အဘိဏှသုတ် (ဗုဒ္ဓဓမ္မ ဦးလောကနာထ မှ)

အဘိဏှသုတ် (ဗုဒ္ဓဓမ္မ ဦးလောကနာထ မှ ကူးယူဖော်ပြပါသည်)

ကံတရားကို အမြဲမပြတ် ဆင်ခြင်ပါ…

''မိမိ၏ ကံသာလျှင် မိမိဥစ္စာ ရှိ၏၊ ကံ၏ အမွေခံ ဖြစ်၏၊ ကံသာလျှင် အကြောင်းရှိ၏၊ ကံသာလျှင် အဆွေအမျိုး ရှိ၏၊ ကံသာလျှင် ကိုးကွယ် မှီခိုရာရှိ၏၊ ကောင်းသည်ဖြစ်စေ မကောင်းသည်ဖြစ်စေ ငါပြုမိသော ကံ၏ အမွေခံသာ ဖြစ်ရပေမည်'' ဟူ၍ မိန်းမဖြစ်စေ ယောက်ျားဖြစ်စေ လူဖြစ်စေ ရဟန်းဖြစ်စေ မပြတ် ဆင်ခြင်အပ်၏။

ရဟန်းတို့ သတ္တဝါတို့အား ကာယဒုစရိုက် ဝစီဒုစရိုက် မနောဒုစရိုက်သည် ရှိ၏၊ ထို(ကံ) အကြောင်းကို မပြတ် ဆင်ခြင်သော ထိုသူအား မကောင်းမှုသည် အချင်းခပ်သိမ်းမူလည်း ပျောက်ကင်း၏၊ ခေါင်းပါးခြင်းမူလည်း ဖြစ်၏။

''ငါတစ်ယောက်တည်းသာလျှင် ကံသာလျှင် မိမိဥစ္စာရှိသည် ကံ၏ အမွေခံဖြစ်သည် ကံသာလျှင် အကြောင်းရှိသည် ကံသာလျှင် အဆွေအမျိုးရှိသည် ကံသာလျှင် ကိုးကွယ်မှီခိုရာ ရှိသည် ကောင်းသည်ဖြစ်စေ မကောင်းသည် ဖြစ်စေ ငါပြုမိသော ကံ၏ အမွေခံဖြစ်သည် မဟုတ်၊ စင်စစ်မူကား ဤဘုံဘဝသို့ လာခြင်း တစ်ခြားဘုံဘဝသို့ သွားခြင်း စုတေခြင်း ပဋိသန္ဓေ နေခြင်းရှိသည့် သတ္တဝါဟူသမျှ အားလုံးတို့သည် ကံသာလျှင် မိမိဥစ္စာ ရှိကုန်၏၊ ကံ၏ အမွေခံ ဖြစ်ကုန်၏၊ ကံသာလျှင် အကြောင်းရှိကုန်၏၊ ကံသာလျှင် အဆွေအမျိုး ရှိကုန်၏၊ ကံသာလျှင် ကိုးကွယ် မှီခိုရာ ရှိကုန်၏၊ ကောင်းသည်ဖြစ်စေ မကောင်းသည်ဖြစ်စေ ပြုမိသော ကံ၏ အမွေခံတို့သာ ဖြစ်ကြလိမ့်မည်'' ဟု ဆင်ခြင်၏။

ထိုကံအကြောင်းကို မပြတ် ဆင်ခြင်သော ထိုသူအား မဂ်သည် ကောင်းစွာ ဖြစ်ပေါ်လာ၏၊ ထိုအရိယာတပည့်သည် ထိုမဂ်ကို မှီဝဲ၏၊ ပွါးများ၏၊ ကြိမ်ဖန်များစွာ ပြု၏၊ ထိုမဂ်ကို မှီဝဲသော ပွါးများသော ကြိမ်ဖန်များစွာ ပြုသော ထိုသူအား သံယောဇဉ်တို့သည် အချင်းခပ်သိမ်း ပျောက်ကင်းကုန်၏၊ အစဉ်ကိန်းနေသော 'အနုသယ' တရားတို့သည် ကင်းပြတ်ကုန်၏ ဟု မိန့်တော်မူ၏။

Friday, March 25, 2011

မြန်မာငလျှင်

 ကျမ မြန်မာပြည်က ငလျှင်အကြောင်းသိချင်တာနှင့် အင်တာနက်ကနေ ရှာလိုက်တာ http://blogs.cfr.org/asia/2011/03/24/earthquake-in-burma/ ဒီထဲကနေပြီ ဒီလိုရေးထားတာကို ဝမ်းနည်းစရာတွေ့ ရပါတယ်။

Earthquake in Burma


Children sit amidst the debris of their destroyed homes southwest of Yangon May 7, 2008. (STR New/Courtesy Reuters)
The USGS reported earlier today that a strong, 7.0 magnitude earthquake hit northeastern Burma Thursday evening Burmese time. There are few, sketchy reports of damage, but it will be interesting to watch and compare the response to Japan. The Burmese government is not, shall we say, very interested in transparency, and after Cyclone Nargis in 2008, which killed over 130,000 people, the government hid the scope of the disaster, purposefully slowed down relief efforts, and, after some time, tossed out international aid groups. A similar response to this earthquake could ensure major tragedy.

    ကျမနဲ့  သိတဲ့သူတွေကို မေးကြည့်တာ ရန်ကုန်မှာလဲ အထပ်မြင့်မှာနေတဲ့သူတွေပဲသိကြတဲ့ အကြောင်း။ အထပ်နိမ်သမားတွေကတော့ လှုတ်တာတောင်းမသိလိုက်ကြပါဘူးတဲ့။
    နေပြည်တော်မှာလဲ ရုံးတွေဘာမှ ဖြစ်ပုံမရပေမယ့်၊ မြေညီတည်းခိုခန်းမှာ နေသူတွေကတော့ ကြောက်ရွံ့  တုန်လှုတ်ကြကြောင်းပဲ သိရပါတယ်။ ကိုယ်တိုင်သွားမကြည့်နိုင်လို တခြားဆုံးရုံးမှုတော့ မသိပါဘူး။ မြန်မာပြည်မှာ ကျေညာခြင်းမရှိဘူးလို့ လဲပြောတယ်။ ရေဒီယိုကလဲ နားထောင်တဲ့သူနည်းလာလို့  ကြေညာတယ်လို သိနိုင်မယ် မထင်မိပါဘူး။

No comments: