အဘိဏှသုတ် (ဗုဒ္ဓဓမ္မ ဦးလောကနာထ မှ)
အဘိဏှသုတ် (ဗုဒ္ဓဓမ္မ ဦးလောကနာထ မှ ကူးယူဖော်ပြပါသည်)
ကံတရားကို အမြဲမပြတ် ဆင်ခြင်ပါ…
''မိမိ၏ ကံသာလျှင် မိမိဥစ္စာ ရှိ၏၊ ကံ၏ အမွေခံ ဖြစ်၏၊ ကံသာလျှင် အကြောင်းရှိ၏၊ ကံသာလျှင် အဆွေအမျိုး ရှိ၏၊ ကံသာလျှင် ကိုးကွယ် မှီခိုရာရှိ၏၊ ကောင်းသည်ဖြစ်စေ မကောင်းသည်ဖြစ်စေ ငါပြုမိသော ကံ၏ အမွေခံသာ ဖြစ်ရပေမည်'' ဟူ၍ မိန်းမဖြစ်စေ ယောက်ျားဖြစ်စေ လူဖြစ်စေ ရဟန်းဖြစ်စေ မပြတ် ဆင်ခြင်အပ်၏။
ရဟန်းတို့ သတ္တဝါတို့အား ကာယဒုစရိုက် ဝစီဒုစရိုက် မနောဒုစရိုက်သည် ရှိ၏၊ ထို(ကံ) အကြောင်းကို မပြတ် ဆင်ခြင်သော ထိုသူအား မကောင်းမှုသည် အချင်းခပ်သိမ်းမူလည်း ပျောက်ကင်း၏၊ ခေါင်းပါးခြင်းမူလည်း ဖြစ်၏။
''ငါတစ်ယောက်တည်းသာလျှင် ကံသာလျှင် မိမိဥစ္စာရှိသည် ကံ၏ အမွေခံဖြစ်သည် ကံသာလျှင် အကြောင်းရှိသည် ကံသာလျှင် အဆွေအမျိုးရှိသည် ကံသာလျှင် ကိုးကွယ်မှီခိုရာ ရှိသည် ကောင်းသည်ဖြစ်စေ မကောင်းသည် ဖြစ်စေ ငါပြုမိသော ကံ၏ အမွေခံဖြစ်သည် မဟုတ်၊ စင်စစ်မူကား ဤဘုံဘဝသို့ လာခြင်း တစ်ခြားဘုံဘဝသို့ သွားခြင်း စုတေခြင်း ပဋိသန္ဓေ နေခြင်းရှိသည့် သတ္တဝါဟူသမျှ အားလုံးတို့သည် ကံသာလျှင် မိမိဥစ္စာ ရှိကုန်၏၊ ကံ၏ အမွေခံ ဖြစ်ကုန်၏၊ ကံသာလျှင် အကြောင်းရှိကုန်၏၊ ကံသာလျှင် အဆွေအမျိုး ရှိကုန်၏၊ ကံသာလျှင် ကိုးကွယ် မှီခိုရာ ရှိကုန်၏၊ ကောင်းသည်ဖြစ်စေ မကောင်းသည်ဖြစ်စေ ပြုမိသော ကံ၏ အမွေခံတို့သာ ဖြစ်ကြလိမ့်မည်'' ဟု ဆင်ခြင်၏။
ထိုကံအကြောင်းကို မပြတ် ဆင်ခြင်သော ထိုသူအား မဂ်သည် ကောင်းစွာ ဖြစ်ပေါ်လာ၏၊ ထိုအရိယာတပည့်သည် ထိုမဂ်ကို မှီဝဲ၏၊ ပွါးများ၏၊ ကြိမ်ဖန်များစွာ ပြု၏၊ ထိုမဂ်ကို မှီဝဲသော ပွါးများသော ကြိမ်ဖန်များစွာ ပြုသော ထိုသူအား သံယောဇဉ်တို့သည် အချင်းခပ်သိမ်း ပျောက်ကင်းကုန်၏၊ အစဉ်ကိန်းနေသော 'အနုသယ' တရားတို့သည် ကင်းပြတ်ကုန်၏ ဟု မိန့်တော်မူ၏။
Showing posts with label တွေးမိ သမျှ. Show all posts
Showing posts with label တွေးမိ သမျှ. Show all posts
Sunday, November 6, 2011
စိတ် နှင့် ဆိတ်
Google မှာ ရှာဖွေ ရယူသည်။
          မြို့ လေးတမြို့ က လမ်းမတန်းဘက်မှာ ရုံးတွေနှင့် လူနေအိမ်တွေဟာ တအိမ်ကျော်၊ ဒါမှမဟုပ် နှစ်အိမ်၊သုံးအိမ်ခြား လိုလို တည်ရှိလိုက်၊ အိမ်တန်းတလှည့်၊ ရုံးတည်ရှိရာ ဝန်းတလှည့်နှင့် အစီအရီတည်ရှိနေခဲ့ပါတယ်။   မြို့ လေးက တောင်ကုန်းတွေ ဝိုင်းရံတည်ရှိနေတဲ့ အညာမြို့ လေး တစ်မြို့  ပေါ့။ အညာရဲ့ သဘော မိုးနည်းပြီး၊ ပူပြင်းခြောက်သွေ့ တဲ့ နွေ၊ မိုးရာသီနှင့် အလွန်အေးတဲ့ ဆောင်းရာသီ တနည်း ပြောရရင်တော့   အပူ၊ အအေးပြင်းတဲ့ ရာသီဥတုလေး ရှိတဲ့မြို့ လေး တမြို့ ပေါ့။
          မြို့ လယ် လမ်းမတန်းလေးမှာ လမ်းသွယ်နှစ်ခုကြားက အိမ်လေးလုံးတန်းဟာ တန်းစီပြီ တည်ရှိ နေပါတယ်။ အိမ်လေးလုံးတန်းမှာ ဧရာဝတီရုံးနဲ့  သမဝါယမရုံး [မဆလခောတ် (သို့ ) ဆိုရှယ်လစ်ခောတ် ပစ္စည်းခွဲးဝေ ရောင်းချသောဆိုင်နှင့် ပတ်သက်သော ရုံးဌါန] နှင့် လူနေအိမ်ဝိုင်း နှစ်ဝိုင်း ပါဝင်တဲ့ လေးအိမ်တန်းလေးပေါ့။ အဲဒီမှာ အိမ်တစ်အိမ်ဟာ ရုံးလေးနှစ်ရုံးကြားတည်ရှိတယ်။ ရုံးလေးတစ်ခု ရှေ့ မှာ ညနေစောင်းကနေ ညဘက်ထိ ရောင်းတဲ့ အသုတ်စုံဆိုင်တန်းလေး တခုရှိတယ်။ ညဘက် ဆိုင်သိမ်းချိန်လောက်ဆို အသုတ်အတွက် အသီးအနှံဆေးတဲ့ရေ၊ အသုတ်စားပြီးသား ပုဂံတွေ ဆေးကြောတဲ့ ရေတွေကို ခုံတွေသိမ်း၊ အမိုက်တွေလှည်းပြီတဲ့ အချိန်ဆို အဲဒီရေတွေ မြေပြင်ပေါ် သွန်ပက် ပစ်ခဲ့တာပါပဲ။
          ရုံးလေးရှေ့ မှာတော့ ရေသန့်လေးခက်ပြီး မြေကြီးကို ရေဖျန်းပေးခဲ့တယ်။ အဲဒီဆေးကြောတဲ့ ရေတွေတော့ ဘေးက အိမ်ဘက် ရောက်လာတတ်တယ်။ ရုံးရှေ့ သွန်လို့  ညစ်ပတ်ရင် ဆိုင်ဖွင့်ခွင့် မပေးဘဲ နေမှာ စိုးတာကိုး။ ဒါပေမယ့် အိပ်ချိန်ကြမှ ပက်တဲ့ရေဆိုတော့ ဘေးအိမ်လေးကလဲ ပြောခွင့်မသာဘူးပေါ့။ ဖြန်းကနဲ ပတ်ပြီးမှတော့ ဘယ်သူ၊ ဘာပြောသာမလဲ။ ဘယ်အချိန်ပက် မလဲလို့  ဘယ်သူကရော စောင့်ကြည့် နိုင်မှာလဲ။ ဒီလိုပါပဲ တရက်ပြီ တရက်၊ တလပြီ တလပေါ့။ ခုချိန်ထိလဲ ရှိနေတုံးပါပဲ။ ခုဆို ဘောလုံးပွဲး ပြချိန်ပြီးအောင်တောင် စောင့်ရောင်းတတ်တာ။ ဘာတဲ့ အာဆင်နယ်တို့ ၊ မန်ယူ၊ မန်စီးတီးတို့  ကန်တဲ့ ပွဲးတွေကို စောင့်ကြည့်တဲ့သူတွေကို ရောင်းတာပေါ့။
          အဲဒီလိုနဲ့ ဒီဆေးရေတွေကနေ ပါလာတဲ့ ငရုတ်စိလေး ကနေ ငရုတ်ပင်ကလေး တပင် ပေါက်လာတယ်။ ဘေးအိမ်လေးရဲ့  ရှေ့ မှာ ကပ်ပေါက်နေတဲ့ ဒီ ငရုတ်ပင်လေးဟာ တနေ့ တခြား မြင့်လာ၊ ကြီးလာ တာပေါ့။ နောက်တွေ ညစဉ်ပက်နေတဲ့ ရေကလည်းရ၊ နေကလည်းရ ပေါ့။ အပင်မှန် နေရာမှန် ဖြစ်နေထင်ပါရဲ့  အပွင့်တွေ ပွင့်၊ အသီးတွေ ဖြိုင်ဖြိုင်သီးလို့  ဝေဆာလာတာပေါ့။ အဲဒီ လမ်းမတန်းကို ဖြတ်သန်း သွားလာနေတဲ့ ကုလားလေး တစ်ယောက်က အသီးသီးလာ ကတည်းက တကြည့်ကြည့် ဖြစ်နေခဲ့တယ်။ ကုလားလေး အသက်က ရှိလှမှ ၈-နှစ်၊ ၉-နှစ်ပေါ့။ အသီးတွေ မရင့်တရင့်၊ အိမ်ကလေး ရှေ့  မှာလဲ လူလစ်ခိုက်မှာ ဒီအပင်ကို တပင်လုံး ဆွဲးနှုတ်ပြီး ခိုးပါလေရော။ သူနှုတ်ပြီးခါစတင် အိမ်ကလေးက မိန်းခလေး တစ်ယောက် ထွက်လာတာနဲ့  တိုးတော့ ငရုတ်ပင် လက်မှာ တန်းလန်းနဲ့  စက်ဘီးနှင်းပြီး ဇွတ်ထွက်ပြေး ပါလေရော။
          ဒါပေမယ့် ကုလားလေးဟာ အဲဒီနောက်ပိုင်း မကြာ၊ မကြာ ဆိုသလို စက်ဘီးလေးစီးပြီ ဒီလေးအိမ်တန်းဘက် ရောက်၊ ရောက်လာတတ်တာပါပဲ။ ကလေးဆိုပြီး ကြည့်နေလိုက်တာ နောက်တခါ ဒီအိမ်လေးက အိမ်ရှေ့ မှာ စိုက်ပျိုးထားတဲ့ သလဲသီးပင်က သလဲသီးတွေကိုလည်း မရင့်မှဲ့ ချိန်မှာ အဲလိုပဲ ချောင်း ချောင်း ခူးနေခဲ့တာပေါ့။ ဒီအိမ်လေးရဲ့  ပိုင်ရှင် ကောင်မလေး အမေက တွေ့ သွားလို့  အော်ဟစ်တော့မှ ထွက်ထွက်ပြေးတာပဲ။ သူကတော့ ဒါကို ကစားနည်းလိုပဲ မကောင်းမှန်းသိတာ၊ မသိတာထက် သူများမကြိုက်တာကိုပဲ ပျော်ပျော်ရွှင်ရွှင် လုပ်ခြင်နေပုံပါပဲ။ ဒါကြောင့် တချို့ အိမ်တွေက ကုန်းအော်၊ နောက်ကနေ တုတ်နဲ့ လိုက်တဲ့ အခါ ဒီလူနယ် ကလေးကိုလို့  တွေးခြင်စရာပေမယ့်၊ ကလေးတွေဟာ ဒီလိုမှ မလုပ်ရင် လူတွေက လက်ခံတယ်ဆိုပြီ၊ တိုးတိုးလုပ်ရာကနေ ကိုယ်လုပ်တာ ကိုယ်မှန်တယ် ထင်လာတတ်တော့တာပဲ။
          သူများကို အဲလို နောက်ယှက်တတ်တဲ့ ကုလားကလေးက တနေ့ တော့ စက်ဘီးမပါလာဘူး။ ဒါပေမယ့် စက်ဘီးအစား၊ ဆိတ်တကောင်နှင့် အတူ လေးအိမ်တန်းဘက် လမ်းရှောက်လာခဲ့ ပြန်တာကို တွေကြရပြန်တယ်လေ။ ကလေးဆိုတော့ သူချစ်တဲ့ ဆိတ်ကလေးကို လူကြားထဲ ကြွားခြင်လို့  ခေါ်လာတာပေါ့။ ကုလားလေး မိဘတွေက ပိုက်ဆံရှိကြတယ်လို အဲဒီတော့မှ လေးအိမ်တန်းက လူတွေက သိကြတာပေါ့။ ဒါတောင်မှ သူများပစ္စည်းကို ခွင့်မတောင်ပဲ၊ မတရားလိုခြင်စိတ် ရှိနေတာတော့ မကြိုက်ပါဘူး။ ပိုက်ဆံမရှိလို့ လဲ မဟုပ်ဘူး။ ပိုက်ဆံ ရှိရှိ၊ မရှိရှိ သူက လိုခြင်နေတာကို က သူ့ စိတ်ဟာ ကလေးဖြစ်ပြီ စိတ်မဖြုစင်တာကို ပြတာပဲလေ။ တနေ့ မှာ ဒီလိုသာ ဆက်လုပ်နေရင် သူများပစ္စည်း ခိုးမှူကို ကျူးလွန်လာနိုင်တာပေါ့။
          ဟိုရောက်၊ ဒီရောက်ဖြစ်ကုန်ဘီ။ ကုလားလေးရဲ့  ဆိတ်လေး အကြောင်း ပြန်သွားကြပါစို့ ။ ဆိတ်လေးက အဖြူရောင်များတယ်။ အနက်ကွက်တွေကတော့ ခပ်ကျဲကျဲ ဟိုတစ၊ ဒီတစပေါ့။ ဆိတ်ပါ ဆိုမှတော့ အဖြူနဲ့  အနက်ကြားပေါ့လို့ ဘာရောင်ရှိသေးလို့ လဲလို့  ဂွကျကျ ပြောမယ်ဆိုရင်တော့ အော်၊ ဟုပ်ပါတယ်။ ဒါပေမယ့် သူကဖုန်နဲ့ သောသောမှာ မနေရတဲ့ ဆိတ်ဆိုတော့ သူ့  သခင် ကုလားလေးကလည်း  ချစ်၊ အမြဲ သန့်ရှင်းပေးထားတာလား။ ဆိတ်ဖြူလေး အဖြူရောင်ဟာ အရောင်ထွက်တယ်ပဲ ပြောရမလား၊ တောက်ပတယ်ပဲ ပြောရမလားပါပဲ။ ကုလားလေးက သူဆိတ်ကလေးကို အလွန်ချစ်နေတော့ သူ့  မိဘတွေက ဒီကလေးကို အလိုလိုက်ပြီး၊တစ်နေ့ မှာ ဆိတ်ကလေးကို မအစ်ပဲ ဘေးမဲ့  ပေးထားလိုက်ရတာပေါ့။
          ကုလားလေးက ဆိတ်လေးနဲ့  လေးအိမ်တန်းဘက်ထွက်လာတိုင်း တခုသော ရုံးဒေါင့်မှာ ဖွင့်ထားတဲ့ ကွမ်းယာဆိုင်လေးက လူတွေနဲ့  စကားလက်ဆုံကျလာတတ်ပါတယ်။ ကွမ်းယာဆိုင် ပိုင်ရှင်က ဆိတ်အကြောင်းတွေ မေးတတ်လို့  အပေါ်က အကြောင်းတွေကို လေးအိမ်တန်းကလူတွေနဲ့  ဒီပတ်ဝန်းကျင်ကို လာတတ်တဲ့သူတွေက သိနေကြတာပေါ့။ အဲလို လာပါများတော့ ဆိတ်ကလေးဟာ၊ သူ့  သခင် ကုလားလေး ကျောင်းသွားတဲ့ အချိန်တွေမှာ တကောင်ထဲ  လေးအိမ် တန်းဘက် ထွက်လာလိုက်၊သူ သခင်လာရှာရင် ပြန်လိုက်သွားလိုက် လုပ်လာရင်း ဆိတ်ကောင်လေးဟာ တဖြည်းဖြည်း လသားအဖြစ် ကြီးလာခဲ့တယ်။
          ဆိတ် ဆိုတာ သိတဲ့ အတိုင်းပဲ တွေ့ ကရာကို စားတတ်ပြီ၊ အစာမြုံ့ နေတတ်တာ ကလား။  တနေ့  တော့ မြို့ မှာ နေတဲ့ ဒီဆိတ်က ကွမ်းယာဆိုင်က ကွမ်းရွတ်တွေကို နမ်း၊ နမ်းနေလို့  ကွမ်းယာရောင်းတဲ့ လူက ကွမ်းတစ်ယာ ယာပြီး ဆိတ်လေးကို ကျွေးလိုက်တယ်။ ကွမ်းက ထုံးတို့ ၊ ဆေးရွတ်ကြီးတို့ နဲ့  ထည့်ကျွေးလိုက်တာ ဆိုတော့ ဆိတ်ကလေးက ဝါးရင်း၊ ဝါးရင်းကနေ ဘိုင်းဆို လည်းသွားပါလေရော။  ကွမ်ရောင်းတဲ့ သူနဲ့  ကာလသားတွေက ဝိုင်းရယ်ကြတာပေါ့။   မူးတော့ မြေပေါ်မှာ မထနိုင်ဘူးပေါ့။  တော်တော်ကြာ  အမူးပြေတော့ မောင်မင်းကြီးသား ဆိတ်လေးက ဘာလုပ်တယ် ထင်လဲ။    ပြန် ကျူံးထ၊ ပြီး ကွမ်းရောင်းတဲ့လူဆီ မော့လို ထက်တောင်းပြန်တာပါပဲ။ စောင့်ကြည့်တဲ့ သူတွေလည်း တဝေါဝေါ၊ တသောသောနဲ့  သဘောကျပြီး ရီနေလိုက်ကျတာ လေးအိမ်တန်းလေး ကျွက်ကျွက်ညံသွားတော့တာပါပဲ။
          ပိုင်ရှင်ကုလားလေးကလည်း သူများပစ္စည်း ကို မသိအောင်လိုခြင်၊ မရနိုင်တဲ့ဟာကို မသိအောင် ဖျက်စီးချင်တဲ့  စိတ်ရှိတယ်။ သူ့ ဆိတ်လေးဟာ တိရိစ္ဆာန်ပေမယ့် သူ့ ထက်များစွာ စင်ကြယ်ပါသေးတယ်။ ဒါပေမယ့် လူတွေဖျက်စီးတော့ ကွမ်းယာမူးတာကိုပဲ အမူးပြေတော့ ထက်မျှော်နေပါသေးတယ်။ ကုလားလေးလည်း သူဆိတ်လေး သူ့ စီရောက်လာတော့ ဆိတ်လေးကို လူတွေဒီလို လုပ်မှာစိုးတာနဲ့ သူများပစ္စည်းလဲ အလစ်မချောင်းနိုင် ရှာတော့ပါဘူး။  မကောင်းမူဟာ လူကတော့ ကိုယ်ကလည်း သိတတ်မယ်၊ ဆိုဆုံးမသူလဲရှိ၊ ကိုယ်ကလည်း နားထောင်မယ်ဆိုရင် လူကောင်းတယောက် ဖြစ်လာနိုင်ပါတယ်။ တိရိစ္ဆာန်တွေမှာတော့ သဘာဝတရား အတိုင်းသာနေကြတာများပါတယ်။ ဒါပေမယ့် လူတွေက သင်ပြန်ရင်လဲ အကောင်းအဆိုး၊ အရောင်ဆိုး ခံကြရပြန်တာပါပဲ။ ဒါကြောင့်မို့  အမူးပြေချိန်မှာ မကောင်းတာကို ပြန်မော့မကြည့်မိဘို့ တော့ ခိုင်မာတဲ့ စိတ်ဓါတ် ခွန်အားရှိဘို့  လိုပါတယ်နော်။          
Saturday, August 13, 2011
ဂျက်ကီ
             သိတတ်တဲ့ အရွယ်လောက်တုံးက အိမ်မှာ အိမ်မွေးတိရိစ္ဆာန်တွေ ရှိခဲ့တယ်။ ဆင်၊ မျောက်၊ ခါ တွေတော့ မဟုပ်ရပါဘူး။ ဆင်ကကြီးတော့ မွေးဘို့  မြေနေရာမကျယ်လို့ ပါ။ မျောက်ကျတော့ သူကိုက်ရင် ရွှေချရတာမို့  ရွှေဘိုးကုန်မှာ စိုးလို့ ပါ။ ခါကတော့ သူပါချတဲ့ အီ အီးထဲက ညောင်စေ့ကနေ ညောင်ပင်တွေ ပေါက်လာရင် နေစရာပျောက်မှာ စိုးတာကြောင့် ဒီသတ္တဝါတွေကို မမွေးကြဘူးထင်ပါတယ် ဟီး ဟီး။ အိမ်တွေမှာ အများဆုံးမွေးလေ့ရှိတာက ခွေး၊ ကြောင် နှင့် ကျက်တူရွေးလေးတွေပါ။ ခုနောက်ပိုင်းမှာ ရွှေငါးမျိုးစုံ ကိုပါ မွေးမြူလာကြတာတွေ့ ရပါတယ်။ စီးပွှားဖြစ် မွေးတဲ့ တိရိစ္ဆာန်တွေလဲ ရှိပါတယ်။ ဒါပေမယ့် ကျမတို့  အိမ်မှာတော့ စီးပွှားဖြစ်မွေးတဲ့ တိရိစ္ဆာန်တွေတော့ တကောင်မှ မရှိပါဘူး။
             ဒါပေမယ့် အိမ်မှာ ခွေးထီးတစ်ကောင်၊ ကြောင်မိသားစုတွေ နှင့် ကြက်တူရွေးတစ်ကောင် တော့ မွေးဖူးပါတယ်။ ခုပြောပြဘို့  စိတ်ကူးထားတာကတော့ ဂျက်ကီ ဆိုတဲ့ ခွေးအကြောင်းပါ။ ဒီခွေးကို မေမေတို့  ဘယ်အချိန်က စမွေးမှန်း မသိပေမယ့် ကျမဆော့တဲ့ အချိန်မှာတော့ ဒီခွေးက တကောက်ကောက်လိုက်ခြင်ခဲ့၊ ကျမအပေါ် ပိုချစ်ပုံရခဲ့ပါတယ်။ အိမ်မှာက ညီမ(၇)ယောက်ဆိုတော့ ညီမတွေ ၂-ယောက် တတွဲးလို တွဲးဘက်နေရာမှ ကျမမှာတော့ တွဲးဘော်ရာယ်လို့  မရှိခဲ့သလိုပါပဲ။ ကျမကလည်း အိမ်မှာ တွဲးဘို့  ဘက်ပဲ့နေခဲ့တော့ကာ ခွေးလေးဟာ ကျမရဲ့  အပျင်းဖြေ၊ အတူဆော့ကစားဖော် ဖြစ်ခဲ့ရပါတယ်။
              ခွေးလေးလို့ သာ ပြောတာပါ၊ ကျမပြန်တွက်ကြည့်တော့ ဂျက်ကီက ကျမထက် ၃-နှစ်လောက် ပိုကြီးပါတယ်။ ခွေးတွေ၊ ကြောင်တွေရဲ့  အသက်ဟာ ၁၂-နှစ်လောက်ပဲ ရှိတယ်လို ကျမ ဦးလေးက ကျမကို ပြောပြဘူးပါတယ်။ ဒါပေမယ့် အိမ်က ကြောင်တွေရဲ့  သက်တန်းကတော့ တော်တော်ကို ရှည်ပါတယ်။ တချို့  ကြောင်တွေဆို ၁၈-နှစ်လောက်ကို နေသွားကြပါတယ်။ မိုးလင်း၊ နေ့ လယ်၊ ညစာဆိုပြီး ၃-နှပ်စားပြီး စည်စိမ်ကြီးနဲ့ နေကြရလို့ ထင်ပါရဲ့ ။ ပြီး ငါးလေးစားတာငြီးငွေ့ ရင်၊ အမဲသားခြောက်တို့ ၊ ပုဇွန်ခြောက်ကို အမုန့်  ကြိတ်ပြီကျွေးသေး။ ( ခုထိ ကျမတို့ မှာ အကောင်းဆုံး ပုဇွန်ခြောက် ကိုယ်တောင်မစားဘူး၊ မေမေ့ဘို့ များ ဝယ်ကန်တော့ရင် ကိုရွှေကြောင်တွေ ပါစပ်ထဲ ရောက်သွားရော။ အင်း ခွေကြောင်းဆိုပြီ ကြောင်တွေ အကြောင်း ပြောနေပြန်ပြီလို့  မထင်ပါနဲ့  သူတို့  အကြောင်းက မပါလို ကို မရလို့ ပါ။)
            ခွေးကြီး ဂျက်ကီကလည်း တကောင်တည်း အိမ်မှာ ဗိုလ်ပါပဲ။ အဲ အဲ ဒါပေမယ့် ကြောင်တွေကလည်း သူတလူ၊ ငါတမင်းပါပဲခင်များ ခုခေတ်အဖွဲ့ အစည်းလို အဲလေ ကြောင်လဲ ကြောင်အဖွဲ့  လိုပေါ့။ သူတို့ ကလည်း ခွေးကြီး ဂျက်ကီကို သခင်အားကိုးနဲ့  ခွေးမထင်ဘူး ရှင့်။ ကြောင်အမေကြီးဆို ပြန်တောင် ကုတ်ဖဲ့ပြစ်လိုက်သေး။ ဂျက်ကီကြီးကတော့ သနားပါတယ် တခါတခါ ကုတ်လို့  နှာခေါင်းမှာ လက်သည်းရာက အစင်းလိုက်နဲ့ လေ။ ကိုက်ခြင်လဲ လူရှိရင် သူ့ ကိုဟန့် လို ရပ်လိုက်ရနဲ့ လေ။ လူတွေကလည်း အမြင်မတော်ဘူးဆို ဝင်ဟန့်ရ(ဆရာလုပ်ရတာ) ဆိုတော့ သူ့ ခင်ဗျာလည်း သခင့်အကြိုက် နေရရှာတာ။ ကြောင်တွေကတော့ လူကခြောက်လဲ မရပါဘူး။ ဘယ်သူ့ မျက်နှာမှ မကြည့်ဘူး၊ ကုတ်ပြစ်၊ ဖဲ့ပြစ်လိုက်တာပဲ။ မကုတ်ခင်ထဲက အမြီးကြီးကို ဖွာလို ကိုယ်လုံးကြီးတယ်ထင်အောင် တကိုယ်လုံး အမွှေးတွေက တဖြည်းဖြည်းနဲ့  ထောင်လာပါရော။ ( တရုတ်တွေ၊ တချို့  နိုင်ငံခြားသားတွေလိုပဲ တကိုယ်ကောင်းဆန်တာလား၊ ကိုယ်ကလွဲရင် ဘယ်သူ့ ဘို့ မှ မသိသလိုပဲ)
             ကျမကတော့ ဂျက်ကီကို ချစ်သလိုပဲ၊ ကြောင်တွေကိုလည်း ချစ်တာပါပဲ။ ကြောင်မွေးကာစလေးတွေဆို သိပ်ကိုင်လိုကောင်း၏။ သူတို့ က ခွေးလောက်တော့ သခင့်အပေါ် သစ္စာမရှိကြပေမယ့် သတ္တဝါတွေပဲမို့ လား။ ခွေး ဆိုတာမျိုးက သေတပန်၊ သက်တဆုံး သခင်အပေါ် ချစ်ခင်ကြတာ၊ တချို့ ခွေးတွေဆို လူတွေကံနိမ့်နေရင်၊ ထမင်းတစ်နပ်ပဲ ကျွေးဘူးသူအစားတောင် သေပေးတတ်သတဲ့။ ခွေးတစ်ကောင် အိမ်ရှေ့ လာသေနေရင် ဒဏ်ခံတာလို့  လူကြီးတွေက ပြောတာ ကြားဘူးတယ်။ သိရသလောက်ကတော့ ကြောင်တွေဟာ အိမ်တအိမ် စီးပွှားပျက်တော့မယ်ဆို အိမ်ရွှေ့ သွားတတ်ကြတာပါပဲ။ ပြောင်းသွားတဲ့ အိမ်ကတော့ ကြောင်လာမွေးရင်၊ ပြောင်းလာရင် စီပွှားရေး ပိုကောင်းလာတတ်သတဲ့။ သဘာဝ တရားတွေကို တိရိစ္ဆာန်တွေက လူတွေထက် ပိုသိသလိုပဲလား မပြောတတ်ပါဘူး။
            မေမေ ပြောပြဘူးသလောက်တော့ မေမေက ဂျက်ကီကို မွေးစားဘို့  စာတိုက်ဝိုင်းထဲမှာ နေတဲ့ ခွေးပိုင်ရှင်ဆီကနေ ခွင့်တောင်းပြီး ခွေးတွေထဲက အလှဆုံးကို ခေါ်လာပါသတဲ့။ ဂျက်ကီက အယ်လဇေးရှင်း မျိုး နည်းနည်းပဲပါပြီး သူ့ အမေကြီးကတော့ ဗမာခွေးမျိုးလို့  ဆိုပါတယ်။ ကျန်တဲ့ခွေးလေးတွေက သူ့ အမေလိုပဲ လို့လဲ မေမေကပြောပြသေးတယ်။ နို့ တိုက်ပြီး မွေးခဲ့ရတယ်တဲ့။ (ဟုပ်တယ် ကြောင်းလေးတွေလည်း သူတို့  အမေက နို့ မတိုက်နိုင်လို့  ထွက်ပြေးနေရင် မေမေက နိုဆီကိုဖျော်တိုက်တာပဲ ဇွန်းလေးနဲ့။ လက်ဖက်ရည်ဇွန်းတောင် သူတို့ တိုက်ဖို့  သက်သက်ထားရတယ်။) ဂျက်ကီးက ကြီးလာတော့ သမင်ရောင်နဲ့  အဖြူကြားလေး ရုပ်လဲ မဆိုးဘူး။ ချစ်စရာကောင်းတယ်၊ ခွေးပေမယ့် သဘောကောင်းတယ်။ ဒါကြောင့်မို့  ကြောင်တွေ အနိုင်ခံရတာပေါ့။
             ကျမ မှတ်မိတဲ့ အရွယ်ရောက်တော့ ဂျက်ကီက ကျမသိမ်းညည်းကို အလွန်ခံတယ်။ သူလှည်းနေတုံး ကျမခြေထောက်များ သူ့ ကိုယ်ပေါ်တင်ထားရင် မော့ကြည့်ရုံကြည့်ပြီး ပြန်လှည်းသွားတာပဲ။ ဘယ်တော့မှ ရန်မလုပ်ဘူး။ သူများတွေ သူ့ ကိုယ် အဲလိုလုပ်လိုကတော့ ကြည့်ပြီး ထိုးဟောင်တော့တာပဲ။ သူက သူ့ ကိုယ်လုံးပေါ်ကို အဲလိုတင်တာ မကြိုက်ဘူးလေ။ သူ့ အမြီးက တခါတလေ ဂျက်တပ်ခဲဖြစ်ပြီး တွဲးနေတတ်တယ်။ အဲဒီလို ဖြစ်နေရင် မလှလို့  မေမေတို့ ၊ တခြားလူတွေ ညှပ်ရင် မရဘူး။ ကိုယ်လုံးကိုယ် ဟိုလိုလှည့်လိုက်၊ ထွက်ပြေးလိုက်၊ ဟောင်လိုက် လုပ်နေတတ်တာ။ အိမ်မှာတော့ ဂျက်ကီက မေမေ့ကို အကြောက်ဆုံး။ ကျမက ကတ်ကျေးကို မမြင်အောင် နောက်မှာ ဖွတ်ယူပြီ အနားကြမှ ဖြတ်ခနဲ ကိုက်ပြစ်လိုက်ရတယ်။ ဒါတောင် ပါစပ်က လှန်းတော့ ဟပ်လိုက်ခြင်သေးတာ။
           ဂျက်ကီက ရေကြောက်တယ်။ သူ့ ကိုယ်လုံးကိုတော့ လျှာနဲ့ လျှက်ပြီး အမြဲသပါတယ်။ တခါတလေ ရေတွေ၊ ရွံ့ တွေ တခုခုပေလာရင်တော့ မေမေက သူ့ ကို သံကြိုးကို အလစ်ဖမ်းပြီး အရင်ပတ်ပြီးမှ ရေချိုးခန်းထဲ ခေါ်သွားပြီး ရေချိုးရတယ်။ အလွန်ရေကြောက်တဲ့ ခွေးပေါ့။ ချိုးပြီး မေမေက အဝတ်တခုခုနဲ့  သုတ်ပေးပြီးမှ လွှတ်မှ၊ မဟုပ်ရင် ပြေးထွက်ပြီး လဲချပြီး ကိုယ်လုံးနဲ့  မြေကြီးတွေကို လူးပစ်လိုက်ရော။ ဘယ်လောက် ဂျစ်ကန်ကန်လဲဆို။ သူက ရေကို အရမ်းကြောက်တာ။ မိုးရေမိလာမှပဲ စိုးခံရတတ်တာ ဒါပေမယ့် ကိုယ်လုံးကို ခါချပြီး ရေတွေကို သပ်နေတတ်ပြန်ရော။
             သူ့ လည်ပင် သံကြိုးချည်တာလည်း သူက အရမ်းမုန်းတာလေ။ ပြောရ၊ ထိန်းရတာမခက်ဘူး။ ဒါပေမယ့် လူရူတ်ရူတ်ဆို သူကလည်း နေရာတကာပါတော့တာ။ သူရူတ်နေတာနဲ့ ဘာမှ လုပ်လို့ မရလို့  မေမေက သူ့ ကို ချည်ရတာပေါ့။ သူရေချိုးတာနဲ့  သံကြိုးချည်ဘို့ တော့ မေမေကလွဲးလို့  ဘယ်သူမှ လုပ်လို့ မရဘူး။ အကောင်ကထွားတော့ ကျမတို့ က သူ့ ကို ဘယ်ထိန်းနိုင်မှာလည်း။ ကျမပြောင်ချည်ရင်တော့ အရိတ်အကဲ သိတတ်ပုံပဲ ငြိမ်ခံတယ်။ ပြီးကျမကလည်း ပြန်ဖြုတ်ပေးလိုက်တာပါပဲ။ မေမေကများ ဂျက်ကီကို သံကြိုးချည်လိုက် ဆိုလို့ ကတော့ တန်းနေအောင် ထပြေးတာ၊ အထိမခံဘူး သိပ်လည်တယ်။
           ဂျက်ကီကလေ ဧည့်သည်လာရင်လည်း သူပါဝင်ပါခြင်သေးတာ။ ဧည့်သည်တွေက သူ့ ကို ကြောက်လို့  ကိုက်မှာစိုးလို့  :D။ သူကမကိုက်တတ်ပါဘူး။ ဒါပေမယ့် ပွတ်သီး၊ ပွတ်သတ် နေခြင်တယ်။ ပြီး အိမ်မှာက သူ့ ကပဲကြောက်ရတော့ သူ့ ကို ဧည့်သည်တွေက ကြောက်တာလဲ သဘောကျနေတာ ထင်ပါရဲ့ ။ ကိုရွှေကြောင်တွေက သူ့ မကြောက်တော့ သူကလည်း လူလစ်ရင် ဆော်ခြင်တယ်။ ဇာတ်လမ်းကလည်း အဲဒါပဲ။ ကြောင်တွေက နောက်မှာ သူတို့ အတွက် အစာကျွေးတာကို ကျူးကျော်ပြီ အိမ်ရှေ့ က ခွေးစာကို သွားသွားစားတယ်။ အလည်လွန်တဲ့ကြောင်တွေက သူတို့  အစာမရှိလည်း စားတယ်၊ တခါ ခွေးကျွေးတာက ပိုကောင်းတယ် ထင်လို့ လဲ သွားစားတယ်။ သူ့ အစားလာစာရင် ဂျက်ကီက သူ့ ခွင်ပေါ့ မာန်ပါလေရော။ ထခြောက်မှ မဟုပ်ရင် ရန်ဖြစ်ရော ခွေးနှင့် ကြောင် တိန်ဒေါင်၊ တိန်ဒေါင်ပေါ့။
          အဲတာ အကောင်မွေးရတဲ့ ဒုက္ခပေါ့။ ဒါတောင် ခရီးသွားရင် သူတို့ စားဘို့ ပူပင်ရတာရှိသေးတယ်။ကြောင်တွေရှိတော့ ကြောင်ချီးတွေကြုံးရ၊ နေမကောင်း ဖြစ်လို့ အန်ပြန်ရင် အန်ဖက်တွေ ကြုံးရ၊ ဆေးရနဲ့  တကယ်ပါ ဧည့်သည်လာရင် တခါတလေ အာနာဘို့ တောင်ကောင်းတယ် သူတို့ အနံအသက်တွေနဲ့ လေ။ သိတဲ့အတိုင်းပဲ ခိုင်းနိုင်းတာတောင် ရှိသေးတယ်မို့ လား ပျော့ပျော့လေးနဲ့  နံတဲ့ ကြောင်အီး လို့  . . . ဟီးဟီး။ ခွေးတွေကတော့ သူတို့ ကိစ္စ သူတို့  အပြင်မှာ အဆင်ပြေသလိုပဲ ရှင်းတာများပါတယ်၊ သိပ်ဒုက္ခမပေးဘူး။ ချီး၊ သေး ကိစ္စကို ပြောပါတယ်။
         တခါကလည်း လည်ကြီးမျိုး အင်းခွေးဆိုပြီ ဖေဖေက ခွေး အမဲလေး တစ်ကောင် ခေါ်လာတယ်။ သူက မကြိုက်ဘူး။ အကောင်းကလည်း ကြီးနေတော့ ခွေမဲလေးမှာ သူ့ ကို ကြောက်နေရတာနဲ့  နောက်ဆုံးတော့ ဖေဖေက ခွေးအမဲလေးကို သူ့ အမအိမ်ပို့ လိုက်ရတယ်။ တကယ် ခွေးတွေကလည်း သူတို့ ထက် ပိုချစ်မှာစိုးတယ်။ မနာလို တတ်ဘူလေ။ အင်းလေ ကြောင်တွေနဲ့ တောင် တစ်ကောင်နဲ့  တစ်ကောင် မနာလိုကြတာပဲလေ။ ကလေးတွေကလည်း တရုန်းရုန်း၊ ခွေးတွေ၊ကြောင်တွေကလည်း တဝုန်းဝုန်းနဲ့ ပေါ့။ အဟီး ပျော်စရာကြီးနော်။ ဒါကြောင့်လည်း ဘုရားရှင် ပွင့်ထွန်းပေါ်ပေါက်စဉ်က သတ္တဝါတွေဟာ ဘယ်သူမှ ဒုက္ခကို ဒုက္ခမှန်း မသိပဲ ပျော်နေကြလို့  ခြွေချွတ်လိုတဲ့ စိတ်ကူးပျက်သုန်းခဲ့ရတာ နေမှာနော်။
         ဒီလိုနေရင်းကနေ တစ်နေ့ တော့ ဂျက်ကီဟာ အရိုးကိုက်ရင် အရိုးမျက်သွားတယ်။ သွားကြားထဲ မျက်နေတဲ့ အရိုးကတော်တော်နဲ့  ထုတ်လို့ မရဘူး။ သူ တရက်ခွဲးလောက် အစာစားလို့ မရဖြစ်သွားတယ်။ အသက်ကလည်း ခွေးသက်တန်းအရတော့ သူဟာကြီးနေပြီပေါ့။ သူ့ အသက် ၁၂-နှစ်ကျော် ဒါမှမဟုပ် ၁၄-နှစ်လောက်လို့  ထင်တာပဲ။ အစားမစားရတဲ့ ဒဏ်၊ အရိုးမျက်လို နာတဲ့ဒဏ်တွေနဲ့  ဆုံးပါးသွားတယ်။ ကျမတို့ မှာ ငိုလိုက်ရတာဆိုတာ တရူံရူံပါပဲ ကလေးတွေကို။ ကြောင်လေးတွေ သေရင် အိမ်ထဲမှာပဲ မြေတူးပြီ ကျမတို့  ကလေးတွေပဲ မြုပ်ပေး၊ ပန်းလေးတွေ မြေပုံပေါ်တင်ပေး လုပ်ကြပေမဲ့ ဂျက်ကီကြတော့ အကောင်းကြီးတော့ အိမ်မှာ မြုပ်လို့ မရပါဘူး။ ဖေဖေပဲ လူခေါ်ပြီး ပိုက်ဆံပေး ၊ မြုပ်ခိုင်းရပါတယ်။
         သေသွားတော့ ဂျက်ကီကို လွမ်းလို့  ဘယ်တွေ၊ ဘယ်ဘဝတွေများ ရောက်နေလဲနော်လို့  မေမေ့ကို မေးမိရင် မေမေက ကျမကို ပြောပါတယ်။ သေသွားရင် ဘယ်ကို ရောက်သွားမှန်း မသိနိုင်တော့ဘူုး တဲ့။ ဟုပ်ပါတယ်လေ ခွေးတွေမှ မဟုပ်ပါဘူး သတ္တဝါတွေသေရင် ဘယ်ကိုရောက်တယ် လို့  သိနိုင်တဲ့သူ တစ်ယောက်တော့ လောကမှ ရှိဘူးခဲ့ပါရဲ့  ဘုရားလက်ထပ်က။ ဒါပေမယ့်လဲ နောက်ဆုံးတော့ နိဗ်ဗန်ရောက်တဲ့ သူဦးခေါင်းကိုင် ဂါထာတွေရွတ်တော့ မသိနိုင်တော့ဘူးလေ။ ဘုရားရှင်နဲ့  ရဟန္တာများမှသာ သိနိုင်ပေတာပါပဲ။
           ဒါပေမယ့် ကြောင်မျိုးဆက်ကြီးကတော့ ယနေ့ တိုင် အိမ်မှာအနည်းစု အနေနဲ့  ယနေ့ တိုင် ဆက်လက် ပေါက်ပွှားနေကြတုံးပါပဲရှင်။ ဂျက်ကီရဲ့  အကြောင်းကတော့ ဒါပါပဲကွယ်။ လာလည်ကြ၊ စာလာဖတ်ကြသူ မိတ်သဟာ အပေါင်းလည်း ကိုယ်၊စိတ် နှစ်ဖြာ ကျမ်းမာ ရွှင်လန်းကြပါစေလို့  ဒီနေရာကနေ စုတောင်းပေးလိုက်ပါတယ်။ မှတ်ချက်တွေကို ပြန်ကြာနိုင်ခြင်း မရှိတာမို့ လည်း တောင်ပန်းပါတယ်လို့ ။ ။
Wednesday, August 3, 2011
ငယ်က ကစားဖော်တွေရယ်
Google မှ ရှာဖွေ ရယူထားခြင်း ဖြစ်ပါသည်။
          ဟိုး ငယ်ငယ်တုံးက အိမ်ပတ်ဝန်းကျင်မှာ အတူဆော့ဖော် ကလေးတွေ အများကြီးရှိခဲ့တာပေါ့။ ခုတော့ လည်း ကျမတောင် ကိုယ့်မြို့ လေးနှင့် အလှန်းကွာခဲ့တာ ဆယ်နှစ်မကတော့ဘူးလေ။ အိမ်တစ်အိမ်မှာ အနည်းဆုံးမရှိပါဘူးဆို ကလေး နှစ်ယောက်၊ သုံးယောက်တော့ ရှိတတ်တဲ့ ကျမတို့  ပတ်ဝန်းကျင်းလေးမှာ အသက်တွေကလည်း မတိမ်း၊ မယိမ်းနှင့်မို့  ဆော့စရာ အဖော်ဆိုတာကတော့ မရှားသလောက်ပါပဲ။ ကျမတို့ က သာလို့  တောင်များသေးတာ မဟုပ်လား၊ ဒါပေမယ့် ကျမနှင့် အတူဆော့ဖော်က ကျမအထက်က အမတစ်ယောက်ပါပဲ။ ကျန်တာတွေက အတန်းကြီးတော့ သိပ်မဆော့နိုင်ကျပါဘူး။ တစ်ခါတစ်လေတော့လည်း ကိုယ့်အိမ်ကလူနဲ့ တင် မိုးနှင့် မြေတို့ ၊ ထုတ်စီးထိုး၊ ကြက်တောင်ရိုက်၊ ကွင်းပစ်တူးတို့  ဆော့ရတယ်။
          အိမ်မှာ တခါတခါကျ ရေအိုးစင်လုပ်တန်း ဆိုပြီ လူနှစ်ယောက်က လက်လေးဖက်ကို တန်းလုပ်ပြီး  ရေအိုးစဉ်လုပ်၊ အပေါ်မှာ ကလေးတစ်ယောက်က တက်ထိုင်ပြီ ရေအိုးလုပ်ရတယ်။ ကစားတဲ့သူတွေက ရေသောက်မယ်လို့  ဟန်နှင့် အလှည့်ကျ ခက်သောက်ရတယ်။ ရွှေတံခါးကြီး ဖွင့်ပါအုံး၊ ငွေတံခါးကြီး ဖွင့်ပါအုံးဆိုပြီ ထမင်းအိုးလေးတင်ပါရစေအုံး လို့ ပြောပြီ တံခါးဖွင့်ခိုင်း၊ တခါ ဟင်းအိုးလေး တင်ပါရစေအုံးဆိုပြီး ဖွင့်ခိုင်းလိုက် ဆော့ရတာ ပျော်စရာပါပဲ။ နောက်တမျိုး ကစားနည်းကလည်း ခွေးရူးကျတဲ့သူကို အရူးမကြီး မစာအု ဘယ်သွားမလို့ လဲမေးရင် ရန်ကုန် တိရိစာန်ရုံသွားမလို့  လိုက်ကျအုံးမလား၊ မလိုက်ခြင်ဘူး ကျားတွေ၊ ခြင်သေ့တွေကိုက်မှာစိုးတယ်။ မလိုက်ခြင်နေဆိုပြီ ထွက်သွားရင်၊ မစာအုကြီးနေပါအုံးနှင့် နောက်ကလိုက်အော် ဒီလိုလည်းဆော့ခဲ့ကြတယ် အဟုပ်။ ခုတော့ ရန်ကုန်တိရိစာန်ရုံလား၊ နေပြည်တော် တိရိစာန်လှောင်ရုံလို့  ပြောင်းဆို နေကြပြီးလားနော်။ တခါတလေကျတော့လည်း ငြင်းကျ၊ ရန်ဖြစ်ကျနှင့် ပွဲးပျက်တဲ့ အခါတွေလည်း ရှိတယ်။
          ဆော့ဖော်တွေထဲမှာ ယောင်္ကျားလေးတွေရော ဆိုတော့ ကျမဆိုတာ သံခွေတောင် လှိမ့်ဘူးတယ်။ ခုတော့ ဘယ်လိုလိမ့်ရမလဲ မေ့ကုန်ဘီ။ တခါကဆို ဝန်းထရံကို ဘောလုံးနှင့် တစ်ယောက်ခြင်း အလှည့်ကျ ကန်မယ်ဆိုပြီကန်တာ ကျမခြေသည်းတွေက မညပ်ရသေးတော့ ဘောလုံးကန်လိုက်တာ  ခြေသည်းနှင့် တွေ့  သွားပြီ သွေးတောင်စို့ လာတယ်။ အဲဒီကတည်းက ခြေသည်း၊ လက်သည်းညုပ်ရမှာ မပျင်းရဲတော့ဘူး။ ကလေးဆိုတာ ဘာမှလည်းသိတာ မဟုပ်ဘူးလေ၊ ခြေသည်း၊လက်သည်းညုပ်တို့ ၊ ရေမိုးချိုးတာတို့ ဆိုတာ  အိမ်က ရေချိုးပေး၊ ဂျီးတွန်းပေးမှာပဲ ကိုယ်ဘာသာကတော့ ဗုန်း၊ ဗွမ်းနှင့် လောင်းချိုး၊ ဆက်ပြာတိုက်ဆိုတိုက်ပြီး ရေမြုပ်မရှိတော့ရင် ရေချိုးတာပြီးတာပဲ။
          ငယ်ငယ်ကများ အပူထဲသွားရတာများတော့ ရေချိုးပြီဆိုရင် ကိုယ်လုံးနှင့် ရေနဲ့ ထိတာနှင့် အငွေ့  တောင်ထွက်တယ်။ ကိုယ်က ပူနေတာ ဘယ်လောက်များလည်း ဆိုတော့လေ။  မိုးရာသီဆိုရင်  မိုးရေကိုတော့ ကလေးတိုင်း ကိုယ့်အိမ် တံစက်မြိတ်မှာ ထွက်ချိုးကြတယ်။ ကျမတို့ ကျောက မိတ်တွေ ပျောက်အောင်ပေါ့။ အညာမိုးရာသီက မိုးက ရွားတာက နည်းနည်း ၊ နေပူတဲ့ရက်က များများ ဆိုတော့ မိုးရာယ်လို့ လဲ သိပ်မထူးခြားလှပါဘူး။ မိုးရွာတတ်တယ်ဆိုတာ သိတာတစ်ခုပါပဲ။ ဆောင်းရာသီဆို အပေါ်က အနွေထည်တွေ ချွတ်လို့  ဆော့တာချွေးတလုံးလုံး၊ ပြီး ခြေ၊လက်တွေ ဆေး၊ အိပ်တော့ အနွေထည် အထပ်ထပ်၊ ဂွမ်းစောင်တို့ ၊ ဘာဘူစောင် အထပ်ထပ်နှင့် အိပ်ရပြန်ရောလေ။ နာစည်း၊ ချောင်ဆိုးလည်း ဖြစ်ကြတာပဲ အေးလွန်းတော့။
          အဲလို့  အိမ်ရှေ့ မြေကွက်လပ်မှာ ဆော့ရုံမကဘူး၊ အိမ်လည်ပြီးလည်း ဆော့သေးတာ။ ကျမတို့ မြို့ က တောင်ကုန်းတွေ၊ ဘိုအိမ်တွေ ရှိတယ်။ ကလေးကတည်းက ကုန်းပေါ်က ဘိုအိမ်ကုန်းတွေကို သွားတဲ့ ဂတ်စ် ပိုက်လိုင်းတွေ တွေ့ ဘူးတယ်။ ကုန်းပေါ်မှာ ကျမ သူငယ်ချင်းမာလာတို့  အိမ်ရှိတယ်။ သူတို့  အိမ်ကလည်း ကျမတို့  အိမ်လိုပဲ မွေးခြင်းများတယ်။ သူ့ အမတွေကလည်း ကျမအမတွေနှင့် သူငယ်ချင်းတွေပဲ။  တစ်ကျောင်းထဲထွက်တွေ ဆိုတော့ ရွယ်တူတွေက၊ သူငယ်ချင်းတွေ ဖြစ်ကြရတာပါပဲ။ အဲ သူတို့ အိမ်ရှေ့  မလှမ်း၊မကမ်းမှာ ဂတ်စ် ပိုက်လိုင်းတွေ ရှိတော့ ပိုက်လိုင်းဖွင့်၊ပိတ် လုပ်တဲ့ဘဲလေးပေါ်မှာ ပူစီပေါင်းလေး စွပ်ထားလိုက်ရင် စိမ့်ထွက်လာတဲ့ ဂတ်စ် ငွေ့ တွေနှင့် မိုးပျံပူပေါင်လေး ဖြစ်သွားတာပေါ့။ လေပြည့်တဲ့ ပူပေါင်ကို ထိပ်က လက်နဲ့ စည်းပြီး ထိပ်ကချည်လိုက်ရင် ရရော။ ပူစီပေါင်းလုပ်မယ့် အထုပ်လေးတွေ ဝယ်သွားပြီး၊ မိုးပျံပူပေါင်းလေးတွေ သွား၊ သွားလုပ်တယ်။ ကြိုးလေးတွေ ရှည်ရှည်တပ်၊ တခါတလေကျ ကွန့် ပြီး ဘောပင်၊ ဆော့ပင်တွေနှင့် လူလို မျက်လုံး၊ မျက်ခုံး၊ ပါးစပ်တွေ ဆွဲးပြီး အိမ်မှ လွှတ်လိုက်၊ ပြန်ဆွဲးလိုက် ဆော့သေး။
          အင်း အိမ်ပတ်လည်၊ လမ်းမတော်တန်းက ကစားဖော်တွေ အကြောင်း ပြန်သွားလိုက်ရအုံးမယ်။ ကျမတို့  အိမ်နား တဝိုက်ပဲ ကလေးတွေ ရှိတယ်၊ များသောအားဖြင့် ရုံးတွေဆိုတော့ ဒီကလေးတွေကလည်း အပြောင်းအလဲ မရှိဘူးပေါ့။ နေ့ လည်း အိမ်အလုပ်ကူကြရတဲ့ ကလေးတွေက သူတို့ အားလပ်ပြီ ဆိုတာနှင့် တစ်ယောက်နှင့် တစ်ယောက် အချက်ပြလို့  ကစားဘို့  လူစုကြတာ အမော။ တခါ လူမမြင်ရင်၊ အိမ်ပေါက်ဝသွားပြီး ဘယ်သူရှိလား၊ ဘယ်ဝါရှိလား မေးပြီး ခေါ်ထုတ်လာတာပဲ။ ကျမတို့ မြို့ မှာ အလယ်တန်း ကျောင်းတွေက နေ့ တစ်ဝက်ပဲတက်ရတယ်။ ဒါပေမယ့် မနက်တက်တဲ့သူနှင့် နေ့  လည်တက်တဲ့သူတွေ ကွဲးနေတော့ ကျောင်းဖွင့်ရက်ဆိုရင် ညဘက်မှ ကစားကြတာများတယ်။ ကျောင်းပိတ်ရက်ကျတော့ နေ့  လယ်နှင့် ည အချိန်ခွဲးဆော့ကြတာပေါ့။   :D လက်လက်ကို စင်နေအောင် ဆော့ကြတာ အဖွဲ့ လိုက်။
          အဖွဲ့ ကလူတွေနှင့် စမိတ်ဆက်ပေးမယ်နော်။  မဖြူတို့  အိမ်က လက်ဖက်ရည်ဆိုင် ဖွင့်တယ်၊ မနက်ဆို ဆိတ်ရိုးစွပ်ပြုပ်တွေတောင် လုပ်ရောင်းသေးတယ်။ :P ဟုပ်တယ်လေ ဆိတ်ရိုးပဲ ပါတာပဲဟာကိုး။ သူက ကျမတို့  အဖွဲ့ ထဲမှာ အထွားဆုံး၊ ပြီ ထုတ်ဆီးထိုးလို့  အဖွဲ့ နှင့် ဆော့ရတဲ့ ကစားနည်းတွေဆို ခေါင်သူကြီးပေါ့။ တခါတလေ သူ့ ဆိုင်မှာ အလုပ်လုပ် မပြီးသေးရင် ကျမက သွား၊သွား ခေါ်ရတယ်။ သူ့  အဖေနှင့် အမေကို ကြောက်တော့ ကြောင်သလိုလိုပဲ(စွာတာကိုး) ဒါပေမယ့် သိပ်မကြောက်ပါဘူး မနက်တိုင်း ကျမက အဲဒီဆိုင်မှာ လက်ဖက်ရည် သွားဝယ်နေကျ ဆိုတော့ သွားရဲတယ်။ သူ့ အကိုက အတန်းကြီးပြီဆိုတော့ ကျမတို့ နှင့် မဆော့ရပါဘူ။
          နောက် အေးဝင်း နှင့် နောက်တိုး တို့  မောင်နှမ။ ဒါပေမယ့် နောက်တိုးနဲ့ ပဲ ကစားကြတာ များပါတယ်။ သူ့ အဖေက ရုပ်ရှင်ရုံမှာ ဖလင်လိပ်တွေ ခွေတယ်၊ တကားထဲကို ရုပ်ရှင်ရုံ နှစ်ရုံလုံးက ပြရင် ၊ ဖလင်လိပ်တွေကို စက်ဘီးနှင့် ဟိုပို့ လိုက်၊ ဒီသယ်လိုက် လဲလုပ်တယ်။ ဖလင်ပြတဲ့ စက်လဲမောင်းရတယ်။ ရုပ်ရှင်ရုံ ဝန်ထမ်းဆိုပါတော့။ ကလေးတွေကများပြီ လခနှင့် မလောက်ငလို့  ကျန်တဲ့အချိန်တွေမှာ ရေထမ်းရောင်းရတယ်။ နောက်တိုးက သူ့  အဖေရဲ့  ရေထမ်းတဲ့အလုပ်ကို ကူရတယ်။ ရေထမ်းစရာတွေကုန်မှ အပြေအလွှားလာ ဆော့ရတယ်။ ကျန်တဲ့သူ့  ညီအမတွေနှင့်တော့ သိပေမယ့် မဆော့ဘူးဘူ။ ကလေးတွေမို့  ဆင်းရဲလို့ မို့ တို့၊ ချမ်းသာလို့ မို့ လို့ လဲ မသိပါဘူး။ ဂုဏ်ရှိတာ၊ ဂုဏ်မရှိတာလည်း မသိဘူး။ ဆော့ဘို့ ပဲ သိကြတာ။ အိမ်တွေကလည်း ဘယ်သူနဲ့  မဆော့ရဘူး၊ ဘယ်ဝါနှင့် မဆော့ရဘူလို့ မပြစ်ညုပ်ပါဘူး။ အားလုံးက စာရိတတော့ ကောင်းကြပါတယ်။ ကလေးမို့  မဟုပ်ဘူး ခုထိလည်း ကောင်းကြပါတယ်။ သတင်းတွေ ကြားရသလောက်ပေါ့နော်။
          အင်း နောက် ၂-ယောက်ကတော့ ညီညီ နဲ့  မရှည် တို့  မောင်၊ နှမ ပေါ့။ သူတို အကို ကိုကြီးလည်း တခါတခါတော့ ဝင်ဆော့တတ်တယ်။ သူတို့ က ရခိုင်လူမျိုးတွေပါ။ သူ့ တို့  အဖေက ဧရာဝတီရုံးက ကိုယ်စာလှယ်လုပ်တယ်။ (နောက်ဆို ဒီရာထူး ရှိပါအုံးမလားပဲ) သူတို့ တွေနှင့်က တအိမ်လုံးနဲ့  သိတာ။ ညီညီက ကျမနှင့် အရွယ်မတိမ်းမယိမ်းပေါ့။ ကရောင်း ကစားပြီဆိုရင်တော့ (အဖွဲ့ နှစ်ဖွဲ့ ခွဲးပြီ အိုးချမ်းကွဲးတွေ ထပ် ၊ ပြီးတော့ ဘောလုံး သေးသေးနှင့် ပစ်ရတယ်။ ခွေးရူးကျတဲ့ အဖွဲ့ က ဘောလုံးကောက်ပြီး တစ်ယောက်နဲ့  တစ်ယောက် လက်ပူမထိအောင် ပစ်ပေးရင်း ကျန်အဖွဲ့ က လူတွေကို ဘောလုံးပစ်ပြီး မိအောင်ဖမ်းရတယ်။ ကျန်တဲ့ အဖွဲးက ကိုယ်ပစ်ထားလို့  အောက်ကျနေတဲ့ အိုးကြမ်းကွဲးတွေကို အလစ်မှာ ဝင် ဝင်ကောက်ပြီ ပြန်ထပ်ရတယ်။ အားလုံးထပ်ပြီးရင် ကရောင်း လို့ အော်ရင် နိုင်တယ်။ မတင်ပြီခင် ဘောလုံးနဲ့ တစ်ယောက်ယောက် ထိသွားရင် ရုံးတယ်၊ ခွေးရူးလုပ်ရတာပေါ့။
          ဒီကစားနည်းဆိုရင် ညီညီနဲ့  ကျမနဲ့  အမြဲ ရန်ဖြစ်ရတယ်။ သူက လက်တည့်တဲ့အပြင် အင်နဲ့  အားနဲ့  ပစ်ဖမ်းတတ်တယ်။ ဖမ်းတိုင်းလည်း ကျမကို အရင် ဖမ်းလေ့ရှိတယ်။ ဘယ်လိုဖမ်းတယ် ထင်လဲရှင် ။  ဘယ်လောက်ဝေးဝေး ပြေးပြေး နောက်ကနေလိုက်လို့  မှီလောက်တဲ့ အနေအထားရောက်လာရင် ကျမပါးကို အတည့်ချိန်ပြီမှ အားနဲ့ ပစ်တာလေ။ ပါးကို နီစုတ်နေတော့တာပဲ။ ကျမ ဘယ်လောက် စိတ်ဆိုးဆိုး ကစားတိုင်း အမြဲအဲလိုပဲ လိုက်ဖမ်းတာပဲ။  ဒါပေမယ့် သံခွေလိမ့်တမ်း ကစားတာတို့  တခြားကစားနည်းတွေနှင့်ဆို ကျမကို အလျှော့ပေးပြန်ရော။ အဲဒီလို သူငယ်ချင်းပေါ့။  သူ့ ညီမက ကျပြန်တော့ သဘောကောင်းပြန်ရော။ သူတို့  နှစ်ယောက်က ကျမနှင့် တစ်နှစ်ကြီး၊ တစ်နှစ်ငယ်တွေ။
          ပြီးတော့ ကျမနှင့် ကျမအမ အားလုံးပေါင်း ၆-ယောက်၊ တခါတခါကြ ၈-ယောက် ပေါ့။ ကစားနည်းမှာ ခွေးရူးက တစ်ယောက်ထဲ လုပ်ရတာရှိတယ်။ နှစ်ဖွဲးခွဲး ကစားရတဲ့ ကစားနည်းတွေ ကျရင်တော့ အရွယ်ညီတွေ တွဲးပြီး နံမည်ဖွက်ရတယ်။ ခေါင်းသူကြီးတွေကို ဖွက်တဲ့ နံမည်နှစ်ခုပြောရင် သူတို့ ထဲက တစ်ယောက်က နံမည်တစ်ခု ရွေးတယ်။ ကျတဲ့သူက သူဖက်လိုက်၊ ကျန်တာက တခြားအဖွဲ့  ဆိုပြီ အဖွဲ့ ခွဲး လိုက်တာပါပဲ။  တနေ့  ၊တရက်လည်း မဟုပ်ဘူး။ ကစားလိုက်တာဟာ နွေပိတ်ရက်တင် လည်းမကဘူး။
          ဒါပေမယ့် ခုတော့ မဖြူတို့  မိသားစုတွေလည်း ဘယ်ရောက်သွားလည်း မသိတော့ဘူး။ သူတို့  လက်ဖက်ရည်ဆိုင် နေရာမှာ တခြားသူတွေရောက်နေပြီ။  ရုပ်ရှင်ရုံကလည်း အစိုးရပိုင်ကို ရောင်းလိုက်တော့ နောက်တိုးတို့  မိသားစုတွေလည်း ကျမတို့  အပိုင်းကနေ တခြားရပ်ကွက်ရောက်သွားပြီ။ ကြီးလာတော့ ခေါ်ရတာလည်း အရင်လောက် မဟုပ်တော့ဘူး။ နည်းနည်း စိမ်းလာတယ်။ ညီညီကလည်း အိမ်ထောင်တွေကျပြီ အထက်အရပ်မှာလို့  ကြားတာပါပဲ။ သူ့ ညီမကတော့ ရန်ကုန်မှာ အလုပ်လုပ်လို့  လမ်းကြုံရင် တွေ့ ရသေးတယ်။ ကျမတို့ လား၊ ကျမတို့  ညီမတွေတောင် အိမ်ထောင်ကွဲးတွေ ဖြစ်ကုန်ပါပြီ။
          အော် သူငယ်ချင်း၊ မိသားစု၊ အဖော်ဆိုတာတွေက တနေ့ နေ့ ၊ တချိန်ချိန်မှာ ဒီလိုပဲ ကိုယ်လမ်းတွေကို ဆိုင်ရာ၊ ဆိုင်ရာသွားလိုက်ကြတာ ပြန်စုံဘိုလည်း မလွယ်၊ စုံခဲ့ရင်တောင် အရွယ်တွေ၊ရုပ်တွေပြောင်းလို့  ဘယ်သူရယ်၊ ဘယ်ဝါရာယ် မှတ်မိကြတော့မယ် မထင်တော့ပါဘူး။ ဒါပေမယ့် ကျမတို့ တွေ ငယ်ငယ်က ကွင်းပြင်ကျယ်ကြီးထဲမှာ အတူတူဆော့ ကစားဘူးခဲ့ကြတယ် ဆိုတာကိုတော့ အမြဲတမ်းမှတ်မိ နေပါတယ် သူငယ်ချင်းတို့ ရာယ်။  ဒါကြောင့် ရေစပ်တွေ့ စုံတုံးခဏ တွေ့ ကြရတဲ့ သူတွေ တစ်ယောက်နှင့် တစ်ယောက် ဘာလို့ များ ချစ်ချစ်ခင်ခင် စိတ်ရင်းနှင့် မနေနိုင်တဲ့ သူတွေများတွေ့ ရင် ကျမလေ စိတ်မကောင်းလည်း ဖြစ်မိတယ်။ ကိုယ့်အပေါ် မကောင်းတဲ့သူတွေ တွေ့ ရင်လည်း ခပ်ခွာခွာပဲ နေမိတော့တယ်။ ကိုယ့်စိတ်ကို သူတို့  တွေကြောင့် အရောင်တွေ ပို မဲညစ်မလာစေခြင်ဘူးလေ။ ဆရာကြီးရွှေဥဒေါင်းရဲ့  တသက်တာ မှတ်တမ်းထဲကလို ဆူးတွေတစ်ချောင်းပြီး၊ တစ်ချောင်းပေါက်လာတာ မှန်ပေမယ့် တတ်နိုင်သမျှတော့ ထပ်မတိုးအောင် ကာကွယ်ရမှာပေါ့လေ။          ။
Friday, July 22, 2011
စိတ်မနှံခြင်းနှင့် အယောင်ဆောင်သူ
          မြို့ လယ်မှာ တခါတရံ၊ လူတွေကြားထဲ နေခြင်သလိုနေ၊ သွားခြင်ရာ လျှောက်သွားနေပြီး စိတ်မနှံနေတဲ့ လူတွေကို ရံဖန်၊ ရံခါ ကြုံရ တွေ့ ရဘူးကြမှာပါ။  မြို့ ပြတွေမှာတော့ လိုင်းကားတွေပေါ်မှာ ပါလာတတ် ပါသေးတယ်။ နယ်လေးတွေမှာတော့ ဧရိယာကျည်းတော့ မြို့ ခံလူတွေနှင့် အမြဲလို တွေ့ ကြုံနေရတတ်တာပါပဲ။ တခါတလေလည်း ကိုယ့်မြို့ က အရူးကို တမြို့ နှင့် တမြို့ ကူးနေသော လိုင်းကားပေါ် တင်ပေးလိုက်တတ် တာတွေလည်း ရှိရဲ့ ။ ကျမတို့  မြို့ လေးမှာလည်း မွေးကတည်းက နေလာပြီ၊ စိတ်နှောက်ကျရာကနေ သေတဲ့ အထိ နေသွားတဲ့ သူတွေလည်း၊ သုံးယောက်လောက် ရှိခဲ့ဘူးတယ်။ သူတို့ ကိုသွားစပြီဆိုရင် တကယ်လည်း ကြမ်းကြမ်းတမ်းတမ်း တုံ့ ပြန်ကြလေ့ ရှိတယ်။
          ကျမတို့  ငယ်ငယ်တုံးက ထင်ရှားခဲ့တဲ့ အရူးမတဦး နံမည်က `ပူးစူးမ`တဲ့။ စိတ်ဆင်းရဲမူ့ ဒဏ်ဖိစီးလို့  သာရူးသွားတာပါ။ အဝတ်အစား အလွန်လုံခြုံပါတယ်။ သူမ၏ ဖခင်က အင်္ဂလိပ်စာ ကျူရှင်သင်ပါတယ်။ ကျမတို့  မေမေတောင် ဒီဆရာ့ရဲ့  ကျူရှင် တက်ခဲ့ဘူးပါသေးတယ်။  ဖခင်ဆုံးပြီးနောက်ပိုင်း လုပ်ကိုင်စားရင် ကြွေးပူလို့ ပဲ ရူးသွားတာလိုလို ကြာခဲ့ဘူးပါသည်။ အရူးမမို့ များ ထိရမယ် မထင်ပါနှင့် ယောင်္ကျားတွေနှင့် စကားတောင် မပြောပါဘူး။ စရင်လည်း ကုန်းအော် တုတ်တော့တာပါပဲ။ စိတ်တိုအောင် စရင်တော့ လူကိုတောင် လိုက်လုပ်တတ်ပါသေးတယ်။ တကယ်ကို ကြမ်းပါတယ်။
           နောက် အထင်ရှားဆုံး နှင့် ကျမ အကြောက်ဆုံး အရူးတစ်ယောက်ကတော့ `အရူးသိမ်းအောင်` ပါ။ သူက ကျမတို့  အိမ်ရှေ့  စိန်ပန်းပင်အောက် သစ်မြစ်ဆုံ ခွကြားက မြေပြင်ပေါ် အမြဲထိုင်လို့  နေတတ်ပါတယ်။ တစ်ခါတစ်လေလည်း ရှောက်သွားလို့  မရှိပါဘူး။ သူလာထိုင်နေရင် ကျမက ကလေးဆိုတော့ အပြင်မထွက်ရဲပါဘူး။ မေမေကခိုင်းလို့  အိမ်ပြင်ထွက်စရာရှိရင် အိမ်ကျော်တဲ့ အထိ ဖေဖေကို လိုက်ပို့ ခိုင်းပြီးမှ သွားပါတယ်။ သူကလည်း သိတယ် ကြည့်ပြီ ပြုံးနေတတ် ပါတယ်။ ဖေဖေကတော့ တခါတလေ ငှက်ပြောသီးလေး ဘာလေး ထွက်ကျွေးတတ်တော့ သူက ဗိုက်ဆာတုံး ဖေဖေ့ကို မြင်ရင် မုန့် လာ တောင်းတတ်ပါတယ်။ လာတောင်းရင်တော့ ရှာကျွေးရတာပေါ့လေ။ သနားတော့ သနားပါတယ်။ အရူးထောင်ကို ပို့ လိုက်သလို ကြားပြီး ပျောက်သွားပါသေးတယ်။ နောက်တော့ ပြန်ထွတ်လာပြီ ကျမတို့  အိမ်ရှေ့ တခါ ရောက်လာပြန်တာပါပဲ။ သေတော့လည်း ကျမတို့  အိမ်ရှေ့  ထောင့်လေးမှာပဲ သေသွားလို့  ရပ်ကွက်ကပဲ မြေမြုပ်သဂြိုဟ်လိုက်ရပါတယ်။
          ဒါပေမယ့် ဘယ်ကလာမှန်းမသိတဲ့ စိတ်နှောက်နေသူတွေ ထဲကနေ အသက်(၄၅-နှစ် ၅၀) လောက်ရှိတဲ့ အမျိုးသမီးကြီး တစ်ဦး ကျမတို့ မြို့ မှာ ပေါ်လာပါတယ်။ ဈေးရှေ့ က အင်္ဂလိပ်ခေတ်က ရှိတဲ့ နှစ်ထပ် အဆောက်အဦးရှေ့ က လှေခါးထစ်တွေမှာ တခါ တခါ မနက်ပိုင်း၊ တခါ တခါကျတော့လည်း တနေ့  လယ်လုံး မလုံခြုံတဲ့ ဝတ်စား ဆင်ယင်ပုံတွေနှင့် ပါးစပ်က ပေါက်တတ်ကရတွေ အော်ဟစ်ပြောရင်း ထိုင်နေလေ့ ရှိပါတယ်။ ကိုယ်လုံး၊ ကိုယ်ထယ်ကလည်း ခပ်ထွားထွားမို့  အဝေးကပင် ထင်ထင်ရှားရှား မြင်ရတဲ့ သူပေါ့ရှင်။ ၁၉၉၄-၅ ခုနှစ် ကာလများကပါ။ ဈေးဘက်ကို ဈေးဝယ်ဘို့ ၊ မေမေ့ဈေးခြင်းလိုက်ယူဘို့ ၊ သူငယ်ချင်းတွေနှင့် သွားရင်းလာရင်း အကြောင်း အားလျှော်စွာ ဖြတ်သွားရလေတိုင်း ဒီအမျိုးသမီးကိုတွေ့  ရမြဲပါပဲ။
          သွားပြန်တော့လဲ မြင်ရတယ်၊ မြင်ရတော့လဲ အသံတွေကြား(သူမက တခါတလေ ဖြတ်သွားတဲ့ လမ်းသွား၊ လမ်းလာတွေကို အော်ဟစ်ခေါ် နုတ်ဆက်တတ်ပါသေးတယ်။) တော့လဲ မကြည့်ဘဲ မနေနိုင် ပြန်ပေါ့လေ။ ခပ်ဝေးဝေးကပဲ သွားဖြစ်တာပါ။ လှမ်းဆွဲးလိုက်မှာ ကြောက်လို့ လေ။ :D     ယောင်္ကျား၊ မိန်းမ မှန်သမျှလည်း ကြည့်သူကကြည့်၊ ရှောင်သူက ရှောင်ပေါ့လေ။ သူမက ထိုင်ရင် လုံချည်က အောက်စလွတ် နေတတ်ပြီး၊ ရင်ဘက်က ဟောင်လောင်း ဖြစ်နေတာကိုး။( မြန်မာနိုင်ငံမှ စိတ်မနှံ့ တဲ့သူတွေသာ အသိစိတ် မရှိမှ ဒီလိုလုပ်တတ်ကြတယ်လို့  ထင်လို့ လားမသိပါ။။ ကျမတို့ မြို့ က တခြားစိတ်မနှံ့ တဲ့ အမျိုးသမီးတစ်ယောက်ဆို သေတဲ့အထိ လုံခြုံတဲ့အင်္ကျီ၊ လုံချည်ရှည်နှင့် တခါမှတောင် ဘာဆို၊ဘာမှမပေါ် အောင်နေသွားတာပါ။ )
          သူမကို ပထမစတွေ့ ဘူးစဉ်က ၁၉၉၂ လွန်များဆီက ထင်ပါတယ်။ အချိန်ကာလ တော့ အတိအကျ မမှတ်မိတော့ဘူး၊ သူ့ ကိုတွေ့ ပြီး ၃-၄ လလောက်ကြာတော့ ပျောက်သွားပါတယ်။ ဘယ်ကလာမှန်းမှ မသိတာ ပြန်ပျောက်သွားတော့လဲ တခြားနေရာ ရောက်သွားပြီလို့ ပဲ ယူဆလိုက်ရတာပါပဲလေ။ မေ့မေ့ပျောက်ပျောက် နေပြီးခါမှ တစ်နှစ်၊နှစ်နှစ်လောက် နေပြီးမှ တစ်ခါ ဒီပုံစံနှင့် ပြန်ပေါ်လာပြန်တော့လဲ အားလုံးက ဘာလဲ၊ ထောက်လှန်းရေးကလိုလို တကယ်ရူးတာလာ? လိုလိုတွေးကြတာပါပဲ။ တွေးလည်း တွေးပါပဲ၊ သူလည်းသူ့  ဘာသာနေ၊ ကိုယ်လဲ ကိုယ်အကြောင်းနဲ့မို့  ဘယ်သူမှလဲ လိုက် ကြည့်နေမယ် မထင်ပါဘူလေ။
          သူမကလည်း တစ်နေရာထဲ ထိုင်နေတာမျိုး မဟုပ်တော့ဘူး။ မြို့ လယ်ပိုင်းမှာ လျှောက်လိုက်၊ ဈေးရှေ့  လမ်းမတလျှောက် တောင်ဘက်ခြမ်း သွားလိုက်၊ မြောက်ဘက်ခြမ်း သွားလိုက်။ ကြုံရာ တွေ့  ရာထိုင်လိုက် လုပ်နေတတ်ပါတယ်။ ဝတ်စားဆင်ယင်တာ၊ နေပုံ ထိုင်ပုံတွေကတော့ အတူတူပါပဲ ဘာမှပြောင်းလဲမူ မရှိပါဘူး။ သူမပြန်ပေါ်လာပြီ နောက်ပိုင်းလဲ ကျမတို့  အဖို့ တော့ စိတ်နှောက်သူ နောက်တစ်ယောက်တိုး လာတာပဲပေါ့။ နေတာ၊ ထိုင်တာ ကတော့ တကယ့်ကို သတိချို့ ယွင်းနေလို့ သာ အမြင်မတော်၊ တော်ယိ ရော်ယိ နေထိုင်နေသူ လိုပါပဲ။ စား၊ သောက်နေတာမျိုးတော့ ကျမကပဲမတွေ့  တာလားတော့ မပြောတတ်ဘူး၊ တခါမှကို မမြင်ဘူးဘူ။
          နောက်တော့ ပြန်ပျောက်သွားတယ်။ ဘယ်လိုပျောက်သွားတယ်လို့  မသိရပါဘူး။ သူပျောက်သွားပြီး  ၁၀-ရက်လောက် အကြာမှာ တိုင်းက စသုံးလုံးတွေ ကျမတို့ မြို့ ကို အုပ်စုလိုက်ဆင်းလာပါတယ်။ နယ်မြို့ မှာ လူစိမ်းတွေ ရောက်လာရင် မြို့ ခံတွေက သတိထားမိကြတတ်တာ သဘာဝပါပဲ။ သူတို့  အဖွဲ့ ကလည်း အုပ်စုလိုက် သွား၊ လာနေတာ ဆိုတော့ ပိုလည်း သတိထားမိတာပေါ့။ သူငယ်ချင်းတစ်ယောက်လဲ ဒီအဖွဲ့  ထဲပါလာတော့ ကျမဆီ တစ်ရက်တော့ အလည်ရောက်လာပါတယ်။ သူတို့ က သူတို့  အလုပ်နှင့်ဆိုတော့ တမင်လာတာတော့ မဟုပ်ပါဘူး။ ခရီးသွား ဟန်လွဲပဲ ဆိုပါတော့လေ။
          မေးဘို့ အကြောင်းတိုက်ဆိုင်စွာ ရောက်လာတဲ့ သူငယ်ချင်းကို ကြုံတုံး ကိုယ်ကလဲ မေးလိုက်မိပါတယ်။ ဟဲ့ နင်တို့  ဘာကိစ္စနှင့် ဒီမှာ ဒီလောက်လူအများကြီး ရောက်လာတာလဲလို့  . . . . .။ ကျမမေးတော့ သူငယ်ချင်းက လိုတိုရှင်းပါပဲ သူတို့  ဌါနအောက်က အမျိုးသမီး တစ်ဦး ဒီမြို့ မှာ အသတ်ခံရလို့  စစ်ဆေးဖို့  နယ်ဆင်းလာတဲ့ အကြောင်းပါ။ တာဝန်မို့  တခြားလဲထပ်မပြော၊ ကျမလဲ ထပ်မေးဘို့  မကောင်းတော့ပါ။ ဘယ်လိုလူမျိုးနှင့် ပတ်သတ်တာ စုံစမ်းမိလို့  အသတ်ခံလိုက်ရတယ်၊ စုံစမ်းခံရတဲ့သူကလည်း သိလို့  လက်ဦးမူ့  ယူလိုက်တာလားလဲ မသိရပါဘူး။
          ဒီ မြို့ လယ်မှာ ပေါ်လာတဲ့ ရူးနေရောင်ဆောင်ထားတဲ့ အမျိုးသမီးကိုလည်း ဘယ်တော့မှ ပြန်မတွေ့  ရတော့ပါဘူး။ ကျမလည်း စိတ်မကောင်းဖြစ်တာကလွဲလို့  ဘာတတ်နိုင်မှာလဲလေ။ ကိုယ်ကကျောင်းသားပဲ ရှိသေးတာ။ အလုပ်ဆိုတာလဲ မသိ၊ အလုပ်ရဲ့ သဘောကိုတောင် သိသေးတာမှ မဟုပ်တာ။ စုံစမ်းထောက်လှမ်းတဲ့ ပညာတွေက စိတ်ဝင်စားစရာကောင်းပေမယ့် အသက်အန္တရာယ် များပြားတာတော့ အမှန်ပဲလို့  မျက်မြင်ကလေး ဖြစ်ခဲ့ရပါတယ်။  ဒီလို နေရာဌါနမျိုးမှာ စားဝတ်နေရေးအတွက် အလုပ်လုပ်ရတဲ့ ဝန်ထမ်းတွေဟာ စား၊ဝတ် နေမူ အဆင်ပြေစေဘို့  စိတ်တစ်ခု အပြင် အလုပ်မှာ ကိုယ့်ဘဝ တစ်ခုလုံးကို ပေးဆပ်ထားရတဲ့ သဘောမျိုးလား? . . . တိုင်းပြည် နှင့် လူမျိုးကို တကယ်ပဲ ချစ်နိုင်မှ လုပ်နိုင်တာမျိုးလား ? သူတို့ တွေရဲ စိတ်ကူးကို ကျမလဲ မသိတော့ပါ။
Sunday, July 17, 2011
မိခင် ဟူသည်
          `ဘုန်း​`
          နောက်ကျောကို လက်နဲ့  တီးလိုက်တဲ့ အသံ ကြောင့် ဘေးခြင်း ကပ်ရပ် ထိုင်နေသော ဧည့်သည်က လှည့်ကြည့်လိုက်ပါတယ်။ ရိုက်လိုက်တဲ့သူကတော့ ကလေး အမေ၊ ဧည့်သည်နှင့် ထောင့်ချိုးနေရာတွင် ထိုင်နေရာမှ လှမ်းတီးလိုက်တာပါ။  ဧည့်သည်ကလည်း စကားပြောနေရင်းမှ ဘာလို့  ဒီလိုဖြစ်သွားမှန်း မသိ၊ ကြောင်နေသည်။
          ကလေးကလည်း မိခင် ဘာဖြစ်နေသည် မသိ။ သူပူဆာတာ မရလို့  ဧည့်သည်ဘေးထိုင်၊ မျက်နှာလေး စာပွဲးပေါ်မှောက်လို့  ဆူပုတ်၊ ဂျီကျနေသည်။ အမေဖြစ်သူက ဧည့်သည်လာလို့  အခန်းထဲမှ ထွက်၊ ဘာမှ မဖြစ်သည့် မျက်နှာနှင့် ဧည့်ခံစကားပြောနေသည်။ ဧည့်သည်ကတော့ ဘာမှမသိ ခုမှရောက်ပြီး ဘာလို့  ဒီဘက်လာတယ်၊ သူ့ ကိစ္စ သူသိတာ၊ စကားစပ်တာ ပြောနေသည်။ ကလေးကတော့ ဧည့်သည်ရှေ့  ဆူဆူညံညံမဟုပ်ပဲ အသံတိတ် ဆန္ဒပြရာမှ မိခင်က စိတ်မရှည်တော့ပဲ လှမ်းတွယ်လိုက်ခြင်းဖြစ်သည်။
          ကလေးကတော့ ရိုက်ခံရတော့ `​အီး​` ခနည်း မြည်အောင် ငိုကြွေးတော့တာပေါ့။ ဧည့်သည်က မငိုဘို့  ချော့ပေမယ့် မိခင်ကတော့ ထပ်တီးခြင်နေသည်။ သူမ၏ စိတ်ထွက်ပေါက်သည် ဒီကလေးပေါ် ရောက်သွားခြင်း ဖြစ်ပါသည်။ အခန်းထဲးက မထွက်ခင် အကြီးမ ရည်းစားထားသည့် ကိစ္စကို ဆုံးမပြောဆိုခဲ့သည်။ အကြီးမ ပြန်ပြောလိုက်တဲ့ ​ရည်စားထားခြင်းသည် သမီး အခွင့်၊ အရေးပဲ​ ဆိုတဲ့ စကားကြောင့် အကြီးမကို ​ဖြောင်း​ ခနဲ မည်အောင် ဆော်ခဲ့ပြီးပြီ။ ဧည့်သည်လာသည် ဆိုသည့် အသံကြောင့် အပြင်ထွက် ဧည့်ခံနေတုံး နောက်တစ်ယောက်က လာဂျစ်တော့ စိတ်တိုတာတွေက ဧည့်သည်ရှေ့  ဆုံးမလို့ ရသော ကလေးဆီရောက်သွားသည်။
          ဧည့်သည်ရှေ့  ဂျစ်တဲ့ အမှုဖြင့် ဧည့်သည်ပြန်သွားတော့ ကလေးကို တွေ့ ရာ တုတ်တစ်ချောင်းဖြင့် ထပ်တီးလိုက်သေးသည်။ မိခင်စိတ်ဖြင့် ကိုယ့်သမီးကို စာသင်ချိန်မှာ ရည်စားထားခြင်းကို မနှစ်သက်ပါ။ ဒါပေမယ့် သူကလည်း ကောလိပ်ကျောင်းသူ ဖြစ်နေပြီ။ ကိုယ်မကြည်ဖြူနိုင်သူမို့  ပိုလို့  စိတ်တိုမိသည်။ သူတို့  ဒုက္ခရောက်မည်ကို ဘယ်မိဘကများ ရူ့ စိမ့်ပါမည်နည်း။ ဒါပေမယ့် သား၊ သမီးများသည် မိဘစိတ်ကို သိသည်လား၊ မသိသည်လား မသိ။ ရည်းစားစိတ် တက်နေခြင်းသည် မိဘကို ပြန်ပြောရ၊ ဆန့်  ကျင်ရမှာကိုပင် ရှက်ရမှန်း၊ ကြောက်ရမှန်း မသိအောင် မွန်ထူနေလေသည်။
          ည အိပ်ရာဝင်ချိန်တွင် မိခင်ဖြစ်သူသည် အိပ်ရာဝင်ချိန်၊ မီးမှိတ်ပြီးသော် မျက်ရည်ကျလေသည်။ ရှိုပ်သံလေးများပင် ထွက်လေသည်။ မိခင်နှင့် အတူအိပ်ရသော အရိုက်ခံရသည့် ကလေးသည် မိခင်ငိုသံကို ကြားရ၏။ ဘာကြောင့် ငိုမှန်းကို တိတိကျကျ မသိပေ။ အရိုက်ခံရတာ၊ အရိုက်ခံရတာပင်  မိခင်မျက်ရည်ကျနေသည်ကို သိတော့ စိတ်မကောင်းပေ။ မျက်ရည်လဲ သုတ်မပေးဝံ၊ မေးလည်း မမေးဝံပေ။ ကလေးများနှင့် အိမ်မှုကိစ္စ၊ စီးပွှားရေး၊ လူမူရေးများကို ယောင်္ကျားများထက် မိန်းမတစ်ယောက် အနေဖြင့် ထမ်းနေရသဖြင့် မိခင်စိတ်သည် မအားလပ်နိုင်အောင် အလုပ်ရှုပ်ရပေသည်။ တခါ၊တရံတွင် ရှေးကစကာပုံ တစ်ခုသည်ပင် မှန်ပါ၏လော မေးခွန်းထုတ်မိသည်။ **မောင်တစ်ထမ်း၊ မယ်တစ်ရွက်** ဆိုးရိုးစကားသည် ဘယ်ခောတ်ဆီမှာ ရှိခဲ့ပါလိမ့်မလဲ။ သူမ အတွက်တော့ မဟုပ်။
တကယ်တော့လည်း ခင်ပွန်းသယ်သည် သောက်စား၊ ခိုး၊ ဆိုးနေသည် မဟုပ်ပါ။ အစိုးရ အရာရှိ (မြို့ မျက်နှာဖုံး အဆင့်) ရှိသူတစ်ဦးပင်။ ရသမျှလခ အကုန်အပ်ပါသည်။ ဒါပေမယ့် ဒီကလေးတွေနှင့် လူများသည့် အိမ်ထောင်စုကို ခုခေတ် တစစ တက်လာသော ဈေးနုန်းများဖြင့် တက္ကသိုလ်၊ အထက်တန်း နှင့် အလယ်တန်း အသီးသီးတို့ တွင် တက်နေသော ကျောင်းစရိတ်၊ စားစရိတ်၊ ကျူရှင်ခ၊ အခွန်၊အခ နှင့် သာရေး၊နာရေးတွေကို မလောက်ငနိုင်။ ဒါပေမယ့် အစိုးရမှပေးသော ဝန်းထမ်းလစာမှလွဲပြီး၊ သူ့ သိက္ခာကို ထိန်းသိမ်းလေသည်။
ဒီကြားထဲ အကြီးဆုံးသမီး အိမ်ထောင်သည်ကလည်း၊ ခင်ပွန်းတာဝန်ကျရာ မလိုက်နိုင်ပဲ ဒီမြို့ က ဝန်ထမ်းအလုပ်နှင့် ကလေးတွေပါ အိမ်မှာ။ ဒါကတော့ အိမ်က သူ့ အောက် ညီမတွေက ကူထိန်းကျသည်။ မိသားစုများတော့ အကြောင်းကြီး၊ ငယ်တွေ ရန်ပွဲးတွေကလည်း ရှင်းရသေးသည်။ ခုလည်း နောက်တစ်ယောက် သဘောမတူသူနှင့် ရည်ငံနေသည်ကို ဘယ်လိုလုပ်ရပါ့မလဲ။ သူယူလို့  သူ့ ဒုက္ခ၊ သူခံလိပ်မည်လို တွေးလိုမရပါ။ ကိုယ်က မိခင် သမီးဖြစ်သူ တစ်စုံ၊တစ်ခု ဖြစ်လျှင် ကိုယ်ပင် ရင်ကွဲးရမည်။ ပြင်နိုင်တုံး ပြင်စေခြင်သည်။ ဒါပေမယ့် သမီးက နားမလည်း၊ ချစ်စိတ်မွန်နေသည်။ ပြီလျှင် သူ့ ဒုက္ခသည် ကိုယ့်ဒုက္ခဖြစ်လာမည်။ အငယ်တွေက တစ်ဖက်နှင့်  မိခင်ဖြစ်သော သူမ ငိုမိလေသည်။
Thursday, July 7, 2011
` ရ` ရထားကြီး ပျော်ပျော်စီး
ပုံလေးကိုတော့ Google ကနေ ရှာထည့်ပေးတာပါ။
          ခရီးလေးတစ်ခု အကြောင်းဆီ စိတ်အာရုံကလေးက ကျက်စားလို့  နေပြန်သည်။ ခရီးဆိုသော်လည်း ကိုယ်မရောက်ဘူးသော အရပ်ဒေသများသို့  သွားရသည် ဖြစ်ခြင်းကြောင့်လား မသိပါ မမြင်ဘူး၊ မတွေ့  ဘူးသော အရပ်ဒေသများ၊ မြင်ကွင်းများ နှင့် အတွေ့ အကြုံများကြားမှ သွားရသောကြောင့် ထင်ပါရဲ့  ယခင်ကဆိုလျှင် ငြီးငွေ့ မိမည်ဖြစ်သော်လည်း၊ ယခုအခါတွင်တော့ ကိုယ့်အရပ်၊ ကိုယ့်လူမျိုးတွေရဲ့  စကားသံကို မညီးငြူနိုင်အားပါပဲ ခရီစဉ်များကို စိတ်ချမ်းမြေ့စွာ၊ လွမ်းမောတသစွာ သွားဖြစ်ခဲ့ရပါတယ်။ အိမ်ထောင်ပြုပြီး နှစ်နှစ်ခွဲး၊ သုံးနှစ်ကြာမှ သွားဖြစ်သော ဆွေပြ၊ မျိုးပြ ခရီးစဉ်လေးတစ်ခုတွင် လမ်းခုလတ်မှာ ကြုံတွေ့ ရသော ဖြစ်ကြောင်းကုန်စင်ကို နတ်သံမနှောပဲ အစချီလိုက် ခြင်ပါတယ်နော်။
          ကျမ ခင်ပွန်းရဲ့  မိဘ၊ မောင်ဘွား နှင့် ဆွေမျိုးများရှိရာဆီ မပြန်တာကြာပြီဖြစ်သော ခင်ပွန်သည်နှင့် အတူ လိုက်ပါရင်း ခရီးသွားခဲ့ရပါတယ်။ ကျမ ကလည်း ခရီးသွားရတာ တာဝန်မပါတာမို့  ပျော်ပါတယ်။ ဒါပေမယ့် ခရီးစဉ်က မန္တလေးမှ ထိုအရပ်ဒေသ ကျွန်းလှ ဆိုတဲ့မြို့ ပြနဲ့  အလှမ်းဝေးသော၊ တောင်ပေါ်လိုလို တောင်ကြားလိုလို အရပ် အထက်အညာ ဒေသကလေးဆီပါ။ အဲဒီကို အသွားခရီးက မထောင်းတာလှပဲ အပြန်ခရီးတွင် ထိုအရပ်ဒေသသားတို့ ရဲ့ သွားရေး၊ လာရေး ခက်ခဲးပုံများနှင့် ကြုံတွေ့  ရရုံသာ မက ခရီးသွားတို့  ကြား ကြုံစုံရသော အကြောင်းအရာလေးတွေကိုဖြင့် အမှတ်တရဖြစ်ခဲ့ရပါသည်။
          အသွားခရီးသည် မန္တလေးမှ နေ့ လည် ၃း၃၀ နာရီတွင် စထွက်ပြီး၊ ည ၉း၃၀နာရီ၊ ၁၀နာရီလောက်တွင် သွားရမည့် နေရာသို့ ရောက်သောကြောင့် ခရီးလမ်းတွင် အခေါက်တစ်ရာလောက် လူတိုင်းကို ဘာစားမလဲ၊ ဘာမှာမလဲမေးမြန် နှောက်ယှက်သော ရထားမှ အမှူထမ်းတို့ ၏ တာဝန်ပိုလွန်းမူ၊ သုံးခါထပ်မနည်း စစ်ဆေးသော လတ်မှတ်စစ်တို့ ၏ ဝတ်တရားသိတတ်မူနှင့် ပိုက်ဆံပေးတင်လာသော အထက်တန်းတွဲမှ ကုန်စည် စလွယ်များကြောင့် အိမ်သာပင် တတ်မရအောင် ပစ္စည်းတွေကြပ်၊ ကြမ်းပြင်မှာ ပြားနေအောင် ဆင်းအိမ်သော လူတွေမှလွဲး၍ တခြားစိတ်ရူတ်ဖွယ် အထူးအထွေ မတွေ့ ရပေ။ :D(ကျမတို့  ချစ်တဲ့ မြန်မာလူမျိုးတွေပါ . . .တကယ်ပါ မညာပါဘူး။)
          သူ့ မိဘတွေ့ နှင့်တွေ့  ဒါတွေကတော့ ထုံးစံပေါ့နော်။ ကိုကလည်း အတူနေတာမှ မဟုပ်တာ ဧည့်သည်၊ အိမ်သည်သဘောမျိုး ဖြစ်နေတာကိုး။ ရောက်တုံးမှာ သူတို့ မိသားစုဝင်တွေ တခါမှ စုံတယ်မရှိဘူး၊ ခုလို စုံတုံး အလှူအတန်းတွေလုပ်ပေါ့။ သူ့ တို့ အမျိုးကလည်း များ၊ လူကလည်းတက်ညီ၊ လက်ညီနှင့် ကူကြ၊ ဝိုင်းကြ ဆိုတော့ အလှူပွဲးလေးဟာ အောင်အောင်မြင်မြင်နှင့် ပြီးဆုံးသွားပါတယ်။ သူတို့ မြို့ ဟောင်းလေး ရေးမြုတ် ဧရိယာလေးထဲ ပါသွားတဲ့ သဖန်းဆိတ်ဆိုတာကြီးနှင့် ကင်းတား ရေတားစီမံကိန်းတွေကို အလည်သဘော လိုက်ပို့ ပါတယ်။ ကျန်တာတွေကတော့ ဘာညာ၊ သာတကာပေါ့။  ဒါပေမယ့် နေရမယ် အချိန်ကာလတစ်ခု ပြည့်လာတော့ အပြန်ခရီးစဉ် စဖို့  စီစဉ်ရတာပေါ့လေ။ သူ့ ဖေဖေ၊ ကျမ ယောက်ခမကြီးက ဆိုရင် သူ့ သားတွေ၊ သူရင်ခွင်ကနေ ခွဲးပြီး ပြန်တော့မယ် ဆိုပြီ၊ နှစ်ရက်၊ သုံးရက် အလိုကတည်းက မျက်နှာလည်းမကောင်း၊ ကောင်းကောင်းလည်း မစား ဖြစ်နေတော့တာပါပဲ။ (ဒါတောင် ခုမှ ခွဲးရတာ မဟုပ်ပါဘူး၊ သူ့  သားတွေနှင့် ခွဲးခဲ့ရတာ ဆယ်စုကိုတောင် ခုဂဏန်းတွေ စွန်းခဲ့ပါပြီ။)
          ကျမကတော့ ကိုယ့်ရပ်ဌါနေ ပြန်ရ၊ သွားရတော့မှာ ဆိုတော့ တက်ကြွခြင် သလိုလိုပေါ့လေ။  ဒါပေမယ့် ရထားလက်မှတ်ကလည်း ဒီလို မြို့ လေးအတွက် အထက်တန်းတွဲးက (၄)နေရာပဲ ခွဲးတန်းရပါတယ်။  ကျမတို့  ပြန်မယ့်သူက (၄+၁) ဖြစ်နေပါတယ်။ တစ်ယောက်စာကတော့ အပိုကြေးပေးပြီ ကိုယ့်ဘာသာ အဆင်ပြေသလို လိုက်နိုင်တဲ့သူဆိုတော့ (၄)ယောက်စာကို လုံးပန်းကြရတယ်။ ဘာလို့ လဲ ဆိုတော့ ကျမတို့  ပြန်မယ့်ရက်မှာပဲ မန္တလေး တက္ကသိုလ်က ဆရာမ (၆)ယောက်ဟာလည်း အထက်တန်းတွဲးကို ဖြတ်ဘို့  ကြိုးစားနေလို့ ပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ကျမတို့ မှာလည်း ခွင့်ရက်နဲ့  ကိုက်ပြန်ရတာမို့  မီးရထားရုံးမှာ လက်မှတ်ရဘို့  ဝယ်ပေးသူတွေက အတော်ကြိုးစား ရပါတယ်။ သူတို့ က (၁၀)တန်း စာမေးပွဲးအမှီ ဒီမြို့ ကလေးက ကျောင်းသားလေးတွေကို အနီးကပ် လုပ်အားပေး၊ စာလာသင်ပေးကြတာ ဆိုတော့ ဝန်းထမ်းကလည်း ဟိုလူ့  ပေးရနိုး၊ ဒီလူ့ ပေးရနိုး ဖြစ်နေတာပေါ့လေ။
          အင်း ကျွန်းလှမြို့ က ပြန်ရမယ့်ညပေါ့ ၊ ဟုပ်တယ်လေ အပြန်က မြစ်ကြီးနားက ထွက်လာမယ့် ရထားက သန်းခေါင်သနွဲးမှ ဝင်မလားမသိ၊ ကိုယ်လဲ တစ်ခါမှ မပြန်ဘူးပဲကိုး။ စောစော အိပ်နေကြ မဟုပ်လို အိပ်လို့ လဲ မရပါဘူ။ မနိုးမှာလဲစိုးတော့ အအိပ်ကလည်း ဆတ်နေပြန်ရော။ မအိပ် အိပ်ရသေးဘူး မနက် (၃)နာရီ ပြန်ထရ ပြန်ပါရော။ သူ့  မေမေနှင့် မောင်နှမ တစ်တွေကတော့ လှုပ်စိ၊ လှုပ်စိနှင့် ပြန်ဘို့ ပြင်သူက ပြင်၊ လိုက်ပို့ မယ့်သူ့ က လိုက်ပို့ ဘို့ ပြင်နဲ့ ပါပဲ။ သူ့ ဖေဖေကတော့ နိုးနေပေမယ့် မလှုပ်ပဲ၊ အိပ်ချင်ယောင် ဆောင်နေပါတယ်။ သူ့ က မခွဲးခြင်သူကိုး   မိဘတွေလည်း သနားမိပါရဲ့ ၊ ကိုယ့်ကိုလည်း သနားမိပါတယ်။ နေခြင်ပေမယ့်၊ တော်ရာမှ နေရတဲ့ဘဝ၊ ပျော်တယ်ရယ် မဟုပ်သော်လည်း၊ နေတတ်အောင် နေရတဲ့ဘဝတွေ မို့ လား။ လူရယ်လို့  ဖြစ်လာတာ သေသေချာချာများ စဉ်စားကြည့်မိရင် သုခဆိုတာထက်၊ ဒုက္ခတွေက များလှပါတယ်။ သံဝေဂတွေ ခဏထားလို့  အကြောင်းအရာလေးကို ဆက်လိုက်ကြအုံးစို့ နော်။
          ခရီးသွားခါနီး ဘုရားကို အရင်ရှစ်ခိုးရပါတယ်။ ပြီးရင် အိမ်ကမထွက်ခင် မိဘ၊ ဦးလေး၊ ဒေါ်လေး၊ ကိုယ့်ထက်ကြီးသူကို ကန်တော့လေ့ ရှိတဲ့ ကျမတို့  မိသားစုရဲ့  အလေ့အတိုင်း ယေက္ခမကြီးတွေကိုလည်း လက်ဆယ်ဖြာ ထိပ်မှာမိုးလို့  ကန့် တော့ခဲ့ပါသေးတယ်။ မိဘတွေက ခရီးမှာ ခလုတ်မထိ၊ ဆူးမငြိအောင်လို့  တဲ့။ ကျမတို့  ညီအမ တစ်တွေ အမြဲကန်တော့ပြီ်းမှ ခရီးသွားရပါတယ်။ ဘယ်သူမှမရှိရင်တော့ ဘုရားကိုပဲ ဦးချပြီး ခရီးထွက်ရပါတယ်။ အနည်းဆုံးတော့ ကိုယ့်ကိုယ်ကို သရဏဂုံတင်ပြီး ခရီးသွားရတဲ့ အလေ့အထလေးပေါ့။ ချစ်စရာ မြန်မာဓလေ့လေးမို့  မြတ်နိုးစရာလေး မဟုပ်ပါလား။  မိဘတွေ ကိုယ့်ဆီ လာလည်တော့လည်း မပြန်ခင်မှာ မိဘတွေကို ကန်တော့လိုက်ကြမြဲပါပဲရှင်။
          ဇာတ်လမ်းလေးက စတည်းက ယာဉ်သကိုးရှင့်။   ကျမတို့  (၃)နာရီလောက်က ထပြီး၊ ပြန်ဘို့  တရုန်းရုန်းလုပ်ပြီး၊ ၃-နာရီ ခွဲး အိမ်ကထွက်လာခဲ့ပါတယ်။ ၄-နာရီလောက်ကတည်းက စပြီးစောင့်လိုက်ရတဲ့ ရထား လည်ပင်ကို ညောင်ရေအိုး ဖြစ်လောက်တယ်။ ဆောင်းတွင်းအအေးဟာ ဝတ်ထားတဲ့ အနွေးထည်ကိုတောင် ထီမထင်ပဲ ဖောက်ဝင်လာနေတာမို့  ရထားဘူတာရုံလို လဟာပြင်မှာ သွေပူအောင် ထပြီး ဟိုလျှောက်လျှောက်၊ ဒီလျှောက်လျှောက်နဲ့  အိပ်ခြင်သလို မျက်လုံး အစုံကလည်း မျက်ရည်တွေ ဝေ့ဝေ့လာလို သုတ်ရသေး။ ရထားကလည်း ရိုးရိုး သူတို့ အခေါ် နဘားတွဲးတွေတော့ လာပါရဲ့ ၊ ကိုယ်စီးမယ့် အထူးရထားက မလားသေးနဲ့ ပေါ့လေ။
          ဟော လာမယ့် လာတော့ (၅)နာရီ ထိုးလုလုမှ ပေါ်လာတယ်။ ကိုယ်စီးရမယ့်တွဲးကို သူတို့ တွေက နယ်ခံဆိုတော့ သိကြတယ်၊ ရှာပေးကြပါတယ်။ မီးရထားက ရပ်တာမှ ၅-မိနစ်၊ ၁၀-မိနစ်  တွဲးရှာ  အဲ ရိုးရိုးတောင် ရှာရတာ မဟုပ်ဘူး။ အပြန်သယ်မယ့် ပစ္စည်း၊ ခြင်းတွေ အိတ်တွေ ဆွဲးပြီး ပြေးပြေးလွှားလွှား ရှာရတာ။  တွေ့ တော့ နောက်ဆုံးတွဲမှာ အထူးတန်း-၂။ ရထားနောက်ဆုံးတွဲး ဖြစ်နေတဲ့ အထူးတန်း ဆိုတာကြီးဆီ သူတို့ တွေသယ်ပို့ ပေးလို့ သာ လူစုံ၊ ပစ္စည်းစုံ ရောက်ပြီး ပါလာပါတယ်။ ပစ္စည်းက နေရာမှ မကျသေး ရထားက ဥဩစွဲးလို့  စထွက်ပြီ။ ကျမတို့ မြို့ က မီးရထား မရှိဘူးတဲ့ အရပ်၊ ဘယ်သွားသွား ကားပဲစီသွားရတာ ဆိုတော့ ကားစီးရတဲ့ ဒုက္ခတော့ သိပေမယ့်၊ ရထားစီးရတဲ့ ဒုက္ခကတော့ ဒါ  ပွဲးဦးထွက်လောက်နီးနီးပေါ့လေ။
          ရထားစီးဘူးသူတွေ အတွက်ကတော့ နောက်ဆုံးတွဲးစီးရတဲ့ အရသာကို ကောင်းကောင်း သိထားပြီး ဖြစ်မယ်ထင်ပါတယ်။ ပြီးတော့ အထူးအမြန် ရထားလဲ ဖြစ်နေတော့ တွေးရုံနှင့်တင် မြင်ရောင်မိမှာပါ။ ရထားကလည်းထွက်၊ ကျမ အမျိုးသားနှင့် သူ့ အစ်ကိုကလည်း ပစ္စည်းတွေ စင်တွေပေါ်တင်၊ ခုံတွေအောက်ထဲ့ နဲ့ ရထားပေါ် ပါလာကြပါတယ်။  အို ဘာပြောကောင်းမလဲ ရထားလမ်း အကွေ့  အကောက်တွေ များတာ ခုတစ်ခေါက်မှပဲ သိရပါတော့တယ်။ ရထားက တစ်ခါ၊ တစ်ခါများ ကွေ့  လိုက်ရင်း တွဲးကြီးက ၆၀ ဒီဂရီလောက် ရှိမယ် ဟိုဘက်ယိမ်းလိုက်၊ ဒီဘက် ရမ်းလိုက်နဲ့  ပစ္စည်းတွေများ ပြုတ်ပျက် ကျလာမတတ်ပဲ။ ကျမတို့  ပစ္စည်းတွေထဲမှာ လပ်ကေ့စ် အသေးတလုံးပါလာတယ်။ ကျန်တဲ့ပစ္စည်းတွေက သူဟာနှင့်သူ အထားကျနေပေမယ့်၊ ဒီလပ်ကေ့စ် အသေးလေးက တွဲးကရမ်းသွားရင် တစ်ခါထွက်လာလိုက်၊ ပြုတ်ကျတော့မလို ဖြစ်လို့  ခုံပေါ်မတ်တပ်ရပ်ပြီ ထိန်းလိုက်ရတာလည်း အမော။ တစ်ခါ၊ နှစ်ခါလည်း မဟုပ်ဘူး လေး၊ ငါး ခါလောက်လဲ အပြေးတက်ထိန်းပြီးရော ကျမလည်း အိပ်ကလည်း အိပ်ချင်၊ စိတ်ကလည်း မရှည်တော့ဘူး။  ဒါနဲ့  မသိခြင်ယောင် ဆောင်ပြီ အိပ်မလို့ ပဲ ရှိသေးတယ် “ဝုန်း“ ခနဲး မည်သံနှင့် အတူ လက်ကေ့စ် အသေးလေးအောက်ကို ပြုတ်ကျလာပါရောလား။
          အိတ်က ရိုးရိုးကျတာ မဟုပ်ဘူးလေ၊ ခုံရဲ့  စင်္ကြန်လမ်းဘက်ခြမ်းက ဦးပဇင်းတပါး ထိုင်လိုက်လာတာကို ဘုန်းကြီး ခေါင်းပေါ် “ဒုန်း“ ခနဲ မည်အောင် ပြုတ်ကျသွားတာပါပဲ။ ကျမနှင့် ကျမ ယောက်ကျားလည်း ဘုန်းကြီးကို အာနာပြီး မြန်မြန် ကောက်ထားလိုက်ရတယ်။ အပေါ်မတင်တော့ပဲ ခုံဘေး ကပ်ထား လိုက်ရတော့ တာပေါ့။ တော်နေကြာတော့ ဘုန်းတော်ကြီးက သူ့ ဘေးမှာကျန်နေခဲ့တဲ့ လက်ကိုင်းအကျိုးလေး ကောက်ပြီး ပြန်ပေးတယ်၊ ဘာမှ မဖြစ်သလိုပဲ။ သံဃာမှန်း သိသော်လည်း ခရီးသွားနေစဉ်မို့  ကိုယ့်ဒုက္ခနှင့်ကို ဘာမှလည်း သီးသန့် ဖယ်ပြီ အရိုအသေပေးလို့  မရနိုင်အောင် ဖြစ်ရပါတယ်။ ဒီကြားထဲ ကိုကလည်း ကိုယ့်ပစ္စည်းတွေနှင့် အထာကျမလို ရှိသေး လက်မှတ်စစ်ကလာလို့  လက်မှတ်ပြရသေးတယ်။ အဲဒီမှာပဲ ကျမတို့ နှင့် လက်မှတ်ဝယ်ဘို့  ကြိုးစားကြတဲ့ ဆရာမတွေကလည်း ကျမတို့  ရထားပေါ်မှာ ပါလာပါတယ်။ မြို့ ခွဲးတန်းကမှ ၄-ခုံပဲ ရတာ။ ရထားပေါ်တက်တုံးက စုပြုံတိုးတက်လာတာ အားလုံးစုစုပေါင်း ဆယ့်နှစ်ဦး၊ ဆယ့်သုံးဦးလောက်တော့ ရှိပါမယ်။
          ကျမတို့ က ၅-ယောက်  ဒါပေမယ့် ၁-ယောက်စာတော့ ကြိုပေးထားတာမို့  လက်မှတ်စစ်ကဘာမှ မပြောပါဘူး။ ဆရာမတွေ လက်မှတ်စစ်တော့ ၄-ယောက်က အထက်တန်းတွဲး၊ ၂-ယောက်က ရိုးရိုးတွဲးပါ ဆိုပြီ ယစ်ပါလေရော။ လက်မှတ်စစ်ကလည်း ပိုက်ဆံလိုခြင်လို တော်ကြာလာလိုက် တမျိုးပြောလိုက်၊ တော်ကြာ လာပြန်ရင်း လက်မှတ်စစ်ကို ထပ်စစ်မဲ့  စစ်ဆေးရေးတွေ လာရင် ဘယ်လိုပြောရမလဲနှင့် လာညစ် နေတာပေါ့လေ။ ဆရာမတွေကလည်း ဝန်းထမ်းတွေလေ ဘယ်ပေးခြင်မလဲ။ ဘုနှင့် ဘောက်ပေါ့။  လမ်းခရီး တော်တော်ပေါက်မှ ဆိုတော့ ခုတော့ မပြောင်းပါရစေနှင့်ပေါ့။ ရွှေဘို ရောက်ရင်တော့ ရိုးရိုးတွဲးကို သွားပါ့မယ်ဆိုပြီး ၃-ယောက် တစ်ခုံတန်းနဲ့  ထိုင်လိုက်လာပါတယ်။ ဆရာမ တစ်ယောက်က တော်တော် `ဝ`ပါတယ်။ သူတို့ ထိုင်လိုက်တော့ ရတော့သွားတာပါပဲ။
          နောက်ဆုံး ဘယ်လိုမှ ပေးမှာ မဟုပ်ဘူး၊ ဆရာမတွေကလည်း တာဝန်နဲ့ လာတဲ့ ဝန်ထမ်းတွေ ဆိုတာ သိသွားတော့(ဆရာမတွေက ဝန်းထမ်းကဒ်တွေ ထုတ်ပြပြီ ပြန်စွာလိုက်တာ) ရွှေဘိုရောက်ရင်တော့ တွဲးပြောင်းပါဆိုပြီး ပြန်သွားတယ်။  :D   လက်မှတ်စစ် ထွက်သွားတော့မှ ` လား လား` ဆရာမတွေက သူတို့ ခြင်းပြောပြီး ရယ်ကျပါရော။  ဆရာမတွေကလည်း ဒီရက်ပဲ ရအောင်ပြန်လာမယ် ဆိုပြီး ဖြစ်အောင် စီစဉ်တယ် ထင်ပါရဲ့ ။  ဖြစ်ပုံက အထက်တန်းတွဲး လက်မှတ်တွေက လာတုံးက လက်မှတ်တွေ၊ ရိုးရိုးတန်း လက်မှတ်ကမှ အပြန် အတွက် ဝယ်ထားတာ။ ဒါပေမယ့် သူတို့ ကလည်း ရိုးရိုးတန်းမှာ မစီးခြင်တော့ အထက်တန်းတွဲးလက်မှတ် အဟောင်းနှင့် တွဲးပြီး ရအောင် တက်စီးလာတာ။ ရိုးရိုးတန်း လက်မှတ် နှစ်စောင် ဝယ်ထားတဲ့ ဆရာမ ၂-ယောက်က ရွှေဘိုထိပဲ လိုက်မှာ။ အဲဒီတော့ ပြောင်းခိုင်းတဲ့ အချိန်ကြ သူတို့ မြို့ ရောက်ပြီ။ ကျန်ခဲ့တဲ့ ဆရာမများကလည်း မန္တလေးထိ စီးလိုရသွားပါတယ်။
           ကျန်တဲ့ လူ ၂-ယောက်ကတော့ တွဲးစောင့်ကို ဒဏ်ကြေးပေးလိုက်ရပြီ(သူတို့ က အဲလို လက်မှတ် အဟောင်လေးမှ မပြနိုင်ပဲကိုး) နောက်ဘူတာရောက်တော့ ရိုးရိုးတွဲး ပြောင်းသွားရပါတယ်။ ကိစ္စလေးပြီးသလို ဖြစ်သွားတော့ ကျမလဲ အိပ်မလိုလိုပဲ ရှိသေး ရွှေဘိုမြို့ ဝင်လာပါတယ်။ မိုးလဲ လင်းလုလုဆိုတော့ ရွှေဘိုမှာလည်း ရထားရှန်တိန်လုပ်ရမှာ ဆိုတော့ အကြော်၊ ထမင်းကြော် ၊ ပြောင်းဖူး စတာလေးတွေ ဆင်းဝယ်စား  အဲ အဲ မျက်နှာအရင်သစ် ပြီးမှ ဝယ်စားကြပါတယ် :P   ။  မိနစ် နှစ်ဆယ်၊ နာရီဝက်လောက်တော့ ကြာမယ်ထင်တယ်။  အဲဒီကနေ ရှန်တိန်လုပ်ရမယ့် တွဲးတွေလာပြီးမှ ကျမတို့  စီးလာတဲ့ ရထားတွဲးကြီးဟာလည်း ခရီးဆက်လက် ထွက်ခွာလာခဲ့ပါတယ်။
          လမ်းမှာလည်း လယ်ကွင်းအမျိုးမျိုးကို ဖြတ်လာတော့ ကျမကလည်း ဟိုအပင်ကဘာလဲ၊ ဒီအပင်ဘာနှင့် ကြည့်ရူ့ စပ်စုလာရသပေါ့လေ။ ယူကလစ်ပင်တွေ တွေ့ ရတော့ ကျမက ယူကလစ်ပင်တွေဟာ မြေဆီလွှာကိုပြုန်းစေတယ်၊ မိုခေါင်စေတယ်ဆိုတော့  အမျိုးသားကလည်း နေကြာပင်တွေကို လူတွေက စိုက်လို့ သာ စိုက်နေတာ သူကလည်း စိုက်ပြီးရင် မြေဆီကို စုပ်ယူသွားလို့  မြေဇာချရင် တော်တော်နှင့် မတက်ဘူးလို့  ရှင်းပြပြန်ပါတယ်။ တချို့ နေရာတွေမှာ စိုက်ပျိုးမဖြစ်တဲ့ မြေတွေပြပြီ ဒီမြေတွေက ကျစ်လို့  လယ်၊ ယာ အနေနှင့် အသုံးမပြုနိုင်ဘူးလို့  ပြပြန်ပါတယ်။ တစ်နေရာရောက်တော့ ဒါက ဆားကျင်းတဲ့။ စစ်ကိုင်းမရောက်ခင် ရထားလမ်းဘေးမှာ မုဆိုးချုံးရွာနားမှာ မြေကနေ သဘာဝအလျှောက် ဖြစ်နေတဲ့ ဆားကျင်းပါ (ရွာလား၊ မြို့ လားဆိုတာ ကျမ သေခြာတော့ မပြောတတ်ပါဘူ။)။  ဒါပေမယ့် ငယ်ငယ်က စစ်ကိုင်းတိုင်းမှာ ဆားချက်စက်ရုံရှိတယ်လို့  ပထဝီမှာသင်ဘူးတာကို သတိရသွားပါတယ်။ စိတ်ကလည်း ဩ ဒါပဲဖြစ်မယ်လို့  တွေးလိုက်မိသေး။
          စစ်ကိုင်းမြို့ ရဲ့ ဘေးက ဖြတ်လာတော့ ကောင်းမူတော်ဘုရားကြီးကို အဝေးကတည်းက ဖူးမျှော်ရတယ်။ အဲ ရွှေရောင်သုတ်ခါစ ထိပ်လေးမှာ ရွှေရောင်၊ အောက်ကတော့ ထုံးသင်္ဃန်းအတိုင်း ရှိသေးတယ်။ ရထားပေါ် ကမြင်ကွင်းဟာ စစ်ကိုင်းတောင်ရိုးပေါ်က ဘုရားတွေကို တမျှော်တခေါ်ပဲ ဖူးမြင်နိုင်ပါတယ်။ စစ်ကိုင်းတံတားကို ဖြတ်တော့ တံတားအဟောင်းပေါ်က နေ တံတားအသစ်နှင့် ဧရာဝတီမြစ်ကြီးကို ငေးမောရင်းဖြတ်လာခဲ့ရတယ်။ ကျမရင်မှာ တော်တော်ကြည်နုးမိပါတယ်။ ဒုတိယကမ္ဘာစစ်က လူတွေ စစ်ကိုင်းတောင်ရိုးမှာ ဘယ်လိုများ နေထိုင်ခဲ့ပါလိပ်လို့ လဲ စဉ်စားမိတယ်။ ဆရာမ ဒေါ်နုနုရည် (အင်းဝ)ရေးတဲ့ စာအုပ်တစ်အုပ်မှာ ဆရာမ ပြောဘူးတာလေးတောင် သတိရတယ်။ ဆရာမက အင်းဝသူဆိုတော့ သူက အင်းဝတံတားလို့  ပြောလေ့ရှိပြီး၊ စစ်ကိုင်းက စာရေးဆရာမ တစ်ယောက်(ဦးဘဆွေရဲ့  သမီး)နှင့် တွေ့ ရင် စစ်ကိုင်းတံတား၊ အင်းဝတံတားလို့  ငြင်းလေ့ရှိတာလေးကိုပါ။
          တံတားဆုံးတော့ ရွှေကြက်ယက်ဘုရားဆိုပြီး ပြပါတယ်။ ကျမ မန္တလေးမှာ ကျောင်းတက်ခဲ့ပေမယ့် အဝေးသင်ဆိုတော့ ဘယ်မှနှံနှံစပ်စပ် မရောက်ဘူးပါဘူ။ သူကတော့ အထက်တန်းကျောင်းကို မန္တလေးမှာ နေလာတာဆိုတော့ တော်တော်လေးသိပါတယ်။ ခွင့်ရက်ကြောင့် ကျမသွားလိုလှတဲ့ စစ်ကိုင်းတောင်ရိုး၊ အင်းဝ နှင့် မေမြို့ တို့ ကို မသွားခဲ့ရပါဘူး။ နောက်တစ်ခေါက် ရောက်အောင် သွားမယ်လို့  အားခဲးထားပါတယ်။ မြေမြို့ ၊ မင်းကွန်းနှင့် မုံရွာတွေ၊ အမရပူရက မဟာဂန္တာရုံကျောင်းတွေကို ငယ်ငယ်က မကြာခဏ ရောက်လေ့၊ လှူလေ့ရှိပေမယ့် စစ်ကိုင်းတောင်ရိုးကို မေမေသွားတဲ့ အခေါက်က ကျမ မလိုက်နိုင်ခဲ့လို့  ခုထိအောင် မရောက်ဘူးသေးပါဘူး။ ရောက်အောင်သွားဘို့  တစ်ခါ တေးမှတ်ထားရမှာပေါ့လေ။  (ဧရာဝတီမြစ်က ရေတွေကိုလည်း ဘယ်လောက်ရော့သွားလဲလို့  မှတ်ထားပါတယ်၊ ရေလယ်မှာ သောင်ထွန်း နတ်သမီးနေတဲ့ ကျွန်းပဲဖြစ်မလား၊ တံငါနှင့် ကိုင်းလုတ်တဲ့ ကျွန်ပဲ ဖြစ်မလားပါပဲ)
          ဒီလို စိတ်ညစ်စရာ၊ ပျော်စရာတွေနှင့် ပြည့်နေတဲ့ ကျမတို့  ခရီးစဉ်လေးဟာ မန္တလေးမြို့ကို (၁၂)နာရီ ပတ်ဝန်းကျင်လောက်မှာ ဝင်လာတော့ တစ်စခန်းရပ်ခဲ့ရပါတယ်။ ကျမရဲ့ ခရီးစဉ်လေး တစ်ခုဟာ ဒီလို အတွေ့ အကြုံလေးတွေ စုံနေအောင်တွေ့ ခဲ့ရတာကို ကျမဖြင့် တော်တော်လေးကို မှတ်မှတ်သားသားလေး သတိရနေမိပါတယ်။ ကျမတို့ လူမျိုးတွေက ဆရာ အော်ပီကျယ်ပြောသွားဘူး သလိုပဲ မြန်မာပြည်မှာ နေရတာ ပျော်ပါတယ်။ ခုလည်းကြည့်လေ ကျမလည်း ခရီးစကတွေ့ ခဲ့ရတဲ့ မဆိုစလောက် စိတ်ညစ်ခဲ့ရတာတွေကို မေ့ပြီး ခုတော့လည်း ကြည်နုးစိတ်လေး၊ ပျော်ရွှင်စိတ်လေး ဝင်လာခဲ့တာပါပဲ။ အင်း ခရီးသွားတဲ့ အရသာကို ဒါတွေကြောင့် ဥရောပကလူတွေက သဘောကျ-ကျတာဖြစ်မယ် ထင်ပါရဲ့ လို့  တွေးရင် နောက်တစ်ခါ ဘယ်အချိန် ခရီးထွက်နိုင်မလဲလို့  … မျှော်တွေးရင်၊ ကျမလိုပဲ ခရီးသွား နှစ်သက်သူတွေ စဉ်စားမိကျမယ်လို့  ထင်ရင် နိဂုံးချုတ်လိုက်ပါပြီ။       ။
Friday, May 27, 2011
သြ . . . စိတ်နှယ်
          လူကြီးတွေပြောသောစကား တစ်ခွန်းကို ငယ်ငယ်ကပင် ကြားဘူးခဲ့သည်။  လူတစ်ယောက်ဖြစ်ဖို့ ဆိုတာ ကောင်းကင်က ပစ်လွတ်လိုက်သော အပ်တစ်စင်းနှင့် မြေပြင်မှပြစ်လွတ်လိုက်သော အပ်တစ်စင်း တစ်ခုနှင့် တစ်ခု တွေ့ စုံရန် ခက်ခဲသည်ထက် လူဘဝကို ရဘို့ က ပိုခက်သည် ဆိုသော စကားလေး တစ်ခွန်းပါ။ ဘုရားဟောလား၊ ဘာလားတော့ သေချာမသိပါ။  မေမေက ပြောပြတာလို့ တော့ မှတ်မိသည်။
          ဟာ ဒီလိုဆို လူပြည်မှာ လူတွေမှ အများကြီးလို ပြန်ပြောကြလေမလား? ဟုပ်တော့ ဟုပ်ပါသည်။ လူတွေတင်လား?  ဒီနေရာမှာ  ကိုယ်မသိသေးသော တိရိစ္ဆာန် အမျိုးအစားတွေ၊ အရေအတွက်တွေ မှ အများကြီး၊ ဒါက လက်တွေ့ မြင်ရတာပဲ ရှိသေးတာ။ ကိုယ့် ခန္ဒာကိုယ်ထဲမှာ နေထိုင်သော သတ္တဝါတွေ ဘယ်လောက်များ ရှိနေကြသလဲ။ ဘယ်သူမှ တိတိကျကျ အဖြေပေးနိုင်မယ် မထင်ဘူး။ ဘုရားကလွဲးလို့ ပေါ့။
          မမြင်နိုင်တဲ့ ဘုံ၊ ဘဝတွေ ရှိသေး သတဲ့။ ဒါလည်း ငြင်းစရာလိုမည်မထင်။ မမြင်နိုင်သော ဘုံးသားတွေ ရှိနေတာပဲ။ ကိုယ်နဲ့  အနီးဆုံးကတော့ ပြိတ္တာဘုံသားတွေ ပေါ့။ လူတွေ ခဏ၊ ခဏ ကြောက်နေ၊ ခြောက်လှန့်  ခံရတယ်လို ယူဆနေတဲ့ အရာတွေပေါ့။  မမြင်နိုင်တာ၊ မနီးစပ်တာတွေကတော့ အထက်မှာဆို နတ်ပြည်၊ ဗြဟ္မာ့ပြည်  အဲ အောက်မှာ ဆိုရင်တော့ ငရဲကြီး ရှစ်ထပ်လို့  ဘုရားဟောပြော ညွှန်ပြခဲ့တာပဲ။  အဲဒီမှာ ရှိတဲ့ သူတွေနှင့်စာတော့ လူပြည်က လူတွေဆိုတာဟာ သဲချောင်းထဲမှာ ရှိတဲ့ သဲပြင်တွေထဲက သဲလက်တစ်ဆုပ်စာလောက်သာ ရှိတော့မပေါ့။ ဟုပ်ဘူးလား? ။ (:D)
          လူဘဝကိုယ် လူတွေဟာ ခဏအလည်လာတာတဲ့။  တချို့ ဆင်းရဲတဲ့ မိသားစုတွေမှာ ဘယ်လို့ များ  မွေးထားတယ် မသိဘူး။  ကလေးတွေ မွေးထားလိုက်တာများ အရွယ်စုံ ဆိုဒ်စုံပဲ။  သူတို့ ကို အပြစ်ပြောတာ မဟုပ်ပါဘူး။  ဟုပ်တယ်လေ  သူကံ နဲ့ သူကိုး ။   တချို့ မိသားစုများကြတော့လည်း လင်ကိုယ်၊ မယား နှစ်ယောက်ထဲ သား၊ သမီး မထွန်းကားတာလား၊ ဒါမှမဟုပ် မယူတာလား မသိပါဘူး ပြီတော့လည်း ချမ်းသာကြတယ်။ တချို့  အဲလိုလူတွေက ကျိတ်ကျိတ်တက် ချမ်းသာတာတွေလည်း ရှိပေါ့။    တချို့ ကတော့ လူရော၊ ငွေရော ချမ်းသာတယ်။  ပိုက်ဆံချမ်းသာ သလောက် လူအင်အား(သား၊ သမီးကလည်း)  အတောင့်ပဲ။
          ငယ်ငယ်တုံးကတော့ ဒါတွေဟာ ဘာကြောင့် ဖြစ်ရတယ်လို့  မသိပေါင်၊ စဉ်စားလို့ တောင် မတတ်ပါဘူး။  ကြီးလာတော့ စာတွေမျိုးစုံအောင် ဖတ်၊  တရားတွေမျိုးစုံနာ(တရားပွဲ၊ စာပေဟောပြောပွဲး ၊ ကျောင်းမှာ ဆရာ၊ ဆရာမတွေ သွန်သင်ဟောပြော၊ ဆုံးမတဲ့  ပွဲးတွေအားလုံးပေါ့)။ ဟိုလူမေး၊ ဒီလူမေးလည်း မေးတာပဲ မေမေ နှင့် ဖေဖေရော၊ အမျိုးတွေရော မကျန်၊ တွေ့ သမျှ အကုန်မေးတာ။ အသက်လေး နည်းနည်းကြီး ၊ အရွယ်လေး နည်းနည်းရလာမှ ဖတ်ရင်း၊ နာရင်းက သိလာရတယ်။
          ကြာနီကန် တရားတွေ ငယ်ငယ်ကနားဖူ၊ ရီဖူ ပေမယ့် ဒီအခွေပဲ မပါတာလားတော့ မသိဘူ၊  ခုမှ ပြန်နာရင်းကနေ သိရတာ။  အလှူဒါန ပြုတဲ့ နေရာမှာ အလှူလုပ်ဖို့  နိုးဆော်သူတွေက သား၊ သမီးတွေ ရနိုင်သတဲ့။ များများ နိုဆော်လေ၊ များများ ကလေးရလေ နေမှာပေါ့။  ကိုယ်တိုင် ပါဝင်လှူဒန်းသူကတော့ ချမ်းသာခြင်း အကျိုးကို ခံစားရသတဲ့။ ကိုယ်တိုင်လဲလှူ၊ သူများကိုလည်း လှူဒန်းဘို့ ရာ တိုက်တွန်းတဲ့သူကကြ သား၊သမီး လည်းရ၊ ပစ္စည်းဥစ္စာလည်း ချမ်းသာလို့  ဆိုပါတယ်။   ဒါကြောင့်မို့  ကိုယ်တိုင်မလှူပဲ၊ သူများတွေလှူဖို့ ရာတိုက်တွန်းသူတွေက ပိုက်ဆံမချမ်းသာပေမယ့်၊ ကလေးတွေ ချမ်းသာကြတာကိုး လို့  မှတ်သားမိ လိုက်ပါတယ်။
          အင်း အဲဒီတော့ကာ လူတွေအဖို့ မှာ ကိုယ်လိုခြင်သလောက်သာ နိုင်ချိန်ပြီး တိုက်တွန်းရမလို ဖြစ်နေတာပေါ့။  များများချမ်းသာခြင်ရင် အကျင့်သီလနှင့် ပြည့်စုံတဲ့ အရှင်သူမြတ်များကို များများလှူရမှာပေါ့။  ဒါပေမယ့် လူဆိုတာ အခက်သားလား၊ ခုဘဝ ရှိတာကို မတွန့် တိုပဲ လှူနိုင်သူက ရှားသားပဲ။ သဒ္ဒါတရားလည်း ပြည့်စုံမယ် လှူဒန်းမယ့် ပုဂ္ဂိုလ်ဟာလည်း အကျင့်၊သီလကောင်းသူ ဖြစ်မယ်ဆိုရင် လှူဒန်းသူအဖို့ မှာ အကျိုးများမှာတော့ အမှန်ပေါ့။ ဒါပေမယ့် သံသရာပြတ်အောင်ကတော့ ဘာဝနာကသာ တတ်နိုင်ပြန်ရော။
          အင်း တနံ၊ တလျှားကို တွေးပစ်လိုက်တာ။ အဲဒီမှာတင် ချာချာလည်နေတော့တာပဲ။  ဝင်ငွေရတဲ့ အလုပ်ကို ကြာကြာပြစ်ပြီ တရားအလုပ်လုပ်နိုင်သူတွေ ရှိတော့၊ ရှိတယ်  ရှားတယ်လေ။  ဘုန်းဘုန်းတို့ ကတော့ ဟောပါတယ် ၁၅ မိနစ်တတ်နိုင်၊ တတ်နိုင်   နာရီဝက်တတ်နိုင်၊ တတ်နိုင် တတ်နိုင်သလောက်ကလေး တရားအလုပ်လုပ်ကြပါတဲ့။ ဘယ်လိုထိုင်ရမယ်လို့  ညွှန်ပြသူများနှင့် စပြီးမှတ်မှ၊ ထိုင်မှ   နောက်တော့ ကိုယ်ဘာသာ စမ်းထိုင်နိုင်မှာလေ။ စဘို့ ကခက်နေလို့ ပါ။ စပြီးရင် ဆက်ကြိုးစားရမှာပေါ့ တရားထိုင်မြဲအောင်။  အင်း စဉ်စားလာရင်းက ကိုယ့်အသက်ကြည့်လိုက်တော့ ဘဝလမ်းက တဝက်ကြိုးနေပြီ။
          အင်း လူတွေများ သေရမှာသာ ကြောက်ကြတာ၊ မသေခင်မှာ ကိုယ့်အတွက် ပြင်ဆင်နိုင် တာတွေကြတော့ ဟိုအကြောင်းပြ၊ ဒီအကြောင်းပြ  နဲ့  နေ့ ရွေ့ ၊ ညရွေ့ လုပ်နေရတာနဲ့  သေတော့မှ ဘာမသိ၊ ညာမသိ ကမန်းကတန်းသေရရင်တော့ မချောင်ပါဘူ။ ကိုယ့်ဘာသာပြောတာပါ(:D)။ လှူတာလဲလှူတာပေါ့၊ တိုက်တွန်းတာလဲ တိုက်တွန်းတာပေါ့၊  အရေးကြီးတာက အထုံလေးပါအောင် တရားစခန်းတော့ သွားအုံးမှ။  အင်း တရားစခန်း တခါဝင်ဘို့  တွေးလိုက်တာကို အရှည်ကြီးပါပဲ။  အင်း လာမယ့် နိုဝင်ဘာ တရားစခန်းကို ဝင်ဘို့  စာရင်းပေးဘို့  ဆုံးဖြတ်လိုက်ပါပြီလေ။  ဗုဓ္ဒဘာသာဝင်တွေလည်း ကိုယ်နောက်ပါမယ့် တရားကို ရှာနိုင်ကြဘို့  တိုက်တွန်းလိုက်ပါတယ်နော် ။          :D
Monday, May 23, 2011
အချစ်၊ အမုန်းတို ကြားမှ . . . . .
          ကျမဟာ အချစ်နှင့် အမုန်းများကို ပိုင်ဆိုင်သော လူနှစ်မျိုး၊ နှစ်စားကြားမှာ နေထိုင်နေခဲ့သော လူတစ်ယောက်သာ ဖြစ်ပါသည်။   ကျမမှာ ကျမကို ချစ်တဲ့သူတွေလည်း ရှိပါသည်။ မုန်းတဲ့သူတွေလည်း ရှိပါသည်။ မချစ်၊ မမုန်းတဲ့သူ မရှိဘူးလားဆိုတော့ ဒီလို လူမျိုးတွေလည်း ရှိပါလိမ့်မယ်။ ဒါပေမယ့် မချစ်၊ မမုန်းသူများသည် လည်း ကိုယ်နှင့် ပတ်သတ်ရန် မရှိတာသာ ဖြစ်ဖို့ များပါသည်။  ချစ်သူတွေသည် မိသားစုဝင်တွေ၊ အိမ်မှမွေးမြူ ထားသော တိရိစာန်လေးတွေ နှင့် ပတ်ဝန်းကျင်မှ သူငယ်ချင်း အပေါင်းအသင်းတို့  တွေသာ ဖြစ်ဘို့  များပါသည်။  မုန်းသူဆိုသည်မှာ ကိုယ့်အားသာချက်ကိုပဲဖြစ်ဖြစ်၊ ကိုယ့်အားနည်းချက်ကိုပဲဖြစ်ဖြစ် မနှစ်သက်နိုင် သောသူ  ဘဝအဆက်က ရန်ညိုးရှိသူများသာ ဖြစ်ပါလိမ့်မည်။ တချို့ မှာ သူငယ်ချင်း အမည်ခံသော ပြိုင်ဘက်များဖြစ်ကြပါသည်။  ဒါပေမယ့် သေခြာတာ တစ်ခုကတော့ ကျမကတော့ ဘယ်တော့မှ ဘယ်သူ့ ကိုမှ မပြိုင်တာတော့ သေခြာပါသည်။
          ကျမကိုယ် ကျမလည်း မပြိုင်ပါ။ ပြိုင်စရာလဲ မရှိပါ။  ကိုယ့်ပန်းတိုင်တွေကို ဒါမလုပ်နိုင်သေးလျှင်၊ လုပ်နိုင်သော အရာတစ်ခုကို ပြောင်းလုပ်လိုက်မည်ပေါ့။ ဒါပေမယ့် မူလပန်းတိုင်ကတော့ ရင်ထဲမှာ သိမ်းထားဦး မည်သာ။  လုပ်နိုင်တဲ့ အချိန်မှာ လုပ်မှာပေါ့လို . . . စိတ်ထဲမှာ ရှိနေပါသည်။  ကျမကိုယ် ချစ်တဲ့၊ ဒါမှမဟုပ် နားလည်းပေးနိုင်သော သူကိုယ် ကျမတန်ဖိုးထားမည်သာ။  ကျမကို မုန်းသော၊ မလိုသော၊ ပြိုင်ဆိုင်သော ပတ်ဝန်းကျင်ကိုလည်း ကျမအနေနှင့် မုန်းတီးနေမည်မဟုပ်ပါ။  တစ်ခါတစ်ရံ သူတို့ တွေရဲ့  သဘောထား၊ တုံပြန်မူ့ တွေကြောင့် စိတ်အနှောက်အယှက်ဖြစ်ရင်တောင် ကျမ ကြိုးစားမေ့ပစ်လိုက်တာက များပါသည်။ မမေ့နိုင်ခင်မှာ ပြန်တုံပြန်မူ့ တွေလည်း ရှိနိုင်တာပေါ့။ ကျမက ပုထုဇဉ်ပဲ ..  ..  .. ဒါပေမယ့် သံသရာ မသယ်လိုပါ။
          မိသားစုထဲမှာလည်း ကိုယ့်ကို မချစ်သူတွေရှိနိုင်တာပေါ့။  ဒီဘဝမှာ ဆွေရယ်၊ မျိုးရယ်ဖြစ်နေပေမယ့် အရင်ဘဝက ရန်သူဖြစ်နိုင်တာကိုး။  ဒါလေးကို ကျမဘာကြောင့် တွေးမိရသလဲ ဆိုတော့ ဘုရားရဲ့  တပည့် သာဝကာမတစ်ဦးဖြစ်လာသည့် ပဍာစာရီဇာတ်ကို ကြားဘူတာကိုး ။  ပဍာစာရီမဖြစ်ခင် ကမ္ဘာပေါင်းများစွာက ဘဝတစ်ခုမှ ပဍာစာရီလောင်း အမျိုးသမီးဟာ ကုန်သည်အလုပ်နဲ့  အသက်မွေး ဝမ်းကြောင်းပြုခဲ့ပါတယ်။  တစ်နေ့ မှာ ကုန်ကူးသွားရင် လမ်းမှာ ဒမြတိုက်ခံရတယ်။ လူအင်အား၊ လက်နက်အင်းအားနှင့် တိုက်တာဆိုတော့ သူတို့  ဝယ်လာသမျှကုန်တွေ အကုန်ပါသွားသည်။  လူတွေကိုလည်း ရိုက်နှက်ထားခဲ့ကြသည်။
           အဲဒီအချိန်မှာ လူလည်းနာ၊ အရင်းအနှီးတွေလည်းဆုံးတော့ ဒီအမျိုးသမီးဟာ ဒမြတွေကို ကျိန်ဆဲပါသတဲ့။ ဘယ်လို ကျိန်လဲဆိုတော့ ဒမြတွေ အသေးဆိုးနဲ့  သေတာကို မြင်ပါစေလို့  ရင်ထဲကနေ လိုက်လိုက်လဲလဲ ကျိန်လိုက်ပါတယ်။ ပဍာစာရီလောင်း အမျိုးသမီးဟာ သီလနှင့် ပြည့်စုံပြီး မိဘလုပ်ကျွေးနေသော သတို့ သမီးငယ်ဖြစ်တော့ သူမဆုတောင်းဟာ ပြည့်ခဲ့သတဲ့။ ဘယ်ဘဝမှာလည်းဆိုတော့ ဗုဓ္ဒဘုရားရှင်လက်ထက် မှာပေါ့။ အဲဒီ ဒမြတွေဟာ ဘယ်သူတွေလည်း ဆိုတော့ သူမရဲ့  မိဘနှစ်ပါး၊ အကိုနှစ်ယောက်၊ ခင်ပွန်းနှင့် သားနှစ်ယောက်ပါပဲ။ 
          ဒါကြောင့် သူမဆုတောင်း အတိုင်းပဲ သူမ မျက်စိရှေ့ မှာပဲ သူမ ခင်ပွန်း ကိုဒါသ မြွေပေါက်ပေမယ့် တန်းမသေ သေးပဲ သူမနှင့်တွေ့ ပြီး လက်ပေါ်မှာ သေရတယ်။  သားအကြီးဟာလည်း တောင်ကျ ချောင်းရေထဲ မျှောပါသွားတာကို တွေ့ ရလို့  ချောင်းအလယ်ပြေးတုံး၊  သောင်ပြင်ပေါ် ချထားတဲ့ သားအငယ်ဟာလည်း စွန်ရဲက သားထစ်အမှတ်နှင့် ချီပြေးပြန်တယ်။  တစ်ခါရေလည်က ပြန်ပြေးပြီ ချောက်ပြန်တော့ မမှီတော့ဘူး။  မီးတွင်းကထွက်လာစ မိန်းမတစ်ယောက်အနေနှင့် ခံစားရတာကို မိဘတွေ ရှိသေးတယ်ဆိုပြီ နှစ်သိမ့်စိတ်နှင့် အိမ်ရောက်အောင်ပြန်တော့ သူမရှေ့ မှာပင် အိမ်ကို မိုးကြိုးပစ်လို့  အိမ်မီလောင်ပြီး မိဘနှင့် အကိုတွေ အလောင်းကို မြင်ရတော့ သူမဆောက်တည်ရာမရ သွပ်သွပ် ခါအောင်ရူးသွားတော့သည်။
          ဒါပေမယ့် သူမဟာ ပါရမီဥာဏက် ရင့်သန်ပြီးသူ၊ ကျွတ်တန်းဝင်ရမည့် ဘဝဖြစ်လေတော့ မြက်စွာဘုရားရှင်နှင့် ဖူးတွေ့ ခွင့်ရခဲ့ပြီး၊ အဲဒီဘဝမှာပဲ ဂုဏ်ထူးဆောင် ရဟန်တာမအဖြစ် ကျွတ်တမ်းဝင်ခဲ့ပါတယ်။ 
          ကျမတို့ တွေလည်း ကိုယ်ပြုသည့်ကံ ကိုယ်ဆီသာ ပြန်လာကြသည်။ ဘုရားရှင်က ယက်ကန်းသည် မလေးကို မေး၍ ၊ ယက်ကန်းသည်မလေးက ပေးသော အဖြေလိုပဲ
ဘုရားရှင်                   ` သင်ဘယ်ကလာသလဲ`
ယက်ကန်းသည်မလေး   ` မသိပါ ဘုရား`
ဘုရားရှင်                    ` သင်ဘယ်ကို သွားမှာလဲ`
ယက်ကန်းသည်မလေး     ` မသိပါ ဘုရား`
ဘုရားရှင်                  ` သင် မသိသလော`
ယက်ကန်းသည်မလေး   ` သိပါသည် ဘုရား`
ဘုရားရှင်                  ` သင် သိသလော`
ယက်ကန်းသည်မလေး   ` မသိပါ ဘုရား `  ဆိုသော ဇာတ်တော်လိုပင် ဖြစ်နေကြသည် မလား ?
          ဒီဇာတ်တော်မှာ ဘုရားရှင်က `ဘယ်ကလာ သလဲ`  ဆိုသည်မှာ ဘယ်ဘဝက လာသလဲလို့  မေးကြောင်း  ယက်ကန်းသည်မလေးက ဥာဏ်ဖြင့် စဉ်ခြင်သိလို ` ဘယ်ဘဝက လာကြောင်း မသိပါလို့ ` ဖြေတာပါ။
          ဘုရားရှင်ကပင် ` ဘယ်ကိုသွားမှာလဲ` မေးတော့  ဘယ်ဘဝကို သွားမှာလဲ၊ သိလားလို့   သိမြင်တဲ့ ယက်ကန်းသည်မလေးဟာ ဘယ်ဘဝကို သွားရမည် မသိပါလို့ ဖြေတယ်။
          တဖန် ဘုရားရှင်က ` သင် မသိသလော` ဆိုတာက သင်သေမည်ကို မသိသလော လို့  မေးတာပါ။  ဒီအခါမှာ ယက်ကမ်းသည်မလေးက သေမည်ကို သိကြောင်း ပြန်လျှောက်တာပါ။
          နောက်ဆုံးမှာ ` သင်သိသလော` ဆိုတာကတော့ ဘယ်အချိန် သေမယ်ဆိုတာ သင်သိသလား လို့  မေးတာသာ ဖြစ်ပါတယ်။ ဒါကြောင့် ယက်ကမ်းသည်မလေးသည်။ ဘယ်အချိန် သေရမည်ကို မသိပါဘူးလို့  ပြန်လျှောက်ထားတာ ဖြစ်ပါတယ်။
          ဘုရားရှင်နှင့် ယက်ကန်းသည်မလေးတို့ သည် ပြသနာကို ဖြေရှင်းနိုင်ကြပေမယ့် ကျမတို့ ကတော့ သိခြင်း၊ မသိခြင်း ကြားမှာ အချစ်တွေ၊ အမုန်းတွေနှင့် နေထိုင်နေကြရပါသည်။  ကိုယ်စိတ်ထားမူ့ သည် ကိုယ့်ဆီပြန်လာမည်ဆိုပါလျှင် ဘယ်လိုပြန်လာတာကို လိုခြင်ပါသလဲလို့  ကျမဘာသာတွေးမိတော့ မှန်ထဲမှာ ပြုံးပြနေသော ပုံရိပ်သာ ဖြစ်စေလိုပါသည်။  ဘာသာမတူသူများ ဖတ်မိခဲ့ရင်လည်း ဗဟုသုတ၊ ပုံပြင်တစ်ခုလို ဖတ်သွားစေခြင်ပါသည်။