အဘိဏှသုတ် (ဗုဒ္ဓဓမ္မ ဦးလောကနာထ မှ)

အဘိဏှသုတ် (ဗုဒ္ဓဓမ္မ ဦးလောကနာထ မှ ကူးယူဖော်ပြပါသည်)

ကံတရားကို အမြဲမပြတ် ဆင်ခြင်ပါ…

''မိမိ၏ ကံသာလျှင် မိမိဥစ္စာ ရှိ၏၊ ကံ၏ အမွေခံ ဖြစ်၏၊ ကံသာလျှင် အကြောင်းရှိ၏၊ ကံသာလျှင် အဆွေအမျိုး ရှိ၏၊ ကံသာလျှင် ကိုးကွယ် မှီခိုရာရှိ၏၊ ကောင်းသည်ဖြစ်စေ မကောင်းသည်ဖြစ်စေ ငါပြုမိသော ကံ၏ အမွေခံသာ ဖြစ်ရပေမည်'' ဟူ၍ မိန်းမဖြစ်စေ ယောက်ျားဖြစ်စေ လူဖြစ်စေ ရဟန်းဖြစ်စေ မပြတ် ဆင်ခြင်အပ်၏။

ရဟန်းတို့ သတ္တဝါတို့အား ကာယဒုစရိုက် ဝစီဒုစရိုက် မနောဒုစရိုက်သည် ရှိ၏၊ ထို(ကံ) အကြောင်းကို မပြတ် ဆင်ခြင်သော ထိုသူအား မကောင်းမှုသည် အချင်းခပ်သိမ်းမူလည်း ပျောက်ကင်း၏၊ ခေါင်းပါးခြင်းမူလည်း ဖြစ်၏။

''ငါတစ်ယောက်တည်းသာလျှင် ကံသာလျှင် မိမိဥစ္စာရှိသည် ကံ၏ အမွေခံဖြစ်သည် ကံသာလျှင် အကြောင်းရှိသည် ကံသာလျှင် အဆွေအမျိုးရှိသည် ကံသာလျှင် ကိုးကွယ်မှီခိုရာ ရှိသည် ကောင်းသည်ဖြစ်စေ မကောင်းသည် ဖြစ်စေ ငါပြုမိသော ကံ၏ အမွေခံဖြစ်သည် မဟုတ်၊ စင်စစ်မူကား ဤဘုံဘဝသို့ လာခြင်း တစ်ခြားဘုံဘဝသို့ သွားခြင်း စုတေခြင်း ပဋိသန္ဓေ နေခြင်းရှိသည့် သတ္တဝါဟူသမျှ အားလုံးတို့သည် ကံသာလျှင် မိမိဥစ္စာ ရှိကုန်၏၊ ကံ၏ အမွေခံ ဖြစ်ကုန်၏၊ ကံသာလျှင် အကြောင်းရှိကုန်၏၊ ကံသာလျှင် အဆွေအမျိုး ရှိကုန်၏၊ ကံသာလျှင် ကိုးကွယ် မှီခိုရာ ရှိကုန်၏၊ ကောင်းသည်ဖြစ်စေ မကောင်းသည်ဖြစ်စေ ပြုမိသော ကံ၏ အမွေခံတို့သာ ဖြစ်ကြလိမ့်မည်'' ဟု ဆင်ခြင်၏။

ထိုကံအကြောင်းကို မပြတ် ဆင်ခြင်သော ထိုသူအား မဂ်သည် ကောင်းစွာ ဖြစ်ပေါ်လာ၏၊ ထိုအရိယာတပည့်သည် ထိုမဂ်ကို မှီဝဲ၏၊ ပွါးများ၏၊ ကြိမ်ဖန်များစွာ ပြု၏၊ ထိုမဂ်ကို မှီဝဲသော ပွါးများသော ကြိမ်ဖန်များစွာ ပြုသော ထိုသူအား သံယောဇဉ်တို့သည် အချင်းခပ်သိမ်း ပျောက်ကင်းကုန်၏၊ အစဉ်ကိန်းနေသော 'အနုသယ' တရားတို့သည် ကင်းပြတ်ကုန်၏ ဟု မိန့်တော်မူ၏။

Tuesday, October 18, 2011

ပြုံးခြင်စရာ သဘာဝ



  • လောဘ

          တခါက ဦးဇင်း တပါးက ကျောင်းထိုင် ဘုန်းကြီး တစ်ပါးအကြောင်း ပုံပြင်တိုလေး ပြောပြဘူးတာ မှတ်သားရဘူးပါတယ်။ ဘာကြောင့် ပြောဖြစ်သလဲ ဆိုတော့ လူတွေက ဘုန်းကြီးကျောင်း သွားရင် အများစုက ကျောင်းထိုင်ဆရာတော် ဆီသာ အသွားများကြပါတယ်။ လှူမယ်ဆိုလည်း ဆရာတော်ကြီးတွေဆီပဲ အရောက်များတော့ ၊ ကိုရင်လေးတွေကို ပစ္စည်း တခုတလေ လိုအပ်နေတာမျိုး ရှိရင် ဆရာတော်ကြီးကို ပြန့်  စွန့်  ဘို့  လျှောက်ထားပါလားလို့  ပြောရာကနေ ကြားသိခဲ့ရတာပါ။

          မြို့ လေးတမြို့ မှာ စာချ ဘုန်းတော်ကြီးကျောင်း တစ်ခု ရှိသတဲ့။ ကလေးတွေကို စာသင်ပေး၊ မပေးတော့ မသိပါဘူး။ ရဟန်းသံဃာတွေကိုတော့ စာပေတွေ ပို့ ချ သင်ကြားပေးနေတာပေါ့။ ဒီလို ဆရာတော်ကြီးက ဝါတွင်းကာလတွေမှာ စာပေတွေ သင်းကြားနေခိုက်၊ ဆရာတော်ကြီးဆီမှာ စာဝါလိုက်နေတဲ့ စာသင်သား ကိုယ်တော် တပါးဆီကို ဒကာများက လာရောက်ဖူးမျှော်ရင်း၊ စာသင်သား ဆရာတော်လိုအပ်မယ် ထင်တဲ့ ပစ္စည်းလေးပါ တပါထဲ ကပ်လှူခဲ့ပါတယ်။ အဲဒီပစ္စည်းက ကော်ဇောတချပ် ဖြစ်ပါသတဲ့။ စာသင်သား ကိုယ်တော်ကလည်း သူရရှိထားတဲ့ ကော်ဇောလေး တစ်ခုထဲကို၊ တခြား ကိုယ်တော်တွေနှင့် အတူသုံးတော့ မလောက်ငှတာနဲ့  ဆရာတော်ကြီးဆီက ကောဇောအများကြီးရှိတဲ့ အထဲက ပြန်မျှနိုင်ရင်တော့ လောက်ကောင်းရဲ့ ဆိုပြီ ဆရာတော်ကြီးကို ပိုနေတဲ့ ကောဇောလေးများရှိရင် ပြန်စွန့် ဘို့  မေးလျှောက်ပါသတဲ့။ အဲဒါနဲ့  ဆရာတော်ကြီးနှင့် ပြောဆိုရင်းက သူ့ မှာ ကောဇောတချပ် ရှိတာကို ဆရာတော်ကြီးက သိသွားပြီး၊ ပြန်ပြောလိုက်တာက
          ` မင်းမှာ ကော်ဇောတစ်ချပ် ရှိတာ၊ ငါ့မှာ (၉၉)ချပ်ပဲရှိတယ်။ ကော်ဇော (၁၀၀)ပြည့်အောင် အဲဒီ တချပ်ကို ငါ့လှူလိုက်ပါကွာ`

          လို့ မစွန့် နိုင်တဲ့အပြင် နောက်ထပ်ြပီ အလှူခံလိုက်ပါသတဲ့။
-       ၀        -         ၀        -         ၀        -         ၀        -         ၀        -         ၀        -

  • သာဓုခေါ်ပါ

          ဒီပုံပြင်လေးတော့ လူတွေ ကြားဘူးထားပြီးသား ဖြစ်ကောင်းဖြစ်မယ် လို့ ထင်ပါတယ်။ ထင်တယ်လို့  ပြောတာပါ . . . သေချာတော့လည်း မသိပါဘူး။ ဒီပုံပြင်ကလည်း အပေါ်က ပုံပြင်လိုပဲ ဆွမ်းကပ်ဘို့ သွားရင်း ကြုံစုံရတဲ့ ဘုန်းတော်ကြီးတပါးက ပြန်မိန့် ဘူးတာလေးပါ။

          တခါက ရွာလေး တရွာမှာ ရွာဦးကျောင်း ဘုန်းကြီးကျောင်း တကျောင်းနှင့် ရွာသူ၊ ရွာသားတွေ နေထိုင်ကြသတဲ့။ ရွာလေးက တောဓလေ့ အတိုင်း ကိစ္စကြီး၊ ငယ် (သို့ ) သာရေး၊ နာရေးတွေ ရှိရင် ရွာဦးကျောင်းက အုတ်မောင်းကို ခေါက်ပြီး ရွာကလူတွေကို ရွာဦးကျောင်းမှာ စုစည်းလေ့ရှိသတဲ့။ စည်းဝေးပွဲးကိုတော့ ရပ်ကွက်လူကြီး၊ ဒါမှမဟုတ် ရွာဦးကျောင်း ဆရာတော်ဘုရားက ဦးစီးတတ်ပါသတဲ့။

          တနေ့ တော့ ရွာရဲ့  အာရုံတက်ပြီးစ အချိန်လောက်မှာ ရွာဦးကျောင်းက အုတ်မောင်းသံ တဒုံး ဒုံး ထုလို့  လူစုဘို့  အချက်ပေးသံ ပေါ်လာပါရော။  ဒါနဲ့  ရွာဆိုတော့ ရွာထုံးစံ လယ်တော၊ ယာတောဆီ လုပ်ငန်းခွင် သွားကြမယ့် သူတွေရော၊ အိမ်အလုပ် လုပ်ဘို့ ပြင်နေသူတွေပါ ရွာဦးကျောင်းစီကို ၊ ကိုယ်စီ ချီတက်သွားကြရတာပေါ့။ ဘာလို့  ခေါက်မှန်းလဲမသိ၊ အရေးကြီး၊ မကြီးလဲ မသိ နဲ့ ပေါ့။     ဒါနဲ ရွာဦးက ဘုန်းကြီးကျောင်းကို လူတွေ စုဝေးရောက်တယ် ဆိုရင်ပဲ        ရွာဦးကျောင်း ဆရာတော်ကြီးက ရွာသူ၊ ရွာသားတွေကို စကားစပြောပါတယ်။
          ` သာဓု (၃)ကြိမ် ခေါ်ကြတော့`
လို့  ပြောပါသတဲ့။ ဒါနဲ့  ရွာကလူတွေကလည်း
          ` ဘာကို ဘာအကြောင်းကြောင့် သာဓု ခေါ်ရမလဲဘုရား`
လို့  ပြန်လျှောက်ပါသတဲ့။                   ဒါနဲ့  ဆရာတော်ကြီးကလည်း
          ` ငါ ဒီနေ့  အသက်(၉၀) လည်းပြည့်ပြီ။ နောက်ပြီး ဘုန်းကြီးဘဝနဲ့  တသက်လုံး တရား အားထုတ်တော့မယ်လို့  ဒီနေ့ ပဲ ဆုံးဖြတ်လိုက်ပြီ ၊ ဒါကြောင့်မို့ ရွာသားတွေကို အသိပေးပြီး၊ သာဓုခေါ်ဘို့  လူစုရတာပါပဲ`
လို့ ပြောပါသတဲ့။ ဒီအကြောင်း အရာကို ပြောပြတဲ့ ဆရာတော်ကတော့ ဘုန်းကြီးဆိုတာလည်း အားလုံး အရိယာဘဝ မရောက်သေးဘူး။ လူပဲရှိသေးတယ်၊ ဘုန်းကြီးဘဝ ကနေ အချိန်မရွေး လူအဖြစ် စိတ်ပြောင်းနိုင်သေးကြောင်းနှင့် ဘုန်းကြီးဘဝမှာလည်း သူအခက်အခဲနဲ့  သူရှိတယ်။ လူ့ ပတ်ဝန်းကျင်းနှင့် အနေနီးရင် လူစိတ်ပြောင်းနိုင်သေးကြောင်း ဖြည့်စွတ်ပြောပါတယ်။
-       ၀        -         ၀        -         ၀        -         ၀        -         ၀        -         ၀        -

          လူဘဝမှာ ကြုံစုံရသမျှ သဘော၊ သဘာဝကို မျှဝေခြင်းသာ ဖြစ်ပါသည်။ ဆရာတော်များကို ပြောင်လှောင်လိုခြင် အလျှင်းမရှိပါ။ တစုံတခု မှားယွင်းစွာ ရေးသားခဲ့ခြင်းရှိပါကလည်း နားမလည်သောကြောင့် သာဟု နားလည်ခွင့်လွတ်ပေးပါရန် တောင်ပန် လျှောက်ထားအပ်ပါသည်။               ရေးသားသူ

5 comments:

mstint said...

ရယ်မောဖွယ်လေးများဖတ်သွားတယ် စောရေ။
စိတ်ဖိစီးမှုရဲ့ တစ်စိတ်တစ်ဒေသ ဆေးကောင်းလေးတွေပေါ့နော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

ခရစ္စတလ် said...

ပြုံးမိတယ် :)

Angelhlaing(May everybody be happy and healthy! said...

ရယ်မောစရာလေးတွေအတွက် ကျေးဇူးပါမမ..:):)

သူကြီးမင်း (တုံးဖလား) said...

အင်းနော်...
အပျိုကြီးတွေလဲ အသက် ၉၀ ကျော်မှ အုန်းမောင်း ခေါက်ကြမယ်နဲ့တူတယ်။ ဟာ ဟ။
ဆိုင်ဆိုင် မဆိုင်ဆိုင် ပြောချင်တာ ပြောသွားသည်။း))

ခင်မင်လျှက်

ညီလင်းသစ် said...

သာဓုခေါ်ပါကို ဖတ်ပြီး ပြုံးမိပါတယ်၊ တဆက်ထဲ နှစ်တွေ၊ လတွေ ဘယ်လောက်ကြာပြီ ဆိုတာထက် စိတ်ရဲ့ ပြဌာန်းမှု၊ ပိုင်းပြတ်မှုက ပိုပြီးအရေးကြီးတာကို တွေးမိသွားတယ်...။