အဘိဏှသုတ် (ဗုဒ္ဓဓမ္မ ဦးလောကနာထ မှ)

အဘိဏှသုတ် (ဗုဒ္ဓဓမ္မ ဦးလောကနာထ မှ ကူးယူဖော်ပြပါသည်)

ကံတရားကို အမြဲမပြတ် ဆင်ခြင်ပါ…

''မိမိ၏ ကံသာလျှင် မိမိဥစ္စာ ရှိ၏၊ ကံ၏ အမွေခံ ဖြစ်၏၊ ကံသာလျှင် အကြောင်းရှိ၏၊ ကံသာလျှင် အဆွေအမျိုး ရှိ၏၊ ကံသာလျှင် ကိုးကွယ် မှီခိုရာရှိ၏၊ ကောင်းသည်ဖြစ်စေ မကောင်းသည်ဖြစ်စေ ငါပြုမိသော ကံ၏ အမွေခံသာ ဖြစ်ရပေမည်'' ဟူ၍ မိန်းမဖြစ်စေ ယောက်ျားဖြစ်စေ လူဖြစ်စေ ရဟန်းဖြစ်စေ မပြတ် ဆင်ခြင်အပ်၏။

ရဟန်းတို့ သတ္တဝါတို့အား ကာယဒုစရိုက် ဝစီဒုစရိုက် မနောဒုစရိုက်သည် ရှိ၏၊ ထို(ကံ) အကြောင်းကို မပြတ် ဆင်ခြင်သော ထိုသူအား မကောင်းမှုသည် အချင်းခပ်သိမ်းမူလည်း ပျောက်ကင်း၏၊ ခေါင်းပါးခြင်းမူလည်း ဖြစ်၏။

''ငါတစ်ယောက်တည်းသာလျှင် ကံသာလျှင် မိမိဥစ္စာရှိသည် ကံ၏ အမွေခံဖြစ်သည် ကံသာလျှင် အကြောင်းရှိသည် ကံသာလျှင် အဆွေအမျိုးရှိသည် ကံသာလျှင် ကိုးကွယ်မှီခိုရာ ရှိသည် ကောင်းသည်ဖြစ်စေ မကောင်းသည် ဖြစ်စေ ငါပြုမိသော ကံ၏ အမွေခံဖြစ်သည် မဟုတ်၊ စင်စစ်မူကား ဤဘုံဘဝသို့ လာခြင်း တစ်ခြားဘုံဘဝသို့ သွားခြင်း စုတေခြင်း ပဋိသန္ဓေ နေခြင်းရှိသည့် သတ္တဝါဟူသမျှ အားလုံးတို့သည် ကံသာလျှင် မိမိဥစ္စာ ရှိကုန်၏၊ ကံ၏ အမွေခံ ဖြစ်ကုန်၏၊ ကံသာလျှင် အကြောင်းရှိကုန်၏၊ ကံသာလျှင် အဆွေအမျိုး ရှိကုန်၏၊ ကံသာလျှင် ကိုးကွယ် မှီခိုရာ ရှိကုန်၏၊ ကောင်းသည်ဖြစ်စေ မကောင်းသည်ဖြစ်စေ ပြုမိသော ကံ၏ အမွေခံတို့သာ ဖြစ်ကြလိမ့်မည်'' ဟု ဆင်ခြင်၏။

ထိုကံအကြောင်းကို မပြတ် ဆင်ခြင်သော ထိုသူအား မဂ်သည် ကောင်းစွာ ဖြစ်ပေါ်လာ၏၊ ထိုအရိယာတပည့်သည် ထိုမဂ်ကို မှီဝဲ၏၊ ပွါးများ၏၊ ကြိမ်ဖန်များစွာ ပြု၏၊ ထိုမဂ်ကို မှီဝဲသော ပွါးများသော ကြိမ်ဖန်များစွာ ပြုသော ထိုသူအား သံယောဇဉ်တို့သည် အချင်းခပ်သိမ်း ပျောက်ကင်းကုန်၏၊ အစဉ်ကိန်းနေသော 'အနုသယ' တရားတို့သည် ကင်းပြတ်ကုန်၏ ဟု မိန့်တော်မူ၏။

Monday, November 29, 2010

ကျမရဲ့ မြို့ ကလေး

တို့ အိမ်လေး

အဝေးက လှမ်းလို့ မျှော်ရတဲ့…တို့ မြန်မာပြည်

အဝေးက လွမ်းရတယ် ဧရာဝတီ

မြစ်နံဘေးက မြို့ ကလေး

ခြောက်သွေ့ ပေမဲ့

ပျော်ပျော်နေခဲ့

မိသားစုဘဝလေး။ ။



Google မှ ရှာဖွေကူးယူ ဖော်ပြပါသည်။


ကျမ ကဗျာကို မတောက်တခေါက်ပဲ တတ်ပြီး၊ မတောက်တခေါက်ပဲ ခံစားလို့ ရပါတယ်။

  ကျမတို့ မြို့ ကလေ ဧရာဝတီမြစ်ဘေးမှာ တည်ရှိတဲ့ ရေနံထွက်ရာ မြို့ လေးတစ်မြို့ ပါ။ ဒီပုံကလဲ ကျမတို့ မြို့ က တကယ့်ပုံလေးကို ရှာပြီး ရအောင်တင်ထားပါတယ်။

  ခုလို December ဆို ကျမတို့ မြို့ ကနေ ပုပ်ပါးတောင်မကြီး တက်တဲ့ရာသီပေါ့။ X'mass နေ့  မနက် မိုးမလင်းခင် မနက်စောစော ကားတွေနှင့် အဖွဲ့ လိုက် တက်ကြတဲ့ ဓလေ့ ရှိတယ်။ မစွံရင် ရေကူး၊ တောင်တက်၊ လှေလှော်သင် ဆိုတဲ့ ဆိုရိုးရှိတဲ့ အတိုင်းပေါ့။ မိန်းခလေးတွေက တောင်တက်ရင် ပါလာတဲ့ အိတ်မပြောနှင့် ကိုယ့်ခြေ၊ ကိုယ့်လက်တောင် မသယ်နိုင်တော့ဘူး။ ယောင်္ကျားလေး သူငယ်ချင်းတွေ အင်္ကျီ စဆွဲတက်တဲ့သူလဲ ရှိရဲ့ ၊ မိန်းခလေးတွေစုပြီး ဖြေးဖြေးတက်တာလဲ ရှိတာပေါ့။ အထူသဖြင့် တောင်တက်ပေါ့....၊ တချို့  မိန်းခလေးတွေကတော့ ကျမ်းမာရေးကောင်တယ် ဘယ်သူ့ အကူမှ စောင့်စရာမလိုဘူးပေါ့။

  တောင်ပေါ်ရောက်ရင် ဓာတ်ပုံရိုက်ကြ၊ နားကြတယ်။ ပြီး တောင်ပေါ်မှာ ပင်လယ်ရေမျက်နှာပြင်ကနေ ဘယ်လောက်မြင့်တယ်လို့  ရေးထားတဲ့ Level Marking လေးရှိတယ်...။ အဲဒါကို လေ့လာတဲ့သူက လေ့လာ၊ တောင်တဝိုက်က ရှုမငှီးတဲ့ မြင်ကွင်း(ဆောင်းရာသီ ဆိုတော့ မြူခိုတွေနဲ့ ပေါ့) ကြည့်လို့ ။ ဘယ်နေ့ က ဘယ်သူ ရောက်ကြောင်း ကျောက်တုံးတွေမှာ ရေးကြ၊ ခြစ်ကြနဲ့  စုံနေတာပဲ။ နေ့ လည် ၁၂ နာရီခွဲးလောက်ဆို တောင်အောက်ပြန်ရောက်ပြီ။ တချို့ က ချက်ယူလာတဲ့ထမင်းကို စား တယ်၊ တချို့ က ဆိုင်တွေမှာ ဝယ်စားကြတယ်။

  စားသောက်ပြီးတော့ နောက်တစ်ခါ ပုပ်ပါးတောင် ကလပ်ကို တက်ကြပြန်တယ်။ တရေးတမော အိပ်တဲ့သူက အိပ်ပေါ့။ ဘုန်းကြီးကျောင်း တွေမှာလည်း နားကြတယ်။ ပျင်းတတ်ရင် ပုပ်ပါးက မျောက်တွေနှင့် ဆော့နိုင်၊ အစာကြွေးနိုင်ပါသေးတယ်။ (အဲဒီတုံးက ဂျင်းဘောင်ဘီဝတ်တဲ့သူက နည်းသေးတော့ ဒီလိုစကြတယ် `ရေကြီးလို့  ပုပ်ပါးမှာ မျောက်တွေ ရောက်နေတယ် လို့ လေ)။  ၄နာရ၊ီ ၅ နာရီဆိုရင် ကိုယ့်မြို့ ကို ပြန်ကြတယ်။  ညနေစောင်း မှောင်ရီပြိုးစ ဆိုရင် မြို့ ကို ပြန်ရောက်ပြီ။

မျောက်စာကြွေးတာနဲ့  ပတ်သတ်လို့ အသိတစ်ယောက်ရဲ့ သား အဖြစ်လေးပြောရဦးမယ်။ တောင်ကလပ်မှာ မျောက်တွေက လူတွေနားလာပြီး အစာတောင်းတတ်တယ်။ သူတို့ က လူမကြောက်ဘူး ...  ဘုန်းကြီး ကြိမ်လုံးပဲ ကြောက်တာ။ အဲဒီကလေးက မျောက်စာဝယ်လာတဲ့ ငှက်ပျောသီး ဘောင်ဘီအိပ်ကပ်ထဲ ဖွက်ပြီယူလာတယ်။ တောင် အလယ်လောက်ရောက်တော့ ထုပ်ကျွေးတယ်။ အဲဒီမှာ ပြသနာစတာလေ... ကောင်းလေးနှင့် မျောက်ကအရပ်တော့ နှစ်ဆကွာပါတယ် ဒါပေမယ့် မျောက်နှစ်ကောင်က ကလေးရှေ့ ကမျောက်က ရှာဖွေရေးဆင်းပြီ ၊ နောက်ကမျောက်ကိုင်ပေးထာတယ်။ ကလေးကလဲ တော်ရုံမကြောက်တတ်ပါဘူး။ မျောက်နှစ်ကောင်ကိုင်ပြီ သူ့ အင်္ကျီလှန်ရှာတော့ ကြောက်လိုငိုပါလေရော။ လူကြီး နှစ်ယောက်လောက် ရိုက်မယ်လုတ်မှ မျောက်နှစ်ကောင် ပေစောင်း ပေစောင်းနဲ့  ထွက်သွားတယ်။ ... :P

  တောင်တက်တယ်ဆိုတာ တက်တုံးသာ မသိတာ ။  ညကြတော့ အတုံးအရုံး အိပ်ကြ တော့တာပဲ။
အဲဒီက စတာ ... နောက်နေ့ ရောက်ရင် ကိုယ်တွေ၊ လက်တွေ နာပြီး ဒူခေါင်းတွေက ညွှတ်၊ ညွှတ်သွားတာပေါ့။ ... :D  မြို့ ပေါ်က သွားတဲ့သူ အားလုံး ...။

လူကြီးတွေပါလာရင်တော့ သူတို့ က ပုပ်ပါးမြို့ ပေါ်တဝိုက်က ခြံတွေမှာ (တချို့ ရိပ်သာတွေက ခြံအကျယ်ကြီးထဲမှာ ရှိတယ်) နားကြတယ်။ ပုပ်ပါးနှင့် ကျမတို့ မြို့ ရဲ့ ဆက်စပ်မှုလေးက ဧပြီလမှာလဲ ရှိသေးတယ်....

ဆောင်းနှင့် ပတ်သတ်လို့ က ပုဂံနှင့်လဲ မကင်းပါဘူး။ ဒီရက်ဆိုရင် အာနန်ဒါက ပြာသိုပွဲးဟာလဲ လူသွားများတဲ့ ဘုရားပွဲးတော် တစ်ခုပေါ့။ ပြာသိုပွဲးကတော့ လူတိုးရတယ် ၊ ဘုရားဖူးရတယ်။ အာနန်ဒါ တစ်ဆူထဲတင် မဟုပ်ပါ ၊ ပုဂံ၊ညောင်းဦးကဘုရား အစုံကို သွားကြ၊ ဖူးမြော်ကြပါတယ်။ တချို့ ဆို စွယ်တော်လေးဆူး နံနက် ၁၂နာရီအတွင်း ဖူးရင် ကျမ်းမာတယ်လို့  အယူရှိလို့  သွားတာတွေလဲ ရှိသေးတယ်။

  နီးနားက ရွာလေးတွေက ဘုရားပွဲးရက်မှာ လှည်းတွေနဲ့ လာကြတယ်။ ရွာတွေကလာရင် ပွဲးသိမ်းမှ အိမ်ပြန်ကြတာလေ။ လှည်းလေးတွေက ပေါင်မိုးလေးနဲ့  ထမင်းအိုးတွေ ဘာတွေနဲ့  လှည်းဘေးတင် ချက်၊ ပြုတ်စားကြသေး။ ပုဂံက ဘုရားပွဲးတွေက ဗလာပွဲးတွေမို့ ရွာနီးချုပ်စပ်ကလာလို့  မိုးလင်း အားပေး တော့တာပေါ့။ ဗလာပွဲးဆိုတာ စတိတ်စင်ဆောက်ပြီး ကပြတာပါပဲ။ ဒါတောင် သူတို့ တွေမှာ ဖျာခင်းလို့  လူစောင့်နဲ့  တနေကုန်နေရတာပေါ့။ တခြားမြို့ က လာသူတွေကတော့ ညမိုးချုပ်ချုပ်မှ ကိုယ်လူစုနဲ့ ကို၊ ကိုယ့်ကားနဲ့ ကို(စုငှားတာက များပါတယ်) ပြန်ကြတာပေါ့။

  မြန်မာလူမျိုးများ တော်တော် အပျော်အပါး မက်ကြတယ်လို့ ... ဟီးဟီး အထူသဖြင့် ကျမတို့ မြို့ သူ၊ မြို့ သားတွေပါ ........။ အရပ်ဒေသတွေမှာ မတူကွဲးလွဲတဲ့ ဓလေ့တွေနှင့်မို့  ရှေးလူကြီးတွေက သူ့ အရပ်နှင့် သူ့ ဇာတ်လို့  ဆိုရိုးထားခဲ့တယ် ထင်ပါ့နော် ။


5 comments:

Thandar Lwin said...

စောေ၇..
ပြန်လာလည်တယ်နော်။
တို့က စလေသူပါ ။ စော၇ဲ့ဘလော့ ကိုလာလည်တော့ အလွမ်းနဲနဲပြေသွားတယ်။
သန္တာလွင်

စော(အဝါရောင်မြေ) said...

သန္တာလွင်

ကျွန်တော် ဘယ်သူလဲ မသိဘူးလား?
Meeting သွားဦးမှာလား?

ညိမ်းနိုင် said...

ပုပ္ပားက မျောက်တွေ ကဲချက်ကတော့ လွန်ပါ့ဗျာ...။ကိုယ်တွေ့ပဲ...။
ကျွန်တော်တို့လူမျိုးက အပျော်အပါးမက်တယ်တော့ဟုတ်ပါဘူးဗျာ..။
ပျော်ပျော်နေတတ်တာပါ...:)။

ငွေလမင်း said...

နေမကောင်းတာ သက်သာပါပြီ
ဂရုစိုက်ပြီး ပြောသွားတာတွေကို ကျေးဇူးတင်ပါတယ်

ရွှေရတုမှတ်တမ်း said...

ဟာ..စောက ချောက်သူကိုး...အမျိုးတွေတွေ့ကြပြီ..
ကြည့်စမ်း နေမကောင်းလို့ မလည်ဖြစ်တာ အသိနောက်ကျသွားတယ်..