Google မှ ရယူပါသည်။ |
ခုရက်ပိုင်းများမှာ မိုးအုံ့ လိုက်၊ ရွာလိုက်၊
ပူအိုက်အိုက်ဖြစ်လိုက်နှင့် အတော်လေး စိတ်ပျက်စရာ ကောင်းပါတယ်။ ဒါပေမယ့် ဒီမှာက မိုးလုံ၊
လေလုံလောက်တော့ ရှိတာကြည့်ပါပဲ။ ဒီက ကျောင်းသားတွေ ရုတ်ပိုင်းဆိုင်ရာတော့ ကံကောင်းကြပါပေတယ်လို
့ တွေးမိနေပါတယ်။ ကျမတို့  ငယ်ငယ်က သင်ရတဲ့ မိသားစုကျောင်းဟာ ကျမတို့  လက်ထက်မှာ မြို
့နယ် အစိုးရ အလယ်တန်းကျောင်း တစ်ခုဖြစ်ပေမယ့်၊ ကျမတို့  ကျောင်းတက်စဉ်က ပျဉ်ထောင်ကာ
ဓနိမိုးဆိုတော့ မိုးတွင်းလို ကာလမှာ ဆွေးမြေ့တဲ့ အမိုးနေရာတွေက ရေယိုလို့  စာသင်တာ
ရပ်ထားရတဲ့ အခန်းမျိုးတွေ ရှိခဲ့ဘူးတာကို သွားသတိရမိတယ်။
နောက် တဖြည်းဖြည်းခြင်းမှ ကျောင်းစောင်တခုက
သွတ်မိုး၊ နောက်တစ်ခုက ဓနိမိုး။ အဲဒီကနေပြီမှ ခုဆို ကျောင်းသားမိဘတွေ တစ်နှစ်ခြင်းအလိုက်
စုဆောင်းလိုက်၊ အလှူခံလိုက်ကနေ တခြမ်းက ပျဉ်ထောင်၊ သွပ်မိုး နောက်တခြမ်းက နံကပ်ကာ၊
သွပ်မိုးတော့ ခုချိန်မှာ ဖြစ်လာခဲ့ပါပြီ။ မြန်မာပြည်က ကျောင်းတွေဟာ ဒီလိုတွေ များမှာပါပဲ။
အဓိက ပြောခြင်တာက ဒါတွေမဟုတ်ပါဘူး။ စိတ်တွေက ရောက်ခြင်တဲ့ဆီ ဝုန်းခနဲ၊ ပြောင်လဲရောက်သွားနိုင်ပေမယ့်
စာရေးရာမှာတော့ ဝုန်းခနဲသွားလို့  မရလို့  စာစီရ၊ ရှင်းရသေးတာ မို့ လား။ ရှင်းရင်း
ရှင်းရင်နဲ့  ဘေးချော်၊ ဟိုရောက်၊ ဒီရောက်ပဲ ဖြစ်တာလောက်ပါ . . . :)။
အဲဒီကျောင်းလေးမှာ သူငယ်တန်းကနေ ရှစ်တန်းအောင်ထိ
နေခဲ့ရပါတယ်။ ခုတော့ ငါးတန်းကနေ၊ ရှစ်တန်းပဲ တက်ရတော့တယ်ရှင့်။ ကလေးထဲက ဆိုတော့ သူငယ်ချင်းတွေနဲ
့ သိတဲ့သူတွေက များတာပေါ့။ များတော့ ပျော်စရာကောင်းတာပေါ့ရှင်။ ဒါထက် ပိုကောင်းတာက
ကျမတို့ တက်ရတဲ့ နှစ်များဆီက ကျောင်းအုပ် ဆရာမကြီးကလဲ အသစ်ပြောင်းလာ။ စည်းကမ်း ကိုင်တွယ်တာတွေကြောင့်
(ကျောင်းသူ၊ ကျောင်းသားတွေတင် မဟုတ်ဘူးနော်၊ ဆရာ၊ ဆရာမတွေပါ ပါတယ်) ကျောင်းမှာ စည်းကမ်းရော၊
သင်ကြားရေး ဘက်မှာပါ အောင်မြင်လာ၊ နံမည်ကျော်လာတဲ့ အခါပေါ့။
ဆရာကောင်း၊ သမားကောင်းနှင့် ကြုံဆုံရတယ်
ဆိုတာကလည်း ကုသိုလ်တမျိုး ထင်ပါရဲ့ ရှင်။ ဘာလို့ လဲ ဆိုတော့ ခုချိန် ပြန်ကြားရတဲ့ သတင်းအရ
ကျမတို့  ကျောင်းလေးမှာ အသပြာဆရာနဲ့ ၊ ဝတ်ကျေသင်တဲ့ ဆရာသစ်၊ ကျောင်းအုပ်သစ် တွေကြောင့်
နံမည်ကျဆင်း နေလို့ ပါ။ စေတနာ၊ အနစ်နာခံတဲ့ ဆရာ၊ ဆရာမ တွေပဲ ရှားပါးကုန်လို့ လား မဆိုနိုင်ပါဘူ။ ဆရာဟောင်းတွေလည်း
ရာထူးတွေတက်၊ ကျောင်းတွေ ပြောင်းကုန် ကြပါပြီ။ ဆရာကန်တော့ပွဲး ကျင်းပတော့ တချို့  ဆရာ၊
ဆရာမတွေ ကျောင်းကို အဝေးက ပြန်လာကန် တော့ခံလို့  တခါတော့ စုံဖြစ်လိုက်ပါသေးတယ်။
ဒါနဲ့  စာကိုယ် ခေါင်းစည်းပိုင်းနဲ့ ဘာဆိုင်လဲ
ဆိုတော့လေ လာမှာပေါ့နော် . . . အဟီး။ မှတ်မှတ်ရရ ကျမ လေးတန်းနဲ့ ၊ ရှစ်တန်းနှစ်က
အစိုးရစစ်ပါ။ လေးတန်းက မြို့နယ်ပညာရေးမူးရုံးက တာဝန်ယူပြီး အမှတ်ခြစ် ရပါတယ်။ ရှစ်တန်းနှစ်ကျတော့
တိုင်းပညာရေးမူးရုံးက တာဝန်ယူရတယ် ထင်ပါတယ်။ စာစစ်မယ့် ဆရာတွေလည်း တိုင်းမြို့ကို သွားရပါတယ်။
ဆယ်တန်းကျတော့ ရန်ကုန်မှာ ဆရာတွေ သွားစစ်ရပါတယ်။ ကျမတက်တဲ့ အဲဒီကျောင်းက ရှစ်တန်းက
အမြင့်ဆုံးအတန်း၊ ဆရာတွေကလည်း အစိုးရစစ်မှာ အောင်ချက် ကောင်းအောင် အင်တိုက်၊ အားတိုက်
သင်ကြားပေးနေတဲ့ နှစ်တွေပါပဲ။ ကျောင်းသားတွေ အတွက် တကယ်ကို အကျိုးများလှပါတယ်။ ကျေးဇူးကြီးတဲ့
ဆရာ၊ ဆရာမ နှင့် ကျောင်းကြီးပါပဲ။
မြန်မာစာသင်တဲ့ ဆရာကတော့ အေးပါတယ်။ သူ့ ဘာသာသူ
စာသင်သွားတာပါပဲ။ မြန်မာစာ အချိန်ဆိုလို့  မှတ်မိသေးတယ်။ ကျမတို့  နှစ်က စာတော်တဲ့
ကျောင်းသားတစ်ယောက်ဟာ ဆရာ အချိန်မှာ ည ည ထ စာကျက်တဲ့ အရှိန်ကြောင့်ရော၊ ပျင်းစရာကောင်းတာကြောင့်ရော
အမြဲ အိတ်ငိုက်ပါတယ်။ တနေ့ တော့ ပါးစပ်ဟ သန်းလိုက်တာ ပါစပ်ထဲ ခြင်တကောင် ဝင်သွားပါလေရော။
သူကလည်း ဝူးဝါး၊ ဝူးဝါးနဲ့  ပါးစပ်ထဲ ရောက်နေတဲ့ ခြင်ကို ထုတ်တာ ကျမတို့ က အစ၊ အဆုံးမြင်တော့
ရီလိုက်ရတာ။ သူလဲ နည်းနည်းတော့ ရှက်သွားပါတယ်။ ဆရာလဲ စာသင်နေရာကနေ ဘာဖြစ်ပါလိပ်ဆိုပြီ
ရပ်သွားတာကိုး ၊ ရေးရင်းတောင် ရီခြင်နေတယ်
ဟီးဟိ။
နောက်မှ ကျမ့ သူငယ်ချင်းတစ်ယောက်နဲ့  စကားပြောရင်း
သူကရှင်းပါလေရော။ သူတို့ မှာ မောင်နှမ(၃)ယောက် ညမှာ တလှည့်စီ စာကြည့်ရကြောင်း၊ ညဦးက
သူ့ အမ့ စာကြည့်ရပြီ၊ မအိပ်ခင် သူ့ ကို နိုးကြောင်း။ သူက ညည့်လယ်မှာ စာကြည့်ရတယ်။ သူအိပ်ခါနီးမှ
သူ့ ညီမကို နိုးပြီး ညီမက မနက်စော စာကြည့်ရတာမို့  သူအိပ်ရေး ညတိုင်းပျက်ပါတယ်တဲ့
.. . အာသန်းရခြင်း အကြောင်း အကျယ်ချဲ့ ပါတယ်။ ကျမတို့ ကတော့ နားပဲထောင်လိုက်ပါတယ်။
ရီခြင်တာတော့ ရီခြင်တာပဲကိုး။ ဒါပေမယ့် ခု စဉ်းစားမိတော့ ဒါကလဲ တကယ်တော့ မှန်ကန်တဲ့
နည်းတခု မဟုတ်တာပါပဲ။ နှစ်နှစ်ချိုက်ချိုက် အိပ်ရမယ့်အချိန်ပြန်ထပြီး စာကျက်တော့ သွေးသစ်လဲတဲ့
အချိန်မှာ အားမရှိဘူး၊ ဦးဏှောက်လဲ ထိုင်းမိုင်းနေမှာပဲ၊ ကြာလာတော့ လူကို ထိခိုက်မှာ
အနှေးနဲ့  အမြန်ပါပဲ။ တကယ်လည်း သူ MIT ကျောင်းပြီးစက ရူးသလိုလို ဖြစ်သွားပါတယ်။ အမေက
ဆရာဝန်၊ အဖေက ဘီအီး အင်ဂျင်နီယာပါ။
ဆရာမတွေကတော့ သင်္ချာသင်တာက ကျမရဲ အမအကြီးဆုံးပါ :P။
သူကလည်း B.Ed ပထမသုတ်က ဆင်းတာပါ။ သူက စာသင်တာတော်ပါတယ် ဒါပေမယ့် ကျမက အိမ်မှာ အညံ့ဆုံးဆိုတော့
သူ အရှက်ကွဲမှာ စိုးလို့  ဆိုပြီ ကျမကို စာဘယ်တော့မှ မမေးပါဘူး။ ဟီးဟီး မမေးတော့ သက်သာတာပေါ့။
တကယ်တော့ မသက်သာပါဘူး၊ စာတွေကများလွန်းတော့ သင်္ချာဖြေခါနီး မပြီးနိုင်လို့  ငိုတောင်၊
ငိုရတယ်။ အဲဒီကျမှ အစိုးရစစ်မို့  တုတ်တစ်ချောင်းနဲ့  Theory တခုခြင်း ဖြတ်သင်ပါတယ်။
သင်္ချာက (၁+၂)လေ . . . :( ။ ကျမကလည်း တာတေပါ။ စာကျက်ပျင်းပြီး၊ အဆော့မက်တော့လဲ
အဲလို ဖြစ်ရတာပေါ့။
သိပ်ပံ ဆရာမကတော့ သူ့ ဘာသာ ကျောက်သင်ပုံးပေါ်မှာ
ပုံဆွဲးပြီး ရှင်းသွားတာပဲ။ သိပ်ပံက ပုံနဲ့ ၊ စာခွဲး အမှတ်ပေးတာဆိုတော့ ပုံဆွဲးတာ နှစ်သက်တဲ့
ကျမ သိပ်ပံလို ဘာသာတောင် ဂုဏ်ထူးထွက်အောင် ရွှီးနိုင်ပါတယ်။ မယုံ မရှိပါနဲ့  တကယ်ပါ။
ဖြေရင်တော့ စာအုပ်ထဲကလို ဖန်ပြွန်ထဲကို ဆာလဖြုရစ်အက်စစ် လောင်းထည့်ပါ အစား လောင်းထည့်သည်လို
့ လောင်းထည့်၏ လို့  ပြောင်းရေး ဆိုတာမှတ်ပြီး ဖြေတာပါပဲ။
ပထဝီ ဆရာကတော့ မြေပုံတွေ
အလွတ်ရအောင် အဆွဲးကျင့်ခိုင်းပါတယ်။ မြေပုံပေါ်မှာပဲ သဘာဝထွက်ပစ္စည်းတွေ၊ ရာသီဥတုတွေ၊
မိုးလေဝသပုံကို ဖတ်တတ်အောင်ပါ သေခြာသင်ပေးပါတယ်။ သမိုင်းကတော့ ဆရာမက ခုနှစ်တွေကို သက်သက်
Note ထုတ်ခိုင်းပါတယ်။ ပြီးတော့ စာတပိုဒ်ခြင်း ရှင်းပြပြီး အတန်းထဲမှာတန်း စာမေးတာပါ။
ဖြေနိုင်ရင် ဖြေနိုင်သူက ကိုမေးခြင်တဲ့သူ(ယောင်္ကျားလေးဆို မိန်းခလေး၊ မိန်းခလေးဆိုရင်
ယောင်္ကျာလေးဘက်ကို ) မေးရပါတယ်။ မဖြေနိုင်ရင် အတန်းထဲမှာ နားရွတ်ဆွဲးပြီး အရှေ့ ၊ အနောက်
တခေါက် ရှောက်ခိုင်းတာပါ။ အဲလို ဖြစ်မှာစိုးတော့ ဆရာမ စာသင်ရင် ကျမတို့ မှာ အခန်းထဲမှာ
စာကျက်နေရတာပါ။
အင်္ဂလိပ်စာ ဆရာကတော့ လူပျိုကြီးပီပီ စနေ၊
တနင်္ဂနွေတွေဆို အချိန်ပိုတွေခေါ် ခေါ်ပြီး စာသင်၊ စာမေး၊ စာကျက်ခိုင်းတော့တာပါ။ ကျောင်းသား၊
ကျောင်းသူ အားလုံးက ဖိန့် ဖိန့် တုန်အောင် ကြောက်ရပါတယ်။ စာကြည့်ခိုင်းပြီး ရုံးကိစ္စတွေရှိရင်
ရုံးခန်းသွား၊ ပြန်လာရင် စာမေးတော့တာပါပဲ။ မရရင်တော့ ကျောင်းသူရော၊ ကျောင်းသားသော မရှောင်ဘူး။
တွဲတော့တာပါပဲ။ ကျမလည်း အင်္ဂလိပ်စာ ညံ့တဲ့ အထဲပါပါတယ်။ ခုထိတောင် လင်္ကာလေး တခု မှတ်မိသေးတယ်။
ဘာတဲ့ အဲ tomor .. ./ soon, come, next, မန်း
Future Tense မှတ်ပါ တဲ့။ ယောက်ကျားလေး မေးမရရင် လက်သီးနဲ့  နဘူးထိုးပါတယ်။ မိန်းခလေးတော့
မိန်းခလေးမို့  တုတ်နဲ့  ရိုက်ပါတယ်။ ခေါင်းလဲခေါက်တယ်။ ကိုယ်လဲ တခါကျက်မလာလို့  နှစ်ခါလောက်
ခေါက်ခံရဘူးတယ်လေ။ ဒါပေမယ့် ဆရာ့ကျေးဇူးကြောင့် ကျမတို့ တွေ ရှစ်တန်းမှာ Tense တွေ
ခွဲးသိသွားရတာပါ။ ဆရာကျေးဇူးနဲ့  ရှစ်တန်းအောင်လာတာပါပဲ။ လူတွေ့ ရင် စာရဘီလား? လို့  မေးတတ်ပြီး၊ စာမရရင် ဒီမှာတွေ့ လား လက်သီးလို
့ ကြိမ်းတတ်လို့  ရပီတာ(repeater) တွေတောင် ခေါင်းမော် မကြည့်ရဲပါဘူး။
ဒါကြောင့်မို့ လို့  ဒီဆရာနံမည်ကို ကျောင်းသားတွေက
ကွယ်ရာမှာ စိန်လက်သီးလို့  ပေးထားပါတယ်။ အသက်လဲကြီး၊ သမားဂုဏ်လည်းကြီးပြီး
ကျောင်းရဲ့  ဝေယျာဝတ်စတွေကို ဆောင်ရွတ်တတ်တဲ့ ဆရာ၊ ကျောင်းသားအများစုက ချစ်တဲ့ ဆရာကို
လွမ်းမိသွားတာပါ။ ခုတော့ ဆရာမရှိတော့ပါဘူး။ ဆုံးရှာပြီလေ။ ဒါပေမယ့် ဆရာ မဆုံးပါးခင်
(၃)နှစ်လောက်ထဲက မိသားစုကျောင်း ဆရာကန့် တော့ပွဲးတွေ လုတ်ဖြစ်ခဲ့တာမို့  ဆရာ့ကို ကန်
့တော့ခွင့်ရလိုက်တာဟာ ကျမအတွက်တော့ ကံကောင်းလို့ လိုတောင် ယူဆမိပါတယ်။ ကျောင်းသားနဲ
့ ဆရာဆိုတာ သား၊ သမီးနဲ့  မိဘ လိုပဲမို့  ဆရာ့ကိုလည်း မိုးနဲ့  အတူ လွမ်းမိပါသည်။ ဆရာ ရောက်ရာ၊ ဖြစ်ရာ ဘဝမှာ ပျော်ရွှင် ချမ်းမြေ့ နိုင်ပါစေ။ ။
2 comments:
ဘ၀ အမှတ်တရ အချို့ချရေးချင်ပေမယ့်။ တစ်ခါတစ်လေ မရဲတာမျိုး ဖြစ်နေတယ်။ ရေးချင်တယ်။ သို့ သော် မဖြောင့်တန်းလှတဲ့ အတွေ့ အကြုံတွေမို့  ရေးရမှာ (ပြန်အမှတ်ရမှာ) ကြောက်နေသလိုပဲ။
အားပေးသွားပါတယ်။ ရေးပါ။ ကိုယ်မရေးနိုင်ောတ့ ရေးတဲ့သူပဲ အားပေးရမှာပဲ။
ငယ်ဘဝတွေအကြောင်း ဘယ်လိုဖတ်ဖတ် ဖတ်ခွင့်ရတိုင်း ကြည်နူးစရာပဲ စောရေ။
စိန်လက်သီးအကြောင်း ဖတ်သွားတယ်း))
စောရဲ့ တစ်ချိန်က ဆရာသမားရဲ အပေါ်မမေ့သေးတဲ့ တောင်းဆုလေးကို သဘောကျတယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
Post a Comment