အဘိဏှသုတ် (ဗုဒ္ဓဓမ္မ ဦးလောကနာထ မှ)

အဘိဏှသုတ် (ဗုဒ္ဓဓမ္မ ဦးလောကနာထ မှ ကူးယူဖော်ပြပါသည်)

ကံတရားကို အမြဲမပြတ် ဆင်ခြင်ပါ…

''မိမိ၏ ကံသာလျှင် မိမိဥစ္စာ ရှိ၏၊ ကံ၏ အမွေခံ ဖြစ်၏၊ ကံသာလျှင် အကြောင်းရှိ၏၊ ကံသာလျှင် အဆွေအမျိုး ရှိ၏၊ ကံသာလျှင် ကိုးကွယ် မှီခိုရာရှိ၏၊ ကောင်းသည်ဖြစ်စေ မကောင်းသည်ဖြစ်စေ ငါပြုမိသော ကံ၏ အမွေခံသာ ဖြစ်ရပေမည်'' ဟူ၍ မိန်းမဖြစ်စေ ယောက်ျားဖြစ်စေ လူဖြစ်စေ ရဟန်းဖြစ်စေ မပြတ် ဆင်ခြင်အပ်၏။

ရဟန်းတို့ သတ္တဝါတို့အား ကာယဒုစရိုက် ဝစီဒုစရိုက် မနောဒုစရိုက်သည် ရှိ၏၊ ထို(ကံ) အကြောင်းကို မပြတ် ဆင်ခြင်သော ထိုသူအား မကောင်းမှုသည် အချင်းခပ်သိမ်းမူလည်း ပျောက်ကင်း၏၊ ခေါင်းပါးခြင်းမူလည်း ဖြစ်၏။

''ငါတစ်ယောက်တည်းသာလျှင် ကံသာလျှင် မိမိဥစ္စာရှိသည် ကံ၏ အမွေခံဖြစ်သည် ကံသာလျှင် အကြောင်းရှိသည် ကံသာလျှင် အဆွေအမျိုးရှိသည် ကံသာလျှင် ကိုးကွယ်မှီခိုရာ ရှိသည် ကောင်းသည်ဖြစ်စေ မကောင်းသည် ဖြစ်စေ ငါပြုမိသော ကံ၏ အမွေခံဖြစ်သည် မဟုတ်၊ စင်စစ်မူကား ဤဘုံဘဝသို့ လာခြင်း တစ်ခြားဘုံဘဝသို့ သွားခြင်း စုတေခြင်း ပဋိသန္ဓေ နေခြင်းရှိသည့် သတ္တဝါဟူသမျှ အားလုံးတို့သည် ကံသာလျှင် မိမိဥစ္စာ ရှိကုန်၏၊ ကံ၏ အမွေခံ ဖြစ်ကုန်၏၊ ကံသာလျှင် အကြောင်းရှိကုန်၏၊ ကံသာလျှင် အဆွေအမျိုး ရှိကုန်၏၊ ကံသာလျှင် ကိုးကွယ် မှီခိုရာ ရှိကုန်၏၊ ကောင်းသည်ဖြစ်စေ မကောင်းသည်ဖြစ်စေ ပြုမိသော ကံ၏ အမွေခံတို့သာ ဖြစ်ကြလိမ့်မည်'' ဟု ဆင်ခြင်၏။

ထိုကံအကြောင်းကို မပြတ် ဆင်ခြင်သော ထိုသူအား မဂ်သည် ကောင်းစွာ ဖြစ်ပေါ်လာ၏၊ ထိုအရိယာတပည့်သည် ထိုမဂ်ကို မှီဝဲ၏၊ ပွါးများ၏၊ ကြိမ်ဖန်များစွာ ပြု၏၊ ထိုမဂ်ကို မှီဝဲသော ပွါးများသော ကြိမ်ဖန်များစွာ ပြုသော ထိုသူအား သံယောဇဉ်တို့သည် အချင်းခပ်သိမ်း ပျောက်ကင်းကုန်၏၊ အစဉ်ကိန်းနေသော 'အနုသယ' တရားတို့သည် ကင်းပြတ်ကုန်၏ ဟု မိန့်တော်မူ၏။

Thursday, January 13, 2011

စောင့်ရှောက်အပ်သော ကိုယ်ကျင့် တရား အပိုင်း(၂)


 Google မှရှာဖွေ ရယူပါသည်။

          မြန်မာတွေ စာရိတ္တကောင်းပါတယ် . . . ဟိုးတုံးကဆို စကားပြော အတော်ယဉ်ကျေး ပါတယ်။
လူတိုင်းယဉ်ကျေးလားဆိုတော့ 98% ယဉ်ကျေးပါတယ်။ လွတ်လပ်ရေးရပြီးခါစလောက် ထိပါပဲ၊ ခန့် မှန်းခြေပြောတာပါ။ ဘာဖြစ်လို့ လဲ ဆိုတော့ ကျမရဲ့  ဖေဖေ ပြောတာကို နားထောင်ခဲ့ရဘူးလို့ ပါ။ ဖေဖေက သူတစ်ဖက်သားနှင့် စကားပြောရင် သူ့ ထက်ဘယ်လောက်ငယ်တဲ့ သူဖြစ်ပစေ ကျွန်တော်ကလေ နှင့် စပြောပါတယ်။ အထက်စီးလေသံနှင့် ပြောတာတစ်ခါမှ မကြားရဘူးပါဘူး။ သူငယ်ချင်းချင်းတောင် ယဉ်းနှီးမှူနှင့် သတိလက်လွတ် မင်းတွေ၊ ငါတွေနှင့် ပြောတာ မရှိခဲ့ပါဘူး။
           ဘယ်ခောတ်ကလဲလို့  ကိုအောင်ကမေးလာတဲ့ အတွက်၊ ကွန်မာန့် ကလဲ ရေးလို့ မရတဲ့အတွက် ပိုစ့်အသစ်လေး ရေးတင်လိုက်ပါတယ်။ နောက် အပတ်မှာလဲ ရွာကို အလည်ပြန်မှာမို့  တစ်လလောက် ပျောက်မှာမို့  စာကို ကြိုးစားပြီး များများတင်ခဲ့ဖို့  ကြိုးစားပြီးရေးမယ်လို့  ကြံနေပါတယ်။
          ကျမ မမြင်လိုက်ရသော ဖေဖေဘက်က ကျမရဲ့  ဘိုးဘိုးခောတ်က အကြောင်းလေး နည်းနည်းပြောပြပါမယ်။ ဒါပေမယ့် ဓါတ်ပုံတော့ အကြီးကြီးပဲ ဖေဖေကူးပြီး ချိတ်ထားတဲ့ အဘိုးပုံနှင့် အဘွားပုံ မှန်ဘောင်သွင်းထားတာတော့ မြင်ဘူးပါတယ်။ အဲဒါနှင့် ကျမလဲ ကျမ ဖေဖေနှင့် မေမေပုံကို ဖေဖေကို အတုခိုးပြီး ပုံကြီးချဲ့ ပြီး မှန်ဘောင်သွင်းထားတာ ခုတော့ ဘယ်ထားရမှန်း မသိသေးဘူး။ ဒါနှင့်ပဲ မေမေနေတဲ့ ကျမတို့ အိမ်လေးမှာပဲ သိမ်းထားရပါတယ်။  :P
          ကျမရဲ့  အဘိုးက ပုဂံက ရွားလေးတရွာမှာ ပြောရရင်တော့ ရွာသူဠေးလို့ ပြောရမှာပေါ့။ အဲဒီခောတ်က သူခိုးတို့ ၊ ဒမြတို့ ဆိုတာရှိခဲ့တာပါပဲ။ ဒါပေမယ့် အလွန်နည်းပြီး၊ သစ္စာရှိကြပါသတဲ့။ စီးပွှားမရှာတတ်လို့ ၊ ရင်းနှီးဘို့ ရာ မတတ်နိုင်လို့ သာ ခိုးစားတာ၊ အမြဲခိုးနေတာတော့ မဟုပ်ပါဘူးတဲ့။
          သခိုးတို့ ၊ ဒမြတို့ ဆိုတာ ကမ္ဘာဦးကတော့မရှိခဲ့ဘူး ဟီး  ဟီး . . .၊ ပြီး ကမ္ဘာဦးလူသားတွေက နတ်တွေထက်တောင် သက်တန်းရှည်သေး၊ နူးညံ့တဲ့ ကိုယ်ခန္ဒာလည်းရှိကြလို့  ကမ္ဘာမြေကြီးပေါ်မှာ လမ်းရှောက်နေကြတာ မဟုပ်ပါဘူး။ စ်န္နဲ ့ပဲ သြား၊ လာၾကေသးတာပါ။ တစ်ဦးနှင့် တစ်ဦးလဲ ချစ်ခင်လိုက်တာဆိုတာ ဗြမ္မဆို တရားတွေနှင့်ပဲ နေထိုင်ကြပါသတဲ့။ စားစရာလဲမလိုသေးပါဘူးတဲ့။ ပိတိကို တကယ်စားသုံးတဲ့ သူတွေပါ။ ဒါကြောင့် ယောက်ျား၊ မိန်းမရာယ်လဲ အင်္ဂါ အချိုးအစား မဖွံ့ ဖြိုးသေးပါဘူး။ ဘာလို့ လဲဆိုတော့ အစားမစားတော့ စွန့် စရာ အညစ်အကြေးလဲ မရှိ၊ ကိုယ်ခန္ဒာကလဲ ခုခောတ်လူတွေလို ရေမွှေးဆွတ် စရာ၊ အကူမလိုပါဘူး။ သန့် ရှင်းစင်ကြယ်ကြပုံ တွေပါ။
           ဒါပေမယ့် ခုဆို ဒီကမ္ဘာဟာ ဘုရား လေးဆူတောင်ပွင့်ပြီးပြီး ဆိုတော့ စဉ်းစားကြည့်ပေါ့နော်။ ဘုရားတစ်ဆူးပွင့်ထွန်းလိုက် ဆိုဆုံးမတွေနှင့် နေလာလိုက်ကြနဲ့ ပါပဲ။ ဒါပေမယ့် တချို့ ဝေးလံ ခေါင်သီတဲ့ အရပ်တွေ မှာဆိုရင်တော့ ဘိုးဘိုးတို့ လက်ထက်ထိတောင် တံခါးရွတ်တွေ ပိတ်ပြီ ရန်ကုန်မှာလို တချိန်လုံး သော့ပိတ် နေစရာ မလိုပါဘူးတဲ့ ရှင်။
          ကျမရဲ့ အဘိုးကလဲ ရွာမှာ မရှိတဲ့သူတွေကို အဆင်ပြေသလို့  ပေးကမ်းလာတဲ့သူ တစ်ယောက်ပေါ့။ မိဘတွေကချမ်းသားတယ်၊ အဘိုးလက်ထပ်မှာလဲ ချမ်းသာတယ်။ ပြီးအဘိုးကလဲ တစ်ဦးတည်းသောသားဖြစ်ပြန် (ဆိုလိုတာက မွေးခြင်းကို မရှိတာပါ) ဆိုတော့ တတ်လည်း တတ်နိုင်တာလည်းပါပါတယ်။
          ဘယ်လိုလဲ ဆိုတော့ ပိုက်ဆံရှိတဲ့ သူမှရယ်မဟုပ်ဘူး။ လူတွေကို သူနေရာနှင့်သူ အဆင်ပြေအောင် ဆက်ဆံရမယ်လို့ တောင် သား၊ သမီးတွေကို ဆုံးမပါသတဲ့။ အဲလို ပေးကမ်း စောင့်ရှောက်လာတဲ့ အထဲမှာ သူခိုးခိုးလို့  အဖမ်းခံရတဲ့ သူတွေရဲ့ မိန်းမ၊ မိသားစုတွေကိုလဲ ငွေပေးပြီး ခိုင်းစရာရှိတဲ့ အခါခိုင်း၊ ပေးတဲ့အခါပေးပါသတဲ့။ ကိုယ်လယ်မှာ လုပ်တဲ့သူလဲ ဒီလိုပါပဲ ပေးစရာရှိပေး၊ ကြွေးစရာရှိ ကြွေးပါတယ်။
          အင်္ဂလိပ်ခောတ်နှင့် ဂျပန်ခောတ်အကူးမှာ ခောတ်ပျက်ဖြစ်လေတော့ ဒမြ အလွန်တိုက်တဲ့ ကာလမှာ အဘိုးက ချမ်းသာတယ်ဆိုတော့ ဘယ်နေမလဲ ဒမြတွေက တိုက်ဖို့ လုပ်တာပါပဲ။ အဲဒီခောတ်က ပိုက်ဆံလေး၊ ရွှေလေးရှိရင်ကိုပဲ ဓာတ်သိတွေကကြံလို့  ဒမြတိုက်ခံလွတ်တဲ့ သူဠေးမရှိ သလောက်ပေါ့။ ဒါကြောင့်လဲ ခောတ်ပြက်သူဠေးတွေ ပေါ်လာပါတယ်။ ဒမြတိုက်လို့  ချမ်းသာလာတဲ့ သူဠေးတွေပါ။ လက်နက်ကလဲ လူတွေကြားမှာ လွယ်လွယ်ရှိနေတာပါ။ သေနပ်ကိုင်ရတဲ့ သူတွေ လဲပါတာပေါ့။
          ဒါပေမယ့် ဘိုးဘိုးကတော့ အမြဲလွတ်သတဲ့။ သူကျေးဇူးပြုထာတဲ့ သူတွေက သူတို့ သိတဲ့အတိုင်း ဒီညတော့ ဒမြတွေ ဘိုးဘိုးကိုလာတိုက်လိမ့်မယ် စောစောရှောင်နေပါလို့  ကြိုပြီး သတင်းပေးရင် ရွာကနေရှောင်နေလိုက်နဲ့  ဆိုတော့ ဘယ်တော့မှ ဒမြက တိုက်ခွင့် မကြုံလိုက်ပါဘူး။
          အဲဒီတော့ မဝေးလှတဲ့ နှစ် ၁၂၀ လောက်က ပေါ့နော်။ ဒါတောင် တောင်တန်းဒေသတွေမှာ တော့ ကျမပြောခဲ့ ပြီသလိုပဲ ပစ္စည်းထားခဲ့ရင် လက်ရာမပျက် ပြန်တွေ့ ရတာဟာ မဝေးလှတဲ့ ၁၀နှစ် ၁၂ နှစ်ကကို  ကျမ ကျောင်းပြီး Field ဆင်းခဲ့တဲ့ ယောဒေသမှာ ကျန်ရှိနေတုံးပါ။ အဲဒီ အရပ်ဒေသက ကျမတို့  ကျောင်းဆင်းသူငယ်ချင်းကပဲ ပြောပြတာပါ။ သူတို့ ဒေသမှာ အရင်ကဆို ပစ္စည်းထားခဲ့ရင် ဘယ်တော့မှ မပျောက်ဘူးတဲ့။ မီးရထားလမ်း ဖောက်လိုက်တော့ မီးရထားဖောက်တဲ့သူတွေ ရောက်လာမှ ပစ္စည်းတွေ ထားခဲ့လို့ မရဘူး၊ မကြာခဏပြောက်တယ်လို့ ဆိုပါတယ်။ ဟီးကျမက အဲဒီဠါနက လူတွေယူတယ်လို မဆိုလိုပါ။ မီးရထားလမ်းဖောက်တော့ ကန်ထရိုက်တွေ နယ်စုံက၊ လူစုံတွေလာကြရာကနေ စာရိတ္တ နည်းနည်းပျက်လာတာလား၊ ဘာလား … ညာလားပေါ့။ :D
          ခုနေခါဆို အဲလိုဘယ်ပြောနေလိပ် မလဲ။ ကြုံရင်စားပြီ ကျေးဇူးတင်ရမှန်း မသိသူတွေက အများသား မို့ လား။ ကျေးဇူးရှိတဲ့သူကလဲ သူ့ ကျေးဇူးရှိတယ်ဆိုပြီ နင့်ပဲငဆ ပြောသလား၊ ကျေးဇူးပြုခံရသူကပဲ ကျေးဇူးကန်းသလား ဆို တာ လုံးလည်ချာလည်လိုက်နေပါတယ်။
          အမှန်ကတော့ တစ်ဦးနှင့် တစ်ဦး လေးစားမူလေးတွေနှင့် ဆက်ဆံကြမယ်၊ သူ့ စည်း၊ ကိုယ့်စည်းလေးတွေလဲ ရှိမယ်ဆိုရင် ရန်သူဆိုတာနည်းသွာမယ်။ ခုခောတ်ခါလို တစ်ယောက်နှင့် တစ်ယောက် စိတ်မချလို့  အပြိုင်အဆိုင် လက်နက်တွေ တီထွင်နေစရာလဲ မလိုတော့ဘူးပေါ့နော်။ ကမ္ဘာစစ် ဆိုတာ ဘယ်သူမှ မသိတဲ့ ဝေါဟာရလေးဖြစ်လာမယ်မို့ လားရှင်   ။  ။

2 comments:

ဟန်နာ said...

အင်းးး အခုလို တိုးတတ်နေတဲ့ ခေတ်ကြီးမှာ အမပြောသလို သစ္စာရှိပြီး ကိုယ်ကျင့်တရားကောင်းတဲ့ လူတွေနဲ့  လောကကြီးပြန်ဖြစ်လာဖို့ တော့ ဘယ်လွယ်တော့ပါ့မလဲနော်...

ပြန်လာလည်သွားတာ ကျေးဇူးပါ..အမ :)

ငွေလမင်း said...

အလည်လာပြီးစာဖတ်ပါတယ် အခုခေတ် က အ၇ာ၇ာ ရှားပါးနေတာဆိုတော့ လူတွေလဲ အကျင့်ပျက်တွေ များလာတာပေါ့

ပြည့်စုံနေရင် ဘယ်သူမှ ခိုးချင်မှာမဟုတ်ပါဘူး :(