အဘိဏှသုတ် (ဗုဒ္ဓဓမ္မ ဦးလောကနာထ မှ)

အဘိဏှသုတ် (ဗုဒ္ဓဓမ္မ ဦးလောကနာထ မှ ကူးယူဖော်ပြပါသည်)

ကံတရားကို အမြဲမပြတ် ဆင်ခြင်ပါ…

''မိမိ၏ ကံသာလျှင် မိမိဥစ္စာ ရှိ၏၊ ကံ၏ အမွေခံ ဖြစ်၏၊ ကံသာလျှင် အကြောင်းရှိ၏၊ ကံသာလျှင် အဆွေအမျိုး ရှိ၏၊ ကံသာလျှင် ကိုးကွယ် မှီခိုရာရှိ၏၊ ကောင်းသည်ဖြစ်စေ မကောင်းသည်ဖြစ်စေ ငါပြုမိသော ကံ၏ အမွေခံသာ ဖြစ်ရပေမည်'' ဟူ၍ မိန်းမဖြစ်စေ ယောက်ျားဖြစ်စေ လူဖြစ်စေ ရဟန်းဖြစ်စေ မပြတ် ဆင်ခြင်အပ်၏။

ရဟန်းတို့ သတ္တဝါတို့အား ကာယဒုစရိုက် ဝစီဒုစရိုက် မနောဒုစရိုက်သည် ရှိ၏၊ ထို(ကံ) အကြောင်းကို မပြတ် ဆင်ခြင်သော ထိုသူအား မကောင်းမှုသည် အချင်းခပ်သိမ်းမူလည်း ပျောက်ကင်း၏၊ ခေါင်းပါးခြင်းမူလည်း ဖြစ်၏။

''ငါတစ်ယောက်တည်းသာလျှင် ကံသာလျှင် မိမိဥစ္စာရှိသည် ကံ၏ အမွေခံဖြစ်သည် ကံသာလျှင် အကြောင်းရှိသည် ကံသာလျှင် အဆွေအမျိုးရှိသည် ကံသာလျှင် ကိုးကွယ်မှီခိုရာ ရှိသည် ကောင်းသည်ဖြစ်စေ မကောင်းသည် ဖြစ်စေ ငါပြုမိသော ကံ၏ အမွေခံဖြစ်သည် မဟုတ်၊ စင်စစ်မူကား ဤဘုံဘဝသို့ လာခြင်း တစ်ခြားဘုံဘဝသို့ သွားခြင်း စုတေခြင်း ပဋိသန္ဓေ နေခြင်းရှိသည့် သတ္တဝါဟူသမျှ အားလုံးတို့သည် ကံသာလျှင် မိမိဥစ္စာ ရှိကုန်၏၊ ကံ၏ အမွေခံ ဖြစ်ကုန်၏၊ ကံသာလျှင် အကြောင်းရှိကုန်၏၊ ကံသာလျှင် အဆွေအမျိုး ရှိကုန်၏၊ ကံသာလျှင် ကိုးကွယ် မှီခိုရာ ရှိကုန်၏၊ ကောင်းသည်ဖြစ်စေ မကောင်းသည်ဖြစ်စေ ပြုမိသော ကံ၏ အမွေခံတို့သာ ဖြစ်ကြလိမ့်မည်'' ဟု ဆင်ခြင်၏။

ထိုကံအကြောင်းကို မပြတ် ဆင်ခြင်သော ထိုသူအား မဂ်သည် ကောင်းစွာ ဖြစ်ပေါ်လာ၏၊ ထိုအရိယာတပည့်သည် ထိုမဂ်ကို မှီဝဲ၏၊ ပွါးများ၏၊ ကြိမ်ဖန်များစွာ ပြု၏၊ ထိုမဂ်ကို မှီဝဲသော ပွါးများသော ကြိမ်ဖန်များစွာ ပြုသော ထိုသူအား သံယောဇဉ်တို့သည် အချင်းခပ်သိမ်း ပျောက်ကင်းကုန်၏၊ အစဉ်ကိန်းနေသော 'အနုသယ' တရားတို့သည် ကင်းပြတ်ကုန်၏ ဟု မိန့်တော်မူ၏။

Thursday, March 15, 2012

မွန်းကျပ်မူ့ ကို ဖောက်ထွက်လို့ 


             သေခြင်တဲ့ ကျားတောပြောင်း ဆိုတဲ့ စကာပုံလိုပဲ၊ အလုတ်ပြောင်းလိုက်တာ အသွားမတော် တလှမ်း၊
အစားမတော် တလုပ် ဖြစ်သွားတယ်။ ကျောင်းပြီးခါစက ကျမမြို့ လေးကနေ ခွဲခွာထွက်ခဲ့ရတုံးကလည်း မိဘအိမ်မှာ
မိဘရဲ့  အမိုး၊ အကာ အောက်ကနေ လောကကြီးကို မမြင်ဘူးတဲ့ အံသြစရာကောင်း၊ မသိဘူးသေးတဲ့ လူတွေရဲ့ 
လူလည်ကျတတ်၊ ငှဲ့ ညာမူ မရှိတဲ့ အတွေ့ အကြုံတွေကို ထူးဆန်းစွာ ကြည့်ပြီ ရင်ဆိုင်ခံစားခဲ့ဘူးတယ်။ အလုတ်စလုတ်မှ လူလောက အကြောင်း သိရလေအောင် ကာကွယ် စောင့်ရှောက်ခဲ့တဲ့ မိဘနှင့် ဆွေမျိုးတွေရဲ့  ကျေးဇူးတွေကို ခုတော့မှ နာလည်မိတယ်။

          အဲဒီတုံးကတော့ တဖြည်းဖြည်းခြင်း ကိုယ့်ကိုယ်ကို ရင့်ကျက်လာတယ်လို ထင်ခဲ့၊ အသိအမှတ်ပြုခဲ့ ဘူးတယ်။  တခါ ကိုယ့်မခံရပ်နိုင်တဲ့ ခါးသည်းမူတွေကို အချိုးအကွေ့ တွေ တွေ့ ရတိုင်း ရင်ထဲမှာ နာကျင်စွာ ခံစားရတိုင်း ရင့်ကျက်မူ့ ဆိုတာ ဒါမျိုးတွေကို ရင်ဆိုင်ရင် ` သြ ၊ . . .  ဒါတော့ ငါ မခံစားနိုင်သေးပါလား ​` စဉ်းစားခဲ့ဘူးတယ်။ အဟပ်  သူရဲခြောက်တယ်လို့  စိတ်ထဲ ထင်လိုက်တိုင် ခြေဖျား၊ လက်ဖျားတွေ အေးသွားပြီး စိတ်ထဲမှာ တုန်လှုတ်သွားတိုင်း တကယ်တော့ ငါဟာ ကြောက်တတ်နေတုံး ပဲဆိုတာ ကိုယ်ဘာသာ လက်ခံလိုက်ရတာလိုမျိုးပါပဲ။

          နိုင်ငံခြားမှာ အလုတ် , လုတ်ရတာ နတ်ပြည်ရောက်သွားတာလည်း မဟုပ်ဘူး၊ ငရဲပြည် ရောက်တာလား ?   နေ့ ခံ၊ ညစံတဲ့ ပြိတာဘဝ ကို လူအရှင်လတ်လတ်ပဲ ရောက်သွားတာလားလို့ လည်း စဉ်စားနိုင်တယ်။ ပြောင်းခဲ့မိတဲ့ အလုတ်ကို ပြောပါတယ်။ ဒါပေမယ့် မသေမခြင်းတော့ အလုတ် လုတ်နေရဦးမယ်လေ  … စား၊ ဝတ်၊ နေရေးက ရှိသေးတာကိုး။ ဟိုတုံးက လူတွေ နိုင်ငံခြားမှာ ငွေရှာရင် တကယ်သူဌေး ဖြစ်ကောင်း၊ ဖြစ်ခြင် ဖြစ်မယ်။ ခုကတော့ ရန်ကုန်မှာ အိမ်ပိုင်ဘို့  ကို မဆိုထားနဲ့  သိတတ်သူဆို မိဘကို ကျေးဇူးဆပ်တာနဲ့ တောင် အိုစာကို ခြစ်ခြုပ်စုရမယ့်သူတွေ များစွာ ရှိပါတယ်။

          ပြီးခဲ့တဲ့ ၄၊ ၅ ၊ ၆ လ လောက်က ထိုင်းကနေ စင်္ကာပူကို အလည်လာတဲ့ ယိုဒယားမလေး၊ MRT (မီးရထား)  လမ်းပေါ်ကို ခုန်းဆင်းတဲ့  ကိစ္စကို စင်္ကာပူ လမ်းနှင့် ပို့ ဆောင်ရေးဌါနက စင်္ကာပူငွေသုံးသောင်း ကျော်နဲ့  ဖြေရှင်းပြီး လေယာဉ်ပေါ်ကိုယ် လိုက်ပို့ လိုက်တယ်။ ထိုင်း အစိုးရက လက်မခံပဲ သံရုံးကနေ စင်္ကာပူ အစိုးရနဲ့  အခြေအတင် စေ့စပ်ဆွေးနွေးလိုက်တယ်။ ကောင်းမလေးက ခုမှ ၁၆၊ ၁၇ နှစ်လောက် ခြေနှစ်ချောင်း ကျိုးသွားတယ်။ သုံးသောင်းခွဲးသည် သူမရဲ့  ကျန်ရှိတဲ့ ဘဝ တခုလုံး မဖြတ်နိုင်ပါဘူး။ ကောင်မလေးနှင့် မိဘတွေက ငွေသုံးသောင်းကျော်နှင့် ကျေအေးနိုင်ပေမယ့် အစိုးရက သူ့ နိုင်ငံသားရဲ့  ဆုံးရှုံးမူကို ဒီပိုက်ဆံလောက်နဲ့  လက်မခံနိုင်ပါဘူးဆိုလို့  သိန်း ၂၀ လောက်လို့ ထင်တယ် (သေချာ မမှတ်မိတော့ဘူး။ ) ထပ်ပြီး လျှော်ကျေးပေးလိုက်ရတယ်။

          ဘယ်နိုင်ငံမှာ မဆို သူ့ နိုင်ငံသားတွေကို ကာကွယ်ပေးတာတွေ မြင်ရတော့ ကိုယ့်လူမျိုးကို ကာကွယ်ဘို့  ပျက်ကွက်တဲ့ ဘယ်သူ့ ကိုမဆို စက်ဆုတ်တဲ့ ခံစားမူနဲ့  မုန်းခြင်မိတယ်။ သူများဆိုရင်တော့ ကံလို့  သတ်မှတ်ပြီး၊ ကိုယ့်သား၊ ကိုယ့်သမီး ၊ ကိုယ့် အမျိုးမှ လုံးလ စိုက်တတ်တဲ့ လူတွေကို တွေ့ ရတော့ အံသြ စိတ်ပျက်မိတယ်။ မင်းကျင့်တရားလည်း မသိ၊ ကျောသား၊ ရင်သားခွဲခြားတဲ့ အစိုးရတွေ တွေ့ တော့ ဘုရားလောင်း မင်းဝေသန်သရာ မင်းလုတ်ရင်း ငရဲခံခဲ့ရတာ သတိယလို့  ဆွံ့ အရောင်ဆောင်ခဲ့ရဘူးတာကို သတိရတယ်။ ဟီး ဟိ စိတ်ပျက်တာက အဲဒီ အလုတ်မှာ မကောင်းတဲ့၊ တရားမရှိ၊ အမျိုးမသိသူတွေနဲ့  တွေ့  လာခဲ့ရလို့ ၊ ထောင်နဲ့  တူတဲ့၊ အနိုင်ကျင့်တတ်တဲ့ အလုတ်ရှင်တွေ၊ လူတွေ ရှိနေလို့ ပါ။ သူတို့ ကို ကြည့်ပြီ တော့တောင် မန်နေဂျာ ဆိုတာ မတတ်ပဲနဲ့  ဟောက်စားနေတဲ့ လူတွေလို့  ထင်ခဲ့မိသွားတယ်။

          အင်း ခုတော့ ဒီ အကျဉ်းထောင် အလုတ်ထဲက ထွက်နိုင်ခဲ့ပါပြီ။ စလုံးမှာ ဘာလို့  မြန်မာတွေ မြန်မာလို့  အသိမခံခြင်တာလဲ။ ဒါပေမယ့် သူများလူမျိုးရဲ့  မကောင်းတဲ့ အကျင့်ကိုယ် လက်ခံကျင့်နေပြီး၊ ကောင်းတဲ့ အကျင့်ကိုတော့ လက်မခံခြင်တာလဲ။ ကျမလေ မွန်းကျပ်တဲ့ အိမ်မက်ကို ထပ် မမက်ခြင်တော့ဘူး။ ကိုယ်ရဲ့  ကောင်းတဲ့ အကျင့်ကိုယ် မထိန်းသိမ်းနိုင်တာ၊ မဟုတ်တာကို အထင်ကြီးတာလား၊ ခေတ်ရေစီး ဆိုတာလား။ ဟား ဟား ကိုယ့်လူမျိုးကို ရောင်းစားနေတာ တခြားနိုင်ငံသားလား၊ ကိုယ့်လူမျိုးလား။ လူတွေကို ကြောက်စရာကောင်းတဲ့ စိတ်ဓါတ်တွေနဲ့  တွဲးတွေ့  လိုက် ရတော့ သမဝါယမ ခောတ်ကလို လူကြိုက်များတဲ့ ပစ္စည်းတခုကို၊ မကြိုက်တဲ့ ပစ္စည်းတခုနဲ့  မလိုခြင်ပဲ တွဲးယူခဲ့ရသလိုပဲ။

          ဆိုလိုခြင်တာက ကိုယ်လူမျိုးကိုယ် ချစ်တတ်တဲ့ အသည်းနှလုံးဟာ၊ မနှစ်သက်တဲ့ မကောင်းတဲ့ ကိုယ်ကျင့်တရား ကူစက်ရောဂါတွေနှင့် ပူးတွဲးပြီး လူတကာ နှိမ်ချခံရတဲ့ အကြောင်းတရားတွေနှင့် ကောင်းခြင်း၊ မကောင်းခြင်းတွေနှင့် လူမျိုးတစုကို သမကုန်ပစ္စည်းလို ခံစားလိုက်ရတယ်။            

Tuesday, March 6, 2012

စင်္ကာပူ ခရစ်စမတ်စ်













                   လျှောက်သွားဖြစ်တာတွေ ဖုန်းနဲ့  ရိုက်ဖြစ်တာတွေ တင်ပေးလိုက်တာပါ။   မြန်မာ နိုင်ငံကို စင်္ကာပူနိုင်ငံနဲ့  တူတဲ့ နေရာမှာ စည်းကမ်းထိန်းသိမ်းတာနဲ့  ဥပဒေ အတိုင်းလိုက်နာတဲ့ ဝန်ထမ်းတွေ၊ ဥပဒေနှင့် ထိမ်းညို့  ထားတာ မျိုးကလွဲးရင် ကျန်တာတော့ ဘာမှ မတူစေခြင်ပါဘူး။

                    မြန်မာတွေကို ကိုယ်ကျင့်သီလပြည့်စုံတဲ့ အမျိုးမြက်တဲ့ လူမျိုးဖြစ်စေခြင်တယ်။ ဘယ်တိုင်းပြည်မှာ မဆို ကိုယ်ပိုင်ဟန်တွေ၊ ကိုယ်ပိုင် စိတ်ကူး၊ စိတ်သန်းတွေနဲ့  ကိုယ့်နိုင်ငံကို အကောင်းဆုံး တည်ဆောက်ကြသလို  မြန်မာတွေလဲ ကိုယ့်ခြေထောက်ပေါ် ကိုယ်ကျိုးစား ရပ်တည်နိုင်တယ်လို့  ယုံကြည်ထားတယ်။ ဘယ်နိုင်ငံမှာ ဘယ်လိုဆိုတာ လေ့လာရမယ်။ ဒါပေမယ့် ပုံတူကူးတာမျိုးတော့ မဖြစ်သင့်ဘူး ထင်တယ်လေ။ ကိုယ့်သိက္ခာတော့ ကိုယ်ထိန်းရမှာပေါ့။ သမိုင်းနှင့် အဆင်အလာ ရှိခဲ့တဲ့ လူမျိုးတွေပဲ။

                  မြန်မာဖြစ်ရတာ ရှက်နေ၊ ကြောက်နေတာထက် ကိုယ့်ကျင့်တရားပျက်မူ တွေကို ပြင်ပြီး၊ အမျိုးကိုယ် ဆောက်ရှောက်တတ်မူ့  တွေကို မြင့်တင်လို့  မြင့်မြက်တဲ့ လူမျိုးတွေ အဖြစ် ကမ္ဘာမှာ ရဲရဲ ရပ်တည်လိုက်စမ်းပါ။  မြန်မာဖြစ်ရတာ ဂုဏ်ယူနိုင်ဘို့  ကိုယ်တိုင်၊ ကိုယ်ကျ ပြုပြင်ကြမယ်ဆိုရင် သူများနိုင်ငံ က ဦးမော့ ကြည့်ခဲ့ရတဲ့ တချိန်က နံပါတ်တစ် နေရာကို အချိန်မကြာ အမြန်ပြန်ရမှာပါ။ စိတ်ဓါတ်တော့ မြင့်တင်ဘို့  လိုတယ်နော်။             ။