အဘိဏှသုတ် (ဗုဒ္ဓဓမ္မ ဦးလောကနာထ မှ)

အဘိဏှသုတ် (ဗုဒ္ဓဓမ္မ ဦးလောကနာထ မှ ကူးယူဖော်ပြပါသည်)

ကံတရားကို အမြဲမပြတ် ဆင်ခြင်ပါ…

''မိမိ၏ ကံသာလျှင် မိမိဥစ္စာ ရှိ၏၊ ကံ၏ အမွေခံ ဖြစ်၏၊ ကံသာလျှင် အကြောင်းရှိ၏၊ ကံသာလျှင် အဆွေအမျိုး ရှိ၏၊ ကံသာလျှင် ကိုးကွယ် မှီခိုရာရှိ၏၊ ကောင်းသည်ဖြစ်စေ မကောင်းသည်ဖြစ်စေ ငါပြုမိသော ကံ၏ အမွေခံသာ ဖြစ်ရပေမည်'' ဟူ၍ မိန်းမဖြစ်စေ ယောက်ျားဖြစ်စေ လူဖြစ်စေ ရဟန်းဖြစ်စေ မပြတ် ဆင်ခြင်အပ်၏။

ရဟန်းတို့ သတ္တဝါတို့အား ကာယဒုစရိုက် ဝစီဒုစရိုက် မနောဒုစရိုက်သည် ရှိ၏၊ ထို(ကံ) အကြောင်းကို မပြတ် ဆင်ခြင်သော ထိုသူအား မကောင်းမှုသည် အချင်းခပ်သိမ်းမူလည်း ပျောက်ကင်း၏၊ ခေါင်းပါးခြင်းမူလည်း ဖြစ်၏။

''ငါတစ်ယောက်တည်းသာလျှင် ကံသာလျှင် မိမိဥစ္စာရှိသည် ကံ၏ အမွေခံဖြစ်သည် ကံသာလျှင် အကြောင်းရှိသည် ကံသာလျှင် အဆွေအမျိုးရှိသည် ကံသာလျှင် ကိုးကွယ်မှီခိုရာ ရှိသည် ကောင်းသည်ဖြစ်စေ မကောင်းသည် ဖြစ်စေ ငါပြုမိသော ကံ၏ အမွေခံဖြစ်သည် မဟုတ်၊ စင်စစ်မူကား ဤဘုံဘဝသို့ လာခြင်း တစ်ခြားဘုံဘဝသို့ သွားခြင်း စုတေခြင်း ပဋိသန္ဓေ နေခြင်းရှိသည့် သတ္တဝါဟူသမျှ အားလုံးတို့သည် ကံသာလျှင် မိမိဥစ္စာ ရှိကုန်၏၊ ကံ၏ အမွေခံ ဖြစ်ကုန်၏၊ ကံသာလျှင် အကြောင်းရှိကုန်၏၊ ကံသာလျှင် အဆွေအမျိုး ရှိကုန်၏၊ ကံသာလျှင် ကိုးကွယ် မှီခိုရာ ရှိကုန်၏၊ ကောင်းသည်ဖြစ်စေ မကောင်းသည်ဖြစ်စေ ပြုမိသော ကံ၏ အမွေခံတို့သာ ဖြစ်ကြလိမ့်မည်'' ဟု ဆင်ခြင်၏။

ထိုကံအကြောင်းကို မပြတ် ဆင်ခြင်သော ထိုသူအား မဂ်သည် ကောင်းစွာ ဖြစ်ပေါ်လာ၏၊ ထိုအရိယာတပည့်သည် ထိုမဂ်ကို မှီဝဲ၏၊ ပွါးများ၏၊ ကြိမ်ဖန်များစွာ ပြု၏၊ ထိုမဂ်ကို မှီဝဲသော ပွါးများသော ကြိမ်ဖန်များစွာ ပြုသော ထိုသူအား သံယောဇဉ်တို့သည် အချင်းခပ်သိမ်း ပျောက်ကင်းကုန်၏၊ အစဉ်ကိန်းနေသော 'အနုသယ' တရားတို့သည် ကင်းပြတ်ကုန်၏ ဟု မိန့်တော်မူ၏။

Sunday, November 6, 2011

စိတ် နှင့် ဆိတ်

Google မှာ ရှာဖွေ ရယူသည်။
          မြို့ လေးတမြို့ က လမ်းမတန်းဘက်မှာ ရုံးတွေနှင့် လူနေအိမ်တွေဟာ တအိမ်ကျော်၊ ဒါမှမဟုပ် နှစ်အိမ်၊သုံးအိမ်ခြား လိုလို တည်ရှိလိုက်၊ အိမ်တန်းတလှည့်၊ ရုံးတည်ရှိရာ ဝန်းတလှည့်နှင့် အစီအရီတည်ရှိနေခဲ့ပါတယ်။   မြို့ လေးက တောင်ကုန်းတွေ ဝိုင်းရံတည်ရှိနေတဲ့ အညာမြို့ လေး တစ်မြို့  ပေါ့။ အညာရဲ့ သဘော မိုးနည်းပြီး၊ ပူပြင်းခြောက်သွေ့ တဲ့ နွေ၊ မိုးရာသီနှင့် အလွန်အေးတဲ့ ဆောင်းရာသီ တနည်း ပြောရရင်တော့   အပူ၊ အအေးပြင်းတဲ့ ရာသီဥတုလေး ရှိတဲ့မြို့ လေး တမြို့ ပေါ့။

          မြို့ လယ် လမ်းမတန်းလေးမှာ လမ်းသွယ်နှစ်ခုကြားက အိမ်လေးလုံးတန်းဟာ တန်းစီပြီ တည်ရှိ နေပါတယ်။ အိမ်လေးလုံးတန်းမှာ ဧရာဝတီရုံးနဲ့  သမဝါယမရုံး [မဆလခောတ် (သို့ ) ဆိုရှယ်လစ်ခောတ် ပစ္စည်းခွဲးဝေ ရောင်းချသောဆိုင်နှင့် ပတ်သက်သော ရုံးဌါန] နှင့် လူနေအိမ်ဝိုင်း နှစ်ဝိုင်း ပါဝင်တဲ့ လေးအိမ်တန်းလေးပေါ့။ အဲဒီမှာ အိမ်တစ်အိမ်ဟာ ရုံးလေးနှစ်ရုံးကြားတည်ရှိတယ်။ ရုံးလေးတစ်ခု ရှေ့ မှာ ညနေစောင်းကနေ ညဘက်ထိ ရောင်းတဲ့ အသုတ်စုံဆိုင်တန်းလေး တခုရှိတယ်။ ညဘက် ဆိုင်သိမ်းချိန်လောက်ဆို အသုတ်အတွက် အသီးအနှံဆေးတဲ့ရေ၊ အသုတ်စားပြီးသား ပုဂံတွေ ဆေးကြောတဲ့ ရေတွေကို ခုံတွေသိမ်း၊ အမိုက်တွေလှည်းပြီတဲ့ အချိန်ဆို အဲဒီရေတွေ မြေပြင်ပေါ် သွန်ပက် ပစ်ခဲ့တာပါပဲ။

          ရုံးလေးရှေ့ မှာတော့ ရေသန့်လေးခက်ပြီး မြေကြီးကို ရေဖျန်းပေးခဲ့တယ်။ အဲဒီဆေးကြောတဲ့ ရေတွေတော့ ဘေးက အိမ်ဘက် ရောက်လာတတ်တယ်။ ရုံးရှေ့ သွန်လို့  ညစ်ပတ်ရင် ဆိုင်ဖွင့်ခွင့် မပေးဘဲ နေမှာ စိုးတာကိုး။ ဒါပေမယ့် အိပ်ချိန်ကြမှ ပက်တဲ့ရေဆိုတော့ ဘေးအိမ်လေးကလဲ ပြောခွင့်မသာဘူးပေါ့။ ဖြန်းကနဲ ပတ်ပြီးမှတော့ ဘယ်သူ၊ ဘာပြောသာမလဲ။ ဘယ်အချိန်ပက် မလဲလို့  ဘယ်သူကရော စောင့်ကြည့် နိုင်မှာလဲ။ ဒီလိုပါပဲ တရက်ပြီ တရက်၊ တလပြီ တလပေါ့။ ခုချိန်ထိလဲ ရှိနေတုံးပါပဲ။ ခုဆို ဘောလုံးပွဲး ပြချိန်ပြီးအောင်တောင် စောင့်ရောင်းတတ်တာ။ ဘာတဲ့ အာဆင်နယ်တို့ ၊ မန်ယူ၊ မန်စီးတီးတို့  ကန်တဲ့ ပွဲးတွေကို စောင့်ကြည့်တဲ့သူတွေကို ရောင်းတာပေါ့။
          အဲဒီလိုနဲ့ ဒီဆေးရေတွေကနေ ပါလာတဲ့ ငရုတ်စိလေး ကနေ ငရုတ်ပင်ကလေး တပင် ပေါက်လာတယ်။ ဘေးအိမ်လေးရဲ့  ရှေ့ မှာ ကပ်ပေါက်နေတဲ့ ဒီ ငရုတ်ပင်လေးဟာ တနေ့ တခြား မြင့်လာ၊ ကြီးလာ တာပေါ့။ နောက်တွေ ညစဉ်ပက်နေတဲ့ ရေကလည်းရ၊ နေကလည်းရ ပေါ့။ အပင်မှန် နေရာမှန် ဖြစ်နေထင်ပါရဲ့  အပွင့်တွေ ပွင့်၊ အသီးတွေ ဖြိုင်ဖြိုင်သီးလို့  ဝေဆာလာတာပေါ့။ အဲဒီ လမ်းမတန်းကို ဖြတ်သန်း သွားလာနေတဲ့ ကုလားလေး တစ်ယောက်က အသီးသီးလာ ကတည်းက တကြည့်ကြည့် ဖြစ်နေခဲ့တယ်။ ကုလားလေး အသက်က ရှိလှမှ ၈-နှစ်၊ ၉-နှစ်ပေါ့။ အသီးတွေ မရင့်တရင့်၊ အိမ်ကလေး ရှေ့  မှာလဲ လူလစ်ခိုက်မှာ ဒီအပင်ကို တပင်လုံး ဆွဲးနှုတ်ပြီး ခိုးပါလေရော။ သူနှုတ်ပြီးခါစတင် အိမ်ကလေးက မိန်းခလေး တစ်ယောက် ထွက်လာတာနဲ့  တိုးတော့ ငရုတ်ပင် လက်မှာ တန်းလန်းနဲ့  စက်ဘီးနှင်းပြီး ဇွတ်ထွက်ပြေး ပါလေရော။

          ဒါပေမယ့် ကုလားလေးဟာ အဲဒီနောက်ပိုင်း မကြာ၊ မကြာ ဆိုသလို စက်ဘီးလေးစီးပြီ ဒီလေးအိမ်တန်းဘက် ရောက်၊ ရောက်လာတတ်တာပါပဲ။ ကလေးဆိုပြီး ကြည့်နေလိုက်တာ နောက်တခါ ဒီအိမ်လေးက အိမ်ရှေ့ မှာ စိုက်ပျိုးထားတဲ့ သလဲသီးပင်က သလဲသီးတွေကိုလည်း မရင့်မှဲ့ ချိန်မှာ အဲလိုပဲ ချောင်း ချောင်း ခူးနေခဲ့တာပေါ့။ ဒီအိမ်လေးရဲ့  ပိုင်ရှင် ကောင်မလေး အမေက တွေ့ သွားလို့  အော်ဟစ်တော့မှ ထွက်ထွက်ပြေးတာပဲ။ သူကတော့ ဒါကို ကစားနည်းလိုပဲ မကောင်းမှန်းသိတာ၊ မသိတာထက် သူများမကြိုက်တာကိုပဲ ပျော်ပျော်ရွှင်ရွှင် လုပ်ခြင်နေပုံပါပဲ။ ဒါကြောင့် တချို့ အိမ်တွေက ကုန်းအော်၊ နောက်ကနေ တုတ်နဲ့ လိုက်တဲ့ အခါ ဒီလူနယ် ကလေးကိုလို့  တွေးခြင်စရာပေမယ့်၊ ကလေးတွေဟာ ဒီလိုမှ မလုပ်ရင် လူတွေက လက်ခံတယ်ဆိုပြီ၊ တိုးတိုးလုပ်ရာကနေ ကိုယ်လုပ်တာ ကိုယ်မှန်တယ် ထင်လာတတ်တော့တာပဲ။

          သူများကို အဲလို နောက်ယှက်တတ်တဲ့ ကုလားကလေးက တနေ့ တော့ စက်ဘီးမပါလာဘူး။ ဒါပေမယ့် စက်ဘီးအစား၊ ဆိတ်တကောင်နှင့် အတူ လေးအိမ်တန်းဘက် လမ်းရှောက်လာခဲ့ ပြန်တာကို တွေကြရပြန်တယ်လေ။ ကလေးဆိုတော့ သူချစ်တဲ့ ဆိတ်ကလေးကို လူကြားထဲ ကြွားခြင်လို့  ခေါ်လာတာပေါ့။ ကုလားလေး မိဘတွေက ပိုက်ဆံရှိကြတယ်လို အဲဒီတော့မှ လေးအိမ်တန်းက လူတွေက သိကြတာပေါ့။ ဒါတောင်မှ သူများပစ္စည်းကို ခွင့်မတောင်ပဲ၊ မတရားလိုခြင်စိတ် ရှိနေတာတော့ မကြိုက်ပါဘူး။ ပိုက်ဆံမရှိလို့ လဲ မဟုပ်ဘူး။ ပိုက်ဆံ ရှိရှိ၊ မရှိရှိ သူက လိုခြင်နေတာကို က သူ့ စိတ်ဟာ ကလေးဖြစ်ပြီ စိတ်မဖြုစင်တာကို ပြတာပဲလေ။ တနေ့ မှာ ဒီလိုသာ ဆက်လုပ်နေရင် သူများပစ္စည်း ခိုးမှူကို ကျူးလွန်လာနိုင်တာပေါ့။

          ဟိုရောက်၊ ဒီရောက်ဖြစ်ကုန်ဘီ။ ကုလားလေးရဲ့  ဆိတ်လေး အကြောင်း ပြန်သွားကြပါစို့ ။ ဆိတ်လေးက အဖြူရောင်များတယ်။ အနက်ကွက်တွေကတော့ ခပ်ကျဲကျဲ ဟိုတစ၊ ဒီတစပေါ့။ ဆိတ်ပါ ဆိုမှတော့ အဖြူနဲ့  အနက်ကြားပေါ့လို့ ဘာရောင်ရှိသေးလို့ လဲလို့  ဂွကျကျ ပြောမယ်ဆိုရင်တော့ အော်၊ ဟုပ်ပါတယ်။ ဒါပေမယ့် သူကဖုန်နဲ့ သောသောမှာ မနေရတဲ့ ဆိတ်ဆိုတော့ သူ့  သခင် ကုလားလေးကလည်း  ချစ်၊ အမြဲ သန့်ရှင်းပေးထားတာလား။ ဆိတ်ဖြူလေး အဖြူရောင်ဟာ အရောင်ထွက်တယ်ပဲ ပြောရမလား၊ တောက်ပတယ်ပဲ ပြောရမလားပါပဲ။ ကုလားလေးက သူဆိတ်ကလေးကို အလွန်ချစ်နေတော့ သူ့  မိဘတွေက ဒီကလေးကို အလိုလိုက်ပြီး၊တစ်နေ့ မှာ ဆိတ်ကလေးကို မအစ်ပဲ ဘေးမဲ့  ပေးထားလိုက်ရတာပေါ့။

          ကုလားလေးက ဆိတ်လေးနဲ့  လေးအိမ်တန်းဘက်ထွက်လာတိုင်း တခုသော ရုံးဒေါင့်မှာ ဖွင့်ထားတဲ့ ကွမ်းယာဆိုင်လေးက လူတွေနဲ့  စကားလက်ဆုံကျလာတတ်ပါတယ်။ ကွမ်းယာဆိုင် ပိုင်ရှင်က ဆိတ်အကြောင်းတွေ မေးတတ်လို့  အပေါ်က အကြောင်းတွေကို လေးအိမ်တန်းကလူတွေနဲ့  ဒီပတ်ဝန်းကျင်ကို လာတတ်တဲ့သူတွေက သိနေကြတာပေါ့။ အဲလို လာပါများတော့ ဆိတ်ကလေးဟာ၊ သူ့  သခင် ကုလားလေး ကျောင်းသွားတဲ့ အချိန်တွေမှာ တကောင်ထဲ  လေးအိမ် တန်းဘက် ထွက်လာလိုက်၊သူ သခင်လာရှာရင် ပြန်လိုက်သွားလိုက် လုပ်လာရင်း ဆိတ်ကောင်လေးဟာ တဖြည်းဖြည်း လသားအဖြစ် ကြီးလာခဲ့တယ်။

          ဆိတ် ဆိုတာ သိတဲ့ အတိုင်းပဲ တွေ့ ကရာကို စားတတ်ပြီ၊ အစာမြုံ့ နေတတ်တာ ကလား။  တနေ့  တော့ မြို့ မှာ နေတဲ့ ဒီဆိတ်က ကွမ်းယာဆိုင်က ကွမ်းရွတ်တွေကို နမ်း၊ နမ်းနေလို့  ကွမ်းယာရောင်းတဲ့ လူက ကွမ်းတစ်ယာ ယာပြီး ဆိတ်လေးကို ကျွေးလိုက်တယ်။ ကွမ်းက ထုံးတို့ ၊ ဆေးရွတ်ကြီးတို့ နဲ့  ထည့်ကျွေးလိုက်တာ ဆိုတော့ ဆိတ်ကလေးက ဝါးရင်း၊ ဝါးရင်းကနေ ဘိုင်းဆို လည်းသွားပါလေရော။  ကွမ်ရောင်းတဲ့ သူနဲ့  ကာလသားတွေက ဝိုင်းရယ်ကြတာပေါ့။   မူးတော့ မြေပေါ်မှာ မထနိုင်ဘူးပေါ့။  တော်တော်ကြာ  အမူးပြေတော့ မောင်မင်းကြီးသား ဆိတ်လေးက ဘာလုပ်တယ် ထင်လဲ။    ပြန် ကျူံးထ၊ ပြီး ကွမ်းရောင်းတဲ့လူဆီ မော့လို ထက်တောင်းပြန်တာပါပဲ။ စောင့်ကြည့်တဲ့ သူတွေလည်း တဝေါဝေါ၊ တသောသောနဲ့  သဘောကျပြီး ရီနေလိုက်ကျတာ လေးအိမ်တန်းလေး ကျွက်ကျွက်ညံသွားတော့တာပါပဲ။

          ပိုင်ရှင်ကုလားလေးကလည်း သူများပစ္စည်း ကို မသိအောင်လိုခြင်၊ မရနိုင်တဲ့ဟာကို မသိအောင် ဖျက်စီးချင်တဲ့  စိတ်ရှိတယ်။ သူ့ ဆိတ်လေးဟာ တိရိစ္ဆာန်ပေမယ့် သူ့ ထက်များစွာ စင်ကြယ်ပါသေးတယ်။ ဒါပေမယ့် လူတွေဖျက်စီးတော့ ကွမ်းယာမူးတာကိုပဲ အမူးပြေတော့ ထက်မျှော်နေပါသေးတယ်။ ကုလားလေးလည်း သူဆိတ်လေး သူ့ စီရောက်လာတော့ ဆိတ်လေးကို လူတွေဒီလို လုပ်မှာစိုးတာနဲ့ သူများပစ္စည်းလဲ အလစ်မချောင်းနိုင် ရှာတော့ပါဘူး။  မကောင်းမူဟာ လူကတော့ ကိုယ်ကလည်း သိတတ်မယ်၊ ဆိုဆုံးမသူလဲရှိ၊ ကိုယ်ကလည်း နားထောင်မယ်ဆိုရင် လူကောင်းတယောက် ဖြစ်လာနိုင်ပါတယ်။ တိရိစ္ဆာန်တွေမှာတော့ သဘာဝတရား အတိုင်းသာနေကြတာများပါတယ်။ ဒါပေမယ့် လူတွေက သင်ပြန်ရင်လဲ အကောင်းအဆိုး၊ အရောင်ဆိုး ခံကြရပြန်တာပါပဲ။ ဒါကြောင့်မို့  အမူးပြေချိန်မှာ မကောင်းတာကို ပြန်မော့မကြည့်မိဘို့ တော့ ခိုင်မာတဲ့ စိတ်ဓါတ် ခွန်အားရှိဘို့  လိုပါတယ်နော်။          

10 comments:

ညိမ်းနိုင် said...

ဟုတ်ပါ့ဗျား....လှလိုက်တဲ့အတွေးလေး....၊ကဲ...
မကောင်းမှုကို မကောင်းမှုမှန်းသိပြီး နောက်တစ်ခါ ပြန်
မော့မကြည့်စတမ်းပေါ့ဗျာ...နော့....။

ဆူးသစ် said...

ကောင်းပါတယ်ခင်ဗျာ။ ပညာလည်းရပါတယ်။ လာဖတ်သွားပါတယ်။

Thandar Lwin said...

စော ရေ လာလည်ပါတယ် ။
ဒီလို အတွေးအခေါ်ပါတဲ့ ပို့စ်လေးလဲ ရေးတတ်ချင်တယ်။
တို့ ကတော့မရေးတတ်တော့ ကိုယ့်အကြောင်းတွေ ဘဲ ရေးနေရတာလေ။

ကိုကိုမောင်(ပန်းရနံ့) said...

ဆိတ်လဲကောင်းမှ စိတ်လဲကောင်းမှး)

ကုလားလေးကို လေးခွနဲ့ စောင့်ပစ်ရမှာ။ သူများ ပစ်စည်း အလကား ခိုယူစရာလား။

mstint said...

ဖြစ်ချိန်တန်တဲ့အခါမှာ အကြောင်းအကျိုးတိုက်ဆိုင်မှုလေး တစ်ခုကြောင့်လည်း မကောင်းမှုဟာ အလိုလိုချုပ်ငြိမ်းသွားတတ်တယ်။ တူညီတဲ့အမှားမျိုး နောက်တစ်ခေါက်ထပ်မမှားဘို့တော့ ကာယကံရှင်က ဂရုပြုသင့်တာပေါ့နော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

မဒမ်ကိုး said...

ကောင်းလိုက်တဲ့ပိုစ့်လေး
စိတ်ဓာတ်ပြုပြင်ရေးပေါ့

ခင်တဲ့

jasmine(တောင်ကြီး) said...

စာလေးဝင်ဖတ်လိုက်ရတာကံကောင်းတာပဲ
ပညာရလိုက်ပါတယ်စောရေ
ခင်မင်တဲ့ jasmine

Nyi Linn Thit said...

ဆိတ်ကလေး ဖြူသလို စိတ်လည်း ဖြူဖို့ လိုတဲ့အကြောင်း ပြေပြေပြစ်ပြစ်နဲ့ ရေးသွားလိုက်တာ...၊ ရိုးရှင်းတဲ့ အတွေးစလေးကို ရိုးရှင်းတဲ့ စကားလုံးတွေနဲ့ ဖွဲ့သီထားလို့ ဖတ်လို့ကောင်းတယ်၊ လူဆိုတာကလည်း မကောင်းမှုနဲ့ ပတ်သက်ရင် အမူးပြေတိုင်း ထန်းပင် မော့,မော့ကြည့်နေတတ်တာ ကလား..၊း) ထန်းပင်ကို တခါထဲ ခုတ်လှဲနိုင်တဲ့ စိတ်စွမ်းအားမျိုး မွေးမြူဖို့ အတွေးတွေ ရသွားတယ်..။

ED said...

အစ်မရဲ့ လင့်ကတဆင့် ရောက်လာပြီး စာလာဖတ်ဖြစ်သွားတာ.. ရေးထားတာတွေကို မြင်ယောင်ပြီး ဆိတ်ကလေး မူးလဲသွားတာကို ရီချင်တယ်.. ကုလားလေးလည်း ဆိတ်ထိန်းရင်း စိတ်ထိမ်းဖြစ်သွားတာပေါ့။ ကောင်းတယ် အစ်မ။

mstint said...

Happy New Year !!! စောရေ ပျော်ရွှင်ဖွယ်
နှစ်သစ်နဲ့အတူ ကိုယ်စိတ်နှစ်ပါး အေးချမ်းပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်