မေမေ့အိမ်ကို ပြန်စဉ်က စလေမြို့ ကို အလည်သွားခဲ့ပါတယ်။
စလေမှာလည်း ကျောင်းတက်တုံးက သူငယ်ချင်းတွေ ရှိပါတယ်။ သူတို့ အိမ်တွေကိုတော့ အလည်သွားခဲ့ရပေမယ့်
အမျိုးအိမ်ကိုတော့ မရောက်ခဲ့ရပါဘူး။ မသွားတာကြာတော့ အိမ်ပျောက်နေတာမို့  မဝင်ခဲ့ရတော့ပါဘူး။
သူငယ်ချင်းက သွားခြင်တဲ့နေရာတွေ ဘယ်လိုသွားရမလဲ မေးတာနှင့် သူကိုယ်တိုင် လိုက်ပို့ ပေးပါတယ်။
သူငယ်ခြင်းက လိုက်ပို့  ပေးလို့  ဖူးခဲ့ရသော ဘုရား(၂)ဆူကို အများဖူးမျှော်နိုင် စေရန်
ရိုက်ယူခဲ့မိသော ပုံများကို ပြန်လည် မျှဝေပေးခြင်တာပါ။ စလေနှင့် ဆိတ်ဖြူမြို့ တွေဟာ
ပုဂံခေတ်ကနေ ယနေ့ ထက်တိုင် တည်ရှိနေတဲ့ မြို့  တွေပါ။ ပုဂံခေတ်ကတော့ အတော်ကို စည်းကား
ကြီးကျယ်တဲ့ ဧရာဝတီမြစ်ဘေးက မြို့ တွေ ဖြစ်ခဲ့ပါတယ်။ ခုတော့ မြို့  ငယ်လေးတွေ အဖြစ်ဆက်လက် တည်ရှိနေဆဲပါပဲ။
စလေသူ၊ စလေသားများကတော့ သူတို့ မြို့ ကို
ပုဂံငယ်လို့  တင်စားပြောဆိုလေ့ ရှိကြပါတယ်။ ဘုရားတွေနှင့် ပုဂံမှာလိုပဲ ပြည့်နေလို
့လို ဆိုတာပါပဲရှင်။ စလေနားက ရှင်ပင်စာကြို ဘုရားကြီးကိုတော့ ဒီတခေါက် မသွားဖြစ်ခဲ့ပါဘူး။
မဟာမုနိ ဘုရားဆင်းတုတော် မြစ်ရိုးတစ်လျှောက် ပင့်ဆောင်လာရာ စာလေးငှက်ငယ်များက ဘုရားကို
လာကြိုတဲ့နေရာဖြစ်တယ်လို့  ဘုရားသမိုင်းကို ပြောကြပါတယ်။ ဘုရားပင့်လာတဲ့ ဖောင်တော်ကိုလည်း
ဒီနေရာမှာ တစ်ထောက်နားရင်း ဘုရားတည်ထားခဲ့ခြင်း ဖြစ်ပါတယ်။ မရောက်ခဲ့တာမို့  ဘုရားပုံတော်ကိုတော့
မတင်ပေးနိုင်တော့ပါဘူ။
ဒါပေမယ့် ခုတင်ပေးမယ့် ဘုရားပုံကတော့ ရခိုင်ဘုရားပါ။
ဒီဘုရားဆင်းတုကလည်း မုနိတဆူ ဖြစ်တယ်လို့  သူငယ်ချင်းက ပြောပြပါတယ်။ ဆုတောင်းပြည့်တယ်လို
့လည်း သူငယ်ချင်းကပြောပါတယ်။ အလွန် သပ်ပါယ်ပါတယ်။ ဧရာဝတီမြစ်ဘေးမှာပဲ တည်ရှိပါတယ်။
မြို့ ကနေ မလှန်း၊တလှန်မှာ တည်ရှိနေတာပါ။
ဘုရားတံတိုင်းအဝင် မုတ်ဦးပုံပါ။
အတွင်း ဝင်သွားတော့ မြင်ရတဲ့ပုံပါ။ ဘုရားက မြို့ နှင့် လှမ်းတော့ စောင့်ရှောက်ဘို့  မိသားစုတစ်စုက ဘုရားဝန်း အတွင်းမှာ နေတာမို ၊့ သော့ပိတ်ထားတဲ့ အတွင်းတံခါးကို လိုက်ဖွင့်ပေးမှ ဝင်ဖူးလို့ ရပါတယ်။
ဓာတ်ပုံထဲကထက် အပြင်မှာတော့ ရွှေသားအတိဖြင့် ဆင်းတုတော်ကို ကြည်ညိုဖွယ်ရာ ဖူးမြော်ရမှာ ဖြစ်ပါတယ်။ (ဆင်းတုတော်ကတော့ ရွှေချထားတာပါ :P)
နောက်တစ်ဆူကတော့ မံဘုရားပါ။ ယွန်းဘုရားတစ်ဆူ
အဖြစ်တွေ့ ရမှာ ဖြစ်ပါတယ်။ နှီးများဖြင့် ယက်လုပ်ထားပြီ၊ သစ်စေးများဖြင့် သရိုးကိုင်ထားကာ၊
ရွှေချထားသော ပုဂံဘုရားဖြစ်ပါတယ်။ ပုဂံဘုရားတွေ မြစ်ထဲမျှော်ပါစဉ်က ဘုရားဆင်းတုတော်သည်
ယွန်ထည်ဖြစ်သောကြောင့် မြစ်ရေမှာ ပေါလော မျှောပါလာတာကို စလေမြို့ ခံများက ဖူတွေ့ ရတဲ့အတွက်
ရေထဲကို ဆင်းဆယ်ယူပြီး မြို့  ပေါ်မှာ ကျောင်းဆောက်လှူဒန်းလို့  ပူဇော်ထားတဲ့ ဘုရားတစ်ဆူဖြစ်ပါတယ်။
မကြာခင်ကပဲ ဘုရားရဲ့  ကျောဘက်က အမိုးရေယိုရာမှ ဆွေးမြေ့ ပျက်ဆီးခဲ့လို့  အမိုးများကို
လုံခြုံအောင်ပြင်ဆင်ပြီးမှ ယွန်းပညာရှင်များနှင့် ဘုရားကျောဘက် အပျက်အဆီးတို့  ကို
ပြန်လည် ပြင်ဆင်ထားတာ ဖြစ်ပါတယ်။ ပုဂံခေတ်လက်ရာဖြစ်ပြီး ကြည်ညိုဖွယ် ဖူးမျှော်နိုင်မှာ
ဖြစ်ပါတယ်။
ရုပ်စုံကျောင်းမှာ ရိုက်လာတဲ့ ပုံတွေက နည်းနည်းများတာမို့ လို့  နောက်မှ သက်သက် ခွဲးတင်ပေးမယ်လို့  စိတ်ကူးထားပါတယ်။ စလေမြို့ ရဲ့  အရိပ်အယောင်ကို မတွေ့ ရပေမယ့် စလေက ဂုဏ်ထူးဆောင် ဘုရားနှစ်ဆူကို ဖူမျှော်ကြပါအုံးလို့  ပြောရင်းနိဂုံးချုပ်လိုက်ပါပြီနော်။ ။
6 comments:
Thank you so much for sharing!!!
တင်ပေးသူ ကျေးဇူးကြောင့် မဖူးဘူးတဲ့ ဘုရားကို ဖူးရတာပါ။ ကျေးဇူးတင်ပါတယ်။
စောရေ ဘုရားလာဖူးသွားပါတယ်ရှင့်။
မြတ်စွာဘုရားက ရွှေသားအတိနဲ့လား။
အချစ်ဆုံးသူငယ်ချင်းရဲ့ မွေးရပ်မြေပဲ. သူခဏခဏ ခေါ်တယ် တစ်ခါမှ မလိုက်ဖြစ်ခဲ့ဘူး။ ခုတော့ ဒီလို လည်ဖို့ ပတ်ဖို့  အခွင့်အရေး ဘယ်တော့ပေးပါ့မယ်...... ။ :(
ကျေးကျေး.. ဘလော့ကပဲ လည်သွားလိုက်တော့မယ်.။
ကျေးဇူးပါမမရေ ...
စလေ က ဘုရား တွေ မယ်စော ကျေးဇူးနဲ့ဖူးရပြီ ။
နောက်ထပ်တင်ဦးနော် ။
ဟီးဟီး..
စလေသူ ။
Post a Comment