အဘိဏှသုတ် (ဗုဒ္ဓဓမ္မ ဦးလောကနာထ မှ)

အဘိဏှသုတ် (ဗုဒ္ဓဓမ္မ ဦးလောကနာထ မှ ကူးယူဖော်ပြပါသည်)

ကံတရားကို အမြဲမပြတ် ဆင်ခြင်ပါ…

''မိမိ၏ ကံသာလျှင် မိမိဥစ္စာ ရှိ၏၊ ကံ၏ အမွေခံ ဖြစ်၏၊ ကံသာလျှင် အကြောင်းရှိ၏၊ ကံသာလျှင် အဆွေအမျိုး ရှိ၏၊ ကံသာလျှင် ကိုးကွယ် မှီခိုရာရှိ၏၊ ကောင်းသည်ဖြစ်စေ မကောင်းသည်ဖြစ်စေ ငါပြုမိသော ကံ၏ အမွေခံသာ ဖြစ်ရပေမည်'' ဟူ၍ မိန်းမဖြစ်စေ ယောက်ျားဖြစ်စေ လူဖြစ်စေ ရဟန်းဖြစ်စေ မပြတ် ဆင်ခြင်အပ်၏။

ရဟန်းတို့ သတ္တဝါတို့အား ကာယဒုစရိုက် ဝစီဒုစရိုက် မနောဒုစရိုက်သည် ရှိ၏၊ ထို(ကံ) အကြောင်းကို မပြတ် ဆင်ခြင်သော ထိုသူအား မကောင်းမှုသည် အချင်းခပ်သိမ်းမူလည်း ပျောက်ကင်း၏၊ ခေါင်းပါးခြင်းမူလည်း ဖြစ်၏။

''ငါတစ်ယောက်တည်းသာလျှင် ကံသာလျှင် မိမိဥစ္စာရှိသည် ကံ၏ အမွေခံဖြစ်သည် ကံသာလျှင် အကြောင်းရှိသည် ကံသာလျှင် အဆွေအမျိုးရှိသည် ကံသာလျှင် ကိုးကွယ်မှီခိုရာ ရှိသည် ကောင်းသည်ဖြစ်စေ မကောင်းသည် ဖြစ်စေ ငါပြုမိသော ကံ၏ အမွေခံဖြစ်သည် မဟုတ်၊ စင်စစ်မူကား ဤဘုံဘဝသို့ လာခြင်း တစ်ခြားဘုံဘဝသို့ သွားခြင်း စုတေခြင်း ပဋိသန္ဓေ နေခြင်းရှိသည့် သတ္တဝါဟူသမျှ အားလုံးတို့သည် ကံသာလျှင် မိမိဥစ္စာ ရှိကုန်၏၊ ကံ၏ အမွေခံ ဖြစ်ကုန်၏၊ ကံသာလျှင် အကြောင်းရှိကုန်၏၊ ကံသာလျှင် အဆွေအမျိုး ရှိကုန်၏၊ ကံသာလျှင် ကိုးကွယ် မှီခိုရာ ရှိကုန်၏၊ ကောင်းသည်ဖြစ်စေ မကောင်းသည်ဖြစ်စေ ပြုမိသော ကံ၏ အမွေခံတို့သာ ဖြစ်ကြလိမ့်မည်'' ဟု ဆင်ခြင်၏။

ထိုကံအကြောင်းကို မပြတ် ဆင်ခြင်သော ထိုသူအား မဂ်သည် ကောင်းစွာ ဖြစ်ပေါ်လာ၏၊ ထိုအရိယာတပည့်သည် ထိုမဂ်ကို မှီဝဲ၏၊ ပွါးများ၏၊ ကြိမ်ဖန်များစွာ ပြု၏၊ ထိုမဂ်ကို မှီဝဲသော ပွါးများသော ကြိမ်ဖန်များစွာ ပြုသော ထိုသူအား သံယောဇဉ်တို့သည် အချင်းခပ်သိမ်း ပျောက်ကင်းကုန်၏၊ အစဉ်ကိန်းနေသော 'အနုသယ' တရားတို့သည် ကင်းပြတ်ကုန်၏ ဟု မိန့်တော်မူ၏။

Sunday, October 23, 2011

သောင်္ကြာနေ့ က လာသော သဘာဝဘေး အန္တရာယ်


          ကျမ သောင်္ကြာနေ့ က အိမ်ကို ကြိုးစားပြီး ဖုန်းဆက်ပါသည်။ ဖုန်း Ring မမြည်ပါ။ ချလိုက်ပါတယ်။ စင်း (၁)ကျပ် စားသွားပါသည်။ ကျမတို့ မှာ မိဝေး၊ ဖဝေး          ဆွေမျိုးသားခြင်းနှင့် ဝေးသောအရပ်မှာ အလုပ်လုပ် နေကြရာ ကိုယ့်ဝမ်းသာစရာများကို မျှဝေရန်၊ ဝမ်းနည်းစရာများ ရှိလျှင် စိတ်ဖြေမေ့ပျောက်ရန်၊  တခါ မိဘတွေ ကျမ္မာကြရဲ့ လားလဲ သိလိုကြပါသည်။ ထိုအခါ လူကိုယ်တိုင် ပြန်ကြည့်ရန် ကျမတို့ တွင် အချိန်ဆင်းရဲကြပါသည်။ တဖန် ငွေလည်း ဟိုကဖြတ်၊ ဒီကဖြတ်နှင့် ချင့်ချိန်ရပြန်ပါသည်။ ကျမ အလွန် စိတ်မကောင်း ဖြစ်မိသည်များကို ဆက်ရလျှင် ဆုံးနိုင်အံ့ မထင်။

           ကမ္မာပေါ်တွင် ဖုန်းခေါ်ဆိုခ ဈေးကြီးဆုံး စာရင်းတွင် ပါမည်ထင်သော နိုင်ငံ၊ အလကားခေါ်ဆိုရနိုင်သော နိုင်ငံများ စာရင်းတွင် မပါသောနိုင်ငံ၊ ခေါ်ဆိုရန် လွန်ခက်ခဲသော၊ ဖုန်းခ စကားမပြောရဘဲယူသော နိုင်ငံကို ရှာကြည့်ရန်မလိုပါ၊ ကိုယ် ဖုန်းဆက်တိုင်း အမြဲရင်ဆိုင် ကြုံတွေ့ နေရပေသည်။ နိုင်ငံရပ်ခြားတွင် (အနည်းနှင့် အများ) စိတ်ဖိဆီးခံရပြီမှ ရသောလစာငွေကို မိဘကန်တော့၊ အစိုးရကန်တော့ရန် ချန်ပြီ ချွေတာသုံးရပါသည်။ နိုင်ငံ စီပွှားရေး မကောင်းတော့ နိုင်ငံသားတွေ နှိမ်ခံရသည်လည်း မပြောလိုတော့ပါ။ သူတို့  နိုင်ငံမှာ အလုပ်လုပ်လျှင် သူတို့ အစိုးရ သက်မှတ်ထားသော ဝင်ငွေကျော်လျှင် အခွန်ဆောင်ရပါသေးသည်။ ဒါတွေကို ရင်ဆိုင်ကြုံတွေ့  နေရသော်လည်း ကျမတို့  မြန်မာပြည်သူ၊ ပြည်သားတွေမှာ ကိုယ့်နိုင်ငံကို လွမ်းဆွတ်ရတုံးပါပင်။ ကိုယ် မွေးဖွား ကြီးပြင်းခဲ့ရသော ရေ၊မြေ မို့ လား။

          ပိုက်ဆံ ၅-ဒေါ်လာ၊ ၆-ဒေါ်လာ အသာလွတ်ကုန်ပြီး သကာလ ဖုန်းဝင်သွားပါသည်။ ဤတွင် `ကြားရလားဇာတ်လမ်း`ဖြင့် အသံ ဝါးလိုက်၊ ကြားလိုက်ဖြင့် ဖုန်းပြောရသော အခိုက်တွင် ဖုန်းလာကိုင်သော အမက ပြောလာပါသည်။
အမ -   ` ညက မုန်းတိုင်ဝင်မယ်ဆိုလို့  မေမေ နှင့် ငါ အိပ်တောင် ဖြောင့်ဖြောင့် မအိပ်ရပါဘူ`

အမ-    ` လေတော့ သိပ်မတိုက်ပါဘူ။ တညလုံး မိုးရေများများပါတဲ့ မိုးတောက်လျှောက် ရွာတော့    အိမ်အပေါ်ထပ် တခုလုံး ရေတွေရွဲးနေလို့  သုတ်လိုက်ရတာ`
ကျမ-   ` ဘုရားစင်တော့ လွတ်တယ်မလား`
အမ-    ` ဘုရားစင်တော့ မိုးလွတ်ပါတယ်`
ကျမ-   ` ဘုရားက ဘာလောဘမှ မရှိတော့ပဲကို၊ လွတ်မှာပေါ့`
          အမှန်က ဘုရားစင် မိုးရေလွတ်သည်မှာ အိမ်တွင်းမှာပင် ဘုရားစင်ကို ဘုရားကျောင်းဆောင် ဆောက်လုပ် ပူဇော်ထားတာလည်း ပါပါလိမ့်မည်။ ပထမ တရက်တွင် မပြောခင် ကတည်းက ၅-ဒေါ်လာ ကုန်ထားပြီးဘီမို့  လိုတိုရှင်း မေးပြီ ဖုန်ချလိုက်ပါသည်။

ဒယ်အိုး website ရယူပါသည်။
တွင် အပြည့်အစုံ သွားရောက် ဖတ်ရူ့ နိုင်ပါသည်။
          အမ့ အကြီးဆုံးက ဖုန်ဆက်၍ ဒီနေ့ သတင်းတွင် ပခုက္ကူမြို့ တွင် တံတားကျိုးကြောင်း၊ ချောင်းရေတွေ အရှိန်အဟုန်နှင့် ဆင်းတာကြောင့်လို သတင်းမှာ တချက်ပါလာတယ်။ ဒီသတင်း သေခြာသိခြင်လို့  မြန်မာဂျာနယ်တွေကို Online ကနေ ရှာဖတ်တာတွေ ပြောပြပါတော့သည်။ ပုဂံတွင် စေတီ(၃)ဆူ ပြိုကျတယ်။ မိုးရေချိန်က ၉လက္မ ရွာသွန်းတယ်။ ချောက်၊ စလေမှာလည်း မိုးသည်းတယ်။ ယောချောင်း တလျှောက်မှာရှိတဲ့ ရွာတွေလောက်တော့ မဆိုးဘူး ဆိုပါသည်။ ကျမ ဘုရား `တ` မိပါသည်။ မြန်မာပြည် အနှံ့ အပြားမှ ပြည်သူ၊ ပြည်သားတွေ ကပ်ဆိုဒ်နေကြ ဘီလားဟု လည်း တွေးမိပါသည်။  နာဂစ်၊ ဂီရိ မုန်တိုင်း၊ ပြီးတော့ တာလေ ငလျှင်၊ နောက် လာပြန်ပြီ ဒီမုန်တိုင်း။   ခုမုန်တိုင်းက လေထက် မိုးကြောင့် ဖြစ်လာသော တောင်ကျချောင်းရေသည် နှစ် ၄၀၊ ၅၀ သက်တန်းမှာ မကြုံဘူးအောင် ရေကြီးမြင့်ခဲ့သည်။

          ချောက်နှင့် ဆိပ်ဖြူ မြို့ နယ်များမှ အမြင်နှင့် ပြောပြသည်များမှာ ယောချောင်းရေ အရှိန်ပြင်းလွန်းသဖြင့် တကြောင်း ၊ ညဘက်တွင် ရေကျလာခြင်းကြောင့် တကြောင်း လူတွေ၊ အိမ်တွေ ၊ အိမ်မွေးတိရိစာန်တွေ ရေနှင့် အတူ မျှောလာတာကို တွေ့ ကြရပါသည်။ ဧရာဝတီမြစ်ကို ရောက်လာသည်ထိ ကယ်ပါ၊ ယူပါ တစာစာ အော်နေတာတွေ၊ လူတွေရဲ့  လက်တွေကို မြင်တွေ့ နေရပါတယ်။ ရေစီးကြောင့် လှေတွေ ကွဲးမှာစိုးရိမ်ရလို့  လှေများပင် ကုန်ပေါ်တင်ယူနေရတဲ့ အခြေအနေဖြစ်နေပါတယ်လို့  ဆိုပြန်ပါတယ်။ မနက်ခင်းတွင် ရေလွတ်ရာအရပ်တွင် လူတွေချည် ဗလာအတိနှင့် ကျန်ခဲ့ရပါသတဲ့။ ကျမ့ မေမေကပင် ထိုသူတွေ အတွက်
` ဘာလုပ်ပေးရရင် ကောင်းမလဲ မသိဘူး`
ဟု ပြောနေသဖြင့် ကျမကပင် ပြန်နှစ်သိမ့်ရပါသည်။
` ဒါက မေမေတစ်ယောက်ထဲ လုပ်လို့ မရနိုင်ဘူး ထင်တယ်။ ပျက်ဆီးတာကများတော့ အသင်း၊ အဖွဲ့  နှင့်မှ လုပ်လို့  ရလိမ့်မယ်။ အဲဒီလို အဖွဲ့ တွေ ရှိရင် အဲဒီမှာပဲ လှူလိုက်ပေါ့`
လို့  ပြောရပါသည်။ တကယ်တော့ ကျမလည်း စိတ်မကောင်း ဖြစ်မိပါသည်။ စိတ်ထဲမှာလည်း ဘာလုပ်ပေးရင် ကောင်းမလဲ စဉ်စားနေမိပါတယ်။  ဝါဇီ မှ တိုက်ခန်းများပင် ရေဝင်မူ ဖြစ်ပေါ်ခဲ့တယ် ဆိုပါတယ်။ တစ်ထပ်ခွဲးလောက်ထိကို ရေဝင်ခဲ့တယ် ဆိုပါတယ်။

          မနှစ်ကလည်း ယောချောင်းရေကျလို့  တချို့ ရွာတွေ ပြန်လည်ထူထောင်ထားရသည်မှာ အခြေကျမည်ပင် မရှိသေး၊ ဒီနှစ်က ပိုဆိုးစွာ ကြုံရလေသည်။ ချောင်းကျအပြီးတွင် ရွံ့ တွေ ဒူးခေါင်းလောက် တင်ကျန်နေလို့  သွားလို့ ပင် ကောင်းကောင်းမရသေးဘူးလို့  မြစ်အရှေ့ မှ ထမင်းထုပ်ဝေသော ကားတွေ အပြန်တွင် ပြောသံတွေလည်း ကြားရသည်။ တချို့ ရွာတွင် ရေဆက်စီးနေဆဲမို့  ကားတွေကူးမရ၊ လူတွေပဲ ချောင်းရေထဲဖြတ် သယ်ပို့ ကြရသည်။  အမနှင့် တနင်္ဂနွေနေ့ က ဖုန်းဆက်သွယ်ရတော့ အထက်ပါ အကြောင်းတွေ သိရပြီ၊ ဆရာတော် ဦးသုမင်္ဂလ ရဲ့  ဖောင်ဒေးရှင်းအဖွဲ့ မှ လာရောက်လှူဒါန်းရန် ရှိကြောင်း၊ ဆရာတော် ဦးဥာဏိသရဦးစီးတဲ့ အဖွဲ့ မှ ဆန်အိတ် တစ်ထောင်လှူမည် ဆိုသော သတင်းတွေ ထပ်ကြားသိရပါသည်။

          ` ကပ်ဆိုဒ်နေသလိုပါပဲ။`  လို့  မေမေပြောသော စကားသည် ကျမနားထဲက မထွက်ပါ။ မြန်မာပြည်မှ သစ်ပင်တွေ မရှိတော့လို့  သဘာဝ စနစ်တွေ ပျက်သုန်းပြီး၊ မကြာခဏ မုန်တိုင်းဝင်နေသည်လို့  ကျမ စိတ်ထဲမှာ ထင်နေမိပါသည်။ သစ်ပင် စိုက်ပျိုးဘို့  လူတွေမှာ စိတ်ကူးရှိကြပါ့မလားမသိ။ သစ်ပင်ကြီး ဆိုသည်မှာလည်း ခုစိုက်လို့ ၊ ခုကြီးတာမျိုးမဟုပ်ပါဘူး။ နှစ် ၃၀၊ ၄၀ လောက် အချိန်ယူ စိုက်ပျိုးရတာရှိသလို၊ နှစ် ရာချီအောင် စိုက်ပျိုးရသော အပင်တွေလည်း ရှိနိုင်ပါသည်။ သစ်တောဘက်မှလူများ ပညာရှင်များ ပိုသိကြပါလိမ့်မည်။ ငယ်ငယ်က ခရီးသွားသော လမ်းဘေး ဝဲ၊ယာ တဖက်တချက်မှာ ဖတ်ဘူးခဲ့သော ဆိုင်းဘုတ်လေးမှ ဆောင်ဘုတ်ကို ခုထိမှတ်မိနေပါသေးသည်။  ` ဥတု ရာသီ တောကိုမှီ` တဲ့  ဒါတွေကြောင့် မုန့် တိုင်းဝင်မူတွေ တနေ့ တခြား များပြားလာတယ်လို့  ထင်မိတယ်။

          ကူညီရင်လည်း တကယ်ဒုက္ခရောက်သူတွေဆီသာ ထိထိရောက်ရောက် ကူညီခြင်ပါသည်။ အဝတ်တွေ လဟာပြင်မှာ ဖျာပုံလုပ် ရောင်းနေတယ်။ ဒုက္ခသည်တွေအတွက် ဆန်တွေ ဘယ်ရောက်သွားတယ်၊ ဆေးတွေလည်း ဘယ်မှာတဲ့။ ယုတ်စွ အဆုံး နေစရာမရှိသူအတွက် ရွက်ဖျင်တဲပင် ဝေသူက လိုခြင်လို့  သိမ်းထားတာတွေ ကြားရတော့ အော် ဒုက္ခရောက်သူထံမှပင် ဖြတ်စားနေသူတို့ တွင် ဘယ်မှာလဲ လူကျင့်ဝတ်လို့  တွေးမိပါသည်။ ကူညီသူတို့ မှာလည်း အချိန်၊ ငွေ အတိုင်းအတာတခုထိသာ ကူညီနိုင်ကြပေမည်။ ကိုယ်ထူ၊ကိုယ်ထ လုပ်ငန်းများကိုလည်း ကြိုးစား ရွတ်ဆောင်ရန် လိုသေးသည်။  ဒါတွေဟာ လူတယောက်အနေနဲ့  စဉ်းစားမိတဲ့ လူမူရေး အကြောင်းတွေပါ။ လူမူရေး ပြသ်သနာတွေ ကြိုးစား ဖြေရှင်းနိုင်ကြပါစေ။ စိတ်ဓာတ်အစဉ် မြင့်တင်နိုင်ကြပါစေ။

သတင်းတွေကို ဒီနေရာတွေမှာ ကြည့်ရူ့ နိုင်ပါတယ်။


1 comment:

ဘရဏီ said...

ဟုတ်ပအမရယ် တခါတခါ ဖုန်းခေါ်ရတာ စိတ်ညစ်ဖို့ 
ကောင်းတယ် ဒီမှာလည်း ကိုယ်အိမ်နီးနားချင်းနိုင်ငံတွေ
ကိုဖုန်းခေါ်ရင် ၁ မိနစ်ကို 1 p ဘဲ သူငယ်ချင်းတွေဆို
သူ့ တို့ မိသားစုတွေကို ဟိုဘက်အိမ်နဲ့ ဒီဘက်အိမ်ခေါ်
သလို ခေါ်နေကြတာ။မြန်မာနိုင်ငံ ကြမှ ၁မိနှစ်ကို 45p
ပေးရတယ်။ဒါတောင်ဖုန်းလိုင်းက၀င်ချင်မှဝင်တာ။ဖုန်းခေါ်
ရတာတော်တော်လေတယ်။