အဘိဏှသုတ် (ဗုဒ္ဓဓမ္မ ဦးလောကနာထ မှ)

အဘိဏှသုတ် (ဗုဒ္ဓဓမ္မ ဦးလောကနာထ မှ ကူးယူဖော်ပြပါသည်)

ကံတရားကို အမြဲမပြတ် ဆင်ခြင်ပါ…

''မိမိ၏ ကံသာလျှင် မိမိဥစ္စာ ရှိ၏၊ ကံ၏ အမွေခံ ဖြစ်၏၊ ကံသာလျှင် အကြောင်းရှိ၏၊ ကံသာလျှင် အဆွေအမျိုး ရှိ၏၊ ကံသာလျှင် ကိုးကွယ် မှီခိုရာရှိ၏၊ ကောင်းသည်ဖြစ်စေ မကောင်းသည်ဖြစ်စေ ငါပြုမိသော ကံ၏ အမွေခံသာ ဖြစ်ရပေမည်'' ဟူ၍ မိန်းမဖြစ်စေ ယောက်ျားဖြစ်စေ လူဖြစ်စေ ရဟန်းဖြစ်စေ မပြတ် ဆင်ခြင်အပ်၏။

ရဟန်းတို့ သတ္တဝါတို့အား ကာယဒုစရိုက် ဝစီဒုစရိုက် မနောဒုစရိုက်သည် ရှိ၏၊ ထို(ကံ) အကြောင်းကို မပြတ် ဆင်ခြင်သော ထိုသူအား မကောင်းမှုသည် အချင်းခပ်သိမ်းမူလည်း ပျောက်ကင်း၏၊ ခေါင်းပါးခြင်းမူလည်း ဖြစ်၏။

''ငါတစ်ယောက်တည်းသာလျှင် ကံသာလျှင် မိမိဥစ္စာရှိသည် ကံ၏ အမွေခံဖြစ်သည် ကံသာလျှင် အကြောင်းရှိသည် ကံသာလျှင် အဆွေအမျိုးရှိသည် ကံသာလျှင် ကိုးကွယ်မှီခိုရာ ရှိသည် ကောင်းသည်ဖြစ်စေ မကောင်းသည် ဖြစ်စေ ငါပြုမိသော ကံ၏ အမွေခံဖြစ်သည် မဟုတ်၊ စင်စစ်မူကား ဤဘုံဘဝသို့ လာခြင်း တစ်ခြားဘုံဘဝသို့ သွားခြင်း စုတေခြင်း ပဋိသန္ဓေ နေခြင်းရှိသည့် သတ္တဝါဟူသမျှ အားလုံးတို့သည် ကံသာလျှင် မိမိဥစ္စာ ရှိကုန်၏၊ ကံ၏ အမွေခံ ဖြစ်ကုန်၏၊ ကံသာလျှင် အကြောင်းရှိကုန်၏၊ ကံသာလျှင် အဆွေအမျိုး ရှိကုန်၏၊ ကံသာလျှင် ကိုးကွယ် မှီခိုရာ ရှိကုန်၏၊ ကောင်းသည်ဖြစ်စေ မကောင်းသည်ဖြစ်စေ ပြုမိသော ကံ၏ အမွေခံတို့သာ ဖြစ်ကြလိမ့်မည်'' ဟု ဆင်ခြင်၏။

ထိုကံအကြောင်းကို မပြတ် ဆင်ခြင်သော ထိုသူအား မဂ်သည် ကောင်းစွာ ဖြစ်ပေါ်လာ၏၊ ထိုအရိယာတပည့်သည် ထိုမဂ်ကို မှီဝဲ၏၊ ပွါးများ၏၊ ကြိမ်ဖန်များစွာ ပြု၏၊ ထိုမဂ်ကို မှီဝဲသော ပွါးများသော ကြိမ်ဖန်များစွာ ပြုသော ထိုသူအား သံယောဇဉ်တို့သည် အချင်းခပ်သိမ်း ပျောက်ကင်းကုန်၏၊ အစဉ်ကိန်းနေသော 'အနုသယ' တရားတို့သည် ကင်းပြတ်ကုန်၏ ဟု မိန့်တော်မူ၏။

Wednesday, May 18, 2011

ကျမ စိတ်ပညာ ကျောင်းသူ



            တက္ကသိုလ်ဝင်ခွင့် အောင်ပြီး (၃)နှစ်လောက်စောင့်ပြီးမှ အဝေးသင်တွေ ၁၉၉၀ အောင်တွေ နှင့် ၁၉၉၁ အောင်တွေ ပေါင်းတက်ရန် သတင်းစာမှာ ကျော်ညာစာထွက်လာသည်။  အိမ်က GTI တက်စေခြင်တယ်။ ကျမကလည်း တက်ရမလား၊ မတက်ရလား မသိဖြစ်နေတုံး အိမ်က အဝေးသင်ပဲတက်ဘို့  ရွေပေးလိုက်သည်။  GTI က အိမ်နှင့် နီးတော့ အဝေးသင်ကို တော့ အိမ်နှင့် ဝေးဝေးတက်ရအောင် အမတွေက Psychology လို ရန်ကုန်၊ မန္တလေးလို နေရာမှာ သွားတက်ရမည့် ဘာသာတွဲးကို တင်ပေးလိုက်သည်။

            အိမ်က အမတွေအားလုံး ရန်ကုန်မှာပဲ တက်ကြသဖြင့် မန္တလေးသည် အိမ်နှင့်စိမ်းသည်။ အသိမရှိ။  ဒါပေမယ့် ကျမကလည်း ဘာမှမသိဘူးပေါ့လေ။  အမတွေနှင့် မေမေစီစဉ်၍ မန္တလေးတွင်  Psychology ပထမနှစ်တက်ရဘို့  ဖြစ်ခဲ့ရသည်။ ပထမနှစ်ဆိုတော့ မေဂျာက တစ်ဘာသာ၊ မိုင်နာက (၄) ဘာသာ။ ကံကောင်းခြင်တော့ အဝေးသင်တွေ အတွက် မိုင်နာဘာသာတွဲးကို ကိုယ့်မြို့ မှာ ကိုယ်သင်နိုင်အောင် စီစဉ်ပေးသူပေါ်လာသဖြင့် မိုင်နာဘာသာတွဲးတွေကို ကြိုတည့်ခွင့်ရပြီး ကြိုကျက်ခွင့်ရခဲ့သဖြင့် စာကျက်ရတာ သိပ်မကသီတော့ပေ။  ကောလိပ်က ဆရာ၊ ဆရာမတွေ လာသင်ပေးသည့် ကျေးဇူးကြီးခဲ့ပါသည်။ မေဂျာတွဲးကိုတော့ စာမေးပွဲး မဖြေခင် တစ်လလောက် မန္တလေး ကြိုသွားပြီး ကျုရှင် စုံစမ်းပြီ အဆင်ပြေသလို တက်ရသည်။

            အသိကလည်း မရှိ၊ အဝေးသင်လို ခဏတက်ရသည့် ကျောင်း ဘယ်မှာ သူငယ်ချင်းရယ်လိုတော့ ပေါများလိပ်မလဲ။ အဆောင်နေ သူငယ်ချင်းများတော့ ရှိတာပေါ့။ ဒါပေမယ် စားရေး၊ သောက်ရေးကိစ္စ ကြုံသလိုပဲ နှစ်ပါးသွားခဲ့ရသည်။ ဒီလိုပဲ အနီးကပ် (၁၀)ရက် ရက်တိုသင်တန်း တက်ရမည့် အချိန် ရောက်တော့ (၇၃) လမ်းမှ မန္တလေး တက္ကသိုလ်တွင် ကျောင်းတက်ရပါတယ်။ ဒါပေမယ့် စာသင်ကောင်းသော ဆရာအခန်းသာ လိုက်တက်ပြီး စိတ်မဝင်စားသော သင်ပြချိန်မှာ ပျင်းသော ဘာသာတွဲးတွေကို မတက်ဖြစ်ပါ။  အဆောင်မှာသာ စာကျက်ဖြစ်၊ အပြင်မှာ သူငယ်ချင်းတွေနှင့် စက်ဘီးစီးပြီး ကိစ္စရှိတာတွေ လုပ်၊ စားဘို့ လုံးပန်းနှင့် အချိန်ကုန် စေလေသည်။

            မေဂျာတွဲးကတော့ ဘယ်အတန်းမှာမှ တက်လို့ မရဘူးပေါ့။ အတန်းကလည်း ကိုယ့်ဘာသာက တခန်းပဲ ရှိသည်။ မေဂျာချိန်တော့ တက်ဖြစ်သည်။ ကျမတို့ နှစ်က မေဂျာဘာသာကိုယ် စိတ်ပညာပါမောက္ခ ဦးခင်မောင်သန်း လာသင်ပေးပါသည်။ ကျမ အတွက်တော့ ဆရာနှင့် သင်ခွင့်ရတုံး သင်ခဲ့ရသော  ဆရာ့ရဲ့  ဆိုဆုံမခဲ့သော စကားတွေကို ခုချိန်ထိ လုံဝမမေ့သေးတာတော့ သေခြာပါသည်။  အထူးသဖြင့် ပထမဆုံးနေ့ က အတန်းတွင် ဆရာ ပြောဆိုခဲ့သော စကားကို မှတ်မိနေတာပါ။ ကျောင်းသားတွေလည်း ဆရာပြောသော စကားတွေ နောက်မှ ရီးမောရင်း ပါသွားခဲ့ပါသည်။  ဆရာကတော့ ကျမတို့ လို အဝေးသင်တက္ကသိုလ် အနီးကပ်သင်တန်းမှ ခဏတာတွေ့ ရသော ကျောင်းသား၊ ကျောင်းသူတွေကို မှတ်မိမှာ မဟုပ်တာလည်း သေခြာပါသည်။

            ဆရာက စိတ်ပညာဘာသာကြောင်း စမိတ်ဆက်ပေးပါသည်။  စိတ်ပညာဆိုသည်မှာ အတိအကျ သတ်မှတ် ထား စရာမရှိဘူး။ ဘာလိုလဲဆိုတော့  လူတွေ တွေးတော လက်ခံမူ ကို လူ ၇၀% သို့  ၈၀% လောက်သော လူများက လက်ခံယူဆထားသော အယူအဆကို တွေတော လက်ခံသူကို လူတွေအားလုံးက ဒီလူ ပုံမှန်လို့  လက်ခံသည်။  ဒါပေမယ့် အရှေ့ တိုင်းနှင့် အနောက်တိုင်းမှ လူတို့ ၏ အတွေးအခေါ်သည် အရှေ့  နှင့် အနောက်လိုပင် ကွာခြားတယ် ဒါကြောင့် အရှေ့ ကလူတွေအတွက် အတွေးအခေါ်တူရင် ကမ္ဘာ့ အရှေ့ ဘက်က လူတွေက ပုံမှန်လို ယူဆကြောင်း၊ အနောက်က အယူအဆ လက်ခံမူ့  အများစုကို လက်ခံသူသည် အနောက်ကမ္ဘာဘက်မှ လူတွေအတွက်တော့ ပုံမှန်တဲ့ ၊ ဆိုလိုတာက လူတွေက အရူးလို့  မသတ်မှတ်ကြောင်း ပြောတာပါ။

ဘာလိုလဲဆိုတော့ လူတွေ လက်ခံသော အတွေအခေါ်သည် နေရာဒေသ၊ လူမျိုးတို့ ၏ ဘဝအတွေ့ အကြုံ၊ အတွေးအမြင်နှင့် ဘာသာတရား အဆုံးအမ တွေ အပေါ်  အခြေခံ၍ ကွဲးလွဲးသွားတာ ဖြစ်ကြောင်း၊ လူများစု လက်ခံတာနှင့်တူလျှင် ပုံမှန်တွေးတတ်သူလို့ သက်မှတ်ပြီး၊ လူများစု လက်ခံတွေးခေါ်မူနှင့် မတူသူကိုတော့ အရူးလို့  သက်မှတ်တယ်၊ ဒါမှမဟုပ် ဒီကောင်က နည်းနည်း ဂေါက်တယ်လို့  ပြောဆို သတ်မှတ်တာသာ ဖြစ်ကြောင်းတွေနှင့် ကျမတို့ ကို စိတ်ပညာ ဘာသာရပ်ကို စတင်မိတ်ဆက်ပေးပါသည်။

            လူတွေက စိတ်ပညာကျောင်းသားတွေကို ရူးကြောင်ကြောင်တွေလို ထင်ကြကြောင်း ဆရာက ပြောပြပါတယ်။ ဟုပ်လည်း ဟုပ်တယ် ဘယ်မေဂျာကလည်း မေးလို့  စိတ်ပညာကလို့  ပြောလိုက်ရင် လူတွေက ခေါင်းကို လက်ညိုးနှင့်ထောက်ပြီး ရူးနေတယ်လို လုပ်ပြလေ့ ရှိတာကို ကျမတို့  မကြာခဏတွေ့ နေခဲ့ရတာကိုး။ ဒါပေမယ့် ဆရာကတော့ ပြောပါတယ် တကယ်က စိတ်ပညာကျောင်းသားတွေလည်း၊ ပုံမှန်ပဲဖြစ်ကြောင်း။  တကယ်တော့ ဘယ်မေဂျာမှာ မဆို စာကျက်လွန်းသဖြင့် ကြောင်သွားသော ကျောင်းသားတွေ ရှိတတ်တာပဲ ဖြစ်ကြောင်း။ (ကျမတောင် ကျမအမတက်သော နှစ်က ကျောင်းသူတစ်ဦး တခုဆင်း တခုရှိတ် လို့  ရွတ်ပြီး ကြောင်သွာဘူးကြောင်း အမဆီမှ ကြားခဲ့ရဘူးသေးသည်)။

တကယ်ဆို အိမ်တစ်အိမ်တွင် စိတ်ပညာ ကျောင်းသားတစ်ယောက် ရှိပါက ထိုကျောင်းသားသည် အိမ်တွင် သူသာ ဦးဆောင်သူ ဖြစ်ကြောင်း။ ဒါပေမယ့် နောက်ဆုံးနှစ် စိတ်ပညာ ကျောင်းသားတစ်ယောက် စာကျက်လွန်ပြီး ရူးသွားလျှင်တော့ ပြန်မကောင်းနိုင်တော့ပါဘူး။ ဘာလို့ လဲဆိုတော့ သူက အဖြေတွေကို ရှောင်ဖြေနေတာနဲ့ ပဲ စိတ်ပညာကုထုံးတွေနဲ့  ကုလို့ မရတော့သော ကြောင့်သာ ဖြစ်တယ်လို့  ဆိုပါတယ်။ ဘာလို့ လဲဆိုတော့ ကျောင်း နောက်ဆုံးနှစ်တွင် စိတ်ရောဂါကုသသော ကုထုံးတွေကို သင်ရတယ်။ ဘယ်လိုဖြေရင် ရူးတယ်၊ ပုံမှန် စသဖြင့် ရှိတယ်။   ဒါကြောင့် အဖြေရှာရန် ခက်ခဲသွားပြီး ကုလိုမရနိုင်တော့ပေ။

            နောက်တစ်ခု သတိရနေသေးတာ တစ်ခုကတော့ စိတ်ပညာဘာသာရပ်ကို အဘယ့်ကြောင့် သိပ္ပံတွဲးထဲ သွင်းလို့ မရတာလည်း ဆိုတဲ့ အကြောင်းလေးဖြစ်ပါတယ်။ ဘာသာတွဲးတွေကို သိပ္ပံတွဲ၊ ဝိဇ္ဇာတွဲ ခွဲးရန် စဉ်စားကြသော အခါ စိတ်ပညာက လက်တွေ့ ပြရန် မဖြစ်နိုင်သောကြောင့် ဝိဇ္ဇာတွဲ သို့  ထဲသွင်းလိုက်ရတာဖြစ်ကြောင်းပြောပြပါတယ်။  စိတ်ပညာဆိုတာ လူတွေရဲ့ စိတ်ခံစားမူ့ ကို စဉ်စား ဆုံးဖြတ်ရသော ပညာဖြစ်တယ်။ ခင်ပွန်းတစ်ယောက် သေသွားရင် သူ့ မှာ မိန်းမ(၂)ယောက် ရှိတယ်ဆိုပါစို့ ။ ပိုငိုတဲ့ မိန်းမက ပိုချစ်တာလား၊ မငိုတဲ့ မိန်းမက ပိုချစ်တာလား သက်သေပြရန် မဖြစ်နိုင်ကြောင်း။ အဲဒါကို သက်သေပြမယ်ဆိုရင် မျက်ရည်ကို ခွက်နဲ့  ခံထားရမှာ ဖြစ်တဲ့အကြောင်း၊  ပိုငိုသော အမျိုသမီး၏ မျက်ရည်ကို ပိုချစ်တယ် သက်မှတ်မရနိုင်ဘူး။ မျက်ရည် ဘယ်နှစ် စီစီရှိလဲ လက်တွေ့ ခန်းမှာ ချိန်လို ဘယ်သူပိုများသလဲ တွက်ရမှာဖြစ်တယ်။ ပြီး ဒီအမျိုးသမီး ဘယ်အချိန်ငိုမှန်းမသိတာကို ဘယ်အချိန် လိုက်ခံရမှန်း မသိနိုင်ဘူး ပေါ့။ ဒီလို သက်သေမပြနိုင်လို့  ဝိဇ္ဇာတွဲဖြစ်သွားခြင်း ဖြစ်ပါသတဲ့။  :D

            တကယ့် လက်တွေမှာတော့ အရမ်းငိုသော ကျန်ရစ်သူ ယောက်ကျား၊ မိန်းမများသည် (၃)လ အတွင်း လျှင်မြန်စွာ အိမ်ထောင်ပြူသွားကြပြီ၊ နည်းနည်းငိုသောသူတို့ သည် တစ်နှစ်ကျော်သော အချိန်မှာ နောက်အိမ်ထောင် ပြူသွားတတ်ကြတယ်။ မျက်ရည်မကျပဲ စီစဉ်စရာများကို စီစဉ်သွားသူများသည်သာ တစ်သက်လုံး နောက်အိမ်ထောင် မပြုတော့ကြောင်း Result များအရ သိရကြောင်းလည်း ပြောပြပါတယ်။ ဆရာက အဲဒီအချိန်က မန္တလေး ဆေးတက္ကသိုလ်  မှာလည်း သွားသင်နေရကြောင်း ပြောပြပါတယ်။ ဒီဘာသာဟာ နိုင်ငံခြားမှာ အမှတ်မြင့်ပြီ ဝင်ငွေများတဲ့ အလုပ်ဖြစ်ပေမယ့် မြန်မာပြည်မှာတော့ ဒီလို မဟုပ်ဘူးလို့  ပြောပြခဲ့တာ မှတ်မိခဲ့ပါတယ်။

            ကျမကတော့ စိတ်ပညာ ကျောင်းသူ ဆိုပေမယ့် အဝေးသင်သာ တတ်ရောက်ခဲ့ ရတာမို့  Day ကျောင်းသားတွေလိုတော့ မတတ်မြောက်ခဲ့ပါဘူး။ ခုကျတော့လဲ GTI က ပညာနဲ့ လုပ်စားနေတာဆိုတော့ လဲ ပြီးခဲ့ပြီပေါ့ရှင်။  လွန်ခဲ့တဲ့ ၁၉၉၂၊ ၁၉၉၃ ခုနှစ်လောက်ကဆိုတော့ ကျမမှတ်မိတာတွေဟာ ဆရာပြောပြတာတွေနှင့်တော့ တစ်ထပ်ထဲ ဖြစ်ခြင်မှ ဖြစ်ပါလိမ့်မည်။ လိုတာ၊ ပိုတာ အနည်းငယ်လည်း ဖြစ်နိုင်ပါသေးသည်။ ကျမ မှတ်မိသော ကျမ၏ သင်ဆရာ တစ်ယောက်အကြောင်း သတိရ၍ ပြောပြလိုက်ရပါတယ်ရှင့်။   ။

9 comments:

ညိမ်းနိုင် said...

မစောရော....ခုဘယ်လိုလဲ....:D
တစ်ခုဆင်း...တစ်ခုရှိတ်သေးလား...ဟီး...။စတာနော်...။
ကျွန်တော့်အစ်မလည်း စိတ်ပညာယူတာပဲ...။
ကျွန်တော်တောင်သူ့ကျောင်းစာတွေ ဖတ်ကြည့်သေး...။
စိတ်တော့ဝင်စားဖို့ကောင်းသား..။

PAUK said...

တော်လိုက်တာ..
ပထမနှစ်က ဆရာတွေ ပြောသမျှ မှတ်မိနေတယ်။

စော(အဝါရောင်မြေ) said...

ကိုမောင်လေး(ကိုညိမ်းနိုင်)
အဲဒီ အမက Eco ကပါ။ Differentiate အတွက် Formula လေးကို ရွတ်ရင်း ကြောင်သွားတာ။

ကိုပေါက်
ဆရာက အပြောကောင်း၊ အသင်ကောင်းလို့  ပိုမှတ်မိတာပါ။

လင်းခေတ်ဒီနို said...

မသိတာလေးတွေ မှတ်လိုက်ရတယ် အမရေး))

ခင်မင်စွာဖြင့်
ဗညားရှိန်

ငွေလမင်း said...

စိတ်ပညာ ဆိုတာ တကယ်တမ်းတော့ စိတ်ဝင်စားစရာကောင်းတယ် လူတွေရဲ့ စိတ်ကို နဲနဲတော့ ခန့်မှန်းနိုင်တဲ့ဘာသာမျိုးဘဲနော်

မြစ်ကျိုးအင်း said...

စိတ်ဝင်စားပြီး မတက်ခဲ့ဖြစ်တဲ့ ဘာသာရပ်က စိတ်ပညာပါပဲ။

ဆူးသစ် said...

ကျွန်တော့်အဖေလည်း စိတ်ပညာနဲ့ကျောင်းပြီးတာ။ သူတို့တုန်းကတော့ ဒေါက်တာကျော်စိန်တို့နဲ့သင်ရတာ။ GTI ကိုနီးလို့ မတက်ဖူးဆိုတာတော့ သိပ်မရှင်းဘူးဗျ။ ဘာပဲဖြစ်ဖြစ် ပညာရပ်ဆိုတာ ကျွန်တော်တို့ မသင်ရပေမယ့် စိတ်ဝင်စားစရာကောင်းတာတွေ အများကြီးရှိတယ်ဆိုတာ လက်ခံလို့ရပါတယ်။ ကျွန်တော်လည်း စိတ်ဝင်စားပါတယ်။

နေ၀သန် said...

စိတ်ပညာက တကယ်ကို စိတ်ဝင်စားဖို့ ကောင်းပါတယ်. လူတိုင်း ဒီစိတ်နဲ့ပတ်သက်တာ တစ်ခုမဟုတ် တစ်ခုနဲ့တော့ ညှိနေတတ်ကြတာမို့... ထိုက်သင့်သလောက်လေ့လာသင့်တယ်လို့ ထင်ပါတယ်...း)).. အခုမှ လင့်ခ်ကိုရလို့ ရောက်လာပါတယ်.. မစောရေ... (စော (အ၀ါရောင်နယ်မြေ) က ချော (အစိမ်းရောင်လွင်ပြင်) နဲ့ဘာတော်လဲဟင်.. :D.. J/K)

ဖိုးတုတ် said...

ကျွန်တော်တစ်ယောက် စိတ်ပညာစာသင်ခန်းမှာ လွတ်နေလို. ၀င်ထိုင်ပြီး စာကူးနေတုန်း ဆရာနဲ.ကျောင်းသားတွေ ဗြုံးစားပြီးရောက်လာပြီး စာသင်တာနဲ.ကြုံလို. မထွက်ပဲနားထောင်ဖြစ်ဖူးတယ်၊

မှတ်မိသလောက်ကတော့ ဆရာပြောတာကတော့ မိဘတွေဟာသူတို.ရဲ့ သားသမီးကို တကယ်ချစ်ရဲ့လား ၊ တကယ်ချစ်တယ် ဆိုရင် ဆေးရုံးမှာ လမ်းမှာ ဘာလို.မိဘတွေက စွန်.ပစ်တာလဲဆိုပြီး ကျောင်းသားတွေနဲ.ဆွေနွေးပါ တယ်၊နောက်ပိုင်းအဲဒီ့စာသင်ခန်းကိုရှောင်ဖြစ်ပါတယ်၊ ကိုယ်ဘာသာရပ်မဟုတ်တာရယ် ကိုယ့်ရဲ့ အတွေးနဲ. မမီလို.ပါ၊

ခင်ပွန်းဆုံးလို.ငိုတဲ့ မိန်မအကြောင်း ကျွန်တော်ကြားဖူးတာကတစ်မျိုးပါ၊

မိန်းမတစ်ယောက်ဟာ မကြာသေးမီက ဆုံးသွားတဲ့ သူရဲ့ယောကျာင်္းအုတ်ဂူဘေးမှာ နေစဉ်နေ.တိုင်း ရက်စဉ်မပျက် သွားငိုနေပါတယ်၊ အဲဒါကို သတိထားမိတဲ့ သုသာန်စောင့်က ဘာလို.နေ.တိုင်းလာငိုနေတာလဲ၊ ခင်ဗျားရဲ့ ယောကျာင်္းကိုအရမ်းချစ်မှပဲလို.မေးလိုက် တဲ့အခါ မိန်မဖြစ်သူက သူယောကျာင်္းမသေခင်က သူ.အုတ်ဂူနားမှာ မြက်ပေါက်မှ နောင်အိမ်ထောင်ပြု ရန်မှာကြားထားခဲ့ကြောင့်၊ အဲဒါကြောင့် မျက်ရည်ဖြင့် မြက် မြန်မြန်ပေါက်အောင် နေ.တိုင်း လာပြီးငိုနေရတာဖြစ်ကြောင့် ပြန်လည်ဖြေကြားပါတယ်၊