အဘိဏှသုတ် (ဗုဒ္ဓဓမ္မ ဦးလောကနာထ မှ)
အဘိဏှသုတ် (ဗုဒ္ဓဓမ္မ ဦးလောကနာထ မှ ကူးယူဖော်ပြပါသည်)
ကံတရားကို အမြဲမပြတ် ဆင်ခြင်ပါ…
''မိမိ၏ ကံသာလျှင် မိမိဥစ္စာ ရှိ၏၊ ကံ၏ အမွေခံ ဖြစ်၏၊ ကံသာလျှင် အကြောင်းရှိ၏၊ ကံသာလျှင် အဆွေအမျိုး ရှိ၏၊ ကံသာလျှင် ကိုးကွယ် မှီခိုရာရှိ၏၊ ကောင်းသည်ဖြစ်စေ မကောင်းသည်ဖြစ်စေ ငါပြုမိသော ကံ၏ အမွေခံသာ ဖြစ်ရပေမည်'' ဟူ၍ မိန်းမဖြစ်စေ ယောက်ျားဖြစ်စေ လူဖြစ်စေ ရဟန်းဖြစ်စေ မပြတ် ဆင်ခြင်အပ်၏။
ရဟန်းတို့ သတ္တဝါတို့အား ကာယဒုစရိုက် ဝစီဒုစရိုက် မနောဒုစရိုက်သည် ရှိ၏၊ ထို(ကံ) အကြောင်းကို မပြတ် ဆင်ခြင်သော ထိုသူအား မကောင်းမှုသည် အချင်းခပ်သိမ်းမူလည်း ပျောက်ကင်း၏၊ ခေါင်းပါးခြင်းမူလည်း ဖြစ်၏။
''ငါတစ်ယောက်တည်းသာလျှင် ကံသာလျှင် မိမိဥစ္စာရှိသည် ကံ၏ အမွေခံဖြစ်သည် ကံသာလျှင် အကြောင်းရှိသည် ကံသာလျှင် အဆွေအမျိုးရှိသည် ကံသာလျှင် ကိုးကွယ်မှီခိုရာ ရှိသည် ကောင်းသည်ဖြစ်စေ မကောင်းသည် ဖြစ်စေ ငါပြုမိသော ကံ၏ အမွေခံဖြစ်သည် မဟုတ်၊ စင်စစ်မူကား ဤဘုံဘဝသို့ လာခြင်း တစ်ခြားဘုံဘဝသို့ သွားခြင်း စုတေခြင်း ပဋိသန္ဓေ နေခြင်းရှိသည့် သတ္တဝါဟူသမျှ အားလုံးတို့သည် ကံသာလျှင် မိမိဥစ္စာ ရှိကုန်၏၊ ကံ၏ အမွေခံ ဖြစ်ကုန်၏၊ ကံသာလျှင် အကြောင်းရှိကုန်၏၊ ကံသာလျှင် အဆွေအမျိုး ရှိကုန်၏၊ ကံသာလျှင် ကိုးကွယ် မှီခိုရာ ရှိကုန်၏၊ ကောင်းသည်ဖြစ်စေ မကောင်းသည်ဖြစ်စေ ပြုမိသော ကံ၏ အမွေခံတို့သာ ဖြစ်ကြလိမ့်မည်'' ဟု ဆင်ခြင်၏။
ထိုကံအကြောင်းကို မပြတ် ဆင်ခြင်သော ထိုသူအား မဂ်သည် ကောင်းစွာ ဖြစ်ပေါ်လာ၏၊ ထိုအရိယာတပည့်သည် ထိုမဂ်ကို မှီဝဲ၏၊ ပွါးများ၏၊ ကြိမ်ဖန်များစွာ ပြု၏၊ ထိုမဂ်ကို မှီဝဲသော ပွါးများသော ကြိမ်ဖန်များစွာ ပြုသော ထိုသူအား သံယောဇဉ်တို့သည် အချင်းခပ်သိမ်း ပျောက်ကင်းကုန်၏၊ အစဉ်ကိန်းနေသော 'အနုသယ' တရားတို့သည် ကင်းပြတ်ကုန်၏ ဟု မိန့်တော်မူ၏။
Sunday, October 23, 2011
သောင်္ကြာနေ့ က လာသော သဘာဝဘေး အန္တရာယ်
          ကျမ သောင်္ကြာနေ့ က အိမ်ကို ကြိုးစားပြီး ဖုန်းဆက်ပါသည်။ ဖုန်း Ring မမြည်ပါ။ ချလိုက်ပါတယ်။ စင်း (၁)ကျပ် စားသွားပါသည်။ ကျမတို့ မှာ မိဝေး၊ ဖဝေး          ဆွေမျိုးသားခြင်းနှင့် ဝေးသောအရပ်မှာ အလုပ်လုပ် နေကြရာ ကိုယ့်ဝမ်းသာစရာများကို မျှဝေရန်၊ ဝမ်းနည်းစရာများ ရှိလျှင် စိတ်ဖြေမေ့ပျောက်ရန်၊  တခါ မိဘတွေ ကျမ္မာကြရဲ့ လားလဲ သိလိုကြပါသည်။ ထိုအခါ လူကိုယ်တိုင် ပြန်ကြည့်ရန် ကျမတို့ တွင် အချိန်ဆင်းရဲကြပါသည်။ တဖန် ငွေလည်း ဟိုကဖြတ်၊ ဒီကဖြတ်နှင့် ချင့်ချိန်ရပြန်ပါသည်။ ကျမ အလွန် စိတ်မကောင်း ဖြစ်မိသည်များကို ဆက်ရလျှင် ဆုံးနိုင်အံ့ မထင်။
           ကမ္မာပေါ်တွင် ဖုန်းခေါ်ဆိုခ ဈေးကြီးဆုံး စာရင်းတွင် ပါမည်ထင်သော နိုင်ငံ၊ အလကားခေါ်ဆိုရနိုင်သော နိုင်ငံများ စာရင်းတွင် မပါသောနိုင်ငံ၊ ခေါ်ဆိုရန် လွန်ခက်ခဲသော၊ ဖုန်းခ စကားမပြောရဘဲယူသော နိုင်ငံကို ရှာကြည့်ရန်မလိုပါ၊ ကိုယ် ဖုန်းဆက်တိုင်း အမြဲရင်ဆိုင် ကြုံတွေ့ နေရပေသည်။ နိုင်ငံရပ်ခြားတွင် (အနည်းနှင့် အများ) စိတ်ဖိဆီးခံရပြီမှ ရသောလစာငွေကို မိဘကန်တော့၊ အစိုးရကန်တော့ရန် ချန်ပြီ ချွေတာသုံးရပါသည်။ နိုင်ငံ စီပွှားရေး မကောင်းတော့ နိုင်ငံသားတွေ နှိမ်ခံရသည်လည်း မပြောလိုတော့ပါ။ သူတို့  နိုင်ငံမှာ အလုပ်လုပ်လျှင် သူတို့ အစိုးရ သက်မှတ်ထားသော ဝင်ငွေကျော်လျှင် အခွန်ဆောင်ရပါသေးသည်။ ဒါတွေကို ရင်ဆိုင်ကြုံတွေ့  နေရသော်လည်း ကျမတို့  မြန်မာပြည်သူ၊ ပြည်သားတွေမှာ ကိုယ့်နိုင်ငံကို လွမ်းဆွတ်ရတုံးပါပင်။ ကိုယ် မွေးဖွား ကြီးပြင်းခဲ့ရသော ရေ၊မြေ မို့ လား။
          ပိုက်ဆံ ၅-ဒေါ်လာ၊ ၆-ဒေါ်လာ အသာလွတ်ကုန်ပြီး သကာလ ဖုန်းဝင်သွားပါသည်။ ဤတွင် `ကြားရလားဇာတ်လမ်း`ဖြင့် အသံ ဝါးလိုက်၊ ကြားလိုက်ဖြင့် ဖုန်းပြောရသော အခိုက်တွင် ဖုန်းလာကိုင်သော အမက ပြောလာပါသည်။
အမ -   ` ညက မုန်းတိုင်ဝင်မယ်ဆိုလို့  မေမေ နှင့် ငါ အိပ်တောင် ဖြောင့်ဖြောင့် မအိပ်ရပါဘူ`
အမ-    ` လေတော့ သိပ်မတိုက်ပါဘူ။ တညလုံး မိုးရေများများပါတဲ့ မိုးတောက်လျှောက် ရွာတော့    အိမ်အပေါ်ထပ် တခုလုံး ရေတွေရွဲးနေလို့  သုတ်လိုက်ရတာ`
ကျမ-   ` ဘုရားစင်တော့ လွတ်တယ်မလား`
အမ-    ` ဘုရားစင်တော့ မိုးလွတ်ပါတယ်`
ကျမ-   ` ဘုရားက ဘာလောဘမှ မရှိတော့ပဲကို၊ လွတ်မှာပေါ့`
          အမှန်က ဘုရားစင် မိုးရေလွတ်သည်မှာ အိမ်တွင်းမှာပင် ဘုရားစင်ကို ဘုရားကျောင်းဆောင် ဆောက်လုပ် ပူဇော်ထားတာလည်း ပါပါလိမ့်မည်။ ပထမ တရက်တွင် မပြောခင် ကတည်းက ၅-ဒေါ်လာ ကုန်ထားပြီးဘီမို့  လိုတိုရှင်း မေးပြီ ဖုန်ချလိုက်ပါသည်။
ဒယ်အိုး website ရယူပါသည်။
တွင် အပြည့်အစုံ သွားရောက် ဖတ်ရူ့ နိုင်ပါသည်။
          အမ့ အကြီးဆုံးက ဖုန်ဆက်၍ ဒီနေ့ သတင်းတွင် ပခုက္ကူမြို့ တွင် တံတားကျိုးကြောင်း၊ ချောင်းရေတွေ အရှိန်အဟုန်နှင့် ဆင်းတာကြောင့်လို သတင်းမှာ တချက်ပါလာတယ်။ ဒီသတင်း သေခြာသိခြင်လို့  မြန်မာဂျာနယ်တွေကို Online ကနေ ရှာဖတ်တာတွေ ပြောပြပါတော့သည်။ ပုဂံတွင် စေတီ(၃)ဆူ ပြိုကျတယ်။ မိုးရေချိန်က ၉လက္မ ရွာသွန်းတယ်။ ချောက်၊ စလေမှာလည်း မိုးသည်းတယ်။ ယောချောင်း တလျှောက်မှာရှိတဲ့ ရွာတွေလောက်တော့ မဆိုးဘူး ဆိုပါသည်။ ကျမ ဘုရား `တ` မိပါသည်။ မြန်မာပြည် အနှံ့ အပြားမှ ပြည်သူ၊ ပြည်သားတွေ ကပ်ဆိုဒ်နေကြ ဘီလားဟု လည်း တွေးမိပါသည်။  နာဂစ်၊ ဂီရိ မုန်တိုင်း၊ ပြီးတော့ တာလေ ငလျှင်၊ နောက် လာပြန်ပြီ ဒီမုန်တိုင်း။   ခုမုန်တိုင်းက လေထက် မိုးကြောင့် ဖြစ်လာသော တောင်ကျချောင်းရေသည် နှစ် ၄၀၊ ၅၀ သက်တန်းမှာ မကြုံဘူးအောင် ရေကြီးမြင့်ခဲ့သည်။
          ချောက်နှင့် ဆိပ်ဖြူ မြို့ နယ်များမှ အမြင်နှင့် ပြောပြသည်များမှာ ယောချောင်းရေ အရှိန်ပြင်းလွန်းသဖြင့် တကြောင်း ၊ ညဘက်တွင် ရေကျလာခြင်းကြောင့် တကြောင်း လူတွေ၊ အိမ်တွေ ၊ အိမ်မွေးတိရိစာန်တွေ ရေနှင့် အတူ မျှောလာတာကို တွေ့ ကြရပါသည်။ ဧရာဝတီမြစ်ကို ရောက်လာသည်ထိ ကယ်ပါ၊ ယူပါ တစာစာ အော်နေတာတွေ၊ လူတွေရဲ့  လက်တွေကို မြင်တွေ့ နေရပါတယ်။ ရေစီးကြောင့် လှေတွေ ကွဲးမှာစိုးရိမ်ရလို့  လှေများပင် ကုန်ပေါ်တင်ယူနေရတဲ့ အခြေအနေဖြစ်နေပါတယ်လို့  ဆိုပြန်ပါတယ်။ မနက်ခင်းတွင် ရေလွတ်ရာအရပ်တွင် လူတွေချည် ဗလာအတိနှင့် ကျန်ခဲ့ရပါသတဲ့။ ကျမ့ မေမေကပင် ထိုသူတွေ အတွက်
` ဘာလုပ်ပေးရရင် ကောင်းမလဲ မသိဘူး`
ဟု ပြောနေသဖြင့် ကျမကပင် ပြန်နှစ်သိမ့်ရပါသည်။
` ဒါက မေမေတစ်ယောက်ထဲ လုပ်လို့ မရနိုင်ဘူး ထင်တယ်။ ပျက်ဆီးတာကများတော့ အသင်း၊ အဖွဲ့  နှင့်မှ လုပ်လို့  ရလိမ့်မယ်။ အဲဒီလို အဖွဲ့ တွေ ရှိရင် အဲဒီမှာပဲ လှူလိုက်ပေါ့`
လို့  ပြောရပါသည်။ တကယ်တော့ ကျမလည်း စိတ်မကောင်း ဖြစ်မိပါသည်။ စိတ်ထဲမှာလည်း ဘာလုပ်ပေးရင် ကောင်းမလဲ စဉ်စားနေမိပါတယ်။  ဝါဇီ မှ တိုက်ခန်းများပင် ရေဝင်မူ ဖြစ်ပေါ်ခဲ့တယ် ဆိုပါတယ်။ တစ်ထပ်ခွဲးလောက်ထိကို ရေဝင်ခဲ့တယ် ဆိုပါတယ်။
          မနှစ်ကလည်း ယောချောင်းရေကျလို့  တချို့ ရွာတွေ ပြန်လည်ထူထောင်ထားရသည်မှာ အခြေကျမည်ပင် မရှိသေး၊ ဒီနှစ်က ပိုဆိုးစွာ ကြုံရလေသည်။ ချောင်းကျအပြီးတွင် ရွံ့ တွေ ဒူးခေါင်းလောက် တင်ကျန်နေလို့  သွားလို့ ပင် ကောင်းကောင်းမရသေးဘူးလို့  မြစ်အရှေ့ မှ ထမင်းထုပ်ဝေသော ကားတွေ အပြန်တွင် ပြောသံတွေလည်း ကြားရသည်။ တချို့ ရွာတွင် ရေဆက်စီးနေဆဲမို့  ကားတွေကူးမရ၊ လူတွေပဲ ချောင်းရေထဲဖြတ် သယ်ပို့ ကြရသည်။  အမနှင့် တနင်္ဂနွေနေ့ က ဖုန်းဆက်သွယ်ရတော့ အထက်ပါ အကြောင်းတွေ သိရပြီ၊ ဆရာတော် ဦးသုမင်္ဂလ ရဲ့  ဖောင်ဒေးရှင်းအဖွဲ့ မှ လာရောက်လှူဒါန်းရန် ရှိကြောင်း၊ ဆရာတော် ဦးဥာဏိသရဦးစီးတဲ့ အဖွဲ့ မှ ဆန်အိတ် တစ်ထောင်လှူမည် ဆိုသော သတင်းတွေ ထပ်ကြားသိရပါသည်။
          ` ကပ်ဆိုဒ်နေသလိုပါပဲ။`  လို့  မေမေပြောသော စကားသည် ကျမနားထဲက မထွက်ပါ။ မြန်မာပြည်မှ သစ်ပင်တွေ မရှိတော့လို့  သဘာဝ စနစ်တွေ ပျက်သုန်းပြီး၊ မကြာခဏ မုန်တိုင်းဝင်နေသည်လို့  ကျမ စိတ်ထဲမှာ ထင်နေမိပါသည်။ သစ်ပင် စိုက်ပျိုးဘို့  လူတွေမှာ စိတ်ကူးရှိကြပါ့မလားမသိ။ သစ်ပင်ကြီး ဆိုသည်မှာလည်း ခုစိုက်လို့ ၊ ခုကြီးတာမျိုးမဟုပ်ပါဘူး။ နှစ် ၃၀၊ ၄၀ လောက် အချိန်ယူ စိုက်ပျိုးရတာရှိသလို၊ နှစ် ရာချီအောင် စိုက်ပျိုးရသော အပင်တွေလည်း ရှိနိုင်ပါသည်။ သစ်တောဘက်မှလူများ ပညာရှင်များ ပိုသိကြပါလိမ့်မည်။ ငယ်ငယ်က ခရီးသွားသော လမ်းဘေး ဝဲ၊ယာ တဖက်တချက်မှာ ဖတ်ဘူးခဲ့သော ဆိုင်းဘုတ်လေးမှ ဆောင်ဘုတ်ကို ခုထိမှတ်မိနေပါသေးသည်။  ` ဥတု ရာသီ တောကိုမှီ` တဲ့  ဒါတွေကြောင့် မုန့် တိုင်းဝင်မူတွေ တနေ့ တခြား များပြားလာတယ်လို့  ထင်မိတယ်။
          ကူညီရင်လည်း တကယ်ဒုက္ခရောက်သူတွေဆီသာ ထိထိရောက်ရောက် ကူညီခြင်ပါသည်။ အဝတ်တွေ လဟာပြင်မှာ ဖျာပုံလုပ် ရောင်းနေတယ်။ ဒုက္ခသည်တွေအတွက် ဆန်တွေ ဘယ်ရောက်သွားတယ်၊ ဆေးတွေလည်း ဘယ်မှာတဲ့။ ယုတ်စွ အဆုံး နေစရာမရှိသူအတွက် ရွက်ဖျင်တဲပင် ဝေသူက လိုခြင်လို့  သိမ်းထားတာတွေ ကြားရတော့ အော် ဒုက္ခရောက်သူထံမှပင် ဖြတ်စားနေသူတို့ တွင် ဘယ်မှာလဲ လူကျင့်ဝတ်လို့  တွေးမိပါသည်။ ကူညီသူတို့ မှာလည်း အချိန်၊ ငွေ အတိုင်းအတာတခုထိသာ ကူညီနိုင်ကြပေမည်။ ကိုယ်ထူ၊ကိုယ်ထ လုပ်ငန်းများကိုလည်း ကြိုးစား ရွတ်ဆောင်ရန် လိုသေးသည်။  ဒါတွေဟာ လူတယောက်အနေနဲ့  စဉ်းစားမိတဲ့ လူမူရေး အကြောင်းတွေပါ။ လူမူရေး ပြသ်သနာတွေ ကြိုးစား ဖြေရှင်းနိုင်ကြပါစေ။ စိတ်ဓာတ်အစဉ် မြင့်တင်နိုင်ကြပါစေ။
သတင်းတွေကို ဒီနေရာတွေမှာ ကြည့်ရူ့ နိုင်ပါတယ်။
Tuesday, October 18, 2011
ပြုံးခြင်စရာ သဘာဝ
  • လောဘ
          တခါက ဦးဇင်း တပါးက ကျောင်းထိုင် ဘုန်းကြီး တစ်ပါးအကြောင်း ပုံပြင်တိုလေး ပြောပြဘူးတာ မှတ်သားရဘူးပါတယ်။ ဘာကြောင့် ပြောဖြစ်သလဲ ဆိုတော့ လူတွေက ဘုန်းကြီးကျောင်း သွားရင် အများစုက ကျောင်းထိုင်ဆရာတော် ဆီသာ အသွားများကြပါတယ်။ လှူမယ်ဆိုလည်း ဆရာတော်ကြီးတွေဆီပဲ အရောက်များတော့ ၊ ကိုရင်လေးတွေကို ပစ္စည်း တခုတလေ လိုအပ်နေတာမျိုး ရှိရင် ဆရာတော်ကြီးကို ပြန့်  စွန့်  ဘို့  လျှောက်ထားပါလားလို့  ပြောရာကနေ ကြားသိခဲ့ရတာပါ။
          မြို့ လေးတမြို့ မှာ စာချ ဘုန်းတော်ကြီးကျောင်း တစ်ခု ရှိသတဲ့။ ကလေးတွေကို စာသင်ပေး၊ မပေးတော့ မသိပါဘူး။ ရဟန်းသံဃာတွေကိုတော့ စာပေတွေ ပို့ ချ သင်ကြားပေးနေတာပေါ့။ ဒီလို ဆရာတော်ကြီးက ဝါတွင်းကာလတွေမှာ စာပေတွေ သင်းကြားနေခိုက်၊ ဆရာတော်ကြီးဆီမှာ စာဝါလိုက်နေတဲ့ စာသင်သား ကိုယ်တော် တပါးဆီကို ဒကာများက လာရောက်ဖူးမျှော်ရင်း၊ စာသင်သား ဆရာတော်လိုအပ်မယ် ထင်တဲ့ ပစ္စည်းလေးပါ တပါထဲ ကပ်လှူခဲ့ပါတယ်။ အဲဒီပစ္စည်းက ကော်ဇောတချပ် ဖြစ်ပါသတဲ့။ စာသင်သား ကိုယ်တော်ကလည်း သူရရှိထားတဲ့ ကော်ဇောလေး တစ်ခုထဲကို၊ တခြား ကိုယ်တော်တွေနှင့် အတူသုံးတော့ မလောက်ငှတာနဲ့  ဆရာတော်ကြီးဆီက ကောဇောအများကြီးရှိတဲ့ အထဲက ပြန်မျှနိုင်ရင်တော့ လောက်ကောင်းရဲ့ ဆိုပြီ ဆရာတော်ကြီးကို ပိုနေတဲ့ ကောဇောလေးများရှိရင် ပြန်စွန့် ဘို့  မေးလျှောက်ပါသတဲ့။ အဲဒါနဲ့  ဆရာတော်ကြီးနှင့် ပြောဆိုရင်းက သူ့ မှာ ကောဇောတချပ် ရှိတာကို ဆရာတော်ကြီးက သိသွားပြီး၊ ပြန်ပြောလိုက်တာက
          ` မင်းမှာ ကော်ဇောတစ်ချပ် ရှိတာ၊ ငါ့မှာ (၉၉)ချပ်ပဲရှိတယ်။ ကော်ဇော (၁၀၀)ပြည့်အောင် အဲဒီ တချပ်ကို ငါ့လှူလိုက်ပါကွာ`
          လို့ မစွန့် နိုင်တဲ့အပြင် နောက်ထပ်ြပီ အလှူခံလိုက်ပါသတဲ့။
-       ၀        -         ၀        -         ၀        -         ၀        -         ၀        -         ၀        -
  • သာဓုခေါ်ပါ
          ဒီပုံပြင်လေးတော့ လူတွေ ကြားဘူးထားပြီးသား ဖြစ်ကောင်းဖြစ်မယ် လို့ ထင်ပါတယ်။ ထင်တယ်လို့  ပြောတာပါ . . . သေချာတော့လည်း မသိပါဘူး။ ဒီပုံပြင်ကလည်း အပေါ်က ပုံပြင်လိုပဲ ဆွမ်းကပ်ဘို့ သွားရင်း ကြုံစုံရတဲ့ ဘုန်းတော်ကြီးတပါးက ပြန်မိန့် ဘူးတာလေးပါ။
          တခါက ရွာလေး တရွာမှာ ရွာဦးကျောင်း ဘုန်းကြီးကျောင်း တကျောင်းနှင့် ရွာသူ၊ ရွာသားတွေ နေထိုင်ကြသတဲ့။ ရွာလေးက တောဓလေ့ အတိုင်း ကိစ္စကြီး၊ ငယ် (သို့ ) သာရေး၊ နာရေးတွေ ရှိရင် ရွာဦးကျောင်းက အုတ်မောင်းကို ခေါက်ပြီး ရွာကလူတွေကို ရွာဦးကျောင်းမှာ စုစည်းလေ့ရှိသတဲ့။ စည်းဝေးပွဲးကိုတော့ ရပ်ကွက်လူကြီး၊ ဒါမှမဟုတ် ရွာဦးကျောင်း ဆရာတော်ဘုရားက ဦးစီးတတ်ပါသတဲ့။
          တနေ့ တော့ ရွာရဲ့  အာရုံတက်ပြီးစ အချိန်လောက်မှာ ရွာဦးကျောင်းက အုတ်မောင်းသံ တဒုံး ဒုံး ထုလို့  လူစုဘို့  အချက်ပေးသံ ပေါ်လာပါရော။  ဒါနဲ့  ရွာဆိုတော့ ရွာထုံးစံ လယ်တော၊ ယာတောဆီ လုပ်ငန်းခွင် သွားကြမယ့် သူတွေရော၊ အိမ်အလုပ် လုပ်ဘို့ ပြင်နေသူတွေပါ ရွာဦးကျောင်းစီကို ၊ ကိုယ်စီ ချီတက်သွားကြရတာပေါ့။ ဘာလို့  ခေါက်မှန်းလဲမသိ၊ အရေးကြီး၊ မကြီးလဲ မသိ နဲ့ ပေါ့။     ဒါနဲ ရွာဦးက ဘုန်းကြီးကျောင်းကို လူတွေ စုဝေးရောက်တယ် ဆိုရင်ပဲ        ရွာဦးကျောင်း ဆရာတော်ကြီးက ရွာသူ၊ ရွာသားတွေကို စကားစပြောပါတယ်။
          ` သာဓု (၃)ကြိမ် ခေါ်ကြတော့`
လို့  ပြောပါသတဲ့။ ဒါနဲ့  ရွာကလူတွေကလည်း
          ` ဘာကို ဘာအကြောင်းကြောင့် သာဓု ခေါ်ရမလဲဘုရား`
လို့  ပြန်လျှောက်ပါသတဲ့။                   ဒါနဲ့  ဆရာတော်ကြီးကလည်း
          ` ငါ ဒီနေ့  အသက်(၉၀) လည်းပြည့်ပြီ။ နောက်ပြီး ဘုန်းကြီးဘဝနဲ့  တသက်လုံး တရား အားထုတ်တော့မယ်လို့  ဒီနေ့ ပဲ ဆုံးဖြတ်လိုက်ပြီ ၊ ဒါကြောင့်မို့ ရွာသားတွေကို အသိပေးပြီး၊ သာဓုခေါ်ဘို့  လူစုရတာပါပဲ`
လို့ ပြောပါသတဲ့။ ဒီအကြောင်း အရာကို ပြောပြတဲ့ ဆရာတော်ကတော့ ဘုန်းကြီးဆိုတာလည်း အားလုံး အရိယာဘဝ မရောက်သေးဘူး။ လူပဲရှိသေးတယ်၊ ဘုန်းကြီးဘဝ ကနေ အချိန်မရွေး လူအဖြစ် စိတ်ပြောင်းနိုင်သေးကြောင်းနှင့် ဘုန်းကြီးဘဝမှာလည်း သူအခက်အခဲနဲ့  သူရှိတယ်။ လူ့ ပတ်ဝန်းကျင်းနှင့် အနေနီးရင် လူစိတ်ပြောင်းနိုင်သေးကြောင်း ဖြည့်စွတ်ပြောပါတယ်။
-       ၀        -         ၀        -         ၀        -         ၀        -         ၀        -         ၀        -
          လူဘဝမှာ ကြုံစုံရသမျှ သဘော၊ သဘာဝကို မျှဝေခြင်းသာ ဖြစ်ပါသည်။ ဆရာတော်များကို ပြောင်လှောင်လိုခြင် အလျှင်းမရှိပါ။ တစုံတခု မှားယွင်းစွာ ရေးသားခဲ့ခြင်းရှိပါကလည်း နားမလည်သောကြောင့် သာဟု နားလည်ခွင့်လွတ်ပေးပါရန် တောင်ပန် လျှောက်ထားအပ်ပါသည်။               ရေးသားသူ
Tuesday, October 11, 2011
သီတင်းကျွတ် အဘိဓမ္မာဒေသနာ ရွတ်ဖတ်ပူဇော်ပွဲး သတင်း
မိဘကျေးဇူး သိဆပ်လိုသူတိုင်း
မိဘကျေးဇူး သိဆပ်, အဘိဓမ္မာဒေသနာ, တရားမြတ် မင်္ဂလာ, အခါတော်နေ့  ဖိတ်ကြားလွှာ
ပုံများကို  Google Search မှ ရှာဖွေ၍ ယူထားခြင်း ဖြစ်ပါသည်။
ဓမ္မမိတ်ဆွေ သူတော်စင်အပေါင်းတို့  . . .
          ဗုဒ္ဓသာသနာနှစ် ၂၅၅၆ ခုနှစ်၊ မြန်မာသက္ကရာဇ် ၁၃၇၃ ခုနှစ်၊ သီတင်းကျွတ်လပြည့် (ဗုဒ္ဓဟူးနေ့ )၊ ခရစ်သက္ကရာဇ် ၂၀၁၁ ခုနှစ်၊ အောက်တိုဘာလ (၁၂)ရက်နေ့ သည်ကား “အဘိဓမ္မာဒေသနာဒ“ တရားတော်မြတ်ကြီးကို အောင်မြင်စွာ ဟောကြားပြီးဆုံးခဲ့သည့် နေ့ ထူးနေ့ မြတ်ကြီးဖြစ်ပါသည်။
          မြတ်စွာဘုရားသည် မိခင်ကျေးဇူးကို ဆပ်လိုသော ရည်ရွယ်ချက်ဖြင့် မယ်တော်မိနတ်သား အမှူးပြုသော နတ်ဗြဟ္မာတို့ အား တာဝတိံသာနတ်ပြည်၌ “အဘိဓမ္မာဒေသနာ“ တရားတော်ကို ဟောကြားတော်မူခဲ့ပါသည်။
          အတိတ်အကြောင်းလေး တခုတွင် အဘိဓမ္မာဒေသနာသံကို ကြားဖူးရုံမျှဖြင့် လင်းနို့ လေးများသည်ပင် သင်သူတော်စင်တို့ ရဲ့  ဂေါတမမြတ်ဘုရား လက်ထက်တော်မှာ တရားထူးရသည်အထိ ပါရမီ သတ္တိထူးကို ပေးစွမ်းနိုင်သည့် တရားတော်ကို  ကိုယ်တိုင်ရွတ်ဖတ် ပူဇော်ကြားနာရလျှင် မည်မျှအထိ ပါရမီိအသိထူးဖြစ်မည်ကို ပြောပြဖွယ်ပင် လိုမည်မထင်ပါ။
          သို့ မို့ ကြောင့် ထူးခြားချက် (၄)မျိုး၊ ဂမ္ဘီရ (၄)မျိုးတို့ နှင့် ပြည့်စုံစေလျှက် ခက်ခဲနက်နဲလှစွာသော အဘိဓမ္မာ (၇)ကျမ်းကို “အမိကျေးဇူး ဆပ်တရား“ အဖြစ် ဟောကြားတော်မူခဲ့သော မြတ်စွာဘုရားရှင်၏ ကျေးဇူးဂုဏ်ကို ညွှတ်နူး ကော်ရော် ပူဇော်မြတ်နိုးကြပြီး       မိမိတို့ သည်လည်း မိဘကျေးဇူး သိ၊  ဆပ်သူ ပါရမီရှင်များ ဖြစ်ကြစေရန်၊ ဘုရားရှင်နှင့် မိဘကျေးဇူးဂုဏ်ကို ရည်မှန်းပူဇော်ကန်တော့ကြမည် ဖြစ်ပါ၍        “အဘိဓမ္မာ အခါတော်နေ့ “ အခမ်းအနားသို့  ကျေးဇူးတရားကို သိ၊ ဆပ် ပူဇော်လိုသူတိုင်း ကြွရောက် ဆင်နွဲးကြပါရန် လေးမြတ်စွာ ဖိတ်ကြားအပ်ပါသည်။
          အောက်တိုဘာ (၁၂)ရက်နေ ၊ ည ၆း၃၀ နာရီမှ စတင်ပြီး ဘုရားရှင်အား စုပေါင်း၍ မွှေးကြိုင်လှစွာသော ပန်း၊ ရေချမ်းတို့ ဖြင့် ပူဇော်ကြိုဆိုကြလျှက် ပါရမီဖြည့် အဘိဓမ္မာ ရွတ်ဖတ်ပူဇော်၊ အမျှဝေ၊ ဆုတောင်းကြမည် ဖြစ်ပါသည်။
*လူတိုင်းစေ့ ဘုရားရှင်အား ကြိုဆိုပူဇော်နိုင်ရန် မွှေကြိုင်လှစွာ်သော ပန်း၊ ရေချမ်းတို့ ကို အသင့်စီစဉ် ပေးထားပါမည်။
*ဒါနကောင်းမူ အစုစုတို့ ကို အသက်ထင်ရှာရှိ၊ မရှိသော မိဘများအား အစထား၍ သတ္တဝါ အနန္တ   နတ်၊ ဗြဟ္မာအနန္တ တို့ အား စုပေါင်း အမျှဝေပါမည်။
ဧည့်ခံ ကျွေးမွေးအလှူတော်-
        ကြက်သား ကြာဇံကြော် နှင့် အအေး
        တို့ ဖြင့် ဧည့်ခံလှူဒါန်းပါမည်။
ကျင်းပမည့်နေရား    ဝရာဓာတု ရတနာရာမ အသင်းတော် (ဓါတ်တော်တိုက်)
                                    No.59  Lor 4 Geylang, Singapore 399297.   Tel: 6841 4540, 6748 7352
                              Bus: 7, 12, 32, 33, 197 from Kallang MRT, alight at second bus stop.
( Parame Group မှ ပေးပို့ ၍ Forward မှ ရသည့် ဖိတ်စာကို နိဗ္ဗာန်အကျိုးမျှော်၍ ပြန်လည်မျှဝေ၊ နိုးဆော်လိုက်ခြင်းသာ ဖြစ်ပါကြောင်း)
Wednesday, October 5, 2011
မကျွတ်သေးသူ
( ညဘက်မှာ မဖတ်ပါနဲ့ ၊ ကြောက်တတ်ရင်လည်း မဖတ်ပါနဲ့ ။ )
          တနေ့ ကပေါ့ ကျမနဲ့  ကျမအမနဲ့  ကျမတို့  မိသားစုကြောင်းတွေကို ဖုန်းဆက်ပြောရင်းကနေ ဟိုရောက်၊ ဒီရောက် ပြောဖြစ်ကြပါတယ်။ အဲလို ပြောရင်းကနေ လူတွေ ငွေနောက်လိုက် လိုက်ကြပုံများ ဘယ်လို ကြောက်စရာကောင်းကြောင်းတွေ အမက ပြောလာပါတယ်။ လူတွေများ ငွေနှင့် ဂုဏ်ဆို ငမ်းငမ်းတက်ကြတာ ဘယ်လိုတွေ ဖြစ်ကုန်ကြသလဲ မသိပါဘူးတဲ့။ ကိုယ်ချင်းစာတရားလဲ မရှိတော့ဘူး။ ကျင့်ဝတ်ဆိုတာလည်း ခါးဝတ်ထည်တွေလို မမြဲကြတော့ဘူးတဲ့။ (ခါးဝတ် ပုဆိုး ဆိုတာတော့ သိပါတယ်။ ခုခေတ်က ဝတ်ခြင်တာ အကုန်ဝတ်နေတာမို့  ခေတ်နှင့် အညီ ပြောင်းလိုက်ရပါတယ်။   :P)
          အဲလို ပြောရင်းကနေပြီး ကျမ အမ့တစ်ယောက်ရဲ့  အလုပ်ရှင်နှင့် အမျိုးတော်တဲ့ (သိပ်လည်း မဆင်းရဲပါဘူး) တူမ မိသားစုအကြောင်းကို (စပ်မိ စပ်ရာ ဘာညာကိကွ) ရောက်သွားပါတယ်။ လူတွေရဲ စိတ်ဟာ တော်တော် ကြောက်စရာကောင်းပါလားလို့  ကျမဖြင့် ကြောက်တောင်သွားပါတယ်။ ပြောရရင်တော့ ဘယ်ကစရမှန်းတောင် မသိတော့ပါဘူးရှင်။ မြန်မာနိုင်ငံမှာ အလုတ်တွေထဲမှာ ကိုယ့်ဂုဏ်သိက္ခာကို ထိန်းလို့  အကောင်းဆုံး၊ လူအလေးစားဆုံး အလုပ်(အခု ဟုတ် -ဟုတ်၊ မဟုတ်-ဟုတ်) ဖြစ်ခဲ့တာ ဆရာမ အလုပ်ပါ။ ဆရာ၊ ဆရာမဆိုတာ ကိုယ့်ကို လူရိုသေအောင်၊ လေးစားအောင် နေရသလို ၊ လူတွေကလည်း ဆရာ၊ ဆရာမ ဆိုပြီး အနည်းနှင့် အများ ဦးစားပေးရတဲ့ အလုပ်မျိုးမလား။
          ဒါပေမယ့် ဒီအမျိုးသမီးက ဘောဒါဆောင်ဖွင့်တဲ့ ဆရာမထင်ပါရဲ့ ရှင်။ သူ့ အိမ်မှာ တရုတ်နယ်စပ် နေရာတစ်ခုက လာကျောင်းတက်တဲ့ ကျောင်းသားတစ်ယောက် ရှိပါတယ်။ သူတို့ အိမ်မှာပဲ ငှါးနေပါတယ်။ ပထမတော့ ကျောင်းသားနှစ်ယောက် အတူငှါးနေကြတာပါပဲ။ သူမအိမ်ဟာ အဲဒီတုံးက ရန်ကုန်ရဲ့  ထင်ရှားတဲ့ မြို့ ပြ အိမ်ယာ စီမံကိန်းတစ်ခုထဲမှာ ခြံနှင့် ဝိုင်းနဲ့  နေထိုင်ကြပါတယ်။ နောက်တော့ ကျောင်းသား တစ်ယောက်က မြို့ ထဲကို ပြောင်းသွားတော့၊ သူတစ်ယောက်ပဲ ကျန်ခဲ့တဲ့ပုံပါပဲ။ ဒီကျောင်းသားလေးမှာ ပိုက်ဆံချမ်းသာတဲ့ မိဘတွေ ရှိတာကို ဆရာမလေးက အစကတော့ မသိပါဘူး။ ကောင်လေးက သုံးနိုင်ပင်မဲ့ ပုံမှန်ပဲ အေးအေးနေတတ်တာကြောင့် ကောင်းလေးက ဘာ၊ သူမိဘတွေ က ဘယ်လို ဆိုတာ သိခဲ့ခြင်း မရှိပါဘူး။ ဆယ်တန်းမဖြေခင် ဆိုတော့ ၁၆-နှစ်ကနေ ၂၀-နှစ် ဝန်ကျင်းပဲ ရှိမှာပါ။
          တနေ့ တော့ ဒီကောင်လေးမှာ ကံအပြောင်းအလဲ ကြုံဘို့  အစပြုလာပါတယ်။ အဲဒါကတော့ သူ့  ဆရာမအိမ်က ကားပျက်တာကို ဝတ်ရှော့မှာ အပ်ထားတာ ပြင်ပြီးလို့  အိမ်ကို ကုန်ကျစရိတ်(Bill) တောင်းစာနှင့် အတူ ကားကို ပြန်ပို့ လာပါတယ်။ အဲဒီအချိန်က ဆရာမ အမျိုးသားက ခရီးထွက်နေတဲ့အချိန်နဲ့  ကြုံနေပါတယ်။ ကားက ဘောဒီတွေပြင်၊ လိုတာတွေ အကုန်ပြင်တာဆိုတော့ သိန်း(၂၀)လောက် ကျနေပါတယ်။ ဆရာမကလည်း လက်ထဲပိုက်ဆံများများမရှိ၊ ခင်ပွန်းသည်က  အလုတ်ကိစ္စတစ်ခုနဲ့  ခရီးသွားတာဆိုတော့ အိမ်မှာ ပိုက်ဆံ များများ မကျန်တာပါ။ ဒါနဲ့  ကောင်းလေးဆီမှာ ပိုက်ဆံ တသိန်း၊ နှစ်သိန်းလောက်ရှိရင် ချေးဘို့  ဆရာမက လာမေးပါတယ်။ အမှန်က စရံသတ်ထားဘို့ ပါ။ အမျိုးသားပြန်လာမှ အပြီးချေဘို့  ညိုနိုင်းမယ်လို့  စဉ်စားပုံပါပဲ။ ဒါပေမယ့် ဝတ်ရှော့ကလည်း အကုန်တောင်းနေပါတယ်။ ကောင်လေးက အဲဒါနဲ့  ပြေစာ စာရွတ် တောင်းကြည့်တော့ သိန်း-၂၀ ဖြစ်နေတာနဲ့  သူမှာရှိတဲ့ ပိုက်ဆံထဲက သိန်း-၂၀ ကို ထုတ်ပေး၊ ချေးငှါးလိုက်တာပါပဲ။
          ဒီနေရာမှာ ဒီကောင်လေးကပဲ ကိုယ့်ဆရာမဆိုပြီ ယုံကြည်တာလား၊ ဆရာမမှာလည်း အိမ်တွေ၊ ကားတွေရှိတာမို့  ချမ်းသာတယ် ယုံကြည်လောက်တယ် ထင်လို့ ပဲလား မသိပါဘူး။ သူ့ က စိတ်ရင်းကောင်းနဲ့  ကူညီတာဖြစ်ပေမယ့် လူတွေရဲ့  စိတ်ဆိုတာ အစိုးမရတဲ့သဘောကို နားမလည်လို့ ပဲ ထင်ပါရဲ့  ထုတ်ပေး လိုက်တာ။ ဒါပေမယ့် ဆရာမက ကောင်လေးစီမှာ ပိုက်ဆံအများကြီး ရှိတာ သိသွားပါတယ်။ လောဘလည်း တက်သွားပါတယ်။ လောကမှာ သုံးစွဲးမယ်ဆိုရင်တော့ ကိုယ်ရှာတဲ့ ပိုက်ဆံဟာ လောက်နိုင်တယ်ကို ရှိမယ် မထင်ပါဘူး။ ဒီထုံးစံကြောင့်ပဲ ထင်ပါရဲ့  ကောင်းလေးရဲ ပိုက်ဆံတွေ ဟိုလိုတမျိုး၊ ဒီလို တမျိုး တောင်းသုံးတော့တာပါပဲ။
          ကောင်လေးမှာ ပါလာတဲ့ ပိုက်ဆံကုန်တော့လည်း မိဘတွေဆီကို နည်းမျိုးစုံသုံးပြီး တောင်ခိုင်းပါတယ်။ အစကတော့ အနုနည်းနဲ့  တောင်းပုံပါပဲ။ နောက်တော့ ကောင်လေးကို ချုတ်ထားပြီး အကြမ်းနည်းတွေနဲ့  တောင်တော့တာပါပဲ။ နောက်ကောင်လေးကို အကြမ်းကိုင်ရင်းကနေ အက်စစ်နဲ့  ပတ်တဲ့ အချိန်မှာ ကောင်လေးက သေသွားပါလေရော။ အလောင်းကို အစဖျောက်လိုက်ပါတယ်။ ဒါပေမယ့် လောဘက မရပ်ပါဘူး။ မိဘတွေကိုတော့ ဆုံးကြောင်းတခွန်း မဟပဲ၊ သူ့ တပြည့်အနေနဲ့  ပိုက်ဆံတွေ တောင်းသုံးပါတယ်။ ဒါပေမယ့် လောဘဆိုတာ အစရှိပေမယ့် အဆုံးသတ်ဘို့  ခက်နေတာပါပဲ။ ဟိုကလဲ ဘယ်လောက်တောင် ချမ်းသာနေသလဲ၊ ဘယ်လို စီးပွှားဖြစ်နေတယ်တော့ မသိပါဘူး။
          ဒီကောင်လေးက အနေနဲ့  ပုံမှန်းတောင်းရမယ့် ပမာဏကို ကျော်နေတဲ့ အပြင် ၊ မကြာခဏ တောင်းပါများတော့ ကောင်လေး မိဘတွေက သံသယ ဝင်လာပါတယ်။ ကောင်လေးဆီ ဖုန်းဆက်တိုင်းလည်း အကြောင်းတမျိုးမျိုးပြလို့  အိမ်မှာ မရှိတာကြည့်ပဲမို့  စကားမပြောရတာလည်း ကြာပြီဆိုတော့လည်း သံသယ မဝင်နေရိုးလား။ ဒါနဲ့  ကောင်လေးအိမ်က ကောင်လေးကိုယ်တိုင် တောင်းတာလား၊ ဘယ်သူ တောင်းနေတာလည်း သေချာသိရအောင် တရက်ဖုန်းဆက်ပြီး ငွေတောင်းတဲ့ အချိန်မှာ ကောင်လေးကို ပစ္စည်း တစ်ခု လူကြုံထဲ့ပေးစရာ ရှိတဲ့အကြောင်းနဲ့ ၊ အဝါနှင့် အပြာရောင် ဘယ်အရောင် ကြိုက်သလဲလို့  ကောင်လေးကို မေးခိုင်းပါတယ်။ အမှန်ကတော့ ကောင်လေးဘာရောင် ကြိုက်တယ်ဆိုတာ သူ့ အိမ်က သိပြီးသားပါ။
          အဲဒီအချိန်ကြမှ အဖြေမှား ဖြေလိုက်လို့  သူ့ အိမ်က ရိတ်မိသွားပါတယ်။ ကောင်လေး အိမ်က ရိတ်မိမှန်းလည်း သိရော ဆရာမနှင့် သူ့  ခင်ပွန်း ထားပါတော့ သူတို့ မိသားစုဟာ ဒီအိမ်လေးကို ခပ်မြန်မြန်ရောင်းထုတ်ပြီ မြို့ ထဲကို ပြောင်းရွေ့ ပြေးပါတော့တယ်။ ကောင်လေးအိမ်ကလည်း ရန်ကုန် ဆင်းလာပြီး လူပျောက်မူ့  စဖွင့်နေပါပြီ။ ဒါပေမယ့် သက်သေမရှိ၊ ဘယ်ပြောင်းမှန်းမသိ ဆိုတော့ အမူဟာ ကွင်းဆက်ပျက်နေခဲ့ပါတယ်။ ကြာတော့ ကောင်လေးအိမ်ကလည်း ကိုယ့်မြို့ ၊ ကိုယ်ရွာမှာ ကိုယ့်စီးပွှားလုတ်ဘို့  ပြန်သွားကြပါပြီ။
          ဒီအိမ်ကိုဝယ်လိုက်တဲ့ အိမ်ရှင်သစ်တွေလည်း ပြောင်းရွေ့  နေထိုင်နေကြပါပြီး။ အိမ်ရှင်သစ် အမျိုးသားက နေ့ ဘက်ဆို အလုပ်သွားတော့၊ အိမ်မှာ အမျိုးသမီးတစ်ယောက်ထဲ ကျန်ခဲ့တာကများပါတယ်။ ပထမ တလ၊ နှစ်လ လောက်မှာတော့ အိမ်မှာ နေတာ သိပ်ထူးခြားမူ့  မတွေ့ ရပါဘူး။ ဒါပေမယ့် အမျိုးသမီးကလည်း ကိုယ်ဝန်ဆောင်သယ်ဖြစ်တာက တစ်ကြောင်း၊ နေပြီး ၃-လ လောက်မှာတော့ ထူးလာတာ တွေ့ သွားပါတယ်။ ခြံထဲမှာ လူအရိပ်တစ်ခုကို ဖြိုးခနဲ၊ ဖြတ်ခနဲ တွေ့ ၊ တွေ့ နေတာပါ။ အမျိုးသမီးကလည်း မသင်္ကာတာရော၊ စိတ်မသန့် တာရောမို့  သူ မ့အမျိုးသားကို ဖွင့်ပြော တိုင်ပင်ပါတယ်။ ဒါနဲ့  သူ့  အမျိုးသားလည်း ရုံးပိတ်ရက်မှာ အမျိုးသမီးပြောတဲ့ အရိပ်တွေ့ တတ်တဲ့ နေရာကို လူတွေခေါ်ပြီး အင်ကတေတွေ ဖယ်၊ မြေတွေရှင်းလိုက်တော့ လူသေအလောင်း ထွက်လာပါတော့တယ်။
          ဒါနဲ့  နောက်အိမ်ရှင် အသစ်တွေလည်း ရဲကို အကြောင်းကြားကြပါတယ်။ ရဲ ရောက်လာပြီး အလောင်းသယ်၊ အကြောင်းရင်းတွေမေးပါတယ်။ သူတို့ တွေ ဘယ်သူ့ ဆီကနေ ဒီအိမ်ကို ဝယ်တာပါ။ ဘယ်ရက်ကပါနဲ့  ပြောပြရပါတယ်။ တကယ်က ဆရာမ မိသားစုက ကောင်လေးသေတာကို မိဘတွေလည်း အကြောင်းမကြားပဲ သူ့ ဝိုင်းထဲမှာ မြေမြုတ်ပြီး၊ အပေါ်ကနေ အင်ကတေလောင်းပြီး အစဖျောက်လိုက်တာပါ။ အဲဒီ နေရာကပဲ အရိပ်တစ်ခု သွား၊လာ နေတာကို နောက်ပြောင်းလာတဲ့   အမျိုးသမီးက တွေ့ တာပါ။ တခြားသူတွေက မတွေ့ ကြပါဘူး။ ရဲကလည်း အမူလိုက်တော့ အရင်ဖွင့်ထားတဲ့ အမူဟောင်းနှင့် ဆက်စပ်ပြီး ဆရာမတွေ ပြောင်းသွားတဲ့နေရာကို ရာဖွေ စုံးစမ်းမူ့ တွေလုပ်ပြီး တရားခံကို ဖမ်းနိုင်ခဲ့ပါတယ်။ ကောင်းလေးရဲ့  မိဘတွေကို အကြောင်းကြားလို့  တရားစွဲးစေခဲ့ပါတယ်။  ကောင်လေးလည်းသေ၊ သူတို့ လည်း လူသတ်မူဆိုတော့ နှစ်ကြီးထောင်ပဲကျသလား၊ ကြိုးမိန့်  ပဲကျသလားတော့ မသိတော့ပါဘူး။
          ကောင်လေးကလည်း ကိုယ်ဝန်ဆောင်သည်စီမှာ နေခြင်လို့  အရိပ်ပြတာလား၊ သူ့ ကို ဒီနေရာမှာ မြုတ်ထားတာကို တခြားလူတွေသိအောင် ပြတာလား၊ သူ့ မိဘဟောင်းတွေ သိအောင်၊ အမူ့ မှန်ပေါ်အောင်လား ဆိုတာတော့ တွေးရခက်ပါတယ်။ အဲဒါကို သေချာမသိပေမယ့်၊ သူ့  အလောင်းသယ်သွားပြီးတဲ့ နောက်မှာ သူ့ အရိပ်ကိုလည်း မတွေ့ ရတော့ပါဘူ။       ။
Friday, September 30, 2011
စိန်လက်သီး
Google မှ ရယူပါသည်။
          ခုရက်ပိုင်းများမှာ မိုးအုံ့ လိုက်၊ ရွာလိုက်၊ ပူအိုက်အိုက်ဖြစ်လိုက်နှင့် အတော်လေး စိတ်ပျက်စရာ ကောင်းပါတယ်။ ဒါပေမယ့် ဒီမှာက မိုးလုံ၊ လေလုံလောက်တော့ ရှိတာကြည့်ပါပဲ။ ဒီက ကျောင်းသားတွေ ရုတ်ပိုင်းဆိုင်ရာတော့ ကံကောင်းကြပါပေတယ်လို့  တွေးမိနေပါတယ်။ ကျမတို့  ငယ်ငယ်က သင်ရတဲ့ မိသားစုကျောင်းဟာ ကျမတို့  လက်ထက်မှာ မြို့ နယ် အစိုးရ အလယ်တန်းကျောင်း တစ်ခုဖြစ်ပေမယ့်၊ ကျမတို့  ကျောင်းတက်စဉ်က ပျဉ်ထောင်ကာ ဓနိမိုးဆိုတော့ မိုးတွင်းလို ကာလမှာ ဆွေးမြေ့တဲ့ အမိုးနေရာတွေက ရေယိုလို့  စာသင်တာ ရပ်ထားရတဲ့ အခန်းမျိုးတွေ ရှိခဲ့ဘူးတာကို သွားသတိရမိတယ်။
          နောက် တဖြည်းဖြည်းခြင်းမှ ကျောင်းစောင်တခုက သွတ်မိုး၊ နောက်တစ်ခုက ဓနိမိုး။ အဲဒီကနေပြီမှ ခုဆို ကျောင်းသားမိဘတွေ တစ်နှစ်ခြင်းအလိုက် စုဆောင်းလိုက်၊ အလှူခံလိုက်ကနေ တခြမ်းက ပျဉ်ထောင်၊ သွပ်မိုး နောက်တခြမ်းက နံကပ်ကာ၊ သွပ်မိုးတော့ ခုချိန်မှာ ဖြစ်လာခဲ့ပါပြီ။ မြန်မာပြည်က ကျောင်းတွေဟာ ဒီလိုတွေ များမှာပါပဲ။ အဓိက ပြောခြင်တာက ဒါတွေမဟုတ်ပါဘူး။ စိတ်တွေက ရောက်ခြင်တဲ့ဆီ ဝုန်းခနဲ၊ ပြောင်လဲရောက်သွားနိုင်ပေမယ့် စာရေးရာမှာတော့ ဝုန်းခနဲသွားလို့  မရလို့  စာစီရ၊ ရှင်းရသေးတာ မို့ လား။ ရှင်းရင်း ရှင်းရင်နဲ့  ဘေးချော်၊ ဟိုရောက်၊ ဒီရောက်ပဲ ဖြစ်တာလောက်ပါ . . . :)။
          အဲဒီကျောင်းလေးမှာ သူငယ်တန်းကနေ ရှစ်တန်းအောင်ထိ နေခဲ့ရပါတယ်။ ခုတော့ ငါးတန်းကနေ၊ ရှစ်တန်းပဲ တက်ရတော့တယ်ရှင့်။ ကလေးထဲက ဆိုတော့ သူငယ်ချင်းတွေနဲ့  သိတဲ့သူတွေက များတာပေါ့။ များတော့ ပျော်စရာကောင်းတာပေါ့ရှင်။ ဒါထက် ပိုကောင်းတာက ကျမတို့ တက်ရတဲ့ နှစ်များဆီက ကျောင်းအုပ် ဆရာမကြီးကလဲ အသစ်ပြောင်းလာ။ စည်းကမ်း ကိုင်တွယ်တာတွေကြောင့် (ကျောင်းသူ၊ ကျောင်းသားတွေတင် မဟုတ်ဘူးနော်၊ ဆရာ၊ ဆရာမတွေပါ ပါတယ်) ကျောင်းမှာ စည်းကမ်းရော၊ သင်ကြားရေး ဘက်မှာပါ အောင်မြင်လာ၊ နံမည်ကျော်လာတဲ့ အခါပေါ့။
          ဆရာကောင်း၊ သမားကောင်းနှင့် ကြုံဆုံရတယ် ဆိုတာကလည်း ကုသိုလ်တမျိုး ထင်ပါရဲ့ ရှင်။ ဘာလို့ လဲ ဆိုတော့ ခုချိန် ပြန်ကြားရတဲ့ သတင်းအရ ကျမတို့  ကျောင်းလေးမှာ အသပြာဆရာနဲ့ ၊ ဝတ်ကျေသင်တဲ့ ဆရာသစ်၊ ကျောင်းအုပ်သစ် တွေကြောင့် နံမည်ကျဆင်း နေလို့ ပါ။ စေတနာ၊ အနစ်နာခံတဲ့ ဆရာ၊ ဆရာမ တွေပဲ  ရှားပါးကုန်လို့ လား မဆိုနိုင်ပါဘူ။ ဆရာဟောင်းတွေလည်း ရာထူးတွေတက်၊ ကျောင်းတွေ ပြောင်းကုန် ကြပါပြီ။ ဆရာကန်တော့ပွဲး ကျင်းပတော့ တချို့  ဆရာ၊ ဆရာမတွေ ကျောင်းကို အဝေးက ပြန်လာကန် တော့ခံလို့  တခါတော့ စုံဖြစ်လိုက်ပါသေးတယ်။
          ဒါနဲ့  စာကိုယ် ခေါင်းစည်းပိုင်းနဲ့ ဘာဆိုင်လဲ ဆိုတော့လေ   လာမှာပေါ့နော်  . . . အဟီး။ မှတ်မှတ်ရရ ကျမ လေးတန်းနဲ့ ၊ ရှစ်တန်းနှစ်က အစိုးရစစ်ပါ။ လေးတန်းက မြို့နယ်ပညာရေးမူးရုံးက တာဝန်ယူပြီး အမှတ်ခြစ် ရပါတယ်။ ရှစ်တန်းနှစ်ကျတော့ တိုင်းပညာရေးမူးရုံးက တာဝန်ယူရတယ် ထင်ပါတယ်။ စာစစ်မယ့် ဆရာတွေလည်း တိုင်းမြို့ကို သွားရပါတယ်။ ဆယ်တန်းကျတော့ ရန်ကုန်မှာ ဆရာတွေ သွားစစ်ရပါတယ်။ ကျမတက်တဲ့ အဲဒီကျောင်းက ရှစ်တန်းက အမြင့်ဆုံးအတန်း၊ ဆရာတွေကလည်း အစိုးရစစ်မှာ အောင်ချက် ကောင်းအောင် အင်တိုက်၊ အားတိုက် သင်ကြားပေးနေတဲ့ နှစ်တွေပါပဲ။ ကျောင်းသားတွေ အတွက် တကယ်ကို အကျိုးများလှပါတယ်။ ကျေးဇူးကြီးတဲ့ ဆရာ၊ ဆရာမ နှင့် ကျောင်းကြီးပါပဲ။
          မြန်မာစာသင်တဲ့ ဆရာကတော့ အေးပါတယ်။ သူ့ ဘာသာသူ စာသင်သွားတာပါပဲ။ မြန်မာစာ အချိန်ဆိုလို့  မှတ်မိသေးတယ်။ ကျမတို့  နှစ်က စာတော်တဲ့ ကျောင်းသားတစ်ယောက်ဟာ ဆရာ အချိန်မှာ ည ည ထ စာကျက်တဲ့ အရှိန်ကြောင့်ရော၊ ပျင်းစရာကောင်းတာကြောင့်ရော အမြဲ အိတ်ငိုက်ပါတယ်။ တနေ့ တော့ ပါးစပ်ဟ သန်းလိုက်တာ ပါစပ်ထဲ ခြင်တကောင် ဝင်သွားပါလေရော။ သူကလည်း ဝူးဝါး၊ ဝူးဝါးနဲ့  ပါးစပ်ထဲ ရောက်နေတဲ့ ခြင်ကို ထုတ်တာ ကျမတို့ က အစ၊ အဆုံးမြင်တော့ ရီလိုက်ရတာ။ သူလဲ နည်းနည်းတော့ ရှက်သွားပါတယ်။ ဆရာလဲ စာသင်နေရာကနေ ဘာဖြစ်ပါလိပ်ဆိုပြီ ရပ်သွားတာကိုး ၊ ရေးရင်းတောင် ရီခြင်နေတယ်   ဟီးဟိ။
          နောက်မှ ကျမ့ သူငယ်ချင်းတစ်ယောက်နဲ့  စကားပြောရင်း သူကရှင်းပါလေရော။ သူတို့ မှာ မောင်နှမ(၃)ယောက် ညမှာ တလှည့်စီ စာကြည့်ရကြောင်း၊ ညဦးက သူ့ အမ့ စာကြည့်ရပြီ၊ မအိပ်ခင် သူ့ ကို နိုးကြောင်း။ သူက ညည့်လယ်မှာ စာကြည့်ရတယ်။ သူအိပ်ခါနီးမှ သူ့ ညီမကို နိုးပြီး ညီမက မနက်စော စာကြည့်ရတာမို့  သူအိပ်ရေး ညတိုင်းပျက်ပါတယ်တဲ့ .. . အာသန်းရခြင်း အကြောင်း အကျယ်ချဲ့ ပါတယ်။ ကျမတို့ ကတော့ နားပဲထောင်လိုက်ပါတယ်။ ရီခြင်တာတော့ ရီခြင်တာပဲကိုး။ ဒါပေမယ့် ခု စဉ်းစားမိတော့ ဒါကလဲ တကယ်တော့ မှန်ကန်တဲ့ နည်းတခု မဟုတ်တာပါပဲ။ နှစ်နှစ်ချိုက်ချိုက် အိပ်ရမယ့်အချိန်ပြန်ထပြီး စာကျက်တော့ သွေးသစ်လဲတဲ့ အချိန်မှာ အားမရှိဘူး၊ ဦးဏှောက်လဲ ထိုင်းမိုင်းနေမှာပဲ၊ ကြာလာတော့ လူကို ထိခိုက်မှာ အနှေးနဲ့  အမြန်ပါပဲ။ တကယ်လည်း သူ MIT ကျောင်းပြီးစက ရူးသလိုလို ဖြစ်သွားပါတယ်။ အမေက ဆရာဝန်၊ အဖေက ဘီအီး အင်ဂျင်နီယာပါ။
          ဆရာမတွေကတော့ သင်္ချာသင်တာက ကျမရဲ အမအကြီးဆုံးပါ  :P။ သူကလည်း B.Ed ပထမသုတ်က ဆင်းတာပါ။ သူက စာသင်တာတော်ပါတယ် ဒါပေမယ့် ကျမက အိမ်မှာ အညံ့ဆုံးဆိုတော့ သူ အရှက်ကွဲမှာ စိုးလို့  ဆိုပြီ ကျမကို စာဘယ်တော့မှ မမေးပါဘူး။ ဟီးဟီး မမေးတော့ သက်သာတာပေါ့။ တကယ်တော့ မသက်သာပါဘူး၊ စာတွေကများလွန်းတော့ သင်္ချာဖြေခါနီး မပြီးနိုင်လို့  ငိုတောင်၊ ငိုရတယ်။ အဲဒီကျမှ အစိုးရစစ်မို့  တုတ်တစ်ချောင်းနဲ့  Theory တခုခြင်း ဖြတ်သင်ပါတယ်။ သင်္ချာက (၁+၂)လေ .  .  . :( ။ ကျမကလည်း တာတေပါ။ စာကျက်ပျင်းပြီး၊ အဆော့မက်တော့လဲ အဲလို ဖြစ်ရတာပေါ့။
         ပထဝီ ဆရာကတော့ မြေပုံတွေ အလွတ်ရအောင် အဆွဲးကျင့်ခိုင်းပါတယ်။ မြေပုံပေါ်မှာပဲ သဘာဝထွက်ပစ္စည်းတွေ၊ ရာသီဥတုတွေ၊ မိုးလေဝသပုံကို ဖတ်တတ်အောင်ပါ သေခြာသင်ပေးပါတယ်။ သမိုင်းကတော့ ဆရာမက ခုနှစ်တွေကို သက်သက် Note ထုတ်ခိုင်းပါတယ်။ ပြီးတော့ စာတပိုဒ်ခြင်း ရှင်းပြပြီး အတန်းထဲမှာတန်း စာမေးတာပါ။ ဖြေနိုင်ရင် ဖြေနိုင်သူက ကိုမေးခြင်တဲ့သူ(ယောင်္ကျားလေးဆို မိန်းခလေး၊ မိန်းခလေးဆိုရင် ယောင်္ကျာလေးဘက်ကို ) မေးရပါတယ်။ မဖြေနိုင်ရင် အတန်းထဲမှာ နားရွတ်ဆွဲးပြီး အရှေ့ ၊ အနောက် တခေါက် ရှောက်ခိုင်းတာပါ။ အဲလို ဖြစ်မှာစိုးတော့ ဆရာမ စာသင်ရင် ကျမတို့ မှာ အခန်းထဲမှာ စာကျက်နေရတာပါ။
          အင်္ဂလိပ်စာ ဆရာကတော့ လူပျိုကြီးပီပီ စနေ၊ တနင်္ဂနွေတွေဆို အချိန်ပိုတွေခေါ် ခေါ်ပြီး စာသင်၊ စာမေး၊ စာကျက်ခိုင်းတော့တာပါ။ ကျောင်းသား၊ ကျောင်းသူ အားလုံးက ဖိန့် ဖိန့် တုန်အောင် ကြောက်ရပါတယ်။ စာကြည့်ခိုင်းပြီး ရုံးကိစ္စတွေရှိရင် ရုံးခန်းသွား၊ ပြန်လာရင် စာမေးတော့တာပါပဲ။ မရရင်တော့ ကျောင်းသူရော၊ ကျောင်းသားသော မရှောင်ဘူး။ တွဲတော့တာပါပဲ။ ကျမလည်း အင်္ဂလိပ်စာ ညံ့တဲ့ အထဲပါပါတယ်။ ခုထိတောင် လင်္ကာလေး တခု မှတ်မိသေးတယ်။ ဘာတဲ့ အဲ   tomor .. ./ soon, come, next, မန်း Future Tense မှတ်ပါ တဲ့။ ယောက်ကျားလေး မေးမရရင် လက်သီးနဲ့  နဘူးထိုးပါတယ်။ မိန်းခလေးတော့ မိန်းခလေးမို့  တုတ်နဲ့  ရိုက်ပါတယ်။ ခေါင်းလဲခေါက်တယ်။ ကိုယ်လဲ တခါကျက်မလာလို့  နှစ်ခါလောက် ခေါက်ခံရဘူးတယ်လေ။ ဒါပေမယ့် ဆရာ့ကျေးဇူးကြောင့် ကျမတို့ တွေ ရှစ်တန်းမှာ Tense တွေ ခွဲးသိသွားရတာပါ။ ဆရာကျေးဇူးနဲ့  ရှစ်တန်းအောင်လာတာပါပဲ။ လူတွေ့ ရင် စာရဘီလား?  လို့  မေးတတ်ပြီး၊ စာမရရင် ဒီမှာတွေ့ လား လက်သီးလို့  ကြိမ်းတတ်လို့  ရပီတာ(repeater) တွေတောင် ခေါင်းမော် မကြည့်ရဲပါဘူး။
          ဒါကြောင့်မို့ လို့  ဒီဆရာနံမည်ကို ကျောင်းသားတွေက ကွယ်ရာမှာ စိန်လက်သီးလို့  ပေးထားပါတယ်။ အသက်လဲကြီး၊ သမားဂုဏ်လည်းကြီးပြီး ကျောင်းရဲ့  ဝေယျာဝတ်စတွေကို ဆောင်ရွတ်တတ်တဲ့ ဆရာ၊ ကျောင်းသားအများစုက ချစ်တဲ့ ဆရာကို လွမ်းမိသွားတာပါ။ ခုတော့ ဆရာမရှိတော့ပါဘူး။ ဆုံးရှာပြီလေ။ ဒါပေမယ့် ဆရာ မဆုံးပါးခင် (၃)နှစ်လောက်ထဲက မိသားစုကျောင်း ဆရာကန့် တော့ပွဲးတွေ လုတ်ဖြစ်ခဲ့တာမို့  ဆရာ့ကို ကန့် တော့ခွင့်ရလိုက်တာဟာ ကျမအတွက်တော့ ကံကောင်းလို့ လိုတောင် ယူဆမိပါတယ်။ ကျောင်းသားနဲ့  ဆရာဆိုတာ သား၊ သမီးနဲ့  မိဘ လိုပဲမို့  ဆရာ့ကိုလည်း မိုးနဲ့  အတူ လွမ်းမိပါသည်။ ဆရာ ရောက်ရာ၊ ဖြစ်ရာ ဘဝမှာ ပျော်ရွှင် ချမ်းမြေ့ နိုင်ပါစေ။           ။
Wednesday, September 28, 2011
`တကယ်လား ဧရာဝတီရယ်`
          ကျမ စာမရေးနိုင်တာ သုံးပတ်လောက် ရှိသွားပြီ ဖြစ်ကြောင်း သိပါသည်။ ဒီရက်မှာ ကိစ္စများမြောင် လူတို့  ဘောင်တွင်ဆိုတဲ့  စကားနဲ့ အညီ ကိုယ့်ကိစ္စ၊ ဆွေမျိုး မိသင်္ဂဟ ကိစ္စ၊ အဖွဲ့ အစည်းတွေနဲ့  ပတ်သတ်တဲ့ ကိစ္စ အို များလိုက်တဲ့ ကိစ္စတွေ။ ပျော်စရာတွေလည်းတွေ့ ရသလို ၊ စိတ်ညစ်စရာ၊ စိတ်မကောင်းစရာတွေနဲ့  လဲ ကြုံစုံခဲ့ရတော့ ကမ္ဘာလောက- က သက်မဲ့အရာဝတ္တူတွေတောင်မှ အပူ၊ အအေးဒဏ်ကြောင့် ပြောင်းလဲ ပျက်ဆီးနိုင်သေးရင် လူ့ တွေရဲ့  စိတ်ဟာလည်း ခံစားချက်ရှိလေတော့ ဒဏ်ရာတွေ၊ အမှတ်ရစရာတွေနဲ့  ပြည့်နေတော့တာပေါ့လေ။
          လူတွေ ဧရာဝတီနဲ့  ပတ်သတ်တဲ့အကြောင်းတွေ ရေးနေတော့ ကျမသွားဖတ်ပါတယ်။ ပညာရှင်တွေ၊ အသက်အရွယ်(သို့ ) အတွေ့ အကြုံ ကြီးရင့်သူတွေရဲ့  စာတွေကို ဖတ်ပြီး သူတို့ ကို လေးစားတယ်။ ကျမ ရေ၊မြေကို တန်ဖိုးထားတယ်။ မြတ်နိုးတယ်။ မသိစိတ်ထဲကကို လွမ်းမောတသ ဖြစ်ရတာပါ။ နှမျှောတသ ဖြစ်ရလွန်းလို့  ရင်ထဲမှာတောင် နာကျင်နေပါတယ်။ ဒါဟာ ရောဂါလည်းမဟုတ်ပါဘူး။ ဘိုင်းရပ်စ်လို ကူးစက်ခံရတာလည်း မဟုတ်ဘူး။ ခံစားတတ်တဲ့ လူတစ်ယောက်ရဲ့  ခံစားမူ့ ပါ။ လူ ဆိုတာကတော့ အကြောင်းအကျိုး၊ အကောင်းအဆိုးကို ဝေဖန်ပိုင်းခြား သိနိုင်ရုံတင် မဟုတ်သေးပါဘူး၊ ကိုယ်ခြင်းစာတရားတွေ ခြင့်ချိန်နိုင်းဆ နိုင်စွမ်းတွေလည်း ပိုင်ဆိုင်ပါသေးတယ်။ ဒါဟာ မြန်မာလူမျို တစ်ယောက်ရဲ့ အတွေးပါပဲ။
          တကယ်ဆို ကျမ အံသြမိတာ လေး တစ်ခု ရှိတယ်။ အင်္ဂလန်မှာ ရှိတဲ့  သိမ်းမြစ်ကို အင်္ဂလိပ်လူမျိုးတွေ ဂုဏ်ယူပြီ ထိန်းသိမ်းထားကြတယ်။ မြန်မာပြည်မှာ အမူ့ ထမ်းတဲ့ အစ်စရေးလူမျိုးတွေက မြန်မာပြည်ကို ကြည့်ပြီး မင်းတို့  တိုင်းပြည်မှာ ဧရာဝတီလို မြစ်ကြီးတွေရှိတာ သိပ်ကံကောင်းတယ်လို့  ပြောတယ်။ သူတို့  နိုင်ငံမှာ ရေအတွက် ဘယ်လို ဒုက္ခရောက်ရတာ သူတို့ က အသိဆုံးလေ။  ဘုရားရှင် လက်ထပ်တော် တုံးကတောင် မြစ်တစ်စင်းကို တိုင်ပြည်နှစ်ပြည် စိုက်ပျိုးရေ မလုံလောက်လို့  နှစ်နိုင်ငံ စစ်ဖြစ်မှာကို မြတ်စွာ ဘုရားရှင်က တရားပြလို့  ဆုံးမတာတွေ ဖတ်ဖူးတယ်။ တကယ်ဆို သူတို့ က သူတို့ နိုင်ငံ အလယ်မှာမရှိပဲ နှစ်နိုင်ငံနယ်စပ်မှာပဲ မြစ်သေးသေးလေး တစင်းကို လုယူတာ ကိုယ့်နိုင်ငံ အကျိုးအတွက်ပါ။
          အခု လက်ရှိ စင်္ကာပူမှာ ကြွေးကျော်နေတာက စင်္ကာပူမြစ်ထဲက ရေငံတွေကို ရေချိုပြောင်းပြစ်မယ်တဲ့။ ခုဆို ပြည်တွင်း၊ ပြည်ပက ပညာရှင်တွေခေါ်လို့  လက်တွေ့ စမ်းသပ်မူတွေတောင် လုတ်နေကြပြီ။ သူတို့  အတွက် ရေချိုဝယ်ရနိုင်တဲ့ နိုင်ငံမရှိရင်၊ စစ်ဖြစ်ရင် အသက်ဆက်နိုင်ဘို့  ပင်လယ် ဒီရေဝင်ချောင်းလေးကို ပင်လယ်ပေါက်တွေမှာ ပိတ်လို့  ရေတွေလှောင်ထားလိုက်ပြီ။ ခုတော့ လှောင်ထားတဲ့ရေတွေက ရေငံတွေပဲ ရှိသေးတာပေါ့။ ဒါတွေကို ရေချိုပြောင်းတဲ့ လုတ်ငန်းစဉ်တွေ စပြီ အကောင်းအထည်ဖော်နေပြီလေ။ မြန်မာပြည်မှာ ဒီလို ပြုပြင်စရာမလိုတဲ့ ရေချိုတွေ စီးဆင်းတဲ့ မြစ်ဧရာကြီး တစင်းရှိပါတယ်။
          တိုင်ပြည်ကြီးကို သူတပါးကျွန်ဘဝက လွတ်မြောက်အောင် ဗိုလ်ချုပ်နှင့် တကွ မြန်မာပြည်သူ၊ ပြည်သားတွေဟာ ကျရာ အခန်းက ပါဝင် တိုက်ပွဲးဝင်ထားတဲ့ ပြည်ထောင်စုကြီးကို ဘာအတွက်ကြောင့်မှ သူတပါးလက်ထဲ ထိုးအပ်ထားခြင်ရပါသလဲ . . . . .  ?။ သူများစီက ရေလိုခြင်လို့  သူတပါးကျွန်ဖြစ်ရတာ လောက်တောင် ပြောလို့  မကောင်းပါဘူး။ မြန်မာပြည်ကြီးရဲ နှလုံးသွေးများ စီးဆင်းဝင်ရောက် ပေါင်းဆုံရာ ဧရာဝတီမြစ်ကြီး ဆက်လတ် အရှည်တည်တံ ခိုင်မြဲနိုင်ဘို့ ဟာ လှည်းနေ၊ လှေအောက် မြင်းစောင်ပါမကျန်တဲ့ လူထုရဲ့  အဓိက လိုအပ်တဲ့ မြစ်ရေကို မြန်မာလူမျိုးတွေရဲ့  အောက်ကနေ ပျောက်ပျက်မသွားအောင် ကာကွယ်ပေးကြမယ်ဆိုရင်တော့ မြန်မာပြည်ကို ချစ်တယ်ဆိုတာကို ကျမတို့  ယုံကြည်လိုက်ပါမယ်။
              ဘာလို့ လည်းဆိုတော့ မြန်မာပြည်မြေပုံကို ကြည့်လိုက်ပါ။ လူတစ်ယောက် ရပ်နေတဲ့ အနေအထားပါ။ လူတွေမှာ အရိုးတွေ၊ အသွေးတွေ၊ အသားတွေနဲ့  ဖွဲ့ စည်းထားသလိုပဲ မြန်မာပြည်ကြီးရဲ့  ကျောရိုးလည်းဟုပ်၊ အသက်သွေး ဆိုလည်းဟုပ်တဲ့ ဧရာဝတီမြစ်ကြီးနဲ့  မြစ်ကြီးထဲကို ပေါင်းဆုံဝင်ရောက်ကြတဲ့ ချောင်းငယ်၊ မြစ်ငယ်တွေ ယှက်ဖြာနေလေတယ်။ ကုန်မြေတွေကတော့ မြန်မာပြည်ရဲ့  အသားတွေပေါ့။ ဒီလို အသွေး၊ အသားတွေ ကျောရိုးတွေပေါ်မှာ မြန်မာ ပြည်ထောင်စုသားတွေ နေထိုင်ကြပါတယ်။ ဒါတွေကို ဖဲ့ထုတ်နေတာ ၊ မသိသာတမျိုး သိသိတမျိုး ဝါးမျိုးခံနေရတာဟာ မြန်မာလူမျိုးတွေရဲ့  စားဝတ်နေရေးကို ပိုပြီး ဆင်းရဲကျပ်တည်း စေမှာပါပဲ။ ပိုကောင်းဘို့ တော့ ရှိမယ်မထင်ပါဘူး။ ဒါကြောင့်မို့  ဧရာဝတီမြစ်ကြီး ဆက်လက်တည်ရှိအောင်း စွမ်းဆောင်နိုင်မယ်ဆိုရင် ပြည်သူတွေကလည်း အော် အားလုံးမြန်မာပြည်ကို တန်းတူချစ်ကြပါလားလို့  လက်ခံနိုင်မှာပါပဲရှင်။
Sunday, September 4, 2011
ဥစ္စာစောင့် ကုလားမ
Google မှ ရှာဖွေကူးယူ ဖော်ပြပါသည်။
          ဥစ္စာစောင့် အကြောင်းတွေကို ကြားဘူးကြမယ် ထင်ပါတယ်။ဥစ္စာစောင့်ဆိုရင် ဘုရားပစ္စည်းကို စောင့်ရှောက်ရတဲ့သူ နှင့် ကိုယ်ပိုင်ဥစ္စာကို စွဲးလန်းလို့  စောက်ရှောက်ရတဲ့ သူ ဆိုပြီး နှစ်မျိုး တွေ့ နိုင်မယ်လို့  ထင်ပါတယ်။ ကျမသိတဲ့ တခုသော ဥစ္စာစောင့် အကြောင်းကတော့ ကျမတို့  အညာမြေပြန့် က အဒေါ်ရဲ့  တိုက်မှာ ဖြစ်ခဲ့ဘူးတာလေး တခုပါ။ ကိုယ်တိုင် သေခြာတော့ မတွေ့ ခဲ့ဘူးပါဘူး။ ဒါပေမယ့် ကိုယ်တိုင်တော့ ခံစားသိခဲ့ရဘူးပါတယ်။ သူကတော့ ကိုယ့်ဥစ္စာကို ကိုယ်ပြန်စောင့်တဲ့သူလို ထင်ရပါတယ်။ ကုလားမ ဥစ္စာစောင့်လို့  အကိုဝမ်းကွဲးတွေကတော့ ပြောကြတာပါပဲလေ။
          ဥစ္စာစောင့် အကြောင်းကို ဟိုးငယ်ငယ်တုံးက စကြားဘူးခဲ့တာဟာ လူကြီးတွေ ပုံလုတ်ပြောတဲ့ `ပစ်ချလိုက်ရမလား` ဆိုတဲ့ အကြောင်းအရာလေးက စမယ်ထင်ပါတယ်။  ဒါပေမယ့် လူကြီးတွေကတော့ ဥစ္စာစောင့်လို့  တော့ မပြောပြထားပါဘူး။ သရဲခြောက်တဲ့ ဟာသ ပုံပြင်တိုလေးပေါ့။ အားလုံး ကြားဘူးထား ပြီးသားလို့  ထင်ပေမယ့် နည်းနည်းတော့ ဇာတ်ကြောင်းလေး ပြန်ကောက်လိုက်ပါစေနော်။ တခါတုံးက ဇရပ်တစောင်ဟာ သရဲခြောက်တယ်လို့  အလွန်နံမည်ကြီးသတဲ့။ ရှေးက ခရီးသွားရင် ဇရပ်တွေမှာ တညတာ တည်းခိုလို့  ခရီးဆက်ရလေတော့ ခရီးသွားတွေဟာ ဒီဇရပ်မှာ ညဘက်မအိတ်ရလေအောင် ကြိုးစား ခရီးဆက်ရရှာသတဲ့။ ဘယ်လို ခြောက်သလဲဆိုရင် ညရေးညတာ တည်ခိုးသူတွေရှိတဲ့အခါမှာ ခေါင်းမိုးပေါ်ကနေ `ပစ်ချလိုက်ရမလား` ဆိုတဲ့ အသံနက်ကြီး ပေါ်လာပြီး မေးလေ့ရှိသတဲ့။ အဲလိုမေးခံရတဲ့ ခရီးသည်ဟာ ကြောက်လန့်ပြီး ညဘက်မှာပဲ ဆက်မနေရဲတော့ပဲ အထုပ်အပိုးတွေနဲ့  ထွက်ပြေး ရတော့တာပဲတဲ့။
           တနေ့ တော့ စိတ်ညစ်ပြီး သေခြင်စိတ်ပေါက်နေတဲ့ ခရီးသွား တစ်ယောက်ဟာ အဲဒီဇရပ်ကို ရောက်လာပါသတဲ့။ နေ့ လည်ဘက်မှာ ခဏနားခိုကြတဲ့ ခရီးသွားတွေဟာ ဒီဇရပ်မှာ ညမအိပ်ဘို့  နှင့် ည- ညဆို သရဲခြောက်တတ်ကြောင်း သူ့ ကို ပြောပြ သတိပေးကြပါတယ်။ ဒါပေမယ့် သူကလည်း သေခြင်နေလေတော့ ခရီးမဆက်တော့ပဲ တွေ့ ခြင်တာတွေ့ ပစေပါ ဆိုပြီ တစ်ယောက်ထဲ ညအိပ်ကျန်ခဲ့ပါတယ်။ ညဘက်ရောက်တော့ ထုံးစံအတိုင်း သရဲက `ပစ်ချလိုက်ရမလား` ဆိုပြီး အသံနက်ကြီးနဲ့ မေးတော့တာပါပဲ။ သေခြင်နေတဲ့ ခရီးသွားကလည်း `ပစ်ခြင် ပစ်ချလိုက်` လို့   ပြန်ပြောပါသတဲ့။ အဲဒီတော့ `ဝုန်း` ဆိုတဲ့ အသံကြီးနှင့် အတူ အထုတ်တစ်ထုတ်ကျလာသတဲ့။ သူလည်း ကျလာတဲ့ အထုတ်ကို ဖြေကြည့်လိုက်တော့ ရွှေ၊ ငွေ၊ ရတနာတွေ ဖြစ်နေပါသတဲ့။ အဲဒီနောက်မှာ သေခြင်တဲ့သူကလည်း ချမ်းသာသွားပြီး၊ ဒီဇရပ်မှာလည်း သရဲ မခြောက်တော့ပါဘူးတဲ့။ ဘာလို့ လဲ ဆိုတော့ သရဲက ဒီအထုတ်ကြီးကို စွဲးလမ်းလို့  သရဲဖြစ်နေတဲ့ ဥစ္စာစောင့် ဖြစ်နေပြီ၊ ခုတော့ ကျွတ်လွတ်ချိန်ရောက်တာတောင် ဒီအထုတ်ကြောင့် ဒုက္ခရောက်နေရလို့  စွန့် ပစ်ခြင်နေတဲ့ သူရဲ ဖြစ်နေလို့ ပါပဲတဲ့လေ။ အဲဒါ ပထမဆုံး ကြားခဲ့ဘူးတဲ့ ဥစ္စာစောင့် ပုံပြင်လေးပါပဲ။
          ကျမ အဒေါ်အိမ်မှာ ဥစ္စာစောင့် ရှိတယ်လို အဒေါ်နဲ့ အတူနေတဲ့ ဘဘရဲ့  သား အကိုဝမ်းကွဲးတွေက ပြောပြတာကို စကြားခဲ့ရတာပါ။ ဒါပေမယ့် နေနေကြ နေရာဆိုတော့ ကြောက်ရကောင်းမှန်းလည်း မသိပါဘူ။ အကိုတွေကတော့ တွေ့ ဘူးကြတယ်။ သူတို့  ခြောက်ခံရပုံလေးကို ပြောပြတာ ကြားဘူးတာပါ။ တိုက်က အရှေ့ အရပ်ကို မျက်နှာပြုပြီး ဆောက်ထားတာပါ။ ဥစ္စာစောင့် ရှိတယ်ဆိုတဲ့ အခန်းက တိုက်ရဲ့  ခေါင်းရင်းပိုင်း အနောက်ဘက် အခြမ်းလေးပါ။ အဲဒီ အခန်းမှာ အနောက်ဘက်နံရံကို ကုတင်ကပ်အိပ်ရင် ပိုသိသာတယ်လို့  ပြောပြပါတယ်။ ညဘက် တရေးနိုးရင် ဘေးမှာ ပျော့စိစိကြီး တဲ့ အဲဒါနဲ့  ထကြည့်တော့ ကုလားမလို မိန်းမတစ်ယောက် အိပ်နေလို့  တွန်းချရတယ်လို့  ဆိုပါတယ်။ အံမယ် ဒီကုလာမက ထကြည့်ရင် ဟီး ဟီး နဲ့  ရယ်နေသေးသတဲ့။ ဒါပေမယ့် ယောင်္ကျားလေး တစ်ယောက်ထဲ အိပ်မှ ဒီလိုဖြစ်တာပါ။ ကျမ အကို ဝမ်းကွဲးတွေက သတ္တိတော့ အတော် ကောင်းကြတယ်။ တော်ရုံတော့ မကြောက်ရေးချ မကြောက်တဲ့ အထဲကသူတွေကြည့်ဘဲ။
           အကိုဝမ်းကွဲးက ညီအကို ၃-ယောက် ရှိပေမယ့် တကယ်တွေ့ တာက အကို အကြီးဆုံးနဲ့  အငယ်ဆုံးပါ။ အဲလိုဖြစ်ရင် ကုတင်ကို နေရာရွေ့ ၊ ဦးခေါင်းရင်းကို အရှေ့ ဘက် ရွေးလိုက်မှ နှောက်ယှက်တာ သက်သာပါသတဲ့။ ထူးတာက ကုလာမ သူရဲက ယောက်ကျားတွေဆိုရင် ကုတင်ပေါ် လာလာ အိပ်တတ်ပေမယ့် မိန်ခလေးတွေ ဆိုရင်တော့ ကုတင်ပေါ်က တွန်းချတာ၊ အိပ်မရအောင် လုပ်တာမျိုးပဲ လုပ်တတ်တာပါ။ အဟီး ဧကန္တတော့ ဧကန္တပါပဲ။ ဒါပေမယ့် ကျမတို့  တွေကပဲ အဲဒီအခန်း သိပ်မအိပ်ဖြစ်လို့ လား မသိဘူး တခါမှတော့ အဲလောက်ထိအောင် မတွေ့ ဘူးခဲ့ဘူး။ နေ့ လည် နေ့ ခင်းဆိုလည်း အကြောက်အလန့် မရှိ အဲဒီအခန်းထဲ ဝင်ထွက်၊ သွားနေတာပါပဲ။
          ဒါပေမယ့် ကျမလည်း တခါဆို တခါပါပဲ သိသလိုလိုတော့ ဖြစ်လိုက်ဘူးတယ်။ အရိတ်လဲ ပြတာမဟုပ်ဘူး။ လာထိတာလည်း မဟုပ်ဘူး။ သူက ငယ်တဲ့ ကလေးတွေ ဆိုလည်း ခြောက်လှန့်ခြင်း မရှိဘူး ထင်တယ်။ ကျမ ငယ်ငယ်ကတည်းက ဒီအခန်းမှာ နေ့ လည်နေ့ ခင်း ရံဖန်ရံခါ အိပ်နေဘူးပါတယ်။ တခါမှ ခုလို တော့ မဖြစ်ဘူး၊ မတွေ့ ဘူးပါဘူ။ ဒါပေမယ့် အဲဒီနေ့ က ဒေါ်ဒေါ်အိမ်မှာ အတူနေ၊ အတူစား စိုးစိုးနဲ့ ကျမ တူတူ ဒီအခန်းထဲမှာ နေ့ လည်းဘက် အိပ်နေကြတာပါ။ နောက်တော့ စိုးစိုးက တရေးနိုးတော့ အရင်ထသွားပါတယ်။ အဲဒီအချိန်မှာ ကျမတယောက်ထဲ အဲဒီ အခန်းမှာ အိပ်ပြီးကျန်နေခဲ့ပါတယ်။ တော်တော်ကြာတော့ မှ လူက ဆတ်ကနည်း ဖြစ်သွားပြီး နိုးသွားပါတယ်။ လူလည်း ကျက်သိမ်းထသွားတယ်။ အဲဒါနဲ့  ကမန်းကတန်းထပြီး အခန်းထဲက ထွက်လာခဲ့ပါတယ်။ ဒီအခန်းထဲမှာပဲ ဖြစ်တာပါ။ ကျန်တဲ့ ဘယ်နေရာမှ အဲလို မဖြစ်ပါဘူး။ သူကလည်း ဒီအိမ်သားတွေနဲ့  ရင်နှီးနေလို့ လားတော့ မသိပါဘူး။ ကျမလည်း အပြင်ရောက်တော့ မှ စိုးစိုးကို ပြောပြပါတယ်။ သူတို့ က ခဏ၊ ခဏ လှန့် နိုးတာတို့ ၊ တွန်းချခံရတာတို့  ဖြစ်နေကြပါ။ သူကတော့ ရီနေပါတယ်။ ကျမကတော့ လှန့် နိုးသွာတာတောင် ဒီတခါပဲ ကြုံခဲ့ဘူးတာပါ။ သူလည်း ဒီတခါပဲ ကျမကို ခြောက်ခွင့် ရပုံပေါ်တယ် ထင်ပါ့ရှင်။
          တိုက်ရဲ့  အောက်မြေနေရာမှာ သူမြုပ်ထားဘူးတဲ့ ပစ္စည်းတွေ ရှိခဲ့ဘူးလို့ ထင်ပါရဲ့ ။ သူ့ မှာ ကျွတ်လွတ်ခြင်းလည်း မရှိနိုင်ဘူးဖြစ်နေ ထင်ပါတယ်။ ကျမ ဒေါ်ဒေါ် ဗေဒင်မေးတော့ ပစ္စည်းတွေ တူးပြီး အလှူလုပ်လို့  သူ့ ကို အမျှဝေစေခြင်ပုံရတယ် လို့  ပြောပါတယ်။ ဆောက်ထားတဲ့ တိုက်ကို ဘယ်သူက အလုပ်ရူတ်ခံ ဖျက်ပြီး မသေခြာတဲ့ အရာကို တူးဖော်ကြည့်မလဲရှင်။ သူ့ ရဲ့  စွဲးလန်းစိတ်က သူ့ ကို ဒုက္ခပေးနေတော့ကာ ပစ္စည်းဥစ္စာတွေ လှူပေးသူ၊ ယူသူမရှိရင် သူဟာ ဒီဥစ္စာပုံနားကခွဲးထွက်လို့ သရဲဘဝကနေ ကျွတ်လွတ်ခွင့် မရှိဘူးဆိုတာကတော့ သူ့ အတွက် တွေးရတာတောင် မလွယ်လှပါဘူးရှင်။           ။