အဘိဏှသုတ် (ဗုဒ္ဓဓမ္မ ဦးလောကနာထ မှ)
အဘိဏှသုတ် (ဗုဒ္ဓဓမ္မ ဦးလောကနာထ မှ ကူးယူဖော်ပြပါသည်)
ကံတရားကို အမြဲမပြတ် ဆင်ခြင်ပါ…
''မိမိ၏ ကံသာလျှင် မိမိဥစ္စာ ရှိ၏၊ ကံ၏ အမွေခံ ဖြစ်၏၊ ကံသာလျှင် အကြောင်းရှိ၏၊ ကံသာလျှင် အဆွေအမျိုး ရှိ၏၊ ကံသာလျှင် ကိုးကွယ် မှီခိုရာရှိ၏၊ ကောင်းသည်ဖြစ်စေ မကောင်းသည်ဖြစ်စေ ငါပြုမိသော ကံ၏ အမွေခံသာ ဖြစ်ရပေမည်'' ဟူ၍ မိန်းမဖြစ်စေ ယောက်ျားဖြစ်စေ လူဖြစ်စေ ရဟန်းဖြစ်စေ မပြတ် ဆင်ခြင်အပ်၏။
ရဟန်းတို့ သတ္တဝါတို့အား ကာယဒုစရိုက် ဝစီဒုစရိုက် မနောဒုစရိုက်သည် ရှိ၏၊ ထို(ကံ) အကြောင်းကို မပြတ် ဆင်ခြင်သော ထိုသူအား မကောင်းမှုသည် အချင်းခပ်သိမ်းမူလည်း ပျောက်ကင်း၏၊ ခေါင်းပါးခြင်းမူလည်း ဖြစ်၏။
''ငါတစ်ယောက်တည်းသာလျှင် ကံသာလျှင် မိမိဥစ္စာရှိသည် ကံ၏ အမွေခံဖြစ်သည် ကံသာလျှင် အကြောင်းရှိသည် ကံသာလျှင် အဆွေအမျိုးရှိသည် ကံသာလျှင် ကိုးကွယ်မှီခိုရာ ရှိသည် ကောင်းသည်ဖြစ်စေ မကောင်းသည် ဖြစ်စေ ငါပြုမိသော ကံ၏ အမွေခံဖြစ်သည် မဟုတ်၊ စင်စစ်မူကား ဤဘုံဘဝသို့ လာခြင်း တစ်ခြားဘုံဘဝသို့ သွားခြင်း စုတေခြင်း ပဋိသန္ဓေ နေခြင်းရှိသည့် သတ္တဝါဟူသမျှ အားလုံးတို့သည် ကံသာလျှင် မိမိဥစ္စာ ရှိကုန်၏၊ ကံ၏ အမွေခံ ဖြစ်ကုန်၏၊ ကံသာလျှင် အကြောင်းရှိကုန်၏၊ ကံသာလျှင် အဆွေအမျိုး ရှိကုန်၏၊ ကံသာလျှင် ကိုးကွယ် မှီခိုရာ ရှိကုန်၏၊ ကောင်းသည်ဖြစ်စေ မကောင်းသည်ဖြစ်စေ ပြုမိသော ကံ၏ အမွေခံတို့သာ ဖြစ်ကြလိမ့်မည်'' ဟု ဆင်ခြင်၏။
ထိုကံအကြောင်းကို မပြတ် ဆင်ခြင်သော ထိုသူအား မဂ်သည် ကောင်းစွာ ဖြစ်ပေါ်လာ၏၊ ထိုအရိယာတပည့်သည် ထိုမဂ်ကို မှီဝဲ၏၊ ပွါးများ၏၊ ကြိမ်ဖန်များစွာ ပြု၏၊ ထိုမဂ်ကို မှီဝဲသော ပွါးများသော ကြိမ်ဖန်များစွာ ပြုသော ထိုသူအား သံယောဇဉ်တို့သည် အချင်းခပ်သိမ်း ပျောက်ကင်းကုန်၏၊ အစဉ်ကိန်းနေသော 'အနုသယ' တရားတို့သည် ကင်းပြတ်ကုန်၏ ဟု မိန့်တော်မူ၏။
Tuesday, January 4, 2011
လွတ်လပ်ရေးနေ့ 
 လွတ်လပ်ရေးနေ့     
'
   ဒီဇင်ဘာလ ဆိုရင်ရပ်ကွပ်တိုင်းမှာ ပြေးခုန်ပစ် အားကစားပွဲတွေ ကျင်းပလေ့ရှိတယ်။ လွတ်လပ်ရေးနေ့ မှာတော့ မြို့ နယ်အဆင့် ပြိုင်ပွဲးတွေ ကျင်းပလေ့ ရှိတဲ့ ကျမရဲ့  မြို့ ကလေးအကြောင်းပါပဲ။
   ဒုတိယ အစမ်းစာမေးပွဲးပြီးလို့  ကျောင်းကလဲ ၁၀-ရက်လောက်ပိတ်ထားပြန်၊ အေးတဲ့ရာသီလဲ ဖြစ်ပြန် ဆိုတော့ ကလေးသဘာဝ အိမ်ထဲမှာတောင်နေတာ မဟုပ်ပါဘူး။ အိမ်ပတ်ဝန်းကျင်က ကလေး ကြီး၊ သေး ရွယ်စုံးနှင့် နေ့ တမျိုး၊ ညတဖုံ ရိုးတယ်ကိုး မရှိပါဘူး   :P ဆော့ကြတာ ဗြောင်ကိုဆန်နေတာပါပဲ။ ခုတော့ ကျမတို့  အိမ်ရှေ့ တလျှောက်က မြေနေရာလေးမှ ညဘက်ရောင်း တဲ့ဈေးဆိုင်လေးတွေနှင့် ကစားကြမဲ့ ကလေးတွေကလဲး မတိုးပွှားလာပဲ ဟိုဟို ဒီဒီ ပြောင်းလို့  အသွင်သစ်တွေ ပြောင်းကုန်ပါပြီ။
   ဒီလို့  သောင်းကျန်နေတဲ့ ကလေးတွေပဲ လေ။ ဒါတောင် ရပ်ကွတ်အားကစားပွဲးတွေ လုပ်တယ် ပြိုင်လို့ ရတယ်ဆိုတာ မသိသေးပါဘူး၊ ကလေးကို။ ရပ်ကွတ်ထဲက ဖေဖေနှင့်လဲ အလုပ်မှာ သိကျွမ်းတဲ့ ဦးရွှေဝင်းက ကျမကို ကစားဖို့ လာခေါ်ပါတယ်။ သူပဲ နံမည်စာရင်းပေးတော့ အရပ်တွေတိုင်းပြီးတော့ ကလေးတွေကို အုပ်စုခွဲးပါတယ်။ အင်း ဒီနေရာတော့ ကျမမှတ်မိတာက မှားသွားပြီလားမသိဘူး။ အရပ်တိုင်းတာ မှန်ပေမယ့် အုပ်စုကတော့ အသက်နှင့်ပဲ ခွဲးတာပါ။ ဟုပ်တယ် ဟုပ်တယ်။
    ကျမ စဆော့တဲ့ အရွယ်မှာ ထိုင်ခုံလုပွဲးပါတယ်။ ထိုင်ခုံတွေချပြီး ဘယ်နနှစ်ကလေးတွေ လာလို့  လော်စပိကာနဲ့  အော်လိုက်တော့ ကလေးတွေ သွားစုတယ် ထိုင်ခုံဘေးမှာ။ ဝီစီမှုတ်ရင် ထိုင်ခုံပတ်ပြေး လို့  မှာထားတယ်။ ကိုကလဲ
စပြိုင်ဘူးတာ ပထမဆုံးလေ အူလည်လည်နဲ့  ဝီစီသံဆုံးတော့ နီးရာသူများတွေထိုင်လို့  ကိုလဲ အစပိုင်းကတော့ ဟုပ်တိ၊ ပတ်တိ ထိုင်ခုံရသေးတယ်။ ထိုင်ခုံ ကတဖြည်းဖြည်း လျှော့လာတာ နှစ်လုံးလဲကျန်ရော (အဲတာဒိုင် ပေါ်လဲ မူတည်တယ်) သူမုတ်တဲ့ 
အချိန်မှာ ကိုက ထိုင်ခုံရှေ့ မှာ မဟုပ်တော့ ကျန်တဲ့ရှေ့ ရောက်နေတဲ့ကလေးက ဝင်ထိုင်ရော။ ဘယ်ခုံထိုင်ရမှန်း မသိဘူး၊ ယောင်လည် ယောင်လည်နဲ့ ငိုမဲ့မဲ့ဖြစ်နေတော့မှ မေမေက လာဆွဲးခေါ်ရတယ်။ နှစ်ယောက်မှာ တစ်ရတဲ့သူအတွက်
ဆက်ပြိုင်ရဦးမှာကိုး။ ခုတော့ တခြားကလေးတွေ ဖြစ်နေရင် ရီခြင်တယ်။
   နောက်ပွဲးက ဝက်မျက်လုံးထိုးပွဲး။ ပွဲစဉ်တွေတော့ ရှေ၊့နောက်တွေ မှတ်မိတော့ပါဘူး။
အဲတာတော့ သူတို့ ဘယ်လိုရွေးတယ်၊ သတ်မှတ်တယ်ဆိုတာ ခုချိန်ထိ ရေးတေးတေးပဲ။ ဒါပေမယ့် ဒါလဲ တတိယပဲ။ မီတာ ၅၀ အပြေးပြိုင်ပွဲးတော့ ဒုတိယရတယ်လို့  မှတ်မိတယ်။
   နောက်နှစ်တော့ ကိုယ့်ဘာသာ သွားပြိုင်ဖြစ်သွားပါတယ်။ အရွယ်ပြောင်းသွားတော့ ကစားနည်းတွေလဲ ပြောင်းပြီးဆော့ရတယ်။ ကြက်ဥဇွန်းကိုက်လို ပြိုင်ပွဲးကတော့ ကိုယ့်ဘာသာ တစ်ယောက်ထဲ ဇွန်းထဲက ကျောက်ဒိုးလေးကို ငြိမ်အောင် ကိုက်ပြီး ပန်းတိုင်ကိုသွားရတယ်၊ အားလူကောက်လဲပဲ တစ်ယောက်ထဲ တာထွက်မှာ ချထားတဲ့ ခြင်းတောင်းထဲကို အားလူးတွေကို နီးရာကနေ ဝေးသွားတဲ့ထိကောက် ပြည့်သွားရင် တောင်ကိုမပြီး ပန်းဝင်အောင်းပြေးရတယ်။ အဲဒါတွေကတော့ တစ်ယောက်ထဲ ပြိုင်လို့ ရပေမယ့် ၊ အပ်ချည်နဲ့  အပ်ထိုးတာတို့  ကျတော့ တစ်ယောက်ကကိုင် တစ်ယောက်က ပန်းတိုင်ကနေ ပြေးလာပြီး အပ်ချည်ထဲ့၊ ထဲ့လို့ ရသွားရင် အပ်ကိုင်ထားတဲ့ သူကယူပြီး ပန်းတိုင်ထိပြေးရတယ်။ ဒီလို ပွဲးလေးတွေကြတော့ ဘက်ကောင်းရဖို့  လိုတယ်။ ဒါကတော့ ကံအတိုင်းပဲ အဆင်ပြေသလို ရွေးပြီး တွဲလိုက်တာဆိုတော့။
   ဒီကစားနည်းလေးတွေကို ကြည့်လိုက်ရင် ကိုလက်လုတ်ရှားမှု့ ကိုတင် အားပေးတာ မဟုပ်ပါဘူး။ ယှဉ်ပြိုင်မှု့ တွေ၊ ပူပေါင်းဆောင်ရွတ်မှုတွေ ပါလာပါတယ်။ ဒီထဲ မကောင်းတာ တစ်ခုကလည်း ဘာလဲ ဆိုတော့ ဒိုင်တွေဘက်လိုက်ရင် ကလေးတွေပါ မကတော့ဘူး လူကြီးတွေပါ စောင်လာတယ်။ ဘာမှတော့လဲ မဟုပ်ပါဘူး။ ကိုယ်နိုင်တဲ့ အဆင့် အလိုက်တော့ ကောက်ထားတဲ့ ပိုက်ဆံလေးကို ဆုချတာပါပဲ။ မုန့် ဖိုးရတာပေါ့။ ဒါကလဲ ကလေးဆိုတော့ များပါတယ်။ ပထမဆိုရင် ၃၀ကျပ်၊ ဒုတိယက ၂၅ကျပ်၊ တတိယဆိုရင်တော့ ၂၀ကျပ် လောက်ရတယ်လို့  ရေးရးပဲ မှတ်မိတယ်။ အဲလိုဆိုတော့လဲ များသင့် သလောက်များမှာပေါ့နော်။ ကျမတို့ ရတဲ့မုန့် ဖိုးက အဲဒီတုံးက တမတ်၊ ငါးမူးပဲ သုံးရသေးတာကိုး။ (၂၅ ပြား၊ ပြား၅၀ ကိုပြောတာပါ၊ ခုခောတ်က အကြွေကို မမြင်ဘူးလောက်တော့ဘူး။)
   ဒါက မိန်းကလေးတွေ ကစားရတာ။ ယောက်ကျားလေးတွေလဲ အသက်အရွယ်ခွဲးလို့  ကစားနည်းတွေ ကွဲးကြတယ်။ ဂုံနည်းအိတ်စွပ်ပြေးတာ၊ ပူပေါင်းဖောက်ပြိုင်တာ၊ ဒါပေမယ့် အားလုံးတူတဲ့ ကစားနည်းကတော့ အပြေးပြိုင်ရတာပါပဲ။ အရွယ်လိုက်လို့ တော့ ပြေးရတဲ့ အကွာအဝေးက ကွာသွားတာပေါ့။ လူကြီးပိုင်းတွေ ဆိုရင် ရပ်ကွတ်ပတ်ပြေးရတယ်။ မှတ်မိနေတာ တစ်ခုကတော့ ရပ်ကွတ်ပြိုင်ပွဲးက လူတစ်ယောက် ပြေးနေရင်းပန်းဝင် လာပြီးတော့မှ ကြွတ်ကျောတက်တာကို ပထမဆုံး စမြင်ဘူးသွားပါတယ်။ ဟီး စပ်စုတာပါ မသိလို့ ၊ သူကတော့ တော်တော်ခံစား နေရတာပါပဲ။ ကြည့်ပြီးတော့ စိတ်တောင်မကောင်းပါဘူး။
    မြို့ နယ်အဆင့်မှာတော့ ပြေး၊ ခုန်၊ ပစ် ဆိုတဲ့အတိုင်း စုံပါတယ်။ ခေါင်းဦးနဲ့  တစ်ယောက်ကို တစ်ယောက်ထုတာ၊ အစားပြိုင်၊ အမြင့်ခုန်၊ လှံတံပစ်၊  သံလုံး၊ သံပြားတွေ ပစ်တာမမြင်ဘူးတာတွေ အစုံပါတာပေါ့. နတ်ကရာ ကြည့်မောရတာပါပဲ။ ကလေးဆိုတာ လောကထဲ အသစ်ရောက်လာတဲ့ ဧည့်သည်လေးတွေ မုတ်လား။
   အဲလိုပဲ အလုပ်သမားနေ့ နှင့် ပတ်သတ်တဲ့ ပွဲးလမ်းမျိုးတွေလည်း တွေ့ ရဘူးပါတယ်။ ကျမတို့ မြို့ က အလုပ်သမားမြို့ တော်ကိုး ။ လူတွေက အသစ်တွေရောက်လာလိုက်၊ သိကျွမ်းပြီးသား လူဟောင်းတွေက တနယ်၊တကျေး ပြောင်းသွားလိုက်နဲ့  ဆိုတော့  မြို့ သူ၊မြို့ သားတွေကလည်း အချိန်တန် အရွယ်ရောက်လို့  အလုပ်ခွင် တွေထဲဝင် မိဘတွေနဲ့ ခွဲး၊ မွေးရပ်မြေလေးနဲ့ လည်းကွဲးကွာလို့  တွေ့ ၊ ကြုံ၊ စုံ၊ ကွဲး ရတာဟာ ဓမ်မသဘောတရားနှင့် အညီပါပဲလေ။
    သတ္တဝါတွေဟာ ဖြစ်လေရာဘဝ၊ ရောက်လေရာ အရပ်မှာ ပျော်ကြတာပဲလို့  ဘုရားဟောလေး ရှိသားပဲ။ ဘုန်းကြီးတွေဟောတာ နာရဘူးတာကတော့ . . . . .
 :D     တခါက နတ်ပြည်မှာ နတ်သား နှစ်ပါးအတူရှိနေတုံး နတ်သားတပါးက နတ်ဝတ် တန်ဆာတွေ ငြိုးလာတော့ သူစုတေရတော့မယ်လို့  သိသတဲ့။ ဒါနဲ့  သူဒီကစုတေရင် ဘယ်ဘဝမှာ ဝင်စားမလဲလို့  နတ်မျက်လုံးနှင့် စူးစမ်းလိုက်တော့ နွားချေးပိုးထိုးကောင် ဘဝရောက်ရမှာကို မြင်သတဲ့။ ဒါနှင့် သူလဲရှက်လွန်းလို့  သူ့  သူငယ်ချင်းကို သူငယ်ချင်းရေ ငါများ ဒီဘဝရောက်ခဲ့ရင် ငါ့ကို လာလို့ သတိပေးပါကွယ်။ သူက အဲဒီဘဝမှာ တစ္စက္ကန့် လေးတောင် မနေပါရစေနှင့်လို့  ပြောပြီး စုတေသတဲ့။ ဒါနဲ့  သူငယ်ချင်ဖြစ်သူကလဲ သူ့ သူငယ်ချင်းမတွေ့ ရတော့မှ ဒိဗ္ဗစက္ကူဥဏ်နှင့် ဆင်ခြင်လို့ ရှာလိုက်တာ တစ်ခုသော နွားခြေပုံထဲမှာ သွားတွေ့ တယ်ဆိုရင်ပဲ နတ်ပြည်ကနေ သူငယ်ချင်းရှိရာအရပ်ကို အာရုံပြုလို့  သတိပေးသတဲ့။
   တော် တော်နဲ့  ထွက်မလာတော့မှ နွားချေးပုံဝလောက်ကနေ အသံပြုသတဲ့ (အသံပေါ် လာအောင် လုတ်တယ်လို ယူဆရတာပဲ) အဲဒီတော့မှ ချေးပုံထဲက တက်လာပြီး ပြောဆိုပဲ။ သူငယ်ချင်းရေ ငါဒီမှာ နွားချေးပိုးထိုးမလေးနဲ့ ပျော်နေလို့  အချိန်တောင် မအားပါဘူးလို့  ပြောပြောဆိုဆို ချေးပုံထဲကို စွပ် ဆိုပြီး ခုန်ဆင်းသွားပါရောတဲ့. . . ပုံပြင်လေးကတော့ ဒါပါပဲကွယ်။
     ဒါကြောင့် ဘဝမှာ ဒီလိုပဲ ပျော်လည်းနေ၊ မပျော်လည်းနေ   မပြိုင်ခြင်လဲမရ၊ ပြိုင်ခြင်လဲ မရတဲ့ ဘဝတွေကို ဆက်လတ်ချည်တက်နေကြရဦးမှာပါလို့  နီဂုံးချုပ် လိုက်ပါရစေနော်။
     ပုံများကို Google မှ ရှာ၍ ရယူပါသည်။
2 comments:
ညိမ်းနိုင် said...
ဒီလိုပဲပေါ့ဗျာ....ပျော်သလို၊တော်သလို၊လျော်သလို၊အဆင်ပြေသလို ကြည့်
ကြပ်နေရတာပဲဗျ...။အင်း...ကျွန်တော်တို့မြို့က လွတ်လပ်ရေးနေ့ ချောတိုင်
တက်ပွဲတောင် သွားသတိ၇မိသေး...။
ဟန်နာ said...
လည်လည်လာသွားတယ်... :)
လင့်ခ်လေးလည်း ချိတ်လိုက်မယ်နော်..