မြကျောက်စာပါ။ မွန်၊ ပျူ ၊ မြန်မာ၊ ပါဌိ (၄) ဘာသာနှင့် ရေးထိုးထားသော (၄)မျက်နှာပါ ကျောက်စာဖြစ်ပါတယ်။
လှူဒန်းရာနေရာတွင်ပင် လှူတန်းပုံကို ပုံစံငယ်ပြသထားပါသည်။
ကန်တော့ပလ္လင်ဘုရားသည် အနော်ရထားမင်း နှင့် မဏိစန္ဒာ မိဘုရားတို့ ၏မြေး၊ ရွှေအိမ်စည် မင်းသမီးမှ မွေးဖွားပြီ အနော်ရထား၏ ရာထူးကို ဆက်ခံခွင့် ရခဲ့သော အလောင်းစည်သူမင်းဟု လူသိများသော နရပတိစည်သူမင်းကြီး တည်ထားကိုကွယ်သည်။
ဘုရားတည်းထားရသော အကြောင်းရင်းမှာ သူ့ လောက် တန်ခိုးကြီးသောမင်း ပုဂံခောတ်အခါတွင် မမြင်ဘူးဟု ပြောကြားသော စကားကြောင့် မျက်စိအလင်းကွယ်တော်မူလေသည်။ ပညာရှိများထံတွင် အကျိုးကြောင်း စုံစမ်းရာ ဘိုး၊ ဘေ၊ ဘီ၊ ဘင် များကို စော်ကားမိသောကြောင့် ကွယ်ရကြောင်း သိရသဖြင့် ဘိုး၊ ဘေ၊ ဘီ၊ ဘင် များကို တောင်ပန်ကန်တော့ရန် ဘိုး၊ ဘေ၊ ဘီ၊ ဘင် များ၏ ရုတ်ထုများထုလုပ်ပြီး ကန်တော့တောင်ပန်မှ မျက်စိနှစ်ကွင်း အလင်းရသည်။ ထို ဘိုး၊ ဘေ၊ ဘီ၊ ဘင် များ၏ ရုတ်ထုများကို ဌာပနာထား တည်သောကြောင့် `ကန်တော့ပလ္လင်` ဘုရားဖြစ်တည်ခဲ့ပါသည်။
ဒီဘုရားနှစ်ဆူ၏ သမိုင်းကို နိုင်းယှဉ်ကြည့်ပါက တည်ထားကိုးကွယ်သော အကြောင်းအရာတို့ မှာ ကွားခြားပုံကို တွေ့ မြင်နိုင်ပါတယ်။
မှတ်ချက်။
အလောင်းစည်သူမင်းသည် လက်ညိုညွန်ရာ ရေဖြစ်သော မင်းတစ်ပါးဖြစ်ပါသည်။ နတ်တို့  အပ်နှင်းသော နတ်ကြိမ်လုံးဖြင့် ဖောင်စင်္ကြာကို စီးပြီး တိုင်းခန်းလှည့်လည်သည်ကို မှတ်သားရဘူးပါသည်။
မည်မျှတန်းခိုးကြီးသောမင်းပင် ဖြစ်လျှင့်ကစား သီလရှိသော ဘိုး၊ ဘေ၊ ဘီ၊ ဘင် များကို စော်ကားမိသဖြင့် အပြစ်သင့်ပုံကို တွေ့ ရပါသည်။
3 comments:
ခရီးတွေ ထွက်နိုင်လှချည်လား ၊ ပိုက်ပိုက်တွေ
ပေါနေပုံရတယ် ... :P
ပုဂံက တစ်နေ့  ခရီးပါ။ ဓာတ်ပုံ ရိုက်နိုင်တာပါ။
ကိုကသွားခြင်တာမို့  ဖြစ်အောင်စီစဉ်ရတာပေါ့။
မရောက်ဘူးသေးတဲ့ ဒေသမို့ တစ်ခေါက်တစ်ခါတော့ ရောက်ဖူးချင်ပါတယ်...
Post a Comment