အဘိဏှသုတ် (ဗုဒ္ဓဓမ္မ ဦးလောကနာထ မှ)

အဘိဏှသုတ် (ဗုဒ္ဓဓမ္မ ဦးလောကနာထ မှ ကူးယူဖော်ပြပါသည်)

ကံတရားကို အမြဲမပြတ် ဆင်ခြင်ပါ…

''မိမိ၏ ကံသာလျှင် မိမိဥစ္စာ ရှိ၏၊ ကံ၏ အမွေခံ ဖြစ်၏၊ ကံသာလျှင် အကြောင်းရှိ၏၊ ကံသာလျှင် အဆွေအမျိုး ရှိ၏၊ ကံသာလျှင် ကိုးကွယ် မှီခိုရာရှိ၏၊ ကောင်းသည်ဖြစ်စေ မကောင်းသည်ဖြစ်စေ ငါပြုမိသော ကံ၏ အမွေခံသာ ဖြစ်ရပေမည်'' ဟူ၍ မိန်းမဖြစ်စေ ယောက်ျားဖြစ်စေ လူဖြစ်စေ ရဟန်းဖြစ်စေ မပြတ် ဆင်ခြင်အပ်၏။

ရဟန်းတို့ သတ္တဝါတို့အား ကာယဒုစရိုက် ဝစီဒုစရိုက် မနောဒုစရိုက်သည် ရှိ၏၊ ထို(ကံ) အကြောင်းကို မပြတ် ဆင်ခြင်သော ထိုသူအား မကောင်းမှုသည် အချင်းခပ်သိမ်းမူလည်း ပျောက်ကင်း၏၊ ခေါင်းပါးခြင်းမူလည်း ဖြစ်၏။

''ငါတစ်ယောက်တည်းသာလျှင် ကံသာလျှင် မိမိဥစ္စာရှိသည် ကံ၏ အမွေခံဖြစ်သည် ကံသာလျှင် အကြောင်းရှိသည် ကံသာလျှင် အဆွေအမျိုးရှိသည် ကံသာလျှင် ကိုးကွယ်မှီခိုရာ ရှိသည် ကောင်းသည်ဖြစ်စေ မကောင်းသည် ဖြစ်စေ ငါပြုမိသော ကံ၏ အမွေခံဖြစ်သည် မဟုတ်၊ စင်စစ်မူကား ဤဘုံဘဝသို့ လာခြင်း တစ်ခြားဘုံဘဝသို့ သွားခြင်း စုတေခြင်း ပဋိသန္ဓေ နေခြင်းရှိသည့် သတ္တဝါဟူသမျှ အားလုံးတို့သည် ကံသာလျှင် မိမိဥစ္စာ ရှိကုန်၏၊ ကံ၏ အမွေခံ ဖြစ်ကုန်၏၊ ကံသာလျှင် အကြောင်းရှိကုန်၏၊ ကံသာလျှင် အဆွေအမျိုး ရှိကုန်၏၊ ကံသာလျှင် ကိုးကွယ် မှီခိုရာ ရှိကုန်၏၊ ကောင်းသည်ဖြစ်စေ မကောင်းသည်ဖြစ်စေ ပြုမိသော ကံ၏ အမွေခံတို့သာ ဖြစ်ကြလိမ့်မည်'' ဟု ဆင်ခြင်၏။

ထိုကံအကြောင်းကို မပြတ် ဆင်ခြင်သော ထိုသူအား မဂ်သည် ကောင်းစွာ ဖြစ်ပေါ်လာ၏၊ ထိုအရိယာတပည့်သည် ထိုမဂ်ကို မှီဝဲ၏၊ ပွါးများ၏၊ ကြိမ်ဖန်များစွာ ပြု၏၊ ထိုမဂ်ကို မှီဝဲသော ပွါးများသော ကြိမ်ဖန်များစွာ ပြုသော ထိုသူအား သံယောဇဉ်တို့သည် အချင်းခပ်သိမ်း ပျောက်ကင်းကုန်၏၊ အစဉ်ကိန်းနေသော 'အနုသယ' တရားတို့သည် ကင်းပြတ်ကုန်၏ ဟု မိန့်တော်မူ၏။

Wednesday, April 27, 2011

ပုဂံ မြို့ သို့  တစ်ခေါက်ရောက်ခြင်း - ၅

      ပုဂံဘုရား သမိုင်းလေး ဆက်ပြောမယ်နော်။  ဒီရက်ပိုင်းမှာ အလုပ်တွေက များနေလို့  စာအများကြီးရေချိန်မရဘူး။ ဒါပေမယ့် ကြိုးစားပြီး ရေးတင်ပါ့မယ်။  ပြီးခဲ့တဲ့ (၄)က ငှက်ပစ်တောင် အကြာင်းလေးကို ဆက်လိုက်ရအောင်နော် . . .။
     ငှက်ပစ်တောင် သမိုင်း ပန်းချီကားချပ်တွေပါ။ နံရံဆေးရေးလို့ ထင်တာပဲ။  :D        လက်ရာဟောင်း နှင့် လက်ရာသစ် ရောနေတယ်ထင်တယ်။ ဆေးသုတ်သူကြောင့် စာတွေပေါ်မှာတောင် ဆေးစက်တွေက တက်အုပ်နေပါသေးတယ်။ (ပုံတွေကို သေခြာကြည့်လိုပါက ဓါတ်ပုံပေါ် နှစ်ချက် နှိပ်လိုက်ပါ။)
    သူ့ ကိုလည်း ရှေးဟောင်းပစ္စည်း ထိန်းသိမ်းဘို့  ပညာပေးတရားဟောရမလား စဉ်းစားမိသေးတယ်။ စိတ်ကူးနှင့်ပါ။ ဘယ်သူ သုတ်မှန်းမှ မသိတာ။ သိလို့ ပြောပြန်ရင်လဲ လက်ပဲခံမလား၊ မျက်စောင်းပဲ ထိုးကြည့်လိုက်လေ မလား မသိပါ။

၁။ နေနတ်သားနှင့် နဂါးမတို့  မလည်တောင်ယံမှာ ပျော်ပါးနေပုံ  ၂။ သန္ဒေဖွားအံသောငှာ ကျီးဖြူကို နေနတ်သားထံ စေလွှတ်လိုက်ရာ နေနတ်သားက ပတ္တမြားတစ်လုံးကို ကျီဖြူကို ထုတ်ပေးလိုက်သော အခန်း
၃။ လမ်းခရီးတွင် သင်္ဘောကုန်သည်တို့  လဲလှယ်ယူလိုက်သော ဝစ္စခြောက်ထုပ်ကို  နဂါမမြင်လျှင် ဝမ်းနည်းပူဆွေးလျှက် တောင်ယံတွင် သန္ဒေဥထားခဲ့ပြီး နဂါပြည်ပြန်သွားခန်း။၎။ သန္ဒေဥကို မုဆိုးတွေ့ ၍ ဆောင်ယူခဲ့ပြီး လမ်းခရီးတွင် ချောင်းကူးရာ ဥများ လက်မှလွတ်၍ မျှောသွားသောအခန်း







 
၅။  ဧရာဝတီမြစ်တွင် မျောပါလာသော ဥဖြူတလုံးကို ညောင်ဦးဆိပ်သို့ ခဝါဖွတ်လာသောမြေသိင်းတွင်းက ပျူလင်မယားတွေ့ ၍ ဆယ်ယူခန်း ၆။ တုပ်ဝပ်တောင်ခြေ ရှိ ရှင်ရသေ့အား ဥကိုပြသရာ ဥမြတ်ဖြစ်ကြောင်း ဘုန်းပညာရှိသူ ဖွားအံဖြစ်၍  ကောင်းစွာသိမ်းဆည်း စောင်ရှောက်ရန် မိန့် ကြားခန်း

၇။  ချိန်ခါစေရောက် ဖွားမြောက်၍ (၇)နှစ်ရွယ်ရှိသော် ဘရာရသေ့ထံ အပ်နှံရာ အဋ္ဌာရသအတတ်မျိုးစုံကို သင်ကြားပေးခန်း ၈။  (၁၆)နှစ်အရွယ်ရောက်သေိာ ခမည်းတော် နေနတ်သားက ငှက်ကြီးကို နှိမ်နင်းရန် နတ်လေး၊ မျှားတို့ ကို လာရောက် အပ်နှင်းသော အခန်း

၉။  ပြူအိုလင်မယားထံ ပန်ကြားသော် ရန်သူ(၄)ဦးတို့  (၁၂)နှစ်တိုင်နှိပ်စက်နေသည်ကို သတိပေးပြောကြားနေခန်း ၁၀။ ငှက်ကြီးသည် မိမိကျက်စားရာ အရပ်မှ (၇)ရက် တကြိမ်လာလတ်၍ သ္မီးကညာ(၇)ယောက်အား စာသောက်ခန်း
၁၁။  ငှက်စာပေးအံဟု အပျိုတော်(၇)ယောက်ကို ယူလာစဉ် ပြူစောထီးနှင့် တွေ့ ၍ အကြောင်းစုံကို မေးမြန်းနေသော အခန်း  ၁၂။ ပြူစောထီးသည် ကြောက်ရွံ့ ခြင်းမရှိ ပကတိတည်ကြည်ခြင်းဖြင့် ရတနာအတိပြီးသော သဇီရိန်စဉ်သွားတက်သော နတ်လေးနှင့် ပစ်ခန်း 





    မြားကျတဲ့ နေရာထင်တာပဲ  .. .. .. :D၊ ကလေးလေးတွေက သေခြာရှင်းပြလို့  ဓါတ်ပုံရိုက်ထားတာ၊ ခုတော့ မေ့တေ့တေ့ဖြစ်နေပြီ။  ငှက်ကြီးကို မျှားမှန်တော့ ပြုတ်ကြပြီး ဒီနေရာနားမှာ ပြူစောထီးကို နုတ်သီးနှင့် လှမ်းပေါက်သတ်တော့ ငှက်ပေါက်တွင်းကနေ ရေတွေထွက်လာပါတယ်။ ခုတော့ ငှက်ပေါက်ရေတွင်းရယ်လို့  သေခြားဘောင်ခေတ်ပြီး အထင်အရှားရှိပါသေးတယ်။ ပုံမရိုက်ခဲ့မိလို့  မပြနိုင်တော့ပါဘူး။  အရင်က တွင်းရှေ့ မှာ ငှက်ကြီးပြုတ်ကျတော့ မြေနဲ့ ရိုက်မိပြီး ငှက်ကြီး အန်ဖက်တွေ တောင်ပူစာလို ကုန်းမို့ မို့ နဲ့  ရှိပါတယ်။ လူတွေက ဆေးဖတ်ဝင်တယ်ဆိုပြီး တူးတူးယူသွားလို့  ခုတော့ မြေညီပြင်ကိုပဲ တွေ့ ရပါတယ်။

             ဒါကတော့ ငှက်ကြီးပုံတူ ဆောက်တာပါ။ ဒါပေမယ့် မတူပါဘူး။ ငှက်သေဟာတောင် တောင်းကုန်းတစ်ခုစာလောက် ကြီးတယ်ဆိုပါတယ်။ အရုပ်နောက်ဘက်မှာတော့ လှိုင်ဂူတွေ ရှိပါတယ်။ ပုဂံခောတ်က ရှင်အရဟံ ဘုန်းကြီးကျောင်းက စ၍ တရားဘာဝနာ အားထုတ်သော ရဟန်းရှင်သူမြတ်နှင့် ယောကီသူတော်စင်တို့  သတင်းသုံးခဲ့ဘူးသော လှိုင်ဂူ အဆောက်ဦး တစ်ခုဖြစ်ခဲ့ပါတယ်။ ခုလည်း တရားစခန်းဖွင့်လျှင် တရားထိုင်ကြတုံးပါပဲ။

     ဒါကတော့ ပုံပါစာမှာ မြင်ရသလို မွန်းတည့်ဂူပါ။  ငှက်ကြီးလာရင် မမြင်နိုင်အောင် အပျိုတော်တွေဟာ ဒီဂူတွေထဲမှာ ပုန်းအောင်းနေရပါတယ်။ ဂူရှေ့ ကအပေါက်တွေကို အလုံပိတ်ထားတာကြောင့် အလင်မြင်နိုင်တဲ့ အပေါက်တစ်ခုထားတယ်လို့ ဆိုပါတယ်။ နေရာတော့ သေခြာမသိပါ။ အဲဒီအပေါက်ကလည်း မွန်းတည့်တည့်မှာသာ နေရောင်မြင်နိုင်၊ ဝင်နိုင်တယ်လို့  ဆိုပါတယ်။ ဒါက ငလျှင်ကြောင့် တချို့ ပျက်ဆီးတာတွေ ပြန်မွန်းမံထားတယ်။ ဘယ်အပိုင်းက ပြန်ပြငိထားတာလည်းတော့ ပြောမထားပါ။ အားလုံးတော့ မဟုပ်ပါဘူး။ှ
      ငှက်စာပေးမယ့် အပျို(ရ)ဦးကိုပဲ အပြင်ထုတ်ပါတယ်။ အပျိုတောင် မှဲ့ ပါ၊ တင်ကြီး စတဲအပြစ်အနားကင်းရပြီ၊ ပြစ်မျိုး မရှိတဲ့ အပျိုစင် စစ်စစ် ကိုပဲစားပါသတဲ့။

     ရှင်အရဟံအုတ်ကျောင်းရဲ့ အနောက်ကပ်ရပ်မှာ  ငှက်ပစ်တောင်ဘုးရားရှိပါတယ်။ လှိုင်ဂူပါ နှစ်ထပ် ဘုရားပါ။ ဒါကတော့ အောက်ထပ် လှိုင်ဂူအတွင်းက တစ်ဆူတည်းသော ဘုရားကြီးပါ။ ပုဂံခောတ်လက်ရာပါ။

             ဒါကတော့ ဘေးလှေကားကနေ အပေါ်တက်လိုက်ရင် ဖူးမြော်ရမယ့် ဘုရားပါ။ ဒီဘုရားက အပျိုတွေပုန်းတဲ့ဂူပေါက် ပေါ်က တောင်ကမူပေါ်မှာ ကပ်ရပ်တည်ရှိပါတယ်။ အပေါက်က တစ်ခုထဲပါတာမို့  တစ်ဝဂူဘုရားလို့ လည်း အထက်က စေတီတော်ကို ခေါ်ပါတယ်။

       ဒါကတော့ ~ဗူးဘုရား~ ပါ ။ အလယ်ကအကွက်က ဖြတ်ထားတာပါ။ ဘုးရားပုံး သီးသန့်  မရိုက်ခဲ့ရတာကြောင့်ပါ။  ဒီအထဲမှာ ဘာလို့  ဒီပုံကို ဖော်ပြရသလဲဆိုတော့ အထက်မှာပါခဲ့တဲ့ ရန်သူကြီး(၄)မျိုးထဲက တစ်ခုမို့ ပါ။ ဒီရန်သူကြီး(၄)မျိုးလုံးကို ပြူစောထီးကပဲ တစ်ယောက်ထဲနှိမ်းနင်ခဲ့တာ ဖြစ်ပါတယ်။

           ရန်သူကြီး(၄)မျိုးဆိုတာက ပရူးပျံကြီး ၊ ငှက်ကြီး ၊ တောဝက်နှင့် ဗူးနွယ်ပင်တို့ ပါ။ ပရူးပျံကြီး နှင့် တောဝက်ကြီးကို ပြူစောထီးက နှိမ်နင်းအောင်မြင်ခဲ့ပေမယ့် အမှတ်အသား၊ ဘုရား တစ်ခုမှ မရှိပါဘူး။  ဗူးပင်ကြီးကတော့ ဗူးသီးအကြီးကြီးသီးနေပြီ နွယ်တွေက အရှင်ဖြစ်နေတယ်။ အဲဒီဗူးနွယ်ရှင်တွေက လာသမျှ လူ၊ အကောင်တွေကို ရစ်ပတ်ပြီ ညစ်သတ်တယ်။ ရစ်နွယ်ဆွဲးတော့ လူတွေက ရုန်းမထွက်နိုင်တော့ပဲ သေကြရတယ်။  ဒါကိုလည်း နိုင်အောင်း ခုတ်ထွင်၊ ရှင်းလင်း နှိမ်နင်းနိုင်ခဲ့ပါတယ်။

        ယခင် ဗူးဘုရားဟောင်းက စက်လုံးပိန် သဏာန် တကယ့် ဗူးသီးလို ပုံပန်းရှိပါတယ်။ ပုဂံငလျှင်မှာ မြေခသွားပါတယ်။ ယခုမြင်ရတဲ့ ဘုရားကတော့ ပုဂံငလျှင်ပြီးမှ ပြန်လည် တည်ဆောက်ထားတာဖြစ်ပါတယ်။
 *************************************..........******************************

9 comments:

Angelhlaing(May everybody be happy and healthy! said...

မရောက်ဖူးသေးတဲ့ ပုံဂံဒေသက ဘုရားတွေ ဖူးခွင့်ရလို့ ကျေးဇူးပါရှင်....
ကောင်းသောနေ့လေးဖြစ်ပါစေ။

nweoo said...

အခုလို ပုံနှင့်တကွ စာတွေနဲ့ ရှင်းပြတော့ ဖတ်ရတာ ကောင်းပါတယ် အခုလို ပြောပြတာ ကျေးဇူးပါ

yar zar said...

အခုလို ပုဂံအကြောင်းလေး ဖတ်ရတာ ကျေးဇူးတင်ပါတယ်ဗျ... တစ်ခါမှ မရောက်ဖူးသေးဘူး
းး

ရွှေပြည်သူ (ShwePyiThu) said...

ပုဂံကို တစ်ခါရောက်ဖူးပေမယ့် မနှံ့ခဲ့ပါဘူး။ အခုလို ဓာတ်ပုံတွေနဲ့အတူ ကြည့်ရတာ တကယ် ကျေးဇူးတင်ပါတယ် မစောရေ...

ဟန်ကြည် said...

ပုဂံကို ခရီးထွက်ခဲ့တုန်းက ငှက်ပစ်တောင်ကို ရောက်ခဲ့ပေမယ့် သိပ်ဘ၀င်မကျတာမို့ ကောင်းကောင်းမလေ့လာဖြစ်ပါ...ပုဂံရာဇ၀င်ကလည်း တုတ်ထမ်း၊ ဓားထမ်းပြောရတာမို့ ပြူစောထီးဇာတ်လမ်းကို သံသယဖြစ်မိတာကြောင့်လည်းပါပါတယ်...ငှက်ပစ်တောင်က ဘုရားသမိုင်းလိုက်ပြောပြတဲ့ ကလေးတွေကြောင့် စိတ်အနှောင့်အယှက်ဖြစ်ခဲ့သလို...ဘုရားပရ၀ုဏ်အတွင်းမှာ နတ်ရုပ်တွေရောက်နေတာကိုလည်း ဘ၀င်မကျပါ...

စော(အဝါရောင်မြေ) said...

ကိုဟန်ကြည်ရေ
ပုဂံမှာ ဘယ်သွားသွား ကလေးတွေကြောင့် စိတ်ရုတ်ရပါတယ်။
ကျမသိတဲ့ ပြူစောထီးကတော့ ပြူဘုရင်ရဲ့  သားဟာ ပြူတွေ ပြည်ပျက်ချိန်၊ ပုဂံစတင်ချိန်မှာ ပုဂံအရပ်ကို ပြောင်းရွေ့ ရောက်လာတာလို့  ဆိုပါတယ်။ ဒါပေမယ့် ကျိုက်ထီးရိုးဇာတ်လမ်းမှာတောင် နဂါးမနှင့် ဇော်ဂျီကနေ ကလေးရတာ ရှိသေးတယ်မို့  လား။
အနောက်နိုင်ငံက ငှက်ကြီးတို့ ၊ Dragon ကားတို့ ဟာ ဒီကနေအစပြူတာ ဖြစ်ဖို့ များပါတယ်။

စော(အဝါရောင်မြေ) said...

ကိုဟန်ကြည်ပြောမှ စဉ်စားမိတာ တစ်ခုရှိတယ်။
ရန်ကုန်က ရွှေတိဂုံ ဘုရားပေါ်မှာလဲ ဘိုးသိကြားရုပ်တို့  တောင်စောင့်ဘိုးဘိုးကြီးတို့ ဆိုတာတွေရှိတယ်။ လူတွေကလည်း ရှင်ပြုရင် အဲဒီကိုသွား နတ်ပြကြတယ်။
ကျိုက်ထီးရိုးမှာလဲ တော၊ တောင်ကို စောင့်တဲ့နတ်ရုတ်တွေ တွေ့ တယ်။ ကားတွေ ဦးတိုက်ပြီ တောင်ပေါ်တက်ကြတယ်။
ပုဂံဘုရားတွေမှာ သိပ်မရှိပေမယ့် ငှက်ပစ်တောင်က နတ်ရုတ်ကလည်း အဲဒီ တောင်ဂမူစောင့်လို့ ပြောတာပဲ။ ဒါပေမယ့် ပုဂံဟာ နတ်တွေ၊ အရီကြီးတွေကို သုတ်သင်ပြီမှ ဗုဓ္ဒဘာသာ စတင်ခဲ့တာဆိုတော့ ရောယှက်မူတွေ ရှိခဲ့တာမျိုးလည်း ဖြစ်နိုင်ပါတယ်။

ညိမ်းနိုင် said...

ပုဂံရာဇဝင်မှ မဟုတ်....မြန်မာတစ်ပြည်လုံးက ရာဇဝင်တွေ
ကတော့ ဒုတ်၊ဒါးတင်မက လောင်ချာပါ ထမ်းပြောရမယ့်
ကိန်းတွေချည်း....:)))။ဒါပေမယ့် ကျွန်တော်တော့ ပုဂံကို သိပ်သဘောကျတယ်...။နောက်နှစ်ပြန်ဖြစ်ရင်သွားဦးမယ်
ဗျာ....။ပုဂံအလွမ်းပြေ ဒါ့ပုံတွေအတွက် ကျေးဇူးပါခင်ဗျ..။

သိင်္ဂါကျော် said...

လာလည်ပြီး ပုံတွေ ကြည့်သွားပါတယ်..