Google မှ ရှာဖွေ ရယူထားခြင်း ဖြစ်ပါသည်။ |
ဟိုး ငယ်ငယ်တုံးက အိမ်ပတ်ဝန်းကျင်မှာ အတူဆော့ဖော်
ကလေးတွေ အများကြီးရှိခဲ့တာပေါ့။ ခုတော့ လည်း ကျမတောင် ကိုယ့်မြို့ လေးနှင့် အလှန်းကွာခဲ့တာ
ဆယ်နှစ်မကတော့ဘူးလေ။ အိမ်တစ်အိမ်မှာ အနည်းဆုံးမရှိပါဘူးဆို ကလေး နှစ်ယောက်၊ သုံးယောက်တော့
ရှိတတ်တဲ့ ကျမတို့  ပတ်ဝန်းကျင်းလေးမှာ အသက်တွေကလည်း မတိမ်း၊ မယိမ်းနှင့်မို့  ဆော့စရာ
အဖော်ဆိုတာကတော့ မရှားသလောက်ပါပဲ။ ကျမတို့ က သာလို့  တောင်များသေးတာ မဟုပ်လား၊ ဒါပေမယ့်
ကျမနှင့် အတူဆော့ဖော်က ကျမအထက်က အမတစ်ယောက်ပါပဲ။ ကျန်တာတွေက အတန်းကြီးတော့ သိပ်မဆော့နိုင်ကျပါဘူး။
တစ်ခါတစ်လေတော့လည်း ကိုယ့်အိမ်ကလူနဲ့ တင် မိုးနှင့် မြေတို့ ၊ ထုတ်စီးထိုး၊ ကြက်တောင်ရိုက်၊
ကွင်းပစ်တူးတို့  ဆော့ရတယ်။
အိမ်မှာ တခါတခါကျ ရေအိုးစင်လုပ်တန်း ဆိုပြီ
လူနှစ်ယောက်က လက်လေးဖက်ကို တန်းလုပ်ပြီး ရေအိုးစဉ်လုပ်၊
အပေါ်မှာ ကလေးတစ်ယောက်က တက်ထိုင်ပြီ ရေအိုးလုပ်ရတယ်။ ကစားတဲ့သူတွေက ရေသောက်မယ်လို့ 
ဟန်နှင့် အလှည့်ကျ ခက်သောက်ရတယ်။ ရွှေတံခါးကြီး ဖွင့်ပါအုံး၊ ငွေတံခါးကြီး ဖွင့်ပါအုံးဆိုပြီ
ထမင်းအိုးလေးတင်ပါရစေအုံး လို့ ပြောပြီ တံခါးဖွင့်ခိုင်း၊ တခါ ဟင်းအိုးလေး တင်ပါရစေအုံးဆိုပြီး
ဖွင့်ခိုင်းလိုက် ဆော့ရတာ ပျော်စရာပါပဲ။ နောက်တမျိုး ကစားနည်းကလည်း ခွေးရူးကျတဲ့သူကို
အရူးမကြီး မစာအု ဘယ်သွားမလို့ လဲမေးရင် ရန်ကုန် တိရိစာန်ရုံသွားမလို့  လိုက်ကျအုံးမလား၊
မလိုက်ခြင်ဘူး ကျားတွေ၊ ခြင်သေ့တွေကိုက်မှာစိုးတယ်။ မလိုက်ခြင်နေဆိုပြီ ထွက်သွားရင်၊
မစာအုကြီးနေပါအုံးနှင့် နောက်ကလိုက်အော် ဒီလိုလည်းဆော့ခဲ့ကြတယ် အဟုပ်။ ခုတော့ ရန်ကုန်တိရိစာန်ရုံလား၊
နေပြည်တော် တိရိစာန်လှောင်ရုံလို့  ပြောင်းဆို နေကြပြီးလားနော်။ တခါတလေကျတော့လည်း ငြင်းကျ၊
ရန်ဖြစ်ကျနှင့် ပွဲးပျက်တဲ့ အခါတွေလည်း ရှိတယ်။
ဆော့ဖော်တွေထဲမှာ ယောင်္ကျားလေးတွေရော ဆိုတော့
ကျမဆိုတာ သံခွေတောင် လှိမ့်ဘူးတယ်။ ခုတော့ ဘယ်လိုလိမ့်ရမလဲ မေ့ကုန်ဘီ။ တခါကဆို ဝန်းထရံကို
ဘောလုံးနှင့် တစ်ယောက်ခြင်း အလှည့်ကျ ကန်မယ်ဆိုပြီကန်တာ ကျမခြေသည်းတွေက မညပ်ရသေးတော့
ဘောလုံးကန်လိုက်တာ ခြေသည်းနှင့် တွေ့  သွားပြီ
သွေးတောင်စို့ လာတယ်။ အဲဒီကတည်းက ခြေသည်း၊ လက်သည်းညုပ်ရမှာ မပျင်းရဲတော့ဘူး။ ကလေးဆိုတာ
ဘာမှလည်းသိတာ မဟုပ်ဘူးလေ၊ ခြေသည်း၊လက်သည်းညုပ်တို့ ၊ ရေမိုးချိုးတာတို့ ဆိုတာ အိမ်က ရေချိုးပေး၊ ဂျီးတွန်းပေးမှာပဲ ကိုယ်ဘာသာကတော့
ဗုန်း၊ ဗွမ်းနှင့် လောင်းချိုး၊ ဆက်ပြာတိုက်ဆိုတိုက်ပြီး ရေမြုပ်မရှိတော့ရင် ရေချိုးတာပြီးတာပဲ။
ငယ်ငယ်ကများ အပူထဲသွားရတာများတော့ ရေချိုးပြီဆိုရင်
ကိုယ်လုံးနှင့် ရေနဲ့ ထိတာနှင့် အငွေ့  တောင်ထွက်တယ်။ ကိုယ်က ပူနေတာ ဘယ်လောက်များလည်း
ဆိုတော့လေ။ မိုးရာသီဆိုရင် မိုးရေကိုတော့ ကလေးတိုင်း ကိုယ့်အိမ် တံစက်မြိတ်မှာ
ထွက်ချိုးကြတယ်။ ကျမတို့ ကျောက မိတ်တွေ ပျောက်အောင်ပေါ့။ အညာမိုးရာသီက မိုးက ရွားတာက
နည်းနည်း ၊ နေပူတဲ့ရက်က များများ ဆိုတော့ မိုးရာယ်လို့ လဲ သိပ်မထူးခြားလှပါဘူး။ မိုးရွာတတ်တယ်ဆိုတာ
သိတာတစ်ခုပါပဲ။ ဆောင်းရာသီဆို အပေါ်က အနွေထည်တွေ ချွတ်လို့  ဆော့တာချွေးတလုံးလုံး၊ ပြီး
ခြေ၊လက်တွေ ဆေး၊ အိပ်တော့ အနွေထည် အထပ်ထပ်၊ ဂွမ်းစောင်တို့ ၊ ဘာဘူစောင် အထပ်ထပ်နှင့်
အိပ်ရပြန်ရောလေ။ နာစည်း၊ ချောင်ဆိုးလည်း ဖြစ်ကြတာပဲ အေးလွန်းတော့။
အဲလို့  အိမ်ရှေ့ မြေကွက်လပ်မှာ ဆော့ရုံမကဘူး၊
အိမ်လည်ပြီးလည်း ဆော့သေးတာ။ ကျမတို့ မြို့ က တောင်ကုန်းတွေ၊ ဘိုအိမ်တွေ ရှိတယ်။ ကလေးကတည်းက
ကုန်းပေါ်က ဘိုအိမ်ကုန်းတွေကို သွားတဲ့ ဂတ်စ် ပိုက်လိုင်းတွေ တွေ့ ဘူးတယ်။ ကုန်းပေါ
်မှာ ကျမ သူငယ်ချင်းမာလာတို့  အိမ်ရှိတယ်။ သူတို့  အိမ်ကလည်း ကျမတို့  အိမ်လိုပဲ မွေးခြင်းများတယ်။
သူ့ အမတွေကလည်း ကျမအမတွေနှင့် သူငယ်ချင်းတွေပဲ။
တစ်ကျောင်းထဲထွက်တွေ ဆိုတော့ ရွယ်တူတွေက၊ သူငယ်ချင်းတွေ ဖြစ်ကြရတာပါပဲ။ အဲ သူတို
့အိမ်ရှေ့  မလှမ်း၊မကမ်းမှာ ဂတ်စ် ပိုက်လိုင်းတွေ ရှိတော့ ပိုက်လိုင်းဖွင့်၊ပိတ် လုပ်တဲ့ဘဲလေးပေါ်မှာ
ပူစီပေါင်းလေး စွပ်ထားလိုက်ရင် စိမ့်ထွက်လာတဲ့ ဂတ်စ် ငွေ့ တွေနှင့် မိုးပျံပူပေါင်လေး
ဖြစ်သွားတာပေါ့။ လေပြည့်တဲ့ ပူပေါင်ကို ထိပ်က လက်နဲ့ စည်းပြီး ထိပ်ကချည်လိုက်ရင် ရရော။
ပူစီပေါင်းလုပ်မယ့် အထုပ်လေးတွေ ဝယ်သွားပြီး၊ မိုးပျံပူပေါင်းလေးတွေ သွား၊ သွားလုပ်တယ်။
ကြိုးလေးတွေ ရှည်ရှည်တပ်၊ တခါတလေကျ ကွန့် ပြီး ဘောပင်၊ ဆော့ပင်တွေနှင့် လူလို မျက်လုံး၊
မျက်ခုံး၊ ပါးစပ်တွေ ဆွဲးပြီး အိမ်မှ လွှတ်လိုက်၊ ပြန်ဆွဲးလိုက် ဆော့သေး။
အင်း အိမ်ပတ်လည်၊ လမ်းမတော်တန်းက ကစားဖော်တွေ
အကြောင်း ပြန်သွားလိုက်ရအုံးမယ်။ ကျမတို့  အိမ်နား တဝိုက်ပဲ ကလေးတွေ ရှိတယ်၊ များသောအားဖြင့်
ရုံးတွေဆိုတော့ ဒီကလေးတွေကလည်း အပြောင်းအလဲ မရှိဘူးပေါ့။ နေ့ လည်း အိမ်အလုပ်ကူကြရတဲ့
ကလေးတွေက သူတို့ အားလပ်ပြီ ဆိုတာနှင့် တစ်ယောက်နှင့် တစ်ယောက် အချက်ပြလို့  ကစားဘို
့ လူစုကြတာ အမော။ တခါ လူမမြင်ရင်၊ အိမ်ပေါက်ဝသွားပြီး ဘယ်သူရှိလား၊ ဘယ်ဝါရှိလား မေးပြီး
ခေါ်ထုတ်လာတာပဲ။ ကျမတို့ မြို့ မှာ အလယ်တန်း ကျောင်းတွေက နေ့ တစ်ဝက်ပဲတက်ရတယ်။ ဒါပေမယ့်
မနက်တက်တဲ့သူနှင့် နေ့  လည်တက်တဲ့သူတွေ ကွဲးနေတော့ ကျောင်းဖွင့်ရက်ဆိုရင် ညဘက်မှ ကစားကြတာများတယ်။
ကျောင်းပိတ်ရက်ကျတော့ နေ့  လယ်နှင့် ည အချိန်ခွဲးဆော့ကြတာပေါ့။ :D လက်လက်ကို စင်နေအောင် ဆော့ကြတာ အဖွဲ့ လိုက်။
အဖွဲ့ ကလူတွေနှင့် စမိတ်ဆက်ပေးမယ်နော်။ မဖြူတို့  အိမ်က လက်ဖက်ရည်ဆိုင် ဖွင့်တယ်၊ မနက်ဆို
ဆိတ်ရိုးစွပ်ပြုပ်တွေတောင် လုပ်ရောင်းသေးတယ်။ :P ဟုပ်တယ်လေ ဆိတ်ရိုးပဲ ပါတာပဲဟာကိုး။
သူက ကျမတို့  အဖွဲ့ ထဲမှာ အထွားဆုံး၊ ပြီ ထုတ်ဆီးထိုးလို့  အဖွဲ့ နှင့် ဆော့ရတဲ့ ကစားနည်းတွေဆို
ခေါင်သူကြီးပေါ့။ တခါတလေ သူ့ ဆိုင်မှာ အလုပ်လုပ် မပြီးသေးရင် ကျမက သွား၊သွား ခေါ်ရတယ်။
သူ့  အဖေနှင့် အမေကို ကြောက်တော့ ကြောင်သလိုလိုပဲ(စွာတာကိုး) ဒါပေမယ့် သိပ်မကြောက်ပါဘူး
မနက်တိုင်း ကျမက အဲဒီဆိုင်မှာ လက်ဖက်ရည် သွားဝယ်နေကျ ဆိုတော့ သွားရဲတယ်။ သူ့ အကိုက
အတန်းကြီးပြီဆိုတော့ ကျမတို့ နှင့် မဆော့ရပါဘူ။
နောက် အေးဝင်း နှင့် နောက်တိုး တို့  မောင်နှမ။
ဒါပေမယ့် နောက်တိုးနဲ့ ပဲ ကစားကြတာ များပါတယ်။ သူ့ အဖေက ရုပ်ရှင်ရုံမှာ ဖလင်လိပ်တွေ
ခွေတယ်၊ တကားထဲကို ရုပ်ရှင်ရုံ နှစ်ရုံလုံးက ပြရင် ၊ ဖလင်လိပ်တွေကို စက်ဘီးနှင့် ဟိုပို
့လိုက်၊ ဒီသယ်လိုက် လဲလုပ်တယ်။ ဖလင်ပြတဲ့ စက်လဲမောင်းရတယ်။ ရုပ်ရှင်ရုံ ဝန်ထမ်းဆိုပါတော့။
ကလေးတွေကများပြီ လခနှင့် မလောက်ငလို့  ကျန်တဲ့အချိန်တွေမှာ ရေထမ်းရောင်းရတယ်။ နောက်တိုးက
သူ့  အဖေရဲ့  ရေထမ်းတဲ့အလုပ်ကို ကူရတယ်။ ရေထမ်းစရာတွေကုန်မှ အပြေအလွှားလာ ဆော့ရတယ်။
ကျန်တဲ့သူ့  ညီအမတွေနှင့်တော့ သိပေမယ့် မဆော့ဘူးဘူ။ ကလေးတွေမို့  ဆင်းရဲလို့ မို့ တို့၊
ချမ်းသာလို့ မို့ လို့ လဲ မသိပါဘူး။ ဂုဏ်ရှိတာ၊ ဂုဏ်မရှိတာလည်း မသိဘူး။ ဆော့ဘို့ ပဲ
သိကြတာ။ အိမ်တွေကလည်း ဘယ်သူနဲ့  မဆော့ရဘူး၊ ဘယ်ဝါနှင့် မဆော့ရဘူလို့ မပြစ်ညုပ်ပါဘူး။
အားလုံးက စာရိတတော့ ကောင်းကြပါတယ်။ ကလေးမို့  မဟုပ်ဘူး ခုထိလည်း ကောင်းကြပါတယ်။ သတင်းတွေ
ကြားရသလောက်ပေါ့နော်။
အင်း နောက် ၂-ယောက်ကတော့ ညီညီ နဲ့  မရှည်
တို့  မောင်၊ နှမ ပေါ့။ သူတို အကို ကိုကြီးလည်း တခါတခါတော့ ဝင်ဆော့တတ်တယ်။ သူတို့ က
ရခိုင်လူမျိုးတွေပါ။ သူ့ တို့  အဖေက ဧရာဝတီရုံးက ကိုယ်စာလှယ်လုပ်တယ်။ (နောက်ဆို ဒီရာထူး
ရှိပါအုံးမလားပဲ) သူတို့ တွေနှင့်က တအိမ်လုံးနဲ့  သိတာ။ ညီညီက ကျမနှင့် အရွယ်မတိမ်းမယိမ်းပေါ့။
ကရောင်း ကစားပြီဆိုရင်တော့ (အဖွဲ့ နှစ်ဖွဲ့ ခွဲးပြီ အိုးချမ်းကွဲးတွေ ထပ် ၊ ပြီးတော့
ဘောလုံး သေးသေးနှင့် ပစ်ရတယ်။ ခွေးရူးကျတဲ့ အဖွဲ့ က ဘောလုံးကောက်ပြီး တစ်ယောက်နဲ့ 
တစ်ယောက် လက်ပူမထိအောင် ပစ်ပေးရင်း ကျန်အဖွဲ့ က လူတွေကို ဘောလုံးပစ်ပြီး မိအောင်ဖမ်းရတယ်။
ကျန်တဲ့ အဖွဲးက ကိုယ်ပစ်ထားလို့  အောက်ကျနေတဲ့ အိုးကြမ်းကွဲးတွေကို အလစ်မှာ ဝင် ဝင်ကောက်ပြီ
ပြန်ထပ်ရတယ်။ အားလုံးထပ်ပြီးရင် ကရောင်း လို့ အော်ရင် နိုင်တယ်။ မတင်ပြီခင် ဘောလုံးနဲ့
တစ်ယောက်ယောက် ထိသွားရင် ရုံးတယ်၊ ခွေးရူးလုပ်ရတာပေါ့။
ဒီကစားနည်းဆိုရင် ညီညီနဲ့  ကျမနဲ့  အမြဲ
ရန်ဖြစ်ရတယ်။ သူက လက်တည့်တဲ့အပြင် အင်နဲ့  အားနဲ့  ပစ်ဖမ်းတတ်တယ်။ ဖမ်းတိုင်းလည်း ကျမကို
အရင် ဖမ်းလေ့ရှိတယ်။ ဘယ်လိုဖမ်းတယ် ထင်လဲရှင် ။
ဘယ်လောက်ဝေးဝေး ပြေးပြေး နောက်ကနေလိုက်လို့  မှီလောက်တဲ့ အနေအထားရောက်လာရင်
ကျမပါးကို အတည့်ချိန်ပြီမှ အားနဲ့ ပစ်တာလေ။ ပါးကို နီစုတ်နေတော့တာပဲ။ ကျမ ဘယ်လောက်
စိတ်ဆိုးဆိုး ကစားတိုင်း အမြဲအဲလိုပဲ လိုက်ဖမ်းတာပဲ။ ဒါပေမယ့် သံခွေလိမ့်တမ်း ကစားတာတို့  တခြားကစားနည်းတွေနှင့်ဆို
ကျမကို အလျှော့ပေးပြန်ရော။ အဲဒီလို သူငယ်ချင်းပေါ့။ သူ့ ညီမက ကျပြန်တော့ သဘောကောင်းပြန်ရော။ သူတို့ 
နှစ်ယောက်က ကျမနှင့် တစ်နှစ်ကြီး၊ တစ်နှစ်ငယ်တွေ။
ပြီးတော့ ကျမနှင့် ကျမအမ အားလုံးပေါင်း ၆-ယောက်၊
တခါတခါကြ ၈-ယောက် ပေါ့။ ကစားနည်းမှာ ခွေးရူးက တစ်ယောက်ထဲ လုပ်ရတာရှိတယ်။ နှစ်ဖွဲးခွဲး
ကစားရတဲ့ ကစားနည်းတွေ ကျရင်တော့ အရွယ်ညီတွေ တွဲးပြီး နံမည်ဖွက်ရတယ်။ ခေါင်းသူကြီးတွေကို
ဖွက်တဲ့ နံမည်နှစ်ခုပြောရင် သူတို့ ထဲက တစ်ယောက်က နံမည်တစ်ခု ရွေးတယ်။ ကျတဲ့သူက သူဖက်လိုက်၊
ကျန်တာက တခြားအဖွဲ့  ဆိုပြီ အဖွဲ့ ခွဲး လိုက်တာပါပဲ။ တနေ့  ၊တရက်လည်း မဟုပ်ဘူး။ ကစားလိုက်တာဟာ နွေပိတ်ရက်တင်
လည်းမကဘူး။
ဒါပေမယ့် ခုတော့ မဖြူတို့  မိသားစုတွေလည်း
ဘယ်ရောက်သွားလည်း မသိတော့ဘူး။ သူတို့  လက်ဖက်ရည်ဆိုင် နေရာမှာ တခြားသူတွေရောက်နေပြီ။ ရုပ်ရှင်ရုံကလည်း အစိုးရပိုင်ကို ရောင်းလိုက်တော့
နောက်တိုးတို့  မိသားစုတွေလည်း ကျမတို့  အပိုင်းကနေ တခြားရပ်ကွက်ရောက်သွားပြီ။ ကြီးလာတော့
ခေါ်ရတာလည်း အရင်လောက် မဟုပ်တော့ဘူး။ နည်းနည်း စိမ်းလာတယ်။ ညီညီကလည်း အိမ်ထောင်တွေကျပြီ
အထက်အရပ်မှာလို့  ကြားတာပါပဲ။ သူ့ ညီမကတော့ ရန်ကုန်မှာ အလုပ်လုပ်လို့  လမ်းကြုံရင်
တွေ့ ရသေးတယ်။ ကျမတို့ လား၊ ကျမတို့  ညီမတွေတောင် အိမ်ထောင်ကွဲးတွေ ဖြစ်ကုန်ပါပြီ။
အော် သူငယ်ချင်း၊ မိသားစု၊ အဖော်ဆိုတာတွေက
တနေ့ နေ့ ၊ တချိန်ချိန်မှာ ဒီလိုပဲ ကိုယ်လမ်းတွေကို ဆိုင်ရာ၊ ဆိုင်ရာသွားလိုက်ကြတာ
ပြန်စုံဘိုလည်း မလွယ်၊ စုံခဲ့ရင်တောင် အရွယ်တွေ၊ရုပ်တွေပြောင်းလို့  ဘယ်သူရယ်၊ ဘယ်ဝါရာယ်
မှတ်မိကြတော့မယ် မထင်တော့ပါဘူး။ ဒါပေမယ့် ကျမတို့ တွေ ငယ်ငယ်က ကွင်းပြင်ကျယ်ကြီးထဲမှာ
အတူတူဆော့ ကစားဘူးခဲ့ကြတယ် ဆိုတာကိုတော့ အမြဲတမ်းမှတ်မိ နေပါတယ် သူငယ်ချင်းတို့ ရာယ်။ ဒါကြောင့် ရေစပ်တွေ့ စုံတုံးခဏ တွေ့ ကြရတဲ့ သူတွေ
တစ်ယောက်နှင့် တစ်ယောက် ဘာလို့ များ ချစ်ချစ်ခင်ခင် စိတ်ရင်းနှင့် မနေနိုင်တဲ့ သူတွေများတွေ
့ရင် ကျမလေ စိတ်မကောင်းလည်း ဖြစ်မိတယ်။ ကိုယ့်အပေါ် မကောင်းတဲ့သူတွေ တွေ့ ရင်လည်း ခပ်ခွာခွာပဲ
နေမိတော့တယ်။ ကိုယ့်စိတ်ကို သူတို့  တွေကြောင့် အရောင်တွေ ပို မဲညစ်မလာစေခြင်ဘူးလေ။
ဆရာကြီးရွှေဥဒေါင်းရဲ့  တသက်တာ မှတ်တမ်းထဲကလို ဆူးတွေတစ်ချောင်းပြီး၊ တစ်ချောင်းပေါက်လာတာ
မှန်ပေမယ့် တတ်နိုင်သမျှတော့ ထပ်မတိုးအောင် ကာကွယ်ရမှာပေါ့လေ။ ။
6 comments:
ငယ်ငယ်တုန်းက အကစားမက်ပုံများလူကြားလို့တောင်မကောင်းဘူး။ ပိတ်ထားတဲ့တံခါးကို ခုံနဲ့တက်ဖွင့်ပြီး လိုက်လာမှာဆိုးလို့ အပြင်ကနေသော့ဂလန့်ပါချခဲ့သေးတယ်။ ပြန်တွေးမိတော့ ကိုယ့်ကိုကိုယ် အမြင်ကပ်ရော။
သူငယ်ချင်းဆိုတာ ဘ၀ရဲ့ အဖိုးမဖြတ်နိုင်ဆုံးသော ရတနာတွေပေါ့လေ...ဘ၀မှာပေါက်လာတဲ့ ဆူးတွေကိုလည်း သူငယ်ချင်းတွေရဲ့ အကူအညီနဲ့ ပြန်နုတ်နိုင်စကောင်းရင်တော့ အတိုင်းထက်အလွန်ပေပေါ့...
ပျော်စရာ လွမ်းစရာ ပါလား။
ဆူးတွေလား ကိုယ့်ကို တိုက်ရိုက်မဆူးအောင်ရှောင်ရမှာပေါ့
သယ်ရင်းရယ် "
ဟုတ်တယ် ညီမ
ငယ်ငယ်က မသိသေးတော့ အားလုံးဟာ အမြဲတမ်း ဒီလိုဘဲဖြစ်မယ်လို့ ထင်နေတာ
တချို့ များအလှမ်းမမှီနိုင်အောင် ဝေးကွာသွားလိုက်တာ
တွေ့နေတုန်းမှာ အားလုံး ချစ်ချစ်ခင်ခင်နေနိုင်ကြပါစေ
ရွှေစင်ဦး
ငယ်ဘဝတွေ အကြောင်း ပြန်ဖတ်၊ ပြန်တွေးတိုင်း လွမ်းဆွတ်ခြင်းက အမြဲလိုလို ကပ်ပါလာလေ့ ရှိတယ်၊ ဒီထဲက ကစားနည်းတွေကို ပြန်ဖတ်မိတော့မှ သတိရပြီး လွမ်းမိပြန်ရော..၊ ကရောင်းကို ကျနော်တို့ ဖက်မှာတော့ 'ဘူးစုပစ်တမ်း' ကစားနည်းလို့ ခေါ်တယ်၊ လိုက်တဲ့သူက နောက်ကနေ ပြေးလိုက်ခွင့်လည်း မရှိဘူး၊ ရောက်နေတဲ့ နေရာကပဲ ဘော်လုံးကို ပစ်ရတယ်၊ တွေ့ဆုံခြင်းနဲ့ ခွဲခွာခြင်းတွေ ကတော့ တသမတ်တည်း ဖြစ်နေဦးမှာ ပါပဲ...။
တိုတောင်းတဲ့ လူ့ဘဝကြီးထဲမှာ ဆုံတွေ့ရချိန်ဟာလည်း မျက်စိတစ်မှိတ်ပါပဲ။
ပဌာန်းဆက်ပါလို့ဆုံကြ ရေစက်ကုန်တာ့ဝေးကြနဲ့နော်။
မေတ္တာအစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
Post a Comment