အဘိဏှသုတ် (ဗုဒ္ဓဓမ္မ ဦးလောကနာထ မှ)

အဘိဏှသုတ် (ဗုဒ္ဓဓမ္မ ဦးလောကနာထ မှ ကူးယူဖော်ပြပါသည်)

ကံတရားကို အမြဲမပြတ် ဆင်ခြင်ပါ…

''မိမိ၏ ကံသာလျှင် မိမိဥစ္စာ ရှိ၏၊ ကံ၏ အမွေခံ ဖြစ်၏၊ ကံသာလျှင် အကြောင်းရှိ၏၊ ကံသာလျှင် အဆွေအမျိုး ရှိ၏၊ ကံသာလျှင် ကိုးကွယ် မှီခိုရာရှိ၏၊ ကောင်းသည်ဖြစ်စေ မကောင်းသည်ဖြစ်စေ ငါပြုမိသော ကံ၏ အမွေခံသာ ဖြစ်ရပေမည်'' ဟူ၍ မိန်းမဖြစ်စေ ယောက်ျားဖြစ်စေ လူဖြစ်စေ ရဟန်းဖြစ်စေ မပြတ် ဆင်ခြင်အပ်၏။

ရဟန်းတို့ သတ္တဝါတို့အား ကာယဒုစရိုက် ဝစီဒုစရိုက် မနောဒုစရိုက်သည် ရှိ၏၊ ထို(ကံ) အကြောင်းကို မပြတ် ဆင်ခြင်သော ထိုသူအား မကောင်းမှုသည် အချင်းခပ်သိမ်းမူလည်း ပျောက်ကင်း၏၊ ခေါင်းပါးခြင်းမူလည်း ဖြစ်၏။

''ငါတစ်ယောက်တည်းသာလျှင် ကံသာလျှင် မိမိဥစ္စာရှိသည် ကံ၏ အမွေခံဖြစ်သည် ကံသာလျှင် အကြောင်းရှိသည် ကံသာလျှင် အဆွေအမျိုးရှိသည် ကံသာလျှင် ကိုးကွယ်မှီခိုရာ ရှိသည် ကောင်းသည်ဖြစ်စေ မကောင်းသည် ဖြစ်စေ ငါပြုမိသော ကံ၏ အမွေခံဖြစ်သည် မဟုတ်၊ စင်စစ်မူကား ဤဘုံဘဝသို့ လာခြင်း တစ်ခြားဘုံဘဝသို့ သွားခြင်း စုတေခြင်း ပဋိသန္ဓေ နေခြင်းရှိသည့် သတ္တဝါဟူသမျှ အားလုံးတို့သည် ကံသာလျှင် မိမိဥစ္စာ ရှိကုန်၏၊ ကံ၏ အမွေခံ ဖြစ်ကုန်၏၊ ကံသာလျှင် အကြောင်းရှိကုန်၏၊ ကံသာလျှင် အဆွေအမျိုး ရှိကုန်၏၊ ကံသာလျှင် ကိုးကွယ် မှီခိုရာ ရှိကုန်၏၊ ကောင်းသည်ဖြစ်စေ မကောင်းသည်ဖြစ်စေ ပြုမိသော ကံ၏ အမွေခံတို့သာ ဖြစ်ကြလိမ့်မည်'' ဟု ဆင်ခြင်၏။

ထိုကံအကြောင်းကို မပြတ် ဆင်ခြင်သော ထိုသူအား မဂ်သည် ကောင်းစွာ ဖြစ်ပေါ်လာ၏၊ ထိုအရိယာတပည့်သည် ထိုမဂ်ကို မှီဝဲ၏၊ ပွါးများ၏၊ ကြိမ်ဖန်များစွာ ပြု၏၊ ထိုမဂ်ကို မှီဝဲသော ပွါးများသော ကြိမ်ဖန်များစွာ ပြုသော ထိုသူအား သံယောဇဉ်တို့သည် အချင်းခပ်သိမ်း ပျောက်ကင်းကုန်၏၊ အစဉ်ကိန်းနေသော 'အနုသယ' တရားတို့သည် ကင်းပြတ်ကုန်၏ ဟု မိန့်တော်မူ၏။

Wednesday, March 30, 2011

ပုဂံ မြို့ သို့  တစ်ခေါက်ရောက်ခြင်း - ၂

   ပုဂံမှ ဘုရားများကို ငယ်ငယ်က ( အထူးသဖြင့် GTI ကျောင်းသားဘဝကပါ) ဓါတ်ပုံ ရိုက်လိုပေမယ့် ကျမတို့ တွေ အတွက်တော့ ကင်မရာမရှိခဲ့လို့ မလွယ်ခဲ့ပါဘူး။   ခုလဲ အဖြစ်သာ ရိုက်လိုရတဲ့ ကင်မရာနဲ့  တတ်နိုင် သလောက်သာ ရိုက်ကူးခဲ့တာပါ။ ကျမအနေနဲ့ ကတော့ ပုဂံ ဘုရားရဲ့  တည်ဆောက်ရေးပညာ ပိုင်းတွေကို ဆရာ၊ ဆရာမတွေ ရှင်းပြတဲ့ အချိန်က စလို့ သာ သတိထားခဲ့မိတာပါ။ ပုဂံ ငလျှင်လှုတ်တုံးကလည်း အတော်လေး ပျက်ဆီးခဲ့တယ် လို့  ငယ်ငယ်က ကြားခဲ့ဘူးပါတယ်။ ကျမ မှတ်မိတဲ့ အရွယ် မဟုပ်ပါဘူး။

   ဒီတစ်ခေါက် ပြန်တော့ လည်း တချို့ နေရာတော်တော် များများ ပြောင်းလဲနေပါတယ်။ ရှေးဟောင်း ပစ္စည်းခိုးသူတွေကြောင့် တချို့ ဆို ယခင်နေရာကနေ အတွင်းကို ပြောင်းရွေ့ ထားတာတွေကြောင့်ပါ။ ခုဆိုရင် တစ်ချို့  အမွေအနှစ်တွေ မရှိတော့ သလောက်ပါပဲ။  ကျမတို့  အနေနဲ့  တစ်ပိုင်တစ်နိုင်တတ်နိုင်တာဆိုလို့  ဘုရားနံရံတွေမှာ တွယ်ကပ်နေတဲ့ အပင်ငယ်တွေကို ဂရုစိုက် နုတ်ဖယ်တာပဲ လုပ်ပေးနိုင်ခဲ့ပါတယ်။



အရင်က ဘုရားတစ်ဆူနှင့် တစ်ဆူကြား ကြက်မ တစ်ဝပ်စာပဲ ခြားပါသတဲ့။

အင်း :O

(ဒီနေရာမှာ comment မှာ စာများကို ဖတ်ကြည့်စေလိုပါတယ်။ ကိုကြီးကျောက်ရဲ့  ဝေဖန်ပေးတာကိုလဲ ကျေးဇူးတင်ပါတယ်။)

ထုမှာ ဓမရံ  လို့  ပြောကြပါတယ်။
ထုထည်ကြီးမားတဲ့ ဘုရားတွေပဲ များသောအားဖြစ် တွေ့ မြင်ဖူးမျှော်ရပါတော့တယ်။


   နုမှာ အာနန္ဒာ တဲ့ အနုပညာ လက်ရာတွေမှာတော် အာနန္ဒာ ဘုရားက အလှဆုံးလို့ ဆိုပါတယ်။















   ဘုရားထဲမှာ ဘုရားပတ်လမ်း (၂) လမ်းရှိပါတယ်။
၁။ ဘုရားနဲ့  အနီးဆုံးက မင်းလမ်း၊ မင်းနှင့် မှူးမတ် ဗိုလ်ပါတွေ ဘုရားပတ်တဲ့ လမ်းပါ။
၂။ အပြင်ပတ်လမ်းက ပြည်သူတွေ ပတ်တဲ့လမ်း

ဒီနတ်သားက တော့ အတွင်းကို အမျိုးသမီးတွေ မဝင်ဘို့ တားမြစ်တယ်လို့ ဆိုပြန်ပါတယ်။ (အတွင်းပတ်လမ်းကို ဆိုလိုပါတယ်)

   အာနန္ဒာဘုရားဟာ မုတ်ဦး (၄)ခု ရှိပါတယ်။ ကျန်စစ်သားမင်းသည် ပန်ရံဆရာ (၄) ယောက်ကို တစ်ဖက်နှင့် တစ်ဖက်ကြား ကာရံပြီး ဆောက်လုပ်စေပါတယ်။ ဆောက်လုပ်ပြီးတဲ့ အခါမှာ ပန်ရံဆရာ(၄) ဦး တိုင်းပင်ဆွေးနွေးခြင်း မရှိပဲ ဆောက်လုပ်ထားသော မုတ်လေးမုတ်သည် တစ်ပုံစံတည်းဖြစ်နေပါတယ်။
ကျမသွားသောအချိန်က အာနန္ဒာဘုရားပွဲးကျင်းပနေချိန်ဖြစ်ပါတယ်။ ဘုရားတည်ပုံမှာ အပေါင်းလက္ခဏာပုံ ရှိသော်လည်း ကျမ မုတ်နှစ်ခုပေါ်အောင် ပုံမရိုက်ခဲ့ရပါဘူး။

တံခါကတော့ တဖက်မှာ နှစ်ရွတ်တပ်ထားပြီ ဗိုလ်ခြေတစ်ထောင်အားနှင့် ဖွင့်မှပွင့်တယ်လို ဆိုပါတယ်။ ကျန်စစ်သားမင်းရဲ့ ကောင်းမှူတော် ဖြစ်ပြီ၊ ကျန်စစ်သားမင်းကြီး အဓိဌန်ဖြင့် တရားထိုင်က အလိုလိုပိတ်ပြီး၊ တရားထိုင်ရာကထပါက တံခါးတို့ သူဘာသာပြန်ပွင့်တယ်ဆိုပါတယ်။

 ဘုရားလေးဆူရှိပါတယ်။ နှစ်ဆူက ရှေးဘုရားဖြစ်ပြီ၊ ကျန်နှစ်ဆူက အင်းဝခောတ် လက်ရာဖြစ်တယ်လို့  ဆိုပါတယ်။ (လေးပုံလုံး ရှိပေမယ့် နိုင်းယှဉ်ကြည့်နိုင်ရုံ နှစ်ဆူပတဲတင်ပေးထားပါတယ်။)


ပုံမှာပြထားသော ဘုရားနှစ်ဆူမှာလဲ ဒူးဆစ်ပါသောဘုရားက ပုဂံလက်ရာပါ။
ဒူးဆစ်မပါတဲ့ ဘုရားက အင်းဝခေတ်က ပြန်လည် ပြုပြင်ထားရသော ဘုရားပါ။ မယ်သီလရှင် တစ်ဦး ခြေဖမိုးပေါ် ဖယောင်တိုင် တင်လှူရာမှ မီးလောင်ကျွမ်းသွားလို့ ပါလို မှတ်သားရဘူးပါတယ်။

4 comments:

ရွှေရတုမှတ်တမ်း said...

ဗမာများကတော့ ပြောလိုက်ရင် တလွဲချည့်ပါပဲ.. မွန်လို တိလိုကမင်ဂလို (တိလောကမင်္ဂလာ) လို့ ဘွဲ့ရေးထားတဲ့ ဘုရားကို ထီးလိုမင်းလို လို့ဖတ်ပြီး ထိုးဇတ်တွေခင်းတော့တာပဲ.၊ ဘုရားတဆူနဲ့ တဆူကြား ကြက်မတဝပ်စာ ပဲဝေးရင် လူတွေက ဘယ်မှာ သွားနေရမလဲ၊ ဆောက်လုပ်ရေး ရှုထောင့်ကလဲ တွက်ကြည့်ပါဦး..အဲလောက်ပဲနီးမှတော့ ဒီဖက်ဘုရားကငြမ်းက ဟိုဖက်ဘုရားနံကြားသွားထောက်နေတော့မယ်..

စော(အဝါရောင်မြေ) said...

ဟား ဟား ဟား
ဘုရားတွေချည်းပဲ ဆိုရင်တော့ ကိုကြီးကျောက် အတွေးအရ မှန်ပါတယ်။
ဒါပေမယ့် ဘုရားတွေမှာ ရင်ပြင်တွေ တံတိုင်းတွေ ပါရင်တော့ တံတိုင်းတွေကြားမှာ လူလျှောက်လမ်းပဲ ရှိတာကို ဆိုလိုရင်း ဖြစ်ပါလိမ့်မယ်။ ပြီးတော့ ပုဂံဘုရား အများစုဟာ မြို့ တော်ဟောင်းရဲ့  အပြင်မှာတည်တာ ဖြစ်ပါတယ်။

ညိမ်းနိုင် said...

အာနန္ဒာဘုရားပွဲက အရမ်းစည်ဆိုဗျ...။ဘယ်အချိန်ကျင်းပ
တာလဲခင်ဗျ...။ဘုရားပွဲချိန်မှာ ပုဂံကိုရောက်ဖူးချင်သေးတယ်...။

စော(အဝါရောင်မြေ) said...

ကိုမောင်လေး
အာနန္ဒာ ဘုရားပွဲကို ပြာသိုလ ပြည့်နေ့မှ စတင်ကာ တပို့တွဲ လဆန်း အထိ ကျင်းပ လေ့ ရှိတယ်။
အင်္ဂလိပ်လိုကတော့ ဒီဇင်ဘာလကုန်ကနေ ဖေဖော်ဝါရီလ ၂ရက် ၃ရက် ဝန်ကျင်ထိပါ။