အဘိဏှသုတ် (ဗုဒ္ဓဓမ္မ ဦးလောကနာထ မှ)

အဘိဏှသုတ် (ဗုဒ္ဓဓမ္မ ဦးလောကနာထ မှ ကူးယူဖော်ပြပါသည်)

ကံတရားကို အမြဲမပြတ် ဆင်ခြင်ပါ…

''မိမိ၏ ကံသာလျှင် မိမိဥစ္စာ ရှိ၏၊ ကံ၏ အမွေခံ ဖြစ်၏၊ ကံသာလျှင် အကြောင်းရှိ၏၊ ကံသာလျှင် အဆွေအမျိုး ရှိ၏၊ ကံသာလျှင် ကိုးကွယ် မှီခိုရာရှိ၏၊ ကောင်းသည်ဖြစ်စေ မကောင်းသည်ဖြစ်စေ ငါပြုမိသော ကံ၏ အမွေခံသာ ဖြစ်ရပေမည်'' ဟူ၍ မိန်းမဖြစ်စေ ယောက်ျားဖြစ်စေ လူဖြစ်စေ ရဟန်းဖြစ်စေ မပြတ် ဆင်ခြင်အပ်၏။

ရဟန်းတို့ သတ္တဝါတို့အား ကာယဒုစရိုက် ဝစီဒုစရိုက် မနောဒုစရိုက်သည် ရှိ၏၊ ထို(ကံ) အကြောင်းကို မပြတ် ဆင်ခြင်သော ထိုသူအား မကောင်းမှုသည် အချင်းခပ်သိမ်းမူလည်း ပျောက်ကင်း၏၊ ခေါင်းပါးခြင်းမူလည်း ဖြစ်၏။

''ငါတစ်ယောက်တည်းသာလျှင် ကံသာလျှင် မိမိဥစ္စာရှိသည် ကံ၏ အမွေခံဖြစ်သည် ကံသာလျှင် အကြောင်းရှိသည် ကံသာလျှင် အဆွေအမျိုးရှိသည် ကံသာလျှင် ကိုးကွယ်မှီခိုရာ ရှိသည် ကောင်းသည်ဖြစ်စေ မကောင်းသည် ဖြစ်စေ ငါပြုမိသော ကံ၏ အမွေခံဖြစ်သည် မဟုတ်၊ စင်စစ်မူကား ဤဘုံဘဝသို့ လာခြင်း တစ်ခြားဘုံဘဝသို့ သွားခြင်း စုတေခြင်း ပဋိသန္ဓေ နေခြင်းရှိသည့် သတ္တဝါဟူသမျှ အားလုံးတို့သည် ကံသာလျှင် မိမိဥစ္စာ ရှိကုန်၏၊ ကံ၏ အမွေခံ ဖြစ်ကုန်၏၊ ကံသာလျှင် အကြောင်းရှိကုန်၏၊ ကံသာလျှင် အဆွေအမျိုး ရှိကုန်၏၊ ကံသာလျှင် ကိုးကွယ် မှီခိုရာ ရှိကုန်၏၊ ကောင်းသည်ဖြစ်စေ မကောင်းသည်ဖြစ်စေ ပြုမိသော ကံ၏ အမွေခံတို့သာ ဖြစ်ကြလိမ့်မည်'' ဟု ဆင်ခြင်၏။

ထိုကံအကြောင်းကို မပြတ် ဆင်ခြင်သော ထိုသူအား မဂ်သည် ကောင်းစွာ ဖြစ်ပေါ်လာ၏၊ ထိုအရိယာတပည့်သည် ထိုမဂ်ကို မှီဝဲ၏၊ ပွါးများ၏၊ ကြိမ်ဖန်များစွာ ပြု၏၊ ထိုမဂ်ကို မှီဝဲသော ပွါးများသော ကြိမ်ဖန်များစွာ ပြုသော ထိုသူအား သံယောဇဉ်တို့သည် အချင်းခပ်သိမ်း ပျောက်ကင်းကုန်၏၊ အစဉ်ကိန်းနေသော 'အနုသယ' တရားတို့သည် ကင်းပြတ်ကုန်၏ ဟု မိန့်တော်မူ၏။

Thursday, November 25, 2010

ငယ်ငယ်က (၂)


ငယ်ငယ်ကလေ ခရီးတွေလဲ အများကြီးသွားဘူးတယ်၊ ညီအမတွေ ရန်ဖြစ်လိုက်၊ ဆော့လိုက်နဲ လေ... သိပ်ပျော်ရာကောင်းတယ်။ စောင်တွေ ခါးမှာပတ်၊ တဘက်စောင်ကို အလျှားလိုက်လိပ်ပြီး ခေါင်းမှာပတ် ဆံထုံးဖြစ်ရော။ ပြီးရင် ကုတင်ပေါ် မှာ ခြင်ထောင်ကို အရှေ့ တဝက်တင်၊ အနောက်ကချ လိုက်ကာလုပ်လို့  မင်းသမီးလိုကကြတယ်။ အငယ် ၄ ယောက် ၊ ၂ ယောက်က မင်းသမီးလုပ်ရင်၊ ၂ ယောက်က ပွဲးကြည့်ပရိတ်သတ်လုပ် အောက်မှာထိုင်ကြည့် ရတယ်။ တလဲ့စီ ဆော့ကြတယ်။
မေမေကလေ နေ့ တိုင်းဈေးကိုသွားရတယ်။ တနေ့  တနေ့  နေ့ လယ်စာအတွက် ရာသီအလိုက် သီးနှံကို တစ်နေ့  ၁၀လုံးဝယ် ဝယ်လာရတယ်။ ဒါတောင် တစ်ယောက်တစ်လုံးနူံး။ တခါ တခါ မေမေ့ ဝေစုတောင် ဘယ်သူ အုပ်သွားမှန်း မသိလိုက်ဘူး။

ဘိုမရုပ်လေးတွေ တစ်ယောက် တစ်ရုတ်နဲ့  အကျီလေးတွေလုပ်ဖို့  အစပိုင်းတွေရှာဖြတ်ရတယ် (ဒီမှာ ခုတော့ အသင့်ဝယ်လို့ ရနေပါပြီ)။ ဖေဖေ့အကို တော်တဲ့ ဦးလေးက အိမ်မှာ အတူနေတယ်။ ဦးလေးကလဲ သစ်သားမီးခြစ်ဘူးလေး ၂ခုနဲ့  သရေပင်၂ပင်လိင်ပြီး သေနပ်လုပ်ပေးတယ်။ ကဒ်ထူပြားလေးတွေကို လက်မလောက် လေးထောင့်ပုံညုပ် သရေပင်ကြားထဲ ထည့်ပစ်ရတယ်။ ၄၊ ၅ ပေလောက်ထိသွားတယ် ကဒ်ထူကျည်ဆန်လေးတွေ။ သရက်သီး ၂ စေ့ကို ကြိုးနဲ့ ဖောက်ဆွဲးပြီး ပန်ကာလို လယ်လို့ ရအောင်လဲ လုပ်ပေးတယ်။ ငယ်သေးတော့ ဦးလေး ဘယ်လိုလုပ်တယ်ဆိုတာ ခုတော့ မေ့သွားပြီ။

ကျမ ဦးလေးက အရမ်းဥာဏ်ကောင်းတယ်။ ဦးလေးဆိုလို့  ဦးလေးအကြောင်း ပြောရဦးမယ်။ ဦးလေး ငယ်ငယ်က ရွာမှာနေတုံးကပေါ့ သြဇာစေ့ နှာခေါင်းထဲဝင်သွားတာ လူကြီးတွေက နားနှင့် နှာခေါင်း ဆက်တယ်ဆိုပြီး နားကို လေမှုတ်သန်တဲ့ လူနှစ်ယောက်နဲ့ မှုတ်တာ နားလေးသွာပါရော။ မသိတာလား၊ ဗဟုသုတ နည်းတာလား မပြောတတ်တော့ပါဘူး။

ဒါတောင် ၂တန်းထိ ကျောင်းတက်သေးတယ်။ ၂ တန်းရောက်တော့ အင်္ဂလိပ်ခောတ်မှာ ပညာဝန်လာ စစ်တယ်။ ပညာဝန်က သူ့ ကို စာမေးတာ နားလေးလို့  မကြားဘူးပေါ့။ သူက အဲဒါနဲ့ ရှက်ပြီး ကျောင်းမတက်တော့ဘူး။ ဒါပေမယ့် သူက English လိုလဲ ဖတ်နိုင်တယ်။ ကမ်ဘာလုံးကြီးကို ဘယ်လို ကြည့်ရမယ်လို့ ၊ ဘယ်မှာ ဗမာပြည်၊ ဘယ်ဟာက ဘာနိုင်ငံလို့  ကျမကို သင်ပေးခဲ့တယ်။ နာရီကို ဘယ်လို ရေတွက်ရမယ်။ တစ်နာရီမှာ မိနစ် ၆၀၊ တစ်မိနစ်မှာ စက်ကန့် ၆၀ ဆိုတာက အစ သူသင်ပေးတယ်။ ရွှေပန်းတိန်လုပ်နည်းလဲ သင်ဘူးတယ်။ ဆောင်းတွင်ဆိုရင် ညဘက်မှာ ကောင်းကင်းကို မော့ကြည့်ပြီး ခုနှစ်စင်ကြယ်က ဘယ်လို၊ ဘယ်ဟာ ဓူဝံကြယ်က မြောက်အရပ်မှာ၊ ဒါကဖြောက်ဆိပ်ကြယ်၊ ဘယ်ရာသီမှာ မောင်ရင်ဆိုင်ထမ်းရှိတယ်နဲ့  မီးလှူံးရင် ပြောပြလေ့ရှိတယ်။
ဦးလေးကိုတောင်လွမ်းလာပြီ။ ကျမ ဦးလေး ကို ကျမ သိပ်ချစ်ပါတယ်။ သူက လူပျိုကြီးပါ၊ ဒါတောင် လာစပ်တဲ့ မိန်းမ ၂ ယောက် ရှိတယ်လို့  ဦးလေးက ကြွားဘူးပါတယ်......:P

သူသာနားကြားရရင် နိင်ငံခြားသွားမည့်သူပါ။ သူ့ လာစပ်တဲ့သူတွေကို သူနားမကြား သလိုပဲ မွေးလာတဲ့ ကလေးတွေလဲ နားမကြားတာ ပါလာမယ်ထင်လို့ (မျက်နှာငယ်ရမှာစိုးလို့ ).... လက်မခံလိုက်ပါဘူး။ အဟီး ... ဒါပေမယ့် အသက် ၇၀ လောက်မှ ပေါ်လာတဲ့ Phobecake ကိုတော့ ထမင်းဖိတ်ကြွေးခိုင်းပြီး အိမ်ခေါ်ဘို့ ပြောပါသေးတယ်။ လူပျိုးကြီးဆိုတော့ ရှက်လဲ ရှက်တတ်သေးတယ်။ စရင်လဲ ရှက်ပြီး ရိုက်တတ်သေးတယ်။

မေမေ နှင့် ဦးလေးက အလုပ်နှင့် လက်မပြတ် လုပ်နေတတ်သူတွေပါ။ ဖေဖေကတော့ အစိုးရ အလုပ်တွေနဲ့  ရှုတ်နေတတ်လို့  သမီးတွေနဲ့  ပင်စင်ယူမှပဲ ဆူရ၊ ရန်ဖြစ်ရပါတယ်။ အိမ်မှာက သမီး မိန်းခလေးပဲ ရှိတာဆိုတော့ နေရာတကာ မိန်းခလေးတွေကပဲ လုပ်ရတာပါပဲ။ အိမ်အလုပ်တွေလဲ အကုန်ခွဲးဝေထားသလို ဟင်းဆိုရင်လဲ ဝေပုံကျ သူ့ ဝေစုနဲ့ သူစားရတာပါ။

စာဖတ်တဲ့ အလေ့အကျင့်ကိုတော့ ဖေဖေက ကလေးအရွယ် ကလေးတွေဖတ်ဖို့  ဓမ်မပဒ စာအုပ်ကနေ ဖေဖေ ဖတ်တဲ့ လူကြီးဖတ် လူမှူရေး၊ နိုင်ငံရေး၊ ဘာသာရေး အစုံ ဝယ်ပြီး မြင်မယ့်နေရာမှာတင်တန်တင်၊ ပေးဖတ်ခိုင်းတဲ့ အခါလဲ ရှိပါတယ်။ မေမေလဲ စာအစုံဖတ်တယ်။ ပုံပြင်လေးတွေ၊ ဝတ်ထု ဇာတ်ကြောင်းတွေလဲ ပြောပြတတ်ပါတယ်။ မိဘ၊ ဆရာ၊ ဘိုးဘွား တွေရဲ့ ကျေးဇူးတွေပေါ့။

6 comments:

ရွှေရတုမှတ်တမ်း said...

သမီးစော...
ရေးသာရေး..အိမ်မှာလူမစည်လဲ အားမငယ်နဲ့ ...အဘတို့လဲ ဒီလိုပဲ..
အခန်းဆက်သဘောမျိုးတွေရေးမယ်ဆိုရင် ..နောက်တပုဒ်က ဘယ်လိုပါလိမ့် ဆိုတာမျိုး ဖတ်သူတွေ ဆန့်တငန့်ငန့် ဖြစ်အောင် ထားတတ်ရတယ်.၊ ဥပမာ..ခင်ခင်ထူးရဲ့ မအိမ်ကံ ကို အခန်းဆက်မှာကြည့်..၊ မိတ်ဆွေများတာလဲ မင်္ဂလာပဲ..အသိမိတ်ဆွေ တိုးအောင် လျောက်လည်ကြည့်ပေါ့

စော(အဝါရောင်မြေ) said...

ကျေးဇူးပါ

ရင်ထဲမှာရှိတာကို ရေးခွင့်ရတာကပဲ စိတ်ချမ်းသာစရာလို့ သဘောထားပါတယ်။
Blog လည်း လယ်ပါတယ်။

ငွေလမင်း said...

လာလည်တာကျေးဇူးပါ
မနေ့ကလာဖတ်တယ် မအားလို့စာမေ၇းခဲ့တာ
ညီအစ်မတွေချည်းဆိုတော့ ပျော်စရာကြီးဘဲနေမယ်
စာတွေကိုေ၇းပါ အမြဲအားပေးမယ်

sosegado said...

ညီအမ ခုနှစ်ယောက်လား မောင်နှမခုနှစ်ယောက်လား တော့မသိ၊
တော်တော်ပျော်စရာကောင်းမှာပါ၊
ကျနော်မှာတော့ ဝမ်းကွဲညီအစ်ကိုမောင်နှမ ၄၀ ကျော်ရှိတယ်၊
ဝမ်းကွဲတွေနဲ့ ပြန်ကြွားတာ၊း)
ငယ်ငယ်က အကြောင်းလေးတွေဖတ်သွားပါတယ်။

စော(အဝါရောင်မြေ) said...

အလည္လာတဲ့
ငွေလမင်း မိသားစုလေးကို ကျေးဇူးတင်ပါတယ်။
စာတွေလဲ လာဖတ်ပါ ဦးမယ် ... စိတ်ဝင်စားစရာလေးတွေမို့ လေ..

စော(အဝါရောင်မြေ) said...

ညီအမ (၇) ယောက်ပါ၊ ဝမ်းကွဲးက အယောက် ၂၀ ပဲရှိတယ်

အလည်လာတဲ့ sosegado ကိုလည်း ကျေးဇူးပါ