အဘိဏှသုတ် (ဗုဒ္ဓဓမ္မ ဦးလောကနာထ မှ)
အဘိဏှသုတ် (ဗုဒ္ဓဓမ္မ ဦးလောကနာထ မှ ကူးယူဖော်ပြပါသည်)
ကံတရားကို အမြဲမပြတ် ဆင်ခြင်ပါ…
''မိမိ၏ ကံသာလျှင် မိမိဥစ္စာ ရှိ၏၊ ကံ၏ အမွေခံ ဖြစ်၏၊ ကံသာလျှင် အကြောင်းရှိ၏၊ ကံသာလျှင် အဆွေအမျိုး ရှိ၏၊ ကံသာလျှင် ကိုးကွယ် မှီခိုရာရှိ၏၊ ကောင်းသည်ဖြစ်စေ မကောင်းသည်ဖြစ်စေ ငါပြုမိသော ကံ၏ အမွေခံသာ ဖြစ်ရပေမည်'' ဟူ၍ မိန်းမဖြစ်စေ ယောက်ျားဖြစ်စေ လူဖြစ်စေ ရဟန်းဖြစ်စေ မပြတ် ဆင်ခြင်အပ်၏။
ရဟန်းတို့ သတ္တဝါတို့အား ကာယဒုစရိုက် ဝစီဒုစရိုက် မနောဒုစရိုက်သည် ရှိ၏၊ ထို(ကံ) အကြောင်းကို မပြတ် ဆင်ခြင်သော ထိုသူအား မကောင်းမှုသည် အချင်းခပ်သိမ်းမူလည်း ပျောက်ကင်း၏၊ ခေါင်းပါးခြင်းမူလည်း ဖြစ်၏။
''ငါတစ်ယောက်တည်းသာလျှင် ကံသာလျှင် မိမိဥစ္စာရှိသည် ကံ၏ အမွေခံဖြစ်သည် ကံသာလျှင် အကြောင်းရှိသည် ကံသာလျှင် အဆွေအမျိုးရှိသည် ကံသာလျှင် ကိုးကွယ်မှီခိုရာ ရှိသည် ကောင်းသည်ဖြစ်စေ မကောင်းသည် ဖြစ်စေ ငါပြုမိသော ကံ၏ အမွေခံဖြစ်သည် မဟုတ်၊ စင်စစ်မူကား ဤဘုံဘဝသို့ လာခြင်း တစ်ခြားဘုံဘဝသို့ သွားခြင်း စုတေခြင်း ပဋိသန္ဓေ နေခြင်းရှိသည့် သတ္တဝါဟူသမျှ အားလုံးတို့သည် ကံသာလျှင် မိမိဥစ္စာ ရှိကုန်၏၊ ကံ၏ အမွေခံ ဖြစ်ကုန်၏၊ ကံသာလျှင် အကြောင်းရှိကုန်၏၊ ကံသာလျှင် အဆွေအမျိုး ရှိကုန်၏၊ ကံသာလျှင် ကိုးကွယ် မှီခိုရာ ရှိကုန်၏၊ ကောင်းသည်ဖြစ်စေ မကောင်းသည်ဖြစ်စေ ပြုမိသော ကံ၏ အမွေခံတို့သာ ဖြစ်ကြလိမ့်မည်'' ဟု ဆင်ခြင်၏။
ထိုကံအကြောင်းကို မပြတ် ဆင်ခြင်သော ထိုသူအား မဂ်သည် ကောင်းစွာ ဖြစ်ပေါ်လာ၏၊ ထိုအရိယာတပည့်သည် ထိုမဂ်ကို မှီဝဲ၏၊ ပွါးများ၏၊ ကြိမ်ဖန်များစွာ ပြု၏၊ ထိုမဂ်ကို မှီဝဲသော ပွါးများသော ကြိမ်ဖန်များစွာ ပြုသော ထိုသူအား သံယောဇဉ်တို့သည် အချင်းခပ်သိမ်း ပျောက်ကင်းကုန်၏၊ အစဉ်ကိန်းနေသော 'အနုသယ' တရားတို့သည် ကင်းပြတ်ကုန်၏ ဟု မိန့်တော်မူ၏။
Thursday, January 13, 2011
စောင့်ရှောက်အပ်သော ကိုယ်ကျင့် တရား အပိုင်း(၂)
 Google မှရှာဖွေ ရယူပါသည်။
          မြန်မာတွေ စာရိတ္တကောင်းပါတယ် . . . ဟိုးတုံးကဆို စကားပြော အတော်ယဉ်ကျေး ပါတယ်။
လူတိုင်းယဉ်ကျေးလားဆိုတော့ 98% ယဉ်ကျေးပါတယ်။ လွတ်လပ်ရေးရပြီးခါစလောက် ထိပါပဲ၊ ခန့် မှန်းခြေပြောတာပါ။ ဘာဖြစ်လို့ လဲ ဆိုတော့ ကျမရဲ့  ဖေဖေ ပြောတာကို နားထောင်ခဲ့ရဘူးလို့ ပါ။ ဖေဖေက သူတစ်ဖက်သားနှင့် စကားပြောရင် သူ့ ထက်ဘယ်လောက်ငယ်တဲ့ သူဖြစ်ပစေ ကျွန်တော်ကလေ နှင့် စပြောပါတယ်။ အထက်စီးလေသံနှင့် ပြောတာတစ်ခါမှ မကြားရဘူးပါဘူး။ သူငယ်ချင်းချင်းတောင် ယဉ်းနှီးမှူနှင့် သတိလက်လွတ် မင်းတွေ၊ ငါတွေနှင့် ပြောတာ မရှိခဲ့ပါဘူး။
           ဘယ်ခောတ်ကလဲလို့  ကိုအောင်ကမေးလာတဲ့ အတွက်၊ ကွန်မာန့် ကလဲ ရေးလို့ မရတဲ့အတွက် ပိုစ့်အသစ်လေး ရေးတင်လိုက်ပါတယ်။ နောက် အပတ်မှာလဲ ရွာကို အလည်ပြန်မှာမို့  တစ်လလောက် ပျောက်မှာမို့  စာကို ကြိုးစားပြီး များများတင်ခဲ့ဖို့  ကြိုးစားပြီးရေးမယ်လို့  ကြံနေပါတယ်။
          ကျမ မမြင်လိုက်ရသော ဖေဖေဘက်က ကျမရဲ့  ဘိုးဘိုးခောတ်က အကြောင်းလေး နည်းနည်းပြောပြပါမယ်။ ဒါပေမယ့် ဓါတ်ပုံတော့ အကြီးကြီးပဲ ဖေဖေကူးပြီး ချိတ်ထားတဲ့ အဘိုးပုံနှင့် အဘွားပုံ မှန်ဘောင်သွင်းထားတာတော့ မြင်ဘူးပါတယ်။ အဲဒါနှင့် ကျမလဲ ကျမ ဖေဖေနှင့် မေမေပုံကို ဖေဖေကို အတုခိုးပြီး ပုံကြီးချဲ့ ပြီး မှန်ဘောင်သွင်းထားတာ ခုတော့ ဘယ်ထားရမှန်း မသိသေးဘူး။ ဒါနှင့်ပဲ မေမေနေတဲ့ ကျမတို့ အိမ်လေးမှာပဲ သိမ်းထားရပါတယ်။  :P
          ကျမရဲ့  အဘိုးက ပုဂံက ရွားလေးတရွာမှာ ပြောရရင်တော့ ရွာသူဠေးလို့ ပြောရမှာပေါ့။ အဲဒီခောတ်က သူခိုးတို့ ၊ ဒမြတို့ ဆိုတာရှိခဲ့တာပါပဲ။ ဒါပေမယ့် အလွန်နည်းပြီး၊ သစ္စာရှိကြပါသတဲ့။ စီးပွှားမရှာတတ်လို့ ၊ ရင်းနှီးဘို့ ရာ မတတ်နိုင်လို့ သာ ခိုးစားတာ၊ အမြဲခိုးနေတာတော့ မဟုပ်ပါဘူးတဲ့။
          သခိုးတို့ ၊ ဒမြတို့ ဆိုတာ ကမ္ဘာဦးကတော့မရှိခဲ့ဘူး ဟီး  ဟီး . . .၊ ပြီး ကမ္ဘာဦးလူသားတွေက နတ်တွေထက်တောင် သက်တန်းရှည်သေး၊ နူးညံ့တဲ့ ကိုယ်ခန္ဒာလည်းရှိကြလို့  ကမ္ဘာမြေကြီးပေါ်မှာ လမ်းရှောက်နေကြတာ မဟုပ်ပါဘူး။ စ်န္နဲ ့ပဲ သြား၊ လာၾကေသးတာပါ။ တစ်ဦးနှင့် တစ်ဦးလဲ ချစ်ခင်လိုက်တာဆိုတာ ဗြမ္မဆို တရားတွေနှင့်ပဲ နေထိုင်ကြပါသတဲ့။ စားစရာလဲမလိုသေးပါဘူးတဲ့။ ပိတိကို တကယ်စားသုံးတဲ့ သူတွေပါ။ ဒါကြောင့် ယောက်ျား၊ မိန်းမရာယ်လဲ အင်္ဂါ အချိုးအစား မဖွံ့ ဖြိုးသေးပါဘူး။ ဘာလို့ လဲဆိုတော့ အစားမစားတော့ စွန့် စရာ အညစ်အကြေးလဲ မရှိ၊ ကိုယ်ခန္ဒာကလဲ ခုခောတ်လူတွေလို ရေမွှေးဆွတ် စရာ၊ အကူမလိုပါဘူး။ သန့် ရှင်းစင်ကြယ်ကြပုံ တွေပါ။
           ဒါပေမယ့် ခုဆို ဒီကမ္ဘာဟာ ဘုရား လေးဆူတောင်ပွင့်ပြီးပြီး ဆိုတော့ စဉ်းစားကြည့်ပေါ့နော်။ ဘုရားတစ်ဆူးပွင့်ထွန်းလိုက် ဆိုဆုံးမတွေနှင့် နေလာလိုက်ကြနဲ့ ပါပဲ။ ဒါပေမယ့် တချို့ ဝေးလံ ခေါင်သီတဲ့ အရပ်တွေ မှာဆိုရင်တော့ ဘိုးဘိုးတို့ လက်ထက်ထိတောင် တံခါးရွတ်တွေ ပိတ်ပြီ ရန်ကုန်မှာလို တချိန်လုံး သော့ပိတ် နေစရာ မလိုပါဘူးတဲ့ ရှင်။
          ကျမရဲ့ အဘိုးကလဲ ရွာမှာ မရှိတဲ့သူတွေကို အဆင်ပြေသလို့  ပေးကမ်းလာတဲ့သူ တစ်ယောက်ပေါ့။ မိဘတွေကချမ်းသားတယ်၊ အဘိုးလက်ထပ်မှာလဲ ချမ်းသာတယ်။ ပြီးအဘိုးကလဲ တစ်ဦးတည်းသောသားဖြစ်ပြန် (ဆိုလိုတာက မွေးခြင်းကို မရှိတာပါ) ဆိုတော့ တတ်လည်း တတ်နိုင်တာလည်းပါပါတယ်။
          ဘယ်လိုလဲ ဆိုတော့ ပိုက်ဆံရှိတဲ့ သူမှရယ်မဟုပ်ဘူး။ လူတွေကို သူနေရာနှင့်သူ အဆင်ပြေအောင် ဆက်ဆံရမယ်လို့ တောင် သား၊ သမီးတွေကို ဆုံးမပါသတဲ့။ အဲလို ပေးကမ်း စောင့်ရှောက်လာတဲ့ အထဲမှာ သူခိုးခိုးလို့  အဖမ်းခံရတဲ့ သူတွေရဲ့ မိန်းမ၊ မိသားစုတွေကိုလဲ ငွေပေးပြီး ခိုင်းစရာရှိတဲ့ အခါခိုင်း၊ ပေးတဲ့အခါပေးပါသတဲ့။ ကိုယ်လယ်မှာ လုပ်တဲ့သူလဲ ဒီလိုပါပဲ ပေးစရာရှိပေး၊ ကြွေးစရာရှိ ကြွေးပါတယ်။
          အင်္ဂလိပ်ခောတ်နှင့် ဂျပန်ခောတ်အကူးမှာ ခောတ်ပျက်ဖြစ်လေတော့ ဒမြ အလွန်တိုက်တဲ့ ကာလမှာ အဘိုးက ချမ်းသာတယ်ဆိုတော့ ဘယ်နေမလဲ ဒမြတွေက တိုက်ဖို့ လုပ်တာပါပဲ။ အဲဒီခောတ်က ပိုက်ဆံလေး၊ ရွှေလေးရှိရင်ကိုပဲ ဓာတ်သိတွေကကြံလို့  ဒမြတိုက်ခံလွတ်တဲ့ သူဠေးမရှိ သလောက်ပေါ့။ ဒါကြောင့်လဲ ခောတ်ပြက်သူဠေးတွေ ပေါ်လာပါတယ်။ ဒမြတိုက်လို့  ချမ်းသာလာတဲ့ သူဠေးတွေပါ။ လက်နက်ကလဲ လူတွေကြားမှာ လွယ်လွယ်ရှိနေတာပါ။ သေနပ်ကိုင်ရတဲ့ သူတွေ လဲပါတာပေါ့။
          ဒါပေမယ့် ဘိုးဘိုးကတော့ အမြဲလွတ်သတဲ့။ သူကျေးဇူးပြုထာတဲ့ သူတွေက သူတို့ သိတဲ့အတိုင်း ဒီညတော့ ဒမြတွေ ဘိုးဘိုးကိုလာတိုက်လိမ့်မယ် စောစောရှောင်နေပါလို့  ကြိုပြီး သတင်းပေးရင် ရွာကနေရှောင်နေလိုက်နဲ့  ဆိုတော့ ဘယ်တော့မှ ဒမြက တိုက်ခွင့် မကြုံလိုက်ပါဘူး။
          အဲဒီတော့ မဝေးလှတဲ့ နှစ် ၁၂၀ လောက်က ပေါ့နော်။ ဒါတောင် တောင်တန်းဒေသတွေမှာ တော့ ကျမပြောခဲ့ ပြီသလိုပဲ ပစ္စည်းထားခဲ့ရင် လက်ရာမပျက် ပြန်တွေ့ ရတာဟာ မဝေးလှတဲ့ ၁၀နှစ် ၁၂ နှစ်ကကို  ကျမ ကျောင်းပြီး Field ဆင်းခဲ့တဲ့ ယောဒေသမှာ ကျန်ရှိနေတုံးပါ။ အဲဒီ အရပ်ဒေသက ကျမတို့  ကျောင်းဆင်းသူငယ်ချင်းကပဲ ပြောပြတာပါ။ သူတို့ ဒေသမှာ အရင်ကဆို ပစ္စည်းထားခဲ့ရင် ဘယ်တော့မှ မပျောက်ဘူးတဲ့။ မီးရထားလမ်း ဖောက်လိုက်တော့ မီးရထားဖောက်တဲ့သူတွေ ရောက်လာမှ ပစ္စည်းတွေ ထားခဲ့လို့ မရဘူး၊ မကြာခဏပြောက်တယ်လို့ ဆိုပါတယ်။ ဟီးကျမက အဲဒီဠါနက လူတွေယူတယ်လို မဆိုလိုပါ။ မီးရထားလမ်းဖောက်တော့ ကန်ထရိုက်တွေ နယ်စုံက၊ လူစုံတွေလာကြရာကနေ စာရိတ္တ နည်းနည်းပျက်လာတာလား၊ ဘာလား … ညာလားပေါ့။ :D
          ခုနေခါဆို အဲလိုဘယ်ပြောနေလိပ် မလဲ။ ကြုံရင်စားပြီ ကျေးဇူးတင်ရမှန်း မသိသူတွေက အများသား မို့ လား။ ကျေးဇူးရှိတဲ့သူကလဲ သူ့ ကျေးဇူးရှိတယ်ဆိုပြီ နင့်ပဲငဆ ပြောသလား၊ ကျေးဇူးပြုခံရသူကပဲ ကျေးဇူးကန်းသလား ဆို တာ လုံးလည်ချာလည်လိုက်နေပါတယ်။
          အမှန်ကတော့ တစ်ဦးနှင့် တစ်ဦး လေးစားမူလေးတွေနှင့် ဆက်ဆံကြမယ်၊ သူ့ စည်း၊ ကိုယ့်စည်းလေးတွေလဲ ရှိမယ်ဆိုရင် ရန်သူဆိုတာနည်းသွာမယ်။ ခုခောတ်ခါလို တစ်ယောက်နှင့် တစ်ယောက် စိတ်မချလို့  အပြိုင်အဆိုင် လက်နက်တွေ တီထွင်နေစရာလဲ မလိုတော့ဘူးပေါ့နော်။ ကမ္ဘာစစ် ဆိုတာ ဘယ်သူမှ မသိတဲ့ ဝေါဟာရလေးဖြစ်လာမယ်မို့ လားရှင်   ။  ။
Sunday, January 9, 2011
စောင့်ရှောက်အပ်သော ကိုယ်ကျင့် တရား
          ပျင်းပျင်းနဲ့  အိမ်မှုကိစ္စတွေလုပ်ရင်း သတင်းဖွင့် နားထောင်တုံးမှာ ဖိလစ်ပိုင်သမတ္တအသစ်က Correction တွေနှင့် နဘမ်းလုံးနေရတယ်ဆိုတဲ့ စာကြောင်းလေးကြားလိုက်ရပါတယ်။ မြန်မာပြည်က ဟိုတုံးကဆို သူခိုးဆိုတာတောင် မရှိခဲ့ပါဘူးတဲ့။ ဘုရားရဲ့  အဆုံးအမနှင့် အညီနေထိုင်ခဲ့ကြတာမို့ ပါတဲ့။
          စာတွေထဲမှာ ဖတ်ဖူးခဲ့တာတွေပြောရရင် တရုပ်ပြည်ထဲက ကုန်သည်တစ်ယောက်ဟာ မြန်မာပြည်မှာ ကုန်ကူးဖို့ ရန် အတွက် ဒေသထဲက နယ်ခံလူတွေကို လုံခြူံရေးအတွက်ငှါးပြီ မြင်းနဲ့  ကုန်းကြောင်းကနေ ဝင်ရောက်ခဲ့ပါသတဲ့။
          လူစုနဲ့  ပစ္စည်းတွေနဲ့ ဆိုတော့ လမ်းမှာ ဇရပ်တစ်ခုမှာ ညအိပ်တည်းခိုပြီမှ လိုရာကို ခရီးဆက်ရပါသတဲ့။
ဟိုးတုံးက ရွားထိပ်တွေ၊ အလှမ်းဝေးတဲ့ ရွာနှစ်ရွာကြားလမ်းဆုံးတွေမှာ ဇရပ်တွေကို အလှူသဘောမျိုး၊ ဒါမှမဟုပ် ရွာတွေကစုလို့  သွားရေအဆင်ပြေအောင်စီမံထားလေ့ရှိကြတယ်လို့ ဆိုပါတယ်။ အဲဒီဇရပ်တွေမှာ ဒီလိုပဲ ခရီးသွားတွေ ညရေး၊ညတာ ခရီးသွားရင် တည်းခိုလေ့ရှိပါတယ်။
          နောက်တစ်နေ့မနက်ကျတော့ ပစ္စည်းတွေပြင်လို့  တရုတ်ကုန်သည်ဟာ ခရီးဆက်လာတာ ခရီအတော်လှမ်းမှ ငွေထုပ် ဇရပ်ပေါ်မှာကျန်ရစ်တာ သတိရတယ်။ ဒါနဲ့ လုံခြုံရေးအတွက်ငှါးလာတဲ့ အဖွဲ့ ခေါင်းဆောင်ကိုပြောလို့  ပြန်ယူဖိုပြင်ခိုင်းပါတယ်။ ဒါနဲ့ အဖွဲ့ ခေါင်းဆောင်ကလဲ ဘယ်အရပ်မှာကျန်ခဲ့သလဲ မေးတယ်။ တည်းခိုတဲ့ ဇရပ်မှာကျန်ခဲ့တယ်ဆိုတာသိရတော့ ပြန်မယူဖို့ ပြောပါတယ်။ ပစ္စည်းတွေရောင်းရေး ဝယ်တာပြီမှ အပြန်လမ်းမှပဲ ယူဖို့ပါ။ ဒီအရပ်က ပစ္စည်းမပျောက်ပါဘူး ဆိုတဲ့ အတွက်ကုန်သည်လည်း ရှေ့ ပဲခရီး ဆက်ခဲ့ရတယ်။
          အရောင်း၊ အဝယ်ပြီးလို့  ပြန်လာတဲ့ထိ ကုန်သည်မှာ ပူပန်စိတ်နဲ့  ပြန်သာလာခဲ့ရတယ် သူပစ္စည်း ပြန်တွေ့ ဖို့ ရင်ပူနေခဲ့တယ် ဆိုပါတယ်။ အဲဒီ အချိန်ထဲက တရုတ်ပြည်မှာ အမည်ခံ ဗုဓ္ဒဘာသာ သာရှိတော့ ပါတယ်။ ဘုရားအဆုံးအမနှင့် ဝေးခဲ့ပြီး၊ သူခိုး၊ ဒမြတွေ ပေါရာအရပ်ဖြစ်နေတော့ စိတ်ကတော့ ပစ္စည်းမပျောက် တာကို ယုံဟန်မတူပါဘူး။
          ဒါပေမယ့် ဇရပ်ကို ပြန်ရောက်တဲ့ အခါမှာ သူ့ ငွေအိပ်ဟာ သူမေ့ကျန်နေတဲ့ အတိုင်းလက်ရာ၊ ခြေရာ မပျက်ပဲ ပုံမပျက်တွေ့ လိုက်ရသတဲ့။ ဟိုးတုံးက ခရီးသွားရင် တစ်လ၊ ကိုးသီတင်းကြာအောင်သွားရတာပါ။ တစ်လလောက်ကြာမှ ပြန်လာတာတောင် မပျောက်ပါဘူး။ ကိုယ့်ပစ္စည်းမဟုပ်ရင် လက်နဲ့ ကိုင်ကြည့်ဖို့ ထား စိတ်နဲ့ ပြစ်မှားခြင်းမရှိကြဘူတဲ့။ ဒါဟာ တရုတ်ပြည်က ခရီးသွားမှတ်တမ်းတွေက ထွက်လာတဲ့ တကယ့် အဖြစ်အပျက်တစ်ခုပါ။
          ဦးဂိုအင်ဂါပြောပြခဲ့တယ်လို့ ထင်တာပါပဲ၊ ဘယ်မှာဖတ်ဖူးတယ်ဆိုတာတော့ မေ့သွားပါပြီ။ သူ့ ရဲ့ အဖိုးကလဲ ဗမာပြည်ကို ကုန်းကူးဖို့ လာခဲ့ဘူပါတယ်တဲ့။ သူ့ ရဲ့ ပစ္စည်းတွေလဲ အဲလိုပဲ မပျောက်ခဲ့ဘူး ဘူဆိုပါတယ်။ ဒါအပြင် သူ့  သား၊သမီးတွေကိုလဲ ဗမာပြည်ရဲ့  သီလလုံးခြုံးပုံ၊ သူခိုး၊ ဒမြနည်းခဲ့ပုံ ဘယ်လို နေထိုင်ကောင်းတဲ့ အခြေချနေထိုင်သင့်တဲ့ အရပ်ဖြစ်ပုံကို ပြောပြခဲ့ဘူးတယ်ဆိုပါတယ်။
          ရှင်ဘုရင်တွေ လက်ထက်မှာတုံးက ကြက်ဥတောင် အသက်ရှိလို့  စားသုံးခြင်မရှိခဲ့ပုံ၊ အင်္ဂလိပ်တွေ မြန်မာမြေကို အခြေချလာမှာသာ ခောတ်မှီတယ်လို့  အမြင်မှားကာ အားရှိအောင် ကြက်ဥစားသုံးရာက နောက်ပိုင်းမှာ ဒါဟာ သူ့ အသက်သက်တဲ့ အထဲပါတာကို မေ့လျှော့လာတာပါ။
          သီလအခြေခံလျှော့လာတာနှင့် အမျှ ရောဂါတွေပေါလို့ ၊ သက်တန်းလဲတိုလာကြပါတယ်။ သစ္စာတရား ထွန်းကာတုံးက ဆေးဖက်ဝင်ခဲ့ကြတဲ့ နွယ်၊မြက်၊ သစ်ပင်တွေသည်ပင်လျှင် ခုတော့ ဝေဒနာပျောက်ကင်းအောင်း မစွမ်းနိုင်တော့ပါဘူး။ လူကျင့်ဝတ်လို့  ဆိုအပ်တဲ့ (၅)ပါးသီလမှာ လူတို့  စောင့်ရှောက်သော သီလ ဘယ်နှစ်ပါး ကျန်ပါလိပ်အုံးမလဲ မသိတော့ပါ။
Tuesday, January 4, 2011
လွတ်လပ်ရေးနေ့ 
 လွတ်လပ်ရေးနေ့     
'
   ဒီဇင်ဘာလ ဆိုရင်ရပ်ကွပ်တိုင်းမှာ ပြေးခုန်ပစ် အားကစားပွဲတွေ ကျင်းပလေ့ရှိတယ်။ လွတ်လပ်ရေးနေ့ မှာတော့ မြို့ နယ်အဆင့် ပြိုင်ပွဲးတွေ ကျင်းပလေ့ ရှိတဲ့ ကျမရဲ့  မြို့ ကလေးအကြောင်းပါပဲ။
   ဒုတိယ အစမ်းစာမေးပွဲးပြီးလို့  ကျောင်းကလဲ ၁၀-ရက်လောက်ပိတ်ထားပြန်၊ အေးတဲ့ရာသီလဲ ဖြစ်ပြန် ဆိုတော့ ကလေးသဘာဝ အိမ်ထဲမှာတောင်နေတာ မဟုပ်ပါဘူး။ အိမ်ပတ်ဝန်းကျင်က ကလေး ကြီး၊ သေး ရွယ်စုံးနှင့် နေ့ တမျိုး၊ ညတဖုံ ရိုးတယ်ကိုး မရှိပါဘူး   :P ဆော့ကြတာ ဗြောင်ကိုဆန်နေတာပါပဲ။ ခုတော့ ကျမတို့  အိမ်ရှေ့ တလျှောက်က မြေနေရာလေးမှ ညဘက်ရောင်း တဲ့ဈေးဆိုင်လေးတွေနှင့် ကစားကြမဲ့ ကလေးတွေကလဲး မတိုးပွှားလာပဲ ဟိုဟို ဒီဒီ ပြောင်းလို့  အသွင်သစ်တွေ ပြောင်းကုန်ပါပြီ။
   ဒီလို့  သောင်းကျန်နေတဲ့ ကလေးတွေပဲ လေ။ ဒါတောင် ရပ်ကွတ်အားကစားပွဲးတွေ လုပ်တယ် ပြိုင်လို့ ရတယ်ဆိုတာ မသိသေးပါဘူး၊ ကလေးကို။ ရပ်ကွတ်ထဲက ဖေဖေနှင့်လဲ အလုပ်မှာ သိကျွမ်းတဲ့ ဦးရွှေဝင်းက ကျမကို ကစားဖို့ လာခေါ်ပါတယ်။ သူပဲ နံမည်စာရင်းပေးတော့ အရပ်တွေတိုင်းပြီးတော့ ကလေးတွေကို အုပ်စုခွဲးပါတယ်။ အင်း ဒီနေရာတော့ ကျမမှတ်မိတာက မှားသွားပြီလားမသိဘူး။ အရပ်တိုင်းတာ မှန်ပေမယ့် အုပ်စုကတော့ အသက်နှင့်ပဲ ခွဲးတာပါ။ ဟုပ်တယ် ဟုပ်တယ်။
    ကျမ စဆော့တဲ့ အရွယ်မှာ ထိုင်ခုံလုပွဲးပါတယ်။ ထိုင်ခုံတွေချပြီး ဘယ်နနှစ်ကလေးတွေ လာလို့  လော်စပိကာနဲ့  အော်လိုက်တော့ ကလေးတွေ သွားစုတယ် ထိုင်ခုံဘေးမှာ။ ဝီစီမှုတ်ရင် ထိုင်ခုံပတ်ပြေး လို့  မှာထားတယ်။ ကိုကလဲ
စပြိုင်ဘူးတာ ပထမဆုံးလေ အူလည်လည်နဲ့  ဝီစီသံဆုံးတော့ နီးရာသူများတွေထိုင်လို့  ကိုလဲ အစပိုင်းကတော့ ဟုပ်တိ၊ ပတ်တိ ထိုင်ခုံရသေးတယ်။ ထိုင်ခုံ ကတဖြည်းဖြည်း လျှော့လာတာ နှစ်လုံးလဲကျန်ရော (အဲတာဒိုင် ပေါ်လဲ မူတည်တယ်) သူမုတ်တဲ့ 
အချိန်မှာ ကိုက ထိုင်ခုံရှေ့ မှာ မဟုပ်တော့ ကျန်တဲ့ရှေ့ ရောက်နေတဲ့ကလေးက ဝင်ထိုင်ရော။ ဘယ်ခုံထိုင်ရမှန်း မသိဘူး၊ ယောင်လည် ယောင်လည်နဲ့ ငိုမဲ့မဲ့ဖြစ်နေတော့မှ မေမေက လာဆွဲးခေါ်ရတယ်။ နှစ်ယောက်မှာ တစ်ရတဲ့သူအတွက်
ဆက်ပြိုင်ရဦးမှာကိုး။ ခုတော့ တခြားကလေးတွေ ဖြစ်နေရင် ရီခြင်တယ်။
   နောက်ပွဲးက ဝက်မျက်လုံးထိုးပွဲး။ ပွဲစဉ်တွေတော့ ရှေ၊့နောက်တွေ မှတ်မိတော့ပါဘူး။
အဲတာတော့ သူတို့ ဘယ်လိုရွေးတယ်၊ သတ်မှတ်တယ်ဆိုတာ ခုချိန်ထိ ရေးတေးတေးပဲ။ ဒါပေမယ့် ဒါလဲ တတိယပဲ။ မီတာ ၅၀ အပြေးပြိုင်ပွဲးတော့ ဒုတိယရတယ်လို့  မှတ်မိတယ်။
   နောက်နှစ်တော့ ကိုယ့်ဘာသာ သွားပြိုင်ဖြစ်သွားပါတယ်။ အရွယ်ပြောင်းသွားတော့ ကစားနည်းတွေလဲ ပြောင်းပြီးဆော့ရတယ်။ ကြက်ဥဇွန်းကိုက်လို ပြိုင်ပွဲးကတော့ ကိုယ့်ဘာသာ တစ်ယောက်ထဲ ဇွန်းထဲက ကျောက်ဒိုးလေးကို ငြိမ်အောင် ကိုက်ပြီး ပန်းတိုင်ကိုသွားရတယ်၊ အားလူကောက်လဲပဲ တစ်ယောက်ထဲ တာထွက်မှာ ချထားတဲ့ ခြင်းတောင်းထဲကို အားလူးတွေကို နီးရာကနေ ဝေးသွားတဲ့ထိကောက် ပြည့်သွားရင် တောင်ကိုမပြီး ပန်းဝင်အောင်းပြေးရတယ်။ အဲဒါတွေကတော့ တစ်ယောက်ထဲ ပြိုင်လို့ ရပေမယ့် ၊ အပ်ချည်နဲ့  အပ်ထိုးတာတို့  ကျတော့ တစ်ယောက်ကကိုင် တစ်ယောက်က ပန်းတိုင်ကနေ ပြေးလာပြီး အပ်ချည်ထဲ့၊ ထဲ့လို့ ရသွားရင် အပ်ကိုင်ထားတဲ့ သူကယူပြီး ပန်းတိုင်ထိပြေးရတယ်။ ဒီလို ပွဲးလေးတွေကြတော့ ဘက်ကောင်းရဖို့  လိုတယ်။ ဒါကတော့ ကံအတိုင်းပဲ အဆင်ပြေသလို ရွေးပြီး တွဲလိုက်တာဆိုတော့။
   ဒီကစားနည်းလေးတွေကို ကြည့်လိုက်ရင် ကိုလက်လုတ်ရှားမှု့ ကိုတင် အားပေးတာ မဟုပ်ပါဘူး။ ယှဉ်ပြိုင်မှု့ တွေ၊ ပူပေါင်းဆောင်ရွတ်မှုတွေ ပါလာပါတယ်။ ဒီထဲ မကောင်းတာ တစ်ခုကလည်း ဘာလဲ ဆိုတော့ ဒိုင်တွေဘက်လိုက်ရင် ကလေးတွေပါ မကတော့ဘူး လူကြီးတွေပါ စောင်လာတယ်။ ဘာမှတော့လဲ မဟုပ်ပါဘူး။ ကိုယ်နိုင်တဲ့ အဆင့် အလိုက်တော့ ကောက်ထားတဲ့ ပိုက်ဆံလေးကို ဆုချတာပါပဲ။ မုန့် ဖိုးရတာပေါ့။ ဒါကလဲ ကလေးဆိုတော့ များပါတယ်။ ပထမဆိုရင် ၃၀ကျပ်၊ ဒုတိယက ၂၅ကျပ်၊ တတိယဆိုရင်တော့ ၂၀ကျပ် လောက်ရတယ်လို့  ရေးရးပဲ မှတ်မိတယ်။ အဲလိုဆိုတော့လဲ များသင့် သလောက်များမှာပေါ့နော်။ ကျမတို့ ရတဲ့မုန့် ဖိုးက အဲဒီတုံးက တမတ်၊ ငါးမူးပဲ သုံးရသေးတာကိုး။ (၂၅ ပြား၊ ပြား၅၀ ကိုပြောတာပါ၊ ခုခောတ်က အကြွေကို မမြင်ဘူးလောက်တော့ဘူး။)
   ဒါက မိန်းကလေးတွေ ကစားရတာ။ ယောက်ကျားလေးတွေလဲ အသက်အရွယ်ခွဲးလို့  ကစားနည်းတွေ ကွဲးကြတယ်။ ဂုံနည်းအိတ်စွပ်ပြေးတာ၊ ပူပေါင်းဖောက်ပြိုင်တာ၊ ဒါပေမယ့် အားလုံးတူတဲ့ ကစားနည်းကတော့ အပြေးပြိုင်ရတာပါပဲ။ အရွယ်လိုက်လို့ တော့ ပြေးရတဲ့ အကွာအဝေးက ကွာသွားတာပေါ့။ လူကြီးပိုင်းတွေ ဆိုရင် ရပ်ကွတ်ပတ်ပြေးရတယ်။ မှတ်မိနေတာ တစ်ခုကတော့ ရပ်ကွတ်ပြိုင်ပွဲးက လူတစ်ယောက် ပြေးနေရင်းပန်းဝင် လာပြီးတော့မှ ကြွတ်ကျောတက်တာကို ပထမဆုံး စမြင်ဘူးသွားပါတယ်။ ဟီး စပ်စုတာပါ မသိလို့ ၊ သူကတော့ တော်တော်ခံစား နေရတာပါပဲ။ ကြည့်ပြီးတော့ စိတ်တောင်မကောင်းပါဘူး။
    မြို့ နယ်အဆင့်မှာတော့ ပြေး၊ ခုန်၊ ပစ် ဆိုတဲ့အတိုင်း စုံပါတယ်။ ခေါင်းဦးနဲ့  တစ်ယောက်ကို တစ်ယောက်ထုတာ၊ အစားပြိုင်၊ အမြင့်ခုန်၊ လှံတံပစ်၊  သံလုံး၊ သံပြားတွေ ပစ်တာမမြင်ဘူးတာတွေ အစုံပါတာပေါ့. နတ်ကရာ ကြည့်မောရတာပါပဲ။ ကလေးဆိုတာ လောကထဲ အသစ်ရောက်လာတဲ့ ဧည့်သည်လေးတွေ မုတ်လား။
   အဲလိုပဲ အလုပ်သမားနေ့ နှင့် ပတ်သတ်တဲ့ ပွဲးလမ်းမျိုးတွေလည်း တွေ့ ရဘူးပါတယ်။ ကျမတို့ မြို့ က အလုပ်သမားမြို့ တော်ကိုး ။ လူတွေက အသစ်တွေရောက်လာလိုက်၊ သိကျွမ်းပြီးသား လူဟောင်းတွေက တနယ်၊တကျေး ပြောင်းသွားလိုက်နဲ့  ဆိုတော့  မြို့ သူ၊မြို့ သားတွေကလည်း အချိန်တန် အရွယ်ရောက်လို့  အလုပ်ခွင် တွေထဲဝင် မိဘတွေနဲ့ ခွဲး၊ မွေးရပ်မြေလေးနဲ့ လည်းကွဲးကွာလို့  တွေ့ ၊ ကြုံ၊ စုံ၊ ကွဲး ရတာဟာ ဓမ်မသဘောတရားနှင့် အညီပါပဲလေ။
    သတ္တဝါတွေဟာ ဖြစ်လေရာဘဝ၊ ရောက်လေရာ အရပ်မှာ ပျော်ကြတာပဲလို့  ဘုရားဟောလေး ရှိသားပဲ။ ဘုန်းကြီးတွေဟောတာ နာရဘူးတာကတော့ . . . . .
 :D     တခါက နတ်ပြည်မှာ နတ်သား နှစ်ပါးအတူရှိနေတုံး နတ်သားတပါးက နတ်ဝတ် တန်ဆာတွေ ငြိုးလာတော့ သူစုတေရတော့မယ်လို့  သိသတဲ့။ ဒါနဲ့  သူဒီကစုတေရင် ဘယ်ဘဝမှာ ဝင်စားမလဲလို့  နတ်မျက်လုံးနှင့် စူးစမ်းလိုက်တော့ နွားချေးပိုးထိုးကောင် ဘဝရောက်ရမှာကို မြင်သတဲ့။ ဒါနှင့် သူလဲရှက်လွန်းလို့  သူ့  သူငယ်ချင်းကို သူငယ်ချင်းရေ ငါများ ဒီဘဝရောက်ခဲ့ရင် ငါ့ကို လာလို့ သတိပေးပါကွယ်။ သူက အဲဒီဘဝမှာ တစ္စက္ကန့် လေးတောင် မနေပါရစေနှင့်လို့  ပြောပြီး စုတေသတဲ့။ ဒါနဲ့  သူငယ်ချင်ဖြစ်သူကလဲ သူ့ သူငယ်ချင်းမတွေ့ ရတော့မှ ဒိဗ္ဗစက္ကူဥဏ်နှင့် ဆင်ခြင်လို့ ရှာလိုက်တာ တစ်ခုသော နွားခြေပုံထဲမှာ သွားတွေ့ တယ်ဆိုရင်ပဲ နတ်ပြည်ကနေ သူငယ်ချင်းရှိရာအရပ်ကို အာရုံပြုလို့  သတိပေးသတဲ့။
   တော် တော်နဲ့  ထွက်မလာတော့မှ နွားချေးပုံဝလောက်ကနေ အသံပြုသတဲ့ (အသံပေါ် လာအောင် လုတ်တယ်လို ယူဆရတာပဲ) အဲဒီတော့မှ ချေးပုံထဲက တက်လာပြီး ပြောဆိုပဲ။ သူငယ်ချင်းရေ ငါဒီမှာ နွားချေးပိုးထိုးမလေးနဲ့ ပျော်နေလို့  အချိန်တောင် မအားပါဘူးလို့  ပြောပြောဆိုဆို ချေးပုံထဲကို စွပ် ဆိုပြီး ခုန်ဆင်းသွားပါရောတဲ့. . . ပုံပြင်လေးကတော့ ဒါပါပဲကွယ်။
     ဒါကြောင့် ဘဝမှာ ဒီလိုပဲ ပျော်လည်းနေ၊ မပျော်လည်းနေ   မပြိုင်ခြင်လဲမရ၊ ပြိုင်ခြင်လဲ မရတဲ့ ဘဝတွေကို ဆက်လတ်ချည်တက်နေကြရဦးမှာပါလို့  နီဂုံးချုပ် လိုက်ပါရစေနော်။
     ပုံများကို Google မှ ရှာ၍ ရယူပါသည်။
Sunday, January 2, 2011
ကျမငယ်ငယ်က ကြည့်ခဲ့ရသော ရုပ်ရှင်များ
   ကျမတို့ မိသားစု နေတဲ့ အိမ်လေးဟာ ရုပ်ရှင်ရုံနှင့် လွန်စွာမှ နီးပါတယ်။ ငယ်စဉ်ကတော့ ရုပ်ရှင် မကြာခဏ ဆိုသလို ကြည့်ရပါတယ်။ TV မပေါ်သေးခင်ကပေါ့ ။ ကျမမှတ်မိနေသေးတယ် ကျမရှစ်တန်းတက်တော့မှ TV က စပေါ်လာတာပါ။  အဲဒီထဲကမှ တချို့ ကို မှတ်မိပြီး နှစ်သက်တဲ့ အခန်းတွေကိုတွေ ပိုမှတ်မိပါတယ်။
    အဟီး . . . တချို့ လဲ မမှတ်မိဘူး။ ဒါပေမယ့် မြန်မာ့ ရုပ်မြင်သံကြား (တခါတလေ မြင်ခြင်မှ မြင်ရမယ်၊ တခါတခါတော့ အသံပျောက်တတ်တဲ့)  TV ကြီးက ပြန်ပြီး အခါမလတ် နွေးပေးနေလို့  မေ့မလိုဖြစ်လိုက် ပြန်ကြည့်လိုက်ရတော့ သတိရလာလိုက်နဲ့ ပေါ့။  ပုပ်ပါးမှာ ထပ်ဆင့်လွှင့်ရုံး ဆောက်ပေးထားလဲ တခါတခါ လိုက်ကာချထားလို့  မကြည့်ရတာလဲ ရှိရဲ့  …။
   ငယ်တုံးက ရုပ်ရှင်ကြည့် သွားပြီဆိုရင် မေမေရယ်၊ အမတွေရယ် လူကများတယ်မို့ လား။ မေမေက ကျမအတွက်ခုံမဝယ်ဘူး၊ ကျမက ကလေးဆိုတော့ ထိုင်ခုံလက်တန်းပေါ်မှာ ထိုင်ကြည့်ရတာပါပဲ။ များသောအားဖြင့်တော့ DC တန်းကကြည့်တာပါပဲ။ တခါတလေ လက်မှတ်မရရင်တော့ အောက်ထပ် နောက်ဆုံးတန်းကပဲ ကြည့်ရတာပေါ့။ DC ကကြည့်ရင် တခြားတန်းတွေကတော့ ကျမအတွက် ပြဿနာ မရှိပေမဲ့ နောက်ဆုံးတန်းကဆိုရင်တော့ ကျမက လက်တန်းပေါ် ထိုင်ကြည့်ရတာ ဆိုတော့ ဆလိုက်ထိုးတဲ့ အပေါက်ကို လွတ်အောင်ထိုင်ရတယ်။ ကျမခေါင်းနဲ့ က ရုပ်ရှင်ဆလိုက်ထိုးတဲ့ အပေါက်နဲ့  အတည့်ပဲ။
   ဖလင်စက်မောင်းတဲ့ ဦးရဲလှက အိမ်ကလူတွေနှင့်ရင်းနှီးနေလို့ တော်သေးတယ်။ တခါတလေ အပေါက်နားလာပြီး ကျမနာမည်ခေါ်လို့  ခေါင်းဖယ်ခိုင်းရတယ်။ ရုပ်ရှင်ပြလို့ မရလို့ လေ . . . :D
အဟီး . . . ရုပ်ရှင်ကြောင်းမရောက်တော့ဘူး။ ရုပ်ရှင်သွားရင် ကြုံရတဲ့ အမှတ်တရ အကြောင်းတွေဆိုတော့ ဒါတွေမပါတော့လဲ မပြည့်စုံဖူးပေါ့နော်။ ထိုင်ခုံဝယ်ရတဲ့ အရွယ်မှာတော့ သိပ်မကြည့်ဖြစ်တော့ပါဘူး။ TV တွေ ၊ Video တွေက အသုံးများလာတာကိုး။
    ပထမဆုံး သတိယမိတဲ့ကားကတော့ ရှင်ဥပဂုတ်ကားပါ . . . အဲဒီကားစပြတော့ ကျမတို့ မြို့ မှာမိုးရွာတယ်။ အညာနွေက မိုးရွာခဲတယ်လေ။ ထူးဆန်းတော့ မှတ်မှတ်ရရပါပဲ။ ကလေးလေးကို နတ်သမီးက နတ်ရေကန်ထဲ ပစ်ချလိုက်တာက စမှတ်မိတယ်၊ ရေကန်ထဲက လူကြီးပြန်ထွက်လာတော့ နတ်တွေက ထီးမိုးပြီးရပ်နေကြတယ်။ အဟဲ နတ်ရေကန်ထဲ ကလေးထည့်လိုက်တော့ တန်းလူကြီးဖြစ်လာတော့ တာကိုး ၊ နောက်တော့ ဘုန်းကြီးဖြစ်သွားပြီး ပင်လယ်ထဲမှာ ကြေးပြသတ်နဲ့  နေတယ်။ ဆွမ်းကိုလဲ နေကို ကြည့်လို့ ဘုန်းပေးတယ်။ ဆွမ်းလှူသူတွေက နဂါးတွ၊ နတ်တွေလို့  ထင်တယ်။ ဒါတွေပြောနေတာ ဘာသာရေးကို ပြောခြင်လို့  မဟုပ်ပါဘူး။ ဟိုတုံးကရုပ်ရှင်တွေက အဖြူ၊ အမဲနဲ့ ရိုက်တာတောင် ထူးဆန်းပြီး ကြည့်ရတာ အရသာလေးနက် အဆင့်မြင့်တာကိုသာ ပြောခြင်တာပါ။ ကလေးဆိုတာက ထူးဆန်းရင် သဘောကြတတ်တာမျိုးလို့  ထင်တာပဲ။ :P
     အဲဒီကနေ ဘယ်အခန်းမှတ်မိလဲဆိုတော့ ဘုန်တော်ကြီးတွေ လာပင့်ကြလို့  ကုန်းပေါ်ကို ကြွလာပါလေရော။ အလှူပေးတဲ့ အချိန်မှာ ခဲမိုးတွေရွားလို့  ရှင်ဥပဂုတ်တက မိုးပေါ်ကိုကြွလို့ မာနတ်နောက် လိုက်တာကိုး၊ မာနတ်နှင့် ရှင်ဥပဂုတ်တလဲ တန်ခိုးခြင်ပြိုင်သတဲ့ ဖန်ဆင်းတာတွေလဲ  ပြတယ်။ ပြိုင်တိုင်း ရှင်ဥပဂုတ်တကသာ နိုင်တော်မူတယ်။ ဒါကလဲ ထူးထူးဆန်းဆန်းတွေပါပဲ။ နောက် မနိုင်တော့ မာနတ်ကထွက်ပြေးတယ်။ အဲဒါကို ဖမ်းပြီ ခါးပန်းကြိုးနှင့် စင်္ကြာဝဋ္ဌာတံတိုင်းမှာ ချည်ထားပါလေရောလား။ ခွေးသေကောင်ကို လည်ပင်းမှာဆွဲပေးထားသေးတယ်။
    အလှူပြီးသွားမှာ ကြိုးသွားဖြေပေးတယ်။ မာနတ်က မြတ်စွာဘုရားရှင်နဲ့ တုံးက ငါကသာလုပ်ခဲ့တာ၊ ဘုရားရှင်က အမြဲခွင့်လွတ်တော်မူတယ်လို့  တွေးတဲ့ အခန်းလဲပါတယ်။ အဲလိုလဲ ရှင်ဥပဂုတ်တကို လျှောက်တော့ တခါ ဘုရားကိုမြင်ဖူးချင်လို့  ဖန်းဆင်ခိုင်ပြန်သတဲ့ ။ တူအောင်တော့ မစွမ်းပါ၊ အနီးစပ်ဆုံးဆိုရင်တော့ ဖန်ဆင်းပြပါမယ်လို ဆိုပြီ ဘုရားဆွမ်းခံကျွလာတဲ့ပုံကို ပြတာပေါ့။  ဒါပေမယ့် ဖန်ဆင်းထားတဲ့ ဘုရားကို ထိုင်မကန်တော့ဖို့  အကြိမ်ကြိမ် ဂတိတောင်းတယ် ၊ ကန်တော့ရင် သူ့ အဖို့ မှာ ဒုက္ခရောက်ရပါလိပ်မယ် ဆိုပြီမှ ဖန်ဆင်းပြပါတယ်။ ရောင်ခြည်တော်တွေ တလတ်လတ်နဲ့ ကြွလာ တာ မြင်တော့ မနေနိုင်ပဲ ထိုင်ရှစ်ခိုးတယ်။ အဲဒီမှာပဲ မာန်နတ်ဟာ လွင့်စင်ပြီ စကြ်ာဝဋ္ဌာအုတ်တံတိုင်းနဲ့  ခေါင်းဆောင့်တော့တာပေါ့။
   ဒီလို အခန်းတွေကို ရှေးက Computer လဲ မရှိပဲ ဖြစ်အောင် ရိုက်ပြခဲတာလေ။ ဒါက ဗမာကားဟောင်း တွေထဲက တကား။ ဒီကားကိုတော့ TV မှာရော၊ ရုပ်ရှင်မှာရော ပြန်ပြတာ မတွေ့ မိပါဘူး။ ခုနေခါမှာ ရှင်ဥပဂုတ်တ ရှိတယ်ဆိုပြီး ပင်လယ်ထဲ ဖောင်လေးနှင့် နှစ်တိုင် ဆွမ်းတွေ မျှောတဲ့လူတွေ၊ အရပ်ဒေသတွေတောင် ရှိတုံးပါပဲ။ တချို့ တွေကလဲ မရှိဘူးလို့  ဆိုတာပဲ . . .။  တချို့ သဘောသား လောကမှာဆိုရင် လပြည့်နှင့် ဗုဓ္ဒဟူးရတ်ထပ်ရင် သပိတ်မှာ ဆွမ်းထဲ့လို့  ငှက်ပျောဖီးကြီး ကို အဖုံးလို အုပ်လို့  ပင်လယ်ဝ သွားမျှောကြသေး . . .    :P ။
    ငယ်ငယ်က ပွေလီတာတော့ မဟုပ်ပါဘူး၊ ကြည့်ဘူးတာလေး ပြောရအုံးမယ်။ ဒါက ဟိုးတုံးက English ကားကြောင်း ။ ဘုရားပွဲဈေးတွေမှာ ကျမတို့ ငယ်ငယ်က ထူးဆန်းတဲ့ရုပ်ရှင်တွေကို ရုံသွင်းပြီးပြလိုက်သေးတယ်။
    ၃ကား တစ်ကျပ်ပေးရတယ်။ အဲဒီတုံးကလဲ ရုပ်ရှင် သွားကြည့်ရင် DC (အထက်တန်း)က ကြည့်မှ ၃ကျပ် ပဲပေးရတဲ့ခောတ်ဆိုတော့ ဈေးသိပ်မချိုဘူးလို့ ပြောရမယ်။ ဒါပေမယ့် ကားတွေက တော်တော် ထူးထူးဆန်းဆန်းဆိုတော့ ပေးရတာတန်ပါတယ်။ ကလေးတွေ ၂နာရီ၊ ၃နာရီ လောက်တော့ မထိန်းရတော့ဘူး။ ကလေးတွေပဲ ကြည့်တာကိုး။
  ကျမရာယ်၊ ကျမအထက်က အမရာယ်ကို မေမေကလတ်မှတ်ဝယ်ပြီး ရုံပေါက်ပို့ ထားခဲ့တယ်။ နှစ်ယောက်မို့ တော်သေးတယ်။ ကျမဆို လှုတ်ရဲဘူး ကြောက်လို့ ။ မှတ်မိသလောက် ပြောရရင်တော့ ကျောက်ရုတ် အကြီးကြီး ပင်လယ်ဘေးမှာ ရှိတယ်။ အဲဒါကို လူတွေရောက်သွားတော့ ခြေထောက်မှာ ရှိတဲ့ အပေါက်ကိုဖွင့်လိုက်တာ။ အဲဒီမှာ အသက်ဝင်လာတော့တာပါပဲ။ လူပိစိလေးတွေ အသက်လု ပြေးရတာပေါ့၊ ဒါပေမယ့် ဟိုက အကြီးကြီး။ ရေးရေးပဲ မှတ်မိလို့  အသေးစိပ်တော့ ရေးပြတတ်တော့ဘူး။
   နောက်တကားက ခု တောင် Holly Wood မှာ ကြေညာနေသေး။ လူအကြီး ကြီးကို လူအသေးလေးတွေက ကြိုးနဲ့ တုတ်ထားတာလေ။ အဲလိုကားမျိုးက တစ်ကား။ ကင်းကောင်နဲ့  
ဂေါ်ဇီလာကားက တစ်ကား။ ထူးဆန်းပြီး ကြောက်စရာကောင်းလို့  ကြည့်တဲ့သူတွေ ငြိမ်ကုတ်နေတာပဲ။ ရုံထဲကထွက်လာမှပဲ ခေါင်းတွေ၊ ခြေတွေ ၊ လက်တွေ ဆန့် ရဲတော့တယ်။ 
    ဒါတောင် အမပါလာလို့ ။ သူ့ လက်ကိုင် အကြပ်ကြီးကိုင်ပြီ ကြည့်ရတယ်။တစ်ယောက်ထဲဆို ရုံထဲတင် ရူးပါနေမလား မသိဘူး။ ဒါတောင် လက်နဲ့ ကာပြီး လက်ကြားထဲကနေ ချောင်းကြည့်တာ ။ ဟားဟား ဘာမှတော့ ထူးပါဘူး မကာပဲကြည့်တာနဲ့ ၊ အကာကြားထဲက ချောင်းကြည့်တာနဲ့ ။
   နောက်မှပဲ ကြုံရင် တခြားရှေးက ရုတ်ရှင်ကားထဲက မှတ်မိတာလေးတွေ ပြောပြအုံးမယ်။ ဒါတောင် မျောက်ပွဲးတို့ ၊ ဆပ်ကပ် ဦးမောင်မောင်တို့  ပြတဲ့ ကျွမ်းဘားကြည့်တာတို့  ရှိသေးတယ်။ နောက်မှ ပေါ့နော် ။
Wednesday, December 29, 2010
မြန်မာတွေဟာ ကမ္ဘာမှာ အချမ်းသာဆုံး ဖြစ်သင့်တယ်။ ဒါပေမယ့် ထင်သလောက် မချမ်းသာဘူး။ အဲဒါ ဘယ်အကြောင်းတွေကြောင့်လဲ
Forward Mail မှာရရှိပါသည်။
နှစ်သက်သဖြင့် ပြန်လည်ကူးယူဖော်ပြပါသည်။
အောက်တွင်ပေးပို့ သူ အမည် မချယ်ရီထွန်းဟုသာပါရှိပါသည်။ 
မြန်မာတွေဟာ ကမ္ဘာမှာ အချမ်းသာဆုံး ဖြစ်သင့်တယ်။ ဒါပေမယ့် ထင်သလောက် မချမ်းသာဘူး။ အဲဒါ ဘယ်အကြောင်းတွေကြောင့်လဲ
မေတ္တာရှင် - ငါ သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့ကို တရားဟောကြွတော့ ဆစ်ဒနီက ဗုဒ္ဓဘာသာ လူငယ်တွေက မြန်မာတစ်မျိုးသားလုံး သိသင့်တဲ့ မေးခွန်းတစ်ခု မေးတယ်။ အဲဒီမေးခွန်းက -
မြန်မာတွေဟာ အမြင့်မြတ်ဆုံးဖြစ်တဲ့ ဗုဒ္ဓဘာသာကိုလည်း ကိုးကွယ်ခွင့်ရတယ်။ ဒါနကုသိုလ်လည်း အများကြီးပြုကြတယ်။ အဲဒီနှစ်ချက်ကို ထောက်ကြည့်ရင် မြန်မာတွေဟာ ကမ္ဘာမှာ အချမ်းသာဆုံး ဖြစ်သင့်တယ်။ ဒါပေမယ့် ထင်သလောက် မချမ်းသာဘူး။ အဲဒါ ဘယ်အကြောင်းတွေကြောင့်လဲ တဲ့။
သန်း - ဟာ သိပ်ကောင်းတဲ့ မေးခွန်းပဲ ဘုရား။ ဆရာတော်က ဘယ်လိုဖြေလိုက်လဲ ဘုရား။
မေတ္တာရှင် - အကျဉ်းချုပ် ဖြေလိုက်တာက မြန်မာတွေဟာ ဗုဒ္ဓစကားကို နားမထောင်ကြလို့ ဆင်းရဲနေကြတာလို့ ဖြေလိုက်တယ်။
သန်း - အဲဒီလောက် ကျဉ်းလွန်းအားကြီးတော့လည်း ဘယ်နားလည်ပါ့မလဲ ဘုရား။ နည်းနည်းအကျယ်ချဲ့ ဖြေဦးမှပေါ့ ဘုရား။
မေတ္တာရှင် - မြန်မာအများစု မကြီးပွါးခြင်း အကြောင်း ၁၁ ချက်ကို တွေ့ရတယ်။ အဲဒီ ၁၁ ချက်ကို ပြင်လိုက်လျှင်တော့ ကြီးပွါးချမ်းသာလာကြမှာ။
အဲဒီ ၁၁ ချက်က -
၁။ တကယ် လိုအပ်သော နေရာတွင် မလှူဘဲ နာမည်ကြီးမည့် နေရတွင်သာ စုပြုံလှူကြခြင်း။ ဥပမာအားဖြင့် စာသင်တိုက်တစ်တိုက်မှာ ကုဋီ (အိမ်သာ) လိုနေတယ်။ ဒါပေမယ့် လှူမယ့်သူ မရှိဘူး။ ဘာကျတော့ လှူသလဲ ဆိုတော့ ဘုရားခန်းထဲမှာ ရုပ်ပွါးတော်တစ်ဆူ ရှိပြီးဖြစ်လျက်နဲ့ နောက်ထပ် ရှစ်ဆူလောက် ထပ်လှူတော့ ဘုရားကိုးဆူဟာ ကျပ်ကျပ်တည်းတည်း စံနေတော်မူကြရတယ်။
ဗုဒ္ဓဘာသာအများစုဟာ ဘုရားဒကာ၊ ဘုရားအမသာ အမည်ခံချင်ကြတာ။ အိမ်သာဒကာ၊ အိမ်သာအမ အမည်မခံချင်ကြဘူး။ လှူတယ်ဆိုတာ ကိုယ့်အတွက် မဟုတ်ပါဘူး။ အလှူခံအတွက်ပါ။ ဒါကြောင့် အလှူခံ လိုအပ်တာကို ရွေးချယ်ပြီး လှူသင့်တယ်။ ကိုယ်လှူချင်တာကို ရမ်းပြီး မလှူသင့်ဘူး။
၂။ မြတ်စွာဘုရားက အင်္ဂုတ္တိရ်ပါဠိတော် ဇဏုသောဏိသုတ်မှာ သမ္မဒါလေးပါးနဲ့ ပြည့်စုံရင် ကြီးပွါးချမ်းသာမယ်လို့ ဟောခဲ့တယ်။ ဗုဒ္ဓဘာသာအများစုဟာ တစ်ပါးမှ မပြည့်စုံဘူး။
၃။ ဘာသာရေးအပေါ်မှာ ထားတဲ့ မေတ္တာ စေတနာမျိုးကို စီးပွါးရေးအပေါ်မှာ မထားကြလို့လည်း မြန်မာအများစုဟာ ကြီးပွါးသင့်သလောက် မကြီးပွါးကြဘူး။
၎။ ပျင်းရိခြင်း အကုသိုလ်ကို ရောင့်ရဲခြင်းကုသိုလ်လို့ အထင်မှား ကျင့်သုံးနေတဲ့အတွက်လည်း မြန်မာတွေဟာ ကြီးပွါးသင့်သလောက် မကြီးပွါးကြဘူး။
၅။ အတ္တသမာပဏီဓိ မင်္ဂလာချို့တဲ့လို့ တစ်နည်းအားဖြင့် မိမိကိုယ်မိမိ ကောင်းတဲ့အလုပ်မှာ ဆောက်တည်နေနိုင်စွမ်း မရှိလို့လည်း မြန်မာအများစုဟာ ကြီးပွါးသင့်သလောက် မကြီးပွါးကြဘူး။
၆။ အချိန်တန်ဖိုးကို မသိကြတဲ့အတွက်လည်း ကြီးပွါးသင့်သလောက် မကြီးပွါးကြဘူး။ အချိန်တန်ဖိုး သိတဲ့သူများဟာ ဥစ္စာစည်းစိမ်ကို ရခြင်း၊ ကုသိုလ်တရားကို ရခြင်း၊ ပညာဗဟုသုတကို ရခြင်း အမျိုးမျိုးနဲ့ အချိန်ကို တန်ဖိုးရှိစွာ အသုံးချတယ်။ အချိန်တန်ဖိုး မသိတဲ့သူများကတော့ မြူးထူးပျော်ပါးကစားခြင်း၊ ငြင်းခုံခိုက်ရန် စကားများခြင်း အချိန်ကို တန်ဖိုးမဲ့စွာ အသုံးချတယ်။
၇။ ကိုယ့်ထက်သာလျှင် မနာလိုဖြစ်ပြီး သူတစ်ပါးအကျိုး ပျက်စီးအောင် ဖျက်ဆီးတတ်ကြတယ်။ ဒီအချက်ဟာလည်း မြန်မာအများစု မကြီးပွါးခြင်းရဲ့ အကြောင်းတစ်ခုပဲ။ ကိုယ့်ထက်သာလို့ ဝမ်းသာရင် မုဒိတာလို့ ခေါ်တဲ့ ကုသိုလ်တရားဖြစ်တယ်။ ကိုယ့်ထက်သာလို့ မနာလိုဖြစ်ရင် ဣဿာဆိုတဲ့ အကုသိုလ်တရား ဖြစ်တယ်။
ပညာရှိ ပညာမဲ့ဆိုတာ ဒီနေရာမှာ ကွဲသွားတာပဲ။ ပညာရှိက ကိုယ့်ထက်သာတဲ့ လူကိုတွေ့ရင် ဝမ်းမြောက်ခြင်းဆိုတဲ့ မုဒိတာကုသိုလ်ကို အရယူတယ်။ ပညာမဲ့က ကိုယ့်ထက်သာတဲံသူကို တွေ့ရင် ဣဿာလို့ခေါ်တဲ့ အကုသိုလ်ကို အရယူတယ်။ ဒေါက်တာဘွဲ့ကြီး ရထားပါစေ၊ မနာလိုတတ်တဲ့သူဟာ ပညာမဲ့ပါပဲ။ ဘာအတန်းပညာမှ မတတ်ရင် နေပါစေ၊ ကိုယ့်ထက်သာတဲ့ သူအပေါ်မှာ ဝမ်းမြောက်ရင် ပညာရှိပဲ။
ဣဿာဖြစ်နေသလား၊ မုဒိတာဖြစ်နေသလား ဆိုတာ သူ့ရဲ့နှုတ်က ထုတ်ဖော် အစီရင်ခံပါလိမ့်မယ်။ တော်တာကို တော်ပါတယ်လို့ လှိုက်လှိုက်လှဲလှဲ ချီးမွမ်းစကားပြောရင် သူ့သန္တာန်မှာ မုဒိတာတရား ဖြစ်နေတယ်လို့ သိနိုင်တယ်။ မချီးမွမ်းဘဲ နှုတ်ဆိတ်နေခြင်း၊ မပြောပလောက်တဲ့ အားနည်းချက်ကို ထောက်ပြပြီး အပြစ်ပြောနေခြင်းဟာ သူ့သန္တာန်မှာ ဣဿာဖြစ်တယ်လို့ ပြတာပါပဲ။
ပညာမဲ့က သူ့သန္တာန်မှာ ဣဿာတရားဖြစ်နေတယ် ဆိုတာကို သူတစ်ပါးရဲ့ အပြစ်ကို အတုံးလိုက် အတစ်လိုက်ပြပြီး ထင်ထင်ရှားရှား ပြတယ်။ ပညာတတ်တွေကျတော့ သူတို့သန္တာန်မှာ ဖြစ်နေတဲ့ ဣဿာကို ထင်ထင်ရှားရှား မပြဘူး။ မသိမသာဘဲ ပြတယ်။ ပညာတတ်က သူတို့သန္တာန်မှာ ဣဿာဖြစ်နေတာကို သူတစ်ပါး သိသွားမှာကိုလည်း စိုးရိမ်တယ်။ အဲဒီတော့ ပညာတတ်က အောင်မြင်နေတဲ့ လူတစ်ယောက်ရဲ့ မပြောပလောက်တဲ့ အပြစ်ကလေးကို ခပ်ပါးပါး ထောက်ပြပြီး အမှတ်ယူတတ်တယ်။ အပေါ်ယံ ကြည့်ရင်တော့ အောင်မြင်နေတဲ့ လူရော၊ သူ့နောက်လိုက်တပည့်တွေကိုပါ မှားမှာစိုးလို့ သတိပေးတဲ့ ပုံစံမျိုးပေါ့။ အမှန်က မိမိရဲ့ဣဿာကို သူတစ်ပါး မသိအောင် ခပ်ပါးပါး လှစ်ပြတာပါပဲ။
၈။ မြန်မာအများစု မကြီးပွါးခြင်းရဲ့ နံပါတ်ရှစ် အကြောင်းကတော့ စာပေဗဟုသုတ မရှိတာပါပဲ။
၉။ နံပါတ် ၉ အကြောင်းကတော့ ဒေသန္တရဗဟုသုတ မရှိတာပါပဲ။ ဒါကြောင့် စာပေဗဟုသုတရှိအောင် စာမျိုးစုံ ဖတ်သင့်ပြီး တစ်နှစ် တစ်ကြိမ် ဒေသန္တရဗဟုသုတခရီးကို သွားသင့်ပါတယ်။
၁၀။ နံပါတ်တစ်ဆယ် အကြောင်းကတော့ ခေါင်းဆောင်စိတ် နည်းပါးတာပါပဲ။ ကောင်းတဲ့ အလုပ်ဆိုရင် မခိုင်းဘဲ လုပ်တာ။ အလုပ်ကို အများကြီး လုပ်ပြီး အခွင့်အရေးကို နည်းနည်းယူတာတွေဟာ ခေါင်းဆောင်စိတ်ပါပဲ။ ဆန့်ကျင်ဘက်အားဖြင့် ခိုင်းမှ လုပ်တတ်တာ။ အလုပ်ကို နည်းနည်းလုပ်ပြီး အခွင့်အရေး အများကြီးယူတာဟာ နောက်လိုက်စိတ် ခေါ် ကျွန်စိတ်ပါပဲ။
၁၁။ မြန်မာအများစု မကြီးပွါးခြင်းရဲ့ ၁၁ ခုမြောက် အကြောင်းကတော့ ကိုယ့်အားကိုယ်ကိုးလိုစိတ် နည်းပါးတာပါပဲ။ အနောက်တိုင်းနိုင်ငံ အများစုက အရှေ့တိုင်းနိုင်ငံ အများစုထက် ချမ်းသာကြွယ်ဝနေရခြင်းရဲ့ အဓိကအကြောင်းဟာ ၁၈ နှစ်ပြည့်တာနဲ့ ကိုယ့်အားကိုယ်ကိုးပြီး စီးပွါးရေး အလုပ်လုပ်ကြလို့ပဲ။ အနောက်နိုင်ငံက လူငယ်တွေဟာ ၁၈ နှစ်ပြည့်ပြီးတာနဲ့ လူကြီးဖြစ်ပြီလို့ သတ်မှတ်ပြီး စီးပွါးရေးလုပ်ငန်း၊ တစ်နည်း ငွေဝင်တဲ့ လုပ်ငန်းတစ်ခုခုကို မဖြစ်မနေ လုပ်ကြတော့တာပဲ။
မြန်မာအမျိုးသမီးတစ်ဦး နယူးဇီလန်နိုင်ငံကို ပညာတော်သင် ရောက်သွားတယ်။ တစ်နေ့ ကိစ္စတစ်ခုရှိလို့ တက္ကစီ ငှားစီးသွားတယ်။ ကားမောင်းသမားလေးက အသက် ငယ်ရွယ်သူလေး ဖြစ်နေလို့ ကျောင်းမတက်ဘူးလားလို့ မေးကြည့်တဲ့အခါ ဆေးတက္ကသိုလ် နောက်ဆုံးနှစ် ကျောင်းသားဖြစ်နေတယ်။ မြန်မာအမျိုးသမီးဆိုတော့ မြန်မာပြည်ရဲ့ အလေ့အထအတိုင်း မိဘက မတတ်နိုင်လို့ တက္ကစီမောင်းနေရတာလို့ ထင်သွားတာပေါ့။
သန်း - အဲဒီအတိုင်း ဟုတ်ပါသလား ဘုရား။
မေတ္တာရှင် - ဘယ်ဟုတ်ရမှာလဲ။ မေးလိုက်တဲ့အခါ ဟိုက ဘယ်လို ပြောသလဲဆိုတော့ ကျွန်တော်တို့ နိုင်ငံရဲ့ အလေ့အထက အနောက်တိုင်းဆန်ပါတယ်။ ဒါကြောင့် ၁၈ နှစ် ပြည့်ပြီးတာနဲ့ မိဘကို အားကိုးပြီး မနေကြပါဘူး။ ကိုယ်ပိုင်လုပ်ငန်း တစ်ခုခုလုပ်ပြီး ငွေရှာပါတယ်။ အဲဒီငွေနဲ့ ကျောင်းတက်ပါတယ်။ ၁၈ နှစ် ပြည့်ပြီးရင် လူကြီးဖြစ်ပြီလို့ သတ်မှတ်ပါတယ်။ လူကြီးဘဝ ရောက်နေပြီ ဖြစ်ရက်နဲ့ မိဘလုပ်စာ ထိုင်စားရမှာ မိဘလုပ်စာနဲ့ ကျောင်းတက်ရမှာကို အင်မတန် ရှက်ကြပါတယ်။
၁၈ နှစ်ပြည့်ပြီး သူငယ်ချင်းတွေ တွေ့ကြတဲ့အခါ ဘ
ာအလုပ် လုပ်သလဲလို့ မေးမြန်းနှုတ်ဆက်တတ်ပါတယ်။ ၁၈ နှစ်ပြည့်ပြီးသူ ဖြစ်ရက်နဲ့ စီးပွါးရေး အလုပ်တစ်ခုမှ မလုပ်တဲ့သူကို လူရာမဝင်သူလို့ သတ်မှတ်ပြီး ဘယ်သူမှ အပေါင်းအသင်း မလုပ်ကြပါဘူးလို့ အားရပါးရ ပြန်ပြောတယ်။
သန်း - တပည့်တော်တို့ မြန်မာလူငယ်တွေနဲ့ ကွာလိုက်တာ ဘုရား။ ဒီမှာတော့ ကိုယ့်ကျောင်းစရိတ် ကိုယ်ရှာပြီး ကျောင်းတက်တဲ့လူကို ဆင်းရဲသားဆိုပြီး ဝိုင်းအထင်သေးကြတယ်။ မိဘလုပ်စာစား၊ မိဘအိမ်က ကားနဲ့ စတိုင်ကျကျ ကျောင်းတက်နိုင်သူကိုမှ သူဌေးဆိုပြီး အထင်ကြီးကြတယ်။
မေတ္တာရှင် - အေး ဟုတ်တယ်။ မြန်မာ အများစုဟာ ဂုဏ်မယူသင့်တာတွေကို ဂုဏ်ယူပြီး ဂုဏ်ယူသင့်တာကို ဂုဏ်မယူတဲ့အတွက် ကြီးပွါးသင့်သလောက် မကြီးပွါးကြတာဘဲ။
~~~ အကျိုးအပြစ်ကို ဆင်ခြင် ပြင်ဆင်နိုင်ကြစေဖို့ ရည်ရွယ်ပြီး မဖတ်မိသေးတဲ့သူများအတွက် ဝေမျှလိုက်တာပါ။
Cherry Htun
Monday, November 29, 2010
ကျမရဲ့ မြို့ ကလေး
တို့ အိမ်လေး
အဝေးက လှမ်းလို့ မျှော်ရတဲ့…တို့ မြန်မာပြည်
အဝေးက လွမ်းရတယ် ဧရာဝတီ
မြစ်နံဘေးက မြို့ ကလေး
ခြောက်သွေ့ ပေမဲ့
ပျော်ပျော်နေခဲ့
မိသားစုဘဝလေး။ ။
Google မှ ရှာဖွေကူးယူ ဖော်ပြပါသည်။
ကျမ ကဗျာကို မတောက်တခေါက်ပဲ တတ်ပြီး၊ မတောက်တခေါက်ပဲ ခံစားလို့ ရပါတယ်။
  ကျမတို့ မြို့ ကလေ ဧရာဝတီမြစ်ဘေးမှာ တည်ရှိတဲ့ ရေနံထွက်ရာ မြို့ လေးတစ်မြို့ ပါ။ ဒီပုံကလဲ ကျမတို့ မြို့ က တကယ့်ပုံလေးကို ရှာပြီး ရအောင်တင်ထားပါတယ်။
  ခုလို December ဆို ကျမတို့ မြို့ ကနေ ပုပ်ပါးတောင်မကြီး တက်တဲ့ရာသီပေါ့။ X'mass နေ့  မနက် မိုးမလင်းခင် မနက်စောစော ကားတွေနှင့် အဖွဲ့ လိုက် တက်ကြတဲ့ ဓလေ့ ရှိတယ်။ မစွံရင် ရေကူး၊ တောင်တက်၊ လှေလှော်သင် ဆိုတဲ့ ဆိုရိုးရှိတဲ့ အတိုင်းပေါ့။ မိန်းခလေးတွေက တောင်တက်ရင် ပါလာတဲ့ အိတ်မပြောနှင့် ကိုယ့်ခြေ၊ ကိုယ့်လက်တောင် မသယ်နိုင်တော့ဘူး။ ယောင်္ကျားလေး သူငယ်ချင်းတွေ အင်္ကျီ စဆွဲတက်တဲ့သူလဲ ရှိရဲ့ ၊ မိန်းခလေးတွေစုပြီး ဖြေးဖြေးတက်တာလဲ ရှိတာပေါ့။ အထူသဖြင့် တောင်တက်ပေါ့....၊ တချို့  မိန်းခလေးတွေကတော့ ကျမ်းမာရေးကောင်တယ် ဘယ်သူ့ အကူမှ စောင့်စရာမလိုဘူးပေါ့။
  တောင်ပေါ်ရောက်ရင် ဓာတ်ပုံရိုက်ကြ၊ နားကြတယ်။ ပြီး တောင်ပေါ်မှာ ပင်လယ်ရေမျက်နှာပြင်ကနေ ဘယ်လောက်မြင့်တယ်လို့  ရေးထားတဲ့ Level Marking လေးရှိတယ်...။ အဲဒါကို လေ့လာတဲ့သူက လေ့လာ၊ တောင်တဝိုက်က ရှုမငှီးတဲ့ မြင်ကွင်း(ဆောင်းရာသီ ဆိုတော့ မြူခိုတွေနဲ့ ပေါ့) ကြည့်လို့ ။ ဘယ်နေ့ က ဘယ်သူ ရောက်ကြောင်း ကျောက်တုံးတွေမှာ ရေးကြ၊ ခြစ်ကြနဲ့  စုံနေတာပဲ။ နေ့ လည် ၁၂ နာရီခွဲးလောက်ဆို တောင်အောက်ပြန်ရောက်ပြီ။ တချို့ က ချက်ယူလာတဲ့ထမင်းကို စား တယ်၊ တချို့ က ဆိုင်တွေမှာ ဝယ်စားကြတယ်။
  စားသောက်ပြီးတော့ နောက်တစ်ခါ ပုပ်ပါးတောင် ကလပ်ကို တက်ကြပြန်တယ်။ တရေးတမော အိပ်တဲ့သူက အိပ်ပေါ့။ ဘုန်းကြီးကျောင်း တွေမှာလည်း နားကြတယ်။ ပျင်းတတ်ရင် ပုပ်ပါးက မျောက်တွေနှင့် ဆော့နိုင်၊ အစာကြွေးနိုင်ပါသေးတယ်။ (အဲဒီတုံးက ဂျင်းဘောင်ဘီဝတ်တဲ့သူက နည်းသေးတော့ ဒီလိုစကြတယ် `ရေကြီးလို့  ပုပ်ပါးမှာ မျောက်တွေ ရောက်နေတယ် လို့ လေ)။  ၄နာရ၊ီ ၅ နာရီဆိုရင် ကိုယ့်မြို့ ကို ပြန်ကြတယ်။  ညနေစောင်း မှောင်ရီပြိုးစ ဆိုရင် မြို့ ကို ပြန်ရောက်ပြီ။
မျောက်စာကြွေးတာနဲ့  ပတ်သတ်လို့ အသိတစ်ယောက်ရဲ့ သား အဖြစ်လေးပြောရဦးမယ်။ တောင်ကလပ်မှာ မျောက်တွေက လူတွေနားလာပြီး အစာတောင်းတတ်တယ်။ သူတို့ က လူမကြောက်ဘူး ...  ဘုန်းကြီး ကြိမ်လုံးပဲ ကြောက်တာ။ အဲဒီကလေးက မျောက်စာဝယ်လာတဲ့ ငှက်ပျောသီး ဘောင်ဘီအိပ်ကပ်ထဲ ဖွက်ပြီယူလာတယ်။ တောင် အလယ်လောက်ရောက်တော့ ထုပ်ကျွေးတယ်။ အဲဒီမှာ ပြသနာစတာလေ... ကောင်းလေးနှင့် မျောက်ကအရပ်တော့ နှစ်ဆကွာပါတယ် ဒါပေမယ့် မျောက်နှစ်ကောင်က ကလေးရှေ့ ကမျောက်က ရှာဖွေရေးဆင်းပြီ ၊ နောက်ကမျောက်ကိုင်ပေးထာတယ်။ ကလေးကလဲ တော်ရုံမကြောက်တတ်ပါဘူး။ မျောက်နှစ်ကောင်ကိုင်ပြီ သူ့ အင်္ကျီလှန်ရှာတော့ ကြောက်လိုငိုပါလေရော။ လူကြီး နှစ်ယောက်လောက် ရိုက်မယ်လုတ်မှ မျောက်နှစ်ကောင် ပေစောင်း ပေစောင်းနဲ့  ထွက်သွားတယ်။ ... :P
  တောင်တက်တယ်ဆိုတာ တက်တုံးသာ မသိတာ ။  ညကြတော့ အတုံးအရုံး အိပ်ကြ တော့တာပဲ။
အဲဒီက စတာ ... နောက်နေ့ ရောက်ရင် ကိုယ်တွေ၊ လက်တွေ နာပြီး ဒူခေါင်းတွေက ညွှတ်၊ ညွှတ်သွားတာပေါ့။ ... :D  မြို့ ပေါ်က သွားတဲ့သူ အားလုံး ...။
လူကြီးတွေပါလာရင်တော့ သူတို့ က ပုပ်ပါးမြို့ ပေါ်တဝိုက်က ခြံတွေမှာ (တချို့ ရိပ်သာတွေက ခြံအကျယ်ကြီးထဲမှာ ရှိတယ်) နားကြတယ်။ ပုပ်ပါးနှင့် ကျမတို့ မြို့ ရဲ့ ဆက်စပ်မှုလေးက ဧပြီလမှာလဲ ရှိသေးတယ်....
ဆောင်းနှင့် ပတ်သတ်လို့ က ပုဂံနှင့်လဲ မကင်းပါဘူး။ ဒီရက်ဆိုရင် အာနန်ဒါက ပြာသိုပွဲးဟာလဲ လူသွားများတဲ့ ဘုရားပွဲးတော် တစ်ခုပေါ့။ ပြာသိုပွဲးကတော့ လူတိုးရတယ် ၊ ဘုရားဖူးရတယ်။ အာနန်ဒါ တစ်ဆူထဲတင် မဟုပ်ပါ ၊ ပုဂံ၊ညောင်းဦးကဘုရား အစုံကို သွားကြ၊ ဖူးမြော်ကြပါတယ်။ တချို့ ဆို စွယ်တော်လေးဆူး နံနက် ၁၂နာရီအတွင်း ဖူးရင် ကျမ်းမာတယ်လို့  အယူရှိလို့  သွားတာတွေလဲ ရှိသေးတယ်။
  နီးနားက ရွာလေးတွေက ဘုရားပွဲးရက်မှာ လှည်းတွေနဲ့ လာကြတယ်။ ရွာတွေကလာရင် ပွဲးသိမ်းမှ အိမ်ပြန်ကြတာလေ။ လှည်းလေးတွေက ပေါင်မိုးလေးနဲ့  ထမင်းအိုးတွေ ဘာတွေနဲ့  လှည်းဘေးတင် ချက်၊ ပြုတ်စားကြသေး။ ပုဂံက ဘုရားပွဲးတွေက ဗလာပွဲးတွေမို့ ရွာနီးချုပ်စပ်ကလာလို့  မိုးလင်း အားပေး တော့တာပေါ့။ ဗလာပွဲးဆိုတာ စတိတ်စင်ဆောက်ပြီး ကပြတာပါပဲ။ ဒါတောင် သူတို့ တွေမှာ ဖျာခင်းလို့  လူစောင့်နဲ့  တနေကုန်နေရတာပေါ့။ တခြားမြို့ က လာသူတွေကတော့ ညမိုးချုပ်ချုပ်မှ ကိုယ်လူစုနဲ့ ကို၊ ကိုယ့်ကားနဲ့ ကို(စုငှားတာက များပါတယ်) ပြန်ကြတာပေါ့။
  မြန်မာလူမျိုးများ တော်တော် အပျော်အပါး မက်ကြတယ်လို့ ... ဟီးဟီး အထူသဖြင့် ကျမတို့ မြို့ သူ၊ မြို့ သားတွေပါ ........။ အရပ်ဒေသတွေမှာ မတူကွဲးလွဲတဲ့ ဓလေ့တွေနှင့်မို့  ရှေးလူကြီးတွေက သူ့ အရပ်နှင့် သူ့ ဇာတ်လို့  ဆိုရိုးထားခဲ့တယ် ထင်ပါ့နော် ။
Thursday, November 25, 2010
ငယ်ငယ်က (၂)
ငယ်ငယ်ကလေ ခရီးတွေလဲ အများကြီးသွားဘူးတယ်၊ ညီအမတွေ ရန်ဖြစ်လိုက်၊ ဆော့လိုက်နဲ လေ... သိပ်ပျော်ရာကောင်းတယ်။ စောင်တွေ ခါးမှာပတ်၊ တဘက်စောင်ကို အလျှားလိုက်လိပ်ပြီး ခေါင်းမှာပတ် ဆံထုံးဖြစ်ရော။ ပြီးရင် ကုတင်ပေါ် မှာ ခြင်ထောင်ကို အရှေ့ တဝက်တင်၊ အနောက်ကချ လိုက်ကာလုပ်လို့  မင်းသမီးလိုကကြတယ်။ အငယ် ၄ ယောက် ၊ ၂ ယောက်က မင်းသမီးလုပ်ရင်၊ ၂ ယောက်က ပွဲးကြည့်ပရိတ်သတ်လုပ် အောက်မှာထိုင်ကြည့် ရတယ်။ တလဲ့စီ ဆော့ကြတယ်။
မေမေကလေ နေ့ တိုင်းဈေးကိုသွားရတယ်။ တနေ့  တနေ့  နေ့ လယ်စာအတွက် ရာသီအလိုက် သီးနှံကို တစ်နေ့  ၁၀လုံးဝယ် ဝယ်လာရတယ်။ ဒါတောင် တစ်ယောက်တစ်လုံးနူံး။ တခါ တခါ မေမေ့ ဝေစုတောင် ဘယ်သူ အုပ်သွားမှန်း မသိလိုက်ဘူး။
ဘိုမရုပ်လေးတွေ တစ်ယောက် တစ်ရုတ်နဲ့  အကျီလေးတွေလုပ်ဖို့  အစပိုင်းတွေရှာဖြတ်ရတယ် (ဒီမှာ ခုတော့ အသင့်ဝယ်လို့ ရနေပါပြီ)။ ဖေဖေ့အကို တော်တဲ့ ဦးလေးက အိမ်မှာ အတူနေတယ်။ ဦးလေးကလဲ သစ်သားမီးခြစ်ဘူးလေး ၂ခုနဲ့  သရေပင်၂ပင်လိင်ပြီး သေနပ်လုပ်ပေးတယ်။ ကဒ်ထူပြားလေးတွေကို လက်မလောက် လေးထောင့်ပုံညုပ် သရေပင်ကြားထဲ ထည့်ပစ်ရတယ်။ ၄၊ ၅ ပေလောက်ထိသွားတယ် ကဒ်ထူကျည်ဆန်လေးတွေ။ သရက်သီး ၂ စေ့ကို ကြိုးနဲ့ ဖောက်ဆွဲးပြီး ပန်ကာလို လယ်လို့ ရအောင်လဲ လုပ်ပေးတယ်။ ငယ်သေးတော့ ဦးလေး ဘယ်လိုလုပ်တယ်ဆိုတာ ခုတော့ မေ့သွားပြီ။
ကျမ ဦးလေးက အရမ်းဥာဏ်ကောင်းတယ်။ ဦးလေးဆိုလို့  ဦးလေးအကြောင်း ပြောရဦးမယ်။ ဦးလေး ငယ်ငယ်က ရွာမှာနေတုံးကပေါ့ သြဇာစေ့ နှာခေါင်းထဲဝင်သွားတာ လူကြီးတွေက နားနှင့် နှာခေါင်း ဆက်တယ်ဆိုပြီး နားကို လေမှုတ်သန်တဲ့ လူနှစ်ယောက်နဲ့ မှုတ်တာ နားလေးသွာပါရော။ မသိတာလား၊ ဗဟုသုတ နည်းတာလား မပြောတတ်တော့ပါဘူး။
ဒါတောင် ၂တန်းထိ ကျောင်းတက်သေးတယ်။ ၂ တန်းရောက်တော့ အင်္ဂလိပ်ခောတ်မှာ ပညာဝန်လာ စစ်တယ်။ ပညာဝန်က သူ့ ကို စာမေးတာ နားလေးလို့  မကြားဘူးပေါ့။ သူက အဲဒါနဲ့ ရှက်ပြီး ကျောင်းမတက်တော့ဘူး။ ဒါပေမယ့် သူက English လိုလဲ ဖတ်နိုင်တယ်။ ကမ်ဘာလုံးကြီးကို ဘယ်လို ကြည့်ရမယ်လို့ ၊ ဘယ်မှာ ဗမာပြည်၊ ဘယ်ဟာက ဘာနိုင်ငံလို့  ကျမကို သင်ပေးခဲ့တယ်။ နာရီကို ဘယ်လို ရေတွက်ရမယ်။ တစ်နာရီမှာ မိနစ် ၆၀၊ တစ်မိနစ်မှာ စက်ကန့် ၆၀ ဆိုတာက အစ သူသင်ပေးတယ်။ ရွှေပန်းတိန်လုပ်နည်းလဲ သင်ဘူးတယ်။ ဆောင်းတွင်ဆိုရင် ညဘက်မှာ ကောင်းကင်းကို မော့ကြည့်ပြီး ခုနှစ်စင်ကြယ်က ဘယ်လို၊ ဘယ်ဟာ ဓူဝံကြယ်က မြောက်အရပ်မှာ၊ ဒါကဖြောက်ဆိပ်ကြယ်၊ ဘယ်ရာသီမှာ မောင်ရင်ဆိုင်ထမ်းရှိတယ်နဲ့  မီးလှူံးရင် ပြောပြလေ့ရှိတယ်။
ဦးလေးကိုတောင်လွမ်းလာပြီ။ ကျမ ဦးလေး ကို ကျမ သိပ်ချစ်ပါတယ်။ သူက လူပျိုကြီးပါ၊ ဒါတောင် လာစပ်တဲ့ မိန်းမ ၂ ယောက် ရှိတယ်လို့  ဦးလေးက ကြွားဘူးပါတယ်......:P
သူသာနားကြားရရင် နိင်ငံခြားသွားမည့်သူပါ။ သူ့ လာစပ်တဲ့သူတွေကို သူနားမကြား သလိုပဲ မွေးလာတဲ့ ကလေးတွေလဲ နားမကြားတာ ပါလာမယ်ထင်လို့ (မျက်နှာငယ်ရမှာစိုးလို့ ).... လက်မခံလိုက်ပါဘူး။ အဟီး ... ဒါပေမယ့် အသက် ၇၀ လောက်မှ ပေါ်လာတဲ့ Phobecake ကိုတော့ ထမင်းဖိတ်ကြွေးခိုင်းပြီး အိမ်ခေါ်ဘို့ ပြောပါသေးတယ်။ လူပျိုးကြီးဆိုတော့ ရှက်လဲ ရှက်တတ်သေးတယ်။ စရင်လဲ ရှက်ပြီး ရိုက်တတ်သေးတယ်။
မေမေ နှင့် ဦးလေးက အလုပ်နှင့် လက်မပြတ် လုပ်နေတတ်သူတွေပါ။ ဖေဖေကတော့ အစိုးရ အလုပ်တွေနဲ့  ရှုတ်နေတတ်လို့  သမီးတွေနဲ့  ပင်စင်ယူမှပဲ ဆူရ၊ ရန်ဖြစ်ရပါတယ်။ အိမ်မှာက သမီး မိန်းခလေးပဲ ရှိတာဆိုတော့ နေရာတကာ မိန်းခလေးတွေကပဲ လုပ်ရတာပါပဲ။ အိမ်အလုပ်တွေလဲ အကုန်ခွဲးဝေထားသလို ဟင်းဆိုရင်လဲ ဝေပုံကျ သူ့ ဝေစုနဲ့ သူစားရတာပါ။
စာဖတ်တဲ့ အလေ့အကျင့်ကိုတော့ ဖေဖေက ကလေးအရွယ် ကလေးတွေဖတ်ဖို့  ဓမ်မပဒ စာအုပ်ကနေ ဖေဖေ ဖတ်တဲ့ လူကြီးဖတ် လူမှူရေး၊ နိုင်ငံရေး၊ ဘာသာရေး အစုံ ဝယ်ပြီး မြင်မယ့်နေရာမှာတင်တန်တင်၊ ပေးဖတ်ခိုင်းတဲ့ အခါလဲ ရှိပါတယ်။ မေမေလဲ စာအစုံဖတ်တယ်။ ပုံပြင်လေးတွေ၊ ဝတ်ထု ဇာတ်ကြောင်းတွေလဲ ပြောပြတတ်ပါတယ်။ မိဘ၊ ဆရာ၊ ဘိုးဘွား တွေရဲ့ ကျေးဇူးတွေပေါ့။