ရှင်တော်မြတ်ဘုရားသည် ဘဝတွေဝယ် သူငယ်ချင်း အဖြစ်တော်လိုက်၊ ဆွေမျိုးသားခြင် ဖြစ်လိုက် ဆွေမျိုး မတော်စပ်ဘူးသူ မရှိခဲ့ဘူးလို့  ဟောကြားခဲ့ဘူးပါတယ်။
ကျမမှာလဲ ငယ်စဉ်ကတည်းက ပေါင်းခဲ့သော တည့်လိုက်၊ ရန်ဖြစ်လိုက်နှင့် မူလတန်းကတည်းက အတူတကွ ကြီးပြင်းလာခဲ့သော သူငယ်ချင်းတွေ ရှိခဲ့တာပေါ့။ ခုတော့လဲ တော်တော်များများကွဲး သွားကြပြီ။ သူအလုတ်နှင့်သူ နေရာဒေသတွေ မတူလို့  စုံနိုင်ရန်ပင် ခတ်နေပါပြီ။
ခုပြောမဲ့ အကြောင်းအရာလေးက ကျမ သူငယ်ချင်း တစ်ယောက်နှင့် စပ်ဆက်နေတာပေါ့။ ကျမ သူငယ်ချင်း ရဲ့ အမည်ကိုတော့ မဖော်ပြနိုင်တော့ပါဘူး။ တကယ့် အဖြစ်မို့  ရင်နာစရာလဲကောင်းပါတယ်။ ကျမ သူငယ်ချင်းရဲ့ အဖေက BM လို ကားပိုင်ပါ။ ကားနောက်ကိုလဲ အခါအားလျှော်စွာ လိုက်တတ်ပါတယ်။ အဲလိုလိုက်နေရင်းနှင့် ကား Accident ဖြစ်ပါတယ်။ ဖြစ်ပုံက ကားတံခါးပေါက်မှာ မတ်တပ်ရပ်လိုက်လာရင်းက ကြမ်းတုံး(ကားရပ်ရင် မလိမ့်အောင် သုံးတဲ့ သစ်သားတုံး) ပြုတ်ကျတာကို လှမ်းဆွဲရင်းက လူပါ အောက်ကို ပြုတ်ကျပြီ သူ့ ကားနောက်ဘီးနှင့် ကြိတ်မိပြီ ဆုံးသွားတာပါ။ အဲဒီ အချိန်တုံးက ကျမ သူငယ်ချင်းက ငယ်သေးတယ်ရှင့်။
သူ့  မှာ အမတွေ၊ အကိုတွေလည်း ရှိတာပေါ့ရှင်။ သူ အမတစ်ယောက်က အဲဒီ အချိန်မှာ အိမ်ထောင်နှင့် ကလေးပင် ကျမတို့ နှင့် မတိမ်းမယိမ်းမို့  ကစားဖော်လို ဖြစ်နေပါတယ်။ အမ အမျိုးသားက ဆရာဝန်ပါ။ အဲဒီကလေးနှင့် ကျမက သူ့ အဒေါ်နှင့် ပတ်သက်ပြီး ရင်းနှီးပါတယ်။ သူကလည်းစာတော်တယ်။ ဖြစ်တာက သူ တက္ကသိုလ် ဒုတိယနှစ်ရောက်တော့ ဖြစ်တာပါ။ ကျမ အမ အကြီးဆုံးကလည်း ရှစ်တန်းနှစ်က သူ့ ရဲ့ ဆရာမပေါ့။ အိမ်ခြင်းက ရင်းနှီးတာမဟုတ်ပေမယ့် ပတ်သတ်နေ၊ သိနေကျပါတယ်။
လူတွေမှာ ရှောင်လွဲဖို့  မဖြစ်သာတဲ့ ကံလေတွေဟာ မြင်လဲ မမြင်နိုင်ခဲ့ပါဘူး။ အတိတ်ကံဆိုတာ ဘယ်သူမှ မသိနိုင်ပဲ နောက်ကလိုက်နေတာမို့ လား။ သူ ဒုတိယနှစ် စာမေးပွဲးဖြေပြီ မြို့ ကိုပြန်လာတော့ သူမိဘ အိမ်နှင့် အဘွားအိမ်နှင့် ကူးချည် ပြန်ချည်နှင့်ပေါ့။ တစ်နေ့  သူ့ မိခင်နှင့် သူ ဆိုင်ကယ်စီးရင်ပြီ အဘွားဆီ အသွား လမ်းမမှာလဲ ဒိုင်နာလိုင်းကား က လည်း မောင်းတာ ကြမ်းကြမ်းနဲ့ ဝင် အလာ မျက်နှာချင်ဆိုင် မိရပ်သားဖြစ်သွားပါတယ်။ မြို့ ထဲလမ်းက အကွေ့ အကောက်တွေက များတဲ့ အပြင် အရှိန်နဲ့ ခပ်ရမ်းရမ်းမောင်းတာ မို့  ဆိုင်ကယ်ကလဲ အမြန်ရှောင်ပေမယ့် မရတော့ပါဘူး။
ကားနဲ့ ရိုက်ပြီး ဓာတ်တိုင်ဆီ လွှင့်သွားတယ် ။ တစ်ခါ ဓာတ်တိုင်နဲ့ ပါရိုက်ပြီး ပွဲခြင်းပြီးပါပဲ။ အမေဖြစ်သူက သူ့ သမီးကို ဝင်ကာပါသေးတယ် ရုတ်တရက် ဖြစ်ပျက်တာကလဲမြန် အရှိန်ကလဲပြင်းတော့ သမီးလုတ်သူက ပွဲးခြင်ပြီး ဆုံးသွားပါတယ်။ အမေကတော့ ဆေးရုံရောက်ပြီမှ ဆုံးသွားပါတယ်။ ပြည့်လည်းပြည့်စုံ ကလေးကလဲ အပေါင်းအသင်းကောင်းရုံတင် မဟုတ်ဘူး စာလဲမဆိုးဘူး၊ လိမ်လဲလိမ္မာပါတယ်။ အားလုံးလဲ စိတ်မကောင်းပါဘူး။
သူတို့ သေတာက အစိမ်းသေလိုမို့  ထင်ပါတယ်။ နောက်ရက်တွေမှာ သတင်းတွေ စကြားရပါတယ်။ သူတို့ အိမ်ပေါ်မှာတင် ခြေသံတွေကြားရပါတယ်တဲ့။ ရေးချိုးခန်းထဲမှာ ရေချိုးပြီး အိမ်ပေါ်တက်သွားတဲ့ အသံတွေ ကြားတယ် နှင့် အသက်ရှင်စဉ်ကလိုပဲ ပြုမူ လုတ်ရှားနေတာမို့  နောက်ဆုံး တစ်ယောက်ထဲကျန်တော့တဲ့ ကလေးမလေး အဖေဟာလဲ ပစ္စည်းတွေထုတ်ပိုးလို့  သူငယ်ငယ်က နေရင်းအရပ်ကို ပြန်ပြောင်းသွားပါတယ်။ ဖခင်ပေမယ့် နေလို့ ကို မဖြစ်တော့ပါဘူး။ သနားစရာပါ သူ့ ရဲ့လူဘဝကို ခင်တွယ် စွဲလန်းနေရှာတာပါ။
သူပွဲးခြင်းပြီးဆုံးသွားတဲ့ ဓာတ်တိုင်လေးမှာလဲ ည ၉နာရီ ၁၀နာရီလောက်မှာ ဖြတ်ဖြတ်သွားတဲ့သူတွေကို လိုက်စွဲတယ်။ နောက်တော့ ခြောက်တယ်နဲ့  နံမည်ကြီးလာပါတယ်။ တစ်လ၊ နှစ်လလောက်ကတော့ ကြမ်းပါတယ်။
အဲလိုနဲ့  မေ့မလို ဖြစ်ခါစမှာပဲ ကိုယ်တွေနဲ့ တွေဖို့ ဖြစ်လာသလား မသိပါဘူးရှင်။ သူတို့  ဆုံးတုံးက ကျမမြို့ မှာမရှိပါဘူး။ အလုပ်လုပ်နေလို့  တစ်ခါတလေ ခွင့်နှင့်မှပဲ ပြန်လာနိုင်ပါတယ်။ သတင်းတွေတော့ ကြားနေတာပေါ့ စိတ်လဲ မကောင်းဖြစ်ရပါတယ်။ သူဆုံးလို့  ၃၊ ၄လလောက်ရှိတော့ ကျမ မြို့ ပြန်ဖြစ်ပါတယ်။
No comments:
Post a Comment