အဘိဏှသုတ် (ဗုဒ္ဓဓမ္မ ဦးလောကနာထ မှ)

အဘိဏှသုတ် (ဗုဒ္ဓဓမ္မ ဦးလောကနာထ မှ ကူးယူဖော်ပြပါသည်)

ကံတရားကို အမြဲမပြတ် ဆင်ခြင်ပါ…

''မိမိ၏ ကံသာလျှင် မိမိဥစ္စာ ရှိ၏၊ ကံ၏ အမွေခံ ဖြစ်၏၊ ကံသာလျှင် အကြောင်းရှိ၏၊ ကံသာလျှင် အဆွေအမျိုး ရှိ၏၊ ကံသာလျှင် ကိုးကွယ် မှီခိုရာရှိ၏၊ ကောင်းသည်ဖြစ်စေ မကောင်းသည်ဖြစ်စေ ငါပြုမိသော ကံ၏ အမွေခံသာ ဖြစ်ရပေမည်'' ဟူ၍ မိန်းမဖြစ်စေ ယောက်ျားဖြစ်စေ လူဖြစ်စေ ရဟန်းဖြစ်စေ မပြတ် ဆင်ခြင်အပ်၏။

ရဟန်းတို့ သတ္တဝါတို့အား ကာယဒုစရိုက် ဝစီဒုစရိုက် မနောဒုစရိုက်သည် ရှိ၏၊ ထို(ကံ) အကြောင်းကို မပြတ် ဆင်ခြင်သော ထိုသူအား မကောင်းမှုသည် အချင်းခပ်သိမ်းမူလည်း ပျောက်ကင်း၏၊ ခေါင်းပါးခြင်းမူလည်း ဖြစ်၏။

''ငါတစ်ယောက်တည်းသာလျှင် ကံသာလျှင် မိမိဥစ္စာရှိသည် ကံ၏ အမွေခံဖြစ်သည် ကံသာလျှင် အကြောင်းရှိသည် ကံသာလျှင် အဆွေအမျိုးရှိသည် ကံသာလျှင် ကိုးကွယ်မှီခိုရာ ရှိသည် ကောင်းသည်ဖြစ်စေ မကောင်းသည် ဖြစ်စေ ငါပြုမိသော ကံ၏ အမွေခံဖြစ်သည် မဟုတ်၊ စင်စစ်မူကား ဤဘုံဘဝသို့ လာခြင်း တစ်ခြားဘုံဘဝသို့ သွားခြင်း စုတေခြင်း ပဋိသန္ဓေ နေခြင်းရှိသည့် သတ္တဝါဟူသမျှ အားလုံးတို့သည် ကံသာလျှင် မိမိဥစ္စာ ရှိကုန်၏၊ ကံ၏ အမွေခံ ဖြစ်ကုန်၏၊ ကံသာလျှင် အကြောင်းရှိကုန်၏၊ ကံသာလျှင် အဆွေအမျိုး ရှိကုန်၏၊ ကံသာလျှင် ကိုးကွယ် မှီခိုရာ ရှိကုန်၏၊ ကောင်းသည်ဖြစ်စေ မကောင်းသည်ဖြစ်စေ ပြုမိသော ကံ၏ အမွေခံတို့သာ ဖြစ်ကြလိမ့်မည်'' ဟု ဆင်ခြင်၏။

ထိုကံအကြောင်းကို မပြတ် ဆင်ခြင်သော ထိုသူအား မဂ်သည် ကောင်းစွာ ဖြစ်ပေါ်လာ၏၊ ထိုအရိယာတပည့်သည် ထိုမဂ်ကို မှီဝဲ၏၊ ပွါးများ၏၊ ကြိမ်ဖန်များစွာ ပြု၏၊ ထိုမဂ်ကို မှီဝဲသော ပွါးများသော ကြိမ်ဖန်များစွာ ပြုသော ထိုသူအား သံယောဇဉ်တို့သည် အချင်းခပ်သိမ်း ပျောက်ကင်းကုန်၏၊ အစဉ်ကိန်းနေသော 'အနုသယ' တရားတို့သည် ကင်းပြတ်ကုန်၏ ဟု မိန့်တော်မူ၏။

Friday, May 27, 2011

သြ . . . စိတ်နှယ်

          လူကြီးတွေပြောသောစကား တစ်ခွန်းကို ငယ်ငယ်ကပင် ကြားဘူးခဲ့သည်။  လူတစ်ယောက်ဖြစ်ဖို့ ဆိုတာ ကောင်းကင်က ပစ်လွတ်လိုက်သော အပ်တစ်စင်းနှင့် မြေပြင်မှပြစ်လွတ်လိုက်သော အပ်တစ်စင်း တစ်ခုနှင့် တစ်ခု တွေ့ စုံရန် ခက်ခဲသည်ထက် လူဘဝကို ရဘို့ က ပိုခက်သည် ဆိုသော စကားလေး တစ်ခွန်းပါ။ ဘုရားဟောလား၊ ဘာလားတော့ သေချာမသိပါ။  မေမေက ပြောပြတာလို့ တော့ မှတ်မိသည်။

          ဟာ ဒီလိုဆို လူပြည်မှာ လူတွေမှ အများကြီးလို ပြန်ပြောကြလေမလား? ဟုပ်တော့ ဟုပ်ပါသည်။ လူတွေတင်လား?  ဒီနေရာမှာ  ကိုယ်မသိသေးသော တိရိစ္ဆာန် အမျိုးအစားတွေ၊ အရေအတွက်တွေ မှ အများကြီး၊ ဒါက လက်တွေ့ မြင်ရတာပဲ ရှိသေးတာ။ ကိုယ့် ခန္ဒာကိုယ်ထဲမှာ နေထိုင်သော သတ္တဝါတွေ ဘယ်လောက်များ ရှိနေကြသလဲ။ ဘယ်သူမှ တိတိကျကျ အဖြေပေးနိုင်မယ် မထင်ဘူး။ ဘုရားကလွဲးလို့ ပေါ့။

          မမြင်နိုင်တဲ့ ဘုံ၊ ဘဝတွေ ရှိသေး သတဲ့။ ဒါလည်း ငြင်းစရာလိုမည်မထင်။ မမြင်နိုင်သော ဘုံးသားတွေ ရှိနေတာပဲ။ ကိုယ်နဲ့  အနီးဆုံးကတော့ ပြိတ္တာဘုံသားတွေ ပေါ့။ လူတွေ ခဏ၊ ခဏ ကြောက်နေ၊ ခြောက်လှန့်  ခံရတယ်လို ယူဆနေတဲ့ အရာတွေပေါ့။  မမြင်နိုင်တာ၊ မနီးစပ်တာတွေကတော့ အထက်မှာဆို နတ်ပြည်၊ ဗြဟ္မာ့ပြည်  အဲ အောက်မှာ ဆိုရင်တော့ ငရဲကြီး ရှစ်ထပ်လို့  ဘုရားဟောပြော ညွှန်ပြခဲ့တာပဲ။  အဲဒီမှာ ရှိတဲ့ သူတွေနှင့်စာတော့ လူပြည်က လူတွေဆိုတာဟာ သဲချောင်းထဲမှာ ရှိတဲ့ သဲပြင်တွေထဲက သဲလက်တစ်ဆုပ်စာလောက်သာ ရှိတော့မပေါ့။ ဟုပ်ဘူးလား? ။ (:D)

          လူဘဝကိုယ် လူတွေဟာ ခဏအလည်လာတာတဲ့။  တချို့ ဆင်းရဲတဲ့ မိသားစုတွေမှာ ဘယ်လို့ များ  မွေးထားတယ် မသိဘူး။  ကလေးတွေ မွေးထားလိုက်တာများ အရွယ်စုံ ဆိုဒ်စုံပဲ။  သူတို့ ကို အပြစ်ပြောတာ မဟုပ်ပါဘူး။  ဟုပ်တယ်လေ  သူကံ နဲ့ သူကိုး ။   တချို့ မိသားစုများကြတော့လည်း လင်ကိုယ်၊ မယား နှစ်ယောက်ထဲ သား၊ သမီး မထွန်းကားတာလား၊ ဒါမှမဟုပ် မယူတာလား မသိပါဘူး ပြီတော့လည်း ချမ်းသာကြတယ်။ တချို့  အဲလိုလူတွေက ကျိတ်ကျိတ်တက် ချမ်းသာတာတွေလည်း ရှိပေါ့။    တချို့ ကတော့ လူရော၊ ငွေရော ချမ်းသာတယ်။  ပိုက်ဆံချမ်းသာ သလောက် လူအင်အား(သား၊ သမီးကလည်း)  အတောင့်ပဲ။

          ငယ်ငယ်တုံးကတော့ ဒါတွေဟာ ဘာကြောင့် ဖြစ်ရတယ်လို့  မသိပေါင်၊ စဉ်စားလို့ တောင် မတတ်ပါဘူး။  ကြီးလာတော့ စာတွေမျိုးစုံအောင် ဖတ်၊  တရားတွေမျိုးစုံနာ(တရားပွဲ၊ စာပေဟောပြောပွဲး ၊ ကျောင်းမှာ ဆရာ၊ ဆရာမတွေ သွန်သင်ဟောပြော၊ ဆုံးမတဲ့  ပွဲးတွေအားလုံးပေါ့)။ ဟိုလူမေး၊ ဒီလူမေးလည်း မေးတာပဲ မေမေ နှင့် ဖေဖေရော၊ အမျိုးတွေရော မကျန်၊ တွေ့ သမျှ အကုန်မေးတာ။ အသက်လေး နည်းနည်းကြီး ၊ အရွယ်လေး နည်းနည်းရလာမှ ဖတ်ရင်း၊ နာရင်းက သိလာရတယ်။

          ကြာနီကန် တရားတွေ ငယ်ငယ်ကနားဖူ၊ ရီဖူ ပေမယ့် ဒီအခွေပဲ မပါတာလားတော့ မသိဘူ၊  ခုမှ ပြန်နာရင်းကနေ သိရတာ။  အလှူဒါန ပြုတဲ့ နေရာမှာ အလှူလုပ်ဖို့  နိုးဆော်သူတွေက သား၊ သမီးတွေ ရနိုင်သတဲ့။ များများ နိုဆော်လေ၊ များများ ကလေးရလေ နေမှာပေါ့။  ကိုယ်တိုင် ပါဝင်လှူဒန်းသူကတော့ ချမ်းသာခြင်း အကျိုးကို ခံစားရသတဲ့။ ကိုယ်တိုင်လဲလှူ၊ သူများကိုလည်း လှူဒန်းဘို့ ရာ တိုက်တွန်းတဲ့သူကကြ သား၊သမီး လည်းရ၊ ပစ္စည်းဥစ္စာလည်း ချမ်းသာလို့  ဆိုပါတယ်။   ဒါကြောင့်မို့  ကိုယ်တိုင်မလှူပဲ၊ သူများတွေလှူဖို့ ရာတိုက်တွန်းသူတွေက ပိုက်ဆံမချမ်းသာပေမယ့်၊ ကလေးတွေ ချမ်းသာကြတာကိုး လို့  မှတ်သားမိ လိုက်ပါတယ်။

          အင်း အဲဒီတော့ကာ လူတွေအဖို့ မှာ ကိုယ်လိုခြင်သလောက်သာ နိုင်ချိန်ပြီး တိုက်တွန်းရမလို ဖြစ်နေတာပေါ့။  များများချမ်းသာခြင်ရင် အကျင့်သီလနှင့် ပြည့်စုံတဲ့ အရှင်သူမြတ်များကို များများလှူရမှာပေါ့။  ဒါပေမယ့် လူဆိုတာ အခက်သားလား၊ ခုဘဝ ရှိတာကို မတွန့် တိုပဲ လှူနိုင်သူက ရှားသားပဲ။ သဒ္ဒါတရားလည်း ပြည့်စုံမယ် လှူဒန်းမယ့် ပုဂ္ဂိုလ်ဟာလည်း အကျင့်၊သီလကောင်းသူ ဖြစ်မယ်ဆိုရင် လှူဒန်းသူအဖို့ မှာ အကျိုးများမှာတော့ အမှန်ပေါ့။ ဒါပေမယ့် သံသရာပြတ်အောင်ကတော့ ဘာဝနာကသာ တတ်နိုင်ပြန်ရော။

          အင်း တနံ၊ တလျှားကို တွေးပစ်လိုက်တာ။ အဲဒီမှာတင် ချာချာလည်နေတော့တာပဲ။  ဝင်ငွေရတဲ့ အလုပ်ကို ကြာကြာပြစ်ပြီ တရားအလုပ်လုပ်နိုင်သူတွေ ရှိတော့၊ ရှိတယ်  ရှားတယ်လေ။  ဘုန်းဘုန်းတို့ ကတော့ ဟောပါတယ် ၁၅ မိနစ်တတ်နိုင်၊ တတ်နိုင်   နာရီဝက်တတ်နိုင်၊ တတ်နိုင် တတ်နိုင်သလောက်ကလေး တရားအလုပ်လုပ်ကြပါတဲ့။ ဘယ်လိုထိုင်ရမယ်လို့  ညွှန်ပြသူများနှင့် စပြီးမှတ်မှ၊ ထိုင်မှ   နောက်တော့ ကိုယ်ဘာသာ စမ်းထိုင်နိုင်မှာလေ။ စဘို့ ကခက်နေလို့ ပါ။ စပြီးရင် ဆက်ကြိုးစားရမှာပေါ့ တရားထိုင်မြဲအောင်။  အင်း စဉ်စားလာရင်းက ကိုယ့်အသက်ကြည့်လိုက်တော့ ဘဝလမ်းက တဝက်ကြိုးနေပြီ။

          အင်း လူတွေများ သေရမှာသာ ကြောက်ကြတာ၊ မသေခင်မှာ ကိုယ့်အတွက် ပြင်ဆင်နိုင် တာတွေကြတော့ ဟိုအကြောင်းပြ၊ ဒီအကြောင်းပြ  နဲ့  နေ့ ရွေ့ ၊ ညရွေ့ လုပ်နေရတာနဲ့  သေတော့မှ ဘာမသိ၊ ညာမသိ ကမန်းကတန်းသေရရင်တော့ မချောင်ပါဘူ။ ကိုယ့်ဘာသာပြောတာပါ(:D)။ လှူတာလဲလှူတာပေါ့၊ တိုက်တွန်းတာလဲ တိုက်တွန်းတာပေါ့၊  အရေးကြီးတာက အထုံလေးပါအောင် တရားစခန်းတော့ သွားအုံးမှ။  အင်း တရားစခန်း တခါဝင်ဘို့  တွေးလိုက်တာကို အရှည်ကြီးပါပဲ။  အင်း လာမယ့် နိုဝင်ဘာ တရားစခန်းကို ဝင်ဘို့  စာရင်းပေးဘို့  ဆုံးဖြတ်လိုက်ပါပြီလေ။  ဗုဓ္ဒဘာသာဝင်တွေလည်း ကိုယ်နောက်ပါမယ့် တရားကို ရှာနိုင်ကြဘို့  တိုက်တွန်းလိုက်ပါတယ်နော် ။          :D

10 comments:

မိုးယံ said...

တရားစခန်းဝင်နိုင်တာတော့ အားကျတယ်..ဒါပေမယ့် တရားစခန်းဝင်မှ တရားရတာလဲ မဟုတ်ပါဘူး။ မြတ်ဗုဒ္ဓလက်ထက် ကျွန်တန်းဝင်သူတွေ တရားစခန်းမသွားရပါ။ ရေနွေးအိုးတည်ရင် ရဟန္တာဖြစ်တယ်။ ခြေထောက်ဆေးရင် ရဟန်းန္တာဖြစ်ကြပါတယ်။ အဓိက စိတ်ကလေးထားတတ်ပြီး ၀ိပဿနာကိုလည်း တတ်ကျွမ်းနားလည်မယ်။ သတိပဌာန်ကိုလည်း ကြိုးစားအားထုတ်မယ်ဆို အဆင်ပြေပါတယ်။ ဘ၀ထဲမှာ တရားရှာနိုင်ပါစေ။

စော(အဝါရောင်မြေ) said...

အကိုပြောတဲ့ အကြောင်းတွေကို ကျတော်ဖတ်ဖူးပါတယ်။
ဘယ်လိုထိုင်ရမယ်၊ ရှု့ နည်းက ဘာတွေရှိတယ် ဆိုတာ သိဘို့ လိုနေသေးတယ်လေ။ ဘုရားလက်ထက်က သူတွေက နားယာဉ်နေပြီးသားကိုး။

ဖိုးတုတ် said...

ဖတ်ဖူးလားတော့ မသိဖူး ၊ ကျွန်တော် ကြိုက်တဲ့စာအုပ်ကို ညွှန်းပါရစေ ..

Liberating Insight (Author: Frits Koster)

စော(အဝါရောင်မြေ) said...

Online မှာ ရှာလိုရမလား ZZZ ရေ

ဖိုးတုတ် said...

အွန်းလိုင်းမှာတော့ ကြေညာထား တာလောက်ပဲရေးထားမယ်ထင်တယ်၊

ကျွန်တော့်မှာ ကိုယ်ပိုင်စာအုပ်မရှိပါ၊ စာကြည့်တိုက်က ဌားဖတ်ပြီး ကြိုက်တဲ့ စာမျက်နှာတစ်ချို. ကူးထား တာတော့ရှိ တယ်၊ ကျန်းမာရေး နှင့် တရားကျင့်စဉ်၊ ညဏ်စဉ် အဆင့်ဆင့်ရေး ထားတာကိုဖတ်ရ ပါတယ်၊

မြန်မာလိုဖတ်ဖူးတဲ့စာအုပ်ထဲမှာတော့ လူတစ်ယောက်ကဖျားနာနေတယ်၊ အဲဒီဖျားတာ၊ မကျန်းမာနေတာကို ငါ့မှဖြစ် ရလေခြင်းဆိုပြီး တွေးပြီးစိတ်ဆင်းရဲ တာကလည်းနောက်ထပ် ခံစားမူတစ်မျိုး ပဲ၊ နှစ်မျိုးခံစားရတာကို ဆိုလိုချင်တာပါ၊ လူတစ်ယောက်က ဆူး စူးလို. နောက် ဆူး တစ်ချောင်းနဲ. ထွင်နေတယ်၊ ပထမဆူးလဲ မထွက်ပဲ နောက်ထပ်ထွင်တဲ့ ဆူးလည်း ကျိုးကျန်ခဲ့သလိုပါမျိုးပဲ၊ အဲဒါနဲ. ခပ်ဆင်ဆင် ကို အဲ့ဒီ့စာအုပ်မှာ အောက်ပါ အတိုင်းရေး ထားတာကိုတွေ.ရပါတယ်၊

In general most people judge illness and everything that feels unpleasant as something negative; this negative judgement often causes additional problems. Illness can also be seen as the result or vipaka of karmic impurities or tensions that were stored in body and/or mind, and that come to the surface. In this way Illness can be considered a spiritual gift, offering the possibility to work through it now, and let go of the karmic burden.

Illness can be viewed as a welcome healing process, and many meditators have the experience that, if in times of sickness care and attention is given to the observation of whatever is happening, the fever or illness clears up a lot quicker. If it concerns an incurable pain or disease, mindfulness can probably not guarantee a cure, but proves to be of great value as a way to process the grief or the sorrow arising from having such a condition or handicap.

(Ref: Title: Liberating Insight, Author: Frits Koster) page 153,

နေ၀သန် said...

သာဓုပါဗျာ.. တရားစခန်းဝင်တော့မယ်ဆိုတာ ကြားလိုက်ရတော့ ၀မ်းသာလိုက်တာ... တရားရှုမှတ်ရင်းနဲ့ ဥာဏ်ဖြင့် အကြွေးဆပ်နိုင်ပါစေ...


ခင်မင်လျက်
နေ၀ဿန်

ညိမ်းနိုင် said...

သာဓုပါဗျာ....တရားစခန်းဝင်ဖြစ်တာ...ဘာပဲပြောပြော
အထုံလေးတော့ပါသွားသပေါ့.....။

ညိမ်းနိုင် said...

ပြောဖို့ကျန်ခဲ့လို....မန့်လို့ရဘီဗျ...၊ရေခဲရိုက်တာ...လက်
လွန်သွားလို့....:D

ငွေလမင်း said...

တရားစခန်းဝင်တာ သာဓု ခေါ်ပါတယ်
သာဓု သာဓု သာဓု

ကိုအောင်(ပျူနိုင်ငံ) said...

စိတ်ဆိုတာ ဒီလိုပါပဲ ... :P