ပြီးခဲ့တဲ့ အပတ်က အယ်လန်ရဲ့  အလှူပွဲး ရန်ပုံငွေပြပွဲးလေး
တစ်ခုကို T.V ထိုင်ကြည့်ရင်းက မြင်တွေ့ ခွင့် ရခဲ့ပါတယ်။ မြန်မာပြည်မှာ ရုတ်သံကနေ အစီအစဉ်ဆွဲးထားတဲ့
အခန်းလေးတစ်ခု၊ ခုချိန်ထိ မရှိနေသေးပါဘူး။ မြန်မာပြည်ရဲ့  ရုပ်မြင်သံကြား အစီအစဉ်တွေဟာ
ပုဂ်ဂလိက အပိုင်းကို မရောက်သေး တာလည်း အကြောင်းတစ်ခု ဖြစ်မယ်ထင်ပါတယ်။
သူက ရုတ်သံကနေ ပြိုင်ပွဲးလေး တစ်ခု ဖိတ်ခေါ်ကျင်းပတာပါပဲ။
မြန်မာပြည်မှာ ဆိုရင် ကျမ္မာရေးနဲ့  ပတ်သက်တဲ့ ဟောပြောပွဲး ကျင်းပတာ၊ တက်ရောက်နားထောင်ဘို
့ ဖိတ်ခေါ်တာလိုမျိုးပါပဲ။ ဒါပေမယ့် ဝင်ကျေးတော့ သတ်မှတ်ထားပါတယ်။ ဒီပိုက်ဆံတွေကလည်း
ကျင်းပတဲ့သူက Volunteer (အခမဲ့ လုတ်အားပေး ထားတာပါ။) ပိုက်ဆံ အကုန်လုံး ရည်ရွယ်ထားတဲ့
အကျိုးရှိတဲ့ နေရာတစ်ခုကို လှူလိုက်တာပါ။ သူဘယ်လောက်လှူမယ်၊ ဘယ်သူက ဒီအစီအစဉ်ကိုယ်
စိတ်ဝင်စားပြီး ဘယ်လောက် လှူတယ် ဆိုတာ တရားဝင် တိုက်ရိုက်ပြသတဲ့ ပွဲးမှာပဲ တိုက်ရိုက်
ထုတ်လွှင် ကျေညာပေးတာပါပဲ။
ဘဏ်ကနေ
ATM ကဒ်နှင့် Account number သိရုံနှင့် ငွေလွဲ လို့  ရနေတော့ ကမ္ဘာ့ ဘယ်အရပ်ကို မဆို ပို့ လို့ ရတဲ့ ခုလိုခောတ်မှာ သူ့ နိုင်ငံထဲက
နေရာလေးတစ်ခုကို ပို့ လိုက်ဘို့  ဆိုတာ မိနစ်ပိုင်းလောက်နဲ့ ကိစ္စပြီးတဲ့ အလုတ်ပါ။ လူတွေရဲ
့ တီထွင်ကြံဆမှူတွေ ကနေ ကမ္ဘာကြီးဟာ အင်တာနက်၊ လျှက်စစ် စွမ်းအင် တွေကို ကျယ်ပြန့် စွာ
သုံးလို့ နေတာ တွေ့ ရတော့ ကျမနိုင်ငံကို အဲလို့  ဖြစ်စေလို့ တဲ့ စိတ်စေတနာတွေ ဖြစ်မိတယ်။
တကယ်ပါ၊
ဘယ်နိုင်ငံမှာ
မဆို ကိုယ်ခြေထောက်ပေါ် ကိုယ်ရပ်တည်လို့ တဲ့ စိတ်ထားရှိဘို့ က အရေးကြီးတာကို တွေ့ ရပါတယ်။
ကြိုးစားလိုတဲ့စိတ်၊ ကိုယ်ခြေထောက်ပေါ် ရပ်လိုတဲ့
စိတ်ဓာတ်မျိုးမွေး ပေးလေ့ရှိတဲ့ အကျင့်ကို ဥရောပနိုင်ငံတွေမှာ အများဆုံး တွေ့ ရပါတယ်။
ကျမတို့  နိုင်ငံမှာ အသက် နှစ်ဆယ့်ငါးနှစ်မှာတောင် အလုတ်မလုတ်သေးပဲ၊ အိမ်တွေမှာ ကလေးဆိုးတွေလို
နေ နေကြတာကို တော့ ကျမ စိတ်ထဲ သိပ်မတွေ့ လှဘူး။ ဒါဟာ ကိုယ့်သား၊ သမီးကို ချစ်ရာ ရောက်ရဲ
့လားဆိုတာ စဉ်စားသင့်လှပါတယ်။
အင်း
ပြောလိုတဲ့ ကိစ္စလေးဘက်ကို လမ်းကြောင်းပြောင်း လိုက်ပါရစေနော်။ အယ်လန်ရဲ့  အလှူရံပုံငွေပွဲး
လေးက ဒီတခါတော့ မူကြိုကျောင်းလေး တစ်ခုရှင့်။ ဒါပေမယ့် နံမည်ကြီးကျောင်း ဟုတ်၊ မဟုတ်တော့
ကျမ သေချာမသိပေမယ့်၊ ဒီကျောင်းလေးရဲ လုတ်ဆောင်မူတွေ၊ စေတနာ၊ ရည်ရွယ်ချက်တွေ ကတော့ ကောင်းပုံရပါတယ်။
သူ့ ကျောင်းလေကို ရည်ညွှန်းတဲ့၊ ထောက်ခံမူ့ ပေး ပြောဆိုတဲ့သူတော့ တော်တော် များတယ်လို
့ အစီအစဉ် ကျင်းပပွဲး ကူညီလုတ်ဆောင်တဲ့ အယ်လန်က အစီအစဉ်ကနေ ဖုန်းဆက် ပြောတာကို နားထောင်လိုက်ရပါတယ်။
ကျောင်းလေးရဲ
့ ပုံစံကိုပါ အင်တာနက်ကနေ တိုက်ရိုက် ချိတ်ဆက်ပြနေတာမို့  အစီအစဉ်ကနေ မြင်တွေ့ နေရတာပေါ့။
သာမာန် မူကြိုကျောင်း လို့ ဆိုတာထက်၊ ကလေးတွေ အတွက် စာအုပ်စဉ်တွေ ပါနေတာကတော့ ကျမတို့
နိုင်ငံမှာ မမြင်ဘူးသေးတဲ့ မြင်ကွင်းဆိုတာကို ကျမစိတ်ထဲက မှတ်မှတ် ထင်ထင်ကို သိနေတာပါပဲ။
ကလေးတွေကို သာမာန် စာသင်ပေး၊ အိမ်ခိုင်း၊ စားခိုင်းတာမျိုးတင်တော့ မဟုတ်တော့ဘူးလေ။
ကျောင်းကလေးကသိပ်မကျယ်ပေမယ့် စင်္ကာပူမှာလို ကစားစရာ ပစ္စည်းတွေ သိပ် အများကြီး မတွေ့ ရဘူး။
ပြီး စင်္ကာပူက ကလေးတွေကို အရုတ်တွေ ဆွဲးခိုင်းတယ်၊ သင်ပေးတယ်။ သီချင်းဆိုခိုင်းမယ်။
ဆော့ခိုင်းမယ်။ မြန်မာပြည်မှာဆိုရင် ဘုရားရှစ်ခိုး သင်၊ စားခိုင်း၊ အိမ်ခိုင်းမယ်။
တချို့  ကျောင်းတွေမှာဆို ပုံဆွဲးခိုင်း ၊ ဆော့ခိုင်းမယ်။ ဒါလောက်ပဲ တွေ့ ဘူးတယ် ထင်တာပါပဲ။
ဒါပေမယ့်
ကျမခေါင်းထဲမှာ စာအုပ်စဉ်တွေ အများကြီးနဲ့  စာကြည့်ခန်းလေးထဲက မူကြိုလေးဆီပဲ ရောက်နေတော့တာပါပဲ။
မြန်မာနိုင်ငံကြီး ပြုပြင်ပြောင်းလဲ တိုးတက်ဘို့ ဆိုတာ ဗဟုသုတ ကြွယ်ဝတဲ့၊ စိတ်နေမြင့်တဲ့
၊ တွေးခေါ် မျှော်မြင်နိုင်စွမ်းတဲ့ လူရွယ်၊ လူကြီးတွေရဲ့  ခေါင်းဆောင်မှူ့ တင် မကပါဘူး ဒီလို့  နုနယ်တဲ့ ကလေးတွေမှာပါ ကိုယ်ကျင့် သီလကောင်းမူ
့၊ တွေခေါ်မျှော်မြင်တတ်လာအောင် သူတို့  လေးတွေရဲ့  စိတ်ကူးလေးတွေကို စာအုပ်ကောင်းလေးတွေကနေ
သင်ပြပေးဘို့ ကလည်း လိုအပ်နေတယ်လို့  ကျမစိတ်က လက်ခံနေလို့ ပါပဲ။
ကျမစိတ်ထဲမှာ
ဒီလို အလုတ်မျိုး လုတ်ပေးလိုလှပေမယ့် ခုချိန်မှာ အလှမ်းဝေးနေသေးတာမို့  ဒီလို လုတ်ပေးဘို
့ စိတ်ကူးလည်းရှိ၊ နေရာနှင့် ရင်နှီးနိုင်တဲ့သူတွေ ရှိလာ၊ ပေါ်ပေါက်လာစေဘို့ ကိုပဲ ပိုပြီး
မျှော်လင့်ရင်း ကိုယ့်စိတ်ကူးနှင့် ကိုယ်အနာဂတ်ကို
ကလေးလေးတွေကပဲ စာပေ၊ ဗဟုသုတတွေ ကနေ လမ်းပျောက်မနေပဲ၊ တည့်မတ်မှန်ကန်စွာ ရွယ်ချယ်နိုင်တဲ့
ယနေ့ လူငယ်၊ နောင်ဝယ်လူကြီး ဆိုတဲ့ စကားလေးလိုပဲ လူချွန်၊လူကောင်း အလောင်း၊ အလျှာလေးတွေကို
မွှေးထုတ်ပေးနိုင်တဲ့ လုတ်ငန်းရှင် လေးတွေ ပေါ်ပေါက်လာပါစေလို့  ဒီနေရာကနေ ဆုမွန်ကောင်းတောင်း
လိုက်ပါတယ်ရှင်။