ကျမဟာ အချစ်နှင့် အမုန်းများကို ပိုင်ဆိုင်သော
လူနှစ်မျိုး၊ နှစ်စားကြားမှာ နေထိုင်နေခဲ့သော လူတစ်ယောက်သာ ဖြစ်ပါသည်။ ကျမမှာ ကျမကို ချစ်တဲ့သူတွေလည်း ရှိပါသည်။ မုန်းတဲ့သူတွေလည်း
ရှိပါသည်။ မချစ်၊ မမုန်းတဲ့သူ မရှိဘူးလားဆိုတော့ ဒီလို လူမျိုးတွေလည်း ရှိပါလိမ့်မယ်။
ဒါပေမယ့် မချစ်၊ မမုန်းသူများသည် လည်း ကိုယ်နှင့် ပတ်သတ်ရန် မရှိတာသာ ဖြစ်ဖို့ များပါသည်။ ချစ်သူတွေသည် မိသားစုဝင်တွေ၊ အိမ်မှမွေးမြူ ထားသော
တိရိစာန်လေးတွေ နှင့် ပတ်ဝန်းကျင်မှ သူငယ်ချင်း အပေါင်းအသင်းတို့  တွေသာ ဖြစ်ဘို့ 
များပါသည်။ မုန်းသူဆိုသည်မှာ ကိုယ့်အားသာချက်ကိုပဲဖြစ်ဖြစ်၊
ကိုယ့်အားနည်းချက်ကိုပဲဖြစ်ဖြစ် မနှစ်သက်နိုင် သောသူ ဘဝအဆက်က ရန်ညိုးရှိသူများသာ ဖြစ်ပါလိမ့်မည်။ တချို
့မှာ သူငယ်ချင်း အမည်ခံသော ပြိုင်ဘက်များဖြစ်ကြပါသည်။ ဒါပေမယ့် သေခြာတာ တစ်ခုကတော့ ကျမကတော့ ဘယ်တော့မှ
ဘယ်သူ့ ကိုမှ မပြိုင်တာတော့ သေခြာပါသည်။
ကျမကိုယ် ကျမလည်း မပြိုင်ပါ။ ပြိုင်စရာလဲ
မရှိပါ။ ကိုယ့်ပန်းတိုင်တွေကို ဒါမလုပ်နိုင်သေးလျှင်၊
လုပ်နိုင်သော အရာတစ်ခုကို ပြောင်းလုပ်လိုက်မည်ပေါ့။ ဒါပေမယ့် မူလပန်းတိုင်ကတော့ ရင်ထဲမှာ
သိမ်းထားဦး မည်သာ။ လုပ်နိုင်တဲ့ အချိန်မှာ
လုပ်မှာပေါ့လို . . . စိတ်ထဲမှာ ရှိနေပါသည်။
ကျမကိုယ် ချစ်တဲ့၊ ဒါမှမဟုပ် နားလည်းပေးနိုင်သော သူကိုယ် ကျမတန်ဖိုးထားမည်သာ။ ကျမကို မုန်းသော၊ မလိုသော၊ ပြိုင်ဆိုင်သော ပတ်ဝန်းကျင်ကိုလည်း
ကျမအနေနှင့် မုန်းတီးနေမည်မဟုပ်ပါ။ တစ်ခါတစ်ရံ
သူတို့ တွေရဲ့  သဘောထား၊ တုံပြန်မူ့ တွေကြောင့် စိတ်အနှောက်အယှက်ဖြစ်ရင်တောင် ကျမ ကြိုးစားမေ့ပစ်လိုက်တာက
များပါသည်။ မမေ့နိုင်ခင်မှာ ပြန်တုံပြန်မူ့ တွေလည်း ရှိနိုင်တာပေါ့။ ကျမက ပုထုဇဉ်ပဲ
.. ..
.. ဒါပေမယ့် သံသရာ မသယ်လိုပါ။
မိသားစုထဲမှာလည်း ကိုယ့်ကို မချစ်သူတွေရှိနိုင်တာပေါ့။ ဒီဘဝမှာ ဆွေရယ်၊ မျိုးရယ်ဖြစ်နေပေမယ့် အရင်ဘဝက ရန်သူဖြစ်နိုင်တာကိုး။ ဒါလေးကို ကျမဘာကြောင့် တွေးမိရသလဲ ဆိုတော့ ဘုရားရဲ
့ တပည့် သာဝကာမတစ်ဦးဖြစ်လာသည့် ပဍာစာရီဇာတ်ကို ကြားဘူတာကိုး ။ ပဍာစာရီမဖြစ်ခင် ကမ္ဘာပေါင်းများစွာက ဘဝတစ်ခုမှ ပဍာစာရီလောင်း
အမျိုးသမီးဟာ ကုန်သည်အလုပ်နဲ့  အသက်မွေး ဝမ်းကြောင်းပြုခဲ့ပါတယ်။ တစ်နေ့ မှာ ကုန်ကူးသွားရင် လမ်းမှာ ဒမြတိုက်ခံရတယ်။
လူအင်အား၊ လက်နက်အင်းအားနှင့် တိုက်တာဆိုတော့ သူတို့  ဝယ်လာသမျှကုန်တွေ အကုန်ပါသွားသည်။ လူတွေကိုလည်း ရိုက်နှက်ထားခဲ့ကြသည်။
အဲဒီအချိန်မှာ လူလည်းနာ၊ အရင်းအနှီးတွေလည်းဆုံးတော့
ဒီအမျိုးသမီးဟာ ဒမြတွေကို ကျိန်ဆဲပါသတဲ့။ ဘယ်လို ကျိန်လဲဆိုတော့ ဒမြတွေ အသေးဆိုးနဲ့ 
သေတာကို မြင်ပါစေလို့  ရင်ထဲကနေ လိုက်လိုက်လဲလဲ ကျိန်လိုက်ပါတယ်။ ပဍာစာရီလောင်း အမျိုးသမီးဟာ
သီလနှင့် ပြည့်စုံပြီး မိဘလုပ်ကျွေးနေသော သတို့ သမီးငယ်ဖြစ်တော့ သူမဆုတောင်းဟာ ပြည့်ခဲ့သတဲ့။
ဘယ်ဘဝမှာလည်းဆိုတော့ ဗုဓ္ဒဘုရားရှင်လက်ထက် မှာပေါ့။ အဲဒီ ဒမြတွေဟာ ဘယ်သူတွေလည်း ဆိုတော့
သူမရဲ့  မိဘနှစ်ပါး၊ အကိုနှစ်ယောက်၊ ခင်ပွန်းနှင့် သားနှစ်ယောက်ပါပဲ။
ဒါကြောင့် သူမဆုတောင်း အတိုင်းပဲ သူမ မျက်စိရှေ
့မှာပဲ သူမ ခင်ပွန်း ကိုဒါသ မြွေပေါက်ပေမယ့် တန်းမသေ သေးပဲ သူမနှင့်တွေ့ ပြီး လက်ပေါ
်မှာ သေရတယ်။ သားအကြီးဟာလည်း တောင်ကျ ချောင်းရေထဲ
မျှောပါသွားတာကို တွေ့ ရလို့  ချောင်းအလယ်ပြေးတုံး၊ သောင်ပြင်ပေါ် ချထားတဲ့ သားအငယ်ဟာလည်း စွန်ရဲက
သားထစ်အမှတ်နှင့် ချီပြေးပြန်တယ်။ တစ်ခါရေလည်က
ပြန်ပြေးပြီ ချောက်ပြန်တော့ မမှီတော့ဘူး။ မီးတွင်းကထွက်လာစ
မိန်းမတစ်ယောက်အနေနှင့် ခံစားရတာကို မိဘတွေ ရှိသေးတယ်ဆိုပြီ နှစ်သိမ့်စိတ်နှင့် အိမ်ရောက်အောင်ပြန်တော့
သူမရှေ့ မှာပင် အိမ်ကို မိုးကြိုးပစ်လို့  အိမ်မီလောင်ပြီး မိဘနှင့် အကိုတွေ အလောင်းကို
မြင်ရတော့ သူမဆောက်တည်ရာမရ သွပ်သွပ် ခါအောင်ရူးသွားတော့သည်။
ဒါပေမယ့် သူမဟာ ပါရမီဥာဏက် ရင့်သန်ပြီးသူ၊
ကျွတ်တန်းဝင်ရမည့် ဘဝဖြစ်လေတော့ မြက်စွာဘုရားရှင်နှင့် ဖူးတွေ့ ခွင့်ရခဲ့ပြီး၊ အဲဒီဘဝမှာပဲ
ဂုဏ်ထူးဆောင် ရဟန်တာမအဖြစ် ကျွတ်တမ်းဝင်ခဲ့ပါတယ်။
ကျမတို့ တွေလည်း ကိုယ်ပြုသည့်ကံ ကိုယ်ဆီသာ
ပြန်လာကြသည်။ ဘုရားရှင်က ယက်ကန်းသည် မလေးကို မေး၍ ၊ ယက်ကန်းသည်မလေးက ပေးသော အဖြေလိုပဲ
ဘုရားရှင်
` သင်ဘယ်ကလာသလဲ`
ယက်ကန်းသည်မလေး ` မသိပါ ဘုရား`
ဘုရားရှင်
` သင်ဘယ်ကို သွားမှာလဲ`
ယက်ကန်းသည်မလေး ` မသိပါ ဘုရား`
ဘုရားရှင် ` သင် မသိသလော`
ယက်ကန်းသည်မလေး ` သိပါသည် ဘုရား`
ဘုရားရှင် ` သင် သိသလော`
ယက်ကန်းသည်မလေး ` မသိပါ ဘုရား ` ဆိုသော ဇာတ်တော်လိုပင် ဖြစ်နေကြသည် မလား ?
ဒီဇာတ်တော်မှာ ဘုရားရှင်က `ဘယ်ကလာ သလဲ` ဆိုသည်မှာ ဘယ်ဘဝက လာသလဲလို
့ မေးကြောင်း ယက်ကန်းသည်မလေးက ဥာဏ်ဖြင့် စဉ်ခြင်သိလို
` ဘယ်ဘဝက လာကြောင်း မသိပါလို့ ` ဖြေတာပါ။
ဘုရားရှင်ကပင် ` ဘယ်ကိုသွားမှာလဲ` မေးတော့ ဘယ်ဘဝကို သွားမှာလဲ၊
သိလားလို့  သိမြင်တဲ့ ယက်ကန်းသည်မလေးဟာ
ဘယ်ဘဝကို သွားရမည် မသိပါလို့ ဖြေတယ်။
တဖန် ဘုရားရှင်က ` သင် မသိသလော` ဆိုတာက သင်သေမည်ကို မသိသလော လို့  မေးတာပါ။ ဒီအခါမှာ ယက်ကမ်းသည်မလေးက သေမည်ကို သိကြောင်း ပြန်လျှောက်တာပါ။
နောက်ဆုံးမှာ ` သင်သိသလော` ဆိုတာကတော့ ဘယ်အချိန် သေမယ်ဆိုတာ သင်သိသလား လို
့ မေးတာသာ ဖြစ်ပါတယ်။ ဒါကြောင့် ယက်ကမ်းသည်မလေးသည်။ ဘယ်အချိန် သေရမည်ကို မသိပါဘူးလို
့ ပြန်လျှောက်ထားတာ ဖြစ်ပါတယ်။
ဘုရားရှင်နှင့် ယက်ကန်းသည်မလေးတို့ သည် ပြသနာကို
ဖြေရှင်းနိုင်ကြပေမယ့် ကျမတို့ ကတော့ သိခြင်း၊ မသိခြင်း ကြားမှာ အချစ်တွေ၊ အမုန်းတွေနှင့်
နေထိုင်နေကြရပါသည်။ ကိုယ်စိတ်ထားမူ့ သည် ကိုယ့်ဆီပြန်လာမည်ဆိုပါလျှင်
ဘယ်လိုပြန်လာတာကို လိုခြင်ပါသလဲလို့  ကျမဘာသာတွေးမိတော့ မှန်ထဲမှာ ပြုံးပြနေသော ပုံရိပ်သာ
ဖြစ်စေလိုပါသည်။ ဘာသာမတူသူများ ဖတ်မိခဲ့ရင်လည်း
ဗဟုသုတ၊ ပုံပြင်တစ်ခုလို ဖတ်သွားစေခြင်ပါသည်။
7 comments:
မမရေ တန်ဖိုးရှိသော ပို့စ်လေး အတွက် ကျေးဇူးပါ နော်..
ကောင်းသောနေ့လေး ဖြစ်ပါစေလို့ ဆန္ဒပြုလျှက်..
ပဍာစာရီ အမျိုးသမီးအကြောင်းကို ဖတ်ရတိုင်း စိတ်မကောင်းဘူး အကောင်းဆုံးကတော့ ဘယ်သူပေါ်မှ မကျိန်တာဘဲ ကောင်းပါတယ် ပြုသူအသစ် ဖြစ်သူအဟောင်းလို့ဘဲ တွေးနိုင်ရင် ကောင်းမယ်ထင်တယ်
ပဋ္ဋာစာရီရဲ့ အတိတ်ဇာတ်လမ်းလေးသိမှတ်ရတာ ကျေးဇူး
တင်တယ်အစ်မရေ...။ချစ်သူသာရှိ၊မုန်းသူမရှိတဲ့ ဘဝကို
ပိုင်ဆိုင်ရပါစေဗျာ...။
အမြဲ လာရောက်ဖတ်မှတ်ပါတယ်။
ရှေ့သုံးခုကတော့ တူတူပါပဲ နောက်ဆုံး တစ်ခုက
"ဘယ်အချိန်သေမယ်ဆိုတာ သင်သိသလား"
ဒီလိုတွေ့ဖူးခဲ့တယ်
"မသေခင် ဘယ်လိုပြင်ဆင်ရမယ်ဆိုတာ သိသလား လို့ "
ဆိုတော့ မူနှစ်မျိုး ရှိတယ်နဲ့တူတယ်နော်။
စိတ်ချမ်းမြေ့ပါစေ။
စာတွေလာဖတ်တဲ့သူ အားလုံးကို ကျေးဇူးတင်ပါတယ်။
အနော်နီမတ်ရေ
ဘယ်အချိန်သေမယ် သင်သိသလားက အမှန်ဖြစ်ပါလိမ်မယ့်။
ကျမဟာက မှားတာဖြစ်မှာပါ။ ကျမ ပြန်ပြင်လိုက်ပါပြီရှင်။
ပြောပြပေးတာ ကျေဇူးပါ။
ပို့စ်ကောင်းလေးအတွက် ကျေးဇူးပါ
အချစ်နဲ့ အမုန်းကို ဘောလုံး ကန်ခိုင်းလိုက် ...:P
Post a Comment