အဘိဏှသုတ် (ဗုဒ္ဓဓမ္မ ဦးလောကနာထ မှ)
အဘိဏှသုတ် (ဗုဒ္ဓဓမ္မ ဦးလောကနာထ မှ ကူးယူဖော်ပြပါသည်)
ကံတရားကို အမြဲမပြတ် ဆင်ခြင်ပါ…
''မိမိ၏ ကံသာလျှင် မိမိဥစ္စာ ရှိ၏၊ ကံ၏ အမွေခံ ဖြစ်၏၊ ကံသာလျှင် အကြောင်းရှိ၏၊ ကံသာလျှင် အဆွေအမျိုး ရှိ၏၊ ကံသာလျှင် ကိုးကွယ် မှီခိုရာရှိ၏၊ ကောင်းသည်ဖြစ်စေ မကောင်းသည်ဖြစ်စေ ငါပြုမိသော ကံ၏ အမွေခံသာ ဖြစ်ရပေမည်'' ဟူ၍ မိန်းမဖြစ်စေ ယောက်ျားဖြစ်စေ လူဖြစ်စေ ရဟန်းဖြစ်စေ မပြတ် ဆင်ခြင်အပ်၏။
ရဟန်းတို့ သတ္တဝါတို့အား ကာယဒုစရိုက် ဝစီဒုစရိုက် မနောဒုစရိုက်သည် ရှိ၏၊ ထို(ကံ) အကြောင်းကို မပြတ် ဆင်ခြင်သော ထိုသူအား မကောင်းမှုသည် အချင်းခပ်သိမ်းမူလည်း ပျောက်ကင်း၏၊ ခေါင်းပါးခြင်းမူလည်း ဖြစ်၏။
''ငါတစ်ယောက်တည်းသာလျှင် ကံသာလျှင် မိမိဥစ္စာရှိသည် ကံ၏ အမွေခံဖြစ်သည် ကံသာလျှင် အကြောင်းရှိသည် ကံသာလျှင် အဆွေအမျိုးရှိသည် ကံသာလျှင် ကိုးကွယ်မှီခိုရာ ရှိသည် ကောင်းသည်ဖြစ်စေ မကောင်းသည် ဖြစ်စေ ငါပြုမိသော ကံ၏ အမွေခံဖြစ်သည် မဟုတ်၊ စင်စစ်မူကား ဤဘုံဘဝသို့ လာခြင်း တစ်ခြားဘုံဘဝသို့ သွားခြင်း စုတေခြင်း ပဋိသန္ဓေ နေခြင်းရှိသည့် သတ္တဝါဟူသမျှ အားလုံးတို့သည် ကံသာလျှင် မိမိဥစ္စာ ရှိကုန်၏၊ ကံ၏ အမွေခံ ဖြစ်ကုန်၏၊ ကံသာလျှင် အကြောင်းရှိကုန်၏၊ ကံသာလျှင် အဆွေအမျိုး ရှိကုန်၏၊ ကံသာလျှင် ကိုးကွယ် မှီခိုရာ ရှိကုန်၏၊ ကောင်းသည်ဖြစ်စေ မကောင်းသည်ဖြစ်စေ ပြုမိသော ကံ၏ အမွေခံတို့သာ ဖြစ်ကြလိမ့်မည်'' ဟု ဆင်ခြင်၏။
ထိုကံအကြောင်းကို မပြတ် ဆင်ခြင်သော ထိုသူအား မဂ်သည် ကောင်းစွာ ဖြစ်ပေါ်လာ၏၊ ထိုအရိယာတပည့်သည် ထိုမဂ်ကို မှီဝဲ၏၊ ပွါးများ၏၊ ကြိမ်ဖန်များစွာ ပြု၏၊ ထိုမဂ်ကို မှီဝဲသော ပွါးများသော ကြိမ်ဖန်များစွာ ပြုသော ထိုသူအား သံယောဇဉ်တို့သည် အချင်းခပ်သိမ်း ပျောက်ကင်းကုန်၏၊ အစဉ်ကိန်းနေသော 'အနုသယ' တရားတို့သည် ကင်းပြတ်ကုန်၏ ဟု မိန့်တော်မူ၏။
Wednesday, August 24, 2011
ဘလော့ကြသူများနှင့် ဘလော့ကာဒေး(နောက်ဆက်တွဲး)
Google ကနေ ရှာတင်ပေးထားခြင်း ဖြစ်ပါတယ်။
          အဲဒီလို ဝင်ရင်ကနေ နေရာဒေသ အနှံအပြားက မတူညီတဲ့ မြင်ကွင်း၊ ရိုးရာဓလေ့၊ ဘာသာ ထုံးတမ်းစဉ်လာတွေ ကို တွေ့ လာရတယ် မြင်ကွင်းလည်း ပိုပြီး ကျယ်သထက် ကျယ်လာတယ်လို့  ခံစားရပါတယ်။  အရှေ့ အလယ်ပိုင်းက အာရပ်ဆော်ဘွား နိုင်ငံက လူ့ အခွင့်အရေး ချိုးနှိမ့်မူ ဇာတ်လမ်းတွေကို တောကျောင်းဆရာ ရဲ့  ဆိုဒ်ထဲမှာ ယောင်္ကျားလေးနှင့် မိန်းခလေး ကြား ပွင့်လင်းတဲ့ ဆက်ဆံမူ ကို ဝတ္ထူတွေမှာ ရေးသားခွင့် မရှိလို့  ဝတ္ထူရေးဆရာတွေ မာယာသုံး ရေးတာမျိုးတွေဟာ သူတို့ ဆီမှာ အထူးအဆန်းတော့ ဖြစ်ခြင်မှ ဖြစ်မယ်၊ ကျမအတွက်တော့ ဒါဟာ တခါမှ မကြားဘူးမိခဲ့တဲ့ အထူးအဆန်းတွေ ဖြစ်ခဲ့ရတယ်။ ဘာသာရေးနှင့် ဆက်နွယ်တဲ့ အစွန်းရောက်တယ်လို့  ယူဆနိုင်တဲ့ မရိုးနိုင်အောင် ကွဲးပြားခြားနားမူ့ တွေကို ကျမ သွားတွေ့  မိတယ်။ တကယ်တော့ စာတွေဖတ်ပြီး အတော်အသင့်တော့ သိတယ်လို့  ထင်တဲ့ အယူအဆတွေဟာလည်း ပညာတွေ၊ ဗဟုသုတတွေရှာရင်းနဲ့  လူတွေဟာ အသက်သာသေသွားမယ် ဆုံးခမ်းတိုင်မှာ မဟုပ်ပါလားလို့  သိလာ၊လက်ခံလာရတယ်။ ဘုရားမှလွဲးလို့  ဘယ်သူမှ အကုန် မသိနိုင်ပါ့လားနော် မှန်လိုက်တာ။
          တခါ ကိုညီလင်းသစ် (ညီလင်းသစ်) ဆိုဒ်မှာလည်း Europe ရဲ့  လူနေထိုင်မူ ပုံစံတွေ၊ ရူ့ ခင်းတွေတွေ့  ရပြီး သူ့ ရဲ့  စာအရေးအသား ကောင်းမွန်မူ့ ကြောင့် ဖတ်လို့  မညီးနိုင်အောင် ဖြစ်ရပါတယ်။ သူ့  အတွက်တော့ ခုချိန်မှာ အသားကျနေတဲ့ ပတ်ဝန်းကျင်တစ်ခုပေါ့လေ။ ပြီး ဘာရယ်မဟုပ် သွားသွားပြီး သူကြွားတာပဲ ဖြစ်ဖြစ်၊ သူမျှဝေခြင်တာ၊ ပြောခြင်တာတွေကို မပျင်းတန်း ဖတ်ဖြစ်ခဲ့တာကတော့ အမကြီး ခင်ဦးမေ (khin oo may) ။ သူလည်း လူတွေက ဘဖ သွားနေကြလို့ ၊ ဘလော့ထဲမှာ မပျော်တော့ဘူး ပြောနေတယ် လည်လည် သွားလိုက်ကြပါဦးနော်။ နောက်ပြီး နေ့ စဉ်နှင့်အမျှ သူရိုက်-ရိုက် တင်ပေးတဲ့ စာတွေကို စောင့်ပြီပဲဖြစ်ဖြစ်၊ သွားဖတ်ဖြစ်တဲ့ အမကြီး ရွှေစင်ဦး (မရွှေစင်ဦး) နှင့် အမကြီး မစစ (ခေါ်) မ စည်းစိမ်ရှင် တိုကိုလည်း အထူး ကျေးဇူးတင်ရှိပါတယ်။ ဒီလို အမြဲ ရိုက်တင်နိုင်ဘို့ က လွယ်တာမဟုပ်ဘူးလေ။
           ဘာပဲပြောပြော မချော [ချော (အစိမ်းရောင် လွင်ပြင်)] ကလည်း လေ့လာစရာ၊ ဖတ်ချင်စရာ အကြောင်းအရာတွေနှင့် စုံလင်ပြီ အတော်လေး သွားပြီး ဖတ်၊ မှတ်ဖြစ်တဲ့ ဆိုဒ်ပါ။ မရောက်ဖူးသေးတဲ့ ဗန်းမော်မြို့ က ဘုရားတွေကိုတောင် တော်တော်လေး ဖူးလိုက်ရပါတယ် မချော ကျေးဇူးနှင့်ပေါ့။ ဧရာဝတီမြစ်ဆုံကိုတော့ ဝအောင် မကြည့်ရဘူး ပျက်ကုန်လို့ တဲ့။ အဲလိုပဲ ဗီယက်နန်ရောက် မြန်မာမျိုး ဘလော့ကာများ ကျေးဇူးနှင့် ငယ်ငယ်က သမိုင်းမှာ သင်ခဲ့ရဘူးတဲ့ အန်ကောဝပ် ကျောင်းတော်ကြီးကိုလည်း ကိုထွဋ် ဆီကနေ တဆင့် သွားရောက် လည်ပတ်ဖြစ်ခဲ့ပါတယ်။ တခြား ဗီယက်နန်ရောက် မြန်မာဘလော့တွေ ဖြစ်တဲ့ ကနေလည်း လယ်ဖြစ်တယ်။ ဆိုဒ်တွေ မမှတ်မိတော့လို့  မဖော်ပြနိုင်တဲ့ အတွက် စိတ်မကောင်းဖြစ်ရပါတယ်။ ခုလည်း အန်တီတင့်၏ အမှတ်တရလေးများ က ဝါတွင်းကာလမှာ မြို့ ပေါ်က ဘုရားသမိုင်းတွေနှင့် မနက်စာ၊ နေ့ လည်သရေစာလုပ်နည်းတွေကို ရေးသားတင်ပြ ပေးနေပါတယ်။ ဘုန်းဘုန်း တောက်ပကြယ်စင် ကလည်း တရားသဘောတွေကတစ်မျိုး၊ ဟာသလေးတဖုံ တင်ပြထားတာ တွေ့  ရပြန်ပါတယ်။
           ပြီးတော့ ယိုဒယားက ကိုမျိုး (မောင်မျိုး) ရေးတဲ့ မိသားစု၊ သူငယ်ချင်း အပေါင်းအသင်းတွေ အကြောင်းလည်း ဖတ်ဖြစ်ပါတယ်။ တစ်ခုတောင် သွားအမှတ်ရမိသေးတယ်။ မောင်မျိုးက သူ့ အဖေ အရက်သောက်ပြီး ပြန်လာတော့ အဖေ အရက်မသောက်နှင့် သားရှက်တယ်လို့  ပြောပြီတော့ သူ့  အမ မကောက်ကွေး ( J )  ဆီသွားတော့ ယောက်ဖနှင့် အရက်တူတူသောက်လို့  အမက ဝင်ပြောရတာတွေ့  တော့    xxxxxx    တော်ဘီ ပြောကို မပြောခြင်ဘူး။ ပြီး နေမကောင်းနေလို့  ဘလော့လောကနှင့် အဆက်ပြတ်ရာကနေ ပြန်ရောက်လာတဲ့ မခရစ်စတယ် (http://crystal-lovelivelife.blogspot.com) ဆီလည်း အလည်သွားဖြစ်ပါတယ်။ ထိုင်းဘလော့မှာ စာအရေးကောင်းတဲ့ ဆရာဝန်အမျိုးသမီးတစ်ဦးဆိုဒ်လည်း ရှိသေးတယ်။ ဆိုဒ်နံမည်မေ့နေတယ် ဘယ်လောက် ရွာရိုးကိုးပေါက် လျှောက်လည်သလည်းဆိုတော့။ ပြီး ဆရာဝန် ဘလော့ကာ တစ်ဦးဖြစ်တဲ့ သက်တန့်ချို..... ဆိုဒ်ကလည်း ဗဟုသုတတွေ ၊ စိတ်ဝင်စားစရာ Creative ဝတ္ထူလေးတွေလည် ဖတ်ရတယ်။
           ကျမက သမိုင်းကြောင်းလေးတွေ စိတ်ဝင်စားမိလို ပိုစ့်တွေက သွား၊ သွား မွှေဖတ်ဖြစ်တဲ့ ဆိုဒ်လေးကတော့ ရှေးမြန်မာ..  ပါ။ ပြီး ကိုယ့်အတ္ထုပ်ပတ္တိကို ရေးတဲ့ ကြုံခဲ့ရ နဗနဘ၀ မှာလည်း အစကနေ အဆုံးထိ ဖတ်ဖြစ်ပါတယ်။ ခုတော့ ပေါ်မလာတော့ဘူး ဖြစ်နေပါတယ်။ စာအရေးကောင်းတဲ့ sosegado တည် ငြိမ် အေး ဆီကိုလည်း စာဖတ်သွားဖြစ်ပြီ၊ ခုတလော အလည်အပတ်များတဲ့ DeGoLar ဆီမှာလည်း သူသွားခဲ့တဲ့ နေရာတွေ လိုက်လည်ဖြစ်ခဲ့ပါတယ်။ ပန်းသီးတွေ လိုက်ပေးပြီ ပုံပြင်တွေ အပြောကောင်းတဲ့ တုံးဖလားသူကြီး ကိုကိုမောင် (ပန်းရနံ့) ရဲ့  သူကြီးဖြစ်လိုက်၊ ကိုကိုမောင် ဖြစ်လိုက်နှင့် ပြောပြတဲ့ ပုံပြင်ရှည်တွေကိုလည်း စောင့်ဖတ်ဖြစ်ပါတယ်။ ဟင်းတွေအမြဲ ချက်ပြုတ်ပြီး ကုသိုလ်ယူတတ်တဲ့ မမေဓာဝီ တွေးမိတွေးရာ...ရေးမိရေးရာ ဆီက ကံကောင်းလာတဲ့ အကြောင်းအရာတွေကိုလည်း ဖတ်ရတဲ့အတွက် စိတ်ထဲမှာ ကြည်နုးနေမိပါတယ်။
          ဆိုဒ်ပရက်က အဖြူရောင်နတ်သမီး ရဲ့  မွေးနေ့ ပွဲးမှာ သရေကျလောက်အောင် တင်ပေးထားတဲ့ အမယ်မျိုးစုံ၊ ဆိုဒ်ပရက်ရဲ့  ဒဏ္ဍာရီ၊ ခေတ်ရေစီးကြောင်းတွေကို လည်း ဖတ်မှတ်ရတယ်။ လူကြီးဆန်ဆန် အရေးအသားကောင်းကောင်းနှင့် ရေးသားပြီး သူစိတ်ဝင်စားတာလေးတွေ၊ ရင်တွင်းခံစားချက်တွေ တင်ပြပေးတတ်တဲ့ နေ၀သန် အကြောင်းတွေလည်း အားပေးဖြစ်တယ်။ ဗဟုသုတ အဖြာဖြာကို ဘာသာပြန် ဝေငှပေးတယ်လို့  လူသိများတဲ့ ကိုပီတာရဲ့အတွေးပုံရိပ်များ ကလည်း အလုပ်ပြောင်းရာက အင်တာနက် ကမ္ဘာ အပြင်ရောက်သွားလို့  အဲဒီကမ္ဘာကို ကြိုးစားဝင်ရောက်ပြီး ဗဟုသုတလေးတွေ ဆက်လက်ဝေငှနေပါတယ်တဲ့။  ကျမစာတွေကို လာလာ ဖတ်တတ်တဲ့ ...အလင်းစက်များ နှင့် ဓာတ်ပုံဆရာနှင့် တရားနာဆော်သြသူ ဂျစ်တူး ( မုံရွာ ) ၊ ကိုယ်ပိုင်ရေး ဝတ္ထူလေးတွေ ရေးတင်တဲ့ ရွှေပြည်သူ၊ ပိုစ်တွေနှင့် မြန်မာပြည်ပြန်တဲ့ Evergreen Phyo ၊ စာအရေးအသား ကောင်းမွန်ပြေပြစ်တဲ့  မချစ်ကြည်အေး၊ မဖြိုး (My World )၊ မြစ်ကျိုးအင်းမယ်ကိုးရဲ့ စာစုများစူးနွယ် ၊့  Rita, Evergreen Sky ! နှင့် ဂွတီး ဂွကျနဲ့  လူတွေအကြားမှာ နေပြီ ဂွကျတဲ့သူ ဖြစ်မှာစိုးနေတဲ့ KiKi-Idiotlove ဆီမှာလည်း၊ ခန္တာမှာ ဖြစ်တတ်တဲ့ လက္ခာအဖြာဖြာတွေ ဖတ်ရတာလည်း ဗဟုသုတ တမျိုးပါပဲ။
          ဂျာမဏီက အကြောင်းအရာ၊ အဖြစ်အပျက်လေးတွေနှင့် ဂျာမဏီ ဗုဓ္ဒဘာသာ အကြောင်းတွေ ပြောပြတတ်တဲ့ shinlay တို့  ဆီက စိတ်ဝင်စားစရာ အကြောင်းတွေကို ဖတ်ရတာက တမျိုး ထူးခြားနေပြန်ပါတယ်။ ကိုအေအေတူ ရဲ့  ဘာလီ တစ်ထောင့်တစ်ညတွေနှင့် တိုးလိုက်တဲ့ အတွေ့ အကြုံတွေဟာလည်း တစ်ဘာသာ ထူးခြားနေပြန်ပါတယ်။ ဆရာတောင်လုံးပြန်ရဲ့  ဝတ္ထူကို တင်ပေးနေတဲ့ အဖြူလေး ဆိုဒ်ကိုလည်း အခန်းဆက် ဝတ္ထူရှည်ကို စောင့်ဖတ်နေမိပါတယ်။ တခါတလေ စောင့်ရတာ တော်တော်ကြာတယ်။ အဲဒါနဲ့  ဘယ်အချိန်တင်သွားမှန်း မသိလိုက်တာတွေ့ ရှိသေးတယ်။ ဘလော့လောကလေးကို စုစုစည်းစည်းဖြစ်အောင် စုဆောင်းကူညီလင့်ချိတ်ပေးတဲ့ ကိုဇော် ရဲ့ နည်းပညာအကူအညီကလည်း ဘလော့လောကများ ကျေးဇူးများပါတယ်။ ကျမဆီကို အလည်လာပြီး၊ ကျမကလည်း အလည်သွားဖြစ်တဲ့ မိုးယံAngelhlaing(May everybody be happy and health ၊ . Lyn Lynဟန်ကြည် တို့ ကိုလည် ကျေးဇူးတင်ပါတယ်။
          အစားအသောက် လုပ်နည်းတွေ ဝေငှတဲ့ (Mon Petit Avatar) ၊ Lu Lu တို့ လိုဆိုဒ် တွေ နှင့် တကယ့် စာရေးဆရာတွေရဲ့  ဆိုဒ်တွေနှင့် သတင်းဆောင်းပါးရေးကြတဲ့ ဆိုဒ်တွေကလည်း အများသားပါ။ ကျမလည်း လင့်လေးတွေ လိုက်ရှာရင်းကနေ မျက်စိတွေညောင်းပြီး ခေါင်းတွေပါ နောက်လာတာမို့  ဒီလူသိများတဲ့ ဆိုဒ်တွေကိုတော့ အသေးစိတ် မရေးနိုင်တော့တဲ့ အတွက် တောင်းပန်ပါတယ်။ ရေးရင်းကနေ ကြော်ညာဖြစ်သွားပြီလား မသိပါဘူးရှင်၊ တခြားရောက်ခဲ့ဘူးတဲ့ နေရာတွေက သိပ်သိပ်များတော့ အားလုံးကို မမှတ်မိတော့တာလဲပါပါတယ်။ နေဦး ခုတလော အလှူလုပ်တဲ့ ပုံစံတွေ အကြောင်း တင်ပေးနေတဲ့ ကိုဧရာ မသီတာ  ဆီကိုလည်း သွား လေ့လာမိသေးတယ်။ အလှူ ဆိုလို့  ဟိုတလောက တာလေငလျှင် လှုတ်တယ်ဆိုတော့ Nine Nine SaNay ရဲ့  ဆိုဒ်ကနေ အလှူလှမ်းထဲ့ရင်းနဲ့ ၊ ရှောက်ရှာဖတ်ရင်းက တာလေမြို့  သူ ဆိုတဲ့ မိုး ငွေ့  (မိုးငွေ့......) ဆိုဒ်ကို ရောက်တော့ ငိုနေတာနဲ့  တိုးခဲ့ရသေးတယ် . . . :P ။
        တကယ့်စာရေးဆရာတွေ ဖြစ်ကြတဲ့ ဆရာစိုးမြင့် (မေ့ဆေး)ဆရာအောင်သင်းကိုမင်းဒင်လွန်းထားထား(ဆေးတက္ကသိုလ်)  ၊  ချောအိမာန် (မန္တလေး)မြသွေးနီမခက်မာ  ဆိုဒ်တွေကိုလည်း သွားရောက် လေ့လာ ဖတ်ရူ့ နိုင်ပါတယ်။ ကျမလည်း ဒီထဲက သုံး၊ လေး ဆိုဒ်လောက်ကို မွှေနှောက် ဖတ်ထားတယ်ဗျ။ စိတ်မကြည်လင်၊ စိတ်ဓာတ်ကျနေရင်တော့ Buddha FM တို့  ၊ တခြားဆိုဒ်တွေကိုလည်း http://mongti.ning.com/profiles/blogs/web-sites ဒီထဲမှာ ဝင်ရောက်ရှာဖွေ နိုင်သေးတယ်နော်။ ဒါမှ မဟုပ်လို့  ရေဒီယိုနားထောင်ခြင်တယ် ဆိုရင် အဖြူရောင် သံစဉ် တို့ လို ဆိုဒ်တွေ ရှိတာလည်း သိလာရတယ်။ စကားဝါမြေအွန်လိုင်းစာကြည့်တိုက် တို့ လို ကောင်းနိုးရာရာကို ရှာဖတ်လို့ ရတဲ့ နေရာတွေ အများကြီး ရှိသေးတယ်။ ရွှေအိုး | shwe oe | freemyanmarvcd တို့  BurmeseClassic တို့ မှာ ရုတ်ရှင် ကြည့်မလား၊ သီချင်းနာထောင်မလား ၊ ငွေဈေးနှင့် ရွှေဈေးတွေ သိခြင်ရင် Mr.Sail0rMoon မှာ လေ့လာနိုင်သေးတယ်။ တကယ်ကို ဝေဝေဆာဆာ ထွေထွေဖြာဖြာကို သိလာရပါတယ် ဆိုတဲ့ အကြောင်းလေး ရေးရင်း နိဂုံးချုပ်လိုက်ပါတယ်နော်။ အားလုံးကို စုံစိအောင် ရေးသားတင်ပြနိုင်ခြင်း မရှိတာ၊ လိုအပ်ချက်တွေ ရှိနေတာတွေကိုတော့ သည်းခံနားလည်ပြီး ဖတ်ပေးကြပါနော်။
20 comments:
Thandar Lwin said...
ဟီး များကြီးဘဲ။
တော်ထှာ..
ဟိုနေ့ က လုလု ဟာဒေါင်းမရဘူး ။
မြေအိုးမြီးရှည် လုပ်စားချင်လို့  ။ ဒီပိတ်ရက် လုပ်စားမလို့ လေ ။ ဒီစနေ သမီးလေးကိုလဲ ဆန်ပြုတ် စကျွေးမှာ ။
Myanmar Good Knowledg Co., Ltd said...
စာဖတ်အားကောင်းသလို အများစုကိုအသအချာမှတ်မိနေတယ်နော်။
ကျွန်မကိုပါ မှတ်ထားပေးလို့ ၀မ်းသာသွားတယ်။
Maung Myo said...
တော်ပြီ ပြောကိုမပြောချင်ဘူးတဲ့ ပြောပါဗျာ ကြားချင်လွန်းလို့ပါ အဟုတ်ကြီးးးး
Sonata Cantata said...
ဒီပို့စ်လေးကို S-C ဘလော့ဂ်ဆိုက်ဘားမှာ တင်ထားခွင့်ပြုပါနော်
စော(အဝါရောင်မြေ) said...
sonata-cantata ရေ ခွင့်ပြုပါတယ် ရှင်။ အဲဒီ ဆိုဒ်က စာတွေဖတ်လို့  ကောင်းတယ်နေ။ နဲနဲ နှင့် ကောင်းကောင်း ရေးတယ် ထင်တယ်။ ကျမလည်း စဉ်စားရ၊ အလုပ်နဲ့ ချိန်ရေးရနဲ့ မို့  တပတ် တပုတ်လောက်တော့ တင်ဘို့  ကြိုးစားနေတာပဲ။
တောက်ပကြယ်စင် said...
စောက စာတွေတော်တော်ဖတ်နိုင်တာပဲ။ များများဖတ်လေ ဗဟုသုတတိုးလေပေါ့။ ကျန်းမာပျော်ရွှင်ပါစေ စောရေ။
နေ၀သန် said...
လေးစားတယ်ဗျာ.... အကုန်လုံးကို လုံးစေ့ပတ်စေ့ ပါအောင်ရေးနိုင်တယ်..း)).. ဟက်ပီးဘလော့ခ်ဒေးလေးပါ...
ခင်မင်လျက်
နေ၀သန်
SHWE ZIN U said...
ညီမ ရေ
နောက်ဆက်တွဲလေး ပြန်ဖတ်သွားတယ် ညီမ သေချာရေးထားတာ ကျေးဇူးနော်
...အလင်းစက်များ said...
ကိုယ့်နာမည်လေး ပါပါ့ မလားလို့  အောင်စရင်း ရှာသလို လိုက်ရှာဖတ်ရတယ်. .. မပါလို့ ကတော့ ရှင်းခန်းပြတ်ပဲ...... :))))
နောက်တာပါ အစ်မရေ....။ အစ်မ စိတ်ချမ်းသာ ကိုယ်ကျန်းမာပါစေဗျား
အဖြူရောင်နတ်သမီး said...
သွားရည်ကျအောင် လုပ်အုံးမှာ..
၃၀ရက်နေ့ကျရင် ကိုကိုးအိမ်မွေးနေ့ရှိတယ်.. တခါထဲ ဖိတ်သွားတယ်နော်.
ပို့စ်လေးထဲမှာ နာမည်လေးပါတော့ ကြည်နူးမိတာအမှန်...
ညိမ်းနိုင် said...
ကျွန်တော်မဖတ်ဖြစ်တဲ့ဘလော့လင့်လေးတွေအများကြီး
ရသွားတယ်...၊ကျေးဇူးပဲဗျိုး...၊တကယ်စုံတာပဲ။
ကိုကိုမောင်(ပန်းရနံ့) said...
အစုံအစေ့ ဖတ်နိုင်တယ်။ အစုံအစေ့ ရေးနိုင်တယ်။ အစုံအစေ့ လင့်ခ်ကလေးတွေ လုပ်ထားတယ်။ မချီးကျူးဘဲ မနေနိုင်ဘူး။ အချိန်အတော်လေး ပေးရမှာ သေချာတယ်။
အားလုံးအဆင်ပြေပါစေ။
ခင်မင်လျက်
sosegado said...
နောက်ဆက်တွဲထိ ဖတ်သွားပါတယ်၊ တော်တော်ကိုစုံပါတယ်ဗျာ၊
ဒါပေမဲ့ ခရမ်းရောင်က နိပ်စက်တယ်ဗျာ၊းD
Angelhlaing(May everybody be happy and healthy! said...
မမရေ ဘလော့ဒေးအမှတ်တရလေးဖတ်သွားတယ် နာမည်လေးပါတော့လည်း ကြည်းနူးမိတယ်:) တော်လိုက်တဲ့မမ အချိန်တော်တော်လေး ပေးပြိးလုပ်ထားတာပဲ။
ကောင်းသောနေ့လေး ဖြစ်ပါစေလို့...ဆန္ဒပြုရင်း..
ခရစ္စတလ် said...
အခုတောင် မျက်ရိုးကိုက်နေလို့ :(
(နာမည်လေးပါမယ်တောင် မထင်)
ကိုအောင်(ပျူနိုင်ငံ) said...
အမှတ်တရတွေပါပဲ ...
ဟန်ကြည် said...
ကောင်းလိုက်တာ ဘလော့တော်တော်များများကို လင်ခ့်တွေစုံစုံလင်လင်နဲ့ ချိတ်ပေးထားလို့ မသွားဖြစ်ခဲ့တဲ့ မသိခဲ့တဲ့ ဘလော့တွေကို အရင်ပတ်ကြည့်ပြီးမှ ကွန်မန့်ပေးဖြစ်တယ်...အခုလို တခုတ်တရ ရေးတဲ့..ဘလော့ရွာရဲ့ ချစ်စရာကောင်းတဲ့...ဖြူစင်သန့်ရှင်းတဲ့ နွေးထွေးခင်မင်မှုတွေကြောင့် ဘလော့ရွာကလေးက ကြာလေ ပျော်စရာကောင်းလေပါလား...Happy blog day ပါ...
ဟန်ကြည် said...
မိုးစက်ပွင့်ရဲ့ဘလော့ကို အခုပဲ သွားကြည့်ဖြစ်တယ်...စာအရေးအသား ညက်ညက်ညောညောရှိလိုက်တာလေ...စာကောင်းလေးတွေဖတ်ရလို့ ကျေးဇူးတင်တဲ့အကြောင်း ပြောချင်ပေမယ့် ဒီတစ်ယောက်က လိပ်လို အခွံထဲမှာနေတော့မယ်လို့ ဆုံးဖြတ်လိုက်တာကြောင့် ဘာခြေရာမှ ချန်လို့မရတော့ဘူး...ဒီဘလော့လေးကို လင့်ခ်ညွှန်းပေးတာ ကျေးဇူးတင်လိုက်တာဗျာ...
မြသွေးနီ said...
စော (အ၀ါရောင်မြေ)တစ်ယောက် စာကောင်းပေမွန်တွေ အများကြီးကို ကိုယ်ကျန်းမာ၊ စိတ်ချမ်းသာစွာ ယခုထက်ပို၍ ဆက်လက်ရေးသားနိုင်ပါစေလို့ ဆုတောင်းပေးခဲ့ပါတယ်။
An Asian Tour Operator said...
အမှတ်တရတွေပါ..စော ရေ..။