အဘိဏှသုတ် (ဗုဒ္ဓဓမ္မ ဦးလောကနာထ မှ)
အဘိဏှသုတ် (ဗုဒ္ဓဓမ္မ ဦးလောကနာထ မှ ကူးယူဖော်ပြပါသည်)
ကံတရားကို အမြဲမပြတ် ဆင်ခြင်ပါ…
''မိမိ၏ ကံသာလျှင် မိမိဥစ္စာ ရှိ၏၊ ကံ၏ အမွေခံ ဖြစ်၏၊ ကံသာလျှင် အကြောင်းရှိ၏၊ ကံသာလျှင် အဆွေအမျိုး ရှိ၏၊ ကံသာလျှင် ကိုးကွယ် မှီခိုရာရှိ၏၊ ကောင်းသည်ဖြစ်စေ မကောင်းသည်ဖြစ်စေ ငါပြုမိသော ကံ၏ အမွေခံသာ ဖြစ်ရပေမည်'' ဟူ၍ မိန်းမဖြစ်စေ ယောက်ျားဖြစ်စေ လူဖြစ်စေ ရဟန်းဖြစ်စေ မပြတ် ဆင်ခြင်အပ်၏။
ရဟန်းတို့ သတ္တဝါတို့အား ကာယဒုစရိုက် ဝစီဒုစရိုက် မနောဒုစရိုက်သည် ရှိ၏၊ ထို(ကံ) အကြောင်းကို မပြတ် ဆင်ခြင်သော ထိုသူအား မကောင်းမှုသည် အချင်းခပ်သိမ်းမူလည်း ပျောက်ကင်း၏၊ ခေါင်းပါးခြင်းမူလည်း ဖြစ်၏။
''ငါတစ်ယောက်တည်းသာလျှင် ကံသာလျှင် မိမိဥစ္စာရှိသည် ကံ၏ အမွေခံဖြစ်သည် ကံသာလျှင် အကြောင်းရှိသည် ကံသာလျှင် အဆွေအမျိုးရှိသည် ကံသာလျှင် ကိုးကွယ်မှီခိုရာ ရှိသည် ကောင်းသည်ဖြစ်စေ မကောင်းသည် ဖြစ်စေ ငါပြုမိသော ကံ၏ အမွေခံဖြစ်သည် မဟုတ်၊ စင်စစ်မူကား ဤဘုံဘဝသို့ လာခြင်း တစ်ခြားဘုံဘဝသို့ သွားခြင်း စုတေခြင်း ပဋိသန္ဓေ နေခြင်းရှိသည့် သတ္တဝါဟူသမျှ အားလုံးတို့သည် ကံသာလျှင် မိမိဥစ္စာ ရှိကုန်၏၊ ကံ၏ အမွေခံ ဖြစ်ကုန်၏၊ ကံသာလျှင် အကြောင်းရှိကုန်၏၊ ကံသာလျှင် အဆွေအမျိုး ရှိကုန်၏၊ ကံသာလျှင် ကိုးကွယ် မှီခိုရာ ရှိကုန်၏၊ ကောင်းသည်ဖြစ်စေ မကောင်းသည်ဖြစ်စေ ပြုမိသော ကံ၏ အမွေခံတို့သာ ဖြစ်ကြလိမ့်မည်'' ဟု ဆင်ခြင်၏။
ထိုကံအကြောင်းကို မပြတ် ဆင်ခြင်သော ထိုသူအား မဂ်သည် ကောင်းစွာ ဖြစ်ပေါ်လာ၏၊ ထိုအရိယာတပည့်သည် ထိုမဂ်ကို မှီဝဲ၏၊ ပွါးများ၏၊ ကြိမ်ဖန်များစွာ ပြု၏၊ ထိုမဂ်ကို မှီဝဲသော ပွါးများသော ကြိမ်ဖန်များစွာ ပြုသော ထိုသူအား သံယောဇဉ်တို့သည် အချင်းခပ်သိမ်း ပျောက်ကင်းကုန်၏၊ အစဉ်ကိန်းနေသော 'အနုသယ' တရားတို့သည် ကင်းပြတ်ကုန်၏ ဟု မိန့်တော်မူ၏။
Friday, September 30, 2011
စိန်လက်သီး
Google မှ ရယူပါသည်။
          ခုရက်ပိုင်းများမှာ မိုးအုံ့ လိုက်၊ ရွာလိုက်၊ ပူအိုက်အိုက်ဖြစ်လိုက်နှင့် အတော်လေး စိတ်ပျက်စရာ ကောင်းပါတယ်။ ဒါပေမယ့် ဒီမှာက မိုးလုံ၊ လေလုံလောက်တော့ ရှိတာကြည့်ပါပဲ။ ဒီက ကျောင်းသားတွေ ရုတ်ပိုင်းဆိုင်ရာတော့ ကံကောင်းကြပါပေတယ်လို့  တွေးမိနေပါတယ်။ ကျမတို့  ငယ်ငယ်က သင်ရတဲ့ မိသားစုကျောင်းဟာ ကျမတို့  လက်ထက်မှာ မြို့ နယ် အစိုးရ အလယ်တန်းကျောင်း တစ်ခုဖြစ်ပေမယ့်၊ ကျမတို့  ကျောင်းတက်စဉ်က ပျဉ်ထောင်ကာ ဓနိမိုးဆိုတော့ မိုးတွင်းလို ကာလမှာ ဆွေးမြေ့တဲ့ အမိုးနေရာတွေက ရေယိုလို့  စာသင်တာ ရပ်ထားရတဲ့ အခန်းမျိုးတွေ ရှိခဲ့ဘူးတာကို သွားသတိရမိတယ်။
          နောက် တဖြည်းဖြည်းခြင်းမှ ကျောင်းစောင်တခုက သွတ်မိုး၊ နောက်တစ်ခုက ဓနိမိုး။ အဲဒီကနေပြီမှ ခုဆို ကျောင်းသားမိဘတွေ တစ်နှစ်ခြင်းအလိုက် စုဆောင်းလိုက်၊ အလှူခံလိုက်ကနေ တခြမ်းက ပျဉ်ထောင်၊ သွပ်မိုး နောက်တခြမ်းက နံကပ်ကာ၊ သွပ်မိုးတော့ ခုချိန်မှာ ဖြစ်လာခဲ့ပါပြီ။ မြန်မာပြည်က ကျောင်းတွေဟာ ဒီလိုတွေ များမှာပါပဲ။ အဓိက ပြောခြင်တာက ဒါတွေမဟုတ်ပါဘူး။ စိတ်တွေက ရောက်ခြင်တဲ့ဆီ ဝုန်းခနဲ၊ ပြောင်လဲရောက်သွားနိုင်ပေမယ့် စာရေးရာမှာတော့ ဝုန်းခနဲသွားလို့  မရလို့  စာစီရ၊ ရှင်းရသေးတာ မို့ လား။ ရှင်းရင်း ရှင်းရင်နဲ့  ဘေးချော်၊ ဟိုရောက်၊ ဒီရောက်ပဲ ဖြစ်တာလောက်ပါ . . . :)။
          အဲဒီကျောင်းလေးမှာ သူငယ်တန်းကနေ ရှစ်တန်းအောင်ထိ နေခဲ့ရပါတယ်။ ခုတော့ ငါးတန်းကနေ၊ ရှစ်တန်းပဲ တက်ရတော့တယ်ရှင့်။ ကလေးထဲက ဆိုတော့ သူငယ်ချင်းတွေနဲ့  သိတဲ့သူတွေက များတာပေါ့။ များတော့ ပျော်စရာကောင်းတာပေါ့ရှင်။ ဒါထက် ပိုကောင်းတာက ကျမတို့ တက်ရတဲ့ နှစ်များဆီက ကျောင်းအုပ် ဆရာမကြီးကလဲ အသစ်ပြောင်းလာ။ စည်းကမ်း ကိုင်တွယ်တာတွေကြောင့် (ကျောင်းသူ၊ ကျောင်းသားတွေတင် မဟုတ်ဘူးနော်၊ ဆရာ၊ ဆရာမတွေပါ ပါတယ်) ကျောင်းမှာ စည်းကမ်းရော၊ သင်ကြားရေး ဘက်မှာပါ အောင်မြင်လာ၊ နံမည်ကျော်လာတဲ့ အခါပေါ့။
          ဆရာကောင်း၊ သမားကောင်းနှင့် ကြုံဆုံရတယ် ဆိုတာကလည်း ကုသိုလ်တမျိုး ထင်ပါရဲ့ ရှင်။ ဘာလို့ လဲ ဆိုတော့ ခုချိန် ပြန်ကြားရတဲ့ သတင်းအရ ကျမတို့  ကျောင်းလေးမှာ အသပြာဆရာနဲ့ ၊ ဝတ်ကျေသင်တဲ့ ဆရာသစ်၊ ကျောင်းအုပ်သစ် တွေကြောင့် နံမည်ကျဆင်း နေလို့ ပါ။ စေတနာ၊ အနစ်နာခံတဲ့ ဆရာ၊ ဆရာမ တွေပဲ  ရှားပါးကုန်လို့ လား မဆိုနိုင်ပါဘူ။ ဆရာဟောင်းတွေလည်း ရာထူးတွေတက်၊ ကျောင်းတွေ ပြောင်းကုန် ကြပါပြီ။ ဆရာကန်တော့ပွဲး ကျင်းပတော့ တချို့  ဆရာ၊ ဆရာမတွေ ကျောင်းကို အဝေးက ပြန်လာကန် တော့ခံလို့  တခါတော့ စုံဖြစ်လိုက်ပါသေးတယ်။
          ဒါနဲ့  စာကိုယ် ခေါင်းစည်းပိုင်းနဲ့ ဘာဆိုင်လဲ ဆိုတော့လေ   လာမှာပေါ့နော်  . . . အဟီး။ မှတ်မှတ်ရရ ကျမ လေးတန်းနဲ့ ၊ ရှစ်တန်းနှစ်က အစိုးရစစ်ပါ။ လေးတန်းက မြို့နယ်ပညာရေးမူးရုံးက တာဝန်ယူပြီး အမှတ်ခြစ် ရပါတယ်။ ရှစ်တန်းနှစ်ကျတော့ တိုင်းပညာရေးမူးရုံးက တာဝန်ယူရတယ် ထင်ပါတယ်။ စာစစ်မယ့် ဆရာတွေလည်း တိုင်းမြို့ကို သွားရပါတယ်။ ဆယ်တန်းကျတော့ ရန်ကုန်မှာ ဆရာတွေ သွားစစ်ရပါတယ်။ ကျမတက်တဲ့ အဲဒီကျောင်းက ရှစ်တန်းက အမြင့်ဆုံးအတန်း၊ ဆရာတွေကလည်း အစိုးရစစ်မှာ အောင်ချက် ကောင်းအောင် အင်တိုက်၊ အားတိုက် သင်ကြားပေးနေတဲ့ နှစ်တွေပါပဲ။ ကျောင်းသားတွေ အတွက် တကယ်ကို အကျိုးများလှပါတယ်။ ကျေးဇူးကြီးတဲ့ ဆရာ၊ ဆရာမ နှင့် ကျောင်းကြီးပါပဲ။
          မြန်မာစာသင်တဲ့ ဆရာကတော့ အေးပါတယ်။ သူ့ ဘာသာသူ စာသင်သွားတာပါပဲ။ မြန်မာစာ အချိန်ဆိုလို့  မှတ်မိသေးတယ်။ ကျမတို့  နှစ်က စာတော်တဲ့ ကျောင်းသားတစ်ယောက်ဟာ ဆရာ အချိန်မှာ ည ည ထ စာကျက်တဲ့ အရှိန်ကြောင့်ရော၊ ပျင်းစရာကောင်းတာကြောင့်ရော အမြဲ အိတ်ငိုက်ပါတယ်။ တနေ့ တော့ ပါးစပ်ဟ သန်းလိုက်တာ ပါစပ်ထဲ ခြင်တကောင် ဝင်သွားပါလေရော။ သူကလည်း ဝူးဝါး၊ ဝူးဝါးနဲ့  ပါးစပ်ထဲ ရောက်နေတဲ့ ခြင်ကို ထုတ်တာ ကျမတို့ က အစ၊ အဆုံးမြင်တော့ ရီလိုက်ရတာ။ သူလဲ နည်းနည်းတော့ ရှက်သွားပါတယ်။ ဆရာလဲ စာသင်နေရာကနေ ဘာဖြစ်ပါလိပ်ဆိုပြီ ရပ်သွားတာကိုး ၊ ရေးရင်းတောင် ရီခြင်နေတယ်   ဟီးဟိ။
          နောက်မှ ကျမ့ သူငယ်ချင်းတစ်ယောက်နဲ့  စကားပြောရင်း သူကရှင်းပါလေရော။ သူတို့ မှာ မောင်နှမ(၃)ယောက် ညမှာ တလှည့်စီ စာကြည့်ရကြောင်း၊ ညဦးက သူ့ အမ့ စာကြည့်ရပြီ၊ မအိပ်ခင် သူ့ ကို နိုးကြောင်း။ သူက ညည့်လယ်မှာ စာကြည့်ရတယ်။ သူအိပ်ခါနီးမှ သူ့ ညီမကို နိုးပြီး ညီမက မနက်စော စာကြည့်ရတာမို့  သူအိပ်ရေး ညတိုင်းပျက်ပါတယ်တဲ့ .. . အာသန်းရခြင်း အကြောင်း အကျယ်ချဲ့ ပါတယ်။ ကျမတို့ ကတော့ နားပဲထောင်လိုက်ပါတယ်။ ရီခြင်တာတော့ ရီခြင်တာပဲကိုး။ ဒါပေမယ့် ခု စဉ်းစားမိတော့ ဒါကလဲ တကယ်တော့ မှန်ကန်တဲ့ နည်းတခု မဟုတ်တာပါပဲ။ နှစ်နှစ်ချိုက်ချိုက် အိပ်ရမယ့်အချိန်ပြန်ထပြီး စာကျက်တော့ သွေးသစ်လဲတဲ့ အချိန်မှာ အားမရှိဘူး၊ ဦးဏှောက်လဲ ထိုင်းမိုင်းနေမှာပဲ၊ ကြာလာတော့ လူကို ထိခိုက်မှာ အနှေးနဲ့  အမြန်ပါပဲ။ တကယ်လည်း သူ MIT ကျောင်းပြီးစက ရူးသလိုလို ဖြစ်သွားပါတယ်။ အမေက ဆရာဝန်၊ အဖေက ဘီအီး အင်ဂျင်နီယာပါ။
          ဆရာမတွေကတော့ သင်္ချာသင်တာက ကျမရဲ အမအကြီးဆုံးပါ  :P။ သူကလည်း B.Ed ပထမသုတ်က ဆင်းတာပါ။ သူက စာသင်တာတော်ပါတယ် ဒါပေမယ့် ကျမက အိမ်မှာ အညံ့ဆုံးဆိုတော့ သူ အရှက်ကွဲမှာ စိုးလို့  ဆိုပြီ ကျမကို စာဘယ်တော့မှ မမေးပါဘူး။ ဟီးဟီး မမေးတော့ သက်သာတာပေါ့။ တကယ်တော့ မသက်သာပါဘူး၊ စာတွေကများလွန်းတော့ သင်္ချာဖြေခါနီး မပြီးနိုင်လို့  ငိုတောင်၊ ငိုရတယ်။ အဲဒီကျမှ အစိုးရစစ်မို့  တုတ်တစ်ချောင်းနဲ့  Theory တခုခြင်း ဖြတ်သင်ပါတယ်။ သင်္ချာက (၁+၂)လေ .  .  . :( ။ ကျမကလည်း တာတေပါ။ စာကျက်ပျင်းပြီး၊ အဆော့မက်တော့လဲ အဲလို ဖြစ်ရတာပေါ့။
         ပထဝီ ဆရာကတော့ မြေပုံတွေ အလွတ်ရအောင် အဆွဲးကျင့်ခိုင်းပါတယ်။ မြေပုံပေါ်မှာပဲ သဘာဝထွက်ပစ္စည်းတွေ၊ ရာသီဥတုတွေ၊ မိုးလေဝသပုံကို ဖတ်တတ်အောင်ပါ သေခြာသင်ပေးပါတယ်။ သမိုင်းကတော့ ဆရာမက ခုနှစ်တွေကို သက်သက် Note ထုတ်ခိုင်းပါတယ်။ ပြီးတော့ စာတပိုဒ်ခြင်း ရှင်းပြပြီး အတန်းထဲမှာတန်း စာမေးတာပါ။ ဖြေနိုင်ရင် ဖြေနိုင်သူက ကိုမေးခြင်တဲ့သူ(ယောင်္ကျားလေးဆို မိန်းခလေး၊ မိန်းခလေးဆိုရင် ယောင်္ကျာလေးဘက်ကို ) မေးရပါတယ်။ မဖြေနိုင်ရင် အတန်းထဲမှာ နားရွတ်ဆွဲးပြီး အရှေ့ ၊ အနောက် တခေါက် ရှောက်ခိုင်းတာပါ။ အဲလို ဖြစ်မှာစိုးတော့ ဆရာမ စာသင်ရင် ကျမတို့ မှာ အခန်းထဲမှာ စာကျက်နေရတာပါ။
          အင်္ဂလိပ်စာ ဆရာကတော့ လူပျိုကြီးပီပီ စနေ၊ တနင်္ဂနွေတွေဆို အချိန်ပိုတွေခေါ် ခေါ်ပြီး စာသင်၊ စာမေး၊ စာကျက်ခိုင်းတော့တာပါ။ ကျောင်းသား၊ ကျောင်းသူ အားလုံးက ဖိန့် ဖိန့် တုန်အောင် ကြောက်ရပါတယ်။ စာကြည့်ခိုင်းပြီး ရုံးကိစ္စတွေရှိရင် ရုံးခန်းသွား၊ ပြန်လာရင် စာမေးတော့တာပါပဲ။ မရရင်တော့ ကျောင်းသူရော၊ ကျောင်းသားသော မရှောင်ဘူး။ တွဲတော့တာပါပဲ။ ကျမလည်း အင်္ဂလိပ်စာ ညံ့တဲ့ အထဲပါပါတယ်။ ခုထိတောင် လင်္ကာလေး တခု မှတ်မိသေးတယ်။ ဘာတဲ့ အဲ   tomor .. ./ soon, come, next, မန်း Future Tense မှတ်ပါ တဲ့။ ယောက်ကျားလေး မေးမရရင် လက်သီးနဲ့  နဘူးထိုးပါတယ်။ မိန်းခလေးတော့ မိန်းခလေးမို့  တုတ်နဲ့  ရိုက်ပါတယ်။ ခေါင်းလဲခေါက်တယ်။ ကိုယ်လဲ တခါကျက်မလာလို့  နှစ်ခါလောက် ခေါက်ခံရဘူးတယ်လေ။ ဒါပေမယ့် ဆရာ့ကျေးဇူးကြောင့် ကျမတို့ တွေ ရှစ်တန်းမှာ Tense တွေ ခွဲးသိသွားရတာပါ။ ဆရာကျေးဇူးနဲ့  ရှစ်တန်းအောင်လာတာပါပဲ။ လူတွေ့ ရင် စာရဘီလား?  လို့  မေးတတ်ပြီး၊ စာမရရင် ဒီမှာတွေ့ လား လက်သီးလို့  ကြိမ်းတတ်လို့  ရပီတာ(repeater) တွေတောင် ခေါင်းမော် မကြည့်ရဲပါဘူး။
          ဒါကြောင့်မို့ လို့  ဒီဆရာနံမည်ကို ကျောင်းသားတွေက ကွယ်ရာမှာ စိန်လက်သီးလို့  ပေးထားပါတယ်။ အသက်လဲကြီး၊ သမားဂုဏ်လည်းကြီးပြီး ကျောင်းရဲ့  ဝေယျာဝတ်စတွေကို ဆောင်ရွတ်တတ်တဲ့ ဆရာ၊ ကျောင်းသားအများစုက ချစ်တဲ့ ဆရာကို လွမ်းမိသွားတာပါ။ ခုတော့ ဆရာမရှိတော့ပါဘူး။ ဆုံးရှာပြီလေ။ ဒါပေမယ့် ဆရာ မဆုံးပါးခင် (၃)နှစ်လောက်ထဲက မိသားစုကျောင်း ဆရာကန့် တော့ပွဲးတွေ လုတ်ဖြစ်ခဲ့တာမို့  ဆရာ့ကို ကန့် တော့ခွင့်ရလိုက်တာဟာ ကျမအတွက်တော့ ကံကောင်းလို့ လိုတောင် ယူဆမိပါတယ်။ ကျောင်းသားနဲ့  ဆရာဆိုတာ သား၊ သမီးနဲ့  မိဘ လိုပဲမို့  ဆရာ့ကိုလည်း မိုးနဲ့  အတူ လွမ်းမိပါသည်။ ဆရာ ရောက်ရာ၊ ဖြစ်ရာ ဘဝမှာ ပျော်ရွှင် ချမ်းမြေ့ နိုင်ပါစေ။           ။
Wednesday, September 28, 2011
`တကယ်လား ဧရာဝတီရယ်`
          ကျမ စာမရေးနိုင်တာ သုံးပတ်လောက် ရှိသွားပြီ ဖြစ်ကြောင်း သိပါသည်။ ဒီရက်မှာ ကိစ္စများမြောင် လူတို့  ဘောင်တွင်ဆိုတဲ့  စကားနဲ့ အညီ ကိုယ့်ကိစ္စ၊ ဆွေမျိုး မိသင်္ဂဟ ကိစ္စ၊ အဖွဲ့ အစည်းတွေနဲ့  ပတ်သတ်တဲ့ ကိစ္စ အို များလိုက်တဲ့ ကိစ္စတွေ။ ပျော်စရာတွေလည်းတွေ့ ရသလို ၊ စိတ်ညစ်စရာ၊ စိတ်မကောင်းစရာတွေနဲ့  လဲ ကြုံစုံခဲ့ရတော့ ကမ္ဘာလောက- က သက်မဲ့အရာဝတ္တူတွေတောင်မှ အပူ၊ အအေးဒဏ်ကြောင့် ပြောင်းလဲ ပျက်ဆီးနိုင်သေးရင် လူ့ တွေရဲ့  စိတ်ဟာလည်း ခံစားချက်ရှိလေတော့ ဒဏ်ရာတွေ၊ အမှတ်ရစရာတွေနဲ့  ပြည့်နေတော့တာပေါ့လေ။
          လူတွေ ဧရာဝတီနဲ့  ပတ်သတ်တဲ့အကြောင်းတွေ ရေးနေတော့ ကျမသွားဖတ်ပါတယ်။ ပညာရှင်တွေ၊ အသက်အရွယ်(သို့ ) အတွေ့ အကြုံ ကြီးရင့်သူတွေရဲ့  စာတွေကို ဖတ်ပြီး သူတို့ ကို လေးစားတယ်။ ကျမ ရေ၊မြေကို တန်ဖိုးထားတယ်။ မြတ်နိုးတယ်။ မသိစိတ်ထဲကကို လွမ်းမောတသ ဖြစ်ရတာပါ။ နှမျှောတသ ဖြစ်ရလွန်းလို့  ရင်ထဲမှာတောင် နာကျင်နေပါတယ်။ ဒါဟာ ရောဂါလည်းမဟုတ်ပါဘူး။ ဘိုင်းရပ်စ်လို ကူးစက်ခံရတာလည်း မဟုတ်ဘူး။ ခံစားတတ်တဲ့ လူတစ်ယောက်ရဲ့  ခံစားမူ့ ပါ။ လူ ဆိုတာကတော့ အကြောင်းအကျိုး၊ အကောင်းအဆိုးကို ဝေဖန်ပိုင်းခြား သိနိုင်ရုံတင် မဟုတ်သေးပါဘူး၊ ကိုယ်ခြင်းစာတရားတွေ ခြင့်ချိန်နိုင်းဆ နိုင်စွမ်းတွေလည်း ပိုင်ဆိုင်ပါသေးတယ်။ ဒါဟာ မြန်မာလူမျို တစ်ယောက်ရဲ့ အတွေးပါပဲ။
          တကယ်ဆို ကျမ အံသြမိတာ လေး တစ်ခု ရှိတယ်။ အင်္ဂလန်မှာ ရှိတဲ့  သိမ်းမြစ်ကို အင်္ဂလိပ်လူမျိုးတွေ ဂုဏ်ယူပြီ ထိန်းသိမ်းထားကြတယ်။ မြန်မာပြည်မှာ အမူ့ ထမ်းတဲ့ အစ်စရေးလူမျိုးတွေက မြန်မာပြည်ကို ကြည့်ပြီး မင်းတို့  တိုင်းပြည်မှာ ဧရာဝတီလို မြစ်ကြီးတွေရှိတာ သိပ်ကံကောင်းတယ်လို့  ပြောတယ်။ သူတို့  နိုင်ငံမှာ ရေအတွက် ဘယ်လို ဒုက္ခရောက်ရတာ သူတို့ က အသိဆုံးလေ။  ဘုရားရှင် လက်ထပ်တော် တုံးကတောင် မြစ်တစ်စင်းကို တိုင်ပြည်နှစ်ပြည် စိုက်ပျိုးရေ မလုံလောက်လို့  နှစ်နိုင်ငံ စစ်ဖြစ်မှာကို မြတ်စွာ ဘုရားရှင်က တရားပြလို့  ဆုံးမတာတွေ ဖတ်ဖူးတယ်။ တကယ်ဆို သူတို့ က သူတို့ နိုင်ငံ အလယ်မှာမရှိပဲ နှစ်နိုင်ငံနယ်စပ်မှာပဲ မြစ်သေးသေးလေး တစင်းကို လုယူတာ ကိုယ့်နိုင်ငံ အကျိုးအတွက်ပါ။
          အခု လက်ရှိ စင်္ကာပူမှာ ကြွေးကျော်နေတာက စင်္ကာပူမြစ်ထဲက ရေငံတွေကို ရေချိုပြောင်းပြစ်မယ်တဲ့။ ခုဆို ပြည်တွင်း၊ ပြည်ပက ပညာရှင်တွေခေါ်လို့  လက်တွေ့ စမ်းသပ်မူတွေတောင် လုတ်နေကြပြီ။ သူတို့  အတွက် ရေချိုဝယ်ရနိုင်တဲ့ နိုင်ငံမရှိရင်၊ စစ်ဖြစ်ရင် အသက်ဆက်နိုင်ဘို့  ပင်လယ် ဒီရေဝင်ချောင်းလေးကို ပင်လယ်ပေါက်တွေမှာ ပိတ်လို့  ရေတွေလှောင်ထားလိုက်ပြီ။ ခုတော့ လှောင်ထားတဲ့ရေတွေက ရေငံတွေပဲ ရှိသေးတာပေါ့။ ဒါတွေကို ရေချိုပြောင်းတဲ့ လုတ်ငန်းစဉ်တွေ စပြီ အကောင်းအထည်ဖော်နေပြီလေ။ မြန်မာပြည်မှာ ဒီလို ပြုပြင်စရာမလိုတဲ့ ရေချိုတွေ စီးဆင်းတဲ့ မြစ်ဧရာကြီး တစင်းရှိပါတယ်။
          တိုင်ပြည်ကြီးကို သူတပါးကျွန်ဘဝက လွတ်မြောက်အောင် ဗိုလ်ချုပ်နှင့် တကွ မြန်မာပြည်သူ၊ ပြည်သားတွေဟာ ကျရာ အခန်းက ပါဝင် တိုက်ပွဲးဝင်ထားတဲ့ ပြည်ထောင်စုကြီးကို ဘာအတွက်ကြောင့်မှ သူတပါးလက်ထဲ ထိုးအပ်ထားခြင်ရပါသလဲ . . . . .  ?။ သူများစီက ရေလိုခြင်လို့  သူတပါးကျွန်ဖြစ်ရတာ လောက်တောင် ပြောလို့  မကောင်းပါဘူး။ မြန်မာပြည်ကြီးရဲ နှလုံးသွေးများ စီးဆင်းဝင်ရောက် ပေါင်းဆုံရာ ဧရာဝတီမြစ်ကြီး ဆက်လတ် အရှည်တည်တံ ခိုင်မြဲနိုင်ဘို့ ဟာ လှည်းနေ၊ လှေအောက် မြင်းစောင်ပါမကျန်တဲ့ လူထုရဲ့  အဓိက လိုအပ်တဲ့ မြစ်ရေကို မြန်မာလူမျိုးတွေရဲ့  အောက်ကနေ ပျောက်ပျက်မသွားအောင် ကာကွယ်ပေးကြမယ်ဆိုရင်တော့ မြန်မာပြည်ကို ချစ်တယ်ဆိုတာကို ကျမတို့  ယုံကြည်လိုက်ပါမယ်။
              ဘာလို့ လည်းဆိုတော့ မြန်မာပြည်မြေပုံကို ကြည့်လိုက်ပါ။ လူတစ်ယောက် ရပ်နေတဲ့ အနေအထားပါ။ လူတွေမှာ အရိုးတွေ၊ အသွေးတွေ၊ အသားတွေနဲ့  ဖွဲ့ စည်းထားသလိုပဲ မြန်မာပြည်ကြီးရဲ့  ကျောရိုးလည်းဟုပ်၊ အသက်သွေး ဆိုလည်းဟုပ်တဲ့ ဧရာဝတီမြစ်ကြီးနဲ့  မြစ်ကြီးထဲကို ပေါင်းဆုံဝင်ရောက်ကြတဲ့ ချောင်းငယ်၊ မြစ်ငယ်တွေ ယှက်ဖြာနေလေတယ်။ ကုန်မြေတွေကတော့ မြန်မာပြည်ရဲ့  အသားတွေပေါ့။ ဒီလို အသွေး၊ အသားတွေ ကျောရိုးတွေပေါ်မှာ မြန်မာ ပြည်ထောင်စုသားတွေ နေထိုင်ကြပါတယ်။ ဒါတွေကို ဖဲ့ထုတ်နေတာ ၊ မသိသာတမျိုး သိသိတမျိုး ဝါးမျိုးခံနေရတာဟာ မြန်မာလူမျိုးတွေရဲ့  စားဝတ်နေရေးကို ပိုပြီး ဆင်းရဲကျပ်တည်း စေမှာပါပဲ။ ပိုကောင်းဘို့ တော့ ရှိမယ်မထင်ပါဘူး။ ဒါကြောင့်မို့  ဧရာဝတီမြစ်ကြီး ဆက်လက်တည်ရှိအောင်း စွမ်းဆောင်နိုင်မယ်ဆိုရင် ပြည်သူတွေကလည်း အော် အားလုံးမြန်မာပြည်ကို တန်းတူချစ်ကြပါလားလို့  လက်ခံနိုင်မှာပါပဲရှင်။
Sunday, September 4, 2011
ဥစ္စာစောင့် ကုလားမ
Google မှ ရှာဖွေကူးယူ ဖော်ပြပါသည်။
          ဥစ္စာစောင့် အကြောင်းတွေကို ကြားဘူးကြမယ် ထင်ပါတယ်။ဥစ္စာစောင့်ဆိုရင် ဘုရားပစ္စည်းကို စောင့်ရှောက်ရတဲ့သူ နှင့် ကိုယ်ပိုင်ဥစ္စာကို စွဲးလန်းလို့  စောက်ရှောက်ရတဲ့ သူ ဆိုပြီး နှစ်မျိုး တွေ့ နိုင်မယ်လို့  ထင်ပါတယ်။ ကျမသိတဲ့ တခုသော ဥစ္စာစောင့် အကြောင်းကတော့ ကျမတို့  အညာမြေပြန့် က အဒေါ်ရဲ့  တိုက်မှာ ဖြစ်ခဲ့ဘူးတာလေး တခုပါ။ ကိုယ်တိုင် သေခြာတော့ မတွေ့ ခဲ့ဘူးပါဘူး။ ဒါပေမယ့် ကိုယ်တိုင်တော့ ခံစားသိခဲ့ရဘူးပါတယ်။ သူကတော့ ကိုယ့်ဥစ္စာကို ကိုယ်ပြန်စောင့်တဲ့သူလို ထင်ရပါတယ်။ ကုလားမ ဥစ္စာစောင့်လို့  အကိုဝမ်းကွဲးတွေကတော့ ပြောကြတာပါပဲလေ။
          ဥစ္စာစောင့် အကြောင်းကို ဟိုးငယ်ငယ်တုံးက စကြားဘူးခဲ့တာဟာ လူကြီးတွေ ပုံလုတ်ပြောတဲ့ `ပစ်ချလိုက်ရမလား` ဆိုတဲ့ အကြောင်းအရာလေးက စမယ်ထင်ပါတယ်။  ဒါပေမယ့် လူကြီးတွေကတော့ ဥစ္စာစောင့်လို့  တော့ မပြောပြထားပါဘူး။ သရဲခြောက်တဲ့ ဟာသ ပုံပြင်တိုလေးပေါ့။ အားလုံး ကြားဘူးထား ပြီးသားလို့  ထင်ပေမယ့် နည်းနည်းတော့ ဇာတ်ကြောင်းလေး ပြန်ကောက်လိုက်ပါစေနော်။ တခါတုံးက ဇရပ်တစောင်ဟာ သရဲခြောက်တယ်လို့  အလွန်နံမည်ကြီးသတဲ့။ ရှေးက ခရီးသွားရင် ဇရပ်တွေမှာ တညတာ တည်းခိုလို့  ခရီးဆက်ရလေတော့ ခရီးသွားတွေဟာ ဒီဇရပ်မှာ ညဘက်မအိတ်ရလေအောင် ကြိုးစား ခရီးဆက်ရရှာသတဲ့။ ဘယ်လို ခြောက်သလဲဆိုရင် ညရေးညတာ တည်ခိုးသူတွေရှိတဲ့အခါမှာ ခေါင်းမိုးပေါ်ကနေ `ပစ်ချလိုက်ရမလား` ဆိုတဲ့ အသံနက်ကြီး ပေါ်လာပြီး မေးလေ့ရှိသတဲ့။ အဲလိုမေးခံရတဲ့ ခရီးသည်ဟာ ကြောက်လန့်ပြီး ညဘက်မှာပဲ ဆက်မနေရဲတော့ပဲ အထုပ်အပိုးတွေနဲ့  ထွက်ပြေး ရတော့တာပဲတဲ့။
           တနေ့ တော့ စိတ်ညစ်ပြီး သေခြင်စိတ်ပေါက်နေတဲ့ ခရီးသွား တစ်ယောက်ဟာ အဲဒီဇရပ်ကို ရောက်လာပါသတဲ့။ နေ့ လည်ဘက်မှာ ခဏနားခိုကြတဲ့ ခရီးသွားတွေဟာ ဒီဇရပ်မှာ ညမအိပ်ဘို့  နှင့် ည- ညဆို သရဲခြောက်တတ်ကြောင်း သူ့ ကို ပြောပြ သတိပေးကြပါတယ်။ ဒါပေမယ့် သူကလည်း သေခြင်နေလေတော့ ခရီးမဆက်တော့ပဲ တွေ့ ခြင်တာတွေ့ ပစေပါ ဆိုပြီ တစ်ယောက်ထဲ ညအိပ်ကျန်ခဲ့ပါတယ်။ ညဘက်ရောက်တော့ ထုံးစံအတိုင်း သရဲက `ပစ်ချလိုက်ရမလား` ဆိုပြီး အသံနက်ကြီးနဲ့ မေးတော့တာပါပဲ။ သေခြင်နေတဲ့ ခရီးသွားကလည်း `ပစ်ခြင် ပစ်ချလိုက်` လို့   ပြန်ပြောပါသတဲ့။ အဲဒီတော့ `ဝုန်း` ဆိုတဲ့ အသံကြီးနှင့် အတူ အထုတ်တစ်ထုတ်ကျလာသတဲ့။ သူလည်း ကျလာတဲ့ အထုတ်ကို ဖြေကြည့်လိုက်တော့ ရွှေ၊ ငွေ၊ ရတနာတွေ ဖြစ်နေပါသတဲ့။ အဲဒီနောက်မှာ သေခြင်တဲ့သူကလည်း ချမ်းသာသွားပြီး၊ ဒီဇရပ်မှာလည်း သရဲ မခြောက်တော့ပါဘူးတဲ့။ ဘာလို့ လဲ ဆိုတော့ သရဲက ဒီအထုတ်ကြီးကို စွဲးလမ်းလို့  သရဲဖြစ်နေတဲ့ ဥစ္စာစောင့် ဖြစ်နေပြီ၊ ခုတော့ ကျွတ်လွတ်ချိန်ရောက်တာတောင် ဒီအထုတ်ကြောင့် ဒုက္ခရောက်နေရလို့  စွန့် ပစ်ခြင်နေတဲ့ သူရဲ ဖြစ်နေလို့ ပါပဲတဲ့လေ။ အဲဒါ ပထမဆုံး ကြားခဲ့ဘူးတဲ့ ဥစ္စာစောင့် ပုံပြင်လေးပါပဲ။
          ကျမ အဒေါ်အိမ်မှာ ဥစ္စာစောင့် ရှိတယ်လို အဒေါ်နဲ့ အတူနေတဲ့ ဘဘရဲ့  သား အကိုဝမ်းကွဲးတွေက ပြောပြတာကို စကြားခဲ့ရတာပါ။ ဒါပေမယ့် နေနေကြ နေရာဆိုတော့ ကြောက်ရကောင်းမှန်းလည်း မသိပါဘူ။ အကိုတွေကတော့ တွေ့ ဘူးကြတယ်။ သူတို့  ခြောက်ခံရပုံလေးကို ပြောပြတာ ကြားဘူးတာပါ။ တိုက်က အရှေ့ အရပ်ကို မျက်နှာပြုပြီး ဆောက်ထားတာပါ။ ဥစ္စာစောင့် ရှိတယ်ဆိုတဲ့ အခန်းက တိုက်ရဲ့  ခေါင်းရင်းပိုင်း အနောက်ဘက် အခြမ်းလေးပါ။ အဲဒီ အခန်းမှာ အနောက်ဘက်နံရံကို ကုတင်ကပ်အိပ်ရင် ပိုသိသာတယ်လို့  ပြောပြပါတယ်။ ညဘက် တရေးနိုးရင် ဘေးမှာ ပျော့စိစိကြီး တဲ့ အဲဒါနဲ့  ထကြည့်တော့ ကုလားမလို မိန်းမတစ်ယောက် အိပ်နေလို့  တွန်းချရတယ်လို့  ဆိုပါတယ်။ အံမယ် ဒီကုလာမက ထကြည့်ရင် ဟီး ဟီး နဲ့  ရယ်နေသေးသတဲ့။ ဒါပေမယ့် ယောင်္ကျားလေး တစ်ယောက်ထဲ အိပ်မှ ဒီလိုဖြစ်တာပါ။ ကျမ အကို ဝမ်းကွဲးတွေက သတ္တိတော့ အတော် ကောင်းကြတယ်။ တော်ရုံတော့ မကြောက်ရေးချ မကြောက်တဲ့ အထဲကသူတွေကြည့်ဘဲ။
           အကိုဝမ်းကွဲးက ညီအကို ၃-ယောက် ရှိပေမယ့် တကယ်တွေ့ တာက အကို အကြီးဆုံးနဲ့  အငယ်ဆုံးပါ။ အဲလိုဖြစ်ရင် ကုတင်ကို နေရာရွေ့ ၊ ဦးခေါင်းရင်းကို အရှေ့ ဘက် ရွေးလိုက်မှ နှောက်ယှက်တာ သက်သာပါသတဲ့။ ထူးတာက ကုလာမ သူရဲက ယောက်ကျားတွေဆိုရင် ကုတင်ပေါ် လာလာ အိပ်တတ်ပေမယ့် မိန်ခလေးတွေ ဆိုရင်တော့ ကုတင်ပေါ်က တွန်းချတာ၊ အိပ်မရအောင် လုပ်တာမျိုးပဲ လုပ်တတ်တာပါ။ အဟီး ဧကန္တတော့ ဧကန္တပါပဲ။ ဒါပေမယ့် ကျမတို့  တွေကပဲ အဲဒီအခန်း သိပ်မအိပ်ဖြစ်လို့ လား မသိဘူး တခါမှတော့ အဲလောက်ထိအောင် မတွေ့ ဘူးခဲ့ဘူး။ နေ့ လည် နေ့ ခင်းဆိုလည်း အကြောက်အလန့် မရှိ အဲဒီအခန်းထဲ ဝင်ထွက်၊ သွားနေတာပါပဲ။
          ဒါပေမယ့် ကျမလည်း တခါဆို တခါပါပဲ သိသလိုလိုတော့ ဖြစ်လိုက်ဘူးတယ်။ အရိတ်လဲ ပြတာမဟုပ်ဘူး။ လာထိတာလည်း မဟုပ်ဘူး။ သူက ငယ်တဲ့ ကလေးတွေ ဆိုလည်း ခြောက်လှန့်ခြင်း မရှိဘူး ထင်တယ်။ ကျမ ငယ်ငယ်ကတည်းက ဒီအခန်းမှာ နေ့ လည်နေ့ ခင်း ရံဖန်ရံခါ အိပ်နေဘူးပါတယ်။ တခါမှ ခုလို တော့ မဖြစ်ဘူး၊ မတွေ့ ဘူးပါဘူ။ ဒါပေမယ့် အဲဒီနေ့ က ဒေါ်ဒေါ်အိမ်မှာ အတူနေ၊ အတူစား စိုးစိုးနဲ့ ကျမ တူတူ ဒီအခန်းထဲမှာ နေ့ လည်းဘက် အိပ်နေကြတာပါ။ နောက်တော့ စိုးစိုးက တရေးနိုးတော့ အရင်ထသွားပါတယ်။ အဲဒီအချိန်မှာ ကျမတယောက်ထဲ အဲဒီ အခန်းမှာ အိပ်ပြီးကျန်နေခဲ့ပါတယ်။ တော်တော်ကြာတော့ မှ လူက ဆတ်ကနည်း ဖြစ်သွားပြီး နိုးသွားပါတယ်။ လူလည်း ကျက်သိမ်းထသွားတယ်။ အဲဒါနဲ့  ကမန်းကတန်းထပြီး အခန်းထဲက ထွက်လာခဲ့ပါတယ်။ ဒီအခန်းထဲမှာပဲ ဖြစ်တာပါ။ ကျန်တဲ့ ဘယ်နေရာမှ အဲလို မဖြစ်ပါဘူး။ သူကလည်း ဒီအိမ်သားတွေနဲ့  ရင်နှီးနေလို့ လားတော့ မသိပါဘူး။ ကျမလည်း အပြင်ရောက်တော့ မှ စိုးစိုးကို ပြောပြပါတယ်။ သူတို့ က ခဏ၊ ခဏ လှန့် နိုးတာတို့ ၊ တွန်းချခံရတာတို့  ဖြစ်နေကြပါ။ သူကတော့ ရီနေပါတယ်။ ကျမကတော့ လှန့် နိုးသွာတာတောင် ဒီတခါပဲ ကြုံခဲ့ဘူးတာပါ။ သူလည်း ဒီတခါပဲ ကျမကို ခြောက်ခွင့် ရပုံပေါ်တယ် ထင်ပါ့ရှင်။
          တိုက်ရဲ့  အောက်မြေနေရာမှာ သူမြုပ်ထားဘူးတဲ့ ပစ္စည်းတွေ ရှိခဲ့ဘူးလို့ ထင်ပါရဲ့ ။ သူ့ မှာ ကျွတ်လွတ်ခြင်းလည်း မရှိနိုင်ဘူးဖြစ်နေ ထင်ပါတယ်။ ကျမ ဒေါ်ဒေါ် ဗေဒင်မေးတော့ ပစ္စည်းတွေ တူးပြီး အလှူလုပ်လို့  သူ့ ကို အမျှဝေစေခြင်ပုံရတယ် လို့  ပြောပါတယ်။ ဆောက်ထားတဲ့ တိုက်ကို ဘယ်သူက အလုပ်ရူတ်ခံ ဖျက်ပြီး မသေခြာတဲ့ အရာကို တူးဖော်ကြည့်မလဲရှင်။ သူ့ ရဲ့  စွဲးလန်းစိတ်က သူ့ ကို ဒုက္ခပေးနေတော့ကာ ပစ္စည်းဥစ္စာတွေ လှူပေးသူ၊ ယူသူမရှိရင် သူဟာ ဒီဥစ္စာပုံနားကခွဲးထွက်လို့ သရဲဘဝကနေ ကျွတ်လွတ်ခွင့် မရှိဘူးဆိုတာကတော့ သူ့ အတွက် တွေးရတာတောင် မလွယ်လှပါဘူးရှင်။           ။