အဘိဏှသုတ် (ဗုဒ္ဓဓမ္မ ဦးလောကနာထ မှ)

အဘိဏှသုတ် (ဗုဒ္ဓဓမ္မ ဦးလောကနာထ မှ ကူးယူဖော်ပြပါသည်)

ကံတရားကို အမြဲမပြတ် ဆင်ခြင်ပါ…

''မိမိ၏ ကံသာလျှင် မိမိဥစ္စာ ရှိ၏၊ ကံ၏ အမွေခံ ဖြစ်၏၊ ကံသာလျှင် အကြောင်းရှိ၏၊ ကံသာလျှင် အဆွေအမျိုး ရှိ၏၊ ကံသာလျှင် ကိုးကွယ် မှီခိုရာရှိ၏၊ ကောင်းသည်ဖြစ်စေ မကောင်းသည်ဖြစ်စေ ငါပြုမိသော ကံ၏ အမွေခံသာ ဖြစ်ရပေမည်'' ဟူ၍ မိန်းမဖြစ်စေ ယောက်ျားဖြစ်စေ လူဖြစ်စေ ရဟန်းဖြစ်စေ မပြတ် ဆင်ခြင်အပ်၏။

ရဟန်းတို့ သတ္တဝါတို့အား ကာယဒုစရိုက် ဝစီဒုစရိုက် မနောဒုစရိုက်သည် ရှိ၏၊ ထို(ကံ) အကြောင်းကို မပြတ် ဆင်ခြင်သော ထိုသူအား မကောင်းမှုသည် အချင်းခပ်သိမ်းမူလည်း ပျောက်ကင်း၏၊ ခေါင်းပါးခြင်းမူလည်း ဖြစ်၏။

''ငါတစ်ယောက်တည်းသာလျှင် ကံသာလျှင် မိမိဥစ္စာရှိသည် ကံ၏ အမွေခံဖြစ်သည် ကံသာလျှင် အကြောင်းရှိသည် ကံသာလျှင် အဆွေအမျိုးရှိသည် ကံသာလျှင် ကိုးကွယ်မှီခိုရာ ရှိသည် ကောင်းသည်ဖြစ်စေ မကောင်းသည် ဖြစ်စေ ငါပြုမိသော ကံ၏ အမွေခံဖြစ်သည် မဟုတ်၊ စင်စစ်မူကား ဤဘုံဘဝသို့ လာခြင်း တစ်ခြားဘုံဘဝသို့ သွားခြင်း စုတေခြင်း ပဋိသန္ဓေ နေခြင်းရှိသည့် သတ္တဝါဟူသမျှ အားလုံးတို့သည် ကံသာလျှင် မိမိဥစ္စာ ရှိကုန်၏၊ ကံ၏ အမွေခံ ဖြစ်ကုန်၏၊ ကံသာလျှင် အကြောင်းရှိကုန်၏၊ ကံသာလျှင် အဆွေအမျိုး ရှိကုန်၏၊ ကံသာလျှင် ကိုးကွယ် မှီခိုရာ ရှိကုန်၏၊ ကောင်းသည်ဖြစ်စေ မကောင်းသည်ဖြစ်စေ ပြုမိသော ကံ၏ အမွေခံတို့သာ ဖြစ်ကြလိမ့်မည်'' ဟု ဆင်ခြင်၏။

ထိုကံအကြောင်းကို မပြတ် ဆင်ခြင်သော ထိုသူအား မဂ်သည် ကောင်းစွာ ဖြစ်ပေါ်လာ၏၊ ထိုအရိယာတပည့်သည် ထိုမဂ်ကို မှီဝဲ၏၊ ပွါးများ၏၊ ကြိမ်ဖန်များစွာ ပြု၏၊ ထိုမဂ်ကို မှီဝဲသော ပွါးများသော ကြိမ်ဖန်များစွာ ပြုသော ထိုသူအား သံယောဇဉ်တို့သည် အချင်းခပ်သိမ်း ပျောက်ကင်းကုန်၏၊ အစဉ်ကိန်းနေသော 'အနုသယ' တရားတို့သည် ကင်းပြတ်ကုန်၏ ဟု မိန့်တော်မူ၏။

Thursday, July 28, 2011

စလေမြို့ မှ တခိုးကြီး ဘုရား နှစ်ဆူ


          မေမေ့အိမ်ကို ပြန်စဉ်က စလေမြို့ ကို အလည်သွားခဲ့ပါတယ်။ စလေမှာလည်း ကျောင်းတက်တုံးက သူငယ်ချင်းတွေ ရှိပါတယ်။ သူတို့ အိမ်တွေကိုတော့ အလည်သွားခဲ့ရပေမယ့် အမျိုးအိမ်ကိုတော့ မရောက်ခဲ့ရပါဘူး။ မသွားတာကြာတော့ အိမ်ပျောက်နေတာမို့  မဝင်ခဲ့ရတော့ပါဘူး။ သူငယ်ချင်းက သွားခြင်တဲ့နေရာတွေ ဘယ်လိုသွားရမလဲ မေးတာနှင့် သူကိုယ်တိုင် လိုက်ပို့ ပေးပါတယ်။ သူငယ်ခြင်းက လိုက်ပို့  ပေးလို့  ဖူးခဲ့ရသော ဘုရား(၂)ဆူကို အများဖူးမျှော်နိုင် စေရန် ရိုက်ယူခဲ့မိသော ပုံများကို ပြန်လည် မျှဝေပေးခြင်တာပါ။ စလေနှင့် ဆိတ်ဖြူမြို့ တွေဟာ ပုဂံခေတ်ကနေ ယနေ့ ထက်တိုင် တည်ရှိနေတဲ့ မြို့  တွေပါ။ ပုဂံခေတ်ကတော့ အတော်ကို စည်းကား ကြီးကျယ်တဲ့ ဧရာဝတီမြစ်ဘေးက မြို့ တွေ ဖြစ်ခဲ့ပါတယ်။    ခုတော့ မြို့  ငယ်လေးတွေ အဖြစ်ဆက်လက် တည်ရှိနေဆဲပါပဲ။

          စလေသူ၊ စလေသားများကတော့ သူတို့ မြို့ ကို ပုဂံငယ်လို့  တင်စားပြောဆိုလေ့ ရှိကြပါတယ်။ ဘုရားတွေနှင့် ပုဂံမှာလိုပဲ ပြည့်နေလို့ လို ဆိုတာပါပဲရှင်။ စလေနားက ရှင်ပင်စာကြို ဘုရားကြီးကိုတော့ ဒီတခေါက် မသွားဖြစ်ခဲ့ပါဘူး။ မဟာမုနိ ဘုရားဆင်းတုတော် မြစ်ရိုးတစ်လျှောက် ပင့်ဆောင်လာရာ စာလေးငှက်ငယ်များက ဘုရားကို လာကြိုတဲ့နေရာဖြစ်တယ်လို့  ဘုရားသမိုင်းကို ပြောကြပါတယ်။ ဘုရားပင့်လာတဲ့ ဖောင်တော်ကိုလည်း ဒီနေရာမှာ တစ်ထောက်နားရင်း ဘုရားတည်ထားခဲ့ခြင်း ဖြစ်ပါတယ်။ မရောက်ခဲ့တာမို့  ဘုရားပုံတော်ကိုတော့ မတင်ပေးနိုင်တော့ပါဘူ။

          ဒါပေမယ့် ခုတင်ပေးမယ့် ဘုရားပုံကတော့ ရခိုင်ဘုရားပါ။ ဒီဘုရားဆင်းတုကလည်း မုနိတဆူ ဖြစ်တယ်လို့  သူငယ်ချင်းက ပြောပြပါတယ်။ ဆုတောင်းပြည့်တယ်လို့ လည်း သူငယ်ချင်းကပြောပါတယ်။ အလွန် သပ်ပါယ်ပါတယ်။ ဧရာဝတီမြစ်ဘေးမှာပဲ တည်ရှိပါတယ်။ မြို့ ကနေ မလှန်း၊တလှန်မှာ တည်ရှိနေတာပါ။


 ဘုရားတံတိုင်းအဝင် မုတ်ဦးပုံပါ။



အတွင်း ဝင်သွားတော့ မြင်ရတဲ့ပုံပါ။ ဘုရားက မြို့ နှင့် လှမ်းတော့ စောင့်ရှောက်ဘို့  မိသားစုတစ်စုက ဘုရားဝန်း အတွင်းမှာ နေတာမို ၊့ သော့ပိတ်ထားတဲ့ အတွင်းတံခါးကို လိုက်ဖွင့်ပေးမှ ဝင်ဖူးလို့ ရပါတယ်။

ဓာတ်ပုံထဲကထက် အပြင်မှာတော့ ရွှေသားအတိဖြင့် ဆင်းတုတော်ကို ကြည်ညိုဖွယ်ရာ ဖူးမြော်ရမှာ ဖြစ်ပါတယ်။ (ဆင်းတုတော်ကတော့ ရွှေချထားတာပါ :P)


          နောက်တစ်ဆူကတော့ မံဘုရားပါ။ ယွန်းဘုရားတစ်ဆူ အဖြစ်တွေ့ ရမှာ ဖြစ်ပါတယ်။ နှီးများဖြင့် ယက်လုပ်ထားပြီ၊ သစ်စေးများဖြင့် သရိုးကိုင်ထားကာ၊ ရွှေချထားသော ပုဂံဘုရားဖြစ်ပါတယ်။ ပုဂံဘုရားတွေ မြစ်ထဲမျှော်ပါစဉ်က ဘုရားဆင်းတုတော်သည် ယွန်ထည်ဖြစ်သောကြောင့် မြစ်ရေမှာ ပေါလော မျှောပါလာတာကို စလေမြို့ ခံများက ဖူတွေ့ ရတဲ့အတွက် ရေထဲကို ဆင်းဆယ်ယူပြီး မြို့   ပေါ်မှာ ကျောင်းဆောက်လှူဒန်းလို့  ပူဇော်ထားတဲ့ ဘုရားတစ်ဆူဖြစ်ပါတယ်။ မကြာခင်ကပဲ ဘုရားရဲ့  ကျောဘက်က အမိုးရေယိုရာမှ ဆွေးမြေ့ ပျက်ဆီးခဲ့လို့  အမိုးများကို လုံခြုံအောင်ပြင်ဆင်ပြီးမှ ယွန်းပညာရှင်များနှင့် ဘုရားကျောဘက် အပျက်အဆီးတို့  ကို ပြန်လည် ပြင်ဆင်ထားတာ ဖြစ်ပါတယ်။ ပုဂံခေတ်လက်ရာဖြစ်ပြီး ကြည်ညိုဖွယ် ဖူးမျှော်နိုင်မှာ ဖြစ်ပါတယ်။

               ရုပ်စုံကျောင်းမှာ ရိုက်လာတဲ့ ပုံတွေက နည်းနည်းများတာမို့ လို့   နောက်မှ သက်သက် ခွဲးတင်ပေးမယ်လို့  စိတ်ကူးထားပါတယ်။ စလေမြို့ ရဲ့  အရိပ်အယောင်ကို မတွေ့ ရပေမယ့် စလေက ဂုဏ်ထူးဆောင် ဘုရားနှစ်ဆူကို ဖူမျှော်ကြပါအုံးလို့  ပြောရင်းနိဂုံးချုပ်လိုက်ပါပြီနော်။       ။

Friday, July 22, 2011

စိတ်မနှံခြင်းနှင့် အယောင်ဆောင်သူ




          မြို့ လယ်မှာ တခါတရံ၊ လူတွေကြားထဲ နေခြင်သလိုနေ၊ သွားခြင်ရာ လျှောက်သွားနေပြီး စိတ်မနှံနေတဲ့ လူတွေကို ရံဖန်၊ ရံခါ ကြုံရ တွေ့ ရဘူးကြမှာပါ။  မြို့ ပြတွေမှာတော့ လိုင်းကားတွေပေါ်မှာ ပါလာတတ် ပါသေးတယ်။ နယ်လေးတွေမှာတော့ ဧရိယာကျည်းတော့ မြို့ ခံလူတွေနှင့် အမြဲလို တွေ့ ကြုံနေရတတ်တာပါပဲ။ တခါတလေလည်း ကိုယ့်မြို့ က အရူးကို တမြို့ နှင့် တမြို့ ကူးနေသော လိုင်းကားပေါ် တင်ပေးလိုက်တတ် တာတွေလည်း ရှိရဲ့ ။ ကျမတို့  မြို့ လေးမှာလည်း မွေးကတည်းက နေလာပြီ၊ စိတ်နှောက်ကျရာကနေ သေတဲ့ အထိ နေသွားတဲ့ သူတွေလည်း၊ သုံးယောက်လောက် ရှိခဲ့ဘူးတယ်။ သူတို့ ကိုသွားစပြီဆိုရင် တကယ်လည်း ကြမ်းကြမ်းတမ်းတမ်း တုံ့ ပြန်ကြလေ့ ရှိတယ်။

          ကျမတို့  ငယ်ငယ်တုံးက ထင်ရှားခဲ့တဲ့ အရူးမတဦး နံမည်က `ပူးစူးမ`တဲ့။ စိတ်ဆင်းရဲမူ့ ဒဏ်ဖိစီးလို့  သာရူးသွားတာပါ။ အဝတ်အစား အလွန်လုံခြုံပါတယ်။ သူမ၏ ဖခင်က အင်္ဂလိပ်စာ ကျူရှင်သင်ပါတယ်။ ကျမတို့  မေမေတောင် ဒီဆရာ့ရဲ့  ကျူရှင် တက်ခဲ့ဘူးပါသေးတယ်။  ဖခင်ဆုံးပြီးနောက်ပိုင်း လုပ်ကိုင်စားရင် ကြွေးပူလို့ ပဲ ရူးသွားတာလိုလို ကြာခဲ့ဘူးပါသည်။ အရူးမမို့ များ ထိရမယ် မထင်ပါနှင့် ယောင်္ကျားတွေနှင့် စကားတောင် မပြောပါဘူး။ စရင်လည်း ကုန်းအော် တုတ်တော့တာပါပဲ။ စိတ်တိုအောင် စရင်တော့ လူကိုတောင် လိုက်လုပ်တတ်ပါသေးတယ်။ တကယ်ကို ကြမ်းပါတယ်။

           နောက် အထင်ရှားဆုံး နှင့် ကျမ အကြောက်ဆုံး အရူးတစ်ယောက်ကတော့ `အရူးသိမ်းအောင်` ပါ။ သူက ကျမတို့  အိမ်ရှေ့  စိန်ပန်းပင်အောက် သစ်မြစ်ဆုံ ခွကြားက မြေပြင်ပေါ် အမြဲထိုင်လို့  နေတတ်ပါတယ်။ တစ်ခါတစ်လေလည်း ရှောက်သွားလို့  မရှိပါဘူး။ သူလာထိုင်နေရင် ကျမက ကလေးဆိုတော့ အပြင်မထွက်ရဲပါဘူး။ မေမေကခိုင်းလို့  အိမ်ပြင်ထွက်စရာရှိရင် အိမ်ကျော်တဲ့ အထိ ဖေဖေကို လိုက်ပို့ ခိုင်းပြီးမှ သွားပါတယ်။ သူကလည်း သိတယ် ကြည့်ပြီ ပြုံးနေတတ် ပါတယ်။ ဖေဖေကတော့ တခါတလေ ငှက်ပြောသီးလေး ဘာလေး ထွက်ကျွေးတတ်တော့ သူက ဗိုက်ဆာတုံး ဖေဖေ့ကို မြင်ရင် မုန့် လာ တောင်းတတ်ပါတယ်။ လာတောင်းရင်တော့ ရှာကျွေးရတာပေါ့လေ။ သနားတော့ သနားပါတယ်။ အရူးထောင်ကို ပို့ လိုက်သလို ကြားပြီး ပျောက်သွားပါသေးတယ်။ နောက်တော့ ပြန်ထွတ်လာပြီ ကျမတို့  အိမ်ရှေ့ တခါ ရောက်လာပြန်တာပါပဲ။ သေတော့လည်း ကျမတို့  အိမ်ရှေ့  ထောင့်လေးမှာပဲ သေသွားလို့  ရပ်ကွက်ကပဲ မြေမြုပ်သဂြိုဟ်လိုက်ရပါတယ်။

          ဒါပေမယ့် ဘယ်ကလာမှန်းမသိတဲ့ စိတ်နှောက်နေသူတွေ ထဲကနေ အသက်(၄၅-နှစ် ၅၀) လောက်ရှိတဲ့ အမျိုးသမီးကြီး တစ်ဦး ကျမတို့ မြို့ မှာ ပေါ်လာပါတယ်။ ဈေးရှေ့ က အင်္ဂလိပ်ခေတ်က ရှိတဲ့ နှစ်ထပ် အဆောက်အဦးရှေ့ က လှေခါးထစ်တွေမှာ တခါ တခါ မနက်ပိုင်း၊ တခါ တခါကျတော့လည်း တနေ့  လယ်လုံး မလုံခြုံတဲ့ ဝတ်စား ဆင်ယင်ပုံတွေနှင့် ပါးစပ်က ပေါက်တတ်ကရတွေ အော်ဟစ်ပြောရင်း ထိုင်နေလေ့ ရှိပါတယ်။ ကိုယ်လုံး၊ ကိုယ်ထယ်ကလည်း ခပ်ထွားထွားမို့  အဝေးကပင် ထင်ထင်ရှားရှား မြင်ရတဲ့ သူပေါ့ရှင်။ ၁၉၉၄-၅ ခုနှစ် ကာလများကပါ။ ဈေးဘက်ကို ဈေးဝယ်ဘို့ ၊ မေမေ့ဈေးခြင်းလိုက်ယူဘို့ ၊ သူငယ်ချင်းတွေနှင့် သွားရင်းလာရင်း အကြောင်း အားလျှော်စွာ ဖြတ်သွားရလေတိုင်း ဒီအမျိုးသမီးကိုတွေ့  ရမြဲပါပဲ။

          သွားပြန်တော့လဲ မြင်ရတယ်၊ မြင်ရတော့လဲ အသံတွေကြား(သူမက တခါတလေ ဖြတ်သွားတဲ့ လမ်းသွား၊ လမ်းလာတွေကို အော်ဟစ်ခေါ် နုတ်ဆက်တတ်ပါသေးတယ်။) တော့လဲ မကြည့်ဘဲ မနေနိုင် ပြန်ပေါ့လေ။ ခပ်ဝေးဝေးကပဲ သွားဖြစ်တာပါ။ လှမ်းဆွဲးလိုက်မှာ ကြောက်လို့ လေ။ :D     ယောင်္ကျား၊ မိန်းမ မှန်သမျှလည်း ကြည့်သူကကြည့်၊ ရှောင်သူက ရှောင်ပေါ့လေ။ သူမက ထိုင်ရင် လုံချည်က အောက်စလွတ် နေတတ်ပြီး၊ ရင်ဘက်က ဟောင်လောင်း ဖြစ်နေတာကိုး။( မြန်မာနိုင်ငံမှ စိတ်မနှံ့ တဲ့သူတွေသာ အသိစိတ် မရှိမှ ဒီလိုလုပ်တတ်ကြတယ်လို့  ထင်လို့ လားမသိပါ။။ ကျမတို့ မြို့ က တခြားစိတ်မနှံ့ တဲ့ အမျိုးသမီးတစ်ယောက်ဆို သေတဲ့အထိ လုံခြုံတဲ့အင်္ကျီ၊ လုံချည်ရှည်နှင့် တခါမှတောင် ဘာဆို၊ဘာမှမပေါ် အောင်နေသွားတာပါ။ )

          သူမကို ပထမစတွေ့ ဘူးစဉ်က ၁၉၉၂ လွန်များဆီက ထင်ပါတယ်။ အချိန်ကာလ တော့ အတိအကျ မမှတ်မိတော့ဘူး၊ သူ့ ကိုတွေ့ ပြီး ၃-၄ လလောက်ကြာတော့ ပျောက်သွားပါတယ်။ ဘယ်ကလာမှန်းမှ မသိတာ ပြန်ပျောက်သွားတော့လဲ တခြားနေရာ ရောက်သွားပြီလို့ ပဲ ယူဆလိုက်ရတာပါပဲလေ။ မေ့မေ့ပျောက်ပျောက် နေပြီးခါမှ တစ်နှစ်၊နှစ်နှစ်လောက် နေပြီးမှ တစ်ခါ ဒီပုံစံနှင့် ပြန်ပေါ်လာပြန်တော့လဲ အားလုံးက ဘာလဲ၊ ထောက်လှန်းရေးကလိုလို တကယ်ရူးတာလာ? လိုလိုတွေးကြတာပါပဲ။ တွေးလည်း တွေးပါပဲ၊ သူလည်းသူ့  ဘာသာနေ၊ ကိုယ်လဲ ကိုယ်အကြောင်းနဲ့မို့  ဘယ်သူမှလဲ လိုက် ကြည့်နေမယ် မထင်ပါဘူလေ။

          သူမကလည်း တစ်နေရာထဲ ထိုင်နေတာမျိုး မဟုပ်တော့ဘူး။ မြို့ လယ်ပိုင်းမှာ လျှောက်လိုက်၊ ဈေးရှေ့  လမ်းမတလျှောက် တောင်ဘက်ခြမ်း သွားလိုက်၊ မြောက်ဘက်ခြမ်း သွားလိုက်။ ကြုံရာ တွေ့  ရာထိုင်လိုက် လုပ်နေတတ်ပါတယ်။ ဝတ်စားဆင်ယင်တာ၊ နေပုံ ထိုင်ပုံတွေကတော့ အတူတူပါပဲ ဘာမှပြောင်းလဲမူ မရှိပါဘူး။ သူမပြန်ပေါ်လာပြီ နောက်ပိုင်းလဲ ကျမတို့  အဖို့ တော့ စိတ်နှောက်သူ နောက်တစ်ယောက်တိုး လာတာပဲပေါ့။ နေတာ၊ ထိုင်တာ ကတော့ တကယ့်ကို သတိချို့ ယွင်းနေလို့ သာ အမြင်မတော်၊ တော်ယိ ရော်ယိ နေထိုင်နေသူ လိုပါပဲ။ စား၊ သောက်နေတာမျိုးတော့ ကျမကပဲမတွေ့  တာလားတော့ မပြောတတ်ဘူး၊ တခါမှကို မမြင်ဘူးဘူ။

          နောက်တော့ ပြန်ပျောက်သွားတယ်။ ဘယ်လိုပျောက်သွားတယ်လို့  မသိရပါဘူး။ သူပျောက်သွားပြီး  ၁၀-ရက်လောက် အကြာမှာ တိုင်းက စသုံးလုံးတွေ ကျမတို့ မြို့ ကို အုပ်စုလိုက်ဆင်းလာပါတယ်။ နယ်မြို့ မှာ လူစိမ်းတွေ ရောက်လာရင် မြို့ ခံတွေက သတိထားမိကြတတ်တာ သဘာဝပါပဲ။ သူတို့  အဖွဲ့ ကလည်း အုပ်စုလိုက် သွား၊ လာနေတာ ဆိုတော့ ပိုလည်း သတိထားမိတာပေါ့။ သူငယ်ချင်းတစ်ယောက်လဲ ဒီအဖွဲ့  ထဲပါလာတော့ ကျမဆီ တစ်ရက်တော့ အလည်ရောက်လာပါတယ်။ သူတို့ က သူတို့  အလုပ်နှင့်ဆိုတော့ တမင်လာတာတော့ မဟုပ်ပါဘူး။ ခရီးသွား ဟန်လွဲပဲ ဆိုပါတော့လေ။

          မေးဘို့ အကြောင်းတိုက်ဆိုင်စွာ ရောက်လာတဲ့ သူငယ်ချင်းကို ကြုံတုံး ကိုယ်ကလဲ မေးလိုက်မိပါတယ်။ ဟဲ့ နင်တို့  ဘာကိစ္စနှင့် ဒီမှာ ဒီလောက်လူအများကြီး ရောက်လာတာလဲလို့  . . . . .။ ကျမမေးတော့ သူငယ်ချင်းက လိုတိုရှင်းပါပဲ သူတို့  ဌါနအောက်က အမျိုးသမီး တစ်ဦး ဒီမြို့ မှာ အသတ်ခံရလို့  စစ်ဆေးဖို့  နယ်ဆင်းလာတဲ့ အကြောင်းပါ။ တာဝန်မို့  တခြားလဲထပ်မပြော၊ ကျမလဲ ထပ်မေးဘို့  မကောင်းတော့ပါ။ ဘယ်လိုလူမျိုးနှင့် ပတ်သတ်တာ စုံစမ်းမိလို့  အသတ်ခံလိုက်ရတယ်၊ စုံစမ်းခံရတဲ့သူကလည်း သိလို့  လက်ဦးမူ့  ယူလိုက်တာလားလဲ မသိရပါဘူး။

          ဒီ မြို့ လယ်မှာ ပေါ်လာတဲ့ ရူးနေရောင်ဆောင်ထားတဲ့ အမျိုးသမီးကိုလည်း ဘယ်တော့မှ ပြန်မတွေ့  ရတော့ပါဘူး။ ကျမလည်း စိတ်မကောင်းဖြစ်တာကလွဲလို့  ဘာတတ်နိုင်မှာလဲလေ။ ကိုယ်ကကျောင်းသားပဲ ရှိသေးတာ။ အလုပ်ဆိုတာလဲ မသိ၊ အလုပ်ရဲ့ သဘောကိုတောင် သိသေးတာမှ မဟုပ်တာ။ စုံစမ်းထောက်လှမ်းတဲ့ ပညာတွေက စိတ်ဝင်စားစရာကောင်းပေမယ့် အသက်အန္တရာယ် များပြားတာတော့ အမှန်ပဲလို့  မျက်မြင်ကလေး ဖြစ်ခဲ့ရပါတယ်။  ဒီလို နေရာဌါနမျိုးမှာ စားဝတ်နေရေးအတွက် အလုပ်လုပ်ရတဲ့ ဝန်ထမ်းတွေဟာ စား၊ဝတ် နေမူ အဆင်ပြေစေဘို့  စိတ်တစ်ခု အပြင် အလုပ်မှာ ကိုယ့်ဘဝ တစ်ခုလုံးကို ပေးဆပ်ထားရတဲ့ သဘောမျိုးလား? . . . တိုင်းပြည် နှင့် လူမျိုးကို တကယ်ပဲ ချစ်နိုင်မှ လုပ်နိုင်တာမျိုးလား ? သူတို့ တွေရဲ စိတ်ကူးကို ကျမလဲ မသိတော့ပါ။

Sunday, July 17, 2011

မိခင် ဟူသည်



          `ဘုန်း​`
          နောက်ကျောကို လက်နဲ့  တီးလိုက်တဲ့ အသံ ကြောင့် ဘေးခြင်း ကပ်ရပ် ထိုင်နေသော ဧည့်သည်က လှည့်ကြည့်လိုက်ပါတယ်။ ရိုက်လိုက်တဲ့သူကတော့ ကလေး အမေ၊ ဧည့်သည်နှင့် ထောင့်ချိုးနေရာတွင် ထိုင်နေရာမှ လှမ်းတီးလိုက်တာပါ။  ဧည့်သည်ကလည်း စကားပြောနေရင်းမှ ဘာလို့  ဒီလိုဖြစ်သွားမှန်း မသိ၊ ကြောင်နေသည်။

          ကလေးကလည်း မိခင် ဘာဖြစ်နေသည် မသိ။ သူပူဆာတာ မရလို့  ဧည့်သည်ဘေးထိုင်၊ မျက်နှာလေး စာပွဲးပေါ်မှောက်လို့  ဆူပုတ်၊ ဂျီကျနေသည်။ အမေဖြစ်သူက ဧည့်သည်လာလို့  အခန်းထဲမှ ထွက်၊ ဘာမှ မဖြစ်သည့် မျက်နှာနှင့် ဧည့်ခံစကားပြောနေသည်။ ဧည့်သည်ကတော့ ဘာမှမသိ ခုမှရောက်ပြီး ဘာလို့  ဒီဘက်လာတယ်၊ သူ့ ကိစ္စ သူသိတာ၊ စကားစပ်တာ ပြောနေသည်။ ကလေးကတော့ ဧည့်သည်ရှေ့  ဆူဆူညံညံမဟုပ်ပဲ အသံတိတ် ဆန္ဒပြရာမှ မိခင်က စိတ်မရှည်တော့ပဲ လှမ်းတွယ်လိုက်ခြင်းဖြစ်သည်။

          ကလေးကတော့ ရိုက်ခံရတော့ `​အီး​` ခနည်း မြည်အောင် ငိုကြွေးတော့တာပေါ့။ ဧည့်သည်က မငိုဘို့  ချော့ပေမယ့် မိခင်ကတော့ ထပ်တီးခြင်နေသည်။ သူမ၏ စိတ်ထွက်ပေါက်သည် ဒီကလေးပေါ် ရောက်သွားခြင်း ဖြစ်ပါသည်။ အခန်းထဲးက မထွက်ခင် အကြီးမ ရည်းစားထားသည့် ကိစ္စကို ဆုံးမပြောဆိုခဲ့သည်။ အကြီးမ ပြန်ပြောလိုက်တဲ့ ​ရည်စားထားခြင်းသည် သမီး အခွင့်၊ အရေးပဲ​ ဆိုတဲ့ စကားကြောင့် အကြီးမကို ​ဖြောင်း​ ခနဲ မည်အောင် ဆော်ခဲ့ပြီးပြီ။ ဧည့်သည်လာသည် ဆိုသည့် အသံကြောင့် အပြင်ထွက် ဧည့်ခံနေတုံး နောက်တစ်ယောက်က လာဂျစ်တော့ စိတ်တိုတာတွေက ဧည့်သည်ရှေ့  ဆုံးမလို့ ရသော ကလေးဆီရောက်သွားသည်။

          ဧည့်သည်ရှေ့  ဂျစ်တဲ့ အမှုဖြင့် ဧည့်သည်ပြန်သွားတော့ ကလေးကို တွေ့ ရာ တုတ်တစ်ချောင်းဖြင့် ထပ်တီးလိုက်သေးသည်။ မိခင်စိတ်ဖြင့် ကိုယ့်သမီးကို စာသင်ချိန်မှာ ရည်စားထားခြင်းကို မနှစ်သက်ပါ။ ဒါပေမယ့် သူကလည်း ကောလိပ်ကျောင်းသူ ဖြစ်နေပြီ။ ကိုယ်မကြည်ဖြူနိုင်သူမို့  ပိုလို့  စိတ်တိုမိသည်။ သူတို့  ဒုက္ခရောက်မည်ကို ဘယ်မိဘကများ ရူ့ စိမ့်ပါမည်နည်း။ ဒါပေမယ့် သား၊ သမီးများသည် မိဘစိတ်ကို သိသည်လား၊ မသိသည်လား မသိ။ ရည်းစားစိတ် တက်နေခြင်းသည် မိဘကို ပြန်ပြောရ၊ ဆန့်  ကျင်ရမှာကိုပင် ရှက်ရမှန်း၊ ကြောက်ရမှန်း မသိအောင် မွန်ထူနေလေသည်။

          ည အိပ်ရာဝင်ချိန်တွင် မိခင်ဖြစ်သူသည် အိပ်ရာဝင်ချိန်၊ မီးမှိတ်ပြီးသော် မျက်ရည်ကျလေသည်။ ရှိုပ်သံလေးများပင် ထွက်လေသည်။ မိခင်နှင့် အတူအိပ်ရသော အရိုက်ခံရသည့် ကလေးသည် မိခင်ငိုသံကို ကြားရ၏။ ဘာကြောင့် ငိုမှန်းကို တိတိကျကျ မသိပေ။ အရိုက်ခံရတာ၊ အရိုက်ခံရတာပင်  မိခင်မျက်ရည်ကျနေသည်ကို သိတော့ စိတ်မကောင်းပေ။ မျက်ရည်လဲ သုတ်မပေးဝံ၊ မေးလည်း မမေးဝံပေ။ ကလေးများနှင့် အိမ်မှုကိစ္စ၊ စီးပွှားရေး၊ လူမူရေးများကို ယောင်္ကျားများထက် မိန်းမတစ်ယောက် အနေဖြင့် ထမ်းနေရသဖြင့် မိခင်စိတ်သည် မအားလပ်နိုင်အောင် အလုပ်ရှုပ်ရပေသည်။ တခါ၊တရံတွင် ရှေးကစကာပုံ တစ်ခုသည်ပင် မှန်ပါ၏လော မေးခွန်းထုတ်မိသည်။ **မောင်တစ်ထမ်း၊ မယ်တစ်ရွက်** ဆိုးရိုးစကားသည် ဘယ်ခောတ်ဆီမှာ ရှိခဲ့ပါလိမ့်မလဲ။ သူမ အတွက်တော့ မဟုပ်။

တကယ်တော့လည်း ခင်ပွန်းသယ်သည် သောက်စား၊ ခိုး၊ ဆိုးနေသည် မဟုပ်ပါ။ အစိုးရ အရာရှိ (မြို့ မျက်နှာဖုံး အဆင့်) ရှိသူတစ်ဦးပင်။ ရသမျှလခ အကုန်အပ်ပါသည်။ ဒါပေမယ့် ဒီကလေးတွေနှင့် လူများသည့် အိမ်ထောင်စုကို ခုခေတ် တစစ တက်လာသော ဈေးနုန်းများဖြင့် တက္ကသိုလ်၊ အထက်တန်း နှင့် အလယ်တန်း အသီးသီးတို့ တွင် တက်နေသော ကျောင်းစရိတ်၊ စားစရိတ်၊ ကျူရှင်ခ၊ အခွန်၊အခ နှင့် သာရေး၊နာရေးတွေကို မလောက်ငနိုင်။ ဒါပေမယ့် အစိုးရမှပေးသော ဝန်းထမ်းလစာမှလွဲပြီး၊ သူ့ သိက္ခာကို ထိန်းသိမ်းလေသည်။

ဒီကြားထဲ အကြီးဆုံးသမီး အိမ်ထောင်သည်ကလည်း၊ ခင်ပွန်းတာဝန်ကျရာ မလိုက်နိုင်ပဲ ဒီမြို့ က ဝန်ထမ်းအလုပ်နှင့် ကလေးတွေပါ အိမ်မှာ။ ဒါကတော့ အိမ်က သူ့ အောက် ညီမတွေက ကူထိန်းကျသည်။ မိသားစုများတော့ အကြောင်းကြီး၊ ငယ်တွေ ရန်ပွဲးတွေကလည်း ရှင်းရသေးသည်။ ခုလည်း နောက်တစ်ယောက် သဘောမတူသူနှင့် ရည်ငံနေသည်ကို ဘယ်လိုလုပ်ရပါ့မလဲ။ သူယူလို့  သူ့ ဒုက္ခ၊ သူခံလိပ်မည်လို တွေးလိုမရပါ။ ကိုယ်က မိခင် သမီးဖြစ်သူ တစ်စုံ၊တစ်ခု ဖြစ်လျှင် ကိုယ်ပင် ရင်ကွဲးရမည်။ ပြင်နိုင်တုံး ပြင်စေခြင်သည်။ ဒါပေမယ့် သမီးက နားမလည်း၊ ချစ်စိတ်မွန်နေသည်။ ပြီလျှင် သူ့ ဒုက္ခသည် ကိုယ့်ဒုက္ခဖြစ်လာမည်။ အငယ်တွေက တစ်ဖက်နှင့်  မိခင်ဖြစ်သော သူမ ငိုမိလေသည်။

Friday, July 15, 2011

ကျမတို့  မြို့ က ဝါဆိုပွဲး


          ကျမတို့ မြို့ က ဓလေ့လေး တစ်ခုအကြောင်း ပြောခြင်စိတ်ပေါ် နေပါတယ်။ တခြား အရပ်ဒေသတွေ မှာတော့ ဒီဓလေ့ ရှိ၊ မရှိ မသိပါဘူး။ လာမယ့်နေ့ လေးက ဝါဆိုလပြည့်နေ့ လေးမို့  ဒီအကြောင်းလေးကို ရေးရင်ကောင်း မလားလို့  စိတ်ကူးရလာပါတယ်။ အလှူဒါနကို လူဖြစ်စေ၊ ဘုန်းကြီးဖြစ်စေ ပြုတတ်ကြတာ ဗုဓ္ဒဘာသာဝင်တွေ အမှတ်လက္ခာထဲက တစ်ခုပါ။ တခြားဘာသာတွေမှာလဲ သူတို့ နည်းနှင့် သူတို့  လှူပုံလေးတွေ ရှိတယ်လို့ တော့ သိပါတယ်။ သေသေခြာခြာတော့ မလေ့လာဘူးသေးပါဘူး။

          ဒါပေမယ့် ဗုဓ္ဒဘာသာ ဘုန်းဘုန်းတွေဟာတော့ အမြဲ အလှူခံနေတဲ့ ပုဂ္ဂိုလ်တွေ မဟုပ်ကြပါဘူး။ :D  ဆိုလိုခြင်တာက တစ်ခါတစ်ရံမှာ ကိုယ်အလှူခံရထားတဲ့ ပစ္စည်းတွေကို ပြန်လည် ဒါနပြူတတ်တဲ့ ဘုန်းဘုန်းတွေ အများကြီးပါလို့  ဆိုလိုတာပါ။ ဘုန်းကြီးဆိုတာ ပိုလျှံနေတဲ့ ပစ္စည်းကို (ဘုရားရှင်ရဲ့  ဝိနည်းအရ) ဆားလေး တစ်ဆုတ်ကအစ မသိမ်းရပါဘူး။ ပစ္စည်းအတွက် ကြောင့်ကြပြီး တရားသားမတက်မှာ စိုးလို့ ပါ။  ခုခောတ်တော့ တရားထိုင်တဲ့ ဘုန်းဘုန်းတွေထက် ၊ စာချတဲ့ ဘုန်းဘုန်းတွေ၊ စာသင်သားတွေ ကလည်းများလှတာမို့  အပ်စပ်အောင် ကပ်ပိယထားလို့  စီစဉ်စေရပါတယ်။

          ဘုရားရှင် လက်ထက်တော်ကပင် အရှင်သာရိပုတရာ ကိုယ်တော်မြတ် ရဟန်တော် တပါး လေနာထ ပြီး ဆွမ်းခံမကြွနိုင်တာကြာင့်  ယခင် လေနာထခဲ့စဉ်က မည့်သည့်အရာကို ဘုန်းပေးပြီး လေနာပြောက်ခဲ့ ဘူးကြောင်း မေးမြန်ရာ ယာဂုဆွမ်းဖြင့် ပျောက်ကင်းဘူးကြောင်း ပြန်လည် လျှောက်ထားသဖြင့် ယာဂုဆွမ်းကို ရှာဖွေကာ ခံယူလို့  ကျွေးလှူခဲ့ဘူးပါတယ်။ ဂီလာနရဟန်းတော်ကို လုပ်ကျွေးပြုစုရာလည်းရောက် ဆွမ်းလည်း လှူဒါန်း ပြီးသားလည်း ဖြစ်ပါတယ်။

           ဝါဆိုလပြည့်နေ့ သည် ဗုဓ္ဒဘာသာဝင်တို့ ၏ အခါကြီး၊ ရက်ကြီး နေ့ ထူး၊ နေ့ မြတ် ဖြစ်သည့် အလျှောက် ဘုန်းတော်ကြီးကျောင်းတွင် ဝါဆိုသင်္ဃာန်း၊ ဆွမ်း၊ ကွမ်း၊ ဆေး နှင့် တခြား လှူဖွယ်မျိုးစုံကို ကပ်လှူပူဆော်လေ့ ရှိကြပေသည်။ တစ်နေ့ တာ ကာလ တရားနာယူ၊ ဥပုတ်သီတင်း စောင့်သူများပြားလှသည်။ ကိုယ့်မြို့ ၊ ရွာရှိ စေတီပုထိုး များသို့  သွားရောက်ပြီး ပန်း၊ ရေချမ်း၊ ဆီးမီးပူဇော်ခြင်း တံမျက်စည်းလှည်း ကုသိုလ် စသည်ဖြင့် ဝေရာဝတ်စ ကုသိုလ်ယူသူများလည်း ပေါများလှပေသည်။

          ကျမတို့ ကိုးကွယ်သော ဗုဓ္ဒဘာသာ ရဟန်းတော်များသည် ဝါတွင်း ၃-လ ဝါဆို၊ ဝါကပ်နိုင်ရန် ဝါဆို လပြည့်ကျော် ၁-ရက်တွင် ဝါစဉ် ကြီး၊ ငယ် အလိုက် ကန်တော့ ဝါကပ်ရသည်ကို ငယ်စဉ်က မြင်ခဲ့ရဘူးပါသည်။ ကျမတို့  အရပ်ဒေသမှာ ဝါကပ်မည့်ရက်တွင် ဝါဆိုပန်းများဖြင့် ဘုန်တော်ကြီးများ သတင်သုံးရာ အရပ်များသို့  လှူဒါန်းမည့်သူများ လာရောက်ဖူးမျှော်သူများ ဘုရားတဝိုက်နှင့် ဘုန်းကြီးကျောင်း တဝိုက်တို့ တွင် ပြည့်နှက်လျှက် နေလေသည်။ ကျမတို့  အိမ်ရှေ့  မင်းလမ်းမတွင် ဝါကပ်ပွဲးကို ပန်းလှူရန်၊ ပန်းလှူရန် လာသူများကို အအေး၊ ဂျင်းသီးသန့် သုတ်များ ကျွေးမွေးရန် အလှူရှင်များ၊ ကာလသားများနှင့် ပြည့်လျှံ နေတတ်သည်မှာ နှစ်စဉ်၊ နှစ်တိုင်ပင် ဖြစ်ပါသည်။

ဒါပေမယ့် ကျမတို့ မြို့ မှာ ဝါဆိုရက်တွင် လူများက လှူတန်းကြသလို၊ ဝါဆိုလပြည့်ကျော် ၁-ရက်တွင် ရဟန်းတော်များက မိမိတို့  ဆွမ်းခံအိမ် နှင့် သိကျွမ်းသူ ဒါယိကာ၊ ဒါယိကာမတို့ အား ဝါမကပ်မှီ ညနေခင်း ၃၊ ၄-နာရီလောက်မှ စ၍ ဘုန်းကြီးကျောင်းတိုင်းတွင် ဝါဆိုပန်းလှူသူရော၊ ဝါကပ်လာရောက် ကြည်ညို ကြသူများကိုလည်း မိမိတို့ ဆိုင်ရာ၊ ဆိုင်ရာ ကိုယ်တော်များက ဆန်ဆနွမ်းမကင်း၊ ငှက်ပျော(သို့ ) အာလူး ဆနွမ်းမကင်း၊ လဖက်၊ဂျင်သုတ်  အအေး၊ ဖာလူဒါ၊ ရွှေရင်အေး၊ သာကူကြို၊ အသီးအနှံများ စသည်ဖြင့် ကျွေးမွေး ဧည့်ခံ လှူဒန်းလေ့ ရှိတဲ့ ဓလေ့လေးပါပဲ။ ဒီလိုကျွေးမွှေး လှူဒါန်းတာဟာ ကျောင်း တစ်ကျောင်းထဲကတင် မဟုပ်ပါဘူး။ ကျမတို့  မြို့ မှာ ရှိတဲ့ ကျောင်းတိုင်း၊ ကျောင်းတိုင်းကပါပဲ။

           တခြားအရပ်ဒေသမှာ ဒီဓလေ့ကို မတွေ့ ဘူးပါဘူ။ ဝါဆို၊ဝါကပ် ကြည်ညိုသူတွေကို လူတွေအခြင်းခြင်း ကျွေမွေးလှူဒါန်းသူ အလှူရှင် တွေကတော့ အရပ်ဒေသတိုင်းမှာ ရှိမယ်ထင်ပါတယ်။  ဒီအချိန်ကတော့ ကျမတို့  မြို့ က ဘုန်းဘုန်းတွေက ပြန်လည် ကျွေးမွေး လှူဒါန်းတဲ့ အချိန်အခါ ဖြစ်ပါတယ်။ စာသင်သင်္ဃာတွေမို့  လှူနိုင်လောက်တဲ့ ဝတ္ထူ ပစ္စည်း မလုံလောက်ရင်တောင် ဘုန်းဘုန်းရဲ့  မိဘ၊ မွေးချင်းများက ဝါကပ်မဲ့ ရက်မှာ လာရောက် ကူညီပေးရလေ့ ရှိပါတယ်။ ကျမတို့ မြို့ သူ၊ မြို့ သားတွေကတော့ တစ်နှစ်လုံး ဘုန်းဘုန်းတို့ ရဲ့ ဆွမ်း၊ကွမ်း ကပ်လှူကြပေမယ့်၊ ယခုလို ဝါဆိုလပြည့်ကျော် ၁-ရက်မှာ ဘုန်းဘုန်းတို့  ပြုတဲ့ ဒီအလှူကို သွားရောက် စားရတာ၊ ဝါကပ်မူ့ ကို ကြည်ညိုရတာဟာ ယခုတိုင် မြို့ လေးရဲ့ အလေ့အထလေး တစ်ခု ဖြစ်နေဆဲ ပါပဲရှင်။
-       -         -         -         -         -         -         -         -         -         -         -         -
           ၃၈-ဖြာ မင်္ဂလာ ကဗျာ (ငယ်ငယ်က ရွတ်ခဲ့ဘူးသော ကဗျာလေး ကူယူဖော်ပြပါသည်။)

၁။       လူမိုက်ဆိုလျှင် ရှောင်သွေလွှဲလို့ ၊ မမှီဝဲနှင့် ကင်းအောင်နေ။
         ပညာရှိကို အရှည်တွဲလို့ ၊ မှီဝဲဆည်းကပ် နည်းယူစေ။
          သုံးပါးရတနာ မိဘများနှင့်၊ ဆရာသမားကို ပူဇော်လေ။
          ချမ်းသာကိုပေး ဆက်ဆံရေး၊ မျှော်တွေး သုံးချက်ပေ။
အဲဒါမှ *ဗုဓ္ဒဝါဒ * ကမ္ဘာ့မင်္ဂလာတွေ။

၂။       ကုသိုလ် ပညာ ဥစ္စာရဖို့ ၊ သင့်ရာဒေသ အမြဲနေ။
          ရှေးကတင်ကြို ပြုခဲ့ဖူးသည့်၊ ကောင်းမူ အထူး ရှိပါစေ။
          မိမိကိုယ်ကို ကောင်းအောင်ထိန်းလို့ ၊ မတိမ်းစေနဲ့  ဆောက်တည်လေ။
          ဥစ္စာကိုပေး နေထိုင်ရေး၊ မျှော်တွေး သုံးချက်ပေ။
အဲဒါမှ *ဗုဓ္ဒဝါဒ * ကမ္ဘာ့မင်္ဂလာတွေ။

၃။       တတ်ကောင်းတတ်ရာ ဟူသမျှကို၊ ကြားမြင်သုတ ရှိပါစေ။
          အိုးအိမ်တည်ထောင် ဝမ်းစာရေးနဲ့ ၊ အသက်မွေးဖို့  အတတ်သင်လေ။
          လူနှင့် ဆိုင်ရာ ကျင့်ဝတ်များကို၊ ကောင်းစွာသင်ကြား နားလည်စေ။
          မှန်ကန်ယဉ်ကျေး ချိုသာအေး၊ ဆိုရေးတတ်ပါစေ။
အဲဒါမှ *ဗုဓ္ဒဝါဒ * ကမ္ဘာ့မင်္ဂလာတွေ။

၎။       မြင်းမိုရ်ရွှေတောင် မိဘကြွေးကို၊ ကောင်းစွာဆပ်ပေး ဝတ်ကျေကျေ။
          ကြွေးသစ်ချကာ သားနှင့် မယား၊ မြှောက်စားချီးမြှင့် ဝတ်ကုန်ပေး။
          အလုပ်တာဝန် မလစ်ဟင်းနဲ့ ၊ အပြစ်ကင်းအောင် လုပ်ပါလေ။
          စည်းစိမ်ကိုပေး ပြုစုရေး မျှော်တွေး သုံးချက်ပေ။
အဲဒါမှ *ဗုဓ္ဒဝါဒ * ကမ္ဘာ့မင်္ဂလာတွေ။

၅။       သုံးတန် စေတနာ ဖြူစင်လွန်းလို့ ၊ ပေးကမ်းဝေမျှ လှူနိုင်စေ။
          ကိုယ်နုတ် စိတ်ကြံ မမိုက်မှားနဲ့ ၊ သုစရိုက်တရား ကျင့်ပါလေ။
          ဆွေးမျိုးတွေကို ပစ်မထားနဲ့ ၊ သင်္ဂဟတရားနဲ့  ချီးမြှောက်လေ။
          သန့် စင်ပြစ်မျိုး လူထုအကျိုး၊ သယ်ပိုးဆောင်ရွက်စေ။
အဲဒါမှ *ဗုဓ္ဒဝါဒ * ကမ္ဘာ့မင်္ဂလာတွေ။

၆။       မကောင်းမူတွေ ဟူသမျှကို၊ မတွေ့ ခင်က ရှောင်ကြဉ်လေ။
          တွေ့ ကြုံလာလျှင် မလွန်ကျူးနဲ့ ၊ အထူးသဖြင့် စောင့်စည်းနေ။
          အရက်သေစာ မသောက်စားနဲ့ ၊ မှောက်မှားတတ်တဲ့ အရာပေ။
          လုပ်ကိုင်ပြောကြား သတိထား၊ တရားမမေ့စေ။
အဲဒါမှ *ဗုဓ္ဒဝါဒ * ကမ္ဘာ့မင်္ဂလာတွေ။

၇။       အသက်ဂုဏ်ဝါ ကိုယ့်ထက်ကြီးက၊ ဆည်းကပ်ခစား ရိုသေလေ။
          (ဂုဏ်ဝါ = သီလ၊ သိက္ခာ)
          မာနတံခွန် ဂုဏ်မကြွနဲ့ ၊ ကိုယ့်ကိုနှိမ့်ချ အမြဲနေ။
          လောဘအပို လိုမလိုက်နဲ့ ၊ ကိုယ်ထိုက်တာနဲ့  ကျေနပ်လေ။
 (ကံမှလွှဲ၍၊ ဥာဏ်၊ လုံးလ၊ ဝီရိယ ဖြင့် မကျိုးစာတာကို မဆိုပါ)
          ကိုယ့်ပေါ်ပြုဖူး သူ့ ကျေးဇူး၊ အထူးသိတတ်စေ။
 (ကိုယ့်ကျေးဇူ ဆပ်ရန်အတွက်၊ အခြား သူတပါးကို အကျိုးမဲ့        မပြူသင့်။)
          ကောင်းကျိုးဆင့်ပွှား မြတ်တရား၊ နာကြား မပြတ်စေ။
အဲဒါမှ *ဗုဓ္ဒဝါဒ * ကမ္ဘာ့မင်္ဂလာတွေ။

Thursday, July 7, 2011

` ရ` ရထားကြီး ပျော်ပျော်စီး

ပုံလေးကိုတော့ Google ကနေ ရှာထည့်ပေးတာပါ။

          ခရီးလေးတစ်ခု အကြောင်းဆီ စိတ်အာရုံကလေးက ကျက်စားလို့  နေပြန်သည်။ ခရီးဆိုသော်လည်း ကိုယ်မရောက်ဘူးသော အရပ်ဒေသများသို့  သွားရသည် ဖြစ်ခြင်းကြောင့်လား မသိပါ မမြင်ဘူး၊ မတွေ့  ဘူးသော အရပ်ဒေသများ၊ မြင်ကွင်းများ နှင့် အတွေ့ အကြုံများကြားမှ သွားရသောကြောင့် ထင်ပါရဲ့  ယခင်ကဆိုလျှင် ငြီးငွေ့ မိမည်ဖြစ်သော်လည်း၊ ယခုအခါတွင်တော့ ကိုယ့်အရပ်၊ ကိုယ့်လူမျိုးတွေရဲ့  စကားသံကို မညီးငြူနိုင်အားပါပဲ ခရီစဉ်များကို စိတ်ချမ်းမြေ့စွာ၊ လွမ်းမောတသစွာ သွားဖြစ်ခဲ့ရပါတယ်။ အိမ်ထောင်ပြုပြီး နှစ်နှစ်ခွဲး၊ သုံးနှစ်ကြာမှ သွားဖြစ်သော ဆွေပြ၊ မျိုးပြ ခရီးစဉ်လေးတစ်ခုတွင် လမ်းခုလတ်မှာ ကြုံတွေ့ ရသော ဖြစ်ကြောင်းကုန်စင်ကို နတ်သံမနှောပဲ အစချီလိုက် ခြင်ပါတယ်နော်။

          ကျမ ခင်ပွန်းရဲ့  မိဘ၊ မောင်ဘွား နှင့် ဆွေမျိုးများရှိရာဆီ မပြန်တာကြာပြီဖြစ်သော ခင်ပွန်သည်နှင့် အတူ လိုက်ပါရင်း ခရီးသွားခဲ့ရပါတယ်။ ကျမ ကလည်း ခရီးသွားရတာ တာဝန်မပါတာမို့  ပျော်ပါတယ်။ ဒါပေမယ့် ခရီးစဉ်က မန္တလေးမှ ထိုအရပ်ဒေသ ကျွန်းလှ ဆိုတဲ့မြို့ ပြနဲ့  အလှမ်းဝေးသော၊ တောင်ပေါ်လိုလို တောင်ကြားလိုလို အရပ် အထက်အညာ ဒေသကလေးဆီပါ။ အဲဒီကို အသွားခရီးက မထောင်းတာလှပဲ အပြန်ခရီးတွင် ထိုအရပ်ဒေသသားတို့ ရဲ့ သွားရေး၊ လာရေး ခက်ခဲးပုံများနှင့် ကြုံတွေ့  ရရုံသာ မက ခရီးသွားတို့  ကြား ကြုံစုံရသော အကြောင်းအရာလေးတွေကိုဖြင့် အမှတ်တရဖြစ်ခဲ့ရပါသည်။

          အသွားခရီးသည် မန္တလေးမှ နေ့ လည် ၃း၃၀ နာရီတွင် စထွက်ပြီး၊ ည ၉း၃၀နာရီ၊ ၁၀နာရီလောက်တွင် သွားရမည့် နေရာသို့ ရောက်သောကြောင့် ခရီးလမ်းတွင် အခေါက်တစ်ရာလောက် လူတိုင်းကို ဘာစားမလဲ၊ ဘာမှာမလဲမေးမြန် နှောက်ယှက်သော ရထားမှ အမှူထမ်းတို့ ၏ တာဝန်ပိုလွန်းမူ၊ သုံးခါထပ်မနည်း စစ်ဆေးသော လတ်မှတ်စစ်တို့ ၏ ဝတ်တရားသိတတ်မူနှင့် ပိုက်ဆံပေးတင်လာသော အထက်တန်းတွဲမှ ကုန်စည် စလွယ်များကြောင့် အိမ်သာပင် တတ်မရအောင် ပစ္စည်းတွေကြပ်၊ ကြမ်းပြင်မှာ ပြားနေအောင် ဆင်းအိမ်သော လူတွေမှလွဲး၍ တခြားစိတ်ရူတ်ဖွယ် အထူးအထွေ မတွေ့ ရပေ။ :D(ကျမတို့  ချစ်တဲ့ မြန်မာလူမျိုးတွေပါ . . .တကယ်ပါ မညာပါဘူး။)

          သူ့ မိဘတွေ့ နှင့်တွေ့  ဒါတွေကတော့ ထုံးစံပေါ့နော်။ ကိုကလည်း အတူနေတာမှ မဟုပ်တာ ဧည့်သည်၊ အိမ်သည်သဘောမျိုး ဖြစ်နေတာကိုး။ ရောက်တုံးမှာ သူတို့ မိသားစုဝင်တွေ တခါမှ စုံတယ်မရှိဘူး၊ ခုလို စုံတုံး အလှူအတန်းတွေလုပ်ပေါ့။ သူ့ တို့ အမျိုးကလည်း များ၊ လူကလည်းတက်ညီ၊ လက်ညီနှင့် ကူကြ၊ ဝိုင်းကြ ဆိုတော့ အလှူပွဲးလေးဟာ အောင်အောင်မြင်မြင်နှင့် ပြီးဆုံးသွားပါတယ်။ သူတို့ မြို့ ဟောင်းလေး ရေးမြုတ် ဧရိယာလေးထဲ ပါသွားတဲ့ သဖန်းဆိတ်ဆိုတာကြီးနှင့် ကင်းတား ရေတားစီမံကိန်းတွေကို အလည်သဘော လိုက်ပို့ ပါတယ်။ ကျန်တာတွေကတော့ ဘာညာ၊ သာတကာပေါ့။  ဒါပေမယ့် နေရမယ် အချိန်ကာလတစ်ခု ပြည့်လာတော့ အပြန်ခရီးစဉ် စဖို့  စီစဉ်ရတာပေါ့လေ။ သူ့ ဖေဖေ၊ ကျမ ယောက်ခမကြီးက ဆိုရင် သူ့ သားတွေ၊ သူရင်ခွင်ကနေ ခွဲးပြီး ပြန်တော့မယ် ဆိုပြီ၊ နှစ်ရက်၊ သုံးရက် အလိုကတည်းက မျက်နှာလည်းမကောင်း၊ ကောင်းကောင်းလည်း မစား ဖြစ်နေတော့တာပါပဲ။ (ဒါတောင် ခုမှ ခွဲးရတာ မဟုပ်ပါဘူး၊ သူ့  သားတွေနှင့် ခွဲးခဲ့ရတာ ဆယ်စုကိုတောင် ခုဂဏန်းတွေ စွန်းခဲ့ပါပြီ။)

          ကျမကတော့ ကိုယ့်ရပ်ဌါနေ ပြန်ရ၊ သွားရတော့မှာ ဆိုတော့ တက်ကြွခြင် သလိုလိုပေါ့လေ။  ဒါပေမယ့် ရထားလက်မှတ်ကလည်း ဒီလို မြို့ လေးအတွက် အထက်တန်းတွဲးက (၄)နေရာပဲ ခွဲးတန်းရပါတယ်။  ကျမတို့  ပြန်မယ့်သူက (၄+၁) ဖြစ်နေပါတယ်။ တစ်ယောက်စာကတော့ အပိုကြေးပေးပြီ ကိုယ့်ဘာသာ အဆင်ပြေသလို လိုက်နိုင်တဲ့သူဆိုတော့ (၄)ယောက်စာကို လုံးပန်းကြရတယ်။ ဘာလို့ လဲ ဆိုတော့ ကျမတို့  ပြန်မယ့်ရက်မှာပဲ မန္တလေး တက္ကသိုလ်က ဆရာမ (၆)ယောက်ဟာလည်း အထက်တန်းတွဲးကို ဖြတ်ဘို့  ကြိုးစားနေလို့ ပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ကျမတို့ မှာလည်း ခွင့်ရက်နဲ့  ကိုက်ပြန်ရတာမို့  မီးရထားရုံးမှာ လက်မှတ်ရဘို့  ဝယ်ပေးသူတွေက အတော်ကြိုးစား ရပါတယ်။ သူတို့ က (၁၀)တန်း စာမေးပွဲးအမှီ ဒီမြို့ ကလေးက ကျောင်းသားလေးတွေကို အနီးကပ် လုပ်အားပေး၊ စာလာသင်ပေးကြတာ ဆိုတော့ ဝန်းထမ်းကလည်း ဟိုလူ့  ပေးရနိုး၊ ဒီလူ့ ပေးရနိုး ဖြစ်နေတာပေါ့လေ။

          အင်း ကျွန်းလှမြို့ က ပြန်ရမယ့်ညပေါ့ ၊ ဟုပ်တယ်လေ အပြန်က မြစ်ကြီးနားက ထွက်လာမယ့် ရထားက သန်းခေါင်သနွဲးမှ ဝင်မလားမသိ၊ ကိုယ်လဲ တစ်ခါမှ မပြန်ဘူးပဲကိုး။ စောစော အိပ်နေကြ မဟုပ်လို အိပ်လို့ လဲ မရပါဘူ။ မနိုးမှာလဲစိုးတော့ အအိပ်ကလည်း ဆတ်နေပြန်ရော။ မအိပ် အိပ်ရသေးဘူး မနက် (၃)နာရီ ပြန်ထရ ပြန်ပါရော။ သူ့  မေမေနှင့် မောင်နှမ တစ်တွေကတော့ လှုပ်စိ၊ လှုပ်စိနှင့် ပြန်ဘို့ ပြင်သူက ပြင်၊ လိုက်ပို့ မယ့်သူ့ က လိုက်ပို့ ဘို့ ပြင်နဲ့ ပါပဲ။ သူ့ ဖေဖေကတော့ နိုးနေပေမယ့် မလှုပ်ပဲ၊ အိပ်ချင်ယောင် ဆောင်နေပါတယ်။ သူ့ က မခွဲးခြင်သူကိုး   မိဘတွေလည်း သနားမိပါရဲ့ ၊ ကိုယ့်ကိုလည်း သနားမိပါတယ်။ နေခြင်ပေမယ့်၊ တော်ရာမှ နေရတဲ့ဘဝ၊ ပျော်တယ်ရယ် မဟုပ်သော်လည်း၊ နေတတ်အောင် နေရတဲ့ဘဝတွေ မို့ လား။ လူရယ်လို့  ဖြစ်လာတာ သေသေချာချာများ စဉ်စားကြည့်မိရင် သုခဆိုတာထက်၊ ဒုက္ခတွေက များလှပါတယ်။ သံဝေဂတွေ ခဏထားလို့  အကြောင်းအရာလေးကို ဆက်လိုက်ကြအုံးစို့ နော်။

          ခရီးသွားခါနီး ဘုရားကို အရင်ရှစ်ခိုးရပါတယ်။ ပြီးရင် အိမ်ကမထွက်ခင် မိဘ၊ ဦးလေး၊ ဒေါ်လေး၊ ကိုယ့်ထက်ကြီးသူကို ကန်တော့လေ့ ရှိတဲ့ ကျမတို့  မိသားစုရဲ့  အလေ့အတိုင်း ယေက္ခမကြီးတွေကိုလည်း လက်ဆယ်ဖြာ ထိပ်မှာမိုးလို့  ကန့် တော့ခဲ့ပါသေးတယ်။ မိဘတွေက ခရီးမှာ ခလုတ်မထိ၊ ဆူးမငြိအောင်လို့  တဲ့။ ကျမတို့  ညီအမ တစ်တွေ အမြဲကန်တော့ပြီ်းမှ ခရီးသွားရပါတယ်။ ဘယ်သူမှမရှိရင်တော့ ဘုရားကိုပဲ ဦးချပြီး ခရီးထွက်ရပါတယ်။ အနည်းဆုံးတော့ ကိုယ့်ကိုယ်ကို သရဏဂုံတင်ပြီး ခရီးသွားရတဲ့ အလေ့အထလေးပေါ့။ ချစ်စရာ မြန်မာဓလေ့လေးမို့  မြတ်နိုးစရာလေး မဟုပ်ပါလား။  မိဘတွေ ကိုယ့်ဆီ လာလည်တော့လည်း မပြန်ခင်မှာ မိဘတွေကို ကန်တော့လိုက်ကြမြဲပါပဲရှင်။

          ဇာတ်လမ်းလေးက စတည်းက ယာဉ်သကိုးရှင့်။   ကျမတို့  (၃)နာရီလောက်က ထပြီး၊ ပြန်ဘို့  တရုန်းရုန်းလုပ်ပြီး၊ ၃-နာရီ ခွဲး အိမ်ကထွက်လာခဲ့ပါတယ်။ ၄-နာရီလောက်ကတည်းက စပြီးစောင့်လိုက်ရတဲ့ ရထား လည်ပင်ကို ညောင်ရေအိုး ဖြစ်လောက်တယ်။ ဆောင်းတွင်းအအေးဟာ ဝတ်ထားတဲ့ အနွေးထည်ကိုတောင် ထီမထင်ပဲ ဖောက်ဝင်လာနေတာမို့  ရထားဘူတာရုံလို လဟာပြင်မှာ သွေပူအောင် ထပြီး ဟိုလျှောက်လျှောက်၊ ဒီလျှောက်လျှောက်နဲ့  အိပ်ခြင်သလို မျက်လုံး အစုံကလည်း မျက်ရည်တွေ ဝေ့ဝေ့လာလို သုတ်ရသေး။ ရထားကလည်း ရိုးရိုး သူတို့ အခေါ် နဘားတွဲးတွေတော့ လာပါရဲ့ ၊ ကိုယ်စီးမယ့် အထူးရထားက မလားသေးနဲ့ ပေါ့လေ။

          ဟော လာမယ့် လာတော့ (၅)နာရီ ထိုးလုလုမှ ပေါ်လာတယ်။ ကိုယ်စီးရမယ့်တွဲးကို သူတို့ တွေက နယ်ခံဆိုတော့ သိကြတယ်၊ ရှာပေးကြပါတယ်။ မီးရထားက ရပ်တာမှ ၅-မိနစ်၊ ၁၀-မိနစ်  တွဲးရှာ  အဲ ရိုးရိုးတောင် ရှာရတာ မဟုပ်ဘူး။ အပြန်သယ်မယ့် ပစ္စည်း၊ ခြင်းတွေ အိတ်တွေ ဆွဲးပြီး ပြေးပြေးလွှားလွှား ရှာရတာ။  တွေ့ တော့ နောက်ဆုံးတွဲမှာ အထူးတန်း-၂။ ရထားနောက်ဆုံးတွဲး ဖြစ်နေတဲ့ အထူးတန်း ဆိုတာကြီးဆီ သူတို့ တွေသယ်ပို့ ပေးလို့ သာ လူစုံ၊ ပစ္စည်းစုံ ရောက်ပြီး ပါလာပါတယ်။ ပစ္စည်းက နေရာမှ မကျသေး ရထားက ဥဩစွဲးလို့  စထွက်ပြီ။ ကျမတို့ မြို့ က မီးရထား မရှိဘူးတဲ့ အရပ်၊ ဘယ်သွားသွား ကားပဲစီသွားရတာ ဆိုတော့ ကားစီးရတဲ့ ဒုက္ခတော့ သိပေမယ့်၊ ရထားစီးရတဲ့ ဒုက္ခကတော့ ဒါ  ပွဲးဦးထွက်လောက်နီးနီးပေါ့လေ။

          ရထားစီးဘူးသူတွေ အတွက်ကတော့ နောက်ဆုံးတွဲးစီးရတဲ့ အရသာကို ကောင်းကောင်း သိထားပြီး ဖြစ်မယ်ထင်ပါတယ်။ ပြီးတော့ အထူးအမြန် ရထားလဲ ဖြစ်နေတော့ တွေးရုံနှင့်တင် မြင်ရောင်မိမှာပါ။ ရထားကလည်းထွက်၊ ကျမ အမျိုးသားနှင့် သူ့ အစ်ကိုကလည်း ပစ္စည်းတွေ စင်တွေပေါ်တင်၊ ခုံတွေအောက်ထဲ့ နဲ့ ရထားပေါ် ပါလာကြပါတယ်။  အို ဘာပြောကောင်းမလဲ ရထားလမ်း အကွေ့  အကောက်တွေ များတာ ခုတစ်ခေါက်မှပဲ သိရပါတော့တယ်။ ရထားက တစ်ခါ၊ တစ်ခါများ ကွေ့  လိုက်ရင်း တွဲးကြီးက ၆၀ ဒီဂရီလောက် ရှိမယ် ဟိုဘက်ယိမ်းလိုက်၊ ဒီဘက် ရမ်းလိုက်နဲ့  ပစ္စည်းတွေများ ပြုတ်ပျက် ကျလာမတတ်ပဲ။ ကျမတို့  ပစ္စည်းတွေထဲမှာ လပ်ကေ့စ် အသေးတလုံးပါလာတယ်။ ကျန်တဲ့ပစ္စည်းတွေက သူဟာနှင့်သူ အထားကျနေပေမယ့်၊ ဒီလပ်ကေ့စ် အသေးလေးက တွဲးကရမ်းသွားရင် တစ်ခါထွက်လာလိုက်၊ ပြုတ်ကျတော့မလို ဖြစ်လို့  ခုံပေါ်မတ်တပ်ရပ်ပြီ ထိန်းလိုက်ရတာလည်း အမော။ တစ်ခါ၊ နှစ်ခါလည်း မဟုပ်ဘူး လေး၊ ငါး ခါလောက်လဲ အပြေးတက်ထိန်းပြီးရော ကျမလည်း အိပ်ကလည်း အိပ်ချင်၊ စိတ်ကလည်း မရှည်တော့ဘူး။  ဒါနဲ့  မသိခြင်ယောင် ဆောင်ပြီ အိပ်မလို့ ပဲ ရှိသေးတယ် “ဝုန်း“ ခနဲး မည်သံနှင့် အတူ လက်ကေ့စ် အသေးလေးအောက်ကို ပြုတ်ကျလာပါရောလား။

          အိတ်က ရိုးရိုးကျတာ မဟုပ်ဘူးလေ၊ ခုံရဲ့  စင်္ကြန်လမ်းဘက်ခြမ်းက ဦးပဇင်းတပါး ထိုင်လိုက်လာတာကို ဘုန်းကြီး ခေါင်းပေါ် “ဒုန်း“ ခနဲ မည်အောင် ပြုတ်ကျသွားတာပါပဲ။ ကျမနှင့် ကျမ ယောက်ကျားလည်း ဘုန်းကြီးကို အာနာပြီး မြန်မြန် ကောက်ထားလိုက်ရတယ်။ အပေါ်မတင်တော့ပဲ ခုံဘေး ကပ်ထား လိုက်ရတော့ တာပေါ့။ တော်နေကြာတော့ ဘုန်းတော်ကြီးက သူ့ ဘေးမှာကျန်နေခဲ့တဲ့ လက်ကိုင်းအကျိုးလေး ကောက်ပြီး ပြန်ပေးတယ်၊ ဘာမှ မဖြစ်သလိုပဲ။ သံဃာမှန်း သိသော်လည်း ခရီးသွားနေစဉ်မို့  ကိုယ့်ဒုက္ခနှင့်ကို ဘာမှလည်း သီးသန့် ဖယ်ပြီ အရိုအသေပေးလို့  မရနိုင်အောင် ဖြစ်ရပါတယ်။ ဒီကြားထဲ ကိုကလည်း ကိုယ့်ပစ္စည်းတွေနှင့် အထာကျမလို ရှိသေး လက်မှတ်စစ်ကလာလို့  လက်မှတ်ပြရသေးတယ်။ အဲဒီမှာပဲ ကျမတို့ နှင့် လက်မှတ်ဝယ်ဘို့  ကြိုးစားကြတဲ့ ဆရာမတွေကလည်း ကျမတို့  ရထားပေါ်မှာ ပါလာပါတယ်။ မြို့ ခွဲးတန်းကမှ ၄-ခုံပဲ ရတာ။ ရထားပေါ်တက်တုံးက စုပြုံတိုးတက်လာတာ အားလုံးစုစုပေါင်း ဆယ့်နှစ်ဦး၊ ဆယ့်သုံးဦးလောက်တော့ ရှိပါမယ်။

          ကျမတို့ က ၅-ယောက်  ဒါပေမယ့် ၁-ယောက်စာတော့ ကြိုပေးထားတာမို့  လက်မှတ်စစ်ကဘာမှ မပြောပါဘူး။ ဆရာမတွေ လက်မှတ်စစ်တော့ ၄-ယောက်က အထက်တန်းတွဲး၊ ၂-ယောက်က ရိုးရိုးတွဲးပါ ဆိုပြီ ယစ်ပါလေရော။ လက်မှတ်စစ်ကလည်း ပိုက်ဆံလိုခြင်လို တော်ကြာလာလိုက် တမျိုးပြောလိုက်၊ တော်ကြာ လာပြန်ရင်း လက်မှတ်စစ်ကို ထပ်စစ်မဲ့  စစ်ဆေးရေးတွေ လာရင် ဘယ်လိုပြောရမလဲနှင့် လာညစ် နေတာပေါ့လေ။ ဆရာမတွေကလည်း ဝန်းထမ်းတွေလေ ဘယ်ပေးခြင်မလဲ။ ဘုနှင့် ဘောက်ပေါ့။  လမ်းခရီး တော်တော်ပေါက်မှ ဆိုတော့ ခုတော့ မပြောင်းပါရစေနှင့်ပေါ့။ ရွှေဘို ရောက်ရင်တော့ ရိုးရိုးတွဲးကို သွားပါ့မယ်ဆိုပြီး ၃-ယောက် တစ်ခုံတန်းနဲ့  ထိုင်လိုက်လာပါတယ်။ ဆရာမ တစ်ယောက်က တော်တော် `ဝ`ပါတယ်။ သူတို့ ထိုင်လိုက်တော့ ရတော့သွားတာပါပဲ။

          နောက်ဆုံး ဘယ်လိုမှ ပေးမှာ မဟုပ်ဘူး၊ ဆရာမတွေကလည်း တာဝန်နဲ့ လာတဲ့ ဝန်ထမ်းတွေ ဆိုတာ သိသွားတော့(ဆရာမတွေက ဝန်းထမ်းကဒ်တွေ ထုတ်ပြပြီ ပြန်စွာလိုက်တာ) ရွှေဘိုရောက်ရင်တော့ တွဲးပြောင်းပါဆိုပြီး ပြန်သွားတယ်။  :D   လက်မှတ်စစ် ထွက်သွားတော့မှ ` လား လား` ဆရာမတွေက သူတို့ ခြင်းပြောပြီး ရယ်ကျပါရော။  ဆရာမတွေကလည်း ဒီရက်ပဲ ရအောင်ပြန်လာမယ် ဆိုပြီး ဖြစ်အောင် စီစဉ်တယ် ထင်ပါရဲ့ ။  ဖြစ်ပုံက အထက်တန်းတွဲး လက်မှတ်တွေက လာတုံးက လက်မှတ်တွေ၊ ရိုးရိုးတန်း လက်မှတ်ကမှ အပြန် အတွက် ဝယ်ထားတာ။ ဒါပေမယ့် သူတို့ ကလည်း ရိုးရိုးတန်းမှာ မစီးခြင်တော့ အထက်တန်းတွဲးလက်မှတ် အဟောင်းနှင့် တွဲးပြီး ရအောင် တက်စီးလာတာ။ ရိုးရိုးတန်း လက်မှတ် နှစ်စောင် ဝယ်ထားတဲ့ ဆရာမ ၂-ယောက်က ရွှေဘိုထိပဲ လိုက်မှာ။ အဲဒီတော့ ပြောင်းခိုင်းတဲ့ အချိန်ကြ သူတို့ မြို့ ရောက်ပြီ။ ကျန်ခဲ့တဲ့ ဆရာမများကလည်း မန္တလေးထိ စီးလိုရသွားပါတယ်။

           ကျန်တဲ့ လူ ၂-ယောက်ကတော့ တွဲးစောင့်ကို ဒဏ်ကြေးပေးလိုက်ရပြီ(သူတို့ က အဲလို လက်မှတ် အဟောင်လေးမှ မပြနိုင်ပဲကိုး) နောက်ဘူတာရောက်တော့ ရိုးရိုးတွဲး ပြောင်းသွားရပါတယ်။ ကိစ္စလေးပြီးသလို ဖြစ်သွားတော့ ကျမလဲ အိပ်မလိုလိုပဲ ရှိသေး ရွှေဘိုမြို့ ဝင်လာပါတယ်။ မိုးလဲ လင်းလုလုဆိုတော့ ရွှေဘိုမှာလည်း ရထားရှန်တိန်လုပ်ရမှာ ဆိုတော့ အကြော်၊ ထမင်းကြော် ၊ ပြောင်းဖူး စတာလေးတွေ ဆင်းဝယ်စား  အဲ အဲ မျက်နှာအရင်သစ် ပြီးမှ ဝယ်စားကြပါတယ် :P   ။  မိနစ် နှစ်ဆယ်၊ နာရီဝက်လောက်တော့ ကြာမယ်ထင်တယ်။  အဲဒီကနေ ရှန်တိန်လုပ်ရမယ့် တွဲးတွေလာပြီးမှ ကျမတို့  စီးလာတဲ့ ရထားတွဲးကြီးဟာလည်း ခရီးဆက်လက် ထွက်ခွာလာခဲ့ပါတယ်။

          လမ်းမှာလည်း လယ်ကွင်းအမျိုးမျိုးကို ဖြတ်လာတော့ ကျမကလည်း ဟိုအပင်ကဘာလဲ၊ ဒီအပင်ဘာနှင့် ကြည့်ရူ့ စပ်စုလာရသပေါ့လေ။ ယူကလစ်ပင်တွေ တွေ့ ရတော့ ကျမက ယူကလစ်ပင်တွေဟာ မြေဆီလွှာကိုပြုန်းစေတယ်၊ မိုခေါင်စေတယ်ဆိုတော့  အမျိုးသားကလည်း နေကြာပင်တွေကို လူတွေက စိုက်လို့ သာ စိုက်နေတာ သူကလည်း စိုက်ပြီးရင် မြေဆီကို စုပ်ယူသွားလို့  မြေဇာချရင် တော်တော်နှင့် မတက်ဘူးလို့  ရှင်းပြပြန်ပါတယ်။ တချို့ နေရာတွေမှာ စိုက်ပျိုးမဖြစ်တဲ့ မြေတွေပြပြီ ဒီမြေတွေက ကျစ်လို့  လယ်၊ ယာ အနေနှင့် အသုံးမပြုနိုင်ဘူးလို့  ပြပြန်ပါတယ်။ တစ်နေရာရောက်တော့ ဒါက ဆားကျင်းတဲ့။ စစ်ကိုင်းမရောက်ခင် ရထားလမ်းဘေးမှာ မုဆိုးချုံးရွာနားမှာ မြေကနေ သဘာဝအလျှောက် ဖြစ်နေတဲ့ ဆားကျင်းပါ (ရွာလား၊ မြို့ လားဆိုတာ ကျမ သေခြာတော့ မပြောတတ်ပါဘူ။)။  ဒါပေမယ့် ငယ်ငယ်က စစ်ကိုင်းတိုင်းမှာ ဆားချက်စက်ရုံရှိတယ်လို့  ပထဝီမှာသင်ဘူးတာကို သတိရသွားပါတယ်။ စိတ်ကလည်း ဩ ဒါပဲဖြစ်မယ်လို့  တွေးလိုက်မိသေး။

          စစ်ကိုင်းမြို့ ရဲ့ ဘေးက ဖြတ်လာတော့ ကောင်းမူတော်ဘုရားကြီးကို အဝေးကတည်းက ဖူးမျှော်ရတယ်။ အဲ ရွှေရောင်သုတ်ခါစ ထိပ်လေးမှာ ရွှေရောင်၊ အောက်ကတော့ ထုံးသင်္ဃန်းအတိုင်း ရှိသေးတယ်။ ရထားပေါ် ကမြင်ကွင်းဟာ စစ်ကိုင်းတောင်ရိုးပေါ်က ဘုရားတွေကို တမျှော်တခေါ်ပဲ ဖူးမြင်နိုင်ပါတယ်။ စစ်ကိုင်းတံတားကို ဖြတ်တော့ တံတားအဟောင်းပေါ်က နေ တံတားအသစ်နှင့် ဧရာဝတီမြစ်ကြီးကို ငေးမောရင်းဖြတ်လာခဲ့ရတယ်။ ကျမရင်မှာ တော်တော်ကြည်နုးမိပါတယ်။ ဒုတိယကမ္ဘာစစ်က လူတွေ စစ်ကိုင်းတောင်ရိုးမှာ ဘယ်လိုများ နေထိုင်ခဲ့ပါလိပ်လို့ လဲ စဉ်စားမိတယ်။ ဆရာမ ဒေါ်နုနုရည် (အင်းဝ)ရေးတဲ့ စာအုပ်တစ်အုပ်မှာ ဆရာမ ပြောဘူးတာလေးတောင် သတိရတယ်။ ဆရာမက အင်းဝသူဆိုတော့ သူက အင်းဝတံတားလို့  ပြောလေ့ရှိပြီး၊ စစ်ကိုင်းက စာရေးဆရာမ တစ်ယောက်(ဦးဘဆွေရဲ့  သမီး)နှင့် တွေ့ ရင် စစ်ကိုင်းတံတား၊ အင်းဝတံတားလို့  ငြင်းလေ့ရှိတာလေးကိုပါ။

          တံတားဆုံးတော့ ရွှေကြက်ယက်ဘုရားဆိုပြီး ပြပါတယ်။ ကျမ မန္တလေးမှာ ကျောင်းတက်ခဲ့ပေမယ့် အဝေးသင်ဆိုတော့ ဘယ်မှနှံနှံစပ်စပ် မရောက်ဘူးပါဘူ။ သူကတော့ အထက်တန်းကျောင်းကို မန္တလေးမှာ နေလာတာဆိုတော့ တော်တော်လေးသိပါတယ်။ ခွင့်ရက်ကြောင့် ကျမသွားလိုလှတဲ့ စစ်ကိုင်းတောင်ရိုး၊ အင်းဝ နှင့် မေမြို့ တို့ ကို မသွားခဲ့ရပါဘူး။ နောက်တစ်ခေါက် ရောက်အောင် သွားမယ်လို့  အားခဲးထားပါတယ်။ မြေမြို့ ၊ မင်းကွန်းနှင့် မုံရွာတွေ၊ အမရပူရက မဟာဂန္တာရုံကျောင်းတွေကို ငယ်ငယ်က မကြာခဏ ရောက်လေ့၊ လှူလေ့ရှိပေမယ့် စစ်ကိုင်းတောင်ရိုးကို မေမေသွားတဲ့ အခေါက်က ကျမ မလိုက်နိုင်ခဲ့လို့  ခုထိအောင် မရောက်ဘူးသေးပါဘူး။ ရောက်အောင်သွားဘို့  တစ်ခါ တေးမှတ်ထားရမှာပေါ့လေ။  (ဧရာဝတီမြစ်က ရေတွေကိုလည်း ဘယ်လောက်ရော့သွားလဲလို့  မှတ်ထားပါတယ်၊ ရေလယ်မှာ သောင်ထွန်း နတ်သမီးနေတဲ့ ကျွန်းပဲဖြစ်မလား၊ တံငါနှင့် ကိုင်းလုတ်တဲ့ ကျွန်ပဲ ဖြစ်မလားပါပဲ)

          ဒီလို စိတ်ညစ်စရာ၊ ပျော်စရာတွေနှင့် ပြည့်နေတဲ့ ကျမတို့  ခရီးစဉ်လေးဟာ မန္တလေးမြို့ကို (၁၂)နာရီ ပတ်ဝန်းကျင်လောက်မှာ ဝင်လာတော့ တစ်စခန်းရပ်ခဲ့ရပါတယ်။ ကျမရဲ့ ခရီးစဉ်လေး တစ်ခုဟာ ဒီလို အတွေ့ အကြုံလေးတွေ စုံနေအောင်တွေ့ ခဲ့ရတာကို ကျမဖြင့် တော်တော်လေးကို မှတ်မှတ်သားသားလေး သတိရနေမိပါတယ်။ ကျမတို့ လူမျိုးတွေက ဆရာ အော်ပီကျယ်ပြောသွားဘူး သလိုပဲ မြန်မာပြည်မှာ နေရတာ ပျော်ပါတယ်။ ခုလည်းကြည့်လေ ကျမလည်း ခရီးစကတွေ့ ခဲ့ရတဲ့ မဆိုစလောက် စိတ်ညစ်ခဲ့ရတာတွေကို မေ့ပြီး ခုတော့လည်း ကြည်နုးစိတ်လေး၊ ပျော်ရွှင်စိတ်လေး ဝင်လာခဲ့တာပါပဲ။ အင်း ခရီးသွားတဲ့ အရသာကို ဒါတွေကြောင့် ဥရောပကလူတွေက သဘောကျ-ကျတာဖြစ်မယ် ထင်ပါရဲ့ လို့  တွေးရင် နောက်တစ်ခါ ဘယ်အချိန် ခရီးထွက်နိုင်မလဲလို့  … မျှော်တွေးရင်၊ ကျမလိုပဲ ခရီးသွား နှစ်သက်သူတွေ စဉ်စားမိကျမယ်လို့  ထင်ရင် နိဂုံးချုတ်လိုက်ပါပြီ။       ။

Tuesday, June 28, 2011

စလေဦးပုည (အပိုင်း ၃၊ ဇာတ်သိမ်း)


          အမျိုးသားတက္ကသိုလ်၊ ရာဇဝင်နှင့် မြန်မာစာပြဆရာ ဦးသက်တင်က အကိုအကားတို့ နှင့် တကွ တင်ပြသော ဦးပုည မသေကြောင်း ဖော်ပြချက်မှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

          အတိုချုပ်မှာ ဦးသာအိုးက ၁၂၂၈-ခု ။ သီတင်ကျွတ်လဆုတ်၊ ၁၃-ရက်နေ့ ည သန်ခေါင်ကျော်တွင် အီကင်း ရေဆိပ်သို့  ချ၍သတ်စေ၏။ ထို အစီအစဉ်ကို ကြိုသိတင်သိ၍ ကယ်ဆယ်ရန်ကြံသူတို့ မှာ ဦးသာအိုး၏ မယာငယ် ခင်သုံ၊ ၄င်းအမ ခင်မှုံ နှင့် ခင်ပွန်း ကိုသူရ၊ ဦးပုညကို ကြည်ညိုရင်းစွဲး ရှိသော ပုသိမ်မြို့ ပွဲးစားကြီး ဦးညို (ထိုစဉ်က ကုန်ကူးရင်း မန္တလေးတွင် ရောက်ရှိနေသည်။) တို့ (၄)ဦးက ကယ်ခဲ့သည်။ ကယ်ပုံမှာ ဦးညိုက ငွေစိုက်၍ သူသတ်ဆိုင်ရာမှ လူတို့ နှင့် ကြိတ်နယ် တိုင်ပင်ကာ ရေချမည့် နေရာတွင် ပိုက်ကွန်ဖြန့် ခံထားပြီး ဦးပုည အသက်ကို ကယ်လိုက်ကြသည်။

          ကယ်ပြီးနောက် ဦးပုည အပါအဝင် (၅)ဦးပေါင်း တိုင်ပင်လျက် `ဦးပုည` ကို ရှမ်းပြည်ကဖြတ်၍၊ သံလွင်မြစ်ကြောင်းစုန်ပြီး၊ မြန်မာပြည်အောက်ပိုင်း (ထိုစဉ်က အင်္ဂလိပ်လက်အောက် ရောက်ရှိပြီးဖြစ်သည်။) မော်လမြိုင်မြို့ သို့  ကိုသူရက ခေါ်လာခါ ဦးညို၏အမ- ဒေါ်နှင်းရီ နှင့် ခင်ပွန်း ဦးဂွယ်တို့  အိမ်တွင် ပုန်းအောင် တည်းခိုနေလေသည်။  မော်လမြိုင်တွင် ၁၂၃၆-ခုထိ (၈)နှစ်ကြာ ပုန်းအောင်းနေပြီးမှ အထက်အရပ်မှ သတင်းကြားသိ၍ မလုံခြုံဟုထင်သောကြောင့် ကရင်နီနယ်သို့  ပြောင်းရွှေ့ ပုန်းအောင်းရာတွင် ၁၂၃၇-ခုတွင် ဖျားနာ၍ အနိစ္စရောက်(ကွယ်လွန်)လေသည်။

          ဦးပုညသည် မန္တလေးမြို့ မှ အသက်ဘေးမှ လွတ်မြောက်ပြီး ၁၂၂၈-ခု၊ ပြာသိုလဆန်း ၉-ရက်(တနင်္ဂနွေနေ့ ) က ဦးညိုအား ရေးစပ်ပေးသည့် တေးထပ်မှာ၊ အောက်ပါအတိုင်းဖြစ်သည်။


 
          (မှတ်တမ်း အဖြစ်သာ ဖော်ပြခြင်းဖြစ်ပါသည်။)

          ဦးညိုမှ ဒေါ်ကျော့ကို ဖွားသည်၊ ၄င်းမှ ဦးဖိုးသောင်ကို ဖွားသည်။ ၄င်းမှ ယခု ဦးသက်တင်ကို ဖွားသည်။ ၄င်းအားဖြင့် အဖေး-ဦးညို၏ မှတ်တမ်း စာအုပ်များ၊ စလေဦးပုညကိုယ်တိုင်၏ မှတ်စုစာအုပ်၊ မှတ်တမ်း ပုရပိုက်တို့ ကို စဉ်ဆက်ထိန်းသိန်းရာမှ ဆရာဦးသက်တင်က ရရှိထားခဲ့လေသည်။ (နောက်မျိုးဆက်ကိုတော့ ဆက်၍ မသိရှိပါ။)
--------------------o--------------------------------o----------------------------0------------------------
          (အောက်ပါ အကြောင်းအရာတို့ ကို ဦးမင်းဒင်၏ Site မှ ကိုးကားရေးသား ဖော်ပြပါသည်။)

          ဘိုးဝဇီရ အတ္ထုပ်ပတ္ထိ စာအုပ်တွင်

          ဘိုးဝဇီရသည် ဦးသာအိုး၏ သားဖြစ်သူ မောင်မောင်လေးအား ပညာသင်ကြားပေးရသည်ကို အကြောင်းပြု၍ ဦးသာအိုးနှင့် ခင်မင်ပြီး၊ ဦးသာအိုးကို ` စလေဆရာဦးပုညကို ကွပ်မျက်သလား` ဟု မေးမြန်ဘူးလေသည်။ ထိုအခါ ဦးသာအိုးက ` သူကံမကောင်းလို့  စွပ်စွဲခံရပါသည်။ မြို့ ဝန်လည်း ဖြစ်နေပါတယ်။ တကယ်က တပယ်မင်းသား အမိန့် ဖြင့် လက်မရွံ့ တို့  သတ်တာပါ။ မင်းတရားကြီး မကျေနပ်မှန်း သိသဖြင့် သူ့ အပေါ် လွှဲချတာသာဖြစ်ပါတယ်။ မင်းသားပါလို့ လည်း မစွပ်စွဲဝံ့လို့  သည်အတိုင်းနေရတာပါပဲ` လို့ ဖြေခဲ့ကြောင်း ပါရှိခဲ့သည် ဆိုပါတယ်။

          တပယ်မင်းသားသည် တေးကဗျာ ဝါသနာပါ၍ အတီးအမှုတ်တတ်လေသည်။ သီချင်းကြီး၊ သီချင်းခန့် လည်း စုဆောင်းတတ်သည်ဟု ပညာရှိ ရွှေပြည် ဦးဘတင်၏ အမှတ်အသားရှိသည်။ ကဗျာစာဆိုများကိုလည်း တေးကဗျာ ရေးခိုင်းတတ်သော အလေ့ရှိ၏။ ထိုကြောင့် စာဆိုစလေဦးပုညအား တေးကဗျာရေးခိုင်းရာမှ စိတ်မကောင်းစရာ အဖြစ်နှင့် ကြုံရပုံကို နယ်ပိုင်ဝန်ထောက် ဦးမောင်မောင်တင် (K.S.M. , A.T.M) ၏ ` ဦးပုညသမိုင်း` စာအုပ်တွင် မှတ်တမ်းတင်ထားပုံမှာ အောက်ပါအတိုင်းဖြစ်သည်။

          တပယ်မင်းသားသည် တေးကဗျာရေးခိုင်းရန် အတွက် လူပျိုတော်တစ်ဦးကို စေလွှတ်၍ ဦးပုညအား အခေါ် ခိုင်းလေသည်။ ဦးပုညမှာလည်း အခြားမင်းသားတွေက တေးကဗျာ ရေးခိုင်းထားသဖြင့် မအားဘဲရှိလေသည်။ ထို့ ကြောင့် အလုပ်ပြီးမှ လာနိုင်မည့် အကြောင်းကို ပြန်လျှောက်ခိုင်းလေသည်။ နောက်တစ်နေ့ တွင်လည်း အခေါ်လွှတ်လေရာ မအားလပ်သဖြင့် ဦးပုညက စိတ်ရူတ်ရူတ်ဖြင့်

` မင်းသား အစစ်တွေခိုင်းတာကို ရေးနေရတယ်။ ယမနေမင်းသား ခေါ်တာကို မလာနိုင်အားသေးဘူး။ သည်ကပြီးမှ လာနိုင်ပါမယ့်အကြောင်းကို လျှောက်ထားလိုက်ပါ` ဟု မချေမငံ ပြန်ပြောခဲ့လေသည်။
(မှတ်ချက်။       ။ ရုပ်သေးရုပ်ကို ယမနေသားနှင့် ထုလုပ်မြဲ ဖြစ်သည်။ ရုပ်သေးမင်းသားဟု တပယ်မင်းသားအား ပြောဆိုခြင်းမှာ မင်းသားအစစ် မဟုပ်ဟု ဆိုလိုသည် ဆို၏။ မင်းတုံးမင်း၏ မိထွေးတော်မှ ပါသောသားဖြစ်သည်။( လေးဗိုလ် ဦးဆိုင်နှင့် မင်းတုံးမင်းမိထွေး အလ္လကပ်ပမြိုးစား တို့  မှမွေးပြီး ၊ မင်းသွေးမဟုပ်ပေ။) မင်းတုံးမင်းသည် မိထွေးတော်ကို နေရာပေး၍ ၊ သူ့ သားကိုလည်း မင်းသား အရာပေးထားခြင်းသာ ဖြစ်သည်။)

          တပယ်မင်းသား သတ်ကြောင်းကို ` ဘိုးဝဇီရ အတ္ထုပ်ပတ္ထိစာအုပ်` နှင့်` ဦပုည သမိုင်း` စာအုပ်နှစ်အုပ်ကို ကိုးကား၍ ၄င်း၊ ၁၈၇၆-ခုနှစ်လောက်တွင် ဗြိတိသျှပိုင် အောက်မြန်မာပြည်သို့  စိန်ဂျွန်း(ဆရာမတ်) ကျောင်းတွင် ဆရာအဖြစ်၎င်း၊ သတင်းထောက်အဖြစ်၎င်း အလုပ်လုပ်ကိုင်ရန် လာရောက်ခဲ့သည့် ဂျိမ်းဂျော့စကော့ သည် ၁၈၈၂-ခုနှစ် သီပေါမင်း လက်ထက်တွင်ကား သူ့ အတွေ့  အကြုံများကို စုစည်းလျက် `ရွှေရိုး` ကလောင် အမည်ခံ၍ The Burma, His Life and Notions အမည်ဖြင့် နှစ်တွဲပေါင်းစာအုပ်ကို ရေးထုတ်ခဲ့သည်။

          စာမျက်နှာ(၃၅၂)တွင်
Oo Hpo Nyah is the most celebrated recent auther. He was killed in the late King’s reign by the Tabe Mintha. (ဦးပုည သည် နာမည် အကြီးဆုံး ခေတ်ပေါ် စာရေးဆရာ ဖြစ်သည်။ သူ့ ကို ယခင်မင်းလက်ထက်တွင် တပယ်မင်းသားက အဆုံးစီရင်ခဲ့လေသည်။)

ရည်ညွှန်းကိုးကား ထားသော စာအုပ်များကို  http://www.mindin.info/2011/03/blog-post.html  တွင် သွားရောက်ဖတ်ရှူ့ နိုင်ပါသည်။
--------------------o--------------------------------o----------------------------0------------------------
          ဦးပုည၏ ပုံစံသွင်ပြင်မှာ မနိမ့်မမြင့်၊ အရပ်ပြတ်ပြတ်၊ အသားလတ်၏။ လက်ယာလက်မှာ လက်မောင်းရင်းကစ သေးသိမ်နေသည်ကို လူမမြင်စေရန် ပုဆိုးစကို ယာဖက်ပခုံးစွန်း၌ အမြဲတင်ထားလေ့ရှိသည်။ ၄င်းပုဆိုးစသည် ချိတ်တွယ်ထားခြင်း မရှိပဲ မြဲမြံစွာနေသည်။
          ကွမ်းစားသောအခါ ကွမ်းရွက်ကို ပုဆိုးတွင်းမှ လက်ယာလက်မ၊ လက်ညိုး နှစ်ချောင်းဖြင့် ညုပ်ထားပြီး၊ လက်ဝဲလက်ဖြင့် ထုံးသုပ်ခြင်း၊ ကွမ်းသီးညှပ်ခြင်း၊ ထည့်ခြင်းပြု၍ ၊ လက်ဝဲလက်ဖြင့် စားလေ့ရှိသည်။
          ပုဝါကို ပေါင်းသောအခါ၊ လက်ယာဘက်မသန်သော်လည်း လူကြီးပေါင်း၊ အုပ်ပေါင်း ကောင်းမွန် သပ်ယပ်သည့်ပြင် အလွန်လျှင်မြန်သဖြင့် အံဩဖွယ်တစ်ခုပင် ဖြစ်သည်။
          စာရေးသောအခါ လက်ဝဲလက်ဖြင့် ရေးရသည် ဖြစ်သဖြင့်၊ ပုရပိုက်ကို ထောင်လိုက်ထားကာ ရေးချလေ့ရှိသည်။အလွန်လျှင်မြန်သည့်အပြင် လက်ရေးလက်သားကောင်းလှသည်။

ဦးပုညရေးသားခဲ့သော စာပေများမှာ
  
၁။       ဗဟန်းဘွဲ့ ၊ ကန်တော်ကြီးဘွဲ့  တောလား၊
၂။       မင်းကြီးဦးပွား၏ ရေစက်သွန်း ဆုတောင်း မော်ကွန်းစာ၊
၃။       တရားဟောစာ၊ ဝတ္ထု ၂၆-ပုတ် ၊
၎။       မေတ္တာစာ ပုဒ်ရေ ၅၀-ခန့် 
၅။       ဟောကိန်းရကန်များ။ ၄င်းရကန်များတွင်၊ သစ်လဲကြန်၇ကန်၊ မြေခံရကန်များ၊ နဂါးလှည့်ဟောရကန်၊ အဋ္ဌလက်ဟောရကန် တို့  ပါဝင်သည်။
၆။       သင်္ဂြိုဟ်ကိုးပိုင်းသရုပ် တေးထပ်များ။
၇။       ဗြို့ ဟဇ်ကျမ်းလာ ဇာတာယုဂ်ပေါင်း ၁၅၀-ကို တေးထပ်ဖြင့် ပြီးအောင်ရေးသော ဟောကိန်း   တေးထပ်များ။
၈။       ဇာတာဘွဲ့ လေးချိုး။
၉။       သက်ရောက်ဂြိုဟ်စားဟော တေးထပ်များ။
၁၀။     မယ်ဘွဲ့ ၊ မောင်ဘွဲ့ ၊ တောဘွဲ့ ၊ တောင်ဘွဲ့ ၊ ကိုယ်ရည်သွေးမှ စ၍ များပြားလှစွာသော တေးထပ်များ၊           ရှစ်ဆယ်ပေါ်တေးထပ်များ၊ ပေါင်း ၂၀၀-ကျော် တွေ့ မှတ်ရသည်။ (သူများမှတ်ထားတာ ပြောတာပါ။)
၁၁။     ဆေးကျမ်း လင်္ကာများ။
၁၂။     ဆေးနည်း လက်ာ ကဗျာများ။
၁၃။     သဒ္ဒါပုဒ်စစ် လင်္ကာ ကဗျာများ။
၁၄။     ပင့်ရစ် ဂဏ္ဌိသတ်ပုံလင်္ကာ ၁၄-ပိုဒ်
၁၅။     သက္ကဋဘာသာ ဖတ်နည်းလင်္ကာ။
၁၆။     ပုဂံတွင်နေစဉ်ရေးသော၊ ပိဋကတ်ဖက် ဆိုင်ရာ-သဒ္ဒါဂန္ထရ နိသျ နံပျောက်ဆောင်များ၊ (နိသျနံ           ပျောက်ဆိုသည်မှာ၊ အရိုးအတိုင်း ပါဌ် ပါဋ္ဌိကို ရေးထားပြီးလျှင်၊ အနက်ခက်သော ပါဋ္ဌိစကားလုံးတို့    ၏     အထက်က၊ မြန်မာအနက်ကို ဆင့်၍ ရေးမှတ်ထားခြင်းကို ဆိုသည်။)
၁၇။     ယိုဒယားနိုင်မော်ကွန်း။
၁၈။     ရတနာနဒီဘွဲ့  မော်ကွန်း။
၁၉။     ဥပကနှင့် ဆာဝါဟောစာ။
၂၀။     ဝိဇယ ပြဇာတ်။
၂၁။     ကောသလ ပြဇာတ်။
၂၂။     ပဒုမ ပြဇာတ်။
၂၃။     ဂင်္ဂါမာလဇာတ်(ခေါ်) ရေသည်ပြဇာတ်။
၂၄။     ကုသပြဇာတ် တပိုင်း။ (ရေးဆဲ)
၂၅။     ဝါသုဒေဝဇာတ်။
၂၆။     ဝေဿန္တရာဇာတ်။
၂၇။     အိမ်မှုတရား အဆုံးအဖြတ်များ၊ ဓမ္မသတ် လင်္ကာ (ရေးဆဲ)
၂၈။     သာသနာရောက် မင်းပြိုင်စာတမ်းနှင့်၊ သာသနာလျှောက်ကြီး။
၂၉။     ဆွမ်းတော်ကြီးတင် စာတမ်း။
၃၀။     စံကျောင်း ဆရာတော် ဦးစန္ဒိမာ ပြန်လွန်တော်မူရာတွင် ရေးသော ငိုချင်းရှည် ၄-ပုဒ်။
၃၁။     မန္တလေးတောင်ခြေ၊ ယာတော်ကြီးထွန်၊ ဖုန်းဘွဲ့  ဗုံကြီးသံများ။
၃၂။     မှာတမ်းများ။
၃၃။     ဒုံးချင်းများ။
၃၄။     ရတုများ။
၃၅။     တောလား၊ ရေလား၊ သပြေလားများ။
၃၆။     သမိုင်း၊ ကျောက်စာသံပိုင်းများ။
၃၇။     ဧချင်း၊ တေးထပ်၊ သဖြန်၊ ဒွေးချိုး-လေးချိုးများ။
၃၈။     ရေသဘင် လူးတားများ။
၃၉။     ရေသဘင် ရတုများ။
၄၀။     ပေါက်ထီးဆင်ဖွား-ရတုပိုဒ်စုံ။
၄၁။     မြမန်းစကြာ သင်္ဘောတော်နှင့် ဒူးရင်းတော်ဆက် နာဝါသံ (လှေတော်သံများ)
၄၂။     ရတနာနဒီမြစ်တော်၊ လှေချင်းတက်သံများ။
စသည့် လောကီ၊ လောကုတရာ စာများကို နောင်းလူတို့ အတွက် ရေးသားခဲ့သည်ဟု ဆိုပါသည်။
          ဦးပုည၏ ဇာတ်လမ်းကို ဖတ်ရသည်မှာ ဂျိမ်းစ် လှကျာ် ရေးသော မောင်ရင်မောင်၊ မမယ်မ ဇာတ်ဝင်ခန်းကိုပင် ပြန်လည် သတိရမိပေသေးသည်။ ဦးပုညကို မြန်မာ-ရှတ်စပီးယား ဟု ပင် သတ်မှတ်နိုင်ကြောင်း ဖော်ပြချက်ကိုလည်း တွေ့  ရဘူးပေသည်။ ဦးပုည သည် စာပေ၊ ကျမ်းဂန်များကို ပိုင်နိုင်လှပေသည်။ ပညာမာန်လည်း ကြီးသည်ဟု ယူဆရပါသည်။ ဦးပုည နှင့် ခောတ်ပြိုင် စာဆိုတော်တစ်ဦးမှာ အချုပ်တန်း ဆရာဖေ ပင်ဖြစ်ပါသည်။

Wednesday, June 22, 2011

စလေဦးပုည (အပိုင်း - ၂)


                     အပိုင်း-၁ မှာ တင်ခဲ့တဲ့ ပုံက ကိုယ်တိုင်ရိုက်လာတာမို့  အဖြစ်ပါ။ ဒီပုံက သူများဆိုဒ်မှာ တင်ထားတဲ့ ကျွမ်းကျင်သူရဲ့ လက်ရာမို့  ပုံကောင်းပါ။ ဓါတ်ပုံကို တွဲးပြခြင်လို့  ယူသုံးထားတာမို ခွင့်ပြုနိုင်ရင် ခွင့်ပြုဘို့  ဒီနေရာက တောင်ပန်ပါတယ်နော်။

                       ဒါက ဦးပုည ငယ်စဉ် ရှင်ဝတ်စဉ်က နေထိုင်ခဲ့၊ စာကျက်ခဲ့တဲ့ စလေက ဘုန်းကြီးကျောင်းပုံပါ။ အတွင်းမှာတော့ အလင်ရောင်ဝင်စရာ လုံလောက်မူ မရှိလို့  အတော်လေး မှောင်ပါတယ်။   ပုဂံခေတ်ကတည်းက စလေမြို့ ဟာ တည်ရှိခဲ့တာမို့  ဒီဘုန်းကြီးကျောင်းဟာ ပုဂံခေတ်လက်ရာလို ယူဆစရာရှိပါတယ်။ အတိအကျတော့ မသိပါဘူး။ 


---------------------------* ----------------------------------------------------*------------------------


          အမူထမ်း မောင်ချစ်တီး ဆိုသူက ဦပုည သည် ဗန်းမော်တိုက်တွင် ရှင်သာမဏေပြုနေကြောင်း လျှောက်ထားသဖြင့် ရှေ့ တော်သို့ ပင့်ရသည်။ မန္တလေးတောင် အရပ်တွင် မြို့ တည်လို၍ အခါပေးရန် ပြောဆိုရာ ၁၂၁၈-ခု တွင် မြို့ တည်ရန် နှင့် ဗေဒင် ကိန်းခန်းအရ အင်္ဂါနံ ညောင်ပင်များကို တံခါးဝ နှင့် လမ်းဆုံတို့ တွင် စိုက်လျှင် အောင်မြင်မည့်အကြောင်း အခါပေးဆက်လေသည်။ မဟာရာဇဝင်တော်ကြီးတွင် ပြထားသော မြို့ နန်းတည်ရာတွင် အခါပေး ကြီးမှူးသူများ စာရင်တွင် မပါဝင်ဟုလည်း ဆိုသည်။ ( ဦးပုညသည် ဗေဒင်ပညာတတ်ကျွမ်း သဖြင့် ရှေ့ ကလည်း ရဟန်းဝတ်နှင့် ဒကာမတို့  ဝင်ထွက် မေးမြန်းကြသဖြင့် ရဟန်ဒယကာက သင်ကာမကင်း၍ လူဝတ်လဲ ရသည်။ နောက်တွင်လည်း ထိုပညာရပ်နှင့်ပင် အသက် အန္တရာယ်ကြုံရလေသည်။ )

          မင်းတုံးမင်းသည် မြောက်ဥယျာဉ်တော်တွင် ဝါသနာအလျှောက် အဂ္ဂိရတ်ထိုး ရာ မြို့ ဝန် ဦးသာအို က ရှင်ပုည သည် အဂ္ဂိရတ်တွင် များစွာကျွမ်းကျင်ကြောင်း လျှောက်သဖြင့် ရှေ့ တော်သို့  ပင့်သဖြင့် ဦးပုညက အဂ္ဂိရတ်အကြောင်း နက်၊ နဲ၊ ဆစ်ပိုင်း ကျနစွာ လျှောက်လေသည်။ မင်းတရားကြီး က သင်္ကန်ဝတ်ဖြင့် နေသည်မှာ ဘယာကြောင့်လော၊ သဒ္ဒါကြောင့်လောဟု မေးလေသည်။  နှစ်မျိုးလုံးကြောင့် ဖြစ်ကြောင်း ပြန်လည်လျှောက်ထားလေသည်။ ( ဦးပုညသည် လူဝတ်ကြောင်များနှင့် ပတ်သတ်သော ပညာများတွင် ပို၍ ကျွမ်းကျင်ကြောင်း တွေ့ နိုင်လေသည်။)  များမကြာမီပင် လူထွက်လေသည်။

          ထိုနောက် ကနောင်မင်းထံ ခစားရာ ကနောင်မင်း အလိုရှိ၍ သင်ဂြိုဟ် ကိုးပိုင်းသရုပ် တေးထပ်များကို ရေးသားဆက်သွင်းရသည်။ ၁၂၁၄-၁၅ ခု ယိုးဒယား ဇင်းမယ်ကို နိုင်သည့်အတွက် မင်းတရားကြီး အမိန့် အရ ယိုးဒယားနိုင် မော်ကွန်းကို ရေးသားရသည်။ နန်းတွင်းမိဘုရား အချို့  အကျင့်ဖောက်ပြား ကြသဖြင့် တားမြစ်ရန် ဦးပုည ကို ပဒုမဇာတ်(ပဒုမ ပေါင်တို) ကို ရေးစေပြန်သည်။ တဖန် မိဘုရားတို့ ကလည်း မိန်းမမြတ် ဖြစ်သော မဒ္ဒီမိဘုရား ပါဝင်သည့် ဝေသန်တရာဇာတ်တော်ကို ရွှေ၊ ငွေ များစွာ ပေး၍ ရေးခိုင်းပြန်သည်။ နောက်တွင် မင်းသားအချို့ နှင့် မြင်ကွန်း၊ မြင်ခုံတိုင်မင်းသားတို့  ဆိုးသွမ်းလွန်းသောကြောင့် ဆုံးမရန် ဝိဇယဇာတ်ကို ရေးရသည်။  ထိုမှ အစပြု၍ ရတု၊ ရကန်၊ ပြဇာတ်များကို သီးကုံးရေးသားကာ အမူထမ်းခဲ့ရသည်။( စလေဦးပုည သည် လက်ဖက်ရည်တော် ဆက်အဖြစ် မင်းတုံးမင်းထံတွင် ခစားရသည် ဟုလည်း ဖတ်ဖူးသည်။)

          မန္တလေးမြို့  နန်းတည်ပြီးသော် မင်းတုံးမင်းသည် သားတော် မလွန်မင်းသားအား အိမ်ရှေ့ စံပေးရန် စိတ်ကစားလေသည်။ ထုပ်ဖော်ပြောဆိုခြင်း မရှိသော်လည်း ကနောင် အိမ်ရှေ့ စံမင်းက ယုံမှားသံသယ ရှိပြီး ညီတော်၊ နောင်တော် စိတ်မကြည်လင်ဖြစ်ခါ မဝင်၊ မထွက်ဘဲ နေကြလေသည်။ မင်းကြီးခေါ်သော်လည်း ကနောင်မင်းသားက မကြွသဖြင့် မင်းသား ငယ်စဉ်ကပင် စောင့်ရှောက်၊ မွေးမြုရသော စကြာဒေဝီ မိဘုရားခေါင်ကြီးအား ဖြောင့်ဖြစေရသည်။ ကနောင်မင်းသားကြွလာသဖြင့် မင်းတုံးမင်းက သားဆိုသည်မှာ လိုသလောက်ရကြောင်း၊ ညီတော်က နောက်ထပ် မရနိုင်ကြောင်း ဝမ်းနည်းစွာ မိန့် လေသည်။ (  :D  ) [မင်းတုံးမင်းလက်ထက် မင်းမူထမ်းတို့ သည် မိန်းမ (၂)ယောက်နှင့် အထက်တွင် ရှိသူများသဖြင့် လာဒ်စားကြလေသည်။]

          ကနောင်မင်းသားလည်း စိတ်အေးငြိမ်း၍၊ မှားလေခြင်းဟု နောင်တရပြီးသကာလ (ကျွန်ုတို့ ရှစ်တန်း ကျောင်းစာ အဖြစ် သင်ယူခဲ့ရသော) ` ရေသည် ပြဇာတ်` ခေါ် `ဂင်္ဂါမာလဇာတ်တော်` ကို ဦးပုညအား ရေးသား တင်ဆက်စေလေသည်။ နှစ်သက်လွန်း၍၊ ဇာတ်တော်ကို ရှေ့ တော်တွင်လည်း ဖတ်ရ၍၊ ပြဇာတ်လည်း အကြိမ်ကြိမ် ကပြရလေသည်။
[မှတ်ချက်။       ။ စလေ ဦးပုညသည် ညာလက်က အင်္ဂါချို့ ယွင်းနေသော်လည်း (ညာလက်တဖက်လုံး သိမ်နေသည် ဆို၏) ရှင်ဘုရင်ရှေ့ တော်တွင် လက်ရေးမြန်၍ လက်ရေး၊ လက်သား လှပသေသပ်စွာ ရေးသားတင်သွင်း နိုင်လေသည်။ ရှင်ဘုရင်ရှေ့ တွင် ရေးသား ပေးဆက်ရသော ပေစာကို ခေါင်းထက်ထားပြီး ရှင်ဘုရင်ဘက် လှည့်ကာ လက်ယာလက်ပေါ်ပေစာတင်လျှက် လက်ဝဲလက်ဖြင့် ကညစ်ကိုကိုင်ပြီး လျှင်မြန်စွာ ရေသားဖော်ပြရသည်။]

          မန္တလေးမြို့ ကို ၄-နှစ်ကြာ တည်ထောင်ပြီးနောက် မင်းတုံးမင်းက စလေဆရာဦးပုည အား မင်းလှ သင်္ခယာ ဟုသော ဘွဲ့ နှင့် ရွာစည်ရွာကို ပေးတော်မူသည်။ လစာငွေ တစ်နှစ် ၆၀၀-ကျပ်နှင့် အိမ်ဆောက်ရန် မြေနေရာလည်းပေးလေသည်။ ကိုယ်လက် အင်္ဂါချို့ ယွင်းနေသောကြောင့် မျိုးရိုး- သူကြီးရာထူး ရရန်ကိုကား မည်သူမှ လျှောက်ထားပေးခြင် မရှိပေ။ ၁၂၂၄-ခု တွင် အရှေ့ အရပ်မှစ၊ တောင်ဘက် သို့  နန်းတော်ပတ်လည် မြောင်းတူး၍ ကျုံးတွင်းရေးသွင်းသော် ရတနာနဒီ မြစ်တော် မော်ကွန်းကို ဦးပုညက ရေးဆက်ရာ ဆုလာဒ် များစွာရလေသည်။ (ငယ်စဉ် မောင်ပုတ်စည် ဘဝမှပင်၊ ဆုတော်၊လာဒ်တော် အမျိုးမျိုးကို မင်းညီ၊ မင်းသား၊  မိဘုရားနှင့် ရှင်ဘုရင်တို့ ထံမှ ပုံစံမျိုးစုံဖြင့် ရဘူးသည်။)

          မြင်ကွန်း၊ မြင်ခုန်တိုင်မင်းသားတို့  ခေါ်၍ ဗေဒင်မေးသည်ကို ဟော၊ပြော သဖြင့် ကနောင်မင်းသားက မင်းမှလွဲးပြီး မင်းသားတို့ ထံတွင် မခစားရန် တားမြစ်လေသည်။ မင်းခစားဖြင့် ရိုးဖြောင့်စွာနေပါက ဘေးမဲ့ရစေမည်ဟု နောင်တော်ထံ လျှောက်တင်ပေးသည်။ ထိုနောက် ဦးပုညသည် အမျိုးမျိုးသော ကဗျာတို့ ကို ရေးသားစီရင်လေသည်။ ထိုသို့ နေစဉ် မြင်ကွန်း၊ မြင်ခုံတိုင်မင်းသားတို့  ပုန်ကန်မူတွင် အခါပေးသောကြောင့် မင်းတုံးမင်းတရား အမျက်သင့် သဖြင့် မြို့ တော်ဝန် ဦးသာအိုးထံတွင် အကျယ်ချုပ်နှင့် အပ်ထား ခံရလေသည်။

            ဒီပုံက စလေဦးပုညရဲ့  လက်ရေးမူတွေ ထားတဲ့ ပြတိုက်ပုံပါ။

          မြို့ ဝန်မင်း၏ မယားငယ်များသည် ဗေဒင်မေးရန်၊ တေးထပ်ရေးရန် ဦးပုညထံ မြို့ ဝန်မရှိခိုက် ဝင်ထွက်ကြသည်။ ပေး၊ ကျွေးကြသည် ဆိုပါသည်။ မြို့ဝန်းဦးသာအိုးသည် မိမိ မယားငယ်များ အချင်းချင်း ကုန်တိုက်သဖြင့် သတ်ရန် ကြံစည်သည် ဆိုပါသည်။ နောက် ၅-လ ကြာမှ မင်းတုံးမင်းက စိတ်ပြေသဖြင့် ဦးပုညကို လွှတ်ရန် မိန့် ရာ ဦးသာအိုးမှာ အမိန့် ဖြင့် သူခိုး၊ ဒမြ ဖမ်းရန်သွားနေသဖြင့် ဦးပုညကို ကြည်ညိုသော ဦးသာအိုး၏ မိန်းမများက လုပ်ကြံပြီးပုံ အလုံစုံကို ပြောကြားလေသည်။ နံနက် ညီလာခံတွင် မြို့ ဝန် ဦးသာအိုး က ဦးပုညကို သတ်ပစ်ကြောင်းပြောသော် မင်းကြီးက လူကို ခွေးသတ်လေပြီတကား-ဦးပုညကို ငါနှင့် ညီတော် ဘေးမဲ့ပေးပြီး ဖြစ်တယ်။ ဦးသာအိုးထံ အကျယ်ချုပ် ထားခြင်းသာဖြစ်သည်။ မောင်သာအိုးသည် အလွန် မိုက်သောသူ ဖြစ်လေသည်ဟု၍ နှမြောစွာ မိန့် လေသည်။ (ဖတ်မိသမျှကို ရေးသားခြင်း ဖြစ်ပါသည်။ မည်သူ တစ်ဦး တစ်ယောက်ကိုမျှ ထိခိုက်စေရန် ရည်ရွယ်ရင်း မရှိပါ။)

          ဦးပုည၏ အထ္တုပ်ပတ်တိသည် ဒီမှာ ပြီးဆုံးသည်ဟု ထင်စရာ ရှိသော်လည်း ရတနာပုံ သတင်း အယ်ဒီတာ ဘိုးဝဇီရ ၏ ပြောကြားချက်နှင့် မြန်မာပြည်အောက်ပိုင်း ဗြိတိသျှကိုလိုနီ အဖြစ် သိမ်းပိုက်ပြီးချိန်တွင် ရောက်ရှိလာသော `ဂျိမ်းဂျော့ စကော`  သည် (စိန်ဂျွန်းကျောင်းတွင် ဆရာ နှင့် သတင်းထောက် အဖြစ် လုပ်ခဲ့ပြီး) `ရွှေရိုး` ကလောင်အမည်ဖြင့် ရေးသားခဲ့သော The Burma, His Life and Notions စာအုပ်များကို ကိုးကား၍ ဦးပုညကို လုပ်ကြံသူမှာ ဦးသာအိုး မဟုပ်ဟုလည်း ဆိုပေသည်။ တဖန် သူရိယ မဂ္ဂဇင်းတွင် (အမျိုးသား တက္ကသိုလ်၊ ရာဇဝင် နှင့် မြန်မာစာပြ) ဆရာ ဦးသက်တင်က ထိုစဉ်က ဆရာဦးပုည မသေကြောင်း အကိုးအကား အတန်စုံစွာဖြင့် ရေသားထားချက်တို့ ကို နောက်တပိုင်းတွင် ဆက်လက် ဖော်ပြပေးပါမည်။

O-O-O-O-O-O-O-O-O-O-O-O-O-O-O-O-O-O-O-O-O-O-O-O-O-O-O