အဘိဏှသုတ် (ဗုဒ္ဓဓမ္မ ဦးလောကနာထ မှ)

အဘိဏှသုတ် (ဗုဒ္ဓဓမ္မ ဦးလောကနာထ မှ ကူးယူဖော်ပြပါသည်)

ကံတရားကို အမြဲမပြတ် ဆင်ခြင်ပါ…

''မိမိ၏ ကံသာလျှင် မိမိဥစ္စာ ရှိ၏၊ ကံ၏ အမွေခံ ဖြစ်၏၊ ကံသာလျှင် အကြောင်းရှိ၏၊ ကံသာလျှင် အဆွေအမျိုး ရှိ၏၊ ကံသာလျှင် ကိုးကွယ် မှီခိုရာရှိ၏၊ ကောင်းသည်ဖြစ်စေ မကောင်းသည်ဖြစ်စေ ငါပြုမိသော ကံ၏ အမွေခံသာ ဖြစ်ရပေမည်'' ဟူ၍ မိန်းမဖြစ်စေ ယောက်ျားဖြစ်စေ လူဖြစ်စေ ရဟန်းဖြစ်စေ မပြတ် ဆင်ခြင်အပ်၏။

ရဟန်းတို့ သတ္တဝါတို့အား ကာယဒုစရိုက် ဝစီဒုစရိုက် မနောဒုစရိုက်သည် ရှိ၏၊ ထို(ကံ) အကြောင်းကို မပြတ် ဆင်ခြင်သော ထိုသူအား မကောင်းမှုသည် အချင်းခပ်သိမ်းမူလည်း ပျောက်ကင်း၏၊ ခေါင်းပါးခြင်းမူလည်း ဖြစ်၏။

''ငါတစ်ယောက်တည်းသာလျှင် ကံသာလျှင် မိမိဥစ္စာရှိသည် ကံ၏ အမွေခံဖြစ်သည် ကံသာလျှင် အကြောင်းရှိသည် ကံသာလျှင် အဆွေအမျိုးရှိသည် ကံသာလျှင် ကိုးကွယ်မှီခိုရာ ရှိသည် ကောင်းသည်ဖြစ်စေ မကောင်းသည် ဖြစ်စေ ငါပြုမိသော ကံ၏ အမွေခံဖြစ်သည် မဟုတ်၊ စင်စစ်မူကား ဤဘုံဘဝသို့ လာခြင်း တစ်ခြားဘုံဘဝသို့ သွားခြင်း စုတေခြင်း ပဋိသန္ဓေ နေခြင်းရှိသည့် သတ္တဝါဟူသမျှ အားလုံးတို့သည် ကံသာလျှင် မိမိဥစ္စာ ရှိကုန်၏၊ ကံ၏ အမွေခံ ဖြစ်ကုန်၏၊ ကံသာလျှင် အကြောင်းရှိကုန်၏၊ ကံသာလျှင် အဆွေအမျိုး ရှိကုန်၏၊ ကံသာလျှင် ကိုးကွယ် မှီခိုရာ ရှိကုန်၏၊ ကောင်းသည်ဖြစ်စေ မကောင်းသည်ဖြစ်စေ ပြုမိသော ကံ၏ အမွေခံတို့သာ ဖြစ်ကြလိမ့်မည်'' ဟု ဆင်ခြင်၏။

ထိုကံအကြောင်းကို မပြတ် ဆင်ခြင်သော ထိုသူအား မဂ်သည် ကောင်းစွာ ဖြစ်ပေါ်လာ၏၊ ထိုအရိယာတပည့်သည် ထိုမဂ်ကို မှီဝဲ၏၊ ပွါးများ၏၊ ကြိမ်ဖန်များစွာ ပြု၏၊ ထိုမဂ်ကို မှီဝဲသော ပွါးများသော ကြိမ်ဖန်များစွာ ပြုသော ထိုသူအား သံယောဇဉ်တို့သည် အချင်းခပ်သိမ်း ပျောက်ကင်းကုန်၏၊ အစဉ်ကိန်းနေသော 'အနုသယ' တရားတို့သည် ကင်းပြတ်ကုန်၏ ဟု မိန့်တော်မူ၏။

Friday, June 17, 2011

စလေဦးပုည (အပိုင်း - ၁)





စလေဦးပုည အတ္ထုပ်ပတ္တိ အကျည်း
(ရှာဖွေ ဖတ်ရူ့ ရသော စာအုပ်များအပေါ်တွင် အခြေခံ၍ မိမိဘာသာ ကောင်းနိုးရာကို ကိုးကား တည်းဖြတ်၊ ထုတ်နုတ်၍ ဖော်ပြထားခြင်း ဖြစ်ပါသဖြင့် တစုံတရာ မှားယွင်းစွာ ဖော်ပြထားသော အကြောင်းအရာများ ပါရှိခဲ့ပါက ထပ်မံ ရှာဖွေ လေ့လာရန်လို အပ်သော မိမိ၏ လိုအပ်မူ့ သာ ဖြစ်ပါကြောင်း ဝန်ခံအပ်ပါသည်။ )

          ဦးပုညကို စလေမြို့ ၊ တိုက်စုရပ်တွင် ၁၁၇၄-ခုနှစ်၊ ကဆုန်လဆန်း ၁၃-ရက်၊ ကြာသပတေးနေ့  မွန်းတည့်ချိန်တွင် ဖခင် ဦးမြတ်စံ နှင့် မိခင် ဒေါ်လှရင်တို့ မှ ဖွားမြင်သည်။ ဖခင်မှာ မြို့စား၊ ရွာစားမျိုးရိုးမှ ဆင်းသက်၍ ဟံသာဝတီမင်း၏ မင်္ဂလာအိမ်တော်တွင် အကြီးတော်အဖြစ်ဖြင့် ရေးသားအမူတော်ထမ်းသည်။ မိခင်မှာ စလေ-ပုခန်းငယ်၊ မြို့ သကြီးသမီး ဖြစ်သည်။   ဦးပုညတွင် မောင်လှိုင်း ဟုခေါ်သော ညီ တစ်ယောက်လည်း ရှိသည်။

          ဦးပုည ဖွားမြင်သောနေ့ တွင် ဒုတိယ ကြက်သွန်းခင်း ဆရာတော် နှင့် မုံရွေး ဆရာတော် တို့ သည် ရွှေစက်တော်မှ အပြန်တွင် အိမ်သို့ ကြွလာကြသည်။ လက္ခဏာသွင်ပြင်ကို ကြည့်ပြီး ပညာရှိဖြစ်လိပ်မည်၊ လောကီရေးရာတွင် ကျော်စော ထင်ရှားလိပ်မည်။ ဗေဒင်အလိုအရ ဥပစ္ဆေဒကံ မကင်းတတ်သဖြင့် လောကီ၊ လောကုတ္တရာ နှစ်ဖြာပြီစေရန် ရဟန်ပြုသင့်ကြောင်း ဟောပြော၍ ပြန်ကြွသွားလေသည်။

          မိဘတို့ သည် စလေမှ အမရပူရမြို့ ရှိ သာယာဝတီမင်း အိမ်တော်သို့  အခစား ဝင်ရန် သွားသောအခါ နှစ် နှစ်သားအရွယ် ဦးပုည ကိုပါခေါ်သွားသည်။ အိမ်တော်ရှိ စည်ရုံးတွင် ခေတ္တ သွားရောက် ကြည့်ရူ့ ရာ ဦးပုည ဖြစ်လာမည့် ကလေးငယ်မှာ စည်ကြီးများကို ပုတ်ခတ် ကစားလေသည်။  သာယာဝတီမင်းက အမည်  ပေး၊ မပေးပြီကို မေးလေရာ မပေးရသေးသဖြင့် စည်းပုတ် ကစားခြင်းသည် ကဗျာ လင်္ကာမှစ၊ ပညာလုံးစုံ တတ်မည့် နိမိတ်ဖြစ်ကြောင်းနှင့် မောင်ပုတ်စည် ဟု တွင်စေရန် အမည်ပေးလေသည်။

          ၆-နှစ် ရွယ်တွင် စလေမြို့  တူမောင်း ဆရာတော် ဦးဒီပထံ တွင် ကျောင်းအပ်လေသည်။ ဤအသက် အရွယ်နှင့်ပင် ဓဇဂ်သုတ်ကို ပီပီသသ ရွတ်အံ ပြန်ဆိုနိုင်သည်။  ခုနှစ်၊ ရှစ်နှစ်သား အရွယ်တွင် သဒ္ဒါနှင့် အဘိဓမ္မာ သဂြိုဟ်ကျမ်းများကို သင်ကြားရလေသည်။ ထိုနောက် ဆရာတော် ပျံလွန်သဖြင့် ရှစ်လ စာဝါပျက်ပြန်သည်။ ခင်ကြီးစသည် လည်း ငယ်ဆရာ တစ်ပါးဖြစ်ပြီး၊ ကြီးဆရာများမှာ ဗန်းမော် ဆရာတော်၊ စလေ ခင်ကြီးသာ၊ ပုဂံရွှေကျောင်းနေ ဒလခင်ကြီးတို့ ဖြစ်သည်။ (ရှေးက ဘုန်းတော်ကြီးများကို ခင်ကြီး ဟု ခေါ် ဝေါ်သုံးစွဲးသည်။)

          အသက် ၈-နှစ်တွင် သာယာဝတီမင်းက စေလွှတ်သဖြင့် ဗန်းမော်ဆရာတော်ထံ အပ်နှံရာ ရဟန်း ဝတ်စေသဖြင့် ရှင်ပုည ဘွဲ့ ဖြင့် သာမဏေဘဝတွင် သုတ်၊ ဝိနည်း၊ အဘိဓမ္မာကျမ်းများကို ပေါက်မြောက်အောင် သင်ယူစေလေသည်။  တဖန် ပိဋကတ်၊ ဗေဒင်၊ ကဗျာ၊ လင်္ကာရေး၊ တောလားရေးတို့ ကိုပါ သင်ကြား တတ်မြောက် ကျွမ်းကျင်လေသည်။  သာယာဝတီမင်း ရွှေဘိုကြွသောအခါ ဖခင် ဦးမြတ်စံသည် နောက်တော်ပါးမှ လိုက်ရင်း လမ်းခရီးတွင် တိုက်ခိုက်သူ ထူပြောသဖြင့် သရိုင်နယ်တွင် သေဆုံးသွားသည်။ မိခင်သည် ဖခင်ခရီးထွက်သဖြင့် စလေသို့ ပြန်ရာ၊ ရှင်ပုညမှာလည်း အမိနှင့် လိုက်၍ တူးမောင်းဆရာတော်၏ တပည့်များထံတွင် နေထိုင်လေသည်။ မိခင်မှာလည်း စလေရောက်ပြီး ၅-လ အကြာတွင် အနိစ္စရောက်သည်။  တဖန် အမရပူရမြို့ ၊ ဗန်မော်တိုက်သို့  ကြွ၍ နေလေသည်။


          ရှင်ပုညကို စလေ-ပုခန်းငယ် မြို့ နယ်နှစ်ခုကို အုပ်ချုပ်သော မြို့ အုပ်မင်းက ရဟန်းခံ၍ ရဟန်းပြုလေသည်။  ထိုစဉ် ဒယကာမများ အဝင်၊ အထွက်များသဖြင့် ရဟန်း ဒယကာက ယုံမှား သံသယ ဖြစ်သဖြင့် မြို့ အုပ်မင်းထံ မေတ္တာစာပို့ လေသည်။  ရဟန်းဘဝမှထွက်၍ ဟံသာဝတီမင်း နန်းတက်သော မင်းခစား ဖြစ်လာလေသည်။ တဖန် ရန်ကုန်မြို့  ဗဟန်းကျောင်းတွင် ရှင်ဝတ်ပြန်လေသည်။ ဗဟန်းကျောင်းမှ ရဟန်း၊ သီလရှင်တို့ နှင့် မတည့်သဖြင့် အမရပူရ ဗန်းမော်တိုက်တွင် နေထိုင်လေသည်။

          သာယာဝတီမင်း ကံတော်ကုန်သော်၊ ပုဂံမင်း နန်းတက်သော ကာလတွင် စလေ ဆရာဘုန်းကြီးကျောင်တွင် နေသည်။ နောင်သော် မင်းတုန်းမင်းနှင့် ကနောင်မင်းတို့ အိမ်တော်တွင် အမူတမ်းပြီး မိဘမျိုးရိုးဖြစ်သော မြို့ သူကြီးရာထူးကို ရရန် အားထုတ်ဆဲတွင် ဦးရီးတော်သူ မင်းကြီး ဦးပွှား ဆုံးပါးသဖြင့် ရာထူးကို မရတော့ပေ။ မင်းတုန်းမင်းနှင့် ကနောင်မင်းတို့  နန်းတက်သော အချိန်တွင် ဗန်းမော်ကျောင်းတွင် ပုန်းအောင်နေထိုင်၍ ဗေဒင်၊  ရတု၊ ရကန် နှင့် ဆေးကျမ်းတို့  ရေးနေလေသည်။

          မင်းတုန်းမင်းသည် မန္တလေးအရပ်တွင် မြို့ တည်ရန် အခါပေးစေလိုသောကြောင့် ဦးပုညကို ရှာဖွေကြလေသည်။

ဝ-ဝ-ဝ-ဝ-ဝ-ဝ-ဝ-ဝ-ဝ-ဝ-ဝ-ဝ-ဝ-ဝ-ဝ-ဝ-ဝ-ဝ-ဝ-ဝ-ဝ-ဝ-ဝ-ဝ-ဝ-ဝ-ဝ-ဝ-ဝ-ဝ-ဝ-ဝ-ဝ-ဝ-ဝ-ဝ-ဝ-ဝ-ဝ

3 comments:

Han Kyi said...

ဦးပုညအကြောင်း ဆက်ဖတ်ချင်ပါသေးတယ်...ကုန်းဘောင်ခေတ်က ဖြစ်ပေမယ့် သမိုင်းကြောင်း အတိအကျ သိနိုင်ဖို့က များများဖတ်ပြီး တိုက်ဆိုင်စစ်ဆေးမှပဲ ရနိုင်တာမို့ပါ...ဒါတင်မကဘဲ တေးထပ်ဘုရင် ဦးပုညကို လေးစားသမှုနဲ့ သမိုင်းကြောင်းကိုပါ သိချင်စိတ်လည်း အရင်းခံရှိနေလို့ request ပါ...

ငွေလမင်း said...

စလေ ဦးပုည အကြောင်းလေး စိတ်ဝင်တစား ဖတ်သွားပါတယ် ဆက်ရန်လေး မျှော်နေပါတယ်

မြစ်ကျိုးအင်း said...

စလေဦးပုည အကြောင်းလေး ဖတ်သွားပါတယ်။ ခုချိန်ထိ သူ့စာတွေ ပြန်ဖတ်တိုင်း အရသာ ရှိနေဆဲမို့ လေးစားမိတဲ့ စာဆိုတော်ပါပဲ။