အဘိဏှသုတ် (ဗုဒ္ဓဓမ္မ ဦးလောကနာထ မှ)

အဘိဏှသုတ် (ဗုဒ္ဓဓမ္မ ဦးလောကနာထ မှ ကူးယူဖော်ပြပါသည်)

ကံတရားကို အမြဲမပြတ် ဆင်ခြင်ပါ…

''မိမိ၏ ကံသာလျှင် မိမိဥစ္စာ ရှိ၏၊ ကံ၏ အမွေခံ ဖြစ်၏၊ ကံသာလျှင် အကြောင်းရှိ၏၊ ကံသာလျှင် အဆွေအမျိုး ရှိ၏၊ ကံသာလျှင် ကိုးကွယ် မှီခိုရာရှိ၏၊ ကောင်းသည်ဖြစ်စေ မကောင်းသည်ဖြစ်စေ ငါပြုမိသော ကံ၏ အမွေခံသာ ဖြစ်ရပေမည်'' ဟူ၍ မိန်းမဖြစ်စေ ယောက်ျားဖြစ်စေ လူဖြစ်စေ ရဟန်းဖြစ်စေ မပြတ် ဆင်ခြင်အပ်၏။

ရဟန်းတို့ သတ္တဝါတို့အား ကာယဒုစရိုက် ဝစီဒုစရိုက် မနောဒုစရိုက်သည် ရှိ၏၊ ထို(ကံ) အကြောင်းကို မပြတ် ဆင်ခြင်သော ထိုသူအား မကောင်းမှုသည် အချင်းခပ်သိမ်းမူလည်း ပျောက်ကင်း၏၊ ခေါင်းပါးခြင်းမူလည်း ဖြစ်၏။

''ငါတစ်ယောက်တည်းသာလျှင် ကံသာလျှင် မိမိဥစ္စာရှိသည် ကံ၏ အမွေခံဖြစ်သည် ကံသာလျှင် အကြောင်းရှိသည် ကံသာလျှင် အဆွေအမျိုးရှိသည် ကံသာလျှင် ကိုးကွယ်မှီခိုရာ ရှိသည် ကောင်းသည်ဖြစ်စေ မကောင်းသည် ဖြစ်စေ ငါပြုမိသော ကံ၏ အမွေခံဖြစ်သည် မဟုတ်၊ စင်စစ်မူကား ဤဘုံဘဝသို့ လာခြင်း တစ်ခြားဘုံဘဝသို့ သွားခြင်း စုတေခြင်း ပဋိသန္ဓေ နေခြင်းရှိသည့် သတ္တဝါဟူသမျှ အားလုံးတို့သည် ကံသာလျှင် မိမိဥစ္စာ ရှိကုန်၏၊ ကံ၏ အမွေခံ ဖြစ်ကုန်၏၊ ကံသာလျှင် အကြောင်းရှိကုန်၏၊ ကံသာလျှင် အဆွေအမျိုး ရှိကုန်၏၊ ကံသာလျှင် ကိုးကွယ် မှီခိုရာ ရှိကုန်၏၊ ကောင်းသည်ဖြစ်စေ မကောင်းသည်ဖြစ်စေ ပြုမိသော ကံ၏ အမွေခံတို့သာ ဖြစ်ကြလိမ့်မည်'' ဟု ဆင်ခြင်၏။

ထိုကံအကြောင်းကို မပြတ် ဆင်ခြင်သော ထိုသူအား မဂ်သည် ကောင်းစွာ ဖြစ်ပေါ်လာ၏၊ ထိုအရိယာတပည့်သည် ထိုမဂ်ကို မှီဝဲ၏၊ ပွါးများ၏၊ ကြိမ်ဖန်များစွာ ပြု၏၊ ထိုမဂ်ကို မှီဝဲသော ပွါးများသော ကြိမ်ဖန်များစွာ ပြုသော ထိုသူအား သံယောဇဉ်တို့သည် အချင်းခပ်သိမ်း ပျောက်ကင်းကုန်၏၊ အစဉ်ကိန်းနေသော 'အနုသယ' တရားတို့သည် ကင်းပြတ်ကုန်၏ ဟု မိန့်တော်မူ၏။

Tuesday, April 19, 2011

ပုဂံ မြို့ သို့  တစ်ခေါက်ရောက်ခြင်း - ၎

           ပုဂံမြို့ ဟောင်း တစ်ခု ရှိခဲ့တယ် ဆိုတဲ့ သက်သေအဖြစ် သဘာဝဘေး အန္တရာယ် အမျိုးမျိုးကို ဖြတ်ကျော်လျှက် နှစ်ပေါင်း တစ်ထောင့်ငါးရာ ကျော်တိုင် မယိုင်မလဲ ခိုင်မြဲစွာ သက်သေပြလျှက် ရှိနေသေးသော သရပါတံခါးရဲ့  မနေ့ တစ်နေ့ ကထိ မြင်ကွင်းဖြစ်ပါတယ်။ ပထမပုံသည်  ပုဂံနန်းမြို့  အပြင် အဝင်ဘက်မှ ဖြစ်ပါတယ်။


 ဒါကတော့ အဝင်မှာ မြင်ရတဲ့ အိမ်လိုလို နတ်ကွန်း လေး တစ်ဖက် တစ်ခု ပါတာတွေ့ ရမှာ ဖြစ်ပြီ တဖက်က မောင်၊ တဖက်က နမတော် နန်းကွန်းထဲကပုံ တစ်ပုံ ရိုက်ထားတဲ့ အထဲမှာ ပါလာလို့  တင်ပေးတာပါ။

    နတ်ရုပ်ရဲ့  ပုံညာအောက်ထောင့်က ထမင်းချိုင့်ကတော့ နတ်တင်ထားတာ မဟုပ်ပါ။ ကွမ်းယာဆိုင်ကလူတွေက နတ်ကွန်းမှာ ခဏလာထားတာပါ။ :D


       ဒုတိယပုံကတော့ နန်းမြို့  အတွင်းက မြင်ရမယ့် သရပါတံခါးရှိရာ မြို့ ရိုးဂိတ်ဟောင်းပါ။ နေ မွန်းလွဲပြီးမှ ရိုက်တာဖြစ်တဲ့ အတွက် သရပါးတံခါးဟာ နန်းရှေ့ အရပ်လို ယူဆရမယ်ထင်ပါတယ်။  နန်းရှေ့ တံခါးဟာ မင်္ဂလာအရပ် ဖြစ်ပြီး ဘုရင်တွေ အသုံးပြုတဲ့ တံခါးဖြစ်ပါတယ်။

              ကျောက်ဆည်အရပ်မှာ ကျွဲရိုင်းတစ်ကောင် သောင်းကျန်နေပါသဖြင့် နှိမ်နင်းပေးပါရန် လာရောက်လျှောက်ထားသဖြင့်  အနော်ရထာမင်း နိမ်နှင်းရန် သရပါတံခါးမှ ထွက်ကြွသည်ကို တံခါးစောင့်နတ်ဘီလူးက ထွက်ပြီးတားသော တံခါးလဲ ဖြစ်ပါတယ်။   ဒီအချက်ကို ကြည့်ခြင်းဖြင့် ရှင်ဘုရင်တို့  သည် တိုင်းပြည်၏ အခွန်ကို စားရသဖြင့် ပြည်တွင်း၊ ပြည်ပမှာ အန္တရာယ်မှန်သမျှကို ကာကွယ် စောင့်လျှောက်ပေးရမြဲ ဖြစ်ကြောင်း သိနိုင်ပါတယ်။

  အနော်ရထာမင်းသည် ဗုဓ္ဒဘာသာတွင် သက်ဝင်ယုံကြည်သော အချိန်တွင် နတ်တို့ ကို ကိုးကွယ်ခြင်းသည် သရနဂုံ ပျက်ကြောင်းဖြစ်သဖြင့် ရွှေစည်းခုံတွင်းမှာ နတ်လျှောင်းအိမ်ထားကား နတ်ရုတ်တွေကို သိမ်းစည်းလိုက်ပါတယ်။ အဲဒါကြောင့် လူတွေကတော့ နတ်က မကျေနပ်လို့ ရှင်ဘုရင် ကံညံတဲ့အခိုက် သေအောင် ကျွဲယောင်ဆောင် ခတ်တယ်လို့  ပြောပါတယ်။  သို့ ဖြစ်ပါသဖြင့် တရားစောင့်သော မင်းများကို စောင့်လျှောက်သော တံခါးစောင့်နတ်က ကြွမသွားဘို့  တားတာလို့  ဆိုပါတယ်။ ဒါတွေဟာ ကျမတို့  သိနိုင်တဲ့ ကိစ္စတွေ မဟုပ်ပါဘူး။

     ကျမအနေနဲ့ ကတော့ ဒီလို မထင်ပါဘူး ။ ဘာလို့ လဲဆိုတော့ အဲဒီ နတ်လို့  ပြောနေတာတွေက အောက်နတ်တွေပါ။ လူထက်ကို အဆင့်နိမ့်ပါသေးတယ်။ တကယ်တော့ အဲဒါတွေဟာ လူတွေ ပြောပြော နေတဲ့ တစေ၊ သူရဲ အသူရကယ်ပြိတ္တာ အမျိုးအစားတွေပါ။  နတ်လှံကိုင်ထားတဲ့ ဘုရင်ကို အဆုံးစီရင်နိုင်တယ် ဆိုတာ မဖြစ်နိုင်ပါဘူး။ အတိတ်ဇာတ်လည်း ရှိလို့ ၊ ကံတော်လည်းကုန်လို့  မို့ သာ ကျွဲခောတ်လို့  အင်း ဘုရင်ဆိုတော့ နတ်ရွားလားသည်ပေါ့နော် (အရပ်စကားအရတော့ သေရပါတယ်)။  တံခါးစောင့် နတ်ကလည်း အတိတ်ဇာတ်အရ ကံကုန်နိုင်တာကို သိလို့ သာတားတာ ဖြစ်မှာပါ။ ကံကုန်တာခြင် တူရင်တောင် နန်းတော်မှာ ဆိုရင်တော့ ကောင်းကောင်းမွန်မွန် ဖြစ်မယ်ထင်ပါတယ်။

     ဒီလို တံခါးစောင့်နတ်က ကိုယ်ထင်ပြကာ သေမည့် အန္တရာယ် ရှိပါတယ်။ မသွားပါနဲ့ လို့  တားမြစ်တာတောင်မှ သက်ဦးဆံပိုင် ရှင်ဘုရင်ဖြစ်တဲ့  အနော်ရထာမင်းဟာ တိုင်းသူ၊ ပြည်သားအပေါင်းပေါ် တွင် ရင်ဝယ်သားနှင့် မခြား ချစ်မြတ်နိုးတော် မူသောကြောင့် မိမိအသက်ကိုပင် ပဒါနမထားပဲ သွားရောက် နှိမ်နင်းခဲ့ပါတယ်။  တာဝန်ယူတတ်ပြီး၊ အလွန်ချစ်စရာ၊ အားကိုးကြည်ညိုစရာ ကောင်းသော မင်းဆိုတာ သိသာပေါ် လွင် လှပါတယ်။


        ဒါကတော့ ငှက်ပစ်တောင်အရပ်က ရှင်အရဟံ အုတ်ကျောင်းပါ။ မြန်မာပြည်ရဲ့  သာသနာအစပြုရာ ၊ ပုဂံသို့  ဗုဓ္ဒသာသနာ ရောင်ဝါကို ထွန်းငြိပေးခဲ့သော ရှင်အရဟံ သီတင်သုံး နေထိုင်ခဲ့သော ကျောင်းတော်ရဲ့  အရှေ့ ခြမ်းပါ။


               အနောက်က အုတ်တိုက်ထဲမှာ ရှင်အရဟံ သီတင်းသုံးနေထိုင်တော် မူပါတယ်။ ဒါကတော့ ဆရာတော်ရဲ့ ပုံတူရုတ်ထုပါ။   မြန်မာလူမျိုးတို့ အတွက် အလွန်တရာမှ ကျေးဇူးများတော်မူသော ရဟန္တာ အရှင်သူမြတ်ကြီး ဖြစ်ပါတယ်။ 
  
         ပျူနိုင်ငံတော်သည် တရုတ်သူပုန်တို့  မကြာခဏ နယ်ချဲ့ တိုက်ခိုက်မူကြောင့် ပျက်သုန်းခဲ့ရပါတယ်။

      ပျူခောတ်ကုန်သော် ပုဂံခောတ် စတင် တည်ထောင်သော အခါ ပုဂံ အရပ်ဒေသတွင် ရန်သူ(၄)မျိုးသည် (၁၂) နှစ်တိုင်တိုင်း နှိတ်စက်သောင်းကျန်း နေကြောင်း  ပြောပြနေပုံ ပန်းချီများကို နံရံဆေးရေးများ အဖြစ် တွေ့ မြင်နိုင်ပါတယ်။ 

     အချိန်မရှိတော့လို့  အဲဒီ အကြောင်းလေး ကိုတော့ နောက်ရက်မှပဲး ခွဲတင်ပေပါမယ်နော်။  ဒီနေ့ အတွက်တော့ ဒီမှာပဲ ရပ်လိုက်ပါပြီ။



3 comments:

သရပါကျောက် said...

နတ်လှောင်ကျောင်းဟာ ဟိန္ဒူကျောင်းပါ၊ ဗုဒ္ဓဘာသာနဲ့အတူ အိန္ဒိယကဟိန္ဒူအယူဝါဒပါတချိန်က ပုဂံမှာထွန်းကားခဲ့တာပါ၊ ဗမာတွေ စိတ်ကူးယဉ်ပြီး ထိုးဇတ်တွေ လုပ်ကြလွန်းလို့ ပုဂံရာဇဝင်တောင် ဒုတ်ထမ်းပြောရမဲ့ အဖြစ်ကို ရောက်ရတော့တာပါပဲ

စော(အဝါရောင်မြေ) said...

ကိုကြီးကျောက် ပြောတဲ့ ကျောင်းကို ကျတော် သေချာ မသိပါဘူး။
ကျတော် ပြောတဲ့ နတ်လျှောင်းကျောင်းက ရွှေစည်းခုံဘုရားမှာ ရှိတဲ့ နတ်လှောင်အိမ် သေးသေးလေးကို ပြောတာပါ။ နတ်ရုတ်တွေများလို့  လှောင်အိမ်ထဲ (၃၇)ရုတ်၊ လှောင်အိမ်ပြင်မှာ (၃၇)ရုတ် ထားထားတာကနေ နတ်ကတော်တွေက အတွင်း (၃၇)မင်း၊ အပြင် (၃၇)မင်းလို့  ပြောခဲ့တာလို့  ဆရာတော် တပါးပြောဘူးတာတော့ မှတ်မိနေပါတယ်။

ငွေလမင်း said...

စောပြောသလိုပါဘဲ အနော်ရထာ ကံကုန်လို့ ဆုံးသွားတာပါ နတ်တွေက ကျွဲလိုဖန်ဆင်းပြီးသတ်တယ် လို့ ပြောတာလက်မခံချင်ပါဘူး နတ်ဆိုတာ လူထက်တောင် နိမ့်ကျပါသေးတယ်