အဘိဏှသုတ် (ဗုဒ္ဓဓမ္မ ဦးလောကနာထ မှ)

အဘိဏှသုတ် (ဗုဒ္ဓဓမ္မ ဦးလောကနာထ မှ ကူးယူဖော်ပြပါသည်)

ကံတရားကို အမြဲမပြတ် ဆင်ခြင်ပါ…

''မိမိ၏ ကံသာလျှင် မိမိဥစ္စာ ရှိ၏၊ ကံ၏ အမွေခံ ဖြစ်၏၊ ကံသာလျှင် အကြောင်းရှိ၏၊ ကံသာလျှင် အဆွေအမျိုး ရှိ၏၊ ကံသာလျှင် ကိုးကွယ် မှီခိုရာရှိ၏၊ ကောင်းသည်ဖြစ်စေ မကောင်းသည်ဖြစ်စေ ငါပြုမိသော ကံ၏ အမွေခံသာ ဖြစ်ရပေမည်'' ဟူ၍ မိန်းမဖြစ်စေ ယောက်ျားဖြစ်စေ လူဖြစ်စေ ရဟန်းဖြစ်စေ မပြတ် ဆင်ခြင်အပ်၏။

ရဟန်းတို့ သတ္တဝါတို့အား ကာယဒုစရိုက် ဝစီဒုစရိုက် မနောဒုစရိုက်သည် ရှိ၏၊ ထို(ကံ) အကြောင်းကို မပြတ် ဆင်ခြင်သော ထိုသူအား မကောင်းမှုသည် အချင်းခပ်သိမ်းမူလည်း ပျောက်ကင်း၏၊ ခေါင်းပါးခြင်းမူလည်း ဖြစ်၏။

''ငါတစ်ယောက်တည်းသာလျှင် ကံသာလျှင် မိမိဥစ္စာရှိသည် ကံ၏ အမွေခံဖြစ်သည် ကံသာလျှင် အကြောင်းရှိသည် ကံသာလျှင် အဆွေအမျိုးရှိသည် ကံသာလျှင် ကိုးကွယ်မှီခိုရာ ရှိသည် ကောင်းသည်ဖြစ်စေ မကောင်းသည် ဖြစ်စေ ငါပြုမိသော ကံ၏ အမွေခံဖြစ်သည် မဟုတ်၊ စင်စစ်မူကား ဤဘုံဘဝသို့ လာခြင်း တစ်ခြားဘုံဘဝသို့ သွားခြင်း စုတေခြင်း ပဋိသန္ဓေ နေခြင်းရှိသည့် သတ္တဝါဟူသမျှ အားလုံးတို့သည် ကံသာလျှင် မိမိဥစ္စာ ရှိကုန်၏၊ ကံ၏ အမွေခံ ဖြစ်ကုန်၏၊ ကံသာလျှင် အကြောင်းရှိကုန်၏၊ ကံသာလျှင် အဆွေအမျိုး ရှိကုန်၏၊ ကံသာလျှင် ကိုးကွယ် မှီခိုရာ ရှိကုန်၏၊ ကောင်းသည်ဖြစ်စေ မကောင်းသည်ဖြစ်စေ ပြုမိသော ကံ၏ အမွေခံတို့သာ ဖြစ်ကြလိမ့်မည်'' ဟု ဆင်ခြင်၏။

ထိုကံအကြောင်းကို မပြတ် ဆင်ခြင်သော ထိုသူအား မဂ်သည် ကောင်းစွာ ဖြစ်ပေါ်လာ၏၊ ထိုအရိယာတပည့်သည် ထိုမဂ်ကို မှီဝဲ၏၊ ပွါးများ၏၊ ကြိမ်ဖန်များစွာ ပြု၏၊ ထိုမဂ်ကို မှီဝဲသော ပွါးများသော ကြိမ်ဖန်များစွာ ပြုသော ထိုသူအား သံယောဇဉ်တို့သည် အချင်းခပ်သိမ်း ပျောက်ကင်းကုန်၏၊ အစဉ်ကိန်းနေသော 'အနုသယ' တရားတို့သည် ကင်းပြတ်ကုန်၏ ဟု မိန့်တော်မူ၏။

Monday, April 4, 2011

ကံတစ်ခု . .

    ကျမသိခဲ့ဘူးသော ၊ တချိန်က ကျမတို့ နှင့် အတူတူနေဘူးခဲ့သော ၊ ကျမနှင့် မရင်းနှီးတော့သော အမတစ်ယာက် အကြောင်းကို ကျမရေးပြခြင်ပါတယ်။ (နံမည်ကို အစားထိုးထားခြင်း နှင့် နေရာတို့ ကို မဖော်ပြထားပါ။)

      တစ်ခါက ရွာလေးတစ်ရွာမှာ မိသားစုလေး တစ်စု ရှိခဲ့တယ်။  အဲဒီမိသားစုလေးမှာ လင်မယား နှစ်ယောက်၊ သားလေးယောက်နှင့် သမီးလေး တစ်ယောက်တို့ အတူနေသော အိမ်လေး တစ်လုံးရှိခဲ့တယ်။ အဲဒီအိမ်လေးဟာ သူရဲမွေးတဲ့ အိမ်တစ်အိမ်လည်း ဖြစ်ခဲ့တယ်။ အင်္ဂလိပ်ခောတ်မှာ လူလာဖြစ်တဲ့သူတို့ တွေဟာ အမြဲပဲ သူရဲတွေကို ကျွေမွေးပြီး အစောင့်အရှောက်အနေနဲ့  ထားလို့ နေထိုင်ခဲ့ကြတယ်။  ဒါပေမယ့် သူတို့ အိမ်ရဲ့  စီပွှားရေးဟာလည်း တစ်ဖြည်းဖြည်း ကျဆင်းခဲ့တယ်။ စီပွှားကျလို့  စားစရာမရှိတလဲ့၊ ရှိတလဲ့ အချိန်မှာတော့ သူရဲတွေကို မှန်မှန် မကျွေးနိုင်တော့ဘူး။

  မိသားစုကလူတွေက မှန်မှန် မကျွေးနိုင်တော့ သူရဲတွေကလည်း ပြောစကားနားမထောင်တော့ဘူး။ နောက် မစားရပါများလာတော့ သူရဲတွေက သူတို့ ကိုမွေးထားတဲ့ မိသားစုကလူတွေကို ပြန်စားတော့တာပဲ။ ဘယ်နှစ်ကောင်မွေးထားလည်းတော့ မသိဘူး။ အားလုံးက မိသားစုက လူတွေကို တစ်ပြိုင်တည်း တော်လှန်ပြီး စားလိုက်တာ လူတွေကလည်း ထွက်ပြေးဘို့ ကြိုးစားပေမယ့်လည်း အငယ်ဆုံး သမီးလေး တစ်ယောက်ပဲ ထွက်ပြေးလွတ်မြောက်ခဲ့တယ်။

     ကလေးမရဲ့  နံမည်ကတော့ ​`မချစ်စု​​` ။   သူမ အမောတစ်ကောနှင့် ရွားထဲကို ပြေးဝင်လာသည်။ ဟော သူမနှင့် သိသော အိမ်ကြီးတစ်အိမ် . . .။  သူမ အမောတကောနှင့် ပြေးဝင်လိုက်သည်။ ထိုနောက် အိမ်ကြီးတွင် နေထိုင်ကြသောသူ အားလုံးက `ဘာဖြစ်လာတာလဲ ကလေး၊   ဘာဖြစ်လာတာလဲ ` ။  ကျမ ကျမ  . . . ။  ကလေးမလေးက ဖြစ်ကြောင်းကုန်စင်ကို ထိုအိမ်မှ လူများအားပြောပြ လိုက်ပါသည်။ လောက ကြီးမှာ သူမ တစ်ယောက်ထဲ နေစရာမရှိ၊ သွားစရာမရှိ၊ ပိုက်ဆံမရှိ၊ လောကမှာ သူမ၏ မှီခိုအားထားရာတို့ သည် မရှိကြတော့ပြီ။

     သူမသည် ကလေးမျှသာ ရှိသေးသည်။ သူမ ထွက်ပြေးလာသော အိမ်သို့  သူမ မပြန်ဝံပါ။ သူမပါ သေသွားနိုင်သည် မဟုပ်ပါလား။ ထိုအိမ်သို့  သူမ ဘယ်တော့မှ ပြန်မရနိုင်တော့ပါ။  နောင်တွင်မတော့ သူမပြေးဝင်လိုက်သော အိမ်သည်ပင် သူမ၏ ခိုလုံရာအိမ်ဖြစ်လာတော့သည်။



       သူမသည် ထိုအိမ်မှပေးထားသော နေရာတွင်နေရသည်။ အိမ်မှူ ကိစ္စအဝဝကို ကူညီ လုပ်ကိုင်ပေးရသည်။ ထိုအိမ်၌ သူမအရင်ကပင် မိဘတို့ က လာရောက် အပ်နှံထားသော သူမထက်ကြီးသော အမတို့ သည် ရှိနှင့်လေသည်။ သူမရောက်နေသော အိမ်သည် ရွာမှာ အချမ်းသာဆုံးအိမ် ဖြစ်ပေသည်။ ရွာမှလူအားလုံးတို့ သည် သည်အိမ်နှင့် အနည်းနှင့် အများကင်းသူမရှိ။ မိမိတို့ မိဘ အိမ်တွင်မစားဘူသော အစာ စားရနိုင်သည်၊ ဝတ်ရနိုင်သည်။ အိမ်ကြီးရှင်တို့ နှင့် တန်းတူ မနေရဦး အိမ်ကြီးရှင်တို့ က အဆင့်မခွဲးခြားထား။ မိသားစုလိုပင် ဆက်ဆံသည်။ အိမ်ကြီးရှင်တို့  ထားသော၊ ဆင်သော အရာများသည် မိမိတို့  အိမ်ထက်အပုံပင် သာသည်။

       သူမသည် ထိုအမများ၏ သွန်သင်မှုဖြင့် သည်အိမ်မှာပင် နေထိုင်ကြီးပြင်းလာခဲ့ရလေသည်။   အိမ်မှု ကိစ္စတွေ ဝိုင်းလုပ်ရင်းမှ ၁၂နှစ် ၁၃နှစ်မျှ ကြီးပြင်ခဲ့ရပေသည်။ သူမကြီးပြင်းလာသလိုပင် အိမ်ကြီးရှင်တို့ ၏ သား၊ သမီးတို့ သည်လည်း ကြီးပြင်ခဲ့လေပြီ။ သူတို့ တွေ အိမ်ထောင်ရက်သားကျပြီ အိမ်ခွဲးသောအခါ သူမသည်လည်း အိမ်ရှင်၏ သားအငယ်ဆုံး အိမ်ထောင်ခွဲးရာသို့  ကူညီရန် လိုက်ပါခဲ့ရပေသည်။   သည်အိမ်မှာတော့ အိမ်မှူကိစ္စလုပ်မည့်သူသည် သူမတစ်ဦးတည်းပင်။ ဒီအချိန်မှာ ဒုတိယ ကမ္ဘာစစ်သည်လည်း ပြီးခဲ့ပေပြီ။

    ထို အကိုငယ်နှင့် သူမအမျိုးသမီးတို့ သည် အိမ်ထောင်ပြုပြီး  တစ်နှစ်ခွဲး အကြာတွင် ပထမကလေး မွေးဖွားလေသည်။ ဒီလောက် အိမ်မှု့ ကိစ္စတွေကတော့ သူမ အဖို့  ကျွမ်းကျင်ပြီးသားမို့  နိုင်နင်းလေသည်။ သူမလည်း တစ်နှစ်ထက်တနှစ်ကြီးလာ သလို၊ အိမ်ရှင် အကိုငယ် မိသားစုဦးရေမှာလည်း ကလေး တစ်ဦး၊ တစ်ဦးမှ နှစ်ဦး ထိုနောက် . . .  ထိုနောက်။ ပထမကလေးပင် ဆယ့်နှစ်နှစ် ဆယ့်လေးနှစ် ဖြစ်လာပြီ။ အကိုငယ် အိမ်၌လည်း မိသားစုဝင်ဦးရေမှာ အကိုလေး(အကိုငယ် အထက်မှ အကို) နှင့် သူမ အပါအဝင် ၁၁ ဦး ထိတိုးမြှင့်လာခဲ့သည်။ 

     အိမ်မှု့ ကိစ္စတွေ သူမတစ်ဦးတည်း မနိုင်တော့။ အကိုငယ်၏ အမျိုးသမီးလည်း ထမင်း၊ဟင်းတော့ ချက်ပြုတ်ပါသည်။ ချက်ပြုတ်ရန်တော့ သူမက ပြင်ပေးရသည်။ ကျန်သော ဝေယာဝတ်စ အားလုံးလည်း သူမ တစ်ဦးတည်း မဖြစ်နိုင်တော့ဘူးလေ။ အကိုငယ်တို့  မိသားစုနှင့်လည်း မောင်နှမတွေ မိသားစုဝင်လိုပင်  နေထိုင်ရသည်မို့  အကိုငယ်ရဲ့  ကလေးများကလည်း ဝိုင်းဝန်းကူညီကြရပါသည်။ သူမကတော့ ဟိုလူ ဒါလေးကူပါဦး၊ ဒီလူ ခုံလေးယူပေးပါဦးလို့ လည်း စီမံ ခန့် ခွဲးရသည်။

      အိမ်မှာလည်း အိမ်မှုကိစ္စတွေ သောက်ရေ၊ သုံးရေအတွက် အင်္ဂလိပ်ခေတ် အခါကလောက် ရေဖြန့် ဝေသော စနစ်သည် မကောင်းတော့ပေ။ တော်လှန်ရေကောင်စီခောတ်၊ ထိုခောတ်မှသည် ဆိုရှယ်လစ်နိုင်ငံတော် စနစ်။ ရေဖြန့် ဝေသော စနစ်လေးလည်း လည်းတော့ လည်ပတ်နေပါသည်။ ဒါပေမယ့် နွေကာလတွေမှာဆိုရင်တော့ ရေကလာလည်း နည်းနည်းလေး၊ မလာသည့် အခါကလည်း ခပ်များများ သို့ နှင့် အိမ်ကူးပြီး ရေခပ်ရသည်။ တခါတရံ အိမ်ခြင်းကပ်ရပ်က၊ တခါတရံ နောက်ဖေးဘက်အိမ်က ထွက်ခပ်ရသည်။

      အိမ်ပြင်ထွက်တော့ ရည်စားသနားရှိလာသည်။ နောက်ဖေးအိမ်က အောင်သွယ်လေသည်။ နောက် . . . ထို့ နောက်တော့ နောက်ဖေအိမ်ကပင် ပစ္စည်းတွေ စုဆောင်းဖို့  သင်ပြန်လေသည်။ အကိုငယ့် တို့ မှာ ဆီး၊ ဆား ၊ ပဲ စသည်ရောင်းသော အိမ်ဆိုင်လေးလည်းရှိသည်။ အကိုငယ်က အစိုးရဝန်ထမ်း ၊ ဒီအိမ်ထောင့် တာဝန်ကို တဖက်တလမ်းမှ ထမ်းရန် အကိုငယ့်အမျိုးသမီးသည် အိမ်ဆိုင်လေးကို ဖွင့်ပြီး ရောင်းခဲ့ လေသည်။  သူမ အတွက်တော့ သူမ ချစ်သူနှင့် ယူလျှင် အိမ်ထောင်ဦးတည်ရန် စုဆောင်းရန် ပစ္စည်းတို့  ရရှိရာ နေရာဖြစ်လာခဲ့သည်။  ထိုပစ္စည်းများကို နောက်ဖေးအိမ်ကပင် သိမ်းစည်းပေးခဲ့သည်။ သူတို့ အိမ်ထားတော့ သူတို့ လည်း အလကားယူသုံးလေသည်။

        အကိုငယ့်အမျိုးသမီးက ရိတ်မိပေမယ့်လည်း မသိအောင် ခိုးဝှတ်လုပ်သည်ကို အချိန်ပေးဖမ်း မနေခဲ့ပါ။ သူမကလေးတွေနှင့် အိမ်ထောင်တာဝန်တွေကို သူမကူညီနေသည့်တိုင် များလွန်းလှသည် မဟုပ်လား။  သွယ်ဝိုက်ပြီးတစ်မျိုး၊ တိုက်ရိုက်ဆုံးမပြီး တစ်ဖုံ သတိပေးခဲ့သည်များတော့ ရှိပါသည်။  ဒါပေမယ့် သူမကတော့ သူမချစ်သူနှင့် နေနိုင်ရန်ကြိုးပမ်းမြဲပင်။   လူသတ္တဝါတွေသည် ကျေးဇူးကို တွေးသိသော်လည်း မိမိကိုယ်ရေးကိုယ်တာကို ဦးစားပေးမြဲသာတည်း။ ကံအကျိုးဆက်တွေထိ သူမလို လူမှာ ဘယ်မှာလာ တွေးတောနိုင်စွမ်း ရှိလေမည်နည်း။

      နောက်တော့ ဈေးသွားရင်းဖြင့် ခိုးရာလိုက်လေသည်။ မချစ်စု အဖို့  ကိုယ်ပိုင်အိမ်ယာကို သည်လို စတင်နိုင်ခဲ့လေသည်။ သူမရည်းစားက ငွေစာရင်းရုံးမှ စာရေးလေး။ သူမကို အကိုငယ်အိမ်၌ ဆက်ပြီး ဆက်ဆံသွားလာ မနေစေလို။ သူတို့ မိသားစုမှ နောက်မျိုးဆက်တို့ ကိုလည်း မပတ်သတ်စေလိုပေ။ အကိုငယ်တို့ နေထိုင်ရာသည် မြစ်အရှေ့ ဘက်ကမ်းမှ သူမ ချစ်သူ၊ ယခုတော့ အိမ်ထောင်ဖက်နေထိုင်ရာ မြစ်အနောက်သို့  ရောင်နောက် ဆံထုံပါခဲ့ခြေပြီ။

      မြစ်အရှေ့ ဘက်သို့  ကိစ္စရှိလို့ လာတိုင်းလည်း သူမသည် အကိုငယ်အိမ်ကို ဝင်မြဲတည်း။ အကိုငယ့်  အမျိုးသမီးသည် သူမအိမ်မှာ မချစ်စု သယ်သွားသော ပစ္စည်းစာရင်းကို အတိအကျ မသိသော်လည်း ခန့် မှန်းသိခဲ့လေပြီ။  ဝင်လာလျှင်လည်း မချစ်စု ပစ္စည်းယူထားတာကြောင့် မကျေနပ်ကြောင်းတော့ သိအောင်ပြောမြဲပင်။ သူမကတော့ လာလျှင် ရှေးကပြုဖူးသော ဝတ်ကြီး၊ ဝတ်ငယ်ကို ကြုံသလို လုပ်ပေးမြဲပင်။  မချစ်စုလည်း ကလေးတွေ တစ်ယောက်ပြီး ၊နောက်တစ်ယောက်ရလာခဲ့သည်။ သူမ၏အမျိုးသားမှာလည်း ရာထူးတက်လာခဲ့ပြီး စီးပွှားလေးလည်းတက်လာခဲ့သည်။

       စီးပွှားတက်ပြီး စုဆောင်းမိလာသော် မိသားစုပိုင် အိမ်လေးတစ်အိမ် ဝယ်ယူခဲ့သည်။ ဝယ်ပြီး အိမ်ဆိုင်လေး တစ်ဆိုင်တည်လေသည်။ သည် အတွေ့ အကြုံသည်လည်း အကိုငယ့်အိမ်မှာ နေစဉ်ကပင်ရခဲ့ပြီး ဖြစ်သည်။  စည်းပွှားလည်း ဖြစ်ပါသည်။ နောက်နှစ်နစ် လောက်နေတော့ သူမတို့ မြို့ တွင် မီးလောင်ရာ မချစ်စုအိမ်လေး ပါသွားလေတော့သည်။  အကိုငယ့်တို့ အိမ်မှလည်း တတ်နိုင်သမျှတော့ ကူ ပါသည်။   မီးလောင်စဉ်က ဆွဲယူလာသဖြင့် ပါခဲ့သော ပစ္စည်းလေး၊ အကူညီလေးများနှင့် မချစ်စုတို့ မိသားစုသည် ကိုယ့်အား ကိုယ်ကိုးပြီ တစ်ကြိမ်ရုန်းကန်ရပြန်သည်။  

       မီးလောင်စဉ်က ပါသွားသော အိမ်နေရာလေးမှာပင် အကွက်ပြန်ရသဖြင့် အိမ်အသစ်လေးကို တတ်စွမ်းသလောက်ပြန်တည်ပြီ နေသည်။ နှစ်ဝက်လောက်နှင့် အိမ်ဆိုင် တစ်ဆိုင်တည်ပြန်သည်။ ကလေးကလည်း နှစ်ယောက်မို့  ထိုင်မနေသာပြန်။  ပြန်အခြေ အနေ ကောင်းလို့  အသားကျမယ်မှ မကျန်သေး တတိယ ကလေးသည် ရောက်လာခဲ့သည်။ ပထမမီးလောင်ပြီး နောက်သုံးနှစ်ခွဲးလောက် တတိယ ကလေး အခါလည်တွင် ဒုတိယ အကြိမ် အိမ်မီးထဲ ပါပြန်သည်။

          ဒီအချိန်မှာလည်း အကိုငယ့်အိမ်ကို ရောက်ခဲ့ရပြန်ပါသည်။ ထိုအိမ်မှလည်း တတ်နိုင်သမျှ ကူညီပါသည်။    ဒုတိယ အကြိမ်ပြန်ရသော မြေကွက်၌ အိမ်ဆောက်ရန်မြေတူးရာ ရှေးကမြို့ ဟောင်းဖြစ်ခဲ့ဘူးသဖြင့် ကျွင်းကျန်ရစ်သော ရွှေအိုးတို့ ရခဲ့သဖြင့် သူမ စီးပွှားရေးသည် သိသာစွာ ဆိုးရွားခြင်မရှိခဲ့ပေ။     သမီး အကြီးလေပင် ၈ တန်း ၊ ၉ တန်း အရွယ်ရောက်ခဲ့ပြီ ဖြစ်သည်။   စီပွှားဖြစ်လာလိုက် မီးထဲပါသွားလိုက်နှင့် စခန်းသွားနေတုံးပင်။

                 ဒုတိယမီးလောင်ပြီး နောက် ၅ နှစ်ကြာသော် တတိယအကြိမ် မီးလောင်ပြန်ရာ ကလေး (၃)ယောက်နှင့် မိသားစုမှာ ရှိသမျှ ထုခွဲးပြီး တစ်ကြိမ် ပြန်ထနိုင်ရန် ကြိုးစားရပြန်သည်။  မိမိတို့  အိမ် သုံးကြိမ်တိုင်တိုင် မီးလောင်ခြင်းသည် သူများမပေးသော ပစ္စည်း ခိုးယူထားခြင်းကြောင့် ထိုပစ္စည်းပိုင်ရှင်က မကြည်ဖြူသဖြင့် ပြန်ဆုံးရူံးရခြင်လားလို့  မချစ်စုတွေးမိလာခဲ့ သလားမသိပါ။ မချစ်စု မြစ်အရှေ့ သို့  အပြေးတပိုင်းဖြင့် ကူးလာခဲ့ရသည်။  သည်တစ်ကြိမ်တော့ တစ်ခါမှ မတောင်ပန်ခဲ့ဘူးသော အကိုငယ်၏ အမျိုးသမီးကို တောင်ပန်ရန်အတွက် ဖြစ်သည်။    ကျေးဇူးရှင်ကို တစ်ခါမှ မတောင်းပန်မိသော ၊ သူများ မပေးသော ပစ္စည်းကို ယူခဲ့မိသော၊ သုံးစွဲးခဲ့မိသော သူမအဖြစ် အပြစ်မှ လွတ်မြောက်ခွင့် ရပါရစေသား   .  .  .  .  .။          

4 comments:

ငွေလမင်း said...

ဟုတ်ပါတယ် သူတစ်ပါး ပစ္စည်းကို မသိအောင်ယူခဲ့ရင်
သွယ်ဝိုက်သောနည်းနဲ့ဖြစ်ဖြစ် တနည်းမဟုတ်တနည်း ကုန်မှာပါ ကျနော်လဲ မြင်ဖူးကြားဖူးတယ် မတရားယူရင် မတရားသောနည်းနဲ့ကုန်မှာပါ မှတ်သားသွားပါတယ်

ညိမ်းနိုင် said...

ပါနီထဲကရေ...ပါနီထဲပြန်ရောက်သွားတယ်ဆိုတာမျိုးပေါ့
လေ...၊သူရဲမွေးတာ...၊သူရဲကပြန်စားတာတွေကြားဖူးတယ်
နားမလည်တာက သူရဲက လူကို ဘယ်လိုစားသလဲဆိုတာ၊

စော(အဝါရောင်မြေ) said...

ဟုပ် အတိအကျ မသိရပေမယ့် ကြားဘူးသလောက်ကတော့ လူကို ထိနိုင်တဲ့ သရဲတွေရှိတာ ကြားဘူးတယ်မို့ လား။
သူတို့ က ဂုတ်ချိုးလည်း သတ်နိုင်တယ်။ ဒီသရဲတွေက သွေးတိုက်ပြီးမွေးတာဆိုတော့
လူကိုကိုက်ပြီး သွေးသောက်တာလည်း ဖြစ်နိုင်တယ်။ :P

Angelhlaing(May everybody be happy and healthy! said...

အရမ်းကောင်းတဲ့ ပညာပေးပိုစ်လေးပါ..
ဖတ်ခွင့်ရလို့ ကျေးဇူးပါ..
ကောင်းသောနေ့လေးဖြစ်ပါစေ။