အဘိဏှသုတ် (ဗုဒ္ဓဓမ္မ ဦးလောကနာထ မှ)

အဘိဏှသုတ် (ဗုဒ္ဓဓမ္မ ဦးလောကနာထ မှ ကူးယူဖော်ပြပါသည်)

ကံတရားကို အမြဲမပြတ် ဆင်ခြင်ပါ…

''မိမိ၏ ကံသာလျှင် မိမိဥစ္စာ ရှိ၏၊ ကံ၏ အမွေခံ ဖြစ်၏၊ ကံသာလျှင် အကြောင်းရှိ၏၊ ကံသာလျှင် အဆွေအမျိုး ရှိ၏၊ ကံသာလျှင် ကိုးကွယ် မှီခိုရာရှိ၏၊ ကောင်းသည်ဖြစ်စေ မကောင်းသည်ဖြစ်စေ ငါပြုမိသော ကံ၏ အမွေခံသာ ဖြစ်ရပေမည်'' ဟူ၍ မိန်းမဖြစ်စေ ယောက်ျားဖြစ်စေ လူဖြစ်စေ ရဟန်းဖြစ်စေ မပြတ် ဆင်ခြင်အပ်၏။

ရဟန်းတို့ သတ္တဝါတို့အား ကာယဒုစရိုက် ဝစီဒုစရိုက် မနောဒုစရိုက်သည် ရှိ၏၊ ထို(ကံ) အကြောင်းကို မပြတ် ဆင်ခြင်သော ထိုသူအား မကောင်းမှုသည် အချင်းခပ်သိမ်းမူလည်း ပျောက်ကင်း၏၊ ခေါင်းပါးခြင်းမူလည်း ဖြစ်၏။

''ငါတစ်ယောက်တည်းသာလျှင် ကံသာလျှင် မိမိဥစ္စာရှိသည် ကံ၏ အမွေခံဖြစ်သည် ကံသာလျှင် အကြောင်းရှိသည် ကံသာလျှင် အဆွေအမျိုးရှိသည် ကံသာလျှင် ကိုးကွယ်မှီခိုရာ ရှိသည် ကောင်းသည်ဖြစ်စေ မကောင်းသည် ဖြစ်စေ ငါပြုမိသော ကံ၏ အမွေခံဖြစ်သည် မဟုတ်၊ စင်စစ်မူကား ဤဘုံဘဝသို့ လာခြင်း တစ်ခြားဘုံဘဝသို့ သွားခြင်း စုတေခြင်း ပဋိသန္ဓေ နေခြင်းရှိသည့် သတ္တဝါဟူသမျှ အားလုံးတို့သည် ကံသာလျှင် မိမိဥစ္စာ ရှိကုန်၏၊ ကံ၏ အမွေခံ ဖြစ်ကုန်၏၊ ကံသာလျှင် အကြောင်းရှိကုန်၏၊ ကံသာလျှင် အဆွေအမျိုး ရှိကုန်၏၊ ကံသာလျှင် ကိုးကွယ် မှီခိုရာ ရှိကုန်၏၊ ကောင်းသည်ဖြစ်စေ မကောင်းသည်ဖြစ်စေ ပြုမိသော ကံ၏ အမွေခံတို့သာ ဖြစ်ကြလိမ့်မည်'' ဟု ဆင်ခြင်၏။

ထိုကံအကြောင်းကို မပြတ် ဆင်ခြင်သော ထိုသူအား မဂ်သည် ကောင်းစွာ ဖြစ်ပေါ်လာ၏၊ ထိုအရိယာတပည့်သည် ထိုမဂ်ကို မှီဝဲ၏၊ ပွါးများ၏၊ ကြိမ်ဖန်များစွာ ပြု၏၊ ထိုမဂ်ကို မှီဝဲသော ပွါးများသော ကြိမ်ဖန်များစွာ ပြုသော ထိုသူအား သံယောဇဉ်တို့သည် အချင်းခပ်သိမ်း ပျောက်ကင်းကုန်၏၊ အစဉ်ကိန်းနေသော 'အနုသယ' တရားတို့သည် ကင်းပြတ်ကုန်၏ ဟု မိန့်တော်မူ၏။

Sunday, January 9, 2011

စောင့်ရှောက်အပ်သော ကိုယ်ကျင့် တရား



          ပျင်းပျင်းနဲ့  အိမ်မှုကိစ္စတွေလုပ်ရင်း သတင်းဖွင့် နားထောင်တုံးမှာ ဖိလစ်ပိုင်သမတ္တအသစ်က Correction တွေနှင့် နဘမ်းလုံးနေရတယ်ဆိုတဲ့ စာကြောင်းလေးကြားလိုက်ရပါတယ်။ မြန်မာပြည်က ဟိုတုံးကဆို သူခိုးဆိုတာတောင် မရှိခဲ့ပါဘူးတဲ့။ ဘုရားရဲ့  အဆုံးအမနှင့် အညီနေထိုင်ခဲ့ကြတာမို့ ပါတဲ့။
          စာတွေထဲမှာ ဖတ်ဖူးခဲ့တာတွေပြောရရင် တရုပ်ပြည်ထဲက ကုန်သည်တစ်ယောက်ဟာ မြန်မာပြည်မှာ ကုန်ကူးဖို့ ရန် အတွက် ဒေသထဲက နယ်ခံလူတွေကို လုံခြူံရေးအတွက်ငှါးပြီ မြင်းနဲ့  ကုန်းကြောင်းကနေ ဝင်ရောက်ခဲ့ပါသတဲ့။
          လူစုနဲ့  ပစ္စည်းတွေနဲ့ ဆိုတော့ လမ်းမှာ ဇရပ်တစ်ခုမှာ ညအိပ်တည်းခိုပြီမှ လိုရာကို ခရီးဆက်ရပါသတဲ့။
ဟိုးတုံးက ရွားထိပ်တွေ၊ အလှမ်းဝေးတဲ့ ရွာနှစ်ရွာကြားလမ်းဆုံးတွေမှာ ဇရပ်တွေကို အလှူသဘောမျိုး၊ ဒါမှမဟုပ် ရွာတွေကစုလို့  သွားရေအဆင်ပြေအောင်စီမံထားလေ့ရှိကြတယ်လို့ ဆိုပါတယ်။ အဲဒီဇရပ်တွေမှာ ဒီလိုပဲ ခရီးသွားတွေ ညရေး၊ညတာ ခရီးသွားရင် တည်းခိုလေ့ရှိပါတယ်။
          နောက်တစ်နေ့မနက်ကျတော့ ပစ္စည်းတွေပြင်လို့  တရုတ်ကုန်သည်ဟာ ခရီးဆက်လာတာ ခရီအတော်လှမ်းမှ ငွေထုပ် ဇရပ်ပေါ်မှာကျန်ရစ်တာ သတိရတယ်။ ဒါနဲ့ လုံခြုံရေးအတွက်ငှါးလာတဲ့ အဖွဲ့ ခေါင်းဆောင်ကိုပြောလို့  ပြန်ယူဖိုပြင်ခိုင်းပါတယ်။ ဒါနဲ့ အဖွဲ့ ခေါင်းဆောင်ကလဲ ဘယ်အရပ်မှာကျန်ခဲ့သလဲ မေးတယ်။ တည်းခိုတဲ့ ဇရပ်မှာကျန်ခဲ့တယ်ဆိုတာသိရတော့ ပြန်မယူဖို့ ပြောပါတယ်။ ပစ္စည်းတွေရောင်းရေး ဝယ်တာပြီမှ အပြန်လမ်းမှပဲ ယူဖို့ပါ။ ဒီအရပ်က ပစ္စည်းမပျောက်ပါဘူး ဆိုတဲ့ အတွက်ကုန်သည်လည်း ရှေ့ ပဲခရီး ဆက်ခဲ့ရတယ်။
          အရောင်း၊ အဝယ်ပြီးလို့  ပြန်လာတဲ့ထိ ကုန်သည်မှာ ပူပန်စိတ်နဲ့  ပြန်သာလာခဲ့ရတယ် သူပစ္စည်း ပြန်တွေ့ ဖို့ ရင်ပူနေခဲ့တယ် ဆိုပါတယ်။ အဲဒီ အချိန်ထဲက တရုတ်ပြည်မှာ အမည်ခံ ဗုဓ္ဒဘာသာ သာရှိတော့ ပါတယ်။ ဘုရားအဆုံးအမနှင့် ဝေးခဲ့ပြီး၊ သူခိုး၊ ဒမြတွေ ပေါရာအရပ်ဖြစ်နေတော့ စိတ်ကတော့ ပစ္စည်းမပျောက် တာကို ယုံဟန်မတူပါဘူး။
          ဒါပေမယ့် ဇရပ်ကို ပြန်ရောက်တဲ့ အခါမှာ သူ့ ငွေအိပ်ဟာ သူမေ့ကျန်နေတဲ့ အတိုင်းလက်ရာ၊ ခြေရာ မပျက်ပဲ ပုံမပျက်တွေ့ လိုက်ရသတဲ့။ ဟိုးတုံးက ခရီးသွားရင် တစ်လ၊ ကိုးသီတင်းကြာအောင်သွားရတာပါ။ တစ်လလောက်ကြာမှ ပြန်လာတာတောင် မပျောက်ပါဘူး။ ကိုယ့်ပစ္စည်းမဟုပ်ရင် လက်နဲ့ ကိုင်ကြည့်ဖို့ ထား စိတ်နဲ့ ပြစ်မှားခြင်းမရှိကြဘူတဲ့။ ဒါဟာ တရုတ်ပြည်က ခရီးသွားမှတ်တမ်းတွေက ထွက်လာတဲ့ တကယ့် အဖြစ်အပျက်တစ်ခုပါ။
          ဦးဂိုအင်ဂါပြောပြခဲ့တယ်လို့ ထင်တာပါပဲ၊ ဘယ်မှာဖတ်ဖူးတယ်ဆိုတာတော့ မေ့သွားပါပြီ။ သူ့ ရဲ့ အဖိုးကလဲ ဗမာပြည်ကို ကုန်းကူးဖို့ လာခဲ့ဘူပါတယ်တဲ့။ သူ့ ရဲ့ ပစ္စည်းတွေလဲ အဲလိုပဲ မပျောက်ခဲ့ဘူး ဘူဆိုပါတယ်။ ဒါအပြင် သူ့  သား၊သမီးတွေကိုလဲ ဗမာပြည်ရဲ့  သီလလုံးခြုံးပုံ၊ သူခိုး၊ ဒမြနည်းခဲ့ပုံ ဘယ်လို နေထိုင်ကောင်းတဲ့ အခြေချနေထိုင်သင့်တဲ့ အရပ်ဖြစ်ပုံကို ပြောပြခဲ့ဘူးတယ်ဆိုပါတယ်။
          ရှင်ဘုရင်တွေ လက်ထက်မှာတုံးက ကြက်ဥတောင် အသက်ရှိလို့  စားသုံးခြင်မရှိခဲ့ပုံ၊ အင်္ဂလိပ်တွေ မြန်မာမြေကို အခြေချလာမှာသာ ခောတ်မှီတယ်လို့  အမြင်မှားကာ အားရှိအောင် ကြက်ဥစားသုံးရာက နောက်ပိုင်းမှာ ဒါဟာ သူ့ အသက်သက်တဲ့ အထဲပါတာကို မေ့လျှော့လာတာပါ။
          သီလအခြေခံလျှော့လာတာနှင့် အမျှ ရောဂါတွေပေါလို့ ၊ သက်တန်းလဲတိုလာကြပါတယ်။ သစ္စာတရား ထွန်းကာတုံးက ဆေးဖက်ဝင်ခဲ့ကြတဲ့ နွယ်၊မြက်၊ သစ်ပင်တွေသည်ပင်လျှင် ခုတော့ ဝေဒနာပျောက်ကင်းအောင်း မစွမ်းနိုင်တော့ပါဘူး။ လူကျင့်ဝတ်လို့  ဆိုအပ်တဲ့ (၅)ပါးသီလမှာ လူတို့  စောင့်ရှောက်သော သီလ ဘယ်နှစ်ပါး ကျန်ပါလိပ်အုံးမလဲ မသိတော့ပါ။

3 comments:

ရွှေရတုမှတ်တမ်း said...

ကမ္ဘာစစ်ပြီးနောက်ပိုင်း လူတွေ အကျင့်ပိုပျက်လာတယ်ပြောတာပဲ..
အင်္ဂလိပ်လက်ထက်က နွေဆိုရင် ဘယ်အိမ်မှ တခါးပိတ် အိပ်တာမဟုတ်ဘူးတဲ့

ကိုမျိုး (အညာမြေ) said...

မင်္ဂလာပါ..

လည်လည်ရောက်ပြီး ဖတ်ရှု့သွားပါကြောင်း။ ကျနော့ဆီကို အလည်လာတာ အထူးဝမ်းသာ ပိတိဖြစ်ရပါတယ်။ ပို့စ်အသစ်တင်တိုင်း ဖတ်ရအောင်လို့ List ထဲမှာ add လုပ်ထားလိုက်ပါတယ်....

ခင်မင်စွာဖြင့်
ကိုမျိုး (အညာမြေ)

ကိုအောင် said...

သူခိုးမရှိတဲ့ခေတ် ဆိုလို့ အရမ်း စိတ်ဝင်စားမိတယ် ဘယ်ခေတ်
လဲဗျ ...