အဘိဏှသုတ် (ဗုဒ္ဓဓမ္မ ဦးလောကနာထ မှ)

အဘိဏှသုတ် (ဗုဒ္ဓဓမ္မ ဦးလောကနာထ မှ ကူးယူဖော်ပြပါသည်)

ကံတရားကို အမြဲမပြတ် ဆင်ခြင်ပါ…

''မိမိ၏ ကံသာလျှင် မိမိဥစ္စာ ရှိ၏၊ ကံ၏ အမွေခံ ဖြစ်၏၊ ကံသာလျှင် အကြောင်းရှိ၏၊ ကံသာလျှင် အဆွေအမျိုး ရှိ၏၊ ကံသာလျှင် ကိုးကွယ် မှီခိုရာရှိ၏၊ ကောင်းသည်ဖြစ်စေ မကောင်းသည်ဖြစ်စေ ငါပြုမိသော ကံ၏ အမွေခံသာ ဖြစ်ရပေမည်'' ဟူ၍ မိန်းမဖြစ်စေ ယောက်ျားဖြစ်စေ လူဖြစ်စေ ရဟန်းဖြစ်စေ မပြတ် ဆင်ခြင်အပ်၏။

ရဟန်းတို့ သတ္တဝါတို့အား ကာယဒုစရိုက် ဝစီဒုစရိုက် မနောဒုစရိုက်သည် ရှိ၏၊ ထို(ကံ) အကြောင်းကို မပြတ် ဆင်ခြင်သော ထိုသူအား မကောင်းမှုသည် အချင်းခပ်သိမ်းမူလည်း ပျောက်ကင်း၏၊ ခေါင်းပါးခြင်းမူလည်း ဖြစ်၏။

''ငါတစ်ယောက်တည်းသာလျှင် ကံသာလျှင် မိမိဥစ္စာရှိသည် ကံ၏ အမွေခံဖြစ်သည် ကံသာလျှင် အကြောင်းရှိသည် ကံသာလျှင် အဆွေအမျိုးရှိသည် ကံသာလျှင် ကိုးကွယ်မှီခိုရာ ရှိသည် ကောင်းသည်ဖြစ်စေ မကောင်းသည် ဖြစ်စေ ငါပြုမိသော ကံ၏ အမွေခံဖြစ်သည် မဟုတ်၊ စင်စစ်မူကား ဤဘုံဘဝသို့ လာခြင်း တစ်ခြားဘုံဘဝသို့ သွားခြင်း စုတေခြင်း ပဋိသန္ဓေ နေခြင်းရှိသည့် သတ္တဝါဟူသမျှ အားလုံးတို့သည် ကံသာလျှင် မိမိဥစ္စာ ရှိကုန်၏၊ ကံ၏ အမွေခံ ဖြစ်ကုန်၏၊ ကံသာလျှင် အကြောင်းရှိကုန်၏၊ ကံသာလျှင် အဆွေအမျိုး ရှိကုန်၏၊ ကံသာလျှင် ကိုးကွယ် မှီခိုရာ ရှိကုန်၏၊ ကောင်းသည်ဖြစ်စေ မကောင်းသည်ဖြစ်စေ ပြုမိသော ကံ၏ အမွေခံတို့သာ ဖြစ်ကြလိမ့်မည်'' ဟု ဆင်ခြင်၏။

ထိုကံအကြောင်းကို မပြတ် ဆင်ခြင်သော ထိုသူအား မဂ်သည် ကောင်းစွာ ဖြစ်ပေါ်လာ၏၊ ထိုအရိယာတပည့်သည် ထိုမဂ်ကို မှီဝဲ၏၊ ပွါးများ၏၊ ကြိမ်ဖန်များစွာ ပြု၏၊ ထိုမဂ်ကို မှီဝဲသော ပွါးများသော ကြိမ်ဖန်များစွာ ပြုသော ထိုသူအား သံယောဇဉ်တို့သည် အချင်းခပ်သိမ်း ပျောက်ကင်းကုန်၏၊ အစဉ်ကိန်းနေသော 'အနုသယ' တရားတို့သည် ကင်းပြတ်ကုန်၏ ဟု မိန့်တော်မူ၏။

Monday, March 28, 2011

ပုဂံ မြို့ သို့  တစ်ခေါက်ရောက်ခြင်း - ၁

      ကျမတို့  ငယ်ငယ်က ပုဂံကို သွားမယ်ဆိုရင် ကျောက်ပန်တောင်း-ညောင်ဦီးကားလမ်းကနေ သွားရတယ်။ လွန်ခဲ့ တဲ့ ၁၀ နှစ်ကမှ ဂွေးချို-ချောက်-ပုဂံ ကားလမ်း(ကတ္တာရာလမ်း) ပေါက်ပါတယ်။ နောက် ဗျတ္တ ပန်းဆက်လမ်း ဆိုပြီး ပုဂံ-ညောင်ဦးကနေ ပုပ္ပါးကို တိုက်ရိုက်သွားတဲ့ ကားလမ်းလဲ ဆက်လက်
ဖောက်လုပ်တာမို့  ရန်ကုန်မှ အထက်ဘက်သို့  ယခင်က မကွေး၊ ရွှေစက်တော်၊ ပုဂံ-ညောင်ဦး၊ ပုပ္ပါး ခရီးစဉ်တွေ အတွက် ပိုလမ်းတိုသွားပါတယ်။
       ကျမတို့ အတွက်တော့ ပုဂံဟာ ဝါလွင်တောက်ပတဲ့ ပုံပြင်တွေ၊ ဘုရားတွေ၊ သမိုင်းတွေနှင့် ပြည့်နေသော နေရာလေး တစ်ခုဖြစ်ပါတယ်။   တကယ်ဆိုရင်တော့ ပုဂံနှင့် ညောင်ဦးမြို့ မှ ကလေးတွေဟာလည်း ဘုရားသမိုင်း ပြောပြခဲ့ဘူးသူတွေ တော်တော်များများ ရှိခဲ့ပါပြီ။
     ဒါကတော့ ပုဂံမြို့ က ယွန်းထည်ဆိုင် တစ်ဆိုင်ပါနော်။ လက်ဆောင်ပေးဖို့  ဝယ်ရင်း ပုံလေးရိုက်လာလို့  တင်ပေးတာပါ။












 ပထမဆုံးကတော့  ဓမ္မရာဇက ဘုရားကို အရင်ဝင်ဖူး ခဲ့ပါတယ်။

အနောက်ဘက်က ဖူးမျှော်ရပုံပါ။
 
    အနော်ရထားမင်းရဲ့  ကောင်းမှူတော်ဖြစ်တဲ့
ရွှေစည်းခုံစေတည်တော်ပါ။
ပုဂံသားတွေရဲ့  စာဆိုကတော့ တန်ခိုးမှာ ရွှေစည်ခုံရယ်လို့  စပ်ဆိုကြပါတယ်။

   သိပ်လည်း ကြည်ညိုစရာကောင်းပါတယ်။
အံဖွယ် (၉)ပါးရှိတယ်လို့ ဆိုပါတယ်။(မမှတ်မိတော့လို့  သိသူများရှိက ပြောပြကြပါ ၊ အိမ်ကို မေးပြီးပါပြီ။ )
အားလုံး မှန်၊ မမှန်တော့ မသိတော့ဘူး။ မှတ်မိသလောက် ရေးရရင်တော့

 ၁။  လူတရစ်၊ နတ်တရစ်တည်သော       ဘုရားဖြစ်ခြင်း

၂။  အာရုံဆွမ်း အဦးမရခြင်(နတ်တို့ က   လှူဒါန်းတယ် လို့  ဆိုပါတယ်)


၃။  ဘုရားအရိပ်သည် ရင်ပြင်ပေါ် မကျခြင်း

၎။ မိုးရွာလျှင် ဘုရားရင်ပြင်ပေါ်၌ ရေတင် မကျန်၊ ဘုရားအတွင်းမှ ရေသည်လည်း တံတိုင်းအပြင်သို့ လည်း မထွက်

၅။ တစ်နှစ်ပတ်လုံးပွှင့်သော ခရေပင်ရှိခြင်း

၆။ ဘုရားဝန်းအတွင်းမှ အသံသည် အပြင်(တံတိုင်းအပြင်) သို့  မထွက်ခြင်း၊

၇။တံတိုင်းအပြင်မှ အသံသည်လည်း ဘုရားဝန်းအတွင်းသို့  မဝင်နိုင်ခြင်း

၈။ ဘုရားပွဲး၌ လာသမျှသောလူ ဝင်ဆန့် ခြင်း

၉။  ရွှေစည်းခုံ ဘုရားလုံးပတ်တော်တိုင်းသော ကြိုးသည် လုံပတ်တော်တူသော ရွှေတိဂုံဘုရား၌ ပတ်လျှင် ကြိုးစ မမှီး၊ ထို အတူ ရွှေတိဂုံဘုရားမှ လုံးပတ်တော်တိုင်းသော ကြိုးကို ရွှေစည်းခုံ ဘုရား၌ တိုင်းပါကလည်း ကြိုးမပတ်မိခြေ။ လုံးပတ်တော် ပမာဏခြင်းမှာ တူတူပင် ဖြစ်ပါသည်။

ကျမ မှတ်မိသလောက်ပါ။ (မှားနေတာ၊ တစ်စုံတစ်ရာ ချွတ်ချော်မှူရှိခဲ့ရင် အသိပေးနိုင်ပါတယ်။)

ဆွမ်းမဦးတဲ့ သပိတ်က ဒီသပိတ်တွေထဲက တစ်လုံပါ။ သပိတ်တွေက ရိုက်တဲ့ အထဲ အကုန်မမိဘူး။

                                  

ပန်းတင်ခုံလို့  ခေါ်သလား မသိဘူး။   :D











နောက်ဆုံးပုံ နှစ်ပုံကတော့ ကျန်စစ်သားမင်း မင်းပြစ်သင့်လို့  ထွက်ပြေးခါနီး ဘုရားကို လားဖူးတုံးကကျန်ခဲ့တဲ့ အမှတ်အသားတွေပါ။ တစ်ခုက မြင်းခွာရာ၊ မြင်းနှင့် ထွက်ပြေရတုံးကပါ။ နောက်တစ်ခုကတော့ အရိတ္တမာလှံရာပါ။
( ချိုင့်လေးထဲကို ရေထည့်ကြည့်ရင်ဘုရားထီးတော်ကို ဖူးမျှော်နိုင်ပါတယ်။ နေပူနေရင်တော့ အရိပ်ပဲ ဖူးရတတ်ပါတယ်)

ဘုရားပုံကများနေတယ် ။ အားရပါးရတင်ခြင်တယ်။ ဒါကြောင့်မို့  ခွဲးပြီတင်ပေးမယ်နော်။

3 comments:

ညိမ်းနိုင် said...

ပုဂံဘုရားပုံတွေအတွက် ကျေးဇူးတင်တယ် စောရေ...။
ပုဂံဘုရားတွေ ဖူးရရင် လွမ်းတဲ့စိတ်တွေပေါ်လာရော....:(
မြန်မာပြည်ကိုပြောပါတယ်...။ဒီနှစ်ပြန်ဖြစ်ရင် သွားဖြစ်
အောင်သွားဦးမယ်ဗျာ...။

အဖေ့ထက်ကျောက်တလကြီး said...

အင်း...ဘုရားအံ့ဖွယ်တွေကတော့ စာအုပ်ထဲပြန်ကြည့်မှ သိတော့မှာပဲ...
ဘုရားမှာ ဧည့်ကြို ကလေးတွေတော့ မေးခဲ့တာမဟုတ်ဘူး..
ကိုကြီးကျောက်ကတော့ မင်းတို့ပြောတာ နားမထောင်ချင်ဘူးဆိုပြီး ဆံပင်ဖြူအနှုတ်ခံ ပြန်လာခဲ့တာပဲ...ဘုရားမှာ လူတွေစိတ်မှန်းနဲ့ လျှောက်ပြောတဲ့ အကြောင်းအရာတွေကလဲ အများသား..ဥပမာ..ကျန်စစ်သား လှံထောက်ရာ...ကျန်စစ်သားက ဘာကိစ္စ ဆတ်ဆော့ပြီး ဘုရားရင်ပြင်ကို လှံနဲ့ထောက်မှာလဲ၊ လှံကိုဘေးချပြီး ဘုရားကန်တော့စရာပဲ အကြောင်းရှိတယ်..လူတွေစိတ်ကူးယဉ်ပြီးပြောနေတဲ့ လုပ်ဇတ်တွေကပုဂံရာဇဝင်မှာ ရောနေတာအများကြီး..

စော(အဝါရောင်မြေ) said...

ကိုကြီးကျောက်ရေ
ကျန်စစ်သား ဘုရားရှစ်ခိုးနေတုံး နောက်က ဖမ်းမယ့်သူလာလို့  လှံထောက်ပြီး ခုန်ပြေးတယ် ဆတိုတာပဲ။
ဒါပေမယ့် အဓိက အကြောင်းကတော့ ဒီခွက်လိုလို ချိုင့်ထဲမှာ ရေဖြည့်ကြည့်ရင် ဘုရားထီးတော်ကို ဖူးမြော်နိုင်တယ်။ ကိုယ်တိုင်လဲ ကြည့်ဘူးတယ်။ အဲဒါက အမှန်ဖြစ်မယ်ထင်တယ်။