အဘိဏှသုတ် (ဗုဒ္ဓဓမ္မ ဦးလောကနာထ မှ)

အဘိဏှသုတ် (ဗုဒ္ဓဓမ္မ ဦးလောကနာထ မှ ကူးယူဖော်ပြပါသည်)

ကံတရားကို အမြဲမပြတ် ဆင်ခြင်ပါ…

''မိမိ၏ ကံသာလျှင် မိမိဥစ္စာ ရှိ၏၊ ကံ၏ အမွေခံ ဖြစ်၏၊ ကံသာလျှင် အကြောင်းရှိ၏၊ ကံသာလျှင် အဆွေအမျိုး ရှိ၏၊ ကံသာလျှင် ကိုးကွယ် မှီခိုရာရှိ၏၊ ကောင်းသည်ဖြစ်စေ မကောင်းသည်ဖြစ်စေ ငါပြုမိသော ကံ၏ အမွေခံသာ ဖြစ်ရပေမည်'' ဟူ၍ မိန်းမဖြစ်စေ ယောက်ျားဖြစ်စေ လူဖြစ်စေ ရဟန်းဖြစ်စေ မပြတ် ဆင်ခြင်အပ်၏။

ရဟန်းတို့ သတ္တဝါတို့အား ကာယဒုစရိုက် ဝစီဒုစရိုက် မနောဒုစရိုက်သည် ရှိ၏၊ ထို(ကံ) အကြောင်းကို မပြတ် ဆင်ခြင်သော ထိုသူအား မကောင်းမှုသည် အချင်းခပ်သိမ်းမူလည်း ပျောက်ကင်း၏၊ ခေါင်းပါးခြင်းမူလည်း ဖြစ်၏။

''ငါတစ်ယောက်တည်းသာလျှင် ကံသာလျှင် မိမိဥစ္စာရှိသည် ကံ၏ အမွေခံဖြစ်သည် ကံသာလျှင် အကြောင်းရှိသည် ကံသာလျှင် အဆွေအမျိုးရှိသည် ကံသာလျှင် ကိုးကွယ်မှီခိုရာ ရှိသည် ကောင်းသည်ဖြစ်စေ မကောင်းသည် ဖြစ်စေ ငါပြုမိသော ကံ၏ အမွေခံဖြစ်သည် မဟုတ်၊ စင်စစ်မူကား ဤဘုံဘဝသို့ လာခြင်း တစ်ခြားဘုံဘဝသို့ သွားခြင်း စုတေခြင်း ပဋိသန္ဓေ နေခြင်းရှိသည့် သတ္တဝါဟူသမျှ အားလုံးတို့သည် ကံသာလျှင် မိမိဥစ္စာ ရှိကုန်၏၊ ကံ၏ အမွေခံ ဖြစ်ကုန်၏၊ ကံသာလျှင် အကြောင်းရှိကုန်၏၊ ကံသာလျှင် အဆွေအမျိုး ရှိကုန်၏၊ ကံသာလျှင် ကိုးကွယ် မှီခိုရာ ရှိကုန်၏၊ ကောင်းသည်ဖြစ်စေ မကောင်းသည်ဖြစ်စေ ပြုမိသော ကံ၏ အမွေခံတို့သာ ဖြစ်ကြလိမ့်မည်'' ဟု ဆင်ခြင်၏။

ထိုကံအကြောင်းကို မပြတ် ဆင်ခြင်သော ထိုသူအား မဂ်သည် ကောင်းစွာ ဖြစ်ပေါ်လာ၏၊ ထိုအရိယာတပည့်သည် ထိုမဂ်ကို မှီဝဲ၏၊ ပွါးများ၏၊ ကြိမ်ဖန်များစွာ ပြု၏၊ ထိုမဂ်ကို မှီဝဲသော ပွါးများသော ကြိမ်ဖန်များစွာ ပြုသော ထိုသူအား သံယောဇဉ်တို့သည် အချင်းခပ်သိမ်း ပျောက်ကင်းကုန်၏၊ အစဉ်ကိန်းနေသော 'အနုသယ' တရားတို့သည် ကင်းပြတ်ကုန်၏ ဟု မိန့်တော်မူ၏။

Sunday, March 13, 2011

ကျမနှစ်သက်သော ဆရာနန္ဒသိန်းဇံ စာအုပ်ကလေး အကြောင်း

  ပြီးခဲ့တဲ့ ရက်သတ္တပါတ်က အွန်လိုင်းစာကြည့်ခန်းက နေ စာအုပ်ကောင်းလေး တစ်အုပ်ကို ဖတ်ကြည့် မိရင်းက ကိုယ့်လိုပဲ နှစ်သက်ကြရင် ဖတ်ကြည့်စေလိုတဲ့ စေတနာလေးနဲ့ ကြိုးစားပြီး နှစ်သက်ရာလေးတွေကို ဆရာ့ပြောပြထားတဲ့ အတိုင်း ရိုက်ပြီး တင်ပေးခြင်ပါတယ်။ သူငယ်ချင်းကောင်း၊ မိတ်ဆွေကောင်းဆိုတာ ကိုမှာ ကောင်းတာလေး ရှိရင် မျှဝေခြင်တတ်တဲ့ ဆန္ဒလေး ရှိတတ်တဲ့ အတိုင်းပေါ့နော် ။

   ငှက်လေး တစ်ကောင်ဟာ အစာရှာဘို့ ပျံသန်းလာတယ်။ ဒီလို ပျံသန်းလာရင်း အတောင်တွေက ညောင်းလာတော့ "လေမရှိရင် သိပ်ကောင်းမှာပဲ။ ခုတော့ လေရှိနေလို့  ငါမှာ ပျံလိုက်ရတာ အတောင်တွေကို ညောင်းနေတာဘဲ " လို့  ညည်းညူလိုက်မိတယ် . . .။  ဒီလိုညည်းညူလိုက်တာကို လေက ကြားသွားတယ်။ ဒီတော့ လေက ငှက်ကလေးကို " ငှက်ကလေးရာယ်၊ စဉ်းစားပါဦးကွယ် လေရှိနေလို့ သာ သင်ဟာ လိုရာကို အစာရှာသွားနိုင်တယ်။ အချိန်မှီ အိပ်တန်းကို ရောက်အောင်လဲ ပျံနိုင်ပြီး အိပ်စက်နားနေနိုင်တာ မဟုပ်လား" လို့ ပြောတယ် . . .။
   ဒီတော့မှ ငှက်ကလေးဟာ သဘောပေါက်သွားပြီး " အသင်လေကို ကျေးဇူးတင်ပါတယ်။ ဘယ်တော့မှ သင့်ရဲ့ ကျေးဇူးကို မမေ့ပါဘူး" လို့ ပြောပြီး ဆက်လက်ပျံသန်းသွားတယ်။
    မိတ်ကောင်း ဆွေကောင်းဆိုတာ   မိမိကို   အင်မတန်ပေးနိုင် ခက်တဲ့ အရာကို ပေးတတ်တယ်။ အင်မတန် ပြုနိုင်ခက်တဲ့ အမူမျိုး၊ အကူအညီမျိုးကို လုပ်ဆောင်ပေးတတ်တယ်။  .. .. ..
.. .. ..   အန္တရာယ်တွေနှင့် ကြုံတွေ့ လာတဲ့အခါမှာလဲ မိမိကို စွန့် ပစ် ကျောခိုင်းမသွားဘူး။ . . .    အကြောင်းမသင့်လို့  မိမိမှာ ပစ္စည်းဥစ္စာ ဆင်းရဲသွားတဲ့ အခါမျိုး၊ အဆင့်အတန်း လျှောဆင်းနိမ့်ကျသွားတဲ့ အခါမျိုးမှာလဲ မိမိကို မထီမဲ့မြင် မပြုဘူး။ အထင်သေးတဲ့ အပြောမျိုးနှင့် မပြောဘူး။ အထင်သေးတဲ့ အကြည့်မျိုးနဲ့  မကြည့်တတ်ဘူး။

.. .. ..   . . .   ..  ..  ..   . . .

" အောင်မြင်ခြင်းမှာ မိတ်ဆွေတွေ အများကြီးရှိတယ်" ...
" ချမ်းသာတဲ့ သူဟာ မိမိကို တဖက်သားက တကယ်စစ်မှန်တဲ့ မေတ္တာနဲ့ ချစ်တယ်၊မချစ်ဘူး ဆိုတာကို အမှန်မသိနိုင်ဘူး။
....
လှည့်စားသည်ကို လှည့်စားသည်ဟူသိ၍ လှည့်စားခြင်းမှ လွတ်မြောက်ခြင်း  . . - -
.. .. ..                   :D

လူငယ်တို့ သည် ငိုကြွေးခြင်းဟူသော အားရှိကုန်၏။ မိန်းမတို့ သည် အမျက်ထွက်ခြင်းဟူသော အားရှိကုန်၏။ ခိုးသူတို့ သည် လက်နက်ဟူသော အားရှိကုန်၏။ မင်းတို့ သည် အစိုးရခြင်း အာဏာဟူသော အားရှိကုန်၏။ ပညာရှိတို့ သည် အကျိုးရှိ၊ မရှိကို ရှုမြင်ခြင်းဟူသော အားရှိကုန်၏။ သာမဏ၊ ဗြဟ္မဏ တို့ သည် သည်းခံခြင်းဟူသော အားရှိကုန်၏။ လူမိုက်တို့ သည် ပြစ်တင် ကဲ့ရဲ့ခြင်းဟူသော အားရှိကုန်၏။
....
လောကမှာ ပြစ်တင် ကဲ့ရဲ့ လွတ်တဲ့သူရာယ်လို့  မရှိနိုင်ပါဘူး။ ဟိုတုံးကလဲ မရှိခဲ့ဘူး။ ခုလဲ မရှိဘူး၊ နောင်လဲ ရှိမှာ မဟုတ်ဘူးတဲ့။ အပြစ်တင်ချင်သူကတော့ ကြံဖန်ပြီး အပြစ်တင် ကဲ့ရဲ့မှာပါပဲ။ ကိုယ်မှားနေရင် ဘယ်လို မှားနေတယ်၊ ဘယ်လို ပြင်သင့်တယ် ဆိုတာကို ထောက်ပြတတ်တဲ့ မိတ်ဆွေကောင်းမျိုးဆိုတာ ရှားပါတယ်။

ကိုက ကောင်းတာ မှန်တာကို လုပ်ကိုင် ဆောင်ရွက် ကြိုးစားနေပါလျက်နဲ့  ပြစ်တင်ကဲ့ရဲ့ ရှုတ်ချလာရင်တော့လဲ မိုက်မဲသူတွေရဲ့ ကဲ့ရဲ့ခြင်း၊ ချီမွမ်းခြင်း ဟာပဓာန မဟုတ်ပါဘူး ဆိုတဲ့ ဗုဒ္ဓရဲ့  စကားအတိုင်း ဂရုစိုက်မနေဘဲ ကိုယ့်အလုပ် ကိုယ်ဆက်လုပ်ဖို့ ပါပဲ။ . . .
   ......
   လူ လူခြင်း ဆက်ဆံတဲ့ အခါ၊ တဖက်သားကို ကူညီတဲ့ အခါမှာ ဗဟုသုတ အတွေ့ အကြုံနည်းနေလို့  ပညာ အမျှော်အမြင် လိုနေလို့  ငါ့ရဲ့ ကူညီမှု ဆကဆံရိုင်းပင်းမှုဟာ ချွတ်ချော်တဲ့အတွက် ကိုယ့်ကို တစ်ဖက်လူက အထင်မှား အမြင်မှား ဖြစ်ပြီး ငါ့ကို မဖွယ်မရာ တုံ့ ပြန်လေရော့လား လို့ လဲ ဆင်ခြင်ရမယ်တဲ့။
.. .. .. .. ..
   ကိုယ်က မိတ်ဆွေကောင်းတို့ ရဲ့ ဂုဏ်အင်္ဂါနဲ့ ညီအောင် အတတ်နိုင်ဆုံး ဆက်ဆံပြုမူပေမယ့် တစ်ဖက်လူတွေက ကောင်းမွန်စွာ မတုံ့ ပြန်ရုံမက ကိုယ့်အကျိုးကို ပျက်စီးအောင် လုပ်လာတယ်ဆိုရင်လဲ အားငယ် စိတ်ပျက်စရာတော့ မလိုပါဘူး။   ဒီလို လူမျိုးတွေကို ရှောင်သင့်ကရှောင်၊ ဖယ်သင့်က ဖယ်ပြီး ကျွန်တော်တို့ ရဲ့ စေတနာ၊ ပညာ၊ ဝီရိယတွေ ကိုပဲ မိတ်ဆွေကောင်းအဖြစ်၊ အဖော်မွန်အဖြစ် ပေါင်းသင်းဆက်ဆံပြီး ဘဝခရီးကို တည်ငြိမ်စွာနဲ့  ကိုယ်ရည်မှန်းထားတဲ့ ပန်းတိုင်ရောက်သည်အထိ လျှောက်လှမ်းသင့်တယ်လို့  . . . . .

   ဒါတွေက ကျမကြိုက်တဲ့ စာသားတွေ ထုတ်နုတ်ထားတာပါ။ အမှန်ကတော့ ကျမက အကုန်လုံးကြိုက်ပါတယ်။  အကုန်လုံးလဲ မရိုက်နိုင်ပါဘူး၊ ပြီးတော့လဲ ဆရာ့စာအုပ်လေးကို သွားဖတ်ကြည့်စေခြင်တာရှင့် ။  :P

အစ အဆုံး ဖတ်ကြည့်ဖို့ တိုက်တွန်းပါတယ်။ အောက်ကပေးထာတဲ့ လင့်ကလေးကနေပြီး ဖတ်ဖြစ်အောင်ဖတ်ဖို့  တိုက်တွန်းလိုက်ပါတယ်နော်။ ဆရာက နံမည် ကျော်ပြီးသားပါ၊ ကျော်ညာပေးဖို့ မလိုပါဘူး။ ဒါပေမယ့် ကိုယ်ဖတ်ရတာကို သူများတွေလဲ ဖတ်ဖြစ်အောင်လို့  တိုက်တွန်းတာပါနော်။ စာမျက်နှာ ၄၉ မျက်နှာပဲ ရှိပါတယ်။ ဖတ်ရတာ ဘယ်လိုလဲဆိုတာ သိစေခြင်လို့ ပါ။

http://eastwindburma.net/bur/images/pdf/go%20to%20distance%20with%20realfrienddgty.pdf

No comments: