အဘိဏှသုတ် (ဗုဒ္ဓဓမ္မ ဦးလောကနာထ မှ)
အဘိဏှသုတ် (ဗုဒ္ဓဓမ္မ ဦးလောကနာထ မှ ကူးယူဖော်ပြပါသည်)
ကံတရားကို အမြဲမပြတ် ဆင်ခြင်ပါ…
''မိမိ၏ ကံသာလျှင် မိမိဥစ္စာ ရှိ၏၊ ကံ၏ အမွေခံ ဖြစ်၏၊ ကံသာလျှင် အကြောင်းရှိ၏၊ ကံသာလျှင် အဆွေအမျိုး ရှိ၏၊ ကံသာလျှင် ကိုးကွယ် မှီခိုရာရှိ၏၊ ကောင်းသည်ဖြစ်စေ မကောင်းသည်ဖြစ်စေ ငါပြုမိသော ကံ၏ အမွေခံသာ ဖြစ်ရပေမည်'' ဟူ၍ မိန်းမဖြစ်စေ ယောက်ျားဖြစ်စေ လူဖြစ်စေ ရဟန်းဖြစ်စေ မပြတ် ဆင်ခြင်အပ်၏။
ရဟန်းတို့ သတ္တဝါတို့အား ကာယဒုစရိုက် ဝစီဒုစရိုက် မနောဒုစရိုက်သည် ရှိ၏၊ ထို(ကံ) အကြောင်းကို မပြတ် ဆင်ခြင်သော ထိုသူအား မကောင်းမှုသည် အချင်းခပ်သိမ်းမူလည်း ပျောက်ကင်း၏၊ ခေါင်းပါးခြင်းမူလည်း ဖြစ်၏။
''ငါတစ်ယောက်တည်းသာလျှင် ကံသာလျှင် မိမိဥစ္စာရှိသည် ကံ၏ အမွေခံဖြစ်သည် ကံသာလျှင် အကြောင်းရှိသည် ကံသာလျှင် အဆွေအမျိုးရှိသည် ကံသာလျှင် ကိုးကွယ်မှီခိုရာ ရှိသည် ကောင်းသည်ဖြစ်စေ မကောင်းသည် ဖြစ်စေ ငါပြုမိသော ကံ၏ အမွေခံဖြစ်သည် မဟုတ်၊ စင်စစ်မူကား ဤဘုံဘဝသို့ လာခြင်း တစ်ခြားဘုံဘဝသို့ သွားခြင်း စုတေခြင်း ပဋိသန္ဓေ နေခြင်းရှိသည့် သတ္တဝါဟူသမျှ အားလုံးတို့သည် ကံသာလျှင် မိမိဥစ္စာ ရှိကုန်၏၊ ကံ၏ အမွေခံ ဖြစ်ကုန်၏၊ ကံသာလျှင် အကြောင်းရှိကုန်၏၊ ကံသာလျှင် အဆွေအမျိုး ရှိကုန်၏၊ ကံသာလျှင် ကိုးကွယ် မှီခိုရာ ရှိကုန်၏၊ ကောင်းသည်ဖြစ်စေ မကောင်းသည်ဖြစ်စေ ပြုမိသော ကံ၏ အမွေခံတို့သာ ဖြစ်ကြလိမ့်မည်'' ဟု ဆင်ခြင်၏။
ထိုကံအကြောင်းကို မပြတ် ဆင်ခြင်သော ထိုသူအား မဂ်သည် ကောင်းစွာ ဖြစ်ပေါ်လာ၏၊ ထိုအရိယာတပည့်သည် ထိုမဂ်ကို မှီဝဲ၏၊ ပွါးများ၏၊ ကြိမ်ဖန်များစွာ ပြု၏၊ ထိုမဂ်ကို မှီဝဲသော ပွါးများသော ကြိမ်ဖန်များစွာ ပြုသော ထိုသူအား သံယောဇဉ်တို့သည် အချင်းခပ်သိမ်း ပျောက်ကင်းကုန်၏၊ အစဉ်ကိန်းနေသော 'အနုသယ' တရားတို့သည် ကင်းပြတ်ကုန်၏ ဟု မိန့်တော်မူ၏။
Saturday, August 13, 2011
ဂျက်ကီ
             သိတတ်တဲ့ အရွယ်လောက်တုံးက အိမ်မှာ အိမ်မွေးတိရိစ္ဆာန်တွေ ရှိခဲ့တယ်။ ဆင်၊ မျောက်၊ ခါ တွေတော့ မဟုပ်ရပါဘူး။ ဆင်ကကြီးတော့ မွေးဘို့  မြေနေရာမကျယ်လို့ ပါ။ မျောက်ကျတော့ သူကိုက်ရင် ရွှေချရတာမို့  ရွှေဘိုးကုန်မှာ စိုးလို့ ပါ။ ခါကတော့ သူပါချတဲ့ အီ အီးထဲက ညောင်စေ့ကနေ ညောင်ပင်တွေ ပေါက်လာရင် နေစရာပျောက်မှာ စိုးတာကြောင့် ဒီသတ္တဝါတွေကို မမွေးကြဘူးထင်ပါတယ် ဟီး ဟီး။ အိမ်တွေမှာ အများဆုံးမွေးလေ့ရှိတာက ခွေး၊ ကြောင် နှင့် ကျက်တူရွေးလေးတွေပါ။ ခုနောက်ပိုင်းမှာ ရွှေငါးမျိုးစုံ ကိုပါ မွေးမြူလာကြတာတွေ့ ရပါတယ်။ စီးပွှားဖြစ် မွေးတဲ့ တိရိစ္ဆာန်တွေလဲ ရှိပါတယ်။ ဒါပေမယ့် ကျမတို့  အိမ်မှာတော့ စီးပွှားဖြစ်မွေးတဲ့ တိရိစ္ဆာန်တွေတော့ တကောင်မှ မရှိပါဘူး။
             ဒါပေမယ့် အိမ်မှာ ခွေးထီးတစ်ကောင်၊ ကြောင်မိသားစုတွေ နှင့် ကြက်တူရွေးတစ်ကောင် တော့ မွေးဖူးပါတယ်။ ခုပြောပြဘို့  စိတ်ကူးထားတာကတော့ ဂျက်ကီ ဆိုတဲ့ ခွေးအကြောင်းပါ။ ဒီခွေးကို မေမေတို့  ဘယ်အချိန်က စမွေးမှန်း မသိပေမယ့် ကျမဆော့တဲ့ အချိန်မှာတော့ ဒီခွေးက တကောက်ကောက်လိုက်ခြင်ခဲ့၊ ကျမအပေါ် ပိုချစ်ပုံရခဲ့ပါတယ်။ အိမ်မှာက ညီမ(၇)ယောက်ဆိုတော့ ညီမတွေ ၂-ယောက် တတွဲးလို တွဲးဘက်နေရာမှ ကျမမှာတော့ တွဲးဘော်ရာယ်လို့  မရှိခဲ့သလိုပါပဲ။ ကျမကလည်း အိမ်မှာ တွဲးဘို့  ဘက်ပဲ့နေခဲ့တော့ကာ ခွေးလေးဟာ ကျမရဲ့  အပျင်းဖြေ၊ အတူဆော့ကစားဖော် ဖြစ်ခဲ့ရပါတယ်။
              ခွေးလေးလို့ သာ ပြောတာပါ၊ ကျမပြန်တွက်ကြည့်တော့ ဂျက်ကီက ကျမထက် ၃-နှစ်လောက် ပိုကြီးပါတယ်။ ခွေးတွေ၊ ကြောင်တွေရဲ့  အသက်ဟာ ၁၂-နှစ်လောက်ပဲ ရှိတယ်လို ကျမ ဦးလေးက ကျမကို ပြောပြဘူးပါတယ်။ ဒါပေမယ့် အိမ်က ကြောင်တွေရဲ့  သက်တန်းကတော့ တော်တော်ကို ရှည်ပါတယ်။ တချို့  ကြောင်တွေဆို ၁၈-နှစ်လောက်ကို နေသွားကြပါတယ်။ မိုးလင်း၊ နေ့ လယ်၊ ညစာဆိုပြီး ၃-နှပ်စားပြီး စည်စိမ်ကြီးနဲ့ နေကြရလို့ ထင်ပါရဲ့ ။ ပြီး ငါးလေးစားတာငြီးငွေ့ ရင်၊ အမဲသားခြောက်တို့ ၊ ပုဇွန်ခြောက်ကို အမုန့်  ကြိတ်ပြီကျွေးသေး။ ( ခုထိ ကျမတို့ မှာ အကောင်းဆုံး ပုဇွန်ခြောက် ကိုယ်တောင်မစားဘူး၊ မေမေ့ဘို့ များ ဝယ်ကန်တော့ရင် ကိုရွှေကြောင်တွေ ပါစပ်ထဲ ရောက်သွားရော။ အင်း ခွေကြောင်းဆိုပြီ ကြောင်တွေ အကြောင်း ပြောနေပြန်ပြီလို့  မထင်ပါနဲ့  သူတို့  အကြောင်းက မပါလို ကို မရလို့ ပါ။)
            ခွေးကြီး ဂျက်ကီကလည်း တကောင်တည်း အိမ်မှာ ဗိုလ်ပါပဲ။ အဲ အဲ ဒါပေမယ့် ကြောင်တွေကလည်း သူတလူ၊ ငါတမင်းပါပဲခင်များ ခုခေတ်အဖွဲ့ အစည်းလို အဲလေ ကြောင်လဲ ကြောင်အဖွဲ့  လိုပေါ့။ သူတို့ ကလည်း ခွေးကြီး ဂျက်ကီကို သခင်အားကိုးနဲ့  ခွေးမထင်ဘူး ရှင့်။ ကြောင်အမေကြီးဆို ပြန်တောင် ကုတ်ဖဲ့ပြစ်လိုက်သေး။ ဂျက်ကီကြီးကတော့ သနားပါတယ် တခါတခါ ကုတ်လို့  နှာခေါင်းမှာ လက်သည်းရာက အစင်းလိုက်နဲ့ လေ။ ကိုက်ခြင်လဲ လူရှိရင် သူ့ ကိုဟန့် လို ရပ်လိုက်ရနဲ့ လေ။ လူတွေကလည်း အမြင်မတော်ဘူးဆို ဝင်ဟန့်ရ(ဆရာလုပ်ရတာ) ဆိုတော့ သူ့ ခင်ဗျာလည်း သခင့်အကြိုက် နေရရှာတာ။ ကြောင်တွေကတော့ လူကခြောက်လဲ မရပါဘူး။ ဘယ်သူ့ မျက်နှာမှ မကြည့်ဘူး၊ ကုတ်ပြစ်၊ ဖဲ့ပြစ်လိုက်တာပဲ။ မကုတ်ခင်ထဲက အမြီးကြီးကို ဖွာလို ကိုယ်လုံးကြီးတယ်ထင်အောင် တကိုယ်လုံး အမွှေးတွေက တဖြည်းဖြည်းနဲ့  ထောင်လာပါရော။ ( တရုတ်တွေ၊ တချို့  နိုင်ငံခြားသားတွေလိုပဲ တကိုယ်ကောင်းဆန်တာလား၊ ကိုယ်ကလွဲရင် ဘယ်သူ့ ဘို့ မှ မသိသလိုပဲ)
             ကျမကတော့ ဂျက်ကီကို ချစ်သလိုပဲ၊ ကြောင်တွေကိုလည်း ချစ်တာပါပဲ။ ကြောင်မွေးကာစလေးတွေဆို သိပ်ကိုင်လိုကောင်း၏။ သူတို့ က ခွေးလောက်တော့ သခင့်အပေါ် သစ္စာမရှိကြပေမယ့် သတ္တဝါတွေပဲမို့ လား။ ခွေး ဆိုတာမျိုးက သေတပန်၊ သက်တဆုံး သခင်အပေါ် ချစ်ခင်ကြတာ၊ တချို့ ခွေးတွေဆို လူတွေကံနိမ့်နေရင်၊ ထမင်းတစ်နပ်ပဲ ကျွေးဘူးသူအစားတောင် သေပေးတတ်သတဲ့။ ခွေးတစ်ကောင် အိမ်ရှေ့ လာသေနေရင် ဒဏ်ခံတာလို့  လူကြီးတွေက ပြောတာ ကြားဘူးတယ်။ သိရသလောက်ကတော့ ကြောင်တွေဟာ အိမ်တအိမ် စီးပွှားပျက်တော့မယ်ဆို အိမ်ရွှေ့ သွားတတ်ကြတာပါပဲ။ ပြောင်းသွားတဲ့ အိမ်ကတော့ ကြောင်လာမွေးရင်၊ ပြောင်းလာရင် စီပွှားရေး ပိုကောင်းလာတတ်သတဲ့။ သဘာဝ တရားတွေကို တိရိစ္ဆာန်တွေက လူတွေထက် ပိုသိသလိုပဲလား မပြောတတ်ပါဘူး။
            မေမေ ပြောပြဘူးသလောက်တော့ မေမေက ဂျက်ကီကို မွေးစားဘို့  စာတိုက်ဝိုင်းထဲမှာ နေတဲ့ ခွေးပိုင်ရှင်ဆီကနေ ခွင့်တောင်းပြီး ခွေးတွေထဲက အလှဆုံးကို ခေါ်လာပါသတဲ့။ ဂျက်ကီက အယ်လဇေးရှင်း မျိုး နည်းနည်းပဲပါပြီး သူ့ အမေကြီးကတော့ ဗမာခွေးမျိုးလို့  ဆိုပါတယ်။ ကျန်တဲ့ခွေးလေးတွေက သူ့ အမေလိုပဲ လို့လဲ မေမေကပြောပြသေးတယ်။ နို့ တိုက်ပြီး မွေးခဲ့ရတယ်တဲ့။ (ဟုပ်တယ် ကြောင်းလေးတွေလည်း သူတို့  အမေက နို့ မတိုက်နိုင်လို့  ထွက်ပြေးနေရင် မေမေက နိုဆီကိုဖျော်တိုက်တာပဲ ဇွန်းလေးနဲ့။ လက်ဖက်ရည်ဇွန်းတောင် သူတို့ တိုက်ဖို့  သက်သက်ထားရတယ်။) ဂျက်ကီးက ကြီးလာတော့ သမင်ရောင်နဲ့  အဖြူကြားလေး ရုပ်လဲ မဆိုးဘူး။ ချစ်စရာကောင်းတယ်၊ ခွေးပေမယ့် သဘောကောင်းတယ်။ ဒါကြောင့်မို့  ကြောင်တွေ အနိုင်ခံရတာပေါ့။
             ကျမ မှတ်မိတဲ့ အရွယ်ရောက်တော့ ဂျက်ကီက ကျမသိမ်းညည်းကို အလွန်ခံတယ်။ သူလှည်းနေတုံး ကျမခြေထောက်များ သူ့ ကိုယ်ပေါ်တင်ထားရင် မော့ကြည့်ရုံကြည့်ပြီး ပြန်လှည်းသွားတာပဲ။ ဘယ်တော့မှ ရန်မလုပ်ဘူး။ သူများတွေ သူ့ ကိုယ် အဲလိုလုပ်လိုကတော့ ကြည့်ပြီး ထိုးဟောင်တော့တာပဲ။ သူက သူ့ ကိုယ်လုံးပေါ်ကို အဲလိုတင်တာ မကြိုက်ဘူးလေ။ သူ့ အမြီးက တခါတလေ ဂျက်တပ်ခဲဖြစ်ပြီး တွဲးနေတတ်တယ်။ အဲဒီလို ဖြစ်နေရင် မလှလို့  မေမေတို့ ၊ တခြားလူတွေ ညှပ်ရင် မရဘူး။ ကိုယ်လုံးကိုယ် ဟိုလိုလှည့်လိုက်၊ ထွက်ပြေးလိုက်၊ ဟောင်လိုက် လုပ်နေတတ်တာ။ အိမ်မှာတော့ ဂျက်ကီက မေမေ့ကို အကြောက်ဆုံး။ ကျမက ကတ်ကျေးကို မမြင်အောင် နောက်မှာ ဖွတ်ယူပြီ အနားကြမှ ဖြတ်ခနဲ ကိုက်ပြစ်လိုက်ရတယ်။ ဒါတောင် ပါစပ်က လှန်းတော့ ဟပ်လိုက်ခြင်သေးတာ။
           ဂျက်ကီက ရေကြောက်တယ်။ သူ့ ကိုယ်လုံးကိုတော့ လျှာနဲ့ လျှက်ပြီး အမြဲသပါတယ်။ တခါတလေ ရေတွေ၊ ရွံ့ တွေ တခုခုပေလာရင်တော့ မေမေက သူ့ ကို သံကြိုးကို အလစ်ဖမ်းပြီး အရင်ပတ်ပြီးမှ ရေချိုးခန်းထဲ ခေါ်သွားပြီး ရေချိုးရတယ်။ အလွန်ရေကြောက်တဲ့ ခွေးပေါ့။ ချိုးပြီး မေမေက အဝတ်တခုခုနဲ့  သုတ်ပေးပြီးမှ လွှတ်မှ၊ မဟုပ်ရင် ပြေးထွက်ပြီး လဲချပြီး ကိုယ်လုံးနဲ့  မြေကြီးတွေကို လူးပစ်လိုက်ရော။ ဘယ်လောက် ဂျစ်ကန်ကန်လဲဆို။ သူက ရေကို အရမ်းကြောက်တာ။ မိုးရေမိလာမှပဲ စိုးခံရတတ်တာ ဒါပေမယ့် ကိုယ်လုံးကို ခါချပြီး ရေတွေကို သပ်နေတတ်ပြန်ရော။
             သူ့ လည်ပင် သံကြိုးချည်တာလည်း သူက အရမ်းမုန်းတာလေ။ ပြောရ၊ ထိန်းရတာမခက်ဘူး။ ဒါပေမယ့် လူရူတ်ရူတ်ဆို သူကလည်း နေရာတကာပါတော့တာ။ သူရူတ်နေတာနဲ့ ဘာမှ လုပ်လို့ မရလို့  မေမေက သူ့ ကို ချည်ရတာပေါ့။ သူရေချိုးတာနဲ့  သံကြိုးချည်ဘို့ တော့ မေမေကလွဲးလို့  ဘယ်သူမှ လုပ်လို့ မရဘူး။ အကောင်ကထွားတော့ ကျမတို့ က သူ့ ကို ဘယ်ထိန်းနိုင်မှာလည်း။ ကျမပြောင်ချည်ရင်တော့ အရိတ်အကဲ သိတတ်ပုံပဲ ငြိမ်ခံတယ်။ ပြီးကျမကလည်း ပြန်ဖြုတ်ပေးလိုက်တာပါပဲ။ မေမေကများ ဂျက်ကီကို သံကြိုးချည်လိုက် ဆိုလို့ ကတော့ တန်းနေအောင် ထပြေးတာ၊ အထိမခံဘူး သိပ်လည်တယ်။
           ဂျက်ကီကလေ ဧည့်သည်လာရင်လည်း သူပါဝင်ပါခြင်သေးတာ။ ဧည့်သည်တွေက သူ့ ကို ကြောက်လို့  ကိုက်မှာစိုးလို့  :D။ သူကမကိုက်တတ်ပါဘူး။ ဒါပေမယ့် ပွတ်သီး၊ ပွတ်သတ် နေခြင်တယ်။ ပြီး အိမ်မှာက သူ့ ကပဲကြောက်ရတော့ သူ့ ကို ဧည့်သည်တွေက ကြောက်တာလဲ သဘောကျနေတာ ထင်ပါရဲ့ ။ ကိုရွှေကြောင်တွေက သူ့ မကြောက်တော့ သူကလည်း လူလစ်ရင် ဆော်ခြင်တယ်။ ဇာတ်လမ်းကလည်း အဲဒါပဲ။ ကြောင်တွေက နောက်မှာ သူတို့ အတွက် အစာကျွေးတာကို ကျူးကျော်ပြီ အိမ်ရှေ့ က ခွေးစာကို သွားသွားစားတယ်။ အလည်လွန်တဲ့ကြောင်တွေက သူတို့  အစာမရှိလည်း စားတယ်၊ တခါ ခွေးကျွေးတာက ပိုကောင်းတယ် ထင်လို့ လဲ သွားစားတယ်။ သူ့ အစားလာစာရင် ဂျက်ကီက သူ့ ခွင်ပေါ့ မာန်ပါလေရော။ ထခြောက်မှ မဟုပ်ရင် ရန်ဖြစ်ရော ခွေးနှင့် ကြောင် တိန်ဒေါင်၊ တိန်ဒေါင်ပေါ့။
          အဲတာ အကောင်မွေးရတဲ့ ဒုက္ခပေါ့။ ဒါတောင် ခရီးသွားရင် သူတို့ စားဘို့ ပူပင်ရတာရှိသေးတယ်။ကြောင်တွေရှိတော့ ကြောင်ချီးတွေကြုံးရ၊ နေမကောင်း ဖြစ်လို့ အန်ပြန်ရင် အန်ဖက်တွေ ကြုံးရ၊ ဆေးရနဲ့  တကယ်ပါ ဧည့်သည်လာရင် တခါတလေ အာနာဘို့ တောင်ကောင်းတယ် သူတို့ အနံအသက်တွေနဲ့ လေ။ သိတဲ့အတိုင်းပဲ ခိုင်းနိုင်းတာတောင် ရှိသေးတယ်မို့ လား ပျော့ပျော့လေးနဲ့  နံတဲ့ ကြောင်အီး လို့  . . . ဟီးဟီး။ ခွေးတွေကတော့ သူတို့ ကိစ္စ သူတို့  အပြင်မှာ အဆင်ပြေသလိုပဲ ရှင်းတာများပါတယ်၊ သိပ်ဒုက္ခမပေးဘူး။ ချီး၊ သေး ကိစ္စကို ပြောပါတယ်။
         တခါကလည်း လည်ကြီးမျိုး အင်းခွေးဆိုပြီ ဖေဖေက ခွေး အမဲလေး တစ်ကောင် ခေါ်လာတယ်။ သူက မကြိုက်ဘူး။ အကောင်းကလည်း ကြီးနေတော့ ခွေမဲလေးမှာ သူ့ ကို ကြောက်နေရတာနဲ့  နောက်ဆုံးတော့ ဖေဖေက ခွေးအမဲလေးကို သူ့ အမအိမ်ပို့ လိုက်ရတယ်။ တကယ် ခွေးတွေကလည်း သူတို့ ထက် ပိုချစ်မှာစိုးတယ်။ မနာလို တတ်ဘူလေ။ အင်းလေ ကြောင်တွေနဲ့ တောင် တစ်ကောင်နဲ့  တစ်ကောင် မနာလိုကြတာပဲလေ။ ကလေးတွေကလည်း တရုန်းရုန်း၊ ခွေးတွေ၊ကြောင်တွေကလည်း တဝုန်းဝုန်းနဲ့ ပေါ့။ အဟီး ပျော်စရာကြီးနော်။ ဒါကြောင့်လည်း ဘုရားရှင် ပွင့်ထွန်းပေါ်ပေါက်စဉ်က သတ္တဝါတွေဟာ ဘယ်သူမှ ဒုက္ခကို ဒုက္ခမှန်း မသိပဲ ပျော်နေကြလို့  ခြွေချွတ်လိုတဲ့ စိတ်ကူးပျက်သုန်းခဲ့ရတာ နေမှာနော်။
         ဒီလိုနေရင်းကနေ တစ်နေ့ တော့ ဂျက်ကီဟာ အရိုးကိုက်ရင် အရိုးမျက်သွားတယ်။ သွားကြားထဲ မျက်နေတဲ့ အရိုးကတော်တော်နဲ့  ထုတ်လို့ မရဘူး။ သူ တရက်ခွဲးလောက် အစာစားလို့ မရဖြစ်သွားတယ်။ အသက်ကလည်း ခွေးသက်တန်းအရတော့ သူဟာကြီးနေပြီပေါ့။ သူ့ အသက် ၁၂-နှစ်ကျော် ဒါမှမဟုပ် ၁၄-နှစ်လောက်လို့  ထင်တာပဲ။ အစားမစားရတဲ့ ဒဏ်၊ အရိုးမျက်လို နာတဲ့ဒဏ်တွေနဲ့  ဆုံးပါးသွားတယ်။ ကျမတို့ မှာ ငိုလိုက်ရတာဆိုတာ တရူံရူံပါပဲ ကလေးတွေကို။ ကြောင်လေးတွေ သေရင် အိမ်ထဲမှာပဲ မြေတူးပြီ ကျမတို့  ကလေးတွေပဲ မြုပ်ပေး၊ ပန်းလေးတွေ မြေပုံပေါ်တင်ပေး လုပ်ကြပေမဲ့ ဂျက်ကီကြတော့ အကောင်းကြီးတော့ အိမ်မှာ မြုပ်လို့ မရပါဘူး။ ဖေဖေပဲ လူခေါ်ပြီး ပိုက်ဆံပေး ၊ မြုပ်ခိုင်းရပါတယ်။
         သေသွားတော့ ဂျက်ကီကို လွမ်းလို့  ဘယ်တွေ၊ ဘယ်ဘဝတွေများ ရောက်နေလဲနော်လို့  မေမေ့ကို မေးမိရင် မေမေက ကျမကို ပြောပါတယ်။ သေသွားရင် ဘယ်ကို ရောက်သွားမှန်း မသိနိုင်တော့ဘူုး တဲ့။ ဟုပ်ပါတယ်လေ ခွေးတွေမှ မဟုပ်ပါဘူး သတ္တဝါတွေသေရင် ဘယ်ကိုရောက်တယ် လို့  သိနိုင်တဲ့သူ တစ်ယောက်တော့ လောကမှ ရှိဘူးခဲ့ပါရဲ့  ဘုရားလက်ထပ်က။ ဒါပေမယ့်လဲ နောက်ဆုံးတော့ နိဗ်ဗန်ရောက်တဲ့ သူဦးခေါင်းကိုင် ဂါထာတွေရွတ်တော့ မသိနိုင်တော့ဘူးလေ။ ဘုရားရှင်နဲ့  ရဟန္တာများမှသာ သိနိုင်ပေတာပါပဲ။
           ဒါပေမယ့် ကြောင်မျိုးဆက်ကြီးကတော့ ယနေ့ တိုင် အိမ်မှာအနည်းစု အနေနဲ့  ယနေ့ တိုင် ဆက်လက် ပေါက်ပွှားနေကြတုံးပါပဲရှင်။ ဂျက်ကီရဲ့  အကြောင်းကတော့ ဒါပါပဲကွယ်။ လာလည်ကြ၊ စာလာဖတ်ကြသူ မိတ်သဟာ အပေါင်းလည်း ကိုယ်၊စိတ် နှစ်ဖြာ ကျမ်းမာ ရွှင်လန်းကြပါစေလို့  ဒီနေရာကနေ စုတောင်းပေးလိုက်ပါတယ်။ မှတ်ချက်တွေကို ပြန်ကြာနိုင်ခြင်း မရှိတာမို့ လည်း တောင်ပန်းပါတယ်လို့ ။ ။
8 comments:
မိုးယံ said...
စောရဲ့ ကစားဖော် ဂျက်ကီကြီး အကြောင်းဖတ်သွားပါတယ်။
ကိုကိုမောင်(ပန်းရနံ့) said...
ဂျက်ကီပုံစံလေးက ချစ်စရာလေးနေမှာ။
ဟုတ်တယ်။ ကြောင်တွေက ခွေးတွေလောက် သစ်စာ မရှိတတ်ကြဘူး။ သူတို့နေတဲ့ အိမ်မှာ အဆင်မပြေရင် အဆင်ပြေတဲ့ဆီ သွားတတ်ကြတယ်။ ပြီးတော့ ကြာဖူးတာ ရှိသေးတာ။ သူတို့နေတဲ့အိမ်က လူတစ်ယောက်ယောက် သေခါနီးဆို အိမ်ကို မကပ်ကြတော့ဘူးတဲ့။ သူတို့ရဲ့ သဘာဝအရ အိမ်ရှင် သေတော့မယ်ဆိုတာ ကြိုသိနေကြသလိုဘဲတဲ့။
ခင်မင်လျက်
ခရစ္စတလ် said...
တွယ်မိတဲ့ သမုဒယအကြောင်းလေးကို ပြောနေရင်း တရားသဘောလေးတွေ ထည့်ရေးထားတာပါလား၊ ကောင်းသကွယ်။
များလည်း ချစ်ဖူးတယ် ကြောင်လေးကိုပါ :)
တောက်ပကြယ်စင် said...
အော် ဂျက်ကီအကြောင်းလားကွယ်။ စိတ်ဝင်စားဖွယ်ကောင်းပါ့ဗျာ။ မြောက်အကိုက်ခံရဖူးတယ်။ ရွှေချရကောင်းမှန်း မသိခဲ့လို့။ (အလယ်လယ် ရွှေလည်း မရှိဘဲနဲ့များ...)ကြောင်ချီးဆိုလို့ ကမ္ဘာအေးတက္ကသိုလ်တက်စဉ်တုန်းက စာချဆရာတော်တစ်ပါးနာမည်က ကြောင်ချီးလို့ ခေါ်ကြတယ်။ သူ့ဘွဲ့ကိုတော့ တော်တော်နေကြာပြီး သိရတာ။ ပုစ္ဆာကို ခက်ခက်ကြီး ထုတ်ထုတ်တတ်လို့ စောပြောသလိုပဲ ပျော့ပျော့လေးနဲ့ နံလို့ဆိုပြီး ကြောင်ချီးလို ပေးတာတဲ့။ ကျန်းမာပျော်ရွှင်ပါစေ စောရေ...
...အလင်းစက်များ said...
ကျနော်လည်း တိရစ္ဆာန်ချစ်တတ်သူပေမို့  အစအဆုံး ဖတ်ရတာ ငြီးငွေ့  သွားတယ် မရှိလှဘူး။ ကျနော့ ငယ်ငယ်တုန်းက အိမ်မှာ ခွေးလေ ခွေးလွင့်တွေ မှန်သမျှ အိမ်မှာ လာလာမွေးကြသမို့  အိမ်မှာလည်း တစ်ရုံးရုံးပဲ။ ဒါပေမယ့် ရောဂါဘယ ထူပြောကြပြီး အရွယ်မတိုင်ခင် ဆုံးပါးကုန်ကြတာပါပဲ။ အဲ..... နယ်မှာ ၆ လကျော်တာဝန်ကျတုန်း ကျွေးမွေးစောင့်ရှောက်ခဲ့တဲ့ ခွေးကလေးဟာ ကျနော် အဲ့သည်နယ်ကို နောက်တစ်ခေါက် (၈လအကြာ) ပြန်သွားတော့ ချက်ချင်းကို မှတ်မိပြီး အလွမ်းသယ်သဗျာ။ အံ့အောပါရဲ့။ ခွေးတွေရဲ့ သခင်တွယ်တာမှုက အဲ့လိုဗျာ။
Lyn Lyn said...
လာဖတ်သွားပါတယ်။ ကျနော်လဲ ကြောင်လေးတွေ ခွေးလေးကို ချစ်တတ်ပါတယ်။
ဟန်ကြည် said...
မှန်တာပေါ့ ခွေးတွေဟာ တကယ်ကိုပဲ ချစ်စရာကောင်းလှတယ်...ဘယ်တော့မှ ကိုယ့်ခြံထဲမှာ အော့အော့မပါဘူးလေ...ကြောင်ကတော့ ခြံထဲမှာပါရုံတင်မကဘူး သူများနင်းမိအောင် အသာလေးဖုံးထားလိုက်သေးတယ်...ပြီးတော့ အဲဒီငတတွေရဲ့ အော့အော့က နံချက်...ခွေးပဲချစ်ပါတယ်လေ...ကြောင်ကတော့ ကရိကထ များလွန်းလို့ ဝေါင်ဝေါင်ရှေးပါ၏...
ဘရဏီ said...
လာသွားတယ်နော် ဘရဏီကကြောင်တော့ မချစ်ဘူးဒါပေမယ့် ခွေးဆိုရင်တော့အရမ်းချစ်တယ်။ကိုင်တော့ မကိုင်ရဲ ဘူး ငယ်ငယ်တုန်းခွေး ၃ခါကိုက်ခံဘူးလို့ ။