အဘိဏှသုတ် (ဗုဒ္ဓဓမ္မ ဦးလောကနာထ မှ)

အဘိဏှသုတ် (ဗုဒ္ဓဓမ္မ ဦးလောကနာထ မှ ကူးယူဖော်ပြပါသည်)

ကံတရားကို အမြဲမပြတ် ဆင်ခြင်ပါ…

''မိမိ၏ ကံသာလျှင် မိမိဥစ္စာ ရှိ၏၊ ကံ၏ အမွေခံ ဖြစ်၏၊ ကံသာလျှင် အကြောင်းရှိ၏၊ ကံသာလျှင် အဆွေအမျိုး ရှိ၏၊ ကံသာလျှင် ကိုးကွယ် မှီခိုရာရှိ၏၊ ကောင်းသည်ဖြစ်စေ မကောင်းသည်ဖြစ်စေ ငါပြုမိသော ကံ၏ အမွေခံသာ ဖြစ်ရပေမည်'' ဟူ၍ မိန်းမဖြစ်စေ ယောက်ျားဖြစ်စေ လူဖြစ်စေ ရဟန်းဖြစ်စေ မပြတ် ဆင်ခြင်အပ်၏။

ရဟန်းတို့ သတ္တဝါတို့အား ကာယဒုစရိုက် ဝစီဒုစရိုက် မနောဒုစရိုက်သည် ရှိ၏၊ ထို(ကံ) အကြောင်းကို မပြတ် ဆင်ခြင်သော ထိုသူအား မကောင်းမှုသည် အချင်းခပ်သိမ်းမူလည်း ပျောက်ကင်း၏၊ ခေါင်းပါးခြင်းမူလည်း ဖြစ်၏။

''ငါတစ်ယောက်တည်းသာလျှင် ကံသာလျှင် မိမိဥစ္စာရှိသည် ကံ၏ အမွေခံဖြစ်သည် ကံသာလျှင် အကြောင်းရှိသည် ကံသာလျှင် အဆွေအမျိုးရှိသည် ကံသာလျှင် ကိုးကွယ်မှီခိုရာ ရှိသည် ကောင်းသည်ဖြစ်စေ မကောင်းသည် ဖြစ်စေ ငါပြုမိသော ကံ၏ အမွေခံဖြစ်သည် မဟုတ်၊ စင်စစ်မူကား ဤဘုံဘဝသို့ လာခြင်း တစ်ခြားဘုံဘဝသို့ သွားခြင်း စုတေခြင်း ပဋိသန္ဓေ နေခြင်းရှိသည့် သတ္တဝါဟူသမျှ အားလုံးတို့သည် ကံသာလျှင် မိမိဥစ္စာ ရှိကုန်၏၊ ကံ၏ အမွေခံ ဖြစ်ကုန်၏၊ ကံသာလျှင် အကြောင်းရှိကုန်၏၊ ကံသာလျှင် အဆွေအမျိုး ရှိကုန်၏၊ ကံသာလျှင် ကိုးကွယ် မှီခိုရာ ရှိကုန်၏၊ ကောင်းသည်ဖြစ်စေ မကောင်းသည်ဖြစ်စေ ပြုမိသော ကံ၏ အမွေခံတို့သာ ဖြစ်ကြလိမ့်မည်'' ဟု ဆင်ခြင်၏။

ထိုကံအကြောင်းကို မပြတ် ဆင်ခြင်သော ထိုသူအား မဂ်သည် ကောင်းစွာ ဖြစ်ပေါ်လာ၏၊ ထိုအရိယာတပည့်သည် ထိုမဂ်ကို မှီဝဲ၏၊ ပွါးများ၏၊ ကြိမ်ဖန်များစွာ ပြု၏၊ ထိုမဂ်ကို မှီဝဲသော ပွါးများသော ကြိမ်ဖန်များစွာ ပြုသော ထိုသူအား သံယောဇဉ်တို့သည် အချင်းခပ်သိမ်း ပျောက်ကင်းကုန်၏၊ အစဉ်ကိန်းနေသော 'အနုသယ' တရားတို့သည် ကင်းပြတ်ကုန်၏ ဟု မိန့်တော်မူ၏။

Tuesday, March 6, 2012

စင်္ကာပူ ခရစ်စမတ်စ်













                   လျှောက်သွားဖြစ်တာတွေ ဖုန်းနဲ့  ရိုက်ဖြစ်တာတွေ တင်ပေးလိုက်တာပါ။   မြန်မာ နိုင်ငံကို စင်္ကာပူနိုင်ငံနဲ့  တူတဲ့ နေရာမှာ စည်းကမ်းထိန်းသိမ်းတာနဲ့  ဥပဒေ အတိုင်းလိုက်နာတဲ့ ဝန်ထမ်းတွေ၊ ဥပဒေနှင့် ထိမ်းညို့  ထားတာ မျိုးကလွဲးရင် ကျန်တာတော့ ဘာမှ မတူစေခြင်ပါဘူး။

                    မြန်မာတွေကို ကိုယ်ကျင့်သီလပြည့်စုံတဲ့ အမျိုးမြက်တဲ့ လူမျိုးဖြစ်စေခြင်တယ်။ ဘယ်တိုင်းပြည်မှာ မဆို ကိုယ်ပိုင်ဟန်တွေ၊ ကိုယ်ပိုင် စိတ်ကူး၊ စိတ်သန်းတွေနဲ့  ကိုယ့်နိုင်ငံကို အကောင်းဆုံး တည်ဆောက်ကြသလို  မြန်မာတွေလဲ ကိုယ့်ခြေထောက်ပေါ် ကိုယ်ကျိုးစား ရပ်တည်နိုင်တယ်လို့  ယုံကြည်ထားတယ်။ ဘယ်နိုင်ငံမှာ ဘယ်လိုဆိုတာ လေ့လာရမယ်။ ဒါပေမယ့် ပုံတူကူးတာမျိုးတော့ မဖြစ်သင့်ဘူး ထင်တယ်လေ။ ကိုယ့်သိက္ခာတော့ ကိုယ်ထိန်းရမှာပေါ့။ သမိုင်းနှင့် အဆင်အလာ ရှိခဲ့တဲ့ လူမျိုးတွေပဲ။

                  မြန်မာဖြစ်ရတာ ရှက်နေ၊ ကြောက်နေတာထက် ကိုယ့်ကျင့်တရားပျက်မူ တွေကို ပြင်ပြီး၊ အမျိုးကိုယ် ဆောက်ရှောက်တတ်မူ့  တွေကို မြင့်တင်လို့  မြင့်မြက်တဲ့ လူမျိုးတွေ အဖြစ် ကမ္ဘာမှာ ရဲရဲ ရပ်တည်လိုက်စမ်းပါ။  မြန်မာဖြစ်ရတာ ဂုဏ်ယူနိုင်ဘို့  ကိုယ်တိုင်၊ ကိုယ်ကျ ပြုပြင်ကြမယ်ဆိုရင် သူများနိုင်ငံ က ဦးမော့ ကြည့်ခဲ့ရတဲ့ တချိန်က နံပါတ်တစ် နေရာကို အချိန်မကြာ အမြန်ပြန်ရမှာပါ။ စိတ်ဓါတ်တော့ မြင့်တင်ဘို့  လိုတယ်နော်။             ။

5 comments:

ဘရဏီ said...

အမပျောက်နေတာကြာပြီနော်။

ခရစ္စတလ် said...

ဘယ်တွေ ပျောက်၊ ပုံတွေ ကြည့်သွားတယ်နော်။
သတိရနေတယ်နော် :)

SHWE ZIN U said...

အဆင်ပြေ ကျန်းမာချမ်းသာပါစေ

ခင်မင်တဲ့
အမရွှေစင်

mstint said...

နိုင်ငံတိုင်းမှာကိုယ်ပိုင်မူအကျင့်ဓလေ့စရိုက်တွေရှိသလို
မြန်မာနိုင်ငံမှာလည်းကိုယ်ပိုင်ဓလေ့ထုံးတမ်းစဉ်လာတွေကို ထိန်းသိမ်းသွားသင့်တာအမှန်ပဲ စောရေ။
စင်္ကာပူခရစ္စမတ်ရဲ့ ပုံလေးတွေကြည့်သွားတယ်။
ကြည်လင်အေးမြတဲ့စိတ်ဓာတ်အမြဲပိုင်ဆိုင်ခွင့်ရပါစေ။

မေတ္တာဖြင့်
အန်တီတင့်

...အလင်းစက်များ said...

မြန်မာ့ဓလေ့စရိုက်တွေ မပျောက်ပျက်စေပဲ ခေတ်မီတိုးတက် သွားရင်တော့ အကောင်းဆုံးပေါ့ဗျာ။