ပုံလေးကိုတော့ Google ကနေ ရှာထည့်ပေးတာပါ။ |
ခရီးလေးတစ်ခု အကြောင်းဆီ စိတ်အာရုံကလေးက
ကျက်စားလို့  နေပြန်သည်။ ခရီးဆိုသော်လည်း ကိုယ်မရောက်ဘူးသော အရပ်ဒေသများသို့  သွားရသည်
ဖြစ်ခြင်းကြောင့်လား မသိပါ မမြင်ဘူး၊ မတွေ့  ဘူးသော အရပ်ဒေသများ၊ မြင်ကွင်းများ နှင့်
အတွေ့ အကြုံများကြားမှ သွားရသောကြောင့် ထင်ပါရဲ့  ယခင်ကဆိုလျှင် ငြီးငွေ့ မိမည်ဖြစ်သော်လည်း၊
ယခုအခါတွင်တော့ ကိုယ့်အရပ်၊ ကိုယ့်လူမျိုးတွေရဲ့  စကားသံကို မညီးငြူနိုင်အားပါပဲ ခရီစဉ်များကို
စိတ်ချမ်းမြေ့စွာ၊ လွမ်းမောတသစွာ သွားဖြစ်ခဲ့ရပါတယ်။ အိမ်ထောင်ပြုပြီး နှစ်နှစ်ခွဲး၊
သုံးနှစ်ကြာမှ သွားဖြစ်သော ဆွေပြ၊ မျိုးပြ ခရီးစဉ်လေးတစ်ခုတွင် လမ်းခုလတ်မှာ ကြုံတွေ
့ရသော ဖြစ်ကြောင်းကုန်စင်ကို နတ်သံမနှောပဲ အစချီလိုက် ခြင်ပါတယ်နော်။
ကျမ ခင်ပွန်းရဲ့  မိဘ၊ မောင်ဘွား နှင့် ဆွေမျိုးများရှိရာဆီ
မပြန်တာကြာပြီဖြစ်သော ခင်ပွန်သည်နှင့် အတူ လိုက်ပါရင်း ခရီးသွားခဲ့ရပါတယ်။ ကျမ ကလည်း
ခရီးသွားရတာ တာဝန်မပါတာမို့  ပျော်ပါတယ်။ ဒါပေမယ့် ခရီးစဉ်က မန္တလေးမှ ထိုအရပ်ဒေသ ကျွန်းလှ
ဆိုတဲ့မြို့ ပြနဲ့  အလှမ်းဝေးသော၊ တောင်ပေါ်လိုလို တောင်ကြားလိုလို အရပ် အထက်အညာ ဒေသကလေးဆီပါ။
အဲဒီကို အသွားခရီးက မထောင်းတာလှပဲ အပြန်ခရီးတွင် ထိုအရပ်ဒေသသားတို့ ရဲ့ သွားရေး၊ လာရေး
ခက်ခဲးပုံများနှင့် ကြုံတွေ့  ရရုံသာ မက ခရီးသွားတို့  ကြား ကြုံစုံရသော အကြောင်းအရာလေးတွေကိုဖြင့်
အမှတ်တရဖြစ်ခဲ့ရပါသည်။
အသွားခရီးသည် မန္တလေးမှ နေ့ လည် ၃း၃၀ နာရီတွင်
စထွက်ပြီး၊ ည ၉း၃၀နာရီ၊ ၁၀နာရီလောက်တွင် သွားရမည့် နေရာသို့ ရောက်သောကြောင့် ခရီးလမ်းတွင်
အခေါက်တစ်ရာလောက် လူတိုင်းကို ဘာစားမလဲ၊ ဘာမှာမလဲမေးမြန် နှောက်ယှက်သော ရထားမှ အမှူထမ်းတို
့၏ တာဝန်ပိုလွန်းမူ၊ သုံးခါထပ်မနည်း စစ်ဆေးသော လတ်မှတ်စစ်တို့ ၏ ဝတ်တရားသိတတ်မူနှင့်
ပိုက်ဆံပေးတင်လာသော အထက်တန်းတွဲမှ ကုန်စည် စလွယ်များကြောင့် အိမ်သာပင် တတ်မရအောင် ပစ္စည်းတွေကြပ်၊
ကြမ်းပြင်မှာ ပြားနေအောင် ဆင်းအိမ်သော လူတွေမှလွဲး၍ တခြားစိတ်ရူတ်ဖွယ် အထူးအထွေ မတွေ
့ရပေ။ :D(ကျမတို့  ချစ်တဲ့ မြန်မာလူမျိုးတွေပါ . . .တကယ်ပါ မညာပါဘူး။)
သူ့ မိဘတွေ့ နှင့်တွေ့  ဒါတွေကတော့ ထုံးစံပေါ့နော်။
ကိုကလည်း အတူနေတာမှ မဟုပ်တာ ဧည့်သည်၊ အိမ်သည်သဘောမျိုး ဖြစ်နေတာကိုး။ ရောက်တုံးမှာ
သူတို့ မိသားစုဝင်တွေ တခါမှ စုံတယ်မရှိဘူး၊ ခုလို စုံတုံး အလှူအတန်းတွေလုပ်ပေါ့။ သူ
့တို့ အမျိုးကလည်း များ၊ လူကလည်းတက်ညီ၊ လက်ညီနှင့် ကူကြ၊ ဝိုင်းကြ ဆိုတော့ အလှူပွဲးလေးဟာ
အောင်အောင်မြင်မြင်နှင့် ပြီးဆုံးသွားပါတယ်။ သူတို့ မြို့ ဟောင်းလေး ရေးမြုတ် ဧရိယာလေးထဲ
ပါသွားတဲ့ သဖန်းဆိတ်ဆိုတာကြီးနှင့် ကင်းတား ရေတားစီမံကိန်းတွေကို အလည်သဘော လိုက်ပို
့ပါတယ်။ ကျန်တာတွေကတော့ ဘာညာ၊ သာတကာပေါ့။ ဒါပေမယ့်
နေရမယ် အချိန်ကာလတစ်ခု ပြည့်လာတော့ အပြန်ခရီးစဉ် စဖို့  စီစဉ်ရတာပေါ့လေ။ သူ့ ဖေဖေ၊
ကျမ ယောက်ခမကြီးက ဆိုရင် သူ့ သားတွေ၊ သူရင်ခွင်ကနေ ခွဲးပြီး ပြန်တော့မယ် ဆိုပြီ၊ နှစ်ရက်၊
သုံးရက် အလိုကတည်းက မျက်နှာလည်းမကောင်း၊ ကောင်းကောင်းလည်း မစား ဖြစ်နေတော့တာပါပဲ။
(ဒါတောင် ခုမှ ခွဲးရတာ မဟုပ်ပါဘူး၊ သူ့  သားတွေနှင့် ခွဲးခဲ့ရတာ ဆယ်စုကိုတောင် ခုဂဏန်းတွေ
စွန်းခဲ့ပါပြီ။)
ကျမကတော့ ကိုယ့်ရပ်ဌါနေ ပြန်ရ၊ သွားရတော့မှာ
ဆိုတော့ တက်ကြွခြင် သလိုလိုပေါ့လေ။ ဒါပေမယ့်
ရထားလက်မှတ်ကလည်း ဒီလို မြို့ လေးအတွက် အထက်တန်းတွဲးက (၄)နေရာပဲ ခွဲးတန်းရပါတယ်။ ကျမတို့  ပြန်မယ့်သူက (၄+၁) ဖြစ်နေပါတယ်။ တစ်ယောက်စာကတော့
အပိုကြေးပေးပြီ ကိုယ့်ဘာသာ အဆင်ပြေသလို လိုက်နိုင်တဲ့သူဆိုတော့ (၄)ယောက်စာကို လုံးပန်းကြရတယ်။
ဘာလို့ လဲ ဆိုတော့ ကျမတို့  ပြန်မယ့်ရက်မှာပဲ မန္တလေး တက္ကသိုလ်က ဆရာမ (၆)ယောက်ဟာလည်း
အထက်တန်းတွဲးကို ဖြတ်ဘို့  ကြိုးစားနေလို့ ပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ကျမတို့ မှာလည်း
ခွင့်ရက်နဲ့  ကိုက်ပြန်ရတာမို့  မီးရထားရုံးမှာ လက်မှတ်ရဘို့  ဝယ်ပေးသူတွေက အတော်ကြိုးစား
ရပါတယ်။ သူတို့ က (၁၀)တန်း စာမေးပွဲးအမှီ ဒီမြို့ ကလေးက ကျောင်းသားလေးတွေကို အနီးကပ်
လုပ်အားပေး၊ စာလာသင်ပေးကြတာ ဆိုတော့ ဝန်းထမ်းကလည်း ဟိုလူ့  ပေးရနိုး၊ ဒီလူ့ ပေးရနိုး
ဖြစ်နေတာပေါ့လေ။
အင်း ကျွန်းလှမြို့ က ပြန်ရမယ့်ညပေါ့ ၊ ဟုပ်တယ်လေ
အပြန်က မြစ်ကြီးနားက ထွက်လာမယ့် ရထားက သန်းခေါင်သနွဲးမှ ဝင်မလားမသိ၊ ကိုယ်လဲ တစ်ခါမှ
မပြန်ဘူးပဲကိုး။ စောစော အိပ်နေကြ မဟုပ်လို အိပ်လို့ လဲ မရပါဘူ။ မနိုးမှာလဲစိုးတော့
အအိပ်ကလည်း ဆတ်နေပြန်ရော။ မအိပ် အိပ်ရသေးဘူး မနက် (၃)နာရီ ပြန်ထရ ပြန်ပါရော။ သူ့  မေမေနှင့်
မောင်နှမ တစ်တွေကတော့ လှုပ်စိ၊ လှုပ်စိနှင့် ပြန်ဘို့ ပြင်သူက ပြင်၊ လိုက်ပို့ မယ့်သူ
့က လိုက်ပို့ ဘို့ ပြင်နဲ့ ပါပဲ။ သူ့ ဖေဖေကတော့ နိုးနေပေမယ့် မလှုပ်ပဲ၊ အိပ်ချင်ယောင်
ဆောင်နေပါတယ်။ သူ့ က မခွဲးခြင်သူကိုး မိဘတွေလည်း
သနားမိပါရဲ့ ၊ ကိုယ့်ကိုလည်း သနားမိပါတယ်။ နေခြင်ပေမယ့်၊ တော်ရာမှ နေရတဲ့ဘဝ၊ ပျော်တယ်ရယ်
မဟုပ်သော်လည်း၊ နေတတ်အောင် နေရတဲ့ဘဝတွေ မို့ လား။ လူရယ်လို့  ဖြစ်လာတာ သေသေချာချာများ
စဉ်စားကြည့်မိရင် သုခဆိုတာထက်၊ ဒုက္ခတွေက များလှပါတယ်။ သံဝေဂတွေ ခဏထားလို့  အကြောင်းအရာလေးကို
ဆက်လိုက်ကြအုံးစို့ နော်။
ခရီးသွားခါနီး ဘုရားကို အရင်ရှစ်ခိုးရပါတယ်။
ပြီးရင် အိမ်ကမထွက်ခင် မိဘ၊ ဦးလေး၊ ဒေါ်လေး၊ ကိုယ့်ထက်ကြီးသူကို ကန်တော့လေ့ ရှိတဲ့
ကျမတို့  မိသားစုရဲ့  အလေ့အတိုင်း ယေက္ခမကြီးတွေကိုလည်း လက်ဆယ်ဖြာ ထိပ်မှာမိုးလို့ 
ကန့် တော့ခဲ့ပါသေးတယ်။ မိဘတွေက ခရီးမှာ ခလုတ်မထိ၊ ဆူးမငြိအောင်လို့  တဲ့။ ကျမတို့ 
ညီအမ တစ်တွေ အမြဲကန်တော့ပြီ်းမှ ခရီးသွားရပါတယ်။ ဘယ်သူမှမရှိရင်တော့ ဘုရားကိုပဲ ဦးချပြီး
ခရီးထွက်ရပါတယ်။ အနည်းဆုံးတော့ ကိုယ့်ကိုယ်ကို သရဏဂုံတင်ပြီး ခရီးသွားရတဲ့ အလေ့အထလေးပေါ့။
ချစ်စရာ မြန်မာဓလေ့လေးမို့  မြတ်နိုးစရာလေး မဟုပ်ပါလား။ မိဘတွေ ကိုယ့်ဆီ လာလည်တော့လည်း မပြန်ခင်မှာ မိဘတွေကို
ကန်တော့လိုက်ကြမြဲပါပဲရှင်။
ဇာတ်လမ်းလေးက စတည်းက ယာဉ်သကိုးရှင့်။ ကျမတို့  (၃)နာရီလောက်က ထပြီး၊ ပြန်ဘို့  တရုန်းရုန်းလုပ်ပြီး၊
၃-နာရီ ခွဲး အိမ်ကထွက်လာခဲ့ပါတယ်။ ၄-နာရီလောက်ကတည်းက စပြီးစောင့်လိုက်ရတဲ့ ရထား လည်ပင်ကို
ညောင်ရေအိုး ဖြစ်လောက်တယ်။ ဆောင်းတွင်းအအေးဟာ ဝတ်ထားတဲ့ အနွေးထည်ကိုတောင် ထီမထင်ပဲ
ဖောက်ဝင်လာနေတာမို့  ရထားဘူတာရုံလို လဟာပြင်မှာ သွေပူအောင် ထပြီး ဟိုလျှောက်လျှောက်၊
ဒီလျှောက်လျှောက်နဲ့  အိပ်ခြင်သလို မျက်လုံး အစုံကလည်း မျက်ရည်တွေ ဝေ့ဝေ့လာလို သုတ်ရသေး။
ရထားကလည်း ရိုးရိုး သူတို့ အခေါ် နဘားတွဲးတွေတော့ လာပါရဲ့ ၊ ကိုယ်စီးမယ့် အထူးရထားက
မလားသေးနဲ့ ပေါ့လေ။
ဟော လာမယ့် လာတော့ (၅)နာရီ ထိုးလုလုမှ ပေါ
်လာတယ်။ ကိုယ်စီးရမယ့်တွဲးကို သူတို့ တွေက နယ်ခံဆိုတော့ သိကြတယ်၊ ရှာပေးကြပါတယ်။ မီးရထားက
ရပ်တာမှ ၅-မိနစ်၊ ၁၀-မိနစ် တွဲးရှာ အဲ ရိုးရိုးတောင် ရှာရတာ မဟုပ်ဘူး။ အပြန်သယ်မယ့်
ပစ္စည်း၊ ခြင်းတွေ အိတ်တွေ ဆွဲးပြီး ပြေးပြေးလွှားလွှား ရှာရတာ။ တွေ့ တော့ နောက်ဆုံးတွဲမှာ အထူးတန်း-၂။ ရထားနောက်ဆုံးတွဲး
ဖြစ်နေတဲ့ အထူးတန်း ဆိုတာကြီးဆီ သူတို့ တွေသယ်ပို့ ပေးလို့ သာ လူစုံ၊ ပစ္စည်းစုံ ရောက်ပြီး
ပါလာပါတယ်။ ပစ္စည်းက နေရာမှ မကျသေး ရထားက ဥဩစွဲးလို့  စထွက်ပြီ။ ကျမတို့ မြို့ က မီးရထား
မရှိဘူးတဲ့ အရပ်၊ ဘယ်သွားသွား ကားပဲစီသွားရတာ ဆိုတော့ ကားစီးရတဲ့ ဒုက္ခတော့ သိပေမယ့်၊
ရထားစီးရတဲ့ ဒုက္ခကတော့ ဒါ ပွဲးဦးထွက်လောက်နီးနီးပေါ့လေ။
ရထားစီးဘူးသူတွေ အတွက်ကတော့ နောက်ဆုံးတွဲးစီးရတဲ့
အရသာကို ကောင်းကောင်း သိထားပြီး ဖြစ်မယ်ထင်ပါတယ်။ ပြီးတော့ အထူးအမြန် ရထားလဲ ဖြစ်နေတော့
တွေးရုံနှင့်တင် မြင်ရောင်မိမှာပါ။ ရထားကလည်းထွက်၊ ကျမ အမျိုးသားနှင့် သူ့ အစ်ကိုကလည်း
ပစ္စည်းတွေ စင်တွေပေါ်တင်၊ ခုံတွေအောက်ထဲ့ နဲ့ ရထားပေါ် ပါလာကြပါတယ်။ အို ဘာပြောကောင်းမလဲ ရထားလမ်း အကွေ့  အကောက်တွေ များတာ
ခုတစ်ခေါက်မှပဲ သိရပါတော့တယ်။ ရထားက တစ်ခါ၊ တစ်ခါများ ကွေ့  လိုက်ရင်း တွဲးကြီးက ၆၀
ဒီဂရီလောက် ရှိမယ် ဟိုဘက်ယိမ်းလိုက်၊ ဒီဘက် ရမ်းလိုက်နဲ့  ပစ္စည်းတွေများ ပြုတ်ပျက်
ကျလာမတတ်ပဲ။ ကျမတို့  ပစ္စည်းတွေထဲမှာ လပ်ကေ့စ် အသေးတလုံးပါလာတယ်။ ကျန်တဲ့ပစ္စည်းတွေက
သူဟာနှင့်သူ အထားကျနေပေမယ့်၊ ဒီလပ်ကေ့စ် အသေးလေးက တွဲးကရမ်းသွားရင် တစ်ခါထွက်လာလိုက်၊
ပြုတ်ကျတော့မလို ဖြစ်လို့  ခုံပေါ်မတ်တပ်ရပ်ပြီ ထိန်းလိုက်ရတာလည်း အမော။ တစ်ခါ၊ နှစ်ခါလည်း
မဟုပ်ဘူး လေး၊ ငါး ခါလောက်လဲ အပြေးတက်ထိန်းပြီးရော ကျမလည်း အိပ်ကလည်း အိပ်ချင်၊ စိတ်ကလည်း
မရှည်တော့ဘူး။ ဒါနဲ့  မသိခြင်ယောင် ဆောင်ပြီ
အိပ်မလို့ ပဲ ရှိသေးတယ် “ဝုန်း“ ခနဲး မည်သံနှင့် အတူ လက်ကေ့စ် အသေးလေးအောက်ကို ပြုတ်ကျလာပါရောလား။
အိတ်က ရိုးရိုးကျတာ မဟုပ်ဘူးလေ၊ ခုံရဲ့ 
စင်္ကြန်လမ်းဘက်ခြမ်းက ဦးပဇင်းတပါး ထိုင်လိုက်လာတာကို ဘုန်းကြီး ခေါင်းပေါ် “ဒုန်း“
ခနဲ မည်အောင် ပြုတ်ကျသွားတာပါပဲ။ ကျမနှင့် ကျမ ယောက်ကျားလည်း ဘုန်းကြီးကို အာနာပြီး
မြန်မြန် ကောက်ထားလိုက်ရတယ်။ အပေါ်မတင်တော့ပဲ ခုံဘေး ကပ်ထား လိုက်ရတော့ တာပေါ့။ တော်နေကြာတော့
ဘုန်းတော်ကြီးက သူ့ ဘေးမှာကျန်နေခဲ့တဲ့ လက်ကိုင်းအကျိုးလေး ကောက်ပြီး ပြန်ပေးတယ်၊ ဘာမှ
မဖြစ်သလိုပဲ။ သံဃာမှန်း သိသော်လည်း ခရီးသွားနေစဉ်မို့  ကိုယ့်ဒုက္ခနှင့်ကို ဘာမှလည်း
သီးသန့် ဖယ်ပြီ အရိုအသေပေးလို့  မရနိုင်အောင် ဖြစ်ရပါတယ်။ ဒီကြားထဲ ကိုကလည်း ကိုယ့်ပစ္စည်းတွေနှင့်
အထာကျမလို ရှိသေး လက်မှတ်စစ်ကလာလို့  လက်မှတ်ပြရသေးတယ်။ အဲဒီမှာပဲ ကျမတို့ နှင့် လက်မှတ်ဝယ်ဘို
့ ကြိုးစားကြတဲ့ ဆရာမတွေကလည်း ကျမတို့  ရထားပေါ်မှာ ပါလာပါတယ်။ မြို့ ခွဲးတန်းကမှ
၎-ခုံပဲ ရတာ။ ရထားပေါ်တက်တုံးက စုပြုံတိုးတက်လာတာ အားလုံးစုစုပေါင်း ဆယ့်နှစ်ဦး၊
ဆယ့်သုံးဦးလောက်တော့ ရှိပါမယ်။
ကျမတို့ က ၅-ယောက် ဒါပေမယ့် ၁-ယောက်စာတော့ ကြိုပေးထားတာမို့  လက်မှတ်စစ်ကဘာမှ
မပြောပါဘူး။ ဆရာမတွေ လက်မှတ်စစ်တော့ ၄-ယောက်က အထက်တန်းတွဲး၊ ၂-ယောက်က ရိုးရိုးတွဲးပါ
ဆိုပြီ ယစ်ပါလေရော။ လက်မှတ်စစ်ကလည်း ပိုက်ဆံလိုခြင်လို တော်ကြာလာလိုက် တမျိုးပြောလိုက်၊
တော်ကြာ လာပြန်ရင်း လက်မှတ်စစ်ကို ထပ်စစ်မဲ့  စစ်ဆေးရေးတွေ လာရင် ဘယ်လိုပြောရမလဲနှင့်
လာညစ် နေတာပေါ့လေ။ ဆရာမတွေကလည်း ဝန်းထမ်းတွေလေ ဘယ်ပေးခြင်မလဲ။ ဘုနှင့် ဘောက်ပေါ့။ လမ်းခရီး တော်တော်ပေါက်မှ ဆိုတော့ ခုတော့ မပြောင်းပါရစေနှင့်ပေါ့။
ရွှေဘို ရောက်ရင်တော့ ရိုးရိုးတွဲးကို သွားပါ့မယ်ဆိုပြီး ၃-ယောက် တစ်ခုံတန်းနဲ့  ထိုင်လိုက်လာပါတယ်။
ဆရာမ တစ်ယောက်က တော်တော် `ဝ`ပါတယ်။ သူတို့ ထိုင်လိုက်တော့ ရတော့သွားတာပါပဲ။
နောက်ဆုံး ဘယ်လိုမှ ပေးမှာ မဟုပ်ဘူး၊ ဆရာမတွေကလည်း
တာဝန်နဲ့ လာတဲ့ ဝန်ထမ်းတွေ ဆိုတာ သိသွားတော့(ဆရာမတွေက ဝန်းထမ်းကဒ်တွေ ထုတ်ပြပြီ ပြန်စွာလိုက်တာ)
ရွှေဘိုရောက်ရင်တော့ တွဲးပြောင်းပါဆိုပြီး ပြန်သွားတယ်။ :D လက်မှတ်စစ်
ထွက်သွားတော့မှ ` လား လား` ဆရာမတွေက သူတို့ ခြင်းပြောပြီး ရယ်ကျပါရော။ ဆရာမတွေကလည်း ဒီရက်ပဲ ရအောင်ပြန်လာမယ် ဆိုပြီး ဖြစ်အောင်
စီစဉ်တယ် ထင်ပါရဲ့ ။ ဖြစ်ပုံက အထက်တန်းတွဲး
လက်မှတ်တွေက လာတုံးက လက်မှတ်တွေ၊ ရိုးရိုးတန်း လက်မှတ်ကမှ အပြန် အတွက် ဝယ်ထားတာ။ ဒါပေမယ့်
သူတို့ ကလည်း ရိုးရိုးတန်းမှာ မစီးခြင်တော့ အထက်တန်းတွဲးလက်မှတ် အဟောင်းနှင့် တွဲးပြီး
ရအောင် တက်စီးလာတာ။ ရိုးရိုးတန်း လက်မှတ် နှစ်စောင် ဝယ်ထားတဲ့ ဆရာမ ၂-ယောက်က ရွှေဘိုထိပဲ
လိုက်မှာ။ အဲဒီတော့ ပြောင်းခိုင်းတဲ့ အချိန်ကြ သူတို့ မြို့ ရောက်ပြီ။ ကျန်ခဲ့တဲ့ ဆရာမများကလည်း
မန္တလေးထိ စီးလိုရသွားပါတယ်။
ကျန်တဲ့ လူ ၂-ယောက်ကတော့ တွဲးစောင့်ကို ဒဏ်ကြေးပေးလိုက်ရပြီ(သူတို
့က အဲလို လက်မှတ် အဟောင်လေးမှ မပြနိုင်ပဲကိုး) နောက်ဘူတာရောက်တော့ ရိုးရိုးတွဲး ပြောင်းသွားရပါတယ်။
ကိစ္စလေးပြီးသလို ဖြစ်သွားတော့ ကျမလဲ အိပ်မလိုလိုပဲ ရှိသေး ရွှေဘိုမြို့ ဝင်လာပါတယ်။
မိုးလဲ လင်းလုလုဆိုတော့ ရွှေဘိုမှာလည်း ရထားရှန်တိန်လုပ်ရမှာ ဆိုတော့ အကြော်၊ ထမင်းကြော်
၊ ပြောင်းဖူး စတာလေးတွေ ဆင်းဝယ်စား အဲ အဲ မျက်နှာအရင်သစ်
ပြီးမှ ဝယ်စားကြပါတယ် :P ။ မိနစ် နှစ်ဆယ်၊ နာရီဝက်လောက်တော့ ကြာမယ်ထင်တယ်။ အဲဒီကနေ ရှန်တိန်လုပ်ရမယ့် တွဲးတွေလာပြီးမှ ကျမတို
့ စီးလာတဲ့ ရထားတွဲးကြီးဟာလည်း ခရီးဆက်လက် ထွက်ခွာလာခဲ့ပါတယ်။
လမ်းမှာလည်း လယ်ကွင်းအမျိုးမျိုးကို ဖြတ်လာတော့
ကျမကလည်း ဟိုအပင်ကဘာလဲ၊ ဒီအပင်ဘာနှင့် ကြည့်ရူ့ စပ်စုလာရသပေါ့လေ။ ယူကလစ်ပင်တွေ တွေ
့ရတော့ ကျမက ယူကလစ်ပင်တွေဟာ မြေဆီလွှာကိုပြုန်းစေတယ်၊ မိုခေါင်စေတယ်ဆိုတော့ အမျိုးသားကလည်း နေကြာပင်တွေကို လူတွေက စိုက်လို
့သာ စိုက်နေတာ သူကလည်း စိုက်ပြီးရင် မြေဆီကို စုပ်ယူသွားလို့  မြေဇာချရင် တော်တော်နှင့်
မတက်ဘူးလို့  ရှင်းပြပြန်ပါတယ်။ တချို့ နေရာတွေမှာ စိုက်ပျိုးမဖြစ်တဲ့ မြေတွေပြပြီ
ဒီမြေတွေက ကျစ်လို့  လယ်၊ ယာ အနေနှင့် အသုံးမပြုနိုင်ဘူးလို့  ပြပြန်ပါတယ်။ တစ်နေရာရောက်တော့
ဒါက ဆားကျင်းတဲ့။ စစ်ကိုင်းမရောက်ခင် ရထားလမ်းဘေးမှာ မုဆိုးချုံးရွာနားမှာ မြေကနေ သဘာဝအလျှောက်
ဖြစ်နေတဲ့ ဆားကျင်းပါ (ရွာလား၊ မြို့ လားဆိုတာ ကျမ သေခြာတော့ မပြောတတ်ပါဘူ။)။ ဒါပေမယ့် ငယ်ငယ်က စစ်ကိုင်းတိုင်းမှာ ဆားချက်စက်ရုံရှိတယ်လို
့ ပထဝီမှာသင်ဘူးတာကို သတိရသွားပါတယ်။ စိတ်ကလည်း ဩ ဒါပဲဖြစ်မယ်လို့  တွေးလိုက်မိသေး။
စစ်ကိုင်းမြို့ ရဲ့ ဘေးက ဖြတ်လာတော့ ကောင်းမူတော်ဘုရားကြီးကို အဝေးကတည်းက ဖူးမျှော်ရတယ်။ အဲ ရွှေရောင်သုတ်ခါစ ထိပ်လေးမှာ ရွှေရောင်၊ အောက်ကတော့ ထုံးသင်္ဃန်းအတိုင်း ရှိသေးတယ်။ ရထားပေါ် ကမြင်ကွင်းဟာ စစ်ကိုင်းတောင်ရိုးပေါ်က ဘုရားတွေကို တမျှော်တခေါ်ပဲ ဖူးမြင်နိုင်ပါတယ်။ စစ်ကိုင်းတံတားကို ဖြတ်တော့ တံတားအဟောင်းပေါ်က နေ တံတားအသစ်နှင့် ဧရာဝတီမြစ်ကြီးကို ငေးမောရင်းဖြတ်လာခဲ့ရတယ်။ ကျမရင်မှာ တော်တော်ကြည်နုးမိပါတယ်။ ဒုတိယကမ္ဘာစစ်က လူတွေ စစ်ကိုင်းတောင်ရိုးမှာ ဘယ်လိုများ နေထိုင်ခဲ့ပါလိပ်လို့ လဲ စဉ်စားမိတယ်။ ဆရာမ ဒေါ်နုနုရည် (အင်းဝ)ရေးတဲ့ စာအုပ်တစ်အုပ်မှာ ဆရာမ ပြောဘူးတာလေးတောင် သတိရတယ်။ ဆရာမက အင်းဝသူဆိုတော့ သူက အင်းဝတံတားလို့  ပြောလေ့ရှိပြီး၊ စစ်ကိုင်းက စာရေးဆရာမ တစ်ယောက်(ဦးဘဆွေရဲ့  သမီး)နှင့် တွေ့ ရင် စစ်ကိုင်းတံတား၊ အင်းဝတံတားလို့  ငြင်းလေ့ရှိတာလေးကိုပါ။
တံတားဆုံးတော့ ရွှေကြက်ယက်ဘုရားဆိုပြီး ပြပါတယ်။
ကျမ မန္တလေးမှာ ကျောင်းတက်ခဲ့ပေမယ့် အဝေးသင်ဆိုတော့ ဘယ်မှနှံနှံစပ်စပ် မရောက်ဘူးပါဘူ။
သူကတော့ အထက်တန်းကျောင်းကို မန္တလေးမှာ နေလာတာဆိုတော့ တော်တော်လေးသိပါတယ်။ ခွင့်ရက်ကြောင့်
ကျမသွားလိုလှတဲ့ စစ်ကိုင်းတောင်ရိုး၊ အင်းဝ နှင့် မေမြို့ တို့ ကို မသွားခဲ့ရပါဘူး။ နောက်တစ်ခေါက်
ရောက်အောင် သွားမယ်လို့  အားခဲးထားပါတယ်။ မြေမြို့ ၊ မင်းကွန်းနှင့် မုံရွာတွေ၊ အမရပူရက
မဟာဂန္တာရုံကျောင်းတွေကို ငယ်ငယ်က မကြာခဏ ရောက်လေ့၊ လှူလေ့ရှိပေမယ့် စစ်ကိုင်းတောင်ရိုးကို
မေမေသွားတဲ့ အခေါက်က ကျမ မလိုက်နိုင်ခဲ့လို့  ခုထိအောင် မရောက်ဘူးသေးပါဘူး။ ရောက်အောင်သွားဘို
့ တစ်ခါ တေးမှတ်ထားရမှာပေါ့လေ။ (ဧရာဝတီမြစ်က ရေတွေကိုလည်း ဘယ်လောက်ရော့သွားလဲလို့  မှတ်ထားပါတယ်၊ ရေလယ်မှာ သောင်ထွန်း နတ်သမီးနေတဲ့ ကျွန်းပဲဖြစ်မလား၊ တံငါနှင့် ကိုင်းလုတ်တဲ့ ကျွန်ပဲ ဖြစ်မလားပါပဲ)
ဒီလို စိတ်ညစ်စရာ၊ ပျော်စရာတွေနှင့် ပြည့်နေတဲ့
ကျမတို့  ခရီးစဉ်လေးဟာ မန္တလေးမြို့ကို (၁၂)နာရီ ပတ်ဝန်းကျင်လောက်မှာ ဝင်လာတော့ တစ်စခန်းရပ်ခဲ့ရပါတယ်။
ကျမရဲ့ ခရီးစဉ်လေး တစ်ခုဟာ ဒီလို အတွေ့ အကြုံလေးတွေ စုံနေအောင်တွေ့ ခဲ့ရတာကို ကျမဖြင့်
တော်တော်လေးကို မှတ်မှတ်သားသားလေး သတိရနေမိပါတယ်။ ကျမတို့ လူမျိုးတွေက ဆရာ အော်ပီကျယ်ပြောသွားဘူး
သလိုပဲ မြန်မာပြည်မှာ နေရတာ ပျော်ပါတယ်။ ခုလည်းကြည့်လေ ကျမလည်း ခရီးစကတွေ့ ခဲ့ရတဲ့
မဆိုစလောက် စိတ်ညစ်ခဲ့ရတာတွေကို မေ့ပြီး ခုတော့လည်း ကြည်နုးစိတ်လေး၊ ပျော်ရွှင်စိတ်လေး
ဝင်လာခဲ့တာပါပဲ။ အင်း ခရီးသွားတဲ့ အရသာကို ဒါတွေကြောင့် ဥရောပကလူတွေက သဘောကျ-ကျတာဖြစ်မယ်
ထင်ပါရဲ့ လို့  တွေးရင် နောက်တစ်ခါ ဘယ်အချိန် ခရီးထွက်နိုင်မလဲလို့  … မျှော်တွေးရင်၊ ကျမလိုပဲ ခရီးသွား နှစ်သက်သူတွေ စဉ်စားမိကျမယ်လို
့ ထင်ရင် နိဂုံးချုတ်လိုက်ပါပြီ။ ။
5 comments:
ရ ရထားကြီးပျော်ပျော်စီးရတာ ညစ်ပျော်လေးပေါ့လေ...:)
ခရီးထွက်ရတာကိုကျွန်တော်တော့သဘောကျသဗျာ....။
မြန်မာပြည်မီးရထားခရီးစဉ်တွေကတော့ ဟိုး...လွန်ခဲ့တဲ့
နှစ်၂၀လောက်ကအတိုင်းမပြောင်းမလဲပဲနော်...:(
ရ ကောက် ရထားကြီး ပျော်ပျော် စီးသွားပါသည်။
ပျော်စရာတွေ စိတ်ညစ်စရာတွေနှင့် ရထားစီးသွားခဲ့ပါတယ်။
ညီမလေးလည်း လာစီးတယ်မမရေ...:):)
ပျော်စရာကြီးပါလား မယ်စောရေ ။
ဒို့တော့ ယခမောက်တွေဆီ ရောက်ဖူးသေးဘူး ။
ဘေးမှာ အချစ်ပါတော့  စိတ်ညစ်စရာတွေ က ပျော်စရာဖြစ်သွားတာပေါ့  နော။
Post a Comment