အဘိဏှသုတ် (ဗုဒ္ဓဓမ္မ ဦးလောကနာထ မှ)

အဘိဏှသုတ် (ဗုဒ္ဓဓမ္မ ဦးလောကနာထ မှ ကူးယူဖော်ပြပါသည်)

ကံတရားကို အမြဲမပြတ် ဆင်ခြင်ပါ…

''မိမိ၏ ကံသာလျှင် မိမိဥစ္စာ ရှိ၏၊ ကံ၏ အမွေခံ ဖြစ်၏၊ ကံသာလျှင် အကြောင်းရှိ၏၊ ကံသာလျှင် အဆွေအမျိုး ရှိ၏၊ ကံသာလျှင် ကိုးကွယ် မှီခိုရာရှိ၏၊ ကောင်းသည်ဖြစ်စေ မကောင်းသည်ဖြစ်စေ ငါပြုမိသော ကံ၏ အမွေခံသာ ဖြစ်ရပေမည်'' ဟူ၍ မိန်းမဖြစ်စေ ယောက်ျားဖြစ်စေ လူဖြစ်စေ ရဟန်းဖြစ်စေ မပြတ် ဆင်ခြင်အပ်၏။

ရဟန်းတို့ သတ္တဝါတို့အား ကာယဒုစရိုက် ဝစီဒုစရိုက် မနောဒုစရိုက်သည် ရှိ၏၊ ထို(ကံ) အကြောင်းကို မပြတ် ဆင်ခြင်သော ထိုသူအား မကောင်းမှုသည် အချင်းခပ်သိမ်းမူလည်း ပျောက်ကင်း၏၊ ခေါင်းပါးခြင်းမူလည်း ဖြစ်၏။

''ငါတစ်ယောက်တည်းသာလျှင် ကံသာလျှင် မိမိဥစ္စာရှိသည် ကံ၏ အမွေခံဖြစ်သည် ကံသာလျှင် အကြောင်းရှိသည် ကံသာလျှင် အဆွေအမျိုးရှိသည် ကံသာလျှင် ကိုးကွယ်မှီခိုရာ ရှိသည် ကောင်းသည်ဖြစ်စေ မကောင်းသည် ဖြစ်စေ ငါပြုမိသော ကံ၏ အမွေခံဖြစ်သည် မဟုတ်၊ စင်စစ်မူကား ဤဘုံဘဝသို့ လာခြင်း တစ်ခြားဘုံဘဝသို့ သွားခြင်း စုတေခြင်း ပဋိသန္ဓေ နေခြင်းရှိသည့် သတ္တဝါဟူသမျှ အားလုံးတို့သည် ကံသာလျှင် မိမိဥစ္စာ ရှိကုန်၏၊ ကံ၏ အမွေခံ ဖြစ်ကုန်၏၊ ကံသာလျှင် အကြောင်းရှိကုန်၏၊ ကံသာလျှင် အဆွေအမျိုး ရှိကုန်၏၊ ကံသာလျှင် ကိုးကွယ် မှီခိုရာ ရှိကုန်၏၊ ကောင်းသည်ဖြစ်စေ မကောင်းသည်ဖြစ်စေ ပြုမိသော ကံ၏ အမွေခံတို့သာ ဖြစ်ကြလိမ့်မည်'' ဟု ဆင်ခြင်၏။

ထိုကံအကြောင်းကို မပြတ် ဆင်ခြင်သော ထိုသူအား မဂ်သည် ကောင်းစွာ ဖြစ်ပေါ်လာ၏၊ ထိုအရိယာတပည့်သည် ထိုမဂ်ကို မှီဝဲ၏၊ ပွါးများ၏၊ ကြိမ်ဖန်များစွာ ပြု၏၊ ထိုမဂ်ကို မှီဝဲသော ပွါးများသော ကြိမ်ဖန်များစွာ ပြုသော ထိုသူအား သံယောဇဉ်တို့သည် အချင်းခပ်သိမ်း ပျောက်ကင်းကုန်၏၊ အစဉ်ကိန်းနေသော 'အနုသယ' တရားတို့သည် ကင်းပြတ်ကုန်၏ ဟု မိန့်တော်မူ၏။

Sunday, September 4, 2011

ဥစ္စာစောင့် ကုလားမ

Google မှ ရှာဖွေကူးယူ ဖော်ပြပါသည်။







          ဥစ္စာစောင့် အကြောင်းတွေကို ကြားဘူးကြမယ် ထင်ပါတယ်။ဥစ္စာစောင့်ဆိုရင် ဘုရားပစ္စည်းကို စောင့်ရှောက်ရတဲ့သူ နှင့် ကိုယ်ပိုင်ဥစ္စာကို စွဲးလန်းလို့  စောက်ရှောက်ရတဲ့ သူ ဆိုပြီး နှစ်မျိုး တွေ့ နိုင်မယ်လို့  ထင်ပါတယ်။ ကျမသိတဲ့ တခုသော ဥစ္စာစောင့် အကြောင်းကတော့ ကျမတို့  အညာမြေပြန့် က အဒေါ်ရဲ့  တိုက်မှာ ဖြစ်ခဲ့ဘူးတာလေး တခုပါ။ ကိုယ်တိုင် သေခြာတော့ မတွေ့ ခဲ့ဘူးပါဘူး။ ဒါပေမယ့် ကိုယ်တိုင်တော့ ခံစားသိခဲ့ရဘူးပါတယ်။ သူကတော့ ကိုယ့်ဥစ္စာကို ကိုယ်ပြန်စောင့်တဲ့သူလို ထင်ရပါတယ်။ ကုလားမ ဥစ္စာစောင့်လို့  အကိုဝမ်းကွဲးတွေကတော့ ပြောကြတာပါပဲလေ။

          ဥစ္စာစောင့် အကြောင်းကို ဟိုးငယ်ငယ်တုံးက စကြားဘူးခဲ့တာဟာ လူကြီးတွေ ပုံလုတ်ပြောတဲ့ `ပစ်ချလိုက်ရမလား` ဆိုတဲ့ အကြောင်းအရာလေးက စမယ်ထင်ပါတယ်။  ဒါပေမယ့် လူကြီးတွေကတော့ ဥစ္စာစောင့်လို့  တော့ မပြောပြထားပါဘူး။ သရဲခြောက်တဲ့ ဟာသ ပုံပြင်တိုလေးပေါ့။ အားလုံး ကြားဘူးထား ပြီးသားလို့  ထင်ပေမယ့် နည်းနည်းတော့ ဇာတ်ကြောင်းလေး ပြန်ကောက်လိုက်ပါစေနော်။ တခါတုံးက ဇရပ်တစောင်ဟာ သရဲခြောက်တယ်လို့  အလွန်နံမည်ကြီးသတဲ့။ ရှေးက ခရီးသွားရင် ဇရပ်တွေမှာ တညတာ တည်းခိုလို့  ခရီးဆက်ရလေတော့ ခရီးသွားတွေဟာ ဒီဇရပ်မှာ ညဘက်မအိတ်ရလေအောင် ကြိုးစား ခရီးဆက်ရရှာသတဲ့။ ဘယ်လို ခြောက်သလဲဆိုရင် ညရေးညတာ တည်ခိုးသူတွေရှိတဲ့အခါမှာ ခေါင်းမိုးပေါ်ကနေ `ပစ်ချလိုက်ရမလား` ဆိုတဲ့ အသံနက်ကြီး ပေါ်လာပြီး မေးလေ့ရှိသတဲ့။ အဲလိုမေးခံရတဲ့ ခရီးသည်ဟာ ကြောက်လန့်ပြီး ညဘက်မှာပဲ ဆက်မနေရဲတော့ပဲ အထုပ်အပိုးတွေနဲ့  ထွက်ပြေး ရတော့တာပဲတဲ့။

           တနေ့ တော့ စိတ်ညစ်ပြီး သေခြင်စိတ်ပေါက်နေတဲ့ ခရီးသွား တစ်ယောက်ဟာ အဲဒီဇရပ်ကို ရောက်လာပါသတဲ့။ နေ့ လည်ဘက်မှာ ခဏနားခိုကြတဲ့ ခရီးသွားတွေဟာ ဒီဇရပ်မှာ ညမအိပ်ဘို့  နှင့် ည- ညဆို သရဲခြောက်တတ်ကြောင်း သူ့ ကို ပြောပြ သတိပေးကြပါတယ်။ ဒါပေမယ့် သူကလည်း သေခြင်နေလေတော့ ခရီးမဆက်တော့ပဲ တွေ့ ခြင်တာတွေ့ ပစေပါ ဆိုပြီ တစ်ယောက်ထဲ ညအိပ်ကျန်ခဲ့ပါတယ်။ ညဘက်ရောက်တော့ ထုံးစံအတိုင်း သရဲက `ပစ်ချလိုက်ရမလား` ဆိုပြီး အသံနက်ကြီးနဲ့ မေးတော့တာပါပဲ။ သေခြင်နေတဲ့ ခရီးသွားကလည်း `ပစ်ခြင် ပစ်ချလိုက်` လို့   ပြန်ပြောပါသတဲ့။ အဲဒီတော့ `ဝုန်း` ဆိုတဲ့ အသံကြီးနှင့် အတူ အထုတ်တစ်ထုတ်ကျလာသတဲ့။ သူလည်း ကျလာတဲ့ အထုတ်ကို ဖြေကြည့်လိုက်တော့ ရွှေ၊ ငွေ၊ ရတနာတွေ ဖြစ်နေပါသတဲ့။ အဲဒီနောက်မှာ သေခြင်တဲ့သူကလည်း ချမ်းသာသွားပြီး၊ ဒီဇရပ်မှာလည်း သရဲ မခြောက်တော့ပါဘူးတဲ့။ ဘာလို့ လဲ ဆိုတော့ သရဲက ဒီအထုတ်ကြီးကို စွဲးလမ်းလို့  သရဲဖြစ်နေတဲ့ ဥစ္စာစောင့် ဖြစ်နေပြီ၊ ခုတော့ ကျွတ်လွတ်ချိန်ရောက်တာတောင် ဒီအထုတ်ကြောင့် ဒုက္ခရောက်နေရလို့  စွန့် ပစ်ခြင်နေတဲ့ သူရဲ ဖြစ်နေလို့ ပါပဲတဲ့လေ။ အဲဒါ ပထမဆုံး ကြားခဲ့ဘူးတဲ့ ဥစ္စာစောင့် ပုံပြင်လေးပါပဲ။

          ကျမ အဒေါ်အိမ်မှာ ဥစ္စာစောင့် ရှိတယ်လို အဒေါ်နဲ့ အတူနေတဲ့ ဘဘရဲ့  သား အကိုဝမ်းကွဲးတွေက ပြောပြတာကို စကြားခဲ့ရတာပါ။ ဒါပေမယ့် နေနေကြ နေရာဆိုတော့ ကြောက်ရကောင်းမှန်းလည်း မသိပါဘူ။ အကိုတွေကတော့ တွေ့ ဘူးကြတယ်။ သူတို့  ခြောက်ခံရပုံလေးကို ပြောပြတာ ကြားဘူးတာပါ။ တိုက်က အရှေ့ အရပ်ကို မျက်နှာပြုပြီး ဆောက်ထားတာပါ။ ဥစ္စာစောင့် ရှိတယ်ဆိုတဲ့ အခန်းက တိုက်ရဲ့  ခေါင်းရင်းပိုင်း အနောက်ဘက် အခြမ်းလေးပါ။ အဲဒီ အခန်းမှာ အနောက်ဘက်နံရံကို ကုတင်ကပ်အိပ်ရင် ပိုသိသာတယ်လို့  ပြောပြပါတယ်။ ညဘက် တရေးနိုးရင် ဘေးမှာ ပျော့စိစိကြီး တဲ့ အဲဒါနဲ့  ထကြည့်တော့ ကုလားမလို မိန်းမတစ်ယောက် အိပ်နေလို့  တွန်းချရတယ်လို့  ဆိုပါတယ်။ အံမယ် ဒီကုလာမက ထကြည့်ရင် ဟီး ဟီး နဲ့  ရယ်နေသေးသတဲ့။ ဒါပေမယ့် ယောင်္ကျားလေး တစ်ယောက်ထဲ အိပ်မှ ဒီလိုဖြစ်တာပါ။ ကျမ အကို ဝမ်းကွဲးတွေက သတ္တိတော့ အတော် ကောင်းကြတယ်။ တော်ရုံတော့ မကြောက်ရေးချ မကြောက်တဲ့ အထဲကသူတွေကြည့်ဘဲ။

           အကိုဝမ်းကွဲးက ညီအကို ၃-ယောက် ရှိပေမယ့် တကယ်တွေ့ တာက အကို အကြီးဆုံးနဲ့  အငယ်ဆုံးပါ။ အဲလိုဖြစ်ရင် ကုတင်ကို နေရာရွေ့ ၊ ဦးခေါင်းရင်းကို အရှေ့ ဘက် ရွေးလိုက်မှ နှောက်ယှက်တာ သက်သာပါသတဲ့။ ထူးတာက ကုလာမ သူရဲက ယောက်ကျားတွေဆိုရင် ကုတင်ပေါ် လာလာ အိပ်တတ်ပေမယ့် မိန်ခလေးတွေ ဆိုရင်တော့ ကုတင်ပေါ်က တွန်းချတာ၊ အိပ်မရအောင် လုပ်တာမျိုးပဲ လုပ်တတ်တာပါ။ အဟီး ဧကန္တတော့ ဧကန္တပါပဲ။ ဒါပေမယ့် ကျမတို့  တွေကပဲ အဲဒီအခန်း သိပ်မအိပ်ဖြစ်လို့ လား မသိဘူး တခါမှတော့ အဲလောက်ထိအောင် မတွေ့ ဘူးခဲ့ဘူး။ နေ့ လည် နေ့ ခင်းဆိုလည်း အကြောက်အလန့် မရှိ အဲဒီအခန်းထဲ ဝင်ထွက်၊ သွားနေတာပါပဲ။

          ဒါပေမယ့် ကျမလည်း တခါဆို တခါပါပဲ သိသလိုလိုတော့ ဖြစ်လိုက်ဘူးတယ်။ အရိတ်လဲ ပြတာမဟုပ်ဘူး။ လာထိတာလည်း မဟုပ်ဘူး။ သူက ငယ်တဲ့ ကလေးတွေ ဆိုလည်း ခြောက်လှန့်ခြင်း မရှိဘူး ထင်တယ်။ ကျမ ငယ်ငယ်ကတည်းက ဒီအခန်းမှာ နေ့ လည်နေ့ ခင်း ရံဖန်ရံခါ အိပ်နေဘူးပါတယ်။ တခါမှ ခုလို တော့ မဖြစ်ဘူး၊ မတွေ့ ဘူးပါဘူ။ ဒါပေမယ့် အဲဒီနေ့ က ဒေါ်ဒေါ်အိမ်မှာ အတူနေ၊ အတူစား စိုးစိုးနဲ့ ကျမ တူတူ ဒီအခန်းထဲမှာ နေ့ လည်းဘက် အိပ်နေကြတာပါ။ နောက်တော့ စိုးစိုးက တရေးနိုးတော့ အရင်ထသွားပါတယ်။ အဲဒီအချိန်မှာ ကျမတယောက်ထဲ အဲဒီ အခန်းမှာ အိပ်ပြီးကျန်နေခဲ့ပါတယ်။ တော်တော်ကြာတော့ မှ လူက ဆတ်ကနည်း ဖြစ်သွားပြီး နိုးသွားပါတယ်။ လူလည်း ကျက်သိမ်းထသွားတယ်။ အဲဒါနဲ့  ကမန်းကတန်းထပြီး အခန်းထဲက ထွက်လာခဲ့ပါတယ်။ ဒီအခန်းထဲမှာပဲ ဖြစ်တာပါ။ ကျန်တဲ့ ဘယ်နေရာမှ အဲလို မဖြစ်ပါဘူး။ သူကလည်း ဒီအိမ်သားတွေနဲ့  ရင်နှီးနေလို့ လားတော့ မသိပါဘူး။ ကျမလည်း အပြင်ရောက်တော့ မှ စိုးစိုးကို ပြောပြပါတယ်။ သူတို့ က ခဏ၊ ခဏ လှန့် နိုးတာတို့ ၊ တွန်းချခံရတာတို့  ဖြစ်နေကြပါ။ သူကတော့ ရီနေပါတယ်။ ကျမကတော့ လှန့် နိုးသွာတာတောင် ဒီတခါပဲ ကြုံခဲ့ဘူးတာပါ။ သူလည်း ဒီတခါပဲ ကျမကို ခြောက်ခွင့် ရပုံပေါ်တယ် ထင်ပါ့ရှင်။

          တိုက်ရဲ့  အောက်မြေနေရာမှာ သူမြုပ်ထားဘူးတဲ့ ပစ္စည်းတွေ ရှိခဲ့ဘူးလို့ ထင်ပါရဲ့ ။ သူ့ မှာ ကျွတ်လွတ်ခြင်းလည်း မရှိနိုင်ဘူးဖြစ်နေ ထင်ပါတယ်။ ကျမ ဒေါ်ဒေါ် ဗေဒင်မေးတော့ ပစ္စည်းတွေ တူးပြီး အလှူလုပ်လို့  သူ့ ကို အမျှဝေစေခြင်ပုံရတယ် လို့  ပြောပါတယ်။ ဆောက်ထားတဲ့ တိုက်ကို ဘယ်သူက အလုပ်ရူတ်ခံ ဖျက်ပြီး မသေခြာတဲ့ အရာကို တူးဖော်ကြည့်မလဲရှင်။ သူ့ ရဲ့  စွဲးလန်းစိတ်က သူ့ ကို ဒုက္ခပေးနေတော့ကာ ပစ္စည်းဥစ္စာတွေ လှူပေးသူ၊ ယူသူမရှိရင် သူဟာ ဒီဥစ္စာပုံနားကခွဲးထွက်လို့ သရဲဘဝကနေ ကျွတ်လွတ်ခွင့် မရှိဘူးဆိုတာကတော့ သူ့ အတွက် တွေးရတာတောင် မလွယ်လှပါဘူးရှင်။           ။

15 comments:

Angelhlaing(May everybody be happy and healthy! said...

အဲလိုဇတ်လမ်းလေးတွေက စိတ်ဝင်းစားဖို့ ကောင်းသလို ကြောက်လဲကြောက်တယ်မမ အဟီးး :) သနားဖို့လဲ ကောင်းတယ်နော် သူတို့ဘဝတွေ ဘယ်တော့များမှ ကျွတ်လွတ်ကြလိမ့်မလဲ မသိ...နိုင်ဘူး.

ကိုအောင်(ပျူနိုင်ငံ) said...

တိုက်ကိုဖျက်ပြီး တူးကြည့်ပါလား၊ အောက်မှာ စိန်တွေ ငါးပိဿ မြုပ်ထားနိုင်တယ် ... :P

ညိမ်းနိုင် said...

အစ်မစောကလည်း...နောက်တစ်ခါအဲ့အိမ်ပြန်ရောက်ရင်
အဲဒီကုလားမကို အိမ်မက်တောင်းဗျာ...၊ရတာနာတွေ
ဘယ်နားမြုပ်ထားခဲ့လည်းဆိုတာ...၊ဒါဆိုတစ်အိမ်လုံးဖြို
စရာမလိုတော့ဘူး...ဟုတ်တယ်ဟုတ်...(ရရင်အကြံပေးခ
တစ်ဝက်ပဲနော်....:)))ပစ်ချမလိုက်ရမလားဇာတ်လမ်းလေး
ကိုတွတ်ပီကာတွန်းထဲဖတ်ဖူးတယ်...၊ဟိုကပစ်တော့ချလိုက်
ပါရဲ့...ဂျပန်ခေတ်ပိုက်ဆံတွေ.....:)))

SHWE ZIN U said...

ဟုတ်ပ ဥစ္စာစောင့် ကုလားမ ကိုချော့မေးပြီး တူးကြည့် ရမယ် အထူးသဖြင့် သူလာအိပ်တဲ့ သူတွေကပေါ့

တော်ကြာ စိန်မဟုတ်ဘဲ သူစွဲလန်းတဲ့ ကုလားစာ လေး ဖြစ်နေရင် ဒုက္ခ

mstint said...

ဥစ္စာစောင့်တွေက လှပချောမောတယ်လို့ ငယ်ငယ်ကတော့ ကြားဘူးတယ်။ အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ သေသွားရင်လည်း တစ်ချို့က ဥစ္စာသိုက်ပြန်တာဆိုပြီး အယူသည်းကြတယ်။ အန်တီတို့ငယ်စဉ်က ဥစ္စာစောင့်ဇာတ်ကားမျိုးတွေ အတော်များတယ် မကြာခဏကြည့်ဘူးတယ်း)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

...အလင်းစက်များ said...

သရဲကလည်း ကျွတ်ချင်ပုံမရဘူး အစ်မရ.... သူကျွတ် ချင် ထားတဲ့နေရာလေး ဘာလေး ပြောပြပေါ့ နော.... ခုတော့ မရေမရာနဲ့  တိုက်ကြီးတစ်ခုလုံး ဖျက်ရဖို့  ဆို သေဘီဆာပဲ။ :D :D

မြစ်ကျိုးအင်း said...

အဲဒီလို အစွဲအလန်းကြီးသူတွေက များသော အားဖြင့် ရှင်တုန်းကလည်း မစားမသောက်ရက် ၊ လောက်တက် ၊ မှိုတက် ခံတဲ့ လူစားမျိုးတွေပေါ့။ သေတော့လည်း မကျွတ်မလွတ်နဲ့...။
တရားလွန် စွဲလမ်းခြင်းက သိပ်ကြောက်ဖို့ ကောင်းတယ်။

Anonymous said...

စိန် ငါးပိသာ မက လည်း မြှုပ်နေနိုင်ပါတယ်.. :D
တူးကြည့်လိုက်ပါ .. :D

ခင်မင်လျှက်
ဆောင်းနှင်းရွက်

ကိုကိုမောင်(ပန်းရနံ့) said...

ဒီဥစ္စာစောင့်က ဥစ္စာတွေရှိနေလို့ စောင့်နေတဲ့ ဥစ္စာစောင့် မဟုတ်လောက်ဘူး။ ယောက်ျားလိုချင်လွန်းတဲ့ ဥစ္စာစောင့်မဘဲ ဖြစ်ရမယ်။ ယောင်လို့များ တိုက်အောက် တူးဖော်မကြည့်လိုက်နဲ့နော်။ ယောက်ျားတစ်ယောက်ရဲ့ အရိုးစုတွေ တွေ့နေရဦးမယ်။း(((

ခင်မင်လျှက်

တောက်ပကြယ်စင် said...

ဖတ်ရင်းနဲ့ ကြောက်လာတယ် စောရေ။ အပေါ်ကိုတောင် တစ်ယောက်တည်း မတက်ရဲတော့သလိုပဲ။ ဟိ။ ခက်တော့ခက်သားနော်။ မသေချာတဲ့ဟာကြီးကို တိုက်ကိုဖျက်ဖို့ဆိုတာ မတွေးဝံ့စရာပါ။ တိုက်မဖျက်လည်း ကုသိုလ်လုပ်နေကျအိမ်ပဲမလား။ နာနာအမျှဝေပေးလေ။ ဒါဆို သူလွတ်ကျွတ်သွားနိုင်တာပေါ့။ ကျန်းမာပျော်ရွှင်ပါစေ စောရေ။

Thandar Lwin said...

မယ်စောရေ .. ဥစ္စာစောင့် ဆို စိတ်နာလို့  အသံတောင်မကြားချင်သူပါ ။
ဟိုမှာ ဇင်မင်းငြိမ်း ရယ် သူ့ ဘလော့ကို လာလည်ကြရင်ကောင်းမှာဘဲ ပြောနေတယ် ။ သယ်ရင်း အချင်းချင်း အားပေးလိုက်ဦးနော့  ။ ကြော်ငြာလဲ ပေးလိုက်ပါဦး ။ လူများများလာလည်ရင် မုန့်ကျွေမယ်ပြောနေတယ် ။ဟီးးးးးးးးးး
http://zmnyein.blogspot.com/

အိမ့်ချမ်းမြေ့ said...

မလေး စိတ်ဝင်တစား ဖတ်သွားပါတယ်။

plt said...

Sister, Can I know where is it. Later I will come and find together. half / half. ok?

plt said...

Sister, Can I know where is it. Later I will come and find together. half / half. ok?

Anonymous said...

ကျွန်တော်လည်း ကြုံဖူးတယ် ။ ဥစ္စာစောင့်တော့မဟုတ်ဘူး အဲဒီလို နေရာတစ်ခု အဲဒီမှာကျတော့ ဘုရားစင်ဗျ ဘုရားစင်ရဲ့ ရှေ့တည့်တည့်မှာအိပ်ရင် အရမ်းလှုပ်လာပြီး လန့် နိုးတော့တာပဲ ၁၀ တန်းတုန်းကအဆောင်မှာ တစ်ခြားကျောင်းသားတွေရော ၊ ဂိုက်ရောကြုံဖူးကြတယ်။