အဘိဏှသုတ် (ဗုဒ္ဓဓမ္မ ဦးလောကနာထ မှ)

အဘိဏှသုတ် (ဗုဒ္ဓဓမ္မ ဦးလောကနာထ မှ ကူးယူဖော်ပြပါသည်)

ကံတရားကို အမြဲမပြတ် ဆင်ခြင်ပါ…

''မိမိ၏ ကံသာလျှင် မိမိဥစ္စာ ရှိ၏၊ ကံ၏ အမွေခံ ဖြစ်၏၊ ကံသာလျှင် အကြောင်းရှိ၏၊ ကံသာလျှင် အဆွေအမျိုး ရှိ၏၊ ကံသာလျှင် ကိုးကွယ် မှီခိုရာရှိ၏၊ ကောင်းသည်ဖြစ်စေ မကောင်းသည်ဖြစ်စေ ငါပြုမိသော ကံ၏ အမွေခံသာ ဖြစ်ရပေမည်'' ဟူ၍ မိန်းမဖြစ်စေ ယောက်ျားဖြစ်စေ လူဖြစ်စေ ရဟန်းဖြစ်စေ မပြတ် ဆင်ခြင်အပ်၏။

ရဟန်းတို့ သတ္တဝါတို့အား ကာယဒုစရိုက် ဝစီဒုစရိုက် မနောဒုစရိုက်သည် ရှိ၏၊ ထို(ကံ) အကြောင်းကို မပြတ် ဆင်ခြင်သော ထိုသူအား မကောင်းမှုသည် အချင်းခပ်သိမ်းမူလည်း ပျောက်ကင်း၏၊ ခေါင်းပါးခြင်းမူလည်း ဖြစ်၏။

''ငါတစ်ယောက်တည်းသာလျှင် ကံသာလျှင် မိမိဥစ္စာရှိသည် ကံ၏ အမွေခံဖြစ်သည် ကံသာလျှင် အကြောင်းရှိသည် ကံသာလျှင် အဆွေအမျိုးရှိသည် ကံသာလျှင် ကိုးကွယ်မှီခိုရာ ရှိသည် ကောင်းသည်ဖြစ်စေ မကောင်းသည် ဖြစ်စေ ငါပြုမိသော ကံ၏ အမွေခံဖြစ်သည် မဟုတ်၊ စင်စစ်မူကား ဤဘုံဘဝသို့ လာခြင်း တစ်ခြားဘုံဘဝသို့ သွားခြင်း စုတေခြင်း ပဋိသန္ဓေ နေခြင်းရှိသည့် သတ္တဝါဟူသမျှ အားလုံးတို့သည် ကံသာလျှင် မိမိဥစ္စာ ရှိကုန်၏၊ ကံ၏ အမွေခံ ဖြစ်ကုန်၏၊ ကံသာလျှင် အကြောင်းရှိကုန်၏၊ ကံသာလျှင် အဆွေအမျိုး ရှိကုန်၏၊ ကံသာလျှင် ကိုးကွယ် မှီခိုရာ ရှိကုန်၏၊ ကောင်းသည်ဖြစ်စေ မကောင်းသည်ဖြစ်စေ ပြုမိသော ကံ၏ အမွေခံတို့သာ ဖြစ်ကြလိမ့်မည်'' ဟု ဆင်ခြင်၏။

ထိုကံအကြောင်းကို မပြတ် ဆင်ခြင်သော ထိုသူအား မဂ်သည် ကောင်းစွာ ဖြစ်ပေါ်လာ၏၊ ထိုအရိယာတပည့်သည် ထိုမဂ်ကို မှီဝဲ၏၊ ပွါးများ၏၊ ကြိမ်ဖန်များစွာ ပြု၏၊ ထိုမဂ်ကို မှီဝဲသော ပွါးများသော ကြိမ်ဖန်များစွာ ပြုသော ထိုသူအား သံယောဇဉ်တို့သည် အချင်းခပ်သိမ်း ပျောက်ကင်းကုန်၏၊ အစဉ်ကိန်းနေသော 'အနုသယ' တရားတို့သည် ကင်းပြတ်ကုန်၏ ဟု မိန့်တော်မူ၏။

Friday, July 15, 2011

ကျမတို့  မြို့ က ဝါဆိုပွဲး


          ကျမတို့ မြို့ က ဓလေ့လေး တစ်ခုအကြောင်း ပြောခြင်စိတ်ပေါ် နေပါတယ်။ တခြား အရပ်ဒေသတွေ မှာတော့ ဒီဓလေ့ ရှိ၊ မရှိ မသိပါဘူး။ လာမယ့်နေ့ လေးက ဝါဆိုလပြည့်နေ့ လေးမို့  ဒီအကြောင်းလေးကို ရေးရင်ကောင်း မလားလို့  စိတ်ကူးရလာပါတယ်။ အလှူဒါနကို လူဖြစ်စေ၊ ဘုန်းကြီးဖြစ်စေ ပြုတတ်ကြတာ ဗုဓ္ဒဘာသာဝင်တွေ အမှတ်လက္ခာထဲက တစ်ခုပါ။ တခြားဘာသာတွေမှာလဲ သူတို့ နည်းနှင့် သူတို့  လှူပုံလေးတွေ ရှိတယ်လို့ တော့ သိပါတယ်။ သေသေခြာခြာတော့ မလေ့လာဘူးသေးပါဘူး။

          ဒါပေမယ့် ဗုဓ္ဒဘာသာ ဘုန်းဘုန်းတွေဟာတော့ အမြဲ အလှူခံနေတဲ့ ပုဂ္ဂိုလ်တွေ မဟုပ်ကြပါဘူး။ :D  ဆိုလိုခြင်တာက တစ်ခါတစ်ရံမှာ ကိုယ်အလှူခံရထားတဲ့ ပစ္စည်းတွေကို ပြန်လည် ဒါနပြူတတ်တဲ့ ဘုန်းဘုန်းတွေ အများကြီးပါလို့  ဆိုလိုတာပါ။ ဘုန်းကြီးဆိုတာ ပိုလျှံနေတဲ့ ပစ္စည်းကို (ဘုရားရှင်ရဲ့  ဝိနည်းအရ) ဆားလေး တစ်ဆုတ်ကအစ မသိမ်းရပါဘူး။ ပစ္စည်းအတွက် ကြောင့်ကြပြီး တရားသားမတက်မှာ စိုးလို့ ပါ။  ခုခောတ်တော့ တရားထိုင်တဲ့ ဘုန်းဘုန်းတွေထက် ၊ စာချတဲ့ ဘုန်းဘုန်းတွေ၊ စာသင်သားတွေ ကလည်းများလှတာမို့  အပ်စပ်အောင် ကပ်ပိယထားလို့  စီစဉ်စေရပါတယ်။

          ဘုရားရှင် လက်ထက်တော်ကပင် အရှင်သာရိပုတရာ ကိုယ်တော်မြတ် ရဟန်တော် တပါး လေနာထ ပြီး ဆွမ်းခံမကြွနိုင်တာကြာင့်  ယခင် လေနာထခဲ့စဉ်က မည့်သည့်အရာကို ဘုန်းပေးပြီး လေနာပြောက်ခဲ့ ဘူးကြောင်း မေးမြန်ရာ ယာဂုဆွမ်းဖြင့် ပျောက်ကင်းဘူးကြောင်း ပြန်လည် လျှောက်ထားသဖြင့် ယာဂုဆွမ်းကို ရှာဖွေကာ ခံယူလို့  ကျွေးလှူခဲ့ဘူးပါတယ်။ ဂီလာနရဟန်းတော်ကို လုပ်ကျွေးပြုစုရာလည်းရောက် ဆွမ်းလည်း လှူဒါန်း ပြီးသားလည်း ဖြစ်ပါတယ်။

           ဝါဆိုလပြည့်နေ့ သည် ဗုဓ္ဒဘာသာဝင်တို့ ၏ အခါကြီး၊ ရက်ကြီး နေ့ ထူး၊ နေ့ မြတ် ဖြစ်သည့် အလျှောက် ဘုန်းတော်ကြီးကျောင်းတွင် ဝါဆိုသင်္ဃာန်း၊ ဆွမ်း၊ ကွမ်း၊ ဆေး နှင့် တခြား လှူဖွယ်မျိုးစုံကို ကပ်လှူပူဆော်လေ့ ရှိကြပေသည်။ တစ်နေ့ တာ ကာလ တရားနာယူ၊ ဥပုတ်သီတင်း စောင့်သူများပြားလှသည်။ ကိုယ့်မြို့ ၊ ရွာရှိ စေတီပုထိုး များသို့  သွားရောက်ပြီး ပန်း၊ ရေချမ်း၊ ဆီးမီးပူဇော်ခြင်း တံမျက်စည်းလှည်း ကုသိုလ် စသည်ဖြင့် ဝေရာဝတ်စ ကုသိုလ်ယူသူများလည်း ပေါများလှပေသည်။

          ကျမတို့ ကိုးကွယ်သော ဗုဓ္ဒဘာသာ ရဟန်းတော်များသည် ဝါတွင်း ၃-လ ဝါဆို၊ ဝါကပ်နိုင်ရန် ဝါဆို လပြည့်ကျော် ၁-ရက်တွင် ဝါစဉ် ကြီး၊ ငယ် အလိုက် ကန်တော့ ဝါကပ်ရသည်ကို ငယ်စဉ်က မြင်ခဲ့ရဘူးပါသည်။ ကျမတို့  အရပ်ဒေသမှာ ဝါကပ်မည့်ရက်တွင် ဝါဆိုပန်းများဖြင့် ဘုန်တော်ကြီးများ သတင်သုံးရာ အရပ်များသို့  လှူဒါန်းမည့်သူများ လာရောက်ဖူးမျှော်သူများ ဘုရားတဝိုက်နှင့် ဘုန်းကြီးကျောင်း တဝိုက်တို့ တွင် ပြည့်နှက်လျှက် နေလေသည်။ ကျမတို့  အိမ်ရှေ့  မင်းလမ်းမတွင် ဝါကပ်ပွဲးကို ပန်းလှူရန်၊ ပန်းလှူရန် လာသူများကို အအေး၊ ဂျင်းသီးသန့် သုတ်များ ကျွေးမွေးရန် အလှူရှင်များ၊ ကာလသားများနှင့် ပြည့်လျှံ နေတတ်သည်မှာ နှစ်စဉ်၊ နှစ်တိုင်ပင် ဖြစ်ပါသည်။

ဒါပေမယ့် ကျမတို့ မြို့ မှာ ဝါဆိုရက်တွင် လူများက လှူတန်းကြသလို၊ ဝါဆိုလပြည့်ကျော် ၁-ရက်တွင် ရဟန်းတော်များက မိမိတို့  ဆွမ်းခံအိမ် နှင့် သိကျွမ်းသူ ဒါယိကာ၊ ဒါယိကာမတို့ အား ဝါမကပ်မှီ ညနေခင်း ၃၊ ၄-နာရီလောက်မှ စ၍ ဘုန်းကြီးကျောင်းတိုင်းတွင် ဝါဆိုပန်းလှူသူရော၊ ဝါကပ်လာရောက် ကြည်ညို ကြသူများကိုလည်း မိမိတို့ ဆိုင်ရာ၊ ဆိုင်ရာ ကိုယ်တော်များက ဆန်ဆနွမ်းမကင်း၊ ငှက်ပျော(သို့ ) အာလူး ဆနွမ်းမကင်း၊ လဖက်၊ဂျင်သုတ်  အအေး၊ ဖာလူဒါ၊ ရွှေရင်အေး၊ သာကူကြို၊ အသီးအနှံများ စသည်ဖြင့် ကျွေးမွေး ဧည့်ခံ လှူဒန်းလေ့ ရှိတဲ့ ဓလေ့လေးပါပဲ။ ဒီလိုကျွေးမွှေး လှူဒါန်းတာဟာ ကျောင်း တစ်ကျောင်းထဲကတင် မဟုပ်ပါဘူး။ ကျမတို့  မြို့ မှာ ရှိတဲ့ ကျောင်းတိုင်း၊ ကျောင်းတိုင်းကပါပဲ။

           တခြားအရပ်ဒေသမှာ ဒီဓလေ့ကို မတွေ့ ဘူးပါဘူ။ ဝါဆို၊ဝါကပ် ကြည်ညိုသူတွေကို လူတွေအခြင်းခြင်း ကျွေမွေးလှူဒါန်းသူ အလှူရှင် တွေကတော့ အရပ်ဒေသတိုင်းမှာ ရှိမယ်ထင်ပါတယ်။  ဒီအချိန်ကတော့ ကျမတို့  မြို့ က ဘုန်းဘုန်းတွေက ပြန်လည် ကျွေးမွေး လှူဒါန်းတဲ့ အချိန်အခါ ဖြစ်ပါတယ်။ စာသင်သင်္ဃာတွေမို့  လှူနိုင်လောက်တဲ့ ဝတ္ထူ ပစ္စည်း မလုံလောက်ရင်တောင် ဘုန်းဘုန်းရဲ့  မိဘ၊ မွေးချင်းများက ဝါကပ်မဲ့ ရက်မှာ လာရောက် ကူညီပေးရလေ့ ရှိပါတယ်။ ကျမတို့ မြို့ သူ၊ မြို့ သားတွေကတော့ တစ်နှစ်လုံး ဘုန်းဘုန်းတို့ ရဲ့ ဆွမ်း၊ကွမ်း ကပ်လှူကြပေမယ့်၊ ယခုလို ဝါဆိုလပြည့်ကျော် ၁-ရက်မှာ ဘုန်းဘုန်းတို့  ပြုတဲ့ ဒီအလှူကို သွားရောက် စားရတာ၊ ဝါကပ်မူ့ ကို ကြည်ညိုရတာဟာ ယခုတိုင် မြို့ လေးရဲ့ အလေ့အထလေး တစ်ခု ဖြစ်နေဆဲ ပါပဲရှင်။
-       -         -         -         -         -         -         -         -         -         -         -         -
           ၃၈-ဖြာ မင်္ဂလာ ကဗျာ (ငယ်ငယ်က ရွတ်ခဲ့ဘူးသော ကဗျာလေး ကူယူဖော်ပြပါသည်။)

၁။       လူမိုက်ဆိုလျှင် ရှောင်သွေလွှဲလို့ ၊ မမှီဝဲနှင့် ကင်းအောင်နေ။
         ပညာရှိကို အရှည်တွဲလို့ ၊ မှီဝဲဆည်းကပ် နည်းယူစေ။
          သုံးပါးရတနာ မိဘများနှင့်၊ ဆရာသမားကို ပူဇော်လေ။
          ချမ်းသာကိုပေး ဆက်ဆံရေး၊ မျှော်တွေး သုံးချက်ပေ။
အဲဒါမှ *ဗုဓ္ဒဝါဒ * ကမ္ဘာ့မင်္ဂလာတွေ။

၂။       ကုသိုလ် ပညာ ဥစ္စာရဖို့ ၊ သင့်ရာဒေသ အမြဲနေ။
          ရှေးကတင်ကြို ပြုခဲ့ဖူးသည့်၊ ကောင်းမူ အထူး ရှိပါစေ။
          မိမိကိုယ်ကို ကောင်းအောင်ထိန်းလို့ ၊ မတိမ်းစေနဲ့  ဆောက်တည်လေ။
          ဥစ္စာကိုပေး နေထိုင်ရေး၊ မျှော်တွေး သုံးချက်ပေ။
အဲဒါမှ *ဗုဓ္ဒဝါဒ * ကမ္ဘာ့မင်္ဂလာတွေ။

၃။       တတ်ကောင်းတတ်ရာ ဟူသမျှကို၊ ကြားမြင်သုတ ရှိပါစေ။
          အိုးအိမ်တည်ထောင် ဝမ်းစာရေးနဲ့ ၊ အသက်မွေးဖို့  အတတ်သင်လေ။
          လူနှင့် ဆိုင်ရာ ကျင့်ဝတ်များကို၊ ကောင်းစွာသင်ကြား နားလည်စေ။
          မှန်ကန်ယဉ်ကျေး ချိုသာအေး၊ ဆိုရေးတတ်ပါစေ။
အဲဒါမှ *ဗုဓ္ဒဝါဒ * ကမ္ဘာ့မင်္ဂလာတွေ။

၎။       မြင်းမိုရ်ရွှေတောင် မိဘကြွေးကို၊ ကောင်းစွာဆပ်ပေး ဝတ်ကျေကျေ။
          ကြွေးသစ်ချကာ သားနှင့် မယား၊ မြှောက်စားချီးမြှင့် ဝတ်ကုန်ပေး။
          အလုပ်တာဝန် မလစ်ဟင်းနဲ့ ၊ အပြစ်ကင်းအောင် လုပ်ပါလေ။
          စည်းစိမ်ကိုပေး ပြုစုရေး မျှော်တွေး သုံးချက်ပေ။
အဲဒါမှ *ဗုဓ္ဒဝါဒ * ကမ္ဘာ့မင်္ဂလာတွေ။

၅။       သုံးတန် စေတနာ ဖြူစင်လွန်းလို့ ၊ ပေးကမ်းဝေမျှ လှူနိုင်စေ။
          ကိုယ်နုတ် စိတ်ကြံ မမိုက်မှားနဲ့ ၊ သုစရိုက်တရား ကျင့်ပါလေ။
          ဆွေးမျိုးတွေကို ပစ်မထားနဲ့ ၊ သင်္ဂဟတရားနဲ့  ချီးမြှောက်လေ။
          သန့် စင်ပြစ်မျိုး လူထုအကျိုး၊ သယ်ပိုးဆောင်ရွက်စေ။
အဲဒါမှ *ဗုဓ္ဒဝါဒ * ကမ္ဘာ့မင်္ဂလာတွေ။

၆။       မကောင်းမူတွေ ဟူသမျှကို၊ မတွေ့ ခင်က ရှောင်ကြဉ်လေ။
          တွေ့ ကြုံလာလျှင် မလွန်ကျူးနဲ့ ၊ အထူးသဖြင့် စောင့်စည်းနေ။
          အရက်သေစာ မသောက်စားနဲ့ ၊ မှောက်မှားတတ်တဲ့ အရာပေ။
          လုပ်ကိုင်ပြောကြား သတိထား၊ တရားမမေ့စေ။
အဲဒါမှ *ဗုဓ္ဒဝါဒ * ကမ္ဘာ့မင်္ဂလာတွေ။

၇။       အသက်ဂုဏ်ဝါ ကိုယ့်ထက်ကြီးက၊ ဆည်းကပ်ခစား ရိုသေလေ။
          (ဂုဏ်ဝါ = သီလ၊ သိက္ခာ)
          မာနတံခွန် ဂုဏ်မကြွနဲ့ ၊ ကိုယ့်ကိုနှိမ့်ချ အမြဲနေ။
          လောဘအပို လိုမလိုက်နဲ့ ၊ ကိုယ်ထိုက်တာနဲ့  ကျေနပ်လေ။
 (ကံမှလွှဲ၍၊ ဥာဏ်၊ လုံးလ၊ ဝီရိယ ဖြင့် မကျိုးစာတာကို မဆိုပါ)
          ကိုယ့်ပေါ်ပြုဖူး သူ့ ကျေးဇူး၊ အထူးသိတတ်စေ။
 (ကိုယ့်ကျေးဇူ ဆပ်ရန်အတွက်၊ အခြား သူတပါးကို အကျိုးမဲ့        မပြူသင့်။)
          ကောင်းကျိုးဆင့်ပွှား မြတ်တရား၊ နာကြား မပြတ်စေ။
အဲဒါမှ *ဗုဓ္ဒဝါဒ * ကမ္ဘာ့မင်္ဂလာတွေ။

1 comment:

ဂျစ်တူး ( မုံရွာ ) said...

ကျန်းမာပါစေမင်္ဂလာပါခင်ဗျာ-
ကျနော်ငယ်ငယ်ကတည်းကဘုန်းကြီးကျောင်းမှာအတန်း
ရှေ့ ထွက်ထွက်ဆိုခဲ့ရတဲ့ငယ်ပုံရိပ်ကလေးကိုပြန်လည်မြင်
ယောင်မိပါတယ်။ ကျေးဇူးတင်လိုက်တာ-