အဘိဏှသုတ် (ဗုဒ္ဓဓမ္မ ဦးလောကနာထ မှ)

အဘိဏှသုတ် (ဗုဒ္ဓဓမ္မ ဦးလောကနာထ မှ ကူးယူဖော်ပြပါသည်)

ကံတရားကို အမြဲမပြတ် ဆင်ခြင်ပါ…

''မိမိ၏ ကံသာလျှင် မိမိဥစ္စာ ရှိ၏၊ ကံ၏ အမွေခံ ဖြစ်၏၊ ကံသာလျှင် အကြောင်းရှိ၏၊ ကံသာလျှင် အဆွေအမျိုး ရှိ၏၊ ကံသာလျှင် ကိုးကွယ် မှီခိုရာရှိ၏၊ ကောင်းသည်ဖြစ်စေ မကောင်းသည်ဖြစ်စေ ငါပြုမိသော ကံ၏ အမွေခံသာ ဖြစ်ရပေမည်'' ဟူ၍ မိန်းမဖြစ်စေ ယောက်ျားဖြစ်စေ လူဖြစ်စေ ရဟန်းဖြစ်စေ မပြတ် ဆင်ခြင်အပ်၏။

ရဟန်းတို့ သတ္တဝါတို့အား ကာယဒုစရိုက် ဝစီဒုစရိုက် မနောဒုစရိုက်သည် ရှိ၏၊ ထို(ကံ) အကြောင်းကို မပြတ် ဆင်ခြင်သော ထိုသူအား မကောင်းမှုသည် အချင်းခပ်သိမ်းမူလည်း ပျောက်ကင်း၏၊ ခေါင်းပါးခြင်းမူလည်း ဖြစ်၏။

''ငါတစ်ယောက်တည်းသာလျှင် ကံသာလျှင် မိမိဥစ္စာရှိသည် ကံ၏ အမွေခံဖြစ်သည် ကံသာလျှင် အကြောင်းရှိသည် ကံသာလျှင် အဆွေအမျိုးရှိသည် ကံသာလျှင် ကိုးကွယ်မှီခိုရာ ရှိသည် ကောင်းသည်ဖြစ်စေ မကောင်းသည် ဖြစ်စေ ငါပြုမိသော ကံ၏ အမွေခံဖြစ်သည် မဟုတ်၊ စင်စစ်မူကား ဤဘုံဘဝသို့ လာခြင်း တစ်ခြားဘုံဘဝသို့ သွားခြင်း စုတေခြင်း ပဋိသန္ဓေ နေခြင်းရှိသည့် သတ္တဝါဟူသမျှ အားလုံးတို့သည် ကံသာလျှင် မိမိဥစ္စာ ရှိကုန်၏၊ ကံ၏ အမွေခံ ဖြစ်ကုန်၏၊ ကံသာလျှင် အကြောင်းရှိကုန်၏၊ ကံသာလျှင် အဆွေအမျိုး ရှိကုန်၏၊ ကံသာလျှင် ကိုးကွယ် မှီခိုရာ ရှိကုန်၏၊ ကောင်းသည်ဖြစ်စေ မကောင်းသည်ဖြစ်စေ ပြုမိသော ကံ၏ အမွေခံတို့သာ ဖြစ်ကြလိမ့်မည်'' ဟု ဆင်ခြင်၏။

ထိုကံအကြောင်းကို မပြတ် ဆင်ခြင်သော ထိုသူအား မဂ်သည် ကောင်းစွာ ဖြစ်ပေါ်လာ၏၊ ထိုအရိယာတပည့်သည် ထိုမဂ်ကို မှီဝဲ၏၊ ပွါးများ၏၊ ကြိမ်ဖန်များစွာ ပြု၏၊ ထိုမဂ်ကို မှီဝဲသော ပွါးများသော ကြိမ်ဖန်များစွာ ပြုသော ထိုသူအား သံယောဇဉ်တို့သည် အချင်းခပ်သိမ်း ပျောက်ကင်းကုန်၏၊ အစဉ်ကိန်းနေသော 'အနုသယ' တရားတို့သည် ကင်းပြတ်ကုန်၏ ဟု မိန့်တော်မူ၏။

Tuesday, August 23, 2011

ဘလော့ကြသူများနှင့် ဘလော့ကာဒေး


          ကျမရဲ့  အလုပ်မှာ ပုံမှန်ရယ်မဟုပ်ပဲ ရူတ်ခြင်တဲ့ အခါ တော်တော်ရူတ်ပြီး၊ အားခြင်တဲ့ အခါ တော်တော် အား တတ်တာကြောင့်၊ အားလပ်တဲ့ အချိန်ဆို တော်တော်ပျင်းပြီး ဘာလုပ်ရမှန်းမသိပဲ ဖြစ်နေရင်းက မြန်မာစာအုပ်တွေကို အွန်လိုင်းကနေ ရှာဖတ်လို့ ရတယ်၊ အင်တာနက်မှာ မြန်မာစာ ရိုက်ရှာလို့ ရတယ် လို့  ပြောပြတာကြောင့် Google Search ကနေ မြန်မာလို စာရိုက်ရှာကြည့်ပါတယ်။ မြန်မာစာကတော့ ဒေါင်းလုပ် လုပ်ထားပြီးသား စက်ထဲမှာ ရှိနေပါတယ်။ ဒီအရင်ကတော့ တုံးတယ်ပဲ ပြောပြော ကျမ အွန်လိုင်းကို အီမေးစစ် တာကလွဲးရင် သိပ်မသုံးဖြစ်ပါဘူး။ ပထမအလုပ်မှာတုံးက မအားမလပ်နိုင်အောင် အလုပ်ရူတ်ခဲ့တာရော၊ အပြောမခံရအောင် ရှောင်တာရောကြောင့် ဘာမှ မသိသလောက်ပါပဲ။( နည်းနည်းပါးပါးတော့ သိတယ် သိပ် မသုံးဖြစ်တာပါ။)

          တနေကုန် အလုပ်ထဲမှာ ကွန်ပြုတာနဲ့  အလုပ်လုပ်ပြီး အိမ်ပြန်လာတဲ့ အချိန်၊ ကွန်ပြုတာကို ထပ်မကြည့်ဖြစ်တာက များပါတယ်။ ကွန်ပြုတာပေါ်မှာ မြန်မာလို စာရိုက်ရှာရင် ရမှန်းကို မသိခဲ့တာပါ။ တကယ်တော့ ဒါလောက်ထိ အလုပ်မှာ ကိုယ့်ကိုယ်ကို နှစ်မြုပ်ထားဘို့  မသင့်ခဲ့ပါဘူး။ နောက်အလုပ် တစ်ခုကို အခြေအနေ အကြောင်းကြောင်းတွေကြောင့် ရောက်သွားရပြီတော့ အားလိုက်၊ မအားလိုက် ဖြစ်လာမှပဲ အားတဲ့ အချိန်တွေကို သတင်းတွေ၊ စာအုပ်တွေ ရှာဖတ်မယ် ဆိုတဲ့ ရည်ရွယ်ချက်နှင့် အင်တာနက်မှာ ရှာရာကနေ သတင်းဆိုဒ်၊ စာအုပ်တွေ အပ်လုပ်တင်တဲ့ဆိုဒ်တွေ၊  နောက်တော့ တဖြည်းဖြည်းနဲ့  ဘလောစ့်ဆိုတဲ့ လောကကို စသိခဲ့ရပါတယ်။

          ဒီမှာ စတင် ခံစားမိတာက အပျင်းပြေတဲ့ ဖျော်ဖြေမူ့  တစ်ခု သက်သက်တင်မဟုပ်ပဲ၊ ဗဟုသုတတွေ၊ လူတွေရဲ အတွေးအခေါ်၊ အတွေ့ အကြုံတွေကို အနည်းနဲ့  အများ ရရှိခံစားရပါတယ်။  စာပေတို့  သတင်းတို့  ဟာ သူတို့  သိတာ၊ ကြားသိတာ၊ သိခဲ့ဘူးတာတွေနှင့် ခန့် မှန်းမူတွေရောထားတာမျိုး၊   ကိုယ်တိုင်ကြုံတွေ့  ခဲ့ရတာမျိုးတွေကို ဖော်ပြတတ်တာက များပါတယ်။ စိတ်ကူးနှင့် ရေးသားနိုင်တာတွေကတော့ ပုံပြင်၊ ဟာသနဲ့  ဝတ္ထူတို/ ရှည်တို့ ၊ သရော်စာတို့  ဆိုပြီ ဂဏ္ဍတွေများစွာကို ကျယ်ကျယ်ပြန့် ပြန့်  လေ့လာ ဖတ်ရှူ့ နိုင်မူတွေကို တွေ့ ရပါတယ်။ စာဆိုတာမျိုးကတော့ အမှား၊ အမှန် (သို့ ) အကောင်း၊ အဆိုးကို ကိုယ်ပိုင်ဥာဏ်နှင့် ခွဲးခြားပြီး ကောင်းတာကို အတုခိုးတတ်ဘို့ ၊ သူတပါးရဲ့  အတွေ့ အကြုံကနေ သင်ခန်းစာယူတတ်ဘို့ ၊ အမှား၊အမှန်ကို ဝေဖန်ပိုင်းခြား နားလည်နိုင်ဘို့ လိုပါတယ်။

          သူများရဲ့  အမှား၊အမှန် အတွေ့ အကြုံကနေ ကိုယ့်အတွက် သင်္ခန်စာ ယူနိုင်သူဟာ လူတော်လို့  ဆိုပါတယ်။ ကိုယ်တိုင်မှားမှ၊ တွေ့ ကြုံရမှ သင်္ခန်စာရသူကတော့ မဆိုးသေးဘူးလို့  ဆိုပါတယ်။ သူများဆီကလည်း မယူ၊ ကိုယ်တိုင်မှားတာလဲ မရဘဲ ထပ်ခါ မှားနေသူကတော့ လူညံ့ပါပဲလို့  ဆိုပါတယ်။  ဒါပေမယ့် ဖော်ပြထားတာတွေ အားလုံးဟာ ရေးသားသူရဲ့  စိတ်ကူး၊ ပုံဖော်မူ့ ကနေ အခြေခံတာမို့  အားလုံးတော့ အမှန်ဖြစ်ခြင်မှ ဖြစ်မှာပါ။ ပုထုဇင် လူသားမို့  အမှားမကင်းတတ်တဲ့ သဘာဝလေးပါပဲ။ ရေးသူနှင့် ဖတ်သူ ဒါမှမဟုပ် ရေးသူအခြင်းခြင်းကြား တယောက်နှင့် တယောက် တွေးပုံ၊ အတွေ့  အကြုံမတူတာနှင့် ဝေဖန်ထိုးနှက်မူတွေ လုပ်နေတာထက် ထောက်ပြပြီ ဒီလိုလေးတော့ မဖြစ်နိုင်ဘူးလားလို့  အကြံဥာဏ်ပေးတာ က ပိုပြီဖြစ်သင့်တယ်လို့  မြင်ပါတယ်။ ချစ်စကို ရှည်စေ၊ မုန်းစကို တိုစေလိုတဲ့ သဘောလေး သက်ရောက် မယ်လို့  ထင်ပါတယ်။ တခါတလေ ကိုယ်လက်မခံနိုင်တဲ့ အယူအဆမျိုးတွေ ဖြစ်နေရင် ကျမကတော့ မဖတ်ပါဘူး၊ စာမျက်နှာ ကျော်ဖတ်လိုက်တာပါပဲ။ 

          တချို့ ကလည်း ကြော်ညာတာပါ(ကြော်အောင် ညာတာတွေလည်း ပါပါတယ် အလကားဆိုပြီ ပိုက်ဆံတောင်းတဲ့ ဆိုဒ်တွေရှိတာမျိုးပါ)။ ဈေးကွက်စီးပွှားရေး စနစ်တစ်ခုအနေနှင့် သီချင်း၊ စာအုပ်၊ သင့်တော်ရာ ပစ္စည်းမျိုးစုံ ရရှိနိုင်ကြောင်းလည်း ဖော်ပြပါတယ်၊ ဝေမျှနိုင်တာတွေကိုလည် အလကားဖတ်ရူ့ ၊ နာထောင်နိုင်အောင် တင်ပေးကြပါတယ်။ တချို့ ကတော့ မြန်မာပြည်ကနေ ဝေးကွာနေတဲ့ ကိုယ့်လူမျိုး၊ ဆွေမျိုးသာခြင်းတွေကို မျှဝေလိုတဲ့ စိတ်ရင်း၊ စေတနာတွေနဲ့ ပါ။ တချို့ ကြပြန်တော့လည်း မိဘဆွေမျိုး၊ သူငယ်ချင်းတွေနှင့် ဆက်သွယ်နိုင်၊ လူကိုယ်တိုင်ပြောပြသလို ဆက်သွယ်မူလေး အဖြစ်၊ နိုင်ငံရပ်ခြားမှာ ပျင်းလို့ မှ စကားပြောဖော် မရှိဘို့ က များတော့ စကားပြောမူ့ အစား၊ စာရေးမျှဝေဘို့ ၊ အပေါင်းအသင်း မိတ်ဆွေတွေ ရဘို့ ဆိုတဲ့ အကြောင်းပြချက် အမျိုးမျိုးတွေနှင့် ဘလော့ကာ လောကထဲကို ရောက်လာကြတာပါပဲ။  ကျမ သူငယ်ချင်းတစ်ယောက်ဆို (မယ်သံရဲ့  အမှတ်ရ စရာလေးများ ) သူ့ သမီးကြီးလာရင် သူ့ အကြောင်း၊ သူ့ သမီး ငယ်ငယ်တုံးက အကြောင်းတွေကို ပြောပြနိုင်ဘို့  ခြေရာချန်တဲ့  သဘောနှင့် စာတို၊ စာရှည်တွေ ရေးခဲ့တာပါ။ တကယ့် အနုပညာသမားတွေရဲ့  စာတွေလည်း များစွာ တွေ့ ရှိရပါတယ်။

          ပြီး မိဘ၊ ဆွေမျိုးသားခြင်းတွေ ဝေးတဲ့ အရပ်မှာ ရောက်နေတဲ့ မြန်မာလူငယ်၊ လူကြီးမရွေးအတွက် ထမင်း၊ ဟင်းချက်ပညာကို မြန်မာဟင်း၊ အရှေ့ တိုင်း အစားအစာ၊ အနောက်တိုင်း အစားအစာတွေ ပါမကျန် ရေးသား ချက်ပြုတ်ပြီး သရေကျလောက်အောင် ဖော်ပြ၊ နည်းပေးကြတဲ့ ဆိုဒ်တွေကိုလည်း တွေ့ လာရပါတယ်။ တချို့ ဆို ရောက်တဲ့နေရာဒေသမှာ အသုံးပြုရမယ့် ပစ္စည်းတွေ ရှာဖွေရမှာ မခက်အောင် အမည်စာရင်းလေးတွေကိုပါ မကျန် ရှာဖွေဖော်ပြပေးကြတာဟာ တကယ်ကျေးဇူးတင်စရာ ကောင်းပါတယ်။

          တဖန် အများနှစ်သက်တဲ့ ဗေဒင်တို့ ၊ နတ်ခတ်တို့ ကို တွက်ချက် တင်ပြပေးတဲ့ စာမျက်နှာတွေ ဟာလည်း အတော်ကိုပဲ ကျေးဇူးတင်စရာကောင်းပါတယ်။  ဘာသာရေးဘက်က ဆိုရင်လည်း တရားစာ တို၊ရှည် ရေးသားလို့ တဖုန်၊ တရားစာအုပ်တွေ၊ တရားခွေတွေကို တင်ပေးထားတာက တစ်မျိုး၊ ပါဌိကို မြန်မာ ဘာသာပြန်လို ဖော်ပြပေးခြင်းတို့ ဖြင့် အမျိုးမျိုးသော ထောက်ပံမူတွေ၊ ကုသိုလ်ယူသူတွေနှင့် ပေါ့လေ။ ရေးချင်သူက ရေးလို့ ၊ ဖတ်ချင်သူတွေကလည်း ရှာကြံဖတ်လို့  ဘလော့ကာ လောကလေးပေါ့။

          ကျမက ဘလော့ လောကရဲ့  အစလည်း မမှီ၊ အလယ်လည်း ဟုပ်တိ ပတ်တိ မသိပါဘူး။ ကိုယ်က နောက်ဖျားပဲ မှီတဲ့သူလေ။  ဖတ်ခါစ အစပိုင်းက ဘလော့ဖတ်သူ အဖြစ် ပထမဦးဆုံး အနေနဲ့  မှတ်မိတာ ကတော့ ကိုအောင်(ပျူနိုင်ငံ ) ပါပဲ။ သူကပဲ ကျမ ဘလော့လေးကို စပြီး လင့်ချိတ်ပေးခဲ့တာပါ။ သူ့ ဘလော့ကို ဘယ်လို စရောက်ခဲ့သလဲဆိုတာ သေချာမမှတ်မိတော့ ပေမယ့် သူ့ ဘလော့က သရဲကြောင်းတွေကို၊ ရှေးကရော၊ နောက်ကရော လှန်လှော်ရှာဖတ်ဖြစ်ခဲ့တာပါပဲ။ ကိုယ်ဖတ်ရုံတင်မကဘူး တွေ့ သမျှ သူငယ်ချင်းတွေကိုလည်း လင့်တွေ လိုက်ပို့ ။ ကူးပေးလို့  ရတုံးကဆို အမျိုးတွေဆီ ကူးပို့ ရသေးတယ်။ ဖတ်ရအောင်လို့ ။ သူတို့ ဆီက ဖတ်ရတာ ဖွင့်ဖို့  မလွယ်လို့ ပါ။ နောက်ပိုင်း ကော်ပီတွေ ယူတယ်ဆိုပြီ ကိုအောင်က နည်းပညာသမား မိတ်ဆွေတွေ အကူအညီနဲ့  ကော်ပီရိုက်ဒ် လုပ်လိုက်မှ ပို့ ရတာ သက်သာသွားပါတယ် . . . အဟီး။

          ဒုတိယ သတိတရနှင့် မှတ်မိရတာကတော့ အဲဒီအချိန်က ဘလော့လောကရဲ အရေးအပါဆုံး ပိုဂ္ဂိုလ်ကြီး ဖြစ်တဲ့ နာယကကြီး ဖြစ်တဲ့ အများအခေါ် ကိုကြီးကျောက်(ရွှေရတုမှတ်တမ်း )ပါ။ မှတ်မှတ်ရရ စာဖတ်ပရိသတ် အဖြစ် ကိုအောင့်ဆိုဒ်မှာ သရဲကြောင်းတွေ၊ စာတို၊ပေစတွေ ဖတ်နေချိန်မှာ ကိုအောင်က ကိုကြီးကျောက်မှာ ကင်ဆာရောဂါ ဖြစ်နေကြောင်း ပိုစ့်တစ်ပုတ်တက်လာပါတယ်။ အဲဒီထိ ကိုကြီးကျောက်ကို ဘယ်သူမှန်း မသိသေးပါဘူး။ နောက်မှ ကိုအောင့်ဆိုဒ်ထဲမှာ လင့်ချိတ်ထားတဲ့ ဆိုဒ်တွေကို လိုက်ဖတ်ရင်းကမှ ကိုကြီးကျောက်ဆိုဒ်ထဲရောက်၊ တပုတ်စဖတ်ရာကနေ ပိုစ့်အကုန်ကို တစ်ခုပြီးတစ်ခု မွှေနှောက် ဖတ်ဖြစ် ပါတော့တယ်။  သူက အရွယ်အရလည်း ဝါကြီးပြီး အတွေ့ အကြုံစုံတဲ့ အပြင် ရယ်ရွှင်ဖွယ်ကောင်းအောင် ရေးသားတတ်တဲ့ သူ့ ရဲ့ စာတွေကို တစ်ပတ်တစ်ခါ စောင့်ဖတ်ခဲ့ရပါတယ်။

          နောက်ပြီး ဘလော့ကလည်း လုပ်လဲ၊ မလုပ်တတ်သလို လုပ်ဘို့  စိတ်ကူးလည်း မရှိခဲ့ပါဘူး။ အပတ်တိုင်း ကိုကြီးကျော် အဲလေ ကိုကြီးကျောက် ဘလော့ကို သွားဖတ်ရာကနေ သူ့ ဆိုဒ်က ဝင်လို့ မရပဲ ဖြစ်နေပါတယ်။ တရက်လည်း မဟုပ်၊ နှစ်ရက်ကနေ သုံးရက်လောက်ကျ သူ့ ဆိုဒ်မဝင်ပဲ ကိုယ့်ကို ဘလော့လုပ်မလားပဲ ဂူဂဲက တမေးထဲမေးနေပါတယ်။ အဲဒီကနေ ဘလောထဲကို ဘုမသိ၊ ဘမသိနဲ့  ရောက်လာတာပါ။ နည်းပညာဆိုတာ နထ္တိပေါ့။ ဖွင့်ဖြစ်သွားတော့ ဟိုကလိ၊ ဒီကလိ လျှောက်လုပ်ဖြစ်ရင်းကနေ ကိုယ် သတိတရ ဖြစ်တဲ့ အကြောင်းအရာလေးတွေ၊ ကိုယ်သိမ်းထားခြင်တာလေးတွေ အတွက်တော့ နေရာရှိပြီ ဆိုပြီ စရေးဖြစ်ခဲ့ပါတယ်။ ဒီလို စရေးတော့ ပထမဦးဆုံး လာပြီ ကွန်မန့် ပေးတာကတော့ ထုံးစံအတိုင်း ကိုကြီးကျောက်ပါ။

          နောက်တော့ ကိုမောင်လေး(ခေါ်) ကိုညိမ်းနိုင် (ညိမ်းနိုင်) က မှားနေတဲ့ စာတွေ၊ သတ်ပုံတွေ လာပြင်ပေးပါတယ်။ သူကလည်း ဘလော့ရေးကာစ ကျမအတွက် အားပေးခဲ့သူ တစ်ယောက်ပါပဲ။ နောက် ကိုကလည်း ဖတ်ဖြစ်ပြီ၊ ကွန်မန့် လည်း ပေးဖြစ်ခဲ့တဲ့ ငွေလမင်းမိသားစု (ငွေလမင်း)  ၊ ကြုံတုံး ပြောရဦးမယ် ငွေလမင်းမိသားစုဆိုလို တလောက မဒန်ငွေ ဆေးရုံတက်မယ်ကြားတော့ ကလေးမွှေးဘို့  တက်တာလားလို့  သွားမေးမိသေးတယ်။ အဟီး အပြင်မှာဆို ပါးချခံရကိန်းရှိတယ်။ ကိုယ်ကလည်း သေခြာမသိပဲ ယူပြီးတဲ့ စုံတွဲထင်လို့ မေးမိတာကိုး ခုတောင်ပန်ပါတယ်နော် မဒန်ငွေ :P ။ ခုတော့လည်း စေ့စပ်ကြောင်းမြန်းတော့မယ် ကြားပါတယ်။(ကြော်ညာပေးတာပါ)

          အဲဒီကနေ လင့်ချိတ်ထားတဲ့ ဆိုဒ်တွေကို ဟိုဝင်ဖတ်၊ ဒီဝင်ဖတ်ကနေပြီးတော့ တခြားဘလော့ကာတွေရဲ စာတွေကို ဖတ်ရူ့ ဖြစ်ခဲ့တာပါ။  ဘယ်ဆိုဒ်က ဘာမှန်းလည်း မသိဘူး။ ဖတ်ပြီး ရေးခြင်စိတ်ပေါ်လာရင် ကွန်မန့်  ရေးထားခဲ့တာပါပဲ။ ရေးလိုက်တာ အဆုံးသတ်လို့  မဖြစ်နိုင်သေးပဲ ဆက်လည်း ရေးဘို့  အချိန် အခက်အခဲ အနည်းငယ် ဖြစ်နေတာမို့  အခန်းဆက် မရေးခြင်ပေမယ့် နောက်တစ်ပိုင်းမှပဲ လက်စသတ်နိုင်တော့မယ် ထင်ပါတယ်နော်။

8 comments:

sosegado said...

အဆက်စောင့်နေပါမယ်၊

Thandar Lwin said...

သယ်ရင်း

တို့ အကြောင်းလေး ထဲ့ ရေးတာ ကျေးဇူး ။
တို့  ကတော့ ကွန်မန့် တောင် ကောင်းကောင်းမရေးတတ် သူပါ ။

ကိုအောင်(ပျူနိုင်ငံ) said...

ရိုးရိုးရှင်းရှင်းနဲ့ ဖတ်လို့ကောင်းတယ်၊ တက်ဂ်ကို ရေးပေးတဲ့အတွက် ကျေးဇူးကမ္ဘာ .... :P

Anonymous said...

စာလာဖတ်သွားပါတယ်

ခင်မင်စွာဖြင့်
ငွေလမင်း

တောက်ပကြယ်စင် said...

အဆက်စောင့်နေမယ်နော်...ကျန်းမာပျော်ရွှင်ပါစေ...

ကိုကိုမောင်(ပန်းရနံ့) said...

အဆက်ကလေးနဲ့ဆိုတော့လဲ မျှော်ဖတ်ရုံပေါ့။ အရှိန်မသေခင်လေး မြန်မြန်လေးနော်။း))))

ခင်မင်လျက်

ညိမ်းနိုင် said...

အဲ...ကျွန်တော် စာလုံးပေါင်းတွေလာပြင်ပေးမိတယ်လား..
ဟီး...မေ့နေပြီဗျ...၊ခုလို သတိတရ ရှိတဲ့အတွက် ဝမ်းသာ
ရပါတယ်မစောရေ...။

အိမ့်ချမ်းမြေ့ said...

မင်္ဂလာပါရှင်...
မလေး စာလာဖတ်ပါတယ် မစေား))