အဘိဏှသုတ် (ဗုဒ္ဓဓမ္မ ဦးလောကနာထ မှ)
အဘိဏှသုတ် (ဗုဒ္ဓဓမ္မ ဦးလောကနာထ မှ ကူးယူဖော်ပြပါသည်)
ကံတရားကို အမြဲမပြတ် ဆင်ခြင်ပါ…
''မိမိ၏ ကံသာလျှင် မိမိဥစ္စာ ရှိ၏၊ ကံ၏ အမွေခံ ဖြစ်၏၊ ကံသာလျှင် အကြောင်းရှိ၏၊ ကံသာလျှင် အဆွေအမျိုး ရှိ၏၊ ကံသာလျှင် ကိုးကွယ် မှီခိုရာရှိ၏၊ ကောင်းသည်ဖြစ်စေ မကောင်းသည်ဖြစ်စေ ငါပြုမိသော ကံ၏ အမွေခံသာ ဖြစ်ရပေမည်'' ဟူ၍ မိန်းမဖြစ်စေ ယောက်ျားဖြစ်စေ လူဖြစ်စေ ရဟန်းဖြစ်စေ မပြတ် ဆင်ခြင်အပ်၏။
ရဟန်းတို့ သတ္တဝါတို့အား ကာယဒုစရိုက် ဝစီဒုစရိုက် မနောဒုစရိုက်သည် ရှိ၏၊ ထို(ကံ) အကြောင်းကို မပြတ် ဆင်ခြင်သော ထိုသူအား မကောင်းမှုသည် အချင်းခပ်သိမ်းမူလည်း ပျောက်ကင်း၏၊ ခေါင်းပါးခြင်းမူလည်း ဖြစ်၏။
''ငါတစ်ယောက်တည်းသာလျှင် ကံသာလျှင် မိမိဥစ္စာရှိသည် ကံ၏ အမွေခံဖြစ်သည် ကံသာလျှင် အကြောင်းရှိသည် ကံသာလျှင် အဆွေအမျိုးရှိသည် ကံသာလျှင် ကိုးကွယ်မှီခိုရာ ရှိသည် ကောင်းသည်ဖြစ်စေ မကောင်းသည် ဖြစ်စေ ငါပြုမိသော ကံ၏ အမွေခံဖြစ်သည် မဟုတ်၊ စင်စစ်မူကား ဤဘုံဘဝသို့ လာခြင်း တစ်ခြားဘုံဘဝသို့ သွားခြင်း စုတေခြင်း ပဋိသန္ဓေ နေခြင်းရှိသည့် သတ္တဝါဟူသမျှ အားလုံးတို့သည် ကံသာလျှင် မိမိဥစ္စာ ရှိကုန်၏၊ ကံ၏ အမွေခံ ဖြစ်ကုန်၏၊ ကံသာလျှင် အကြောင်းရှိကုန်၏၊ ကံသာလျှင် အဆွေအမျိုး ရှိကုန်၏၊ ကံသာလျှင် ကိုးကွယ် မှီခိုရာ ရှိကုန်၏၊ ကောင်းသည်ဖြစ်စေ မကောင်းသည်ဖြစ်စေ ပြုမိသော ကံ၏ အမွေခံတို့သာ ဖြစ်ကြလိမ့်မည်'' ဟု ဆင်ခြင်၏။
ထိုကံအကြောင်းကို မပြတ် ဆင်ခြင်သော ထိုသူအား မဂ်သည် ကောင်းစွာ ဖြစ်ပေါ်လာ၏၊ ထိုအရိယာတပည့်သည် ထိုမဂ်ကို မှီဝဲ၏၊ ပွါးများ၏၊ ကြိမ်ဖန်များစွာ ပြု၏၊ ထိုမဂ်ကို မှီဝဲသော ပွါးများသော ကြိမ်ဖန်များစွာ ပြုသော ထိုသူအား သံယောဇဉ်တို့သည် အချင်းခပ်သိမ်း ပျောက်ကင်းကုန်၏၊ အစဉ်ကိန်းနေသော 'အနုသယ' တရားတို့သည် ကင်းပြတ်ကုန်၏ ဟု မိန့်တော်မူ၏။
Wednesday, March 2, 2011
အသံနှင့် အတူ (အပိုင်း ၂)
ပုံကို Google မှာ ရှာယူထားပါသည်။
  ၃၊ ၄လ လောက် ရှိလို့  ကျမမြို့ ပြန်ရောက်တော့ ကျမ အဒေါ် ရှိတဲ့ မြို့ ကို သွားဖို့  အကြောင်းပေါ်လာပါတယ်။ ကျမရဲ့  အမ အကြီးဆုံး ဆရာမရဲ့  ကားလေးနှင့် ကျမတို့  ညီအမ နှစ်ယောက် အိမ်ကနေ ထွက်လာကြပါတယ်။
   ဆရာ့အိမ်ရှေ့ မှာ ကားရပ်ပြီး အမနှင့် ဆရာ စကားတွေပြောတဲ့ အချိန်မှာ ဆရာ့အိမ်ရှေ့ ဘက်က ကုက္ကိုပင်ကြီးအောက်မှာ ခွေး အညိုတစ်ကောင်က မော့ကြည့်လာပါသည်။ ကျမက ကားထဲမှာ စောင့်နေတုံး အဲဒီခွေးက ကျမကိုလှမ်းကြည့်ပါတယ်။ ခွေးအကြည့်က ပြုံးစစနှင့် ကျမလည်း တစ်ခါမှ မမြင်ဘူးပါဘူး အဲလို။ အံသြပြီး ကြည့်နေတုံး ကျမ့ အမလဲ သူ့ ကိစ္စပြီးလို့  ကားပေါ်ပြန်တက်လာပါတယ်။ အဲဒီအချိန်မှာ ခွေးက စပြီ ဟောင်ပါတယ် . . . နုတ်ဆက်တာလားတော့ မပြောတတ်ပါဘူး။ အီး တွေးကြည့်လေ ကြောက်ဖို့ ကောင်းလေပဲနော် . . . ဟီး ။  
   အမပြန်တက်လာလို့  ကျမကြည့်လိုက်တော့ အဲဒီခွေးကလဲ လိုက်ကြည့်ပါတယ်။ နှစ်ယောက်လုံးက သူရင်းရင်းနှီးနှီး သိနေတာကိုး . . . အီး။ အင်း သတ္တဝါတွေဟာ ဘာသာစကားမတူကြပေမယ့် စိတ်ခြင်းဆက်သွယ်နိုင်တာကို လူတိုင်းလက်ခံ မခံတော့ မသိပါဘူး၊ အဲဒီနေရာမှာတော့ ကျမတို့ အနေနဲ့ စိတ်ကကို သိနေတာရှင့် ။ မသိုးမသန့်နှင့် ကျမတို့  ညီအမ နှစ်ယောက်လုံး ခံစားလိုက်ရပါတယ်။
   ခရီးသွားစရာကလည်းရှိသေးတော့ အမက ကားမောင်းပြီး ထွက်လာခဲ့ပါတယ်။ အီး ခုမှစတာပဲ ရှိပါသေးတယ်။ ဒီခွေးကပြီးမသွားသေးဘူးလေ။ ဟောင်ပြီ နောက်ကလိုက်လာပါတော့တယ်။ ခရီးစခါစရှိသေးတယ် ဒီလိုတွေ တွေ့ ရတော့ စဉ်စားသာကြည့်ပါတော့ စိတ်ထဲမှာ ဘယ်လောက် ကသိကအောင့် ဖြစ်ရသလဲဆိုတာ။ တစ်မိုင်လောက်ထိ ဟောင်ရင်းလိုက်လာပါတယ်။ အဲဒါ မနက် 10:30မှာပါ ။ အချိန်က နေဝင်ရီတယောလည်းမဟုတ်ပါဘူး။ အဲ သူက ခွေးခြေထောက်က ကားနောက် မမှီမှန်းသိလို့ ပဲလား၊ သူရဲဖြစ်ပေမယ့် ခွေးကိုပဲ သနားလို့ လားမသိပါဘူ၊ ခွေးကတော့ တစ်မိုင်လာက် ဟောင်ပြီး လိုက်ရင်းကနေ ကျန်နေခဲ့ပါတယ်။
   မြို့ နှစ်မြို့ အကြား လျှိုလို နေရာလေးယောက်တော့ နောက်ကနေ ကားဟွမ်းသံကို အမကစကြားပါတယ်။ သူက ကားမောင်းနေတာဆိုတော့ ကရုစိုက်မောင်းရင်းကနေ စကြားပါတယ်။ သူ ၂ခါ၊ ၃ခါ ကြားပြီမှ ကျမကို ဟွန်သံကြားလားလို့  လှမ်းမေးပါတယ်။ အစက မကြားပါဘူး၊ သေချာနားထောင်ပါဦးဆိုမှ အတော်ဝေးဝေးက ဟွန်းသံလိုလို စကြားရတယ်။ သူကားမောင်းနေတာမို့  ကျမကို လှည့် ကြည့်ခိုင်းပါတယ်။ ကျမ အမက သရဲတော်တော် ကြောက်တတ်ပါတယ်။ ကျမလဲ အရမ်း သတ္တိကောင်းလို့ တော့ မဟုတ်ပါဘူး။ ကြောက်တတ်ပါတယ်။ ဒါပေမယ့် နဖူးတွေ့ ၊ဒူးတွေ့ မှာတော့ ကြောက်နေဖို့ ထက် ဘယ်လိုဖြစ်ဖြစ် ရင်ဆိုင် နေရတော့တာပေါ့လေ။
   ကားနောက်ကို ကြည့်တော့လဲ ဘာကားမှ မရှိဘူး။ အသံက ကြားလိုက်၊ ရပ်သွားလိုက်   နီးလာလိုက်၊ ဝေးသွားလိုက် ဖြစ်နေတာ နှစ်မိုင်၊ သုံးမိုင် ဒါမှမဟုပ် ၁၅ မိနစ်၊ မိနစ် ၂၀လောက် ကြာပါတယ်။  ကျမ ထင်တာကတော့ နယ်မြေတစ်ခု ကျော်သွားမှ အသံပါမလာ တော့ပါဘူ။ ကျမ အဒေါ်မြို့ ရောက်မှ အမက စပြောလာပါတယ် ။ ကားထွက်လို့  ခွေးနောက်ကပါလာကတည်းက စိတ်မသန့် ကြောင်း ၊ ခရီးသွားမှမို့  တစ်ခုခုဖြစ်မှာလဲ စိုးရိမ်ကြောင်း ဒါပေမယ့် ဘယ်သူ၊ ဘယ်ဝါထင်တယ်လို့ တော့ မပါပါဘူ။
   ကျမလဲ တွေကြည့်တော့ ကားဟွန်းတီးတဲ့ နေရာဟာ သူ့ အဘိုး ကား Accident ဖြစ်တဲ့ နေရာလို့ထင်ရပါတယ်။ ဒါပေမယ့် ဆက်တော့ မပြောလိုက်ပါဘူး။ ဒါပေမယ့် နေမစောင်ခင် ကျမတို့ မြို့ ကို ပြန်တော့ ဘာမှ ထပ်မဖြစ်တော့ပါဘူး။ အဟီး . . . မောပြီ အိပ်သွားလား မသိပါဘူ။
   အိမ်ကို ပြန်ရောက်လို့  ကျမရဲ့ တစ်ခြားအမတစ်ယောက်ကို ပြောပြတော့ သူကြားရတာတွေ ထပ်ပေါင်းပြီး ပြောပြပါတယ်။ အဲဒီ သေသွားသော ကလေးမလေးက သူစွဲနေတဲ့ ဓာတ်တိုင်နှင့် သူ့  အဘွားအိမ်ဘက် လမ်းတွေမှာ သွားလာနေကြောင်း၊ ဒီလမ်းပေါ်မှာ ရှိတဲ့ လူတွေကိုလဲ အခါအားလျှော်စွာ ခြောက်လှန့် ကြောင်း အစရှိသဖြင့် ပေါ့လေ။ ဒါပေမယ့် ခုတော့ သူ့ အဘိုးဆုံးရာနယ်မြေတွေထိပါလာတဲ့ သဘောဖြစ်နေပါတယ်။ အစိမ်းသေတွေရဲ စိတ်က ပိုပြီထက်ပုံရပါတယ်။
     အဲလိုတွေးကြည့်မှ သူတို နေရာအိမ်မှာ ခြောက်တာက သူ့ အမေဖြစ်ပုံရပါတယ်။ ဒါပေမယ့် အဲဒီအချိန်ကတော့ အိမ်ကြီးသော့ပိတ်ပြီ ထားသွားခဲ့ပါတယ်။ ကလေးမလေးကတော့ နဂိုကထည်းက အစ၊ အနောက်လဲ သန်ပါတယ်၊ ပျော်ပျော်နေတတ်တာက သရဲဘဝထိ ပါသွားပုံရပါတယ်။ အဲလို နေ့ ခင်းကြောင်တောင်ကြီ သရဲ ခြောက်ခံရတာကို ခြောက်ခံရမှန်း သိသလို၊ မသိသလို နှင့် ပြေးခဲ့ရပါကြောင်း . . . ။
    ဒါတွေကို ဘယ်သူ့ မှလဲ သိပ်ပြောမပြ ဖြစ်ခဲ့ပါဘူး။ ဘာလို့ လဲ ဆိုတော့ ကျမသူငယ်ချင်း မိသားစုကလည်း ကြားတော့ ကြားပုံရပါတယ်။ ဒါပေမယ့် ပြောလို့ လဲ မကောင်းဘူး၊ အာနာစရာလဲ ကောင်းတာမို့  ဒီနေ့ ထိ မေ့သလောက်ဖြစ်နေခဲ့ပါတယ်။
    ခုမှပဲ ရေးပြဖြစ်တော့တာပါ . . . ဟီး။
3 comments:
Anonymous said...
မကြောက်ဘူးလား ကျနော်သာဆို လန့်ပြီးဖျားနိုင်တယ်
သရဲကို တခါမှ မမြင်ဖူးပါဘူး ဒါပေမဲ့ အတွေးထဲတင် တော်တော်ကြောက်တတ်တာ အခုထိဘဲ
ငွေလမင်းဆီကို လာလာကြည့်တယ်ဆိုတော့ ၀မ်းသာပါတယ် ကြိုးစားရေးပါ့မယ်
စော အ၀ါေ၇ာင်မြေ ကို ငွေလမင်းလဲေ၇ာက်ဖြစ်တယ်
စီဘောက်မှာ ပြောချင်တာ စီဘောက်လေး ထဲ့လိုက်ပါလား ကွန့်မန့်ပေးရတာ နဲနဲပျင်းတယ် ဟီး:)
ခင်မင်စွာဖြင့်
ငွေလမင်း
စော(အဝါရောင်မြေ) said...
ကျမ ဘယ်လို ထဲ့ရမှန်းမသိသေးဘူ။ ရှောက်လုတ်ကြည့်လိုက် ပါဦးမယ်။
Angelhlaing(May everybody be happy and healthy! said...
စာတွေဖတ်ရင်းရောက်ခဲ့ပါတယ်။ကောင်းသောနေ့လေးဖြစ်ပါစေ။