အဘိဏှသုတ် (ဗုဒ္ဓဓမ္မ ဦးလောကနာထ မှ)
အဘိဏှသုတ် (ဗုဒ္ဓဓမ္မ ဦးလောကနာထ မှ ကူးယူဖော်ပြပါသည်)
ကံတရားကို အမြဲမပြတ် ဆင်ခြင်ပါ…
''မိမိ၏ ကံသာလျှင် မိမိဥစ္စာ ရှိ၏၊ ကံ၏ အမွေခံ ဖြစ်၏၊ ကံသာလျှင် အကြောင်းရှိ၏၊ ကံသာလျှင် အဆွေအမျိုး ရှိ၏၊ ကံသာလျှင် ကိုးကွယ် မှီခိုရာရှိ၏၊ ကောင်းသည်ဖြစ်စေ မကောင်းသည်ဖြစ်စေ ငါပြုမိသော ကံ၏ အမွေခံသာ ဖြစ်ရပေမည်'' ဟူ၍ မိန်းမဖြစ်စေ ယောက်ျားဖြစ်စေ လူဖြစ်စေ ရဟန်းဖြစ်စေ မပြတ် ဆင်ခြင်အပ်၏။
ရဟန်းတို့ သတ္တဝါတို့အား ကာယဒုစရိုက် ဝစီဒုစရိုက် မနောဒုစရိုက်သည် ရှိ၏၊ ထို(ကံ) အကြောင်းကို မပြတ် ဆင်ခြင်သော ထိုသူအား မကောင်းမှုသည် အချင်းခပ်သိမ်းမူလည်း ပျောက်ကင်း၏၊ ခေါင်းပါးခြင်းမူလည်း ဖြစ်၏။
''ငါတစ်ယောက်တည်းသာလျှင် ကံသာလျှင် မိမိဥစ္စာရှိသည် ကံ၏ အမွေခံဖြစ်သည် ကံသာလျှင် အကြောင်းရှိသည် ကံသာလျှင် အဆွေအမျိုးရှိသည် ကံသာလျှင် ကိုးကွယ်မှီခိုရာ ရှိသည် ကောင်းသည်ဖြစ်စေ မကောင်းသည် ဖြစ်စေ ငါပြုမိသော ကံ၏ အမွေခံဖြစ်သည် မဟုတ်၊ စင်စစ်မူကား ဤဘုံဘဝသို့ လာခြင်း တစ်ခြားဘုံဘဝသို့ သွားခြင်း စုတေခြင်း ပဋိသန္ဓေ နေခြင်းရှိသည့် သတ္တဝါဟူသမျှ အားလုံးတို့သည် ကံသာလျှင် မိမိဥစ္စာ ရှိကုန်၏၊ ကံ၏ အမွေခံ ဖြစ်ကုန်၏၊ ကံသာလျှင် အကြောင်းရှိကုန်၏၊ ကံသာလျှင် အဆွေအမျိုး ရှိကုန်၏၊ ကံသာလျှင် ကိုးကွယ် မှီခိုရာ ရှိကုန်၏၊ ကောင်းသည်ဖြစ်စေ မကောင်းသည်ဖြစ်စေ ပြုမိသော ကံ၏ အမွေခံတို့သာ ဖြစ်ကြလိမ့်မည်'' ဟု ဆင်ခြင်၏။
ထိုကံအကြောင်းကို မပြတ် ဆင်ခြင်သော ထိုသူအား မဂ်သည် ကောင်းစွာ ဖြစ်ပေါ်လာ၏၊ ထိုအရိယာတပည့်သည် ထိုမဂ်ကို မှီဝဲ၏၊ ပွါးများ၏၊ ကြိမ်ဖန်များစွာ ပြု၏၊ ထိုမဂ်ကို မှီဝဲသော ပွါးများသော ကြိမ်ဖန်များစွာ ပြုသော ထိုသူအား သံယောဇဉ်တို့သည် အချင်းခပ်သိမ်း ပျောက်ကင်းကုန်၏၊ အစဉ်ကိန်းနေသော 'အနုသယ' တရားတို့သည် ကင်းပြတ်ကုန်၏ ဟု မိန့်တော်မူ၏။
Tuesday, February 22, 2011
ကလိ ကလိ နှင့် အူယားလာသော ရာဇဝင်
          ပြီးခဲ့တဲ့ လကထဲက အိမ်ပြန်သွားတာ ခုမှ ပြန်ရောက်လာပါတယ်။ သွားခဲ့သော နေရာတွေကတော့ အများကြီးပေါ့လေ။ ဒါပေမယ့် ဒီပြန်ရောက်တဲ့ အထိ ပါလာသော အူယားနေတဲ့ စိတ်ထဲက ကလိ ကလိကြီးကတော့ ရေးပြခြင်စိတ်တွေ အဲ… ပြောပြခြင်စိတ်တွေ တဖွားဖွားးဖြစ်လာနေတယ်။
          ကျမရဲ့ ဇာတိမြို့ ကလေးက ပုဂံနှင့် ၂၅မိုင်သာ ဝေးပါတယ်။ ဧရာဝတီမြစ်ရိုး အရှေ့ တစ်လျှောက်ကမြို့ ထဲမှာ ပုဂံပါပါတယ်။ သွားရမယ့် ဝတ်တရားရှိတဲ့ နေရာတွေကို ဝတ်တရား အရ လျှောက်သွားပြီး ၁၀ ရက် လောက်ရှိမှ ကျမရဲ့  မွေးရပ်လေးကို ပြန်ရောက်ပါတယ်။ ပြန်ရောက်တော့လဲ ပုဂံ၊ စလေ၊ ရွှေစက်တော် နှင့် ကျောင်းတော်ရာတွေကို ရောက်တတ်ရာရာ သွားခဲ့တော့တာပါပဲရှင်။
လှည်းဝံရိုးသံ တညံညံ ပုဂံ ဘုရာပေါင်းတဲ့ (4 446 733 ဆူ လိုဆိုလိုပါတယ်)။
ရွှေလသာ ဝါဝါဝင်း မြစ်သို့ ရေချိုးဆင်း ကတော့ မြစ်ထဲ မျှောပါသွားတဲ့ ပုဂံ ဘုရားပေါင်းက (446 444 ဆူ)ပါ။ ဒါတွေက ကြီးကြီးမားမားတွေရော၊ သေးသေးမွှားမွှားတွေရော ရေထားတာပါ။
          ဘယ်အရာမှာပဲ ဖြစ်ဖြစ် ရှေ့ ၊ နောက် တွေးခေါ်ဖို ၊့ သတိချပ်သင့်လှပါတယ်။ ကိုယ်တွေ  ကတော့ အရွယ်လွန် အိုးမင်းလာရင် သေမှာပါပဲ။ ဒါပေမယ့် အနီးဆုံးကို လှမ်းကြည့်အုံး ကိုယ့်သား၊ သမီး နှင့် မြေး ကလေးတွေလက်ထက်မှာ သဲ ကန္တာရမှာ နေစေမလားလို့ ။ အတွေးနှင့်တင် စိတ်မောစရာ ကောင်းပါတယ်။ တောပြောင်းခဲ့ရင်တောင် သာယာနိုင်ပါ့မလား ? ။ အပူကတော့ ဟတ်မှာပါပဲ။
           ကျမတော့ အာရပ် စောဘွားတွေ ချမ်းသားတာကို အားမကျပါဘူး။ ဘာလို့ လဲဆိုတော့ နေ့ မှာ အရမ်းပူပြီး၊ ညမှာ အရမ်းချမ်း တဲ့ ရာသီဥတုကြီးမှာ နေရတာ။ ရေကို နိုင်ငံထဲ တင်သွင်းဖို့  ဈေးကြီးလွန်းလို့  အဝတ်ကို တခါထဲ အမုန်းဝတ်ပြီး လွှင့်ပြစ်ရတယ်။ အဝတ်ဈေးထက် ရေဈေးကကြီးသတဲ့။ အဝတ်လဲမှ ရေတခါသာ ချိုးကြတယ်တဲ့။ ရေပတ်လောက်ပဲ တိုက်ခြင်တိုက်ကျမှာ နေ့ မှာအရမ်းပူလို့  အပူရှပ်မှာလဲ ရှိသေးတယ်လေ။
          ကဲလေ လမ်းကြောင်းတွေ ဘယ်ရောက်ကုန်လဲ မသိဘူး။ ပုဂံကို အရင်ဆုံးသွားလည်တော့ ဗွီစီဒီ နှင့် သမိုင်းကြောင်းတွေပြောပြတဲ့ (မြင်ကွင်းတွေလဲတွေ့ ရဆိုတော့) အခွေကို ဘုရားမှာ မီးပူဇော်ဖို့  ပိုက်ဆံလှူရင်း တွေ့ တာနဲ့  တခါထဲ ဝယ်ခဲ့ပါတယ်။ ကိုယ်အရပ်ကလဲ ပုဂံနဲ့  သိပ်မဝေး၊ အမျိုးတွေကလည်း ဒီပတ်ဝန်းကျင်းမြို့ တွေမှာ ကြီးလာတော့ ပါးစပ်ရာဇဝင်တွေကို ငယ်ငယ်က အိပ်ရာဝင်ပုံပြင်လို နားထောင်ရင်း ကြီးပြင်းလာခဲ့တာပေါ့။ ပုဂံသွားတိုင်းလဲ နားထောင်ခြင်ခြင်၊ မထောင်ခြင်ခြင် ပုဂံက ကလေးလေးတွေက တောက်ရှောက် လိုက်ပြောနေတာရှင့်။
          ဟော ဒီတစ်ခေါက်ပြန်မှပဲ သမိုင်းကြောင်းတွေ ပြောင်းကုန်တာ သိရပါတယ်။ တခြား သမိုင်းကြောင်းတွေ ပြောတာ နားထောင်ရတုံးက အများကြီး မပြောင်းလှပါဘူး။ မနူဟာ ဘုရားကြောင်း ရောက်မှ မကြားဘူးတာတွေ ဘာတွေမှန်းလဲ မသိဘူး။ ပဲခူးဘုရင်နှင့် တိုက်တဲ့ ကျွမ်းစစ်သည်တွေကလဲ မနူဟာနှင့် အမျိုးတွေဖြစ်ရဲ့ နှင့် စစ်တိုက်သေး သတဲ့ ရှင်။ မနူဟာ ဘုရင်ရဲ့ လုံခြုံရေးအတွက် ပုဂံဘုရင် အနော်ရထာက စောင့်ရှောက်ဖို့  ခေါ်လာတာဆိုပဲ။ ဘုရားရေလို့ တောင် `တ` လိုက်ခြင်ပါတော့တယ်။ ပုဂံ ခောတ်မှာတောင် စောင့်ရှောက်တာပေါ်လာပြီကိုယ်း။  :D
          ပုဂံရဲ ရှေးနေပြည်တော်နံမည်က ပေါက်ကံရာမ ပါ . . . ကလေးတုံးက သင်ရတဲ့ ရာဇဝင် တွေမှာပါပြီးသားပါ (မြကျောက်စာမှာပါ) ။ အနော်ရထားမင်းဟာ သေလည်ကြောင်မင်းရဲ့ သားလို့ ထင်တာပဲ (မှတ်မိတာကတော့ အဲလိုပဲ)။ ဘုန်းတံခိုးကြီးလွန်းလို့  နတ်တွေကတောင် အရိန္နမာလှံ ဆက်သ ထားခြင်းခံရတဲ့ မင်းပါပဲ။ တရားသဖြင့်လဲ တိုင်သူပြည်သားတွေကို အုပ်စိုးခဲ့ပါတယ်။
           အဲလို သူစမင်းလုတ်ရတုံးက ဘုရားသာသနာဟာ တိမ်ဖုံးနေတဲ့ အချိန်ပေါ့၊ အရည်ကြီးများ ခောတ်မို့  တရားစောင့်သော ကိုယ်တော်တွေဟာ မြို့ စွန်၊ တိုင်းဖျားမှာနေကြတာပေါ့။ ဒါပေမယ့် ဘုန်းကံရှင် သာသနာပြုမင်းဖြစ်ရမယ့် ကံရှိတော့ (သထုံ အရပ်မှာလဲ သာသနာ မကွယ်ပ ခင်) ဘုရားရှင်ရဲ့  ဗျာဓိတ်တော်နဲ့  အညီ ရှင်အရဟံ ကိုယ်တော်မြတ်ဟာ ပုဂံအရပ်ကို ကြွရောက်လာပြီ သီတင်းသုံးလို့  သာသနာ အဒွန့် ရှည်ဖို့ ရာ ဆောင်ရွတ်တော်မှုပါတယ်။
          တောထဲကို သား၊ သမင်လိုက်ဖို့ တောကစားထွက်လာတဲ့ အနော်ရထာဘုရင်နှင့် တောအရပ် မှာ သတင်းသုံးနေတဲ့ ရှင်အရဟံက တောစပ်မှာ ဆုံမိတယ်ဆိုရင်ပဲ အိန္ဒြရေ သိက္ခာနှင့် ပြည့်စုံလှတယ်လို့  ကြည်ညို သဒ္ဒါတရားဖြင့် မေးလျှောက်ပါတယ်။ ဘယ်အရပ်က ကြွလာပါသလဲ၊ ဘယ်လို တရားများကို ကျင့်သုံးပါသလဲ၊ အရှင်ဘုရားရဲ့ ဆရာက ဘယ်သူပါလဲ ဆိုတဲ့ စကားများဖြင့် ခရီးဦး ကြိုဆို နူတ်ခွန်း ဆက်မေးမြန်ခဲ့ပါတယ်။ အဲဒီ အရပ်မှာပဲ ဆရာ အဆုံးအမကောင်းကို ရသဖြင့် ဗုဓ္ဒဘာသာမှာ သက်ဝင်လို့  သရဏဂုံတည်ခဲ့ပါတယ်။
          သာသနာပြုဖို့ ရာ လျှောက်ထားတော့ ရှင်အဟရံက ပိတက္ကဍ်သုံးပုံ(သတ်ပုံ မှားနေလားမသိပါ) ရှိမှသာ သာသနာပြုရန် ဖြစ်နိုင်မယ်။ ဘယ်အရပ်မှာ ရှိပါသလဲ မေးလျှောက်တော့ ယခု သာသနာသည် မနုဟာမင်းအုပ်စိုးသော သူဝဏဘူမိ(သထုံ)အရပ်မှာ ပွင့်လင်းလျက် ရှိနေကြောင်းနှင့် ထိုအရပ်မှာပင်ရနိုင်ကြောင်း ဖြေကြားခဲ့ပါတယ်။ သံတမန်တော် ဝန်မင်းများနဲ့  အတောင်းလွှတ်ရာမှာ မနူဟာ ဘုရင်ဟာ ရာဇမာန်တက်လျက် ပေါက်ကံရာမ အရပ်သည် ဒိတ်ထိများနေရာဖြစ်သည် ဘုရားသာသနာအနှစ် တရားတော်များနှင့် မထိုက်တန်လို့  မပေးနိုင်ဘူးလို့  ရင့်ရင့်သီးသီး ပြောဆို နှင်လွှတ်လိုက်ပါတယ်။
          ဗုဓ္ဒဘာသာဝင် ဖြစ်ပေမယ့် စိတ်နှစ်လုံး နူးညံ့မှု မရှိတဲ့ မနူဟာမင်းဟာ ပျက်ဆီးဖို့ ရန် အကြောင်း ဆိုက်လာတော့ အနော်ရထာမင်းက တရားသဖြင့် ကောင်းမွန်စွာတောင်းပါရဲ့နှင့် ရိုင်းပြစွာ ဆက်ဆံခဲ့တဲ မနူဟာဘုရင်အုပ်စိုးရာ သုဝဏဘုမိမြို့ ကို ချီတက်တိုက်ခိုက် သိမ်းပိုက်နိုင်သဖြင့် ပိတက္ကဍ်သုံးပုံ နှင့် တကွ ၊ မွန်အရပ်မှာ လက်မှုပညာသည် သုံ့ ပန်းမျိုးစုံတို့ ပါ ခေါ်ဆောင်ပြီ၊ ယခု မနူဟာဘုရား ရုတ်ပွှားတော်ရှိရာ မြင်းကမ္ဘာအရပ်မှာ အကျယ်ချုတ်ဖြင့် ထားခဲ့ပါတယ်။
          အဲဒီမှာလည်း ကြားဖြတ်လေး အကြောင်းအရာဆက်စပ်နေလို့  ဗျက်ဝိ၊ ဗျက်တ အကြောင်းလေး ပြောလိုက်ပါအုံးမယ်။ သူတို့ ညီနောင်နှစ်ပါးက သုဝဏသားတွေပါ။ သူတို့ ကိုယ်းကွယ်တဲ့ ဘုန်းကြီးက ဇော်ဂျီဖြစ်ဖို့ ရာ ဖိုဝင်ပါသတဲ့။ ဖိုဝင်တယ်ဆိုတာ (၇) ရက်လောက် လူသေလို အိပ်နေတာပါတဲ့။ ဒါပေမယ့်  ခွေတို့ ၊ လင်းဒတွေကကိုက်မိ၊ စားမိရင်(တစ်စုံ တစ်ခုသော အန္တရာယ်တွေ့ ရင်) လူသေပြီး ဇော်ဂျီ မဖြစ်တော့ဘူးတဲ့။ ဒါကြောင့် သူတို့ ညီနောင် နှစ်ယောက်ကို စောင့်ရှောက်ခိုင်း ပါတယ်။  သူတို့ ကလဲ အစကတော့ စောင့်ရှောက်နေရာကနေ၊ နောက်တော့ ဇော်ဂျီ ဖိုဝင်သားစားရင် အစွမ်းရှိတာကို သိသွားပြီး မီးကင်စားလိုက်တာပေါ့။ ဘယ်လို ကြီနေလဲ မသိဘူးနော် လူသားတောင် ဇော်ဂျီဖိုဝင်သားဆိုတော့။ ကိုကြီးကျောက် ဆိုရင်တော့ အရိုးမှာကပ်နေတာပဲ စားရမယ်ထင်တယ်  . . . :P ။ မကြီး ချစ်ကြည်အေး ဆိုရင်တော့ အသားချည်းပဲ . . :D . . ချစ်လို့  စတာပါ။
          အဲဒါကို ဘုရင်ကသိသွားတော့ ရန်လဲကာကွယ်ပြီးဖြစ်အောင် ဖမ်းပြီး မြို့ ရိုးတည်ရာမှာ ဗျဝိရဲ့ သွေးကိုလောင်းလို့  မြို့ စောင့်လုတ်ခိုင်းပါသတဲ့။ ဗျတ္တကတော့လွတ်သွားပြီး ပုဂံအရပ်မှာ လာရောက် ခိုလုံနေတာပေါ့။ သုဝဏဘူမိနှင့် စစ်တိုက်ဖို့ရာဖြစ်လာတော့ ဗျတ္တကို ခေါ်သွားပြီး သွေးကို မြို့ ပတ်လောင်းရာမှာ ကြက်မတဝတ်စာ မြေဟာ သွေးကုန်သွားလို့  မလောင်းလိုက်ရဘူးလို့ မှတ်သားရဘူးတယ်။ အဲဒီ နေရာကနေ ဗျတ္တက မြို့ ရိုးပေါ်ခုန်ဝင်ပြီ မြို့ တံခါးဖွင့်ပေးခဲ့တဲ့ အတွက် သုဝဏဘုမိကို လွယ်ကူစွာပဲ သိမ်းပိုက်နိုင်ခဲ့ပါတယ်။
          မနူဟာဘုရင်ဟာ တခြားထီးဆောင်းမင်းရဲ့ အောက်မှာ စိတ်ကျင်းကျပ်စွာနေထိုင် ခဲ့ရလို့  သူပိုင် နဝရတ်လက်စွတ်တော်ကို ရောင်းချကာ သူမည်ကဲ့သို့  ခံစားအသက်ရှင်ရကြောင်း နှောင်းလူတို့သိရစ်စေရန် မနူဟာဘုရားကို လက်စွတ်ရောင်းရငွေ လည်းအစည်း တစ်ထောင်တိုက်စာမျှ ရှိသောငွေတို့ ဖြင့် ဆောက်လုတ်လှုဒါန်းခဲ့ပါတယ်။
          အဟဲ ပြောရအုံးမယ် ပုဂံဟာ ရှေးမြို့ ပျက်ဟောင်းဆိုတော့ တော်ကြာ ရှေးခောတ်က အဝတ် အစားတွေနဲ့  လူအုပ်စုလိုက် အမြဲ ခြောက်ဆိုပဲ။ အဲ တချို့ ကလည်း မနူဟာဘုရင်ဟာ ခုထိ ပုဂံနှင့် သုထုံကို ဆင်း၊ မြင်း ဗိုလ်ပါတွေနှင့် သွား၊ လာနေတုံးပဲတဲ့ . . . ညမိုးချုတ် ပုဂံမှာ လျှောက်မသွားကြနဲ့ အုံးနော်။  :D
          နောက်တစ်ခု ပုဂံသူ၊ ပုဂံသားတွေရဲ့ ပြောပြချက်အရ သိရတာကတော့ ရွှေစည်းခုံစေတီရဲ့ လုံးပတ်တော်နှင့် ရန်ကုန်မှ ရွှေတိဂုံဘုရား၏ လုံးပတ်တော်မှာ အတူတူပင်ဖြစ်သော်လည်း အပ်ချည်ကြိုးဖြင့် တိုင်းထွာပြီး ရွှေတိဂုံဘုရား မှာ တိုင်ထွာလျှင် ကြိုးစ မမှီ သကဲ့သို့  ရွှေတိဂုံ ဘုရားမှ လုံးပတ်တော်ကို တိုင်းထွာထားသော ကြိုးစသည်လဲ ရွှေစည်ခုံဘုရာမှာ ကြိုးစ မပတ်မိပါဘူး။
          ရင်ထဲက ပြောခြင်နေတာတွေ ပြောလိုက်ရလို့ ပေါ့သွားပြီ။ သိတဲ့သူရှိလို့ မှားနေတာတွေ့ လဲ ပြောကြပါအုံးနော်။