ကိုပင် ပဒါနမထားပဲ သွားရောက် နှိမ်နင်းခဲ့ပါတယ်။  တာဝန်ယူတတ်ပြီး၊ အလွန်ချစ်စရာ၊ အားကိုးကြည်ညိုစရာ ကောင်းသော မင်းဆိုတာ သိသာပေါ် လွင် လှပါတယ်။
        ဒါကတော့ ငှက်ပစ်တောင်အရပ်က ရှင်အရဟံ အုတ်ကျောင်းပါ။ မြန်မာပြည်ရဲ့  သာသနာအစပြုရာ ၊ ပုဂံသို့  ဗုဓ္ဒသာသနာ ရောင်ဝါကို ထွန်းငြိပေးခဲ့သော ရှင်အရဟံ သီတင်သုံး နေထိုင်ခဲ့သော ကျောင်းတော်ရဲ့  အရှေ့ ခြမ်းပါ။
               အနောက်က အုတ်တိုက်ထဲမှာ ရှင်အရဟံ သီတင်းသုံးနေထိုင်တော် မူပါတယ်။ ဒါကတော့ ဆရာတော်ရဲ့ ပုံတူရုတ်ထုပါ။   မြန်မာလူမျိုးတို့ အတွက် အလွန်တရာမှ ကျေးဇူးများတော်မူသော ရဟန္တာ အရှင်သူမြတ်ကြီး ဖြစ်ပါတယ်။ 
         ပျူနိုင်ငံတော်သည် တရုတ်သူပုန်တို့  မကြာခဏ နယ်ချဲ့ တိုက်ခိုက်မူကြောင့် ပျက်သုန်းခဲ့ရပါတယ်။
      ပျူခောတ်ကုန်သော် ပုဂံခောတ် စတင် တည်ထောင်သော အခါ ပုဂံ အရပ်ဒေသတွင် ရန်သူ(၄)မျိုးသည် (၁၂) နှစ်တိုင်တိုင်း နှိတ်စက်သောင်းကျန်း နေကြောင်း  ပြောပြနေပုံ ပန်းချီများကို နံရံဆေးရေးများ အဖြစ် တွေ့ မြင်နိုင်ပါတယ်။ 
     အချိန်မရှိတော့လို့  အဲဒီ အကြောင်းလေး ကိုတော့ နောက်ရက်မှပဲး ခွဲတင်ပေပါမယ်နော်။  ဒီနေ့ အတွက်တော့ ဒီမှာပဲ ရပ်လိုက်ပါပြီ။
Friday, April 15, 2011
သင်္ကြန် နှင့် ကိုချာလီ
ချာလီချက်ပလင် ရေကစားတာ မြင်ဖူးခြင်ရင် ဒီမှာပါနော်။
:D
ကိုချာလီ နှင့် သင်္ကြန်ပိတ်ရက်မှာ ပျော်ရွှင်နိုင်ကြပါစေ
ရယ်မောခြင်းသည် အသက်ရှည်၏။
ဘယ်သူပြောခဲ့သလဲ မသိပါ။ ဒါပေမယ် ရယ်မောခြင်းသည် အကျောအခြင် ပြေလျှော့တာတော့ အမှန်ပါပဲ။
ဒီ အပိုင်းလေးကတော့ လူကြိုက် အများဆုံး ဖြစ်မယ် ထင်ပါတယ်။  သေချာတာကတော့ ကျမ အကြိုက်ဆုံး အပိုင်းဖြစ်တာပါပဲ . . .။  
      မင်္ဂလာ နှစ်သစ်နှင့် အတူ ရယ်မော ပျော်ရွှင်နိုင်ကြပါစေ။
အောက်ကတော့ အစ၊ အဆုံး ရှာပြီး အဟင်း ကြည့်ရင်း တင်ပေးလိုက်တာပါ။
Part - 1
Part -2
Part - 3
Part - 4
Part - 5
Part - 6
Part - 7
The End---------O--------O
Tuesday, April 12, 2011
သက်ြန်တမ်းခြင်း ကဗျာ
သက်ြန်
 နွေသက်ြန်ပွင့်ပန်း
နွေဦးမှာ တံခူးလ
ကာလသားတွေ မြူးလို့ ကြွ
တံခူးမှာ သင်္ကြန်ပွဲး
ပျိုရွယ်သူတွေ ကြည်နူးမြဲ ။
တမာ
ကျေးဌက်တွေက တေးသီ
တမာပန်းများ ပွင့်ဝေညီ  
ပင်လုံး မြိုင်မြိုင်ဖွေးပါဘိနဲ့ 
တာသင်္ကြန်ကို ကြိုလင့်တဲ့ပန်း ။
ငုဝါ
နွေအပူအောက်မှာ
လူတကာ ငှေးရရဲ့ 
အကိုင်းဖျားမှာ တွဲးလို့ ခိုသီ
ညာတံတွေ အဖြာဖြာခွဲး
အဖူး အငုံ အပွင့် စုံပ
ငုတို့ က လန်း ။
ပိတောက်
အတာဆိုမှဖြင့်
မြန်မာအနှံ့ မှာ
လူတွေထားတဲ့ အမှတ်သညာ
သက်ြန်ပွဲးနဲ့ အတူ
ပွင့်ထွန်း ပေါ်ပေါက်  . . .
ပိတောက် ။
စကားဝါ
အညာဒေသရဲ့ 
သက်ြန်ပွဲး
သူလည်းပဲ ဆင်ကာနွဲး
ပန်းရနံ့ က မြိုင်လှိုင်စဲ
စကားဝါတွေက ပွင့်ကြမြဲ ။
                                            ဝ - ဝ - ဝ - ဝ - ဝ
အညာလူပျို နဲ့  သင်္ကြန် 
(ပုပ္ပါး ဒေသဝန်းကျင်)
သက်ြန်မှာ
ဒီအလှတရား
နံနက်ခါမှာ
ရေပက်ခံကာ
သူ မကြည့်အား . . .။
နေ့ လည်မှာ ပုပ္ပါးသွား
စကားဝါတွေ ဝယ်ကာ
စုလို့ ထား. . .။
နေ့ လည် အပူကို
သူအံတု
ပျိုပျိုများ အကြိုက်
ကိုကို ကာလသား တသိုက်
စကားဝါများ ပိုက်
မြို့ အရောက်ပြန်
ရေတစ်ခါ ပက်ခံ
ပန်းတွေ လည်ပေး
နီးရဘို့  အရေး
ကြိုးစားတဲ့ ဒီအခွင့် အရေး ။
       ကဗျာကို စိတ်ကူးနဲ့  ကြိုးစားစပ်ထားပေမယ့် သာမာန်လူ တစ်ယောက်ရဲ့  အရေးအသား တစ်ခုသာ ဖြစ်ပါတယ်။   ခြို့ ယွင်းချက်တွေ များနိုင်ပါတယ်။  သည်းခံပေးကြပါ . . .။
ပုံတွေကို Google Search မှ ရှာပြီး အဆင်ပြေ သလို ယူထားပါသည်။    ပုံပိုင်ရှင်များအား ဒီနေရာမှ ခွင့်တောင်းပါသည်။ :D
Friday, April 8, 2011
ငယ်ငယ်တုံးက ဒို့ ဘဝရယ်
         မူလတန်းတုံးကတော့ အလယ်တန်းကျောင်းမှာ သွားတက်ရတယ်။ အထက်က အမနှင့် အတူပေါ့။ အတန်းထဲမှာ ကျမနှင့် ခုံအတူတူထိုင်တဲ့ (နောက်တော့) သူငယ်ချင်းဖြစ်လာတဲ့ ကောင်မလေးနှင့် နေရာလုရင်း ရန်ဖြစ်ကြတယ်။ သူက ကျမထက် အကောင်သေးတယ်ပေမယ့် စွာပါတယ်။ ဘန်ဘီပုံ ထဲကလိုတော့ စတွေ့ တွေ့ ခြင်မှာ ပြုံပြနုတ်ဆက်ကြတာ မဟုပ်ပါဘူး။ :P   မုန့် စားကျောင်းဆင်းချိန် အမလာတော့ ကျမကပြောပြတယ်။ မနေ့ က ကျမရဲ့ နေရာကို သူမက ဒီနေ့  ဦးအောင်ထိုင်သည်။ နေရာဖယ်ခိုင်တော့ ရန်ဖြစ်ရတယ် သူကဖယ်မပေးပါ။  :)
       အမကသိတော့ ပြောဖယ်ခိုင်းတယ်။ သူကလဲ မဖယ်ပဲ ရန်ဖြစ်ကြပါတယ်။ ပါးစပ်နဲ့ သူတခွန်း၊ ငါတခွန်းနဲ့  ခွန်းကြီး ခွန်းငယ် ပြောကြရုံတင်ပါ။ ညနေ ကျောင်းကပြန်တော့ အမက မေမေကို ကျောင်းလိုက်တိုင်ဘို့  ပြောပါတယ်။ နေရာက ဆရာမချပေးထားပြီးသားလေ ။ သူက ပထမနေ့ ကမလာပဲ နောက်နေ့ မှ လာဗိုလ်ကျတာပါ။  ကျမကလည်း အကောင်သာကြီးတာ အဲလောက်လည်း မစွာတတ်ပါဘူး။ ခက်တာက မတည့်ပါဘူးဆိုနေမှ သူက ကျမနေရာထိုင်ထားတော့ သူ့ ဘေးမှာ ကျမကထိုင်နေရတာပေါ့။
       နောက်နေ့ ကျ မေမေကျောင်းလိုက်လာသည်။ ကျောင်းက အတန်းပိုင် ဆရာမ မလာသေးတော့ မေမေက အခန်းပြင်မှ စောင့်နေသည်။ ခဏနေတော့ ကျမနဲ့  ရန်ဖြစ်တဲ့ ကောင်းမလေးက သူ့ အမေနဲ့ ကျောင်းရောက်လာသည်။ ကျမက မေမေ့နားကပ်ပြီး `မေမေ အဲဒါ သူ့ အမေ` လို့  ပြောပြီး ပြလိုက်ပါတယ်။ ကျမ အမေက လှမ်းကြည့်ပြီ ဆရာမကို ပြောထားခဲ့မယ်၊ အခန်းထဲ သွားထိုင်လို့  ပြောပြီးပြန်သွားပါတယ်။:P
      ကျမလည်း    ဘာဖြစ်သွားပါလိမ်လို့ ပဲ တွေးတတ်ပါတယ်။ အခန်းထဲ ထိုင်ပြီး အတန်းချိန်ကုန်အောင် စာသင်ခဲ့ရပါတယ်။ ဆရာမကလည်း ဘာမှမပြောပါဘူး။ အတန်းထဲ ဝင်လာတုံးကတော့ တစ်ချက် လှမ်းကြည့်ပါတယ်။  နောက်တော့ စာသင်ဘို့  စလုပ်တယ်၊ စာသင်တယ်။ ကျမက ကလေးပဲ ရှိသေးတော့ ဘယ်သိပါ့ မလဲနော်။  ကျမတို့ ကျောင်းက နေ့ တစ်ဝက်ကျောင်း၊ မနက်ဆို  မူလတန်း၊ ညနေဆို အလယ်တန်းကျောင်းသားတွေကို သင်တယ်။ နေ့ လည် ကျောင်းဆင်းချိန်ကျတော့ အိမ်ပြန်ခဲ့ရတာပေါ့။
        အိမ်ရောက်တော့ ကျမအမက ကျောင်းမုန့် စားဆင်းချိန် ကျမနှင့် တွေ့ တော့ ကျမပြောပြထားလို့  မေမေပြန်တာကို သိပြီးပါပြီ။ ကျမ အမကလည်း အိမ်ရောက်ရောက်ခြင်း မေမေ့ကိုရှာပြီး အကျိုးအကြောင်း မေးပါလေရောလား။ ကျမလည်း သိခြင်တာနဲ့  အဲဒီနား မရောင်မလည်နဲ့  ရပ်နားထောင်နေတာပေါ့။  :D
        စာဖတ်သူများရော သိခြင်ပါသလား ?
        အဆိုတော် အဲလတ်စ် ဆိုတဲ့ ဟိုသီချင်းကို သိပါသလား ? 
        ဟီး ဟီး
        `ဝတုတ်ကြီး၊  ဝတုတ်ကြီး` လို့  ဆိုတဲ့သီချင်းလိုပေါ့
         အဲဒီ ကောင်မလေး အမေက `ဝတုတ်ကြီး` လေ။ ကျမ မေမေကို အဲဒါ သူ့ အမေလို ပြတော့ မေမေကလည်း ဝတုတ်ကြီး မြင်ပြီ ကြောက်လို့ ပြန်ပြေးပါလေရောလား။  ကျမ အမကမှ မကြောက်ပဲ ကျမအတွက် ရန်ဖြစ်ပေးသေးတယ်။ မေမေက ပြောလိုက်သေးတယ် `သူက ဝ ဝကြီး၊ ကြောက်စရာကောင်းလို့  မပြောရဲလို့ ပြန်လာတာ။ ဆရာမတော့ ကျမကို ကြည့်ပေးဘို့  သွားပြောလိုက်ပါသေးတယ်` တဲ့လေ။
        အင်း ကျမလည်း အဲလတ်စ် လို့ ပဲ   `ဝတုတ်ကြီး၊  ဝတုတ်ကြီး` လို့ ပဲ အော်လိုက်ခြင်ပါတော့တယ်။  ဟိုတုံးက စိတ်ရှုတ်စရာတွေဟာ ခုတော့လည်း ဟာသလိုပါပဲလားနော်။
Thursday, April 7, 2011
အရေးပေါ် ကာတွန်းပြပွဲသတင်း
အရေးပေါ် ကာတွန်းပြပွဲသတင်း
ကာတွန်း အော်ပီကျယ်
ဒီနေ့ ဧပြီ ၇ ရက်ကနေစပြီး ၁၂ ရက်နေ့အထိ လောကနတ်မှာ ကာတွန်းပြပွဲ ရှိပါတယ်။ Facebook သုံးလေ့ရှိသူများ သတင်းဖြန့်ပေးကြပါ။ နှုတ်နဲ့ ဖုန်းနဲ့ ပြောပေးကြပါ။
ကာတွန်းတွေ ရောင်းချလို့ရတဲ့ငွေ ၈၀% ကို သက်ကြီးကာတွန်းဆရာကြီးများကို ပူဇော်ကန်တော့မှာပါ။
တင်သမျှကာတွန်းအားလုံး ပြပွဲ စိစစ်ရေးက ခွင့်ပြုပါတယ်။ ကာတွန်းအများစုက original ဆွဲထားတာတွေပါ။
များများရောင်းရမှ များများကန်တော့နိုင်မှာမို့ လူများများသိစေချင်ပါတယ်။
ကာတွန်းပြပွဲတွေက ရှားပါးတာမို့ အခုလိုနွေကျောင်းပိတ်ရက်မှာ လူငယ်တွေ ကြည့်စေချင်ပါတယ်။ လူများများကြည့်လို့ ပြပွဲစရိတ် ပိုမကုန်ပါ။
သင်္ကြန်ပိတ်ရက်နီးလို့ ဂျာနယ်တွေမထွက်တော့လို့ ဒီပြပွဲသတင်း ဂျာနယ်မှာ အချိန်မီပါဖို့ မဖြစ်နိုင်တော့ပါ။
လူသတင်း လူချင်းဆောင်ရင်း ကာတွန်းအနုပညာကို ကူညီစေချင်ပါတယ်။
များများရောင်းရမှ များများကန်တော့နိုင်မှာပါ။
http://www.irrawaddyblog.com/ မှ ကူးယူဖော်ပြပါသည်။
Wednesday, April 6, 2011
ဖတ်ခဲ့ရသော ကာတွန်း
             အသိတစ်ယောက်ပို့ ပေးထားတာ အတော်ကြာပါပြီ။ သူပို့ ပေးတာက အင်္ဂလိပ်ကာတွန်းလေးပါ။ ခုမှ ပြန်တွေ့ လို့  မြန်မာမူပြုပြီး ပြန်တင်ပေးလိုက်ပါတယ်။   ဖတ်ပြီး ရယ်မောနိုင်ကြပါစေ။
       :D  လူတွေရဲ့ သဘာဝ တစ်ကယ် ဟုပ်လားတော့ မသိပါဘူး။  ကျမကတော့ ဆုတောင် မတောင်းဖြစ် သလောက်ပါပဲ။  ကံ၊ ဥာဏ်၊ လုံးလ၊ ဝီရိယ (၄)ပါးလုံး ပြည့်စုံမှတဲ့လေ။
          ဒီပုံလေးကတော့ နောက်အသိ တစ်ယောက်က ပို့ ပေးတာ။ အခွင့်အရေးကို စောင့်မနေနဲ့ တဲ့။ ကိုယ့်ဘာသာ ဖန်းတီးယူတဲ့ . . .။   ဒါပေမယ့် သူ့ ဟာကလည်းနော်   . . .။ ရယ်မောခြင်းဖြစ် စိတ် အပန်းဖြေနိုင်ကြပါစေ။
Tuesday, April 5, 2011
ပုဂံ မြို့ သို့  တစ်ခေါက်ရောက်ခြင်း - ၃
                     မြစေတီ ဘုရားပါ။   အနော်ရထားမင်း နှင့် ဘုန်းကြီးတူမ သန္ဘူလ (မိဘုရားခေါင်) မှ မွေးသော သားတော်၊ မြင်းကမ္ဘာရွာကို အပိုင်စားရသော ရာဇကုမ္မာရမင်းသားက ဖခမည်းတော် အနော်ရထားမင်းကြီး နားမကျန်ဖြစ်စဉ်  သူပိုင် ဥစ္စာပစ္စည်းတို့ ဖြင့် ရွှေစင်အတိပြီးသော ဆင်းတု ရုတ်ပွှားတော် တစ်ဆူအား သွန်းလောင်းကာ သံဃာအရှင်သူမြတ်တို့ ထံတွင် ဖခင်၏လက်ဖြင့် ကိုယ်တိုင် ရေစက်ချ လှူဒန်းတော်မူစေပြီ အထိမ်းအမှတ်ဖြစ်သော မြစေတီကို တည်ထားသည်။
     မြကျောက်စာပါ။ မွန်၊ ပျူ ၊ မြန်မာ၊ ပါဌိ (၄) ဘာသာနှင့် ရေးထိုးထားသော (၄)မျက်နှာပါ ကျောက်စာဖြစ်ပါတယ်။
    လှူဒန်းရာနေရာတွင်ပင် လှူတန်းပုံကို ပုံစံငယ်ပြသထားပါသည်။
        ကန်တော့ပလ္လင်ဘုရားသည် အနော်ရထားမင်း နှင့် မဏိစန္ဒာ မိဘုရားတို့ ၏မြေး၊  ရွှေအိမ်စည် မင်းသမီးမှ မွေးဖွားပြီ အနော်ရထား၏ ရာထူးကို ဆက်ခံခွင့် ရခဲ့သော အလောင်းစည်သူမင်းဟု လူသိများသော နရပတိစည်သူမင်းကြီး တည်ထားကိုကွယ်သည်။
       ဘုရားတည်းထားရသော အကြောင်းရင်းမှာ သူ့ လောက် တန်ခိုးကြီးသောမင်း ပုဂံခောတ်အခါတွင် မမြင်ဘူးဟု ပြောကြားသော စကားကြောင့် မျက်စိအလင်းကွယ်တော်မူလေသည်။  ပညာရှိများထံတွင် အကျိုးကြောင်း စုံစမ်းရာ  ဘိုး၊ ဘေ၊ ဘီ၊ ဘင် များကို စော်ကားမိသောကြောင့် ကွယ်ရကြောင်း သိရသဖြင့် ဘိုး၊ ဘေ၊ ဘီ၊ ဘင် များကို တောင်ပန်ကန်တော့ရန် ဘိုး၊ ဘေ၊ ဘီ၊ ဘင် များ၏ ရုတ်ထုများထုလုပ်ပြီး ကန်တော့တောင်ပန်မှ မျက်စိနှစ်ကွင်း အလင်းရသည်။ ထို ဘိုး၊ ဘေ၊ ဘီ၊ ဘင် များ၏ ရုတ်ထုများကို ဌာပနာထား တည်သောကြောင့် `ကန်တော့ပလ္လင်` ဘုရားဖြစ်တည်ခဲ့ပါသည်။
.
        ဒီဘုရားနှစ်ဆူ၏ သမိုင်းကို နိုင်းယှဉ်ကြည့်ပါက တည်ထားကိုးကွယ်သော အကြောင်းအရာတို့ မှာ ကွားခြားပုံကို တွေ့ မြင်နိုင်ပါတယ်။  
မှတ်ချက်။
   အလောင်းစည်သူမင်းသည် လက်ညိုညွန်ရာ ရေဖြစ်သော မင်းတစ်ပါးဖြစ်ပါသည်။ နတ်တို့  အပ်နှင်းသော နတ်ကြိမ်လုံးဖြင့် ဖောင်စင်္ကြာကို စီးပြီး တိုင်းခန်းလှည့်လည်သည်ကို မှတ်သားရဘူးပါသည်။
  မည်မျှတန်းခိုးကြီးသောမင်းပင် ဖြစ်လျှင့်ကစား သီလရှိသော ဘိုး၊ ဘေ၊ ဘီ၊ ဘင် များကို စော်ကားမိသဖြင့် အပြစ်သင့်ပုံကို တွေ့ ရပါသည်။
Monday, April 4, 2011
ကံတစ်ခု . .
    ကျမသိခဲ့ဘူးသော ၊ တချိန်က ကျမတို့ နှင့် အတူတူနေဘူးခဲ့သော ၊ ကျမနှင့် မရင်းနှီးတော့သော အမတစ်ယာက် အကြောင်းကို ကျမရေးပြခြင်ပါတယ်။ (နံမည်ကို အစားထိုးထားခြင်း နှင့် နေရာတို့ ကို မဖော်ပြထားပါ။)
      တစ်ခါက ရွာလေးတစ်ရွာမှာ မိသားစုလေး တစ်စု ရှိခဲ့တယ်။  အဲဒီမိသားစုလေးမှာ လင်မယား နှစ်ယောက်၊ သားလေးယောက်နှင့် သမီးလေး တစ်ယောက်တို့ အတူနေသော အိမ်လေး တစ်လုံးရှိခဲ့တယ်။ အဲဒီအိမ်လေးဟာ သူရဲမွေးတဲ့ အိမ်တစ်အိမ်လည်း ဖြစ်ခဲ့တယ်။ အင်္ဂလိပ်ခောတ်မှာ လူလာဖြစ်တဲ့သူတို့ တွေဟာ အမြဲပဲ သူရဲတွေကို ကျွေမွေးပြီး အစောင့်အရှောက်အနေနဲ့  ထားလို့ နေထိုင်ခဲ့ကြတယ်။  ဒါပေမယ့် သူတို့ အိမ်ရဲ့  စီပွှားရေးဟာလည်း တစ်ဖြည်းဖြည်း ကျဆင်းခဲ့တယ်။ စီပွှားကျလို့  စားစရာမရှိတလဲ့၊ ရှိတလဲ့ အချိန်မှာတော့ သူရဲတွေကို မှန်မှန် မကျွေးနိုင်တော့ဘူး။
  မိသားစုကလူတွေက မှန်မှန် မကျွေးနိုင်တော့ သူရဲတွေကလည်း ပြောစကားနားမထောင်တော့ဘူး။ နောက် မစားရပါများလာတော့ သူရဲတွေက သူတို့ ကိုမွေးထားတဲ့ မိသားစုကလူတွေကို ပြန်စားတော့တာပဲ။ ဘယ်နှစ်ကောင်မွေးထားလည်းတော့ မသိဘူး။ အားလုံးက မိသားစုက လူတွေကို တစ်ပြိုင်တည်း တော်လှန်ပြီး စားလိုက်တာ လူတွေကလည်း ထွက်ပြေးဘို့ ကြိုးစားပေမယ့်လည်း အငယ်ဆုံး သမီးလေး တစ်ယောက်ပဲ ထွက်ပြေးလွတ်မြောက်ခဲ့တယ်။
     ကလေးမရဲ့  နံမည်ကတော့ ​`မချစ်စု​​` ။   သူမ အမောတစ်ကောနှင့် ရွားထဲကို ပြေးဝင်လာသည်။ ဟော သူမနှင့် သိသော အိမ်ကြီးတစ်အိမ် . . .။  သူမ အမောတကောနှင့် ပြေးဝင်လိုက်သည်။ ထိုနောက် အိမ်ကြီးတွင် နေထိုင်ကြသောသူ အားလုံးက `ဘာဖြစ်လာတာလဲ ကလေး၊   ဘာဖြစ်လာတာလဲ ` ။  ကျမ ကျမ  . . . ။  ကလေးမလေးက ဖြစ်ကြောင်းကုန်စင်ကို ထိုအိမ်မှ လူများအားပြောပြ လိုက်ပါသည်။ လောက ကြီးမှာ သူမ တစ်ယောက်ထဲ နေစရာမရှိ၊ သွားစရာမရှိ၊ ပိုက်ဆံမရှိ၊ လောကမှာ သူမ၏ မှီခိုအားထားရာတို့ သည် မရှိကြတော့ပြီ။
     သူမသည် ကလေးမျှသာ ရှိသေးသည်။ သူမ ထွက်ပြေးလာသော အိမ်သို့  သူမ မပြန်ဝံပါ။ သူမပါ သေသွားနိုင်သည် မဟုပ်ပါလား။ ထိုအိမ်သို့  သူမ ဘယ်တော့မှ ပြန်မရနိုင်တော့ပါ။  နောင်တွင်မတော့ သူမပြေးဝင်လိုက်သော အိမ်သည်ပင် သူမ၏ ခိုလုံရာအိမ်ဖြစ်လာတော့သည်။
       သူမသည် ထိုအိမ်မှပေးထားသော နေရာတွင်နေရသည်။ အိမ်မှူ ကိစ္စအဝဝကို ကူညီ လုပ်ကိုင်ပေးရသည်။ ထိုအိမ်၌ သူမအရင်ကပင် မိဘတို့ က လာရောက် အပ်နှံထားသော သူမထက်ကြီးသော အမတို့ သည် ရှိနှင့်လေသည်။ သူမရောက်နေသော အိမ်သည် ရွာမှာ အချမ်းသာဆုံးအိမ် ဖြစ်ပေသည်။ ရွာမှလူအားလုံးတို့ သည် သည်အိမ်နှင့် အနည်းနှင့် အများကင်းသူမရှိ။ မိမိတို့ မိဘ အိမ်တွင်မစားဘူသော အစာ စားရနိုင်သည်၊ ဝတ်ရနိုင်သည်။ အိမ်ကြီးရှင်တို့ နှင့် တန်းတူ မနေရဦး အိမ်ကြီးရှင်တို့ က အဆင့်မခွဲးခြားထား။ မိသားစုလိုပင် ဆက်ဆံသည်။ အိမ်ကြီးရှင်တို့  ထားသော၊ ဆင်သော အရာများသည် မိမိတို့  အိမ်ထက်အပုံပင် သာသည်။
       သူမသည် ထိုအမများ၏ သွန်သင်မှုဖြင့် သည်အိမ်မှာပင် နေထိုင်ကြီးပြင်းလာခဲ့ရလေသည်။   အိမ်မှု ကိစ္စတွေ ဝိုင်းလုပ်ရင်းမှ ၁၂နှစ် ၁၃နှစ်မျှ ကြီးပြင်ခဲ့ရပေသည်။ သူမကြီးပြင်းလာသလိုပင် အိမ်ကြီးရှင်တို့ ၏ သား၊ သမီးတို့ သည်လည်း ကြီးပြင်ခဲ့လေပြီ။ သူတို့ တွေ အိမ်ထောင်ရက်သားကျပြီ အိမ်ခွဲးသောအခါ သူမသည်လည်း အိမ်ရှင်၏ သားအငယ်ဆုံး အိမ်ထောင်ခွဲးရာသို့  ကူညီရန် လိုက်ပါခဲ့ရပေသည်။   သည်အိမ်မှာတော့ အိမ်မှူကိစ္စလုပ်မည့်သူသည် သူမတစ်ဦးတည်းပင်။ ဒီအချိန်မှာ ဒုတိယ ကမ္ဘာစစ်သည်လည်း ပြီးခဲ့ပေပြီ။
    ထို အကိုငယ်နှင့် သူမအမျိုးသမီးတို့ သည် အိမ်ထောင်ပြုပြီး  တစ်နှစ်ခွဲး အကြာတွင် ပထမကလေး မွေးဖွားလေသည်။ ဒီလောက် အိမ်မှု့ ကိစ္စတွေကတော့ သူမ အဖို့  ကျွမ်းကျင်ပြီးသားမို့  နိုင်နင်းလေသည်။ သူမလည်း တစ်နှစ်ထက်တနှစ်ကြီးလာ သလို၊ အိမ်ရှင် အကိုငယ် မိသားစုဦးရေမှာလည်း ကလေး တစ်ဦး၊ တစ်ဦးမှ နှစ်ဦး ထိုနောက် . . .  ထိုနောက်။ ပထမကလေးပင် ဆယ့်နှစ်နှစ် ဆယ့်လေးနှစ် ဖြစ်လာပြီ။ အကိုငယ် အိမ်၌လည်း မိသားစုဝင်ဦးရေမှာ အကိုလေး(အကိုငယ် အထက်မှ အကို) နှင့် သူမ အပါအဝင် ၁၁ ဦး ထိတိုးမြှင့်လာခဲ့သည်။ 
     အိမ်မှု့ ကိစ္စတွေ သူမတစ်ဦးတည်း မနိုင်တော့။ အကိုငယ်၏ အမျိုးသမီးလည်း ထမင်း၊ဟင်းတော့ ချက်ပြုတ်ပါသည်။ ချက်ပြုတ်ရန်တော့ သူမက ပြင်ပေးရသည်။ ကျန်သော ဝေယာဝတ်စ အားလုံးလည်း သူမ တစ်ဦးတည်း မဖြစ်နိုင်တော့ဘူးလေ။ အကိုငယ်တို့  မိသားစုနှင့်လည်း မောင်နှမတွေ မိသားစုဝင်လိုပင်  နေထိုင်ရသည်မို့  အကိုငယ်ရဲ့  ကလေးများကလည်း ဝိုင်းဝန်းကူညီကြရပါသည်။ သူမကတော့ ဟိုလူ ဒါလေးကူပါဦး၊ ဒီလူ ခုံလေးယူပေးပါဦးလို့ လည်း စီမံ ခန့် ခွဲးရသည်။
      အိမ်မှာလည်း အိမ်မှုကိစ္စတွေ သောက်ရေ၊ သုံးရေအတွက် အင်္ဂလိပ်ခေတ် အခါကလောက် ရေဖြန့် ဝေသော စနစ်သည် မကောင်းတော့ပေ။ တော်လှန်ရေကောင်စီခောတ်၊ ထိုခောတ်မှသည် ဆိုရှယ်လစ်နိုင်ငံတော် စနစ်။ ရေဖြန့် ဝေသော စနစ်လေးလည်း လည်းတော့ လည်ပတ်နေပါသည်။ ဒါပေမယ့် နွေကာလတွေမှာဆိုရင်တော့ ရေကလာလည်း နည်းနည်းလေး၊ မလာသည့် အခါကလည်း ခပ်များများ သို့ နှင့် အိမ်ကူးပြီး ရေခပ်ရသည်။ တခါတရံ အိမ်ခြင်းကပ်ရပ်က၊ တခါတရံ နောက်ဖေးဘက်အိမ်က ထွက်ခပ်ရသည်။
      အိမ်ပြင်ထွက်တော့ ရည်စားသနားရှိလာသည်။ နောက်ဖေးအိမ်က အောင်သွယ်လေသည်။ နောက် . . . ထို့ နောက်တော့ နောက်ဖေအိမ်ကပင် ပစ္စည်းတွေ စုဆောင်းဖို့  သင်ပြန်လေသည်။ အကိုငယ့် တို့ မှာ ဆီး၊ ဆား ၊ ပဲ စသည်ရောင်းသော အိမ်ဆိုင်လေးလည်းရှိသည်။ အကိုငယ်က အစိုးရဝန်ထမ်း ၊ ဒီအိမ်ထောင့် တာဝန်ကို တဖက်တလမ်းမှ ထမ်းရန် အကိုငယ့်အမျိုးသမီးသည် အိမ်ဆိုင်လေးကို ဖွင့်ပြီး ရောင်းခဲ့ လေသည်။  သူမ အတွက်တော့ သူမ ချစ်သူနှင့် ယူလျှင် အိမ်ထောင်ဦးတည်ရန် စုဆောင်းရန် ပစ္စည်းတို့  ရရှိရာ နေရာဖြစ်လာခဲ့သည်။  ထိုပစ္စည်းများကို နောက်ဖေးအိမ်ကပင် သိမ်းစည်းပေးခဲ့သည်။ သူတို့ အိမ်ထားတော့ သူတို့ လည်း အလကားယူသုံးလေသည်။
        အကိုငယ့်အမျိုးသမီးက ရိတ်မိပေမယ့်လည်း မသိအောင် ခိုးဝှတ်လုပ်သည်ကို အချိန်ပေးဖမ်း မနေခဲ့ပါ။ သူမကလေးတွေနှင့် အိမ်ထောင်တာဝန်တွေကို သူမကူညီနေသည့်တိုင် များလွန်းလှသည် မဟုပ်လား။  သွယ်ဝိုက်ပြီးတစ်မျိုး၊ တိုက်ရိုက်ဆုံးမပြီး တစ်ဖုံ သတိပေးခဲ့သည်များတော့ ရှိပါသည်။  ဒါပေမယ့် သူမကတော့ သူမချစ်သူနှင့် နေနိုင်ရန်ကြိုးပမ်းမြဲပင်။   လူသတ္တဝါတွေသည် ကျေးဇူးကို တွေးသိသော်လည်း မိမိကိုယ်ရေးကိုယ်တာကို ဦးစားပေးမြဲသာတည်း။ ကံအကျိုးဆက်တွေထိ သူမလို လူမှာ ဘယ်မှာလာ တွေးတောနိုင်စွမ်း ရှိလေမည်နည်း။
      နောက်တော့ ဈေးသွားရင်းဖြင့် ခိုးရာလိုက်လေသည်။ မချစ်စု အဖို့  ကိုယ်ပိုင်အိမ်ယာကို သည်လို စတင်နိုင်ခဲ့လေသည်။ သူမရည်းစားက ငွေစာရင်းရုံးမှ စာရေးလေး။ သူမကို အကိုငယ်အိမ်၌ ဆက်ပြီး ဆက်ဆံသွားလာ မနေစေလို။ သူတို့ မိသားစုမှ နောက်မျိုးဆက်တို့ ကိုလည်း မပတ်သတ်စေလိုပေ။ အကိုငယ်တို့ နေထိုင်ရာသည် မြစ်အရှေ့ ဘက်ကမ်းမှ သူမ ချစ်သူ၊ ယခုတော့ အိမ်ထောင်ဖက်နေထိုင်ရာ မြစ်အနောက်သို့  ရောင်နောက် ဆံထုံပါခဲ့ခြေပြီ။
      မြစ်အရှေ့ ဘက်သို့  ကိစ္စရှိလို့ လာတိုင်းလည်း သူမသည် အကိုငယ်အိမ်ကို ဝင်မြဲတည်း။ အကိုငယ့်  အမျိုးသမီးသည် သူမအိမ်မှာ မချစ်စု သယ်သွားသော ပစ္စည်းစာရင်းကို အတိအကျ မသိသော်လည်း ခန့် မှန်းသိခဲ့လေပြီ။  ဝင်လာလျှင်လည်း မချစ်စု ပစ္စည်းယူထားတာကြောင့် မကျေနပ်ကြောင်းတော့ သိအောင်ပြောမြဲပင်။ သူမကတော့ လာလျှင် ရှေးကပြုဖူးသော ဝတ်ကြီး၊ ဝတ်ငယ်ကို ကြုံသလို လုပ်ပေးမြဲပင်။  မချစ်စုလည်း ကလေးတွေ တစ်ယောက်ပြီး ၊နောက်တစ်ယောက်ရလာခဲ့သည်။ သူမ၏အမျိုးသားမှာလည်း ရာထူးတက်လာခဲ့ပြီး စီးပွှားလေးလည်းတက်လာခဲ့သည်။
       စီးပွှားတက်ပြီး စုဆောင်းမိလာသော် မိသားစုပိုင် အိမ်လေးတစ်အိမ် ဝယ်ယူခဲ့သည်။ ဝယ်ပြီး အိမ်ဆိုင်လေး တစ်ဆိုင်တည်လေသည်။ သည် အတွေ့ အကြုံသည်လည်း အကိုငယ့်အိမ်မှာ နေစဉ်ကပင်ရခဲ့ပြီး ဖြစ်သည်။  စည်းပွှားလည်း ဖြစ်ပါသည်။ နောက်နှစ်နစ် လောက်နေတော့ သူမတို့ မြို့ တွင် မီးလောင်ရာ မချစ်စုအိမ်လေး ပါသွားလေတော့သည်။  အကိုငယ့်တို့ အိမ်မှလည်း တတ်နိုင်သမျှတော့ ကူ ပါသည်။   မီးလောင်စဉ်က ဆွဲယူလာသဖြင့် ပါခဲ့သော ပစ္စည်းလေး၊ အကူညီလေးများနှင့် မချစ်စုတို့ မိသားစုသည် ကိုယ့်အား ကိုယ်ကိုးပြီ တစ်ကြိမ်ရုန်းကန်ရပြန်သည်။  
       မီးလောင်စဉ်က ပါသွားသော အိမ်နေရာလေးမှာပင် အကွက်ပြန်ရသဖြင့် အိမ်အသစ်လေးကို တတ်စွမ်းသလောက်ပြန်တည်ပြီ နေသည်။ နှစ်ဝက်လောက်နှင့် အိမ်ဆိုင် တစ်ဆိုင်တည်ပြန်သည်။ ကလေးကလည်း နှစ်ယောက်မို့  ထိုင်မနေသာပြန်။  ပြန်အခြေ အနေ ကောင်းလို့  အသားကျမယ်မှ မကျန်သေး တတိယ ကလေးသည် ရောက်လာခဲ့သည်။ ပထမမီးလောင်ပြီး နောက်သုံးနှစ်ခွဲးလောက် တတိယ ကလေး အခါလည်တွင် ဒုတိယ အကြိမ် အိမ်မီးထဲ ပါပြန်သည်။
          ဒီအချိန်မှာလည်း အကိုငယ့်အိမ်ကို ရောက်ခဲ့ရပြန်ပါသည်။ ထိုအိမ်မှလည်း တတ်နိုင်သမျှ ကူညီပါသည်။    ဒုတိယ အကြိမ်ပြန်ရသော မြေကွက်၌ အိမ်ဆောက်ရန်မြေတူးရာ ရှေးကမြို့ ဟောင်းဖြစ်ခဲ့ဘူးသဖြင့် ကျွင်းကျန်ရစ်သော ရွှေအိုးတို့ ရခဲ့သဖြင့် သူမ စီးပွှားရေးသည် သိသာစွာ ဆိုးရွားခြင်မရှိခဲ့ပေ။     သမီး အကြီးလေပင် ၈ တန်း ၊ ၉ တန်း အရွယ်ရောက်ခဲ့ပြီ ဖြစ်သည်။   စီပွှားဖြစ်လာလိုက် မီးထဲပါသွားလိုက်နှင့် စခန်းသွားနေတုံးပင်။
                 ဒုတိယမီးလောင်ပြီး နောက် ၅ နှစ်ကြာသော် တတိယအကြိမ် မီးလောင်ပြန်ရာ ကလေး (၃)ယောက်နှင့် မိသားစုမှာ ရှိသမျှ ထုခွဲးပြီး တစ်ကြိမ် ပြန်ထနိုင်ရန် ကြိုးစားရပြန်သည်။  မိမိတို့  အိမ် သုံးကြိမ်တိုင်တိုင် မီးလောင်ခြင်းသည် သူများမပေးသော ပစ္စည်း ခိုးယူထားခြင်းကြောင့် ထိုပစ္စည်းပိုင်ရှင်က မကြည်ဖြူသဖြင့် ပြန်ဆုံးရူံးရခြင်လားလို့  မချစ်စုတွေးမိလာခဲ့ သလားမသိပါ။ မချစ်စု မြစ်အရှေ့ သို့  အပြေးတပိုင်းဖြင့် ကူးလာခဲ့ရသည်။  သည်တစ်ကြိမ်တော့ တစ်ခါမှ မတောင်ပန်ခဲ့ဘူးသော အကိုငယ်၏ အမျိုးသမီးကို တောင်ပန်ရန်အတွက် ဖြစ်သည်။    ကျေးဇူးရှင်ကို တစ်ခါမှ မတောင်းပန်မိသော ၊ သူများ မပေးသော ပစ္စည်းကို ယူခဲ့မိသော၊ သုံးစွဲးခဲ့မိသော သူမအဖြစ် အပြစ်မှ လွတ်မြောက်ခွင့် ရပါရစေသား   .  .  .  .  .။