အင်း ဘဝ ၊ ဘဝ တွေထဲမှာမှ လူဘဝ၊ လူဘဝထဲမှာမှ
မိန်းမ ဘဝ လို့  စဉ်းစား ဆင်ခြင်မိပါတော့တယ်။ မယူခင်တုံးကတော့ မိန်းခလေးတွေကို နည်းမျိုးစုံသုံးပြီး
ပိုးပါတယ်။
ဒီမနက်လေးတင် သူငယ်ချင်းကပို့ လာသော Forward mail ကနေ မိန်းခလေးများရဲ့ ရာဂစိတ်ကို
နိုးထအောင်လုပ်ထားသော ကော်ဖီမုန့်  အကြောင်း Website နှင့် တကွပို့ လာတာဖတ်ရပါတယ်။
မိန်းကလေးများအတွက်သတိပြုစရာ
ကော်ဖီထုတ်
ကာမစိတ်ကို နှိုးဆွနိုင်သော
ကော်ဖီမစ်များ ဈေးကွက်အတွင်း တရားမ၀င်လမ်းကြောင်းများမှတစ်ဆင့်
တွင်ကျယ်စွာတင်သွင်းရောင်းချနေခြင်းကြောင့် လူငယ်များ အကြားအသုံးချမှု
မှားယွင်းကာမလိုလားအပ်သော လူမှုရေးပြဿနာများဖြစ်လာနိုင်စရာရှိကြောင်း၊
ယင်းကဲ့သို့ဖြစ်လာနိုင်သည့် အခြေအနေများကိုတွေးဆ၍ မိဘများနှင့်ဆရာ၊
ဆရာမတချို့မှလည်း စိုးရိမ်ပူပန်လျက်ရှိကြောင်းသိရသည်။
ကော်ဖီမစ်ထုတ်များမှာ ၂
မျိုးခွဲထားကြောင်းသိရသည်။အမျိုးသားများ သောက်ရန်တမျိုး နှင့် အမျိုးသမီးများ
အတွက်တမျိုးထုတ်လုပ်ထားကြောင်းသိရသည် ။ အမျိုးအစားမှာ ဘရာဇီးကော်ဖီဖြစ်ကြောင်း၊
ရေနွေးတွင် ပျော်ဝင်မှုမြန်ကြောင်း။ အခြားကော်ဖီများနှင့်
အရောင်အသွေးခပ်ဆင်ဆင်တူကြောင်း၊ သောက်နေစဉ် အချိန်အတွင်း
ကာမစိတ်ကိုနိုးကြွစေနိုင်ကြောင်း၊ ဆန့်ကျင်ဖက်လိင်နှင့် တွေ့လာပါက
ကာမစိတ်များဖြစ်ပေါ်စေနိုင်ကြောင်း အင်္ဂလိပ်ဘာသာဖြင့် အညွှန်းရေးသားထားသည်။
ထိုကော်ဖီကို လူငယ်ယောင်္ကျားလေးများ
အများဆုံးဝယ်ယူကြကြောင်းတွေရှိရသည်။ူ
ယခင်က ပီကေ၊သကြားလုံးများ
သာခေတ်စားနေပြီး ယခုအခါ အမျိုးသမီးမိန်းကလေးများသတိမထားမိသည့် ကော်ဖီကို
အသုံးများလာကြောင်း သိရသည်။
ကော်ဖီဧ။် ဈေးနှုန်းမှာလည်း
အများဝယ်ယူသုံးစွဲ နိုင်သော အနေအထားဖြစ်နေခြင်းကြောင့် လူငယ်အမျိုးသားများ
ဝယ်ယူမှုနှုန်းများလာကြောင်းသိရသည်။
ကော်ဖီ၏အာနိသင်မှာ သောက်ပြီးရင်
စိတ်တွေလန်းဆန်းသွားမယ်၊ ကာမစိတ်နိုးကြားတာတွေဖြစ်မယ်၊
ကိုယ့်စိတ်ကိုကိုယ်မထိန်းချုပ်နိုင်တော့ဘဲ နောက်ဆုံးအဆင့်တွင် အိပ်ပျော်သွားမည်ဖြစ်ကြောင်းသိရသည်။
နာမည်မှာ Men`s Coffee နှင့်
အမျိုးသမီးများအတွက်ကို တရုတ်အမည်ဖြင့်ဖြစ်သည်။
ကဲဒီလောက်ဆို ပျိုမေတွေရော၊
ကိုကိုတွေရော ဗဟုသုတအနေနဲ့တော့တော်တော်သိသွားပြီထင်ပါတယ်
အားလုံးကို အစ်မ၊
ညီမတွေလိုသဘောထားလို့ပြောပြလိုက်တာပါ။
http://www.pisense.com/Sex-အပေါ်ပုံက ယောင်္ကျားလေးတွေ အတွက်ပါတဲ့။
အောက်ကပုံကတော့ အမျိုးသမီးလေးတွေ အတွက်ပါ။
ဒါမျိုးတွေ အရင်ကလည်း နည်းမျိုးစုံးနှင့် ပုံစံမျိုးစုံ ပေါ်ပေါက်ခဲ့ဘူးလောက်ပါသည်။ ခုလည်းပဲ အလွန်းလွယ်လွန်းလို့  လူငယ် လေးတွေ၊ မိန်းမငယ်လေးတွေ သတိထားမိစေရန် ရည်ရွယ်ပြီ Forward Mail မှ ရသော စာကို ပြန်လည် မျှဝေလိုက်ပါတယ်။
No comments:
Post a Comment