မြို့ လယ်မှာ တခါတရံ၊ လူတွေကြားထဲ နေခြင်သလိုနေ၊
သွားခြင်ရာ လျှောက်သွားနေပြီး စိတ်မနှံနေတဲ့ လူတွေကို ရံဖန်၊ ရံခါ ကြုံရ တွေ့ ရဘူးကြမှာပါ။ မြို့ ပြတွေမှာတော့ လိုင်းကားတွေပေါ်မှာ ပါလာတတ်
ပါသေးတယ်။ နယ်လေးတွေမှာတော့ ဧရိယာကျည်းတော့ မြို့ ခံလူတွေနှင့် အမြဲလို တွေ့ ကြုံနေရတတ်တာပါပဲ။
တခါတလေလည်း ကိုယ့်မြို့ က အရူးကို တမြို့ နှင့် တမြို့ ကူးနေသော လိုင်းကားပေါ် တင်ပေးလိုက်တတ်
တာတွေလည်း ရှိရဲ့ ။ ကျမတို့  မြို့ လေးမှာလည်း မွေးကတည်းက နေလာပြီ၊ စိတ်နှောက်ကျရာကနေ
သေတဲ့ အထိ နေသွားတဲ့ သူတွေလည်း၊ သုံးယောက်လောက် ရှိခဲ့ဘူးတယ်။ သူတို့ ကိုသွားစပြီဆိုရင်
တကယ်လည်း ကြမ်းကြမ်းတမ်းတမ်း တုံ့ ပြန်ကြလေ့ ရှိတယ်။
ကျမတို့  ငယ်ငယ်တုံးက ထင်ရှားခဲ့တဲ့ အရူးမတဦး
နံမည်က `ပူးစူးမ`တဲ့။ စိတ်ဆင်းရဲမူ့ ဒဏ်ဖိစီးလို့  သာရူးသွားတာပါ။ အဝတ်အစား အလွန်လုံခြုံပါတယ်။
သူမ၏ ဖခင်က အင်္ဂလိပ်စာ ကျူရှင်သင်ပါတယ်။ ကျမတို့  မေမေတောင် ဒီဆရာ့ရဲ့  ကျူရှင် တက်ခဲ့ဘူးပါသေးတယ်။
ဖခင်ဆုံးပြီးနောက်ပိုင်း လုပ်ကိုင်စားရင် ကြွေးပူလို
့ပဲ ရူးသွားတာလိုလို ကြာခဲ့ဘူးပါသည်။ အရူးမမို့ များ ထိရမယ် မထင်ပါနှင့် ယောင်္ကျားတွေနှင့်
စကားတောင် မပြောပါဘူး။ စရင်လည်း ကုန်းအော် တုတ်တော့တာပါပဲ။ စိတ်တိုအောင် စရင်တော့ လူကိုတောင်
လိုက်လုပ်တတ်ပါသေးတယ်။ တကယ်ကို ကြမ်းပါတယ်။
နောက် အထင်ရှားဆုံး နှင့် ကျမ အကြောက်ဆုံး အရူးတစ်ယောက်ကတော့
`အရူးသိမ်းအောင်` ပါ။ သူက ကျမတို့  အိမ်ရှေ့  စိန်ပန်းပင်အောက် သစ်မြစ်ဆုံ ခွကြားက
မြေပြင်ပေါ် အမြဲထိုင်လို့  နေတတ်ပါတယ်။ တစ်ခါတစ်လေလည်း ရှောက်သွားလို့  မရှိပါဘူး။
သူလာထိုင်နေရင် ကျမက ကလေးဆိုတော့ အပြင်မထွက်ရဲပါဘူး။ မေမေကခိုင်းလို့  အိမ်ပြင်ထွက်စရာရှိရင်
အိမ်ကျော်တဲ့ အထိ ဖေဖေကို လိုက်ပို့ ခိုင်းပြီးမှ သွားပါတယ်။ သူကလည်း သိတယ် ကြည့်ပြီ
ပြုံးနေတတ် ပါတယ်။ ဖေဖေကတော့ တခါတလေ ငှက်ပြောသီးလေး ဘာလေး ထွက်ကျွေးတတ်တော့ သူက ဗိုက်ဆာတုံး
ဖေဖေ့ကို မြင်ရင် မုန့် လာ တောင်းတတ်ပါတယ်။ လာတောင်းရင်တော့ ရှာကျွေးရတာပေါ့လေ။ သနားတော့
သနားပါတယ်။ အရူးထောင်ကို ပို့ လိုက်သလို ကြားပြီး ပျောက်သွားပါသေးတယ်။ နောက်တော့ ပြန်ထွတ်လာပြီ
ကျမတို့  အိမ်ရှေ့ တခါ ရောက်လာပြန်တာပါပဲ။ သေတော့လည်း ကျမတို့  အိမ်ရှေ့  ထောင့်လေးမှာပဲ
သေသွားလို့  ရပ်ကွက်ကပဲ မြေမြုပ်သဂြိုဟ်လိုက်ရပါတယ်။
ဒါပေမယ့် ဘယ်ကလာမှန်းမသိတဲ့ စိတ်နှောက်နေသူတွေ
ထဲကနေ အသက်(၄၅-နှစ် ၅၀) လောက်ရှိတဲ့ အမျိုးသမီးကြီး တစ်ဦး ကျမတို့ မြို့ မှာ ပေါ်လာပါတယ်။
ဈေးရှေ့ က အင်္ဂလိပ်ခေတ်က ရှိတဲ့ နှစ်ထပ် အဆောက်အဦးရှေ့ က လှေခါးထစ်တွေမှာ တခါ တခါ
မနက်ပိုင်း၊ တခါ တခါကျတော့လည်း တနေ့  လယ်လုံး မလုံခြုံတဲ့ ဝတ်စား ဆင်ယင်ပုံတွေနှင့်
ပါးစပ်က ပေါက်တတ်ကရတွေ အော်ဟစ်ပြောရင်း ထိုင်နေလေ့ ရှိပါတယ်။ ကိုယ်လုံး၊ ကိုယ်ထယ်ကလည်း
ခပ်ထွားထွားမို့  အဝေးကပင် ထင်ထင်ရှားရှား မြင်ရတဲ့ သူပေါ့ရှင်။ ၁၉၉၄-၅ ခုနှစ် ကာလများကပါ။
ဈေးဘက်ကို ဈေးဝယ်ဘို့ ၊ မေမေ့ဈေးခြင်းလိုက်ယူဘို့ ၊ သူငယ်ချင်းတွေနှင့် သွားရင်းလာရင်း
အကြောင်း အားလျှော်စွာ ဖြတ်သွားရလေတိုင်း ဒီအမျိုးသမီးကိုတွေ့  ရမြဲပါပဲ။
သွားပြန်တော့လဲ မြင်ရတယ်၊ မြင်ရတော့လဲ အသံတွေကြား(သူမက
တခါတလေ ဖြတ်သွားတဲ့ လမ်းသွား၊ လမ်းလာတွေကို အော်ဟစ်ခေါ် နုတ်ဆက်တတ်ပါသေးတယ်။) တော့လဲ
မကြည့်ဘဲ မနေနိုင် ပြန်ပေါ့လေ။ ခပ်ဝေးဝေးကပဲ သွားဖြစ်တာပါ။ လှမ်းဆွဲးလိုက်မှာ ကြောက်လို
့လေ။ :D ယောင်္ကျား၊ မိန်းမ မှန်သမျှလည်း
ကြည့်သူကကြည့်၊ ရှောင်သူက ရှောင်ပေါ့လေ။ သူမက ထိုင်ရင် လုံချည်က အောက်စလွတ် နေတတ်ပြီး၊
ရင်ဘက်က ဟောင်လောင်း ဖြစ်နေတာကိုး။( မြန်မာနိုင်ငံမှ စိတ်မနှံ့ တဲ့သူတွေသာ အသိစိတ်
မရှိမှ ဒီလိုလုပ်တတ်ကြတယ်လို့  ထင်လို့ လားမသိပါ။။ ကျမတို့ မြို့ က တခြားစိတ်မနှံ့ တဲ့
အမျိုးသမီးတစ်ယောက်ဆို သေတဲ့အထိ လုံခြုံတဲ့အင်္ကျီ၊ လုံချည်ရှည်နှင့် တခါမှတောင် ဘာဆို၊ဘာမှမပေါ် အောင်နေသွားတာပါ။ )
သူမကို ပထမစတွေ့ ဘူးစဉ်က ၁၉၉၂ လွန်များဆီက
ထင်ပါတယ်။ အချိန်ကာလ တော့ အတိအကျ မမှတ်မိတော့ဘူး၊ သူ့ ကိုတွေ့ ပြီး ၃-၄ လလောက်ကြာတော့
ပျောက်သွားပါတယ်။ ဘယ်ကလာမှန်းမှ မသိတာ ပြန်ပျောက်သွားတော့လဲ တခြားနေရာ ရောက်သွားပြီလို
့ပဲ ယူဆလိုက်ရတာပါပဲလေ။ မေ့မေ့ပျောက်ပျောက် နေပြီးခါမှ တစ်နှစ်၊နှစ်နှစ်လောက် နေပြီးမှ
တစ်ခါ ဒီပုံစံနှင့် ပြန်ပေါ်လာပြန်တော့လဲ အားလုံးက ဘာလဲ၊ ထောက်လှန်းရေးကလိုလို တကယ်ရူးတာလာ?
လိုလိုတွေးကြတာပါပဲ။ တွေးလည်း တွေးပါပဲ၊ သူလည်းသူ့  ဘာသာနေ၊ ကိုယ်လဲ ကိုယ်အကြောင်းနဲ့မို
့ ဘယ်သူမှလဲ လိုက် ကြည့်နေမယ် မထင်ပါဘူလေ။
သူမကလည်း တစ်နေရာထဲ ထိုင်နေတာမျိုး မဟုပ်တော့ဘူး။
မြို့ လယ်ပိုင်းမှာ လျှောက်လိုက်၊ ဈေးရှေ့  လမ်းမတလျှောက် တောင်ဘက်ခြမ်း သွားလိုက်၊
မြောက်ဘက်ခြမ်း သွားလိုက်။ ကြုံရာ တွေ့  ရာထိုင်လိုက် လုပ်နေတတ်ပါတယ်။ ဝတ်စားဆင်ယင်တာ၊
နေပုံ ထိုင်ပုံတွေကတော့ အတူတူပါပဲ ဘာမှပြောင်းလဲမူ မရှိပါဘူး။ သူမပြန်ပေါ်လာပြီ နောက်ပိုင်းလဲ
ကျမတို့  အဖို့ တော့ စိတ်နှောက်သူ နောက်တစ်ယောက်တိုး လာတာပဲပေါ့။ နေတာ၊ ထိုင်တာ ကတော့
တကယ့်ကို သတိချို့ ယွင်းနေလို့ သာ အမြင်မတော်၊ တော်ယိ ရော်ယိ နေထိုင်နေသူ လိုပါပဲ။
စား၊ သောက်နေတာမျိုးတော့ ကျမကပဲမတွေ့  တာလားတော့ မပြောတတ်ဘူး၊ တခါမှကို မမြင်ဘူးဘူ။
နောက်တော့ ပြန်ပျောက်သွားတယ်။ ဘယ်လိုပျောက်သွားတယ်လို
့ မသိရပါဘူး။ သူပျောက်သွားပြီး ၁၀-ရက်လောက်
အကြာမှာ တိုင်းက စသုံးလုံးတွေ ကျမတို့ မြို့ ကို အုပ်စုလိုက်ဆင်းလာပါတယ်။ နယ်မြို့ မှာ
လူစိမ်းတွေ ရောက်လာရင် မြို့ ခံတွေက သတိထားမိကြတတ်တာ သဘာဝပါပဲ။ သူတို့  အဖွဲ့ ကလည်း
အုပ်စုလိုက် သွား၊ လာနေတာ ဆိုတော့ ပိုလည်း သတိထားမိတာပေါ့။ သူငယ်ချင်းတစ်ယောက်လဲ ဒီအဖွဲ
့ ထဲပါလာတော့ ကျမဆီ တစ်ရက်တော့ အလည်ရောက်လာပါတယ်။ သူတို့ က သူတို့  အလုပ်နှင့်ဆိုတော့
တမင်လာတာတော့ မဟုပ်ပါဘူး။ ခရီးသွား ဟန်လွဲပဲ ဆိုပါတော့လေ။
မေးဘို့ အကြောင်းတိုက်ဆိုင်စွာ ရောက်လာတဲ့
သူငယ်ချင်းကို ကြုံတုံး ကိုယ်ကလဲ မေးလိုက်မိပါတယ်။ ဟဲ့ နင်တို့  ဘာကိစ္စနှင့် ဒီမှာ
ဒီလောက်လူအများကြီး ရောက်လာတာလဲလို့  . . . . .။ ကျမမေးတော့ သူငယ်ချင်းက လိုတိုရှင်းပါပဲ
သူတို့  ဌါနအောက်က အမျိုးသမီး တစ်ဦး ဒီမြို့ မှာ အသတ်ခံရလို့  စစ်ဆေးဖို့  နယ်ဆင်းလာတဲ့
အကြောင်းပါ။ တာဝန်မို့  တခြားလဲထပ်မပြော၊ ကျမလဲ ထပ်မေးဘို့  မကောင်းတော့ပါ။ ဘယ်လိုလူမျိုးနှင့်
ပတ်သတ်တာ စုံစမ်းမိလို့  အသတ်ခံလိုက်ရတယ်၊ စုံစမ်းခံရတဲ့သူကလည်း သိလို့  လက်ဦးမူ့ 
ယူလိုက်တာလားလဲ မသိရပါဘူး။
ဒီ မြို့ လယ်မှာ ပေါ်လာတဲ့ ရူးနေရောင်ဆောင်ထားတဲ့
အမျိုးသမီးကိုလည်း ဘယ်တော့မှ ပြန်မတွေ့  ရတော့ပါဘူး။ ကျမလည်း စိတ်မကောင်းဖြစ်တာကလွဲလို
့ ဘာတတ်နိုင်မှာလဲလေ။ ကိုယ်ကကျောင်းသားပဲ ရှိသေးတာ။ အလုပ်ဆိုတာလဲ မသိ၊ အလုပ်ရဲ့ သဘောကိုတောင်
သိသေးတာမှ မဟုပ်တာ။ စုံစမ်းထောက်လှမ်းတဲ့ ပညာတွေက စိတ်ဝင်စားစရာကောင်းပေမယ့် အသက်အန္တရာယ်
များပြားတာတော့ အမှန်ပဲလို့  မျက်မြင်ကလေး ဖြစ်ခဲ့ရပါတယ်။ ဒီလို နေရာဌါနမျိုးမှာ စားဝတ်နေရေးအတွက် အလုပ်လုပ်ရတဲ့
ဝန်ထမ်းတွေဟာ စား၊ဝတ် နေမူ အဆင်ပြေစေဘို့  စိတ်တစ်ခု အပြင် အလုပ်မှာ ကိုယ့်ဘဝ တစ်ခုလုံးကို
ပေးဆပ်ထားရတဲ့ သဘောမျိုးလား? . . . တိုင်းပြည်
နှင့် လူမျိုးကို တကယ်ပဲ ချစ်နိုင်မှ လုပ်နိုင်တာမျိုးလား ? သူတို့ တွေရဲ စိတ်ကူးကို ကျမလဲ မသိတော့ပါ။
7 comments:
နယ်ခံအရူးမဟုတ်ပဲ တခြားကအရူးဆိုရင် ထောက်လှမ်းရေး
လို့တန်းတွေးကြတာပဲဗျ...၊တကယ်ထောက်လှမ်းရေးဆိုရင်
လည်း ဘယ့်နှယ်ကြောင့် အရူးယောင်ဆောင်ပြီးထောက်
လှမ်းကြသလဲသိဘူးဗျနော်...
စောရေ မင်္ဂလာပါ လာလည်သွားပါတယ် ပထမတော့ စောကို ဒကာလို့ ထင်နေခဲ့မိတယ်။ နာမည်နဲ့တော့ ရင်းနှီးနေတာ ကြာပါပြီနော်။ ကျန်းမာပျော်ရွှင် ကြည်လင်ဝင်းပ အေးမြပါစေ...
(စကားမစပ်လေ ဗုဒ္ဓက မလ္လိကာကို ဒေါသကြီးရင် အရုပ်ဆိုးလိမ့်မယ်လို့ ဟောတော်မူခဲ့တယ်လေ။ ဘုန်းဘုန်းက အရုပ်ဆိုးလို့ ရှေးဘ၀တုန်းက ဒေါသကြီးခဲ့တယ်လို့ ပြောတာပါ)
တောက်ပကြယ်စင်
အယောင်ဆောင်ရတဲ့အထဲမှာ ရူးချင်ယောင်ဆောင်ရတာ ပိုလွယ်မယ်နဲ့တူတယ်။ သေချာ တွေးကြည့်အုံးမှး)
တွေ့ဖူးတယ် တွေ့ဖူးတယ်...
သူငယ်ချင်းတစ်ယောက်တော့ ရူးချင်ယောင်ဆောင်ပြီး ထွက်စာတင်သွားတာ ကြုံဖူး မြင်ဖူးတယ်... နောင်ပြန်တွေ့ မှ ပြောပြတယ်..... မင်းအဲ့တုန်းက လာတွေ့ တာ ငါမမေ့ပါဘူးတဲ့... (ကျနော်စိတ်မကောင်းတဲ့ မျက်နှာလေးကိုပါ)
ကဲ...... ခက်မခက်တော့ ကိုမြစ်ရေ. ကြိုးစားကြည့်ပါတော့ဗျိုး........ :P
ဒီကနေ့မှ ဒီဘလော့ဂ်ပိုင်ရှင် 'စော' ကို နတ်နတ်(နတ်ဆိုးလေး)အကူအညီနဲ့ ရှာတွေ့တော့တယ်။
လက်လှမ်းမှီသလောက် ပို့စ်တွေဖတ်သွားတယ်နော်။
နောက်မှ ထပ်လာဖတ်အုံးမယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
ညီမ စောရေ
စာလာဖတ်သွားတယ် ထောက်လှန်းရေး ဆိုတာ အမျိုးစုံ အယောင်ဆောင် တတ်ကျတယ် ထင်တယ် ကိုမြစ်ကျိုး ကအရူးယောင်ဆောင်ရတာလွယ်မယ်ထင်တယ်တဲ့ လွယ်မလွယ် စမ်းကြည့်လို့ရတယ်နော်
နောက်မှအေးဆေးလာဖတ်အုန်းမယ်
Post a Comment