အဘိဏှသုတ် (ဗုဒ္ဓဓမ္မ ဦးလောကနာထ မှ)
အဘိဏှသုတ် (ဗုဒ္ဓဓမ္မ ဦးလောကနာထ မှ ကူးယူဖော်ပြပါသည်)
ကံတရားကို အမြဲမပြတ် ဆင်ခြင်ပါ…
''မိမိ၏ ကံသာလျှင် မိမိဥစ္စာ ရှိ၏၊ ကံ၏ အမွေခံ ဖြစ်၏၊ ကံသာလျှင် အကြောင်းရှိ၏၊ ကံသာလျှင် အဆွေအမျိုး ရှိ၏၊ ကံသာလျှင် ကိုးကွယ် မှီခိုရာရှိ၏၊ ကောင်းသည်ဖြစ်စေ မကောင်းသည်ဖြစ်စေ ငါပြုမိသော ကံ၏ အမွေခံသာ ဖြစ်ရပေမည်'' ဟူ၍ မိန်းမဖြစ်စေ ယောက်ျားဖြစ်စေ လူဖြစ်စေ ရဟန်းဖြစ်စေ မပြတ် ဆင်ခြင်အပ်၏။
ရဟန်းတို့ သတ္တဝါတို့အား ကာယဒုစရိုက် ဝစီဒုစရိုက် မနောဒုစရိုက်သည် ရှိ၏၊ ထို(ကံ) အကြောင်းကို မပြတ် ဆင်ခြင်သော ထိုသူအား မကောင်းမှုသည် အချင်းခပ်သိမ်းမူလည်း ပျောက်ကင်း၏၊ ခေါင်းပါးခြင်းမူလည်း ဖြစ်၏။
''ငါတစ်ယောက်တည်းသာလျှင် ကံသာလျှင် မိမိဥစ္စာရှိသည် ကံ၏ အမွေခံဖြစ်သည် ကံသာလျှင် အကြောင်းရှိသည် ကံသာလျှင် အဆွေအမျိုးရှိသည် ကံသာလျှင် ကိုးကွယ်မှီခိုရာ ရှိသည် ကောင်းသည်ဖြစ်စေ မကောင်းသည် ဖြစ်စေ ငါပြုမိသော ကံ၏ အမွေခံဖြစ်သည် မဟုတ်၊ စင်စစ်မူကား ဤဘုံဘဝသို့ လာခြင်း တစ်ခြားဘုံဘဝသို့ သွားခြင်း စုတေခြင်း ပဋိသန္ဓေ နေခြင်းရှိသည့် သတ္တဝါဟူသမျှ အားလုံးတို့သည် ကံသာလျှင် မိမိဥစ္စာ ရှိကုန်၏၊ ကံ၏ အမွေခံ ဖြစ်ကုန်၏၊ ကံသာလျှင် အကြောင်းရှိကုန်၏၊ ကံသာလျှင် အဆွေအမျိုး ရှိကုန်၏၊ ကံသာလျှင် ကိုးကွယ် မှီခိုရာ ရှိကုန်၏၊ ကောင်းသည်ဖြစ်စေ မကောင်းသည်ဖြစ်စေ ပြုမိသော ကံ၏ အမွေခံတို့သာ ဖြစ်ကြလိမ့်မည်'' ဟု ဆင်ခြင်၏။
ထိုကံအကြောင်းကို မပြတ် ဆင်ခြင်သော ထိုသူအား မဂ်သည် ကောင်းစွာ ဖြစ်ပေါ်လာ၏၊ ထိုအရိယာတပည့်သည် ထိုမဂ်ကို မှီဝဲ၏၊ ပွါးများ၏၊ ကြိမ်ဖန်များစွာ ပြု၏၊ ထိုမဂ်ကို မှီဝဲသော ပွါးများသော ကြိမ်ဖန်များစွာ ပြုသော ထိုသူအား သံယောဇဉ်တို့သည် အချင်းခပ်သိမ်း ပျောက်ကင်းကုန်၏၊ အစဉ်ကိန်းနေသော 'အနုသယ' တရားတို့သည် ကင်းပြတ်ကုန်၏ ဟု မိန့်တော်မူ၏။
Monday, March 21, 2011
မိန်းကလေးများအတွက်သတိပြုစရာ
          အင်း ဘဝ ၊ ဘဝ တွေထဲမှာမှ လူဘဝ၊ လူဘဝထဲမှာမှ မိန်းမ ဘဝ လို့  စဉ်းစား ဆင်ခြင်မိပါတော့တယ်။ မယူခင်တုံးကတော့ မိန်းခလေးတွေကို နည်းမျိုးစုံသုံးပြီး ပိုးပါတယ်။ 
ဒီမနက်လေးတင် သူငယ်ချင်းကပို့ လာသော Forward mail ကနေ မိန်းခလေးများရဲ့ ရာဂစိတ်ကို နိုးထအောင်လုပ်ထားသော ကော်ဖီမုန့်  အကြောင်း Website နှင့် တကွပို့ လာတာဖတ်ရပါတယ်။
မိန်းကလေးများအတွက်သတိပြုစရာ ကော်ဖီထုတ်
ကာမစိတ်ကို နှိုးဆွနိုင်သော ကော်ဖီမစ်များ ဈေးကွက်အတွင်း တရားမ၀င်လမ်းကြောင်းများမှတစ်ဆင့် တွင်ကျယ်စွာတင်သွင်းရောင်းချနေခြင်းကြောင့် လူငယ်များ အကြားအသုံးချမှု မှားယွင်းကာမလိုလားအပ်သော လူမှုရေးပြဿနာများဖြစ်လာနိုင်စရာရှိကြောင်း၊ ယင်းကဲ့သို့ဖြစ်လာနိုင်သည့် အခြေအနေများကိုတွေးဆ၍ မိဘများနှင့်ဆရာ၊ ဆရာမတချို့မှလည်း စိုးရိမ်ပူပန်လျက်ရှိကြောင်းသိရသည်။
ကော်ဖီမစ်ထုတ်များမှာ ၂ မျိုးခွဲထားကြောင်းသိရသည်။အမျိုးသားများ သောက်ရန်တမျိုး နှင့် အမျိုးသမီးများ အတွက်တမျိုးထုတ်လုပ်ထားကြောင်းသိရသည် ။ အမျိုးအစားမှာ ဘရာဇီးကော်ဖီဖြစ်ကြောင်း၊ ရေနွေးတွင် ပျော်ဝင်မှုမြန်ကြောင်း။ အခြားကော်ဖီများနှင့် အရောင်အသွေးခပ်ဆင်ဆင်တူကြောင်း၊ သောက်နေစဉ် အချိန်အတွင်း ကာမစိတ်ကိုနိုးကြွစေနိုင်ကြောင်း၊ ဆန့်ကျင်ဖက်လိင်နှင့် တွေ့လာပါက ကာမစိတ်များဖြစ်ပေါ်စေနိုင်ကြောင်း အင်္ဂလိပ်ဘာသာဖြင့် အညွှန်းရေးသားထားသည်။
ထိုကော်ဖီကို လူငယ်ယောင်္ကျားလေးများ အများဆုံးဝယ်ယူကြကြောင်းတွေရှိရသည်။ူ
ယခင်က ပီကေ၊သကြားလုံးများ သာခေတ်စားနေပြီး ယခုအခါ အမျိုးသမီးမိန်းကလေးများသတိမထားမိသည့် ကော်ဖီကို အသုံးများလာကြောင်း သိရသည်။
ကော်ဖီဧ။် ဈေးနှုန်းမှာလည်း အများဝယ်ယူသုံးစွဲ နိုင်သော အနေအထားဖြစ်နေခြင်းကြောင့် လူငယ်အမျိုးသားများ ၀ယ်ယူမှုနှုန်းများလာကြောင်းသိရသည်။
ကော်ဖီ၏အာနိသင်မှာ သောက်ပြီးရင် စိတ်တွေလန်းဆန်းသွားမယ်၊ ကာမစိတ်နိုးကြားတာတွေဖြစ်မယ်၊ ကိုယ့်စိတ်ကိုကိုယ်မထိန်းချုပ်နိုင်တော့ဘဲ နောက်ဆုံးအဆင့်တွင် အိပ်ပျော်သွားမည်ဖြစ်ကြောင်းသိရသည်။
နာမည်မှာ Men`s Coffee နှင့် အမျိုးသမီးများအတွက်ကို တရုတ်အမည်ဖြင့်ဖြစ်သည်။
ကဲဒီလောက်ဆို ပျိုမေတွေရော၊ ကိုကိုတွေရော ဗဟုသုတအနေနဲ့တော့တော်တော်သိသွားပြီထင်ပါတယ်
အားလုံးကို အစ်မ၊ ညီမတွေလိုသဘောထားလို့ပြောပြလိုက်တာပါ။
http://www.pisense.com/Sex-Medicine/3.html
 အပေါ်ပုံက ယောင်္ကျားလေးတွေ အတွက်ပါတဲ့။
အောက်ကပုံကတော့ အမျိုးသမီးလေးတွေ အတွက်ပါ။
 ဒါမျိုးတွေ အရင်ကလည်း နည်းမျိုးစုံးနှင့် ပုံစံမျိုးစုံ ပေါ်ပေါက်ခဲ့ဘူးလောက်ပါသည်။ ခုလည်းပဲ အလွန်းလွယ်လွန်းလို့  လူငယ် လေးတွေ၊ မိန်းမငယ်လေးတွေ သတိထားမိစေရန် ရည်ရွယ်ပြီ Forward Mail မှ ရသော စာကို ပြန်လည် မျှဝေလိုက်ပါတယ်။
Tuesday, March 15, 2011
ကာတွန်းဆွဲးတဲ့ ဆရာအော်ပီကျယ်ရဲ့  `သူမနှင့် သူ' - အဆက်
   ဆရာရဲ့  သူနှင့် သူမ ကာတွန်းလေး ဆက်တင်ပေးပါမယ်။ လူတွေ အားလုံး ထိတ်လန့်  စိတ်မကောင်းဖြစ်နေပေမယ့် လူဆိုတာ စိတ်ညစ်စရာ၊ စိတ်မကောင်းစရာထဲမှာ ကြာရှည်နေရင် မကောင်းပါဘူး။
   စိတ်ဖြေလျှော့ကြရအောင်ပါနော်   ။   နောက်ဆက်တွဲး ကာတွန်းလေးတွေ ဖတ်လိုက်ကြရအောင်နော်။
၅။  စာဖတ်တဲ့ နေရာမှာလဲ သဘောထားကွဲးလွဲးကြောင်းကို ဆရာက ဘယ်လို တွေ့ ရှိထားပြန်ပါသလဲ လို့လေ။
၆။   ဆရာက သူမြင်ရတဲ့ သွားလာ၊ နေထိုင်မူ မတူတာလေးကိုလဲ ဒီလို သရုတ်ဖော်ထားတာက ရီစရာလေး။
၇။   မှတ်မိတာခြင်း ပြိုင်ရင် ဘယ်သူနိုင် မလဲတဲ့။
၈။   နားသောတဆင်ရာ မှာလဲ ဒီလို ဒီလို ရှိ၏။    :P
၉။   ဒါကတော့ ကမ္ဘာမြေကြီးရဲ့  စွဲးအားနှင့် အပြိုင် သူ နှင့် သူမတို့ အပြိုင် ဆွဲဆောင်ခြင်းပါတဲ့။
  ကျမလေးစားရပါသော ဆရာ အော်ပီကျယ်ရဲ့  ကာတွန်းလေးတွေကို ဖတ်ရှုရင်း ရယ်မော နိုင်ကြပါစေလို့ ။
Sunday, March 13, 2011
ကျမနှစ်သက်သော ဆရာနန္ဒသိန်းဇံ စာအုပ်ကလေး အကြောင်း
  ပြီးခဲ့တဲ့ ရက်သတ္တပါတ်က အွန်လိုင်းစာကြည့်ခန်းက နေ စာအုပ်ကောင်းလေး တစ်အုပ်ကို ဖတ်ကြည့် မိရင်းက ကိုယ့်လိုပဲ နှစ်သက်ကြရင် ဖတ်ကြည့်စေလိုတဲ့ စေတနာလေးနဲ့ ကြိုးစားပြီး နှစ်သက်ရာလေးတွေကို ဆရာ့ပြောပြထားတဲ့ အတိုင်း ရိုက်ပြီး တင်ပေးခြင်ပါတယ်။ သူငယ်ချင်းကောင်း၊ မိတ်ဆွေကောင်းဆိုတာ ကိုမှာ ကောင်းတာလေး ရှိရင် မျှဝေခြင်တတ်တဲ့ ဆန္ဒလေး ရှိတတ်တဲ့ အတိုင်းပေါ့နော် ။
   ငှက်လေး တစ်ကောင်ဟာ အစာရှာဘို့ ပျံသန်းလာတယ်။ ဒီလို ပျံသန်းလာရင်း အတောင်တွေက ညောင်းလာတော့ "လေမရှိရင် သိပ်ကောင်းမှာပဲ။ ခုတော့ လေရှိနေလို့  ငါမှာ ပျံလိုက်ရတာ အတောင်တွေကို ညောင်းနေတာဘဲ " လို့  ညည်းညူလိုက်မိတယ် . . .။  ဒီလိုညည်းညူလိုက်တာကို လေက ကြားသွားတယ်။ ဒီတော့ လေက ငှက်ကလေးကို " ငှက်ကလေးရာယ်၊ စဉ်းစားပါဦးကွယ် လေရှိနေလို့ သာ သင်ဟာ လိုရာကို အစာရှာသွားနိုင်တယ်။ အချိန်မှီ အိပ်တန်းကို ရောက်အောင်လဲ ပျံနိုင်ပြီး အိပ်စက်နားနေနိုင်တာ မဟုပ်လား" လို့ ပြောတယ် . . .။
   ဒီတော့မှ ငှက်ကလေးဟာ သဘောပေါက်သွားပြီး " အသင်လေကို ကျေးဇူးတင်ပါတယ်။ ဘယ်တော့မှ သင့်ရဲ့ ကျေးဇူးကို မမေ့ပါဘူး" လို့ ပြောပြီး ဆက်လက်ပျံသန်းသွားတယ်။
    မိတ်ကောင်း ဆွေကောင်းဆိုတာ   မိမိကို   အင်မတန်ပေးနိုင် ခက်တဲ့ အရာကို ပေးတတ်တယ်။ အင်မတန် ပြုနိုင်ခက်တဲ့ အမူမျိုး၊ အကူအညီမျိုးကို လုပ်ဆောင်ပေးတတ်တယ်။  .. .. ..
.. .. ..   အန္တရာယ်တွေနှင့် ကြုံတွေ့ လာတဲ့အခါမှာလဲ မိမိကို စွန့် ပစ် ကျောခိုင်းမသွားဘူး။ . . .    အကြောင်းမသင့်လို့  မိမိမှာ ပစ္စည်းဥစ္စာ ဆင်းရဲသွားတဲ့ အခါမျိုး၊ အဆင့်အတန်း လျှောဆင်းနိမ့်ကျသွားတဲ့ အခါမျိုးမှာလဲ မိမိကို မထီမဲ့မြင် မပြုဘူး။ အထင်သေးတဲ့ အပြောမျိုးနှင့် မပြောဘူး။ အထင်သေးတဲ့ အကြည့်မျိုးနဲ့  မကြည့်တတ်ဘူး။
.. .. ..   . . .   ..  ..  ..   . . .
" အောင်မြင်ခြင်းမှာ မိတ်ဆွေတွေ အများကြီးရှိတယ်" ...
" ချမ်းသာတဲ့ သူဟာ မိမိကို တဖက်သားက တကယ်စစ်မှန်တဲ့ မေတ္တာနဲ့ ချစ်တယ်၊မချစ်ဘူး ဆိုတာကို အမှန်မသိနိုင်ဘူး။
....
လှည့်စားသည်ကို လှည့်စားသည်ဟူသိ၍ လှည့်စားခြင်းမှ လွတ်မြောက်ခြင်း  . . - -
.. .. ..                   :D
လူငယ်တို့ သည် ငိုကြွေးခြင်းဟူသော အားရှိကုန်၏။ မိန်းမတို့ သည် အမျက်ထွက်ခြင်းဟူသော အားရှိကုန်၏။ ခိုးသူတို့ သည် လက်နက်ဟူသော အားရှိကုန်၏။ မင်းတို့ သည် အစိုးရခြင်း အာဏာဟူသော အားရှိကုန်၏။ ပညာရှိတို့ သည် အကျိုးရှိ၊ မရှိကို ရှုမြင်ခြင်းဟူသော အားရှိကုန်၏။ သာမဏ၊ ဗြဟ္မဏ တို့ သည် သည်းခံခြင်းဟူသော အားရှိကုန်၏။ လူမိုက်တို့ သည် ပြစ်တင် ကဲ့ရဲ့ခြင်းဟူသော အားရှိကုန်၏။
....
လောကမှာ ပြစ်တင် ကဲ့ရဲ့ လွတ်တဲ့သူရာယ်လို့  မရှိနိုင်ပါဘူး။ ဟိုတုံးကလဲ မရှိခဲ့ဘူး။ ခုလဲ မရှိဘူး၊ နောင်လဲ ရှိမှာ မဟုတ်ဘူးတဲ့။ အပြစ်တင်ချင်သူကတော့ ကြံဖန်ပြီး အပြစ်တင် ကဲ့ရဲ့မှာပါပဲ။ ကိုယ်မှားနေရင် ဘယ်လို မှားနေတယ်၊ ဘယ်လို ပြင်သင့်တယ် ဆိုတာကို ထောက်ပြတတ်တဲ့ မိတ်ဆွေကောင်းမျိုးဆိုတာ ရှားပါတယ်။
ကိုက ကောင်းတာ မှန်တာကို လုပ်ကိုင် ဆောင်ရွက် ကြိုးစားနေပါလျက်နဲ့  ပြစ်တင်ကဲ့ရဲ့ ရှုတ်ချလာရင်တော့လဲ မိုက်မဲသူတွေရဲ့ ကဲ့ရဲ့ခြင်း၊ ချီမွမ်းခြင်း ဟာပဓာန မဟုတ်ပါဘူး ဆိုတဲ့ ဗုဒ္ဓရဲ့  စကားအတိုင်း ဂရုစိုက်မနေဘဲ ကိုယ့်အလုပ် ကိုယ်ဆက်လုပ်ဖို့ ပါပဲ။ . . .
   ......
   လူ လူခြင်း ဆက်ဆံတဲ့ အခါ၊ တဖက်သားကို ကူညီတဲ့ အခါမှာ ဗဟုသုတ အတွေ့ အကြုံနည်းနေလို့  ပညာ အမျှော်အမြင် လိုနေလို့  ငါ့ရဲ့ ကူညီမှု ဆကဆံရိုင်းပင်းမှုဟာ ချွတ်ချော်တဲ့အတွက် ကိုယ့်ကို တစ်ဖက်လူက အထင်မှား အမြင်မှား ဖြစ်ပြီး ငါ့ကို မဖွယ်မရာ တုံ့ ပြန်လေရော့လား လို့ လဲ ဆင်ခြင်ရမယ်တဲ့။
.. .. .. .. ..
   ကိုယ်က မိတ်ဆွေကောင်းတို့ ရဲ့ ဂုဏ်အင်္ဂါနဲ့ ညီအောင် အတတ်နိုင်ဆုံး ဆက်ဆံပြုမူပေမယ့် တစ်ဖက်လူတွေက ကောင်းမွန်စွာ မတုံ့ ပြန်ရုံမက ကိုယ့်အကျိုးကို ပျက်စီးအောင် လုပ်လာတယ်ဆိုရင်လဲ အားငယ် စိတ်ပျက်စရာတော့ မလိုပါဘူး။   ဒီလို လူမျိုးတွေကို ရှောင်သင့်ကရှောင်၊ ဖယ်သင့်က ဖယ်ပြီး ကျွန်တော်တို့ ရဲ့ စေတနာ၊ ပညာ၊ ဝီရိယတွေ ကိုပဲ မိတ်ဆွေကောင်းအဖြစ်၊ အဖော်မွန်အဖြစ် ပေါင်းသင်းဆက်ဆံပြီး ဘဝခရီးကို တည်ငြိမ်စွာနဲ့  ကိုယ်ရည်မှန်းထားတဲ့ ပန်းတိုင်ရောက်သည်အထိ လျှောက်လှမ်းသင့်တယ်လို့  . . . . .
   ဒါတွေက ကျမကြိုက်တဲ့ စာသားတွေ ထုတ်နုတ်ထားတာပါ။ အမှန်ကတော့ ကျမက အကုန်လုံးကြိုက်ပါတယ်။  အကုန်လုံးလဲ မရိုက်နိုင်ပါဘူး၊ ပြီးတော့လဲ ဆရာ့စာအုပ်လေးကို သွားဖတ်ကြည့်စေခြင်တာရှင့် ။  :P
အစ အဆုံး ဖတ်ကြည့်ဖို့ တိုက်တွန်းပါတယ်။ အောက်ကပေးထာတဲ့ လင့်ကလေးကနေပြီး ဖတ်ဖြစ်အောင်ဖတ်ဖို့  တိုက်တွန်းလိုက်ပါတယ်နော်။ ဆရာက နံမည် ကျော်ပြီးသားပါ၊ ကျော်ညာပေးဖို့ မလိုပါဘူး။ ဒါပေမယ့် ကိုယ်ဖတ်ရတာကို သူများတွေလဲ ဖတ်ဖြစ်အောင်လို့  တိုက်တွန်းတာပါနော်။ စာမျက်နှာ ၄၉ မျက်နှာပဲ ရှိပါတယ်။ ဖတ်ရတာ ဘယ်လိုလဲဆိုတာ သိစေခြင်လို့ ပါ။
http://eastwindburma.net/bur/images/pdf/go%20to%20distance%20with%20realfrienddgty.pdf
Thursday, March 10, 2011
ကာတွန်းဆွဲးတဲ့ ဆရာအော်ပီကျယ်ရဲ့  `သူမနှင့် သူ'
     ဆရာရဲ့  ကာတွန်းကို ပြီးခဲ့တဲ့ နှစ် နှစ်လောက်က အီမေးလ်ကနေ ရရှိထားတာ ကြာပါပြီ။ အလကားရတဲ့ အီမေးလ်က နေရာလွတ်နည်းနေလို့  စာတွေပြန်ကြည့်ပြီ ပြန်ဖျက်ရင်ကနေ တွေ့ ပြီ ဆရာ့ ရဲ့ကာတွန်းကို သိမ်းလဲထားခြင်၊ သူများတွေလဲ ဝေငှခြင် စိတ်ပေါ်လာတာမို့  ဒီနေရာလေးမှာ တင်မယ်လို့ စိတ်ကူးမိပါတယ်။ ဆရာကိုလဲ ဒီမှာ ဖော်ပြခွင့်ကို ဘလော့ထဲကပဲ ခွင့်တောင်း ပါရစေနော်။
     (တကယ်လို့  ခွင့်မပြုဘူးလို့  သိခဲ့ရရင်တော့ ကျမ memory drive ထည်းကို ပြောင်းသိမ်းလိုက်ပြီ ပြန်ဖျက်ပေးပါမယ် .. .. ..)
 ၁။      ဗေဒင်နှင့် လူ့ အတွေးကို ဆရာက ခွဲးခြားဖော်ပြထားတာပါ။
 ၂။   သူ နှင့် သူမတို့  စိတ်ဝင်စားမှုနှင့် ပြောဆိုခြင်းပါတဲ့။ ဒီနေရာမှာတော့ ကျမလဲ ဆရာကို ခြွင်းချက်မရှိ ထောက်ခံကြောင်း အဆိုပြုပါတယ်ရှင့် .. .. .. :D ။
၃။     ခရီးသွားခြင်နှင့် ပတ်သတ်ပါတယ်။  ဖြစ်လေ့ရှိတယ် တကယ်လဲ ဟုတ်တယ်နော်။
၎။    ဆရာက မြင်လဲ မြင်တတ်တယ်ရှင့်။
   ကျန်တဲ့ အပိုင်းများကို ပြီးမှပဲ ဆက်တင်ပေးပါမယ်။ အကြိမ်ကြိမ် ဖတ်ပြီ၊ အကြိမ်ကြိမ် ရယ်ရအောင်လို့ ပါ။ နေ့ စဉ် ထိတွေ့ ဆက်ဆံရတဲ့ လူမူဘဝကနေ ခဏလေးပဲ ဖြစ်ဖြစ် ရယ်မောခြင်းနှင့် စိတ်တွေ ပြေလျှော့နိုင်အောင် စေတနာဖြင့် ဆရာ့ကာတွန်း အမြင် သရုတ်ဖော်မူ့ လေးကို ဒီမှာ ခဏရပ်ထားပါမယ်ရှင်။
Monday, March 7, 2011
အလွှမ်းပြေ ရွှေစက်တော်ဘုရားနှင့် ပွဲးတော်
   ဒါကတော့ ၂၀၁၁ခုမှာ ဖွင့်လှစ်သော အကြိုမုတ်ဦးပါ။
စာမေးပွဲးလဲ မပြီးသေးလို့  လူရှင်းပါတယ်။ ရေလဲမညစ်ပတ်သေးသလို ရေလဲသိပ်မများပါဘူး။
 လမ်းတွေကတော့ ကတ္တရာပြီးသလောက်မို့  သွားရတာ အဆင်ပြေသွားပါပြီ။  ဒါပေမယ့် ရွှေစက်တော်မှာ ဘာမှ အလကားမရဘူးတ။ဲ့ လမ်းကြေးတွေ နေရာအနှံ(မြို့ အဝင်၊ အထွက်)ကောက်ခံလွန်းလို့ ပါ။
      အောက်စက်တော်ရာကို ဒီနှစ်မြင်ရတဲ့ မြင်ကွင်းပါ။
     တဲချောင်းတွေကတော့ ဂေါပဃကပေးတဲ့ ပုံစံအတိုင်း ဆောက်ရပါတယ်တဲ့။
  အခန်းခတွေကလည်း မသေးပါဘူ။  တဲချောင်းပိုင်ရှင်တွေကလည်း ညည်းလိုက်ပါသေးတယ်။
   အထက်စက်တော်ရာကို အောက်ကနေ ဖူးမျှော်ရပုံပါ။ မြေကာနံရံကို ထုံးသုတ်ပြီးသွားပြီ။
 တဲခေါင်မိုးလေးပါနေတယ်။
     အဲဒီမှာလဲ မျောက်တွေရှိတယ်။ နေကြာစိတွေ၊ ခရမ်းချည်သီးတွေ စားကြတယ်။ အပေါ်မှာတင်လည်း ဈေးဆိုင်တွေက ဝယ်ကျွေးလို့ ရတယ်။
    အထက်စက်တော်ရာကို လူတဦးက ငုံပြီး စေတီ တည်ခဲ့လို့  မျက်ဝါးထင်ထင် မဖူးနိုင်တော့ပါဘူး။ သူတစ်ပါး မမြင်စေလိုသော စေတနာရှိလို့ လား တော့ မသိပါ စေတီတည်သူမှာ စေတီတည်အပြီးမှာ မျက်စိအလင်း ကွယ်သွားတယ်လို့  လူကြီးတွေပြောပြတာ မှတ်သားရဘူးပါတယ်။
     ဘုရားရဲ့ စက်တော်ရာ အစစ်ပုံတူ သွန်းထားတဲ့ ပုံပါ။ အောက်စက်တော်ရာက ခြေတော်ရာ အစစ်ကိုလဲ ရွှေချထားတာ ပိန်ပိတ်နေပါတယ်။ မြန်မာလူမျိုးများ ကိုးကွယ်တာကတော တကယ်ပါပဲရှင်။
    မိုးလရာသီမှာ ဘုရားပွဲတော်ပိတ်လေ့ရှိပါတယ်။ ချောင်ရေကျလို့  ရေဖုံးလွှမ်းနိုင်တာကြောင့် ပွဲးတော်ပိတ်ရက်မှာတော့ သံဆလောင်းကြီးနှင့် သေခြာ သော့ခောတ် ပိတ်ထားလေ့ရှိပါတယ်။
     သစ်တောက ပြသထားတဲ့ သမင်ဖိုနှင့်၊ သမင်မလေးတွေပါ။ သစ်တောဝန်ထမ်းကလည်း သူရောင်းတဲ့ အရွက်မှ ကျွေးရမယ်တဲ့ အပြင်စာ သွားကျွေးတော့ သူ့ ကို လူကြီးကပြောတော့မှာပဲနဲ့။    သူရောင်းတာက သေးသေးလေး။ ဒီလိုလဲ စီပွှားရှာပါတယ်။
     တောင်ပေါ်ကနေ မြင်ရတဲ့ အတွင်းဘက်က တဲတန်းလေးတွေပါ။ ဖွင့်ခါစမို လူနည်းနေတာပါ။
   တကယ် လူစည်းတဲ့ အချိန်ရောက်ရင် ကားတွေ၊ လူတွေ၊ စမ်းချောင်းထဲမှာ ရေချိုးတဲ့သူတွေနဲ့ အလွန်ရှုတ်ပါတယ်။ လူတွေစည်းကမ်းမရှိပစ်ထားတဲ့ အမှိုတ်တွေကလည်း စမ်းရေထဲရော အနှံပေါ့။
   ဒီနှစ်တော့ အမှိုက်တောင်းထားတာတွေ့ ရပါတယ်။
 အမှိုတ်လဲ တစ်နေ့  တစ်ခါသိမ်းတာ တွေ့ ရပါတယ်။ ဒါပေမယ့် တချို့ က အလွယ်ပစ်ချင်တုံးပါပဲ။
  ဘုရားမှာ အာရုံဆွမ်းနှင့် နေ့ ဆွမ်းကပ်လှူကြသလို၊ ရွှေစက်တော်ပတ်ဝန်းကျင်နှင့် ဘုရားဖူးကြွလာသော သံဃာတော်များကို တန်းဆွမ်းများ နံနက်နှင့် နေ့ လယ် တစ်နေ့  နှစ်ကြိမ် လောင်းလှူပူဇော်နိုင်ရန် စီစဉ်ထားရှိတာကို ကြည်ညိုစွာ ဖူးတွေ့ ခဲ့ရပါတယ်။ 
  ဆွမ်းများကိုတော့ ကိုယ်တိုင် မချက်နိုင်ပါက ညကတည်းက ထမင်းဆိုင်များမှာ မှာယူပူဇော် လှူဒါန်းနိုင်ပါတယ်ရှင်။ တချို့ လည်း အိုး၊ ခွက်တွေပါ သယ်လာပြီး ချက်ကြတာကိုလည်း တွေ့ ရပါတယ်။   အလှူဒါန်းန ပြုလို့ သူများအတွက် ကြိုတင် ပြင်ဆင်နိုင်ရန် အကြိုးမျှော်နိုးဆော်လိုက်ရပါသည်။  (မနေ့  က တင်ရန် ကျန်ခဲ့ပါသဖြင့် ထပ်မံ ဖြည့်စွတ်ထားပါတယ်)
Wednesday, March 2, 2011
အသံနှင့် အတူ (အပိုင်း ၂)
ပုံကို Google မှာ ရှာယူထားပါသည်။
  ၃၊ ၄လ လောက် ရှိလို့  ကျမမြို့ ပြန်ရောက်တော့ ကျမ အဒေါ် ရှိတဲ့ မြို့ ကို သွားဖို့  အကြောင်းပေါ်လာပါတယ်။ ကျမရဲ့  အမ အကြီးဆုံး ဆရာမရဲ့  ကားလေးနှင့် ကျမတို့  ညီအမ နှစ်ယောက် အိမ်ကနေ ထွက်လာကြပါတယ်။
   ဆရာ့အိမ်ရှေ့ မှာ ကားရပ်ပြီး အမနှင့် ဆရာ စကားတွေပြောတဲ့ အချိန်မှာ ဆရာ့အိမ်ရှေ့ ဘက်က ကုက္ကိုပင်ကြီးအောက်မှာ ခွေး အညိုတစ်ကောင်က မော့ကြည့်လာပါသည်။ ကျမက ကားထဲမှာ စောင့်နေတုံး အဲဒီခွေးက ကျမကိုလှမ်းကြည့်ပါတယ်။ ခွေးအကြည့်က ပြုံးစစနှင့် ကျမလည်း တစ်ခါမှ မမြင်ဘူးပါဘူး အဲလို။ အံသြပြီး ကြည့်နေတုံး ကျမ့ အမလဲ သူ့ ကိစ္စပြီးလို့  ကားပေါ်ပြန်တက်လာပါတယ်။ အဲဒီအချိန်မှာ ခွေးက စပြီ ဟောင်ပါတယ် . . . နုတ်ဆက်တာလားတော့ မပြောတတ်ပါဘူး။ အီး တွေးကြည့်လေ ကြောက်ဖို့ ကောင်းလေပဲနော် . . . ဟီး ။  
   အမပြန်တက်လာလို့  ကျမကြည့်လိုက်တော့ အဲဒီခွေးကလဲ လိုက်ကြည့်ပါတယ်။ နှစ်ယောက်လုံးက သူရင်းရင်းနှီးနှီး သိနေတာကိုး . . . အီး။ အင်း သတ္တဝါတွေဟာ ဘာသာစကားမတူကြပေမယ့် စိတ်ခြင်းဆက်သွယ်နိုင်တာကို လူတိုင်းလက်ခံ မခံတော့ မသိပါဘူး၊ အဲဒီနေရာမှာတော့ ကျမတို့ အနေနဲ့ စိတ်ကကို သိနေတာရှင့် ။ မသိုးမသန့်နှင့် ကျမတို့  ညီအမ နှစ်ယောက်လုံး ခံစားလိုက်ရပါတယ်။
   ခရီးသွားစရာကလည်းရှိသေးတော့ အမက ကားမောင်းပြီး ထွက်လာခဲ့ပါတယ်။ အီး ခုမှစတာပဲ ရှိပါသေးတယ်။ ဒီခွေးကပြီးမသွားသေးဘူးလေ။ ဟောင်ပြီ နောက်ကလိုက်လာပါတော့တယ်။ ခရီးစခါစရှိသေးတယ် ဒီလိုတွေ တွေ့ ရတော့ စဉ်စားသာကြည့်ပါတော့ စိတ်ထဲမှာ ဘယ်လောက် ကသိကအောင့် ဖြစ်ရသလဲဆိုတာ။ တစ်မိုင်လောက်ထိ ဟောင်ရင်းလိုက်လာပါတယ်။ အဲဒါ မနက် 10:30မှာပါ ။ အချိန်က နေဝင်ရီတယောလည်းမဟုတ်ပါဘူး။ အဲ သူက ခွေးခြေထောက်က ကားနောက် မမှီမှန်းသိလို့ ပဲလား၊ သူရဲဖြစ်ပေမယ့် ခွေးကိုပဲ သနားလို့ လားမသိပါဘူ၊ ခွေးကတော့ တစ်မိုင်လာက် ဟောင်ပြီး လိုက်ရင်းကနေ ကျန်နေခဲ့ပါတယ်။
   မြို့ နှစ်မြို့ အကြား လျှိုလို နေရာလေးယောက်တော့ နောက်ကနေ ကားဟွမ်းသံကို အမကစကြားပါတယ်။ သူက ကားမောင်းနေတာဆိုတော့ ကရုစိုက်မောင်းရင်းကနေ စကြားပါတယ်။ သူ ၂ခါ၊ ၃ခါ ကြားပြီမှ ကျမကို ဟွန်သံကြားလားလို့  လှမ်းမေးပါတယ်။ အစက မကြားပါဘူး၊ သေချာနားထောင်ပါဦးဆိုမှ အတော်ဝေးဝေးက ဟွန်းသံလိုလို စကြားရတယ်။ သူကားမောင်းနေတာမို့  ကျမကို လှည့် ကြည့်ခိုင်းပါတယ်။ ကျမ အမက သရဲတော်တော် ကြောက်တတ်ပါတယ်။ ကျမလဲ အရမ်း သတ္တိကောင်းလို့ တော့ မဟုတ်ပါဘူး။ ကြောက်တတ်ပါတယ်။ ဒါပေမယ့် နဖူးတွေ့ ၊ဒူးတွေ့ မှာတော့ ကြောက်နေဖို့ ထက် ဘယ်လိုဖြစ်ဖြစ် ရင်ဆိုင် နေရတော့တာပေါ့လေ။
   ကားနောက်ကို ကြည့်တော့လဲ ဘာကားမှ မရှိဘူး။ အသံက ကြားလိုက်၊ ရပ်သွားလိုက်   နီးလာလိုက်၊ ဝေးသွားလိုက် ဖြစ်နေတာ နှစ်မိုင်၊ သုံးမိုင် ဒါမှမဟုပ် ၁၅ မိနစ်၊ မိနစ် ၂၀လောက် ကြာပါတယ်။  ကျမ ထင်တာကတော့ နယ်မြေတစ်ခု ကျော်သွားမှ အသံပါမလာ တော့ပါဘူ။ ကျမ အဒေါ်မြို့ ရောက်မှ အမက စပြောလာပါတယ် ။ ကားထွက်လို့  ခွေးနောက်ကပါလာကတည်းက စိတ်မသန့် ကြောင်း ၊ ခရီးသွားမှမို့  တစ်ခုခုဖြစ်မှာလဲ စိုးရိမ်ကြောင်း ဒါပေမယ့် ဘယ်သူ၊ ဘယ်ဝါထင်တယ်လို့ တော့ မပါပါဘူ။
   ကျမလဲ တွေကြည့်တော့ ကားဟွန်းတီးတဲ့ နေရာဟာ သူ့ အဘိုး ကား Accident ဖြစ်တဲ့ နေရာလို့ထင်ရပါတယ်။ ဒါပေမယ့် ဆက်တော့ မပြောလိုက်ပါဘူး။ ဒါပေမယ့် နေမစောင်ခင် ကျမတို့ မြို့ ကို ပြန်တော့ ဘာမှ ထပ်မဖြစ်တော့ပါဘူး။ အဟီး . . . မောပြီ အိပ်သွားလား မသိပါဘူ။
   အိမ်ကို ပြန်ရောက်လို့  ကျမရဲ့ တစ်ခြားအမတစ်ယောက်ကို ပြောပြတော့ သူကြားရတာတွေ ထပ်ပေါင်းပြီး ပြောပြပါတယ်။ အဲဒီ သေသွားသော ကလေးမလေးက သူစွဲနေတဲ့ ဓာတ်တိုင်နှင့် သူ့  အဘွားအိမ်ဘက် လမ်းတွေမှာ သွားလာနေကြောင်း၊ ဒီလမ်းပေါ်မှာ ရှိတဲ့ လူတွေကိုလဲ အခါအားလျှော်စွာ ခြောက်လှန့် ကြောင်း အစရှိသဖြင့် ပေါ့လေ။ ဒါပေမယ့် ခုတော့ သူ့ အဘိုးဆုံးရာနယ်မြေတွေထိပါလာတဲ့ သဘောဖြစ်နေပါတယ်။ အစိမ်းသေတွေရဲ စိတ်က ပိုပြီထက်ပုံရပါတယ်။
     အဲလိုတွေးကြည့်မှ သူတို နေရာအိမ်မှာ ခြောက်တာက သူ့ အမေဖြစ်ပုံရပါတယ်။ ဒါပေမယ့် အဲဒီအချိန်ကတော့ အိမ်ကြီးသော့ပိတ်ပြီ ထားသွားခဲ့ပါတယ်။ ကလေးမလေးကတော့ နဂိုကထည်းက အစ၊ အနောက်လဲ သန်ပါတယ်၊ ပျော်ပျော်နေတတ်တာက သရဲဘဝထိ ပါသွားပုံရပါတယ်။ အဲလို နေ့ ခင်းကြောင်တောင်ကြီ သရဲ ခြောက်ခံရတာကို ခြောက်ခံရမှန်း သိသလို၊ မသိသလို နှင့် ပြေးခဲ့ရပါကြောင်း . . . ။
    ဒါတွေကို ဘယ်သူ့ မှလဲ သိပ်ပြောမပြ ဖြစ်ခဲ့ပါဘူး။ ဘာလို့ လဲ ဆိုတော့ ကျမသူငယ်ချင်း မိသားစုကလည်း ကြားတော့ ကြားပုံရပါတယ်။ ဒါပေမယ့် ပြောလို့ လဲ မကောင်းဘူး၊ အာနာစရာလဲ ကောင်းတာမို့  ဒီနေ့ ထိ မေ့သလောက်ဖြစ်နေခဲ့ပါတယ်။
    ခုမှပဲ ရေးပြဖြစ်တော့တာပါ . . . ဟီး။
အသံနှင့် အတူ . . .(အပိုင်း ၁)
 ရှင်တော်မြတ်ဘုရားသည် ဘဝတွေဝယ် သူငယ်ချင်း အဖြစ်တော်လိုက်၊ ဆွေမျိုးသားခြင် ဖြစ်လိုက် ဆွေမျိုး မတော်စပ်ဘူးသူ မရှိခဲ့ဘူးလို့  ဟောကြားခဲ့ဘူးပါတယ်။ 
  ကျမမှာလဲ ငယ်စဉ်ကတည်းက ပေါင်းခဲ့သော တည့်လိုက်၊ ရန်ဖြစ်လိုက်နှင့် မူလတန်းကတည်းက အတူတကွ ကြီးပြင်းလာခဲ့သော သူငယ်ချင်းတွေ ရှိခဲ့တာပေါ့။ ခုတော့လဲ တော်တော်များများကွဲး သွားကြပြီ။ သူအလုတ်နှင့်သူ နေရာဒေသတွေ မတူလို့  စုံနိုင်ရန်ပင် ခတ်နေပါပြီ။
  ခုပြောမဲ့ အကြောင်းအရာလေးက ကျမ သူငယ်ချင်း တစ်ယောက်နှင့် စပ်ဆက်နေတာပေါ့။ ကျမ သူငယ်ချင်း ရဲ့ အမည်ကိုတော့ မဖော်ပြနိုင်တော့ပါဘူး။ တကယ့် အဖြစ်မို့  ရင်နာစရာလဲကောင်းပါတယ်။ ကျမ သူငယ်ချင်းရဲ့ အဖေက BM လို ကားပိုင်ပါ။ ကားနောက်ကိုလဲ အခါအားလျှော်စွာ လိုက်တတ်ပါတယ်။ အဲလိုလိုက်နေရင်းနှင့် ကား Accident ဖြစ်ပါတယ်။ ဖြစ်ပုံက ကားတံခါးပေါက်မှာ မတ်တပ်ရပ်လိုက်လာရင်းက ကြမ်းတုံး(ကားရပ်ရင် မလိမ့်အောင် သုံးတဲ့ သစ်သားတုံး) ပြုတ်ကျတာကို လှမ်းဆွဲရင်းက လူပါ အောက်ကို ပြုတ်ကျပြီ သူ့ ကားနောက်ဘီးနှင့် ကြိတ်မိပြီ ဆုံးသွားတာပါ။ အဲဒီ အချိန်တုံးက ကျမ သူငယ်ချင်းက ငယ်သေးတယ်ရှင့်။
  သူ့  မှာ အမတွေ၊ အကိုတွေလည်း ရှိတာပေါ့ရှင်။ သူ အမတစ်ယောက်က အဲဒီ အချိန်မှာ အိမ်ထောင်နှင့် ကလေးပင် ကျမတို့ နှင့် မတိမ်းမယိမ်းမို့  ကစားဖော်လို ဖြစ်နေပါတယ်။ အမ အမျိုးသားက ဆရာဝန်ပါ။ အဲဒီကလေးနှင့် ကျမက သူ့ အဒေါ်နှင့် ပတ်သက်ပြီး ရင်းနှီးပါတယ်။ သူကလည်းစာတော်တယ်။ ဖြစ်တာက သူ တက္ကသိုလ် ဒုတိယနှစ်ရောက်တော့ ဖြစ်တာပါ။ ကျမ အမ အကြီးဆုံးကလည်း ရှစ်တန်းနှစ်က သူ့ ရဲ့ ဆရာမပေါ့။ အိမ်ခြင်းက ရင်းနှီးတာမဟုတ်ပေမယ့် ပတ်သတ်နေ၊ သိနေကျပါတယ်။
  လူတွေမှာ ရှောင်လွဲဖို့  မဖြစ်သာတဲ့ ကံလေတွေဟာ မြင်လဲ မမြင်နိုင်ခဲ့ပါဘူး။ အတိတ်ကံဆိုတာ ဘယ်သူမှ မသိနိုင်ပဲ နောက်ကလိုက်နေတာမို့ လား။ သူ ဒုတိယနှစ် စာမေးပွဲးဖြေပြီ မြို့ ကိုပြန်လာတော့ သူမိဘ အိမ်နှင့် အဘွားအိမ်နှင့် ကူးချည် ပြန်ချည်နှင့်ပေါ့။ တစ်နေ့  သူ့ မိခင်နှင့် သူ ဆိုင်ကယ်စီးရင်ပြီ အဘွားဆီ အသွား လမ်းမမှာလဲ ဒိုင်နာလိုင်းကား က လည်း မောင်းတာ ကြမ်းကြမ်းနဲ့ ဝင် အလာ မျက်နှာချင်ဆိုင် မိရပ်သားဖြစ်သွားပါတယ်။ မြို့ ထဲလမ်းက အကွေ့ အကောက်တွေက များတဲ့ အပြင် အရှိန်နဲ့ ခပ်ရမ်းရမ်းမောင်းတာ မို့  ဆိုင်ကယ်ကလဲ အမြန်ရှောင်ပေမယ့် မရတော့ပါဘူး။
  ကားနဲ့ ရိုက်ပြီး ဓာတ်တိုင်ဆီ လွှင့်သွားတယ် ။ တစ်ခါ ဓာတ်တိုင်နဲ့ ပါရိုက်ပြီး ပွဲခြင်းပြီးပါပဲ။ အမေဖြစ်သူက သူ့ သမီးကို ဝင်ကာပါသေးတယ် ရုတ်တရက် ဖြစ်ပျက်တာကလဲမြန် အရှိန်ကလဲပြင်းတော့ သမီးလုတ်သူက ပွဲးခြင်ပြီး ဆုံးသွားပါတယ်။ အမေကတော့ ဆေးရုံရောက်ပြီမှ ဆုံးသွားပါတယ်။ ပြည့်လည်းပြည့်စုံ ကလေးကလဲ အပေါင်းအသင်းကောင်းရုံတင် မဟုတ်ဘူး စာလဲမဆိုးဘူး၊ လိမ်လဲလိမ္မာပါတယ်။ အားလုံးလဲ စိတ်မကောင်းပါဘူး။
   သူတို့ သေတာက အစိမ်းသေလိုမို့  ထင်ပါတယ်။ နောက်ရက်တွေမှာ သတင်းတွေ စကြားရပါတယ်။ သူတို့ အိမ်ပေါ်မှာတင် ခြေသံတွေကြားရပါတယ်တဲ့။ ရေးချိုးခန်းထဲမှာ ရေချိုးပြီး အိမ်ပေါ်တက်သွားတဲ့ အသံတွေ ကြားတယ် နှင့် အသက်ရှင်စဉ်ကလိုပဲ ပြုမူ လုတ်ရှားနေတာမို့  နောက်ဆုံး တစ်ယောက်ထဲကျန်တော့တဲ့ ကလေးမလေး အဖေဟာလဲ ပစ္စည်းတွေထုတ်ပိုးလို့  သူငယ်ငယ်က နေရင်းအရပ်ကို ပြန်ပြောင်းသွားပါတယ်။ ဖခင်ပေမယ့် နေလို့ ကို မဖြစ်တော့ပါဘူး။ သနားစရာပါ သူ့ ရဲ့လူဘဝကို ခင်တွယ် စွဲလန်းနေရှာတာပါ။
  သူပွဲးခြင်းပြီးဆုံးသွားတဲ့ ဓာတ်တိုင်လေးမှာလဲ ည ၉နာရီ ၁၀နာရီလောက်မှာ ဖြတ်ဖြတ်သွားတဲ့သူတွေကို လိုက်စွဲတယ်။ နောက်တော့ ခြောက်တယ်နဲ့  နံမည်ကြီးလာပါတယ်။ တစ်လ၊ နှစ်လလောက်ကတော့ ကြမ်းပါတယ်။ 
  အဲလိုနဲ့  မေ့မလို ဖြစ်ခါစမှာပဲ ကိုယ်တွေနဲ့ တွေဖို့ ဖြစ်လာသလား မသိပါဘူးရှင်။ သူတို့  ဆုံးတုံးက ကျမမြို့ မှာမရှိပါဘူး။ အလုပ်လုပ်နေလို့  တစ်ခါတလေ ခွင့်နှင့်မှပဲ ပြန်လာနိုင်ပါတယ်။ သတင်းတွေတော့ ကြားနေတာပေါ့ စိတ်လဲ မကောင်းဖြစ်ရပါတယ်။ သူဆုံးလို့  ၃၊ ၄လလောက်ရှိတော့ ကျမ မြို့ ပြန်ဖြစ်ပါတယ်။