အဘိဏှသုတ် (ဗုဒ္ဓဓမ္မ ဦးလောကနာထ မှ)

အဘိဏှသုတ် (ဗုဒ္ဓဓမ္မ ဦးလောကနာထ မှ ကူးယူဖော်ပြပါသည်)

ကံတရားကို အမြဲမပြတ် ဆင်ခြင်ပါ…

''မိမိ၏ ကံသာလျှင် မိမိဥစ္စာ ရှိ၏၊ ကံ၏ အမွေခံ ဖြစ်၏၊ ကံသာလျှင် အကြောင်းရှိ၏၊ ကံသာလျှင် အဆွေအမျိုး ရှိ၏၊ ကံသာလျှင် ကိုးကွယ် မှီခိုရာရှိ၏၊ ကောင်းသည်ဖြစ်စေ မကောင်းသည်ဖြစ်စေ ငါပြုမိသော ကံ၏ အမွေခံသာ ဖြစ်ရပေမည်'' ဟူ၍ မိန်းမဖြစ်စေ ယောက်ျားဖြစ်စေ လူဖြစ်စေ ရဟန်းဖြစ်စေ မပြတ် ဆင်ခြင်အပ်၏။

ရဟန်းတို့ သတ္တဝါတို့အား ကာယဒုစရိုက် ဝစီဒုစရိုက် မနောဒုစရိုက်သည် ရှိ၏၊ ထို(ကံ) အကြောင်းကို မပြတ် ဆင်ခြင်သော ထိုသူအား မကောင်းမှုသည် အချင်းခပ်သိမ်းမူလည်း ပျောက်ကင်း၏၊ ခေါင်းပါးခြင်းမူလည်း ဖြစ်၏။

''ငါတစ်ယောက်တည်းသာလျှင် ကံသာလျှင် မိမိဥစ္စာရှိသည် ကံ၏ အမွေခံဖြစ်သည် ကံသာလျှင် အကြောင်းရှိသည် ကံသာလျှင် အဆွေအမျိုးရှိသည် ကံသာလျှင် ကိုးကွယ်မှီခိုရာ ရှိသည် ကောင်းသည်ဖြစ်စေ မကောင်းသည် ဖြစ်စေ ငါပြုမိသော ကံ၏ အမွေခံဖြစ်သည် မဟုတ်၊ စင်စစ်မူကား ဤဘုံဘဝသို့ လာခြင်း တစ်ခြားဘုံဘဝသို့ သွားခြင်း စုတေခြင်း ပဋိသန္ဓေ နေခြင်းရှိသည့် သတ္တဝါဟူသမျှ အားလုံးတို့သည် ကံသာလျှင် မိမိဥစ္စာ ရှိကုန်၏၊ ကံ၏ အမွေခံ ဖြစ်ကုန်၏၊ ကံသာလျှင် အကြောင်းရှိကုန်၏၊ ကံသာလျှင် အဆွေအမျိုး ရှိကုန်၏၊ ကံသာလျှင် ကိုးကွယ် မှီခိုရာ ရှိကုန်၏၊ ကောင်းသည်ဖြစ်စေ မကောင်းသည်ဖြစ်စေ ပြုမိသော ကံ၏ အမွေခံတို့သာ ဖြစ်ကြလိမ့်မည်'' ဟု ဆင်ခြင်၏။

ထိုကံအကြောင်းကို မပြတ် ဆင်ခြင်သော ထိုသူအား မဂ်သည် ကောင်းစွာ ဖြစ်ပေါ်လာ၏၊ ထိုအရိယာတပည့်သည် ထိုမဂ်ကို မှီဝဲ၏၊ ပွါးများ၏၊ ကြိမ်ဖန်များစွာ ပြု၏၊ ထိုမဂ်ကို မှီဝဲသော ပွါးများသော ကြိမ်ဖန်များစွာ ပြုသော ထိုသူအား သံယောဇဉ်တို့သည် အချင်းခပ်သိမ်း ပျောက်ကင်းကုန်၏၊ အစဉ်ကိန်းနေသော 'အနုသယ' တရားတို့သည် ကင်းပြတ်ကုန်၏ ဟု မိန့်တော်မူ၏။

Thursday, March 24, 2011

အကွဲး အရှ ပုံပြင်တစ်ခု


          ပြီးခဲ့တဲ့ အပတ်ထဲက အလုပ်တူလုပ်ခဲ့သော သူငယ်ချင်းများနှင့် တွေ့ ဖြစ်ခဲ့ပါတယ်။ ဟိုအကြောင်း ဒီအကြောင်းပြောရင်းကနေ အတူလုပ်ခဲ့စဉ်က ကြုံတွေ့ ရဘူးသော အမျိုးသမီး အကြောင်းကြားခဲ့ရပါတယ်။
          ကျမတို့ တွေတွေ့ ရတုံးကတော့ သူက စင်ပေါ်ကလူပါ။ ခုကြားလိုက်ရတော့ စင်အောက်ရောက်သွားပြီ . . .။ ကြားလိုက်ရတာကိုပဲ သူမ မကောင်းခဲ့သော်ညားလဲ မိန်းခလေးခြင် ကိုယ်ခြင်းစာစိတ် ကလေးနှင့် စိတ်မကောင်းဖြစ်ခဲ့ရပါတယ်။
          ဇာတ်လမ်းကလေးကတော့         ကျမအလုပ်လုပ်ခဲ့ဘူးသော တစ်ခုသော ကုမ္ပဏီမှာ အလုပ်လုပ်စဉ်က ထို အမျိုးသမီးသည် ကုမ္ပဏီပိုင်ရှင်ရဲ့  ဟိုဘက်၊ ဒီဘက်အမျိုး တစ်ယောက်ပါ။ ဒီအမျိုးသမီးရဲ့ ယောင်္ကျားက လူကြီးတွေနှင့် အဝင် အထွက် ရှိပြီး လုပ်ကိုင်နေတဲ့သူတစ်ယောက်ပေါ့။ ပြီးတော့လဲ လက်ကိုင်ဖုန်းတွေကို သူ့ ရုံးက ဝန်ထမ်းပေါင်းစုံရဲ့ နံမည်နှင့် ထုတ်ပြီလဲ ရောင်းတတ်ပါသေးတယ်။ သူလည်သလို လုပ်ကိုင်စားတတ်တာကို ပြောပြတာပါ။ ဘယ်သူဆီ ဝင်ပြီး၊ ဘယ်လို လုပ်တယ်ဆိုတာတော့ မသိပါဘူး။
          ဒါပေမယ့် သူမ အမျိုးသားက ကျမတို့ ရုံးအတွက်လဲ တခါတရံ ကူညီပေးပြီး ဝင်ထွက် သွား၊လာနေတဲ့ တာဝန်ခံ သူဌေးလို အဆင့်မျိုးပေါ့ရှင်။ အဲဒီလူကတော့ ပျော်စရာတွေတော့ ပြောတတ်ပါတယ်၊ သူနှင့်လည်း တိုက်ရိုက် မပတ်သတ်လို့  ကျမတို့ ရုံးကလူတွေနှင့် တော့ ခပ်ကင်းကင်းနေလို့ ရတယ်လို့  ပြောရမှာပေါ့ရှင်။ ဒါပေမယ့် နေလို့ ရပေမယ့်ပေါ့နော် အဲဒီအမျိုးသမီး နှင့် တွေ့ လိုက်ရလို့ ကတော့ တစ်ခုခုတော့ စိတ်အနောက်အယှက်ဖြစ် ရတော့တာပေါ့။
          သူမနှင့် သူမအိမ်ထောင်ဖက်တို့  ယူကြစဉ်ကတော့ ချစ်ကြသလား၊ ပျော်ရွှင်စရာကောင်းခဲ့လား မသိပါ။ ကျမတို့ နှင့် တွေ့ ရသော အချိန်တွင် သူမဧ။် အိမ်ထောင်စုတွင် သားတစ်ယောက်နှင့် သမီးတစ်ယောက်ပင် ထွန်းကာနေပြီ။ သူမသားက ၅တန်းလောက်ရှိနေပြီ၊ သမီးကလဲ ၂တန်းလောက်တော့ ရောက်နေပါပြီ။   သူမ အမျိုးသားမှာ ကုပ္မဏီ သေးသေးလေးနှင့် အိမ်တွေ၊ ကားတွေ ပိုင်ဆိုင်နေပြီ။
          အဲလိုပဲ သူမကလည်း မယားကြီးအဖြစ် ရာထူးတက်နေလေပြီ။ မိမိယောင်္ကျား နောက်မိန်းမ ရှာခြင်သည်ကို မည်သည့် အိမ်ထောင်ရှင်မမှ ခံစားနိုင်မည် မဟုပ်ပါ။ ထိုကြောင့်ပင်လားတော့ မသိ။ သူမသည် ယောင်္ကျားနှင့် စကားပြောရာတွင် မချိုသာတော့ပါ။ ကြမ်းတမ်းပါသည်။ ထိုနောက် သူမအမျိုးသားရဲ့  ဝန်ထမ်းတွေကို အိမ်ဖော်ခေါ်ထားသလို ဆက်ဆံသည်။   ဒီနေရာမှာတော့ သူမနှင့် သူမအမျိုးသားတို့  သဘောထား သိပ်မကွာခြားလှဘူး ထင်ပါသည်။   ဝန်ထမ်းသည် ရုံးကိစ္စသာ လုပ်ပေးရန် ဝတ္တရားရှိပါသည်။ တချို့ သော အလုပ်ရှင်တို့ သည် ကိုယ်ရေးကိုယ်တာနှင့် ရုံးကိစ္စကို ဘယ်လို ခွဲးခြားလုပ်ကိုင်ရသည်ဟု မသိလို့ ပဲလား၊ မဖြစ်နိုင်ပါ။ တမင်သက်သက် အခွင့်အရေးယူခြင်းလို့ ပဲ ကျမတော့ ယူဆပါသည်။
          ပထမအကြိမ်   စတွေ့ ရသော ပြသနာမှာ   ကျမတို့  အလုပ်စဝင်မှ ကျမတို့ ကုပ္မဏီက စဖွင့်တာဆိုတော့ ကာ မြန်မာ ဗုဓဘာသာဝင်တို့ ရဲ့ ထုံးစံနှင့်အညီ ကုပ္မဏီဖွင့်ပွဲး စလုပ်ပါတယ်။ ကျမတို့  ဝန်းထမ်းတွေလဲ လုပ်တတ်သလောက်တော့ ကူကြပါတယ်။ ပြီတော့လဲ တရားနား ဘုန်းကြီပွဲပြင်နှင့်ပေါ့လေ။ ဘုန်းကြီးကြွတော့မှ ဝန်ထမ်းတွေက စားကြတာပါပဲ။ သူတို့ ဝိုင်း၊ ကိုယ်စားမဲ့ဝိုင်း ပြင်ကြပြီး စားတော့ စလာပါတယ်။ စားသောက်တာကို များတယ်၊နည်းတယ် သူတို့ ပြီမှ စားစေခြင်တဲ့ သဘောဖြစ်မယ်ထင်ပါတယ်။   အဟင်း အားလုံးကလဲ ကိုယ်မာနလေးနှင့်ပေါ့လေ။ ဘာမှလဲ အမှားမလုတ်ထားတော့ ခပ်တည်တည်ပါပဲ မလုပ်ကြပါဘူး၊
          ဒုတိယအကြိမ်ကတော့   တစ်နေ့ တော့ သူမတို့ အိမ်၌ အလှူလုပ်ပါသည်။ ကျမတို့ ရုံးကလူတွေလဲ လာခဲ့ဖို့ ဖိတ်ပါတယ်။ ကျမတို့ ရောက်တော့ ဧည့်သည်ဆိုတော့ စားဖို့ ထိုင်ပဲစောင့်တာပေါ့။ သူမရုံးကမှ မဟုပ်တာ အိမ်ထဲဝင်ပြီ ဘယ်သူက သွားယူစားပါ့မလဲနော်။ သူမ ဘာပြောတယ်ထင်ပါသလဲ။   သူမပြောတာက   `ဟင် ဘယ်သူမှလဲ ဘာမှမလုပ်ကြသေးဘူး၊ ထိုင်နေကြတယ်`   ။ အော်   ဖြစ်မှဖြစ်ရလေ။ ဒါပေမယ့် သူမအမျိုးသားကတော့ ကျမတို့ ကုပ္မဏီကလူတွေနှင့် ပတ်သတ်လို့  ဘယ်လိုကြောင့်တော့မသိ ထိုင်နေခိုင်းပါတယ်။
          သူ့ အမျိုးသမီး(သူမ) ကို ဘယ်သူ၊ဘယ်ဝါတွေရှိလားနှင့် မေးလိုက်ပါတယ်။ သူမကလည်း ခပ်ကြမ်းကြမ်းပဲ ဘယ်သူမဆို သူတို့ အတွက်ပဲလုပ်ရမယ်။ ကျမတို့ က သူ့ ဝန်ထမ်းတွေ လုပ်ပေးရမယ့် အဆင့်မျိုး(သူတို့ နှင့် အဆင့်မတူတဲ့ သဘောပေါ့ရှင်)။ ကျမတို့ ရှေ့ မှာ အမျိုးသားကို ပြန်ပက်လိုက်တော့ သူ့ အမျိုးသားလည်း သိက္ခာကျတာပေါ့။ အမျိုးသားကလဲ အရေထူနေသလား မသိပါ ရယ်ကျဲကျဲလုပ်နေပါတယ်။ ကိုယ်တွေလဲ ဘယ်ကောင်းပါ့ မလဲ။ အမှန်ဆို သူ့ အိမ်တွင်းရေးကို အတွင်းမှာသာ ဖြေရှင်းသင့်ပါတယ်။
          အဲလိုဖြစ်တော့ အားလုံးပဲ ကိုယ်စားရမှာ ပြေးယူရမလိုလို ပေါ့နော်… :D။ အဲဒါနှင့် ကျမတို့ ရုံက မန်နေဂျာရော ရုံးကလူတွေရော ထတဲ့သူထ၊ သွားယူတဲ့သူကသွားပေါ့။ အဲဒီတော့မှ အထဲမှာ ကူပြီးလုပ်ပေးနေတဲ့ သူတွေက ပြင်ပေး၊ လာချပေးနှင့် ကိစ္စပြီးသွားပါတယ်။   ကျမတို့  အတွက်က မစားရလဲ ကိစ္စမရှိပါဘူး၊ သူကလဲ ကျမတို့ ရုံးကလူတွေ သူ့ မဖားလို့ မကြည်ဘူးထင်ပါရဲ။
          နောက်တော့ သိပ်မတွေ့ ရတော့ပါ။ ကျမတို့ လဲ ကိုယ်ရုံးမှာပဲ အလုပ်လုပ်ပြီ၊ သူမကိုလဲ သူမအမျိုးသားက ရုံးခေါ်မလာပါ။ ဒါကြောင့် ကျမတို့ နှင့် ဘာမှ ပြသနာ ထပ်ဖြစ်စရာ မရှိတော့ပါ။   အဲဒီမှာလုပ်ပြီး (၈)လလောက်မှာ ကျမလဲ အလုပ်ထွက်ဖို့  အကြောင်းကိစ္စကလေး ပေါ်လာတာနှင့် ထွက်ဖြစ်ခဲ့ပါတယ်။   ၂၀၀၇ ခုနှစ်လောက်ကဆိုတော့ (၄)နှစ်လောက်တောင် ရှိနေပါပြီ။ ဒီအတွင်း သူတို့ တွေ ဘာတွေဖြစ်နေမှန်း ကျမလဲ မသိတော့ပါ။   ကိုယ်လဲ ကိုယ်ဘဝနှင့်ကိုယ် လုပ်ရှားသွားလာနေခဲ့ ရတာပေါ့လေ။
          ပြီးခဲ့တဲ့ အပတ်ကမှ မတွေ့ ရတာကြာပြီဖြစ်လို ကိစ္စတစ်ခုနှင့် အဲဒီမှာတုံးက အလုပ်တူတူ လုပ်ခဲ့ကြတဲ့ လူတွေ ပြန်ဆုံးကြပါတယ်။ မတွေ့ တာကြာတော့ ဟိုအကြောင်းပြောလိုက်၊ ဒီအကြောင်းပြောလိုက်နဲ့ ပါပဲ။ သူတို့ လဲ သူတို့ အလုပ်တွေက ဘယ်လို၊ ညာလို။ ပြီးခဲ့တဲ့ ဘယ်အလုပ်ကတော့ ဘာဖြစ်လို၊ ညာကြောင့်ပြောင်းဖြစ်တာ တို့ ပေါ့ရှင် …. …. …. အဟင်း ဟင်း ရှင်းတယ်မို့ လား။  ဟာတစ်ယောက်ကလည် ဘာလို့  နောက်ကျသွားတယ်ပေါ့လေ။
          အဲလိုနဲ့ ပြန်ခါနီတော့ စကားက သူမအကြောင်း ရောက်သွားပါတယ်။ အဟီး ကိုယ့် အကြောင်းတွေ ကုန်တော့ သူများအကြောင်း   အဲလေ   စကားစပ်သွားလို့ ပါ။ ဟယ် အဲဒီလူ ရဲ့အမျိုးသမီးလေ၊ ဟိုအမျိုးသမီးပေါ့ ဆိုပြီပြောပြမှပဲ သိလိုက်ရပါတယ်။
          ပြီးခဲ့တဲ့ တစ်နှစ်ကျော်လောက်က (အချိန်သေခြာသိဘူး) သူမက သူ့ အိမ်ထောင်ဖက်အမျိုးသားရဲ့ လုပ်ရပ်တွေကို သည်းမခံနိုင်တော့ ဘူးထင်ပါရဲ့ ။ သူမ က ဘာကြောင့် ဒီလိုလုပ်သလဲ။ သူမယောက်င်္ကျားကို ရွဲ့ ခြင်လို့ လို သူများတွေကတော့ အလွယ်တွေးနိုင်ပါတယ်။ ဒါပေမယ် သူမက သူမစိတ်မှာ အမှန်လိုအပ်သော မေတ္တာ ၊ အထူးသဖြင့် သူမခင်ပွန်းက တစ်ခြား အမျိုးသမီးပေါ်မှာ ပုံပေးထားသော သူမရသင့်တဲ့ နွေးထွေးတဲ့ မေတ္တာအကြင်နာကို အစားထိုးဘို့  ထွက်ပေါက်ရှာတာလဲ ဖြစ်နိုင်ပါတယ်။ သူမ တစ်ခြား ယောင်္ကျားတစ်ယောက်နှင့် တွဲးပါတယ်။
          အိမ်ထောင်ရှင် အမျိုးသမီးတစ်ယောက်အဖြစ် ပထမအမှားဟာ ယောင်္ကျားကအပြစ် မရှာနိုင်ဘူး။ ဒါပေမယ့် သူမ ပတ်ဝန်ကျင်နှင့် သူမ အတွက်တော့ စိတ်ပျက်စရာအတိ။ အဲဒါက ငြူစူဆောင်းမြောင်း၊ ရန်ထောင်တာပါ။       ဒုတိယအမှားကတော့ နောက်ယောင်္ကျားနှင့် တွဲခြင်းပါ။ ဒါကတော့ ကိုယ်ကိုတိုင် အမှားလုပ်နေတဲ့ ယောင်္ကျားတစ်ယောက်ရဲ့ ရှေ့ မှာ အမှားကျူးလွန်းလျှက်သား ဖြစ်သွားပါတယ်။
          သူမရဲ့ အမျိုးသားလူလည်ကျပုံကတော့ ဒီသတင်းသိပြီး အမျိုးသမီးနှင့် နောက်ဘဲကို အမိဖမ်းပြီး အကျပ်ကိုင်ပါတော့တယ်။ လူကြီးတွေလဲ ပါလိမ့်မည်ထင်ပါတယ်။ အရှက်လဲ တော်တော်ကွဲလိုက်မယ့် ဖြစ်ခြင်း။ ကလေးတွေ ရှိပေမယ့် ယောင်္ကျားက   သူ့ မိန်းမကို စိတ်ကုန်ပြီး သည်ညည်း မခံနိုင်သော ကြောင့်လာ?   နောက်မိန်းမကို အိမ်ပေါ်မှာ ပေါ်တင် ခေါ်တင်ပြီး ရွှေလက်တွဲးခြင်တာကြောင့်လာ ? လူကြီးတွေနှင့် အမိဖမ်းပြီး အိမ်ထောင်ရေး ဖောက်ပြန်လို့ တဲ့ လင်း၊မယား ပိုင်ဆိုင်မှုကို တပြား၊ တချပ်မှ ခွဲးမပေးနိုင်ပါဘူး။ ပြီတော့ ဒီမိန်းမကိုလည်း ဆက်မပေါင်းနိုင်ပါကြောင်း ဆိုပြီး တပြားမှ မပေးပဲ အတင်းလက်မှတ်ထိုး ကွဲးခိုင်းလိုက်ပါတယ်။
          အမျိုးသမီးမှာလဲ အဝတ်တစ်ထည်၊ ကိုယ်တစ်ခုနှင့် အိမ်ပေါ်မှ ဆင်းလာခဲ့ရပါတယ်။ ခုတော့ သူမဟာ အဝတ်အစား၊ အနေအထိုင် ဆင်းရဲနေပါတယ်တဲ့။   အဲဒီ အိမ်ထောင်ကွဲးမှုကြောင့် သူမကတော့ ဘာမှ မရရှိခဲ့ပါ။ သူမ ကလေးတွေလည်း တကွဲး၊ တပြားစီ ဖြစ်နေကြသည်။ သူမရဲ့  ခင်ပွန်းဟောင်းသည်လဲ နောက်အိမ်ထောင်နှင့် အိမ်ပေါ်မှာ ရောက်နေပါပြီ။
          ထိုကိစ္စသည် သူမ၏ မောက်မာမှုကြောင့်လား၊ ခင်ပွန်း၏ အိမ်ထောင်ရေး ဖောက်ပြန်မှုကြောင့်လား၊ ဒါမှမဟုပ် ကိုယ်ရဲ့ စိတ်ခံစားချက်ကိုသာ ဦးစားပေးပြီး ရင်မှပေါက်ဖွားလာသော သား၊ သမီးတို့ နှင့် အိမ်ထောင်တစ်ခုကို လင်ရော မယားပါ နွေးထွေးလုံခြုံမှု ပေးဖို့  မစဉ်းစားခဲ့ကြဘူးလား ။ . .. … . .. …။  သို့ လောပေါင်းများစွာနှင့် အိမ်ထောင်ရေး သင်္ခန်းစာတစ်ခုကို ဆုံးဖြတ်ချက် မချနိုင်ခဲ့ပါဘူး။
          အိမ်ထောင်ပြုတာ မတူတဲ့ သဘာဝနှစ်ခု၊ ပတ်ဝန်းကျင် နှစ်ခု ကို တစ်ခုထည်းဖြစ်အောင် ကြိုးစားရတာတော့ မှန်ပါတယ်။ အားလုံးမဟုပ်တာင် တော်တော်များများကို ကြိုးစာနိုင်ကြပြီး ဆိုမှ တစ်ဘဝတာ ခိုင်မြဲမှာလား မသိပါဘူးနော်။   ဟာသ ကာတွန်း တစ်ခုထဲကလို အဘိုးကြီးနှင့် အဘွားကြီးနှစ် ယောက်က တရားရုံးတစ်ခုမှာ အသက် ၁၀၀ ကျော်မှ လာကွာရှင်းတာကို တရားသူကြီးက ဘာလို ခုမှလာကွာရှင်းရတာလဲလို့ မေးတော့ အဘွားကြီးက သား၊ သမီးတွေ သေအောင်စောင့်နေရလို့ လို ဖြေတဲ့ အကြောင်းရာလေးလိုများ ဖြစ်ရင်တော့ ကောင်းသားပေါ့။

1 comment:

မကွဲနိုင်သောကျောက် said...

အင်း....တချို့ကကိုယ့် အတွက်အသာယူလွန်းတာ
တွေ့ဖူးတယ်..မိန်းမရယ်..ယောင်္ကျားရယ်မဟုတ်ပါဘူး...
စိတ်ထးမကောင်းရင်မကောင်းသလို
ပြန်ကြုံရတတ်တယ်ဆိုတာတော့ အမှန်ပဲ..