ကျမငယ်ငယ်က ဆော့ခဲ့ရသော အိုးပုတ်ကလေးတွေ၊ မေမေ ဝယ်ပေးခဲ့ဘူးသည်။ ပခုက္ကူ မေမေ့ဇာတိမြို့  မေမေအလည်ပြန်စဉ်က ကျမက (၂)တန်း စာမေးပွဲးဖြေပြီးစ နွေရာသီကျောင်းပိတ်ရက်၊ သီဟိုရှင် ဘုရားပွဲးသို့  လိုက်သွားခဲ့ဘူးသည်။ အဲဒီတုံးက ဘုရားပွဲးမှာ ရောင်းသော အိုးပုတ်ကလေး မေမေ ဝယ်ပေးဘူးသည်ကို ခုထိ အမှတ်ရနေပါသေးသည်။ မြေအိုးမို့  ဆော့ရင်း ဒယ်အိုး လက်ဂိုင်းလေး ကြိုးသွားသည်။ ကျမလည်း မေမေသိရင် ရိုက်မှာစိုးသောကြောင့် တည်းခိုသော အိမ်၏ အရှေ့ မြေကြီးမှာ တွင်းတူဖွတ်လိုက်သည်။ မေမေသိတော့ ကျမထင်သလို မဆူပါ။ လက်ဂိုင်းလေ ပြန်တက်ပေးမယ် ဆိုလို့  ပြန်ရှာတော့ မတွေ့ တော့ဘူး။ နောက်တော့ သင်္ဘောနှင့် မြို့ ကိုပြန်လာတော့ လုံးဝကို ကျန်နေခဲ့ပါသည်။ ဒါကမေမေ နှင့် ကျမ အိုးပုတ်ကလေးအကြောင်းပါ။
ကျမတို့  ဇာတိမြို့ က ဈေးထဲမှ အိုးပုတ်ကလေးတွေ မေမေတွေ့ လျှင်လည်း ကျမတို့  ညီအမတွေအတွက် ဝယ်လာပေးတတ်ပါတယ်။ ဒယ်အိုး၊ ဒယ်အိုးဖုံး၊ မီးဖို၊ ငရုတ်ဆုံ နှင့် ငရုတ်ကျည်ပွေ့  လေးတွေ ။ ပြီးတော့ ကော်ဖီပုဂံလုံး၊ ပုဂံပြား ဒါကတော့ အိုးပုတ်တွေထဲမှာ အများဆုံးရှိတတ်သော အိုးပုတ် အမျိုးအစားတွေပါ။ မေမေက သမီးတွေကို ဝယ်ပေးပင်မယ့် ၊ အိမ်မှာတော့ ကျမတို့  ဦးလေးက ကလေးတွေကစားတဲ့ အိုးပုတ်တွေကို အသိမ်းသမားဖြစ်ခဲ့ရသည်။ ဦးလေးက ကျမတို့  ကလေးတွေကို ရေတွေ၊ သဲတွေနှင့် မဆော့ဘို့ ၊ လူလည်းညစ်ပတ်တယ်၊ အိမ်လည်း ညစ်ပတ်တယ် နှင့် မကြာခဏပြောလိုက် ရေဆေးပြီးသိမ်းလိုက်နှင့်ပေါ့။
ကလေးပဲ ကျမတို့ ကလည်း ရေကိုင်ခြင်သည်။ ရေချိုးခန်းက ရေတွေယူ၊ သဲတွေနှင့် ထမင်းချက်။ အိမ်မှာ ရှိတဲ့ အပင်တွေ၊ အရွက်တွေ ခူး ဟင်းလုပ်၊ ပြီး ရွက်ကျပင်ပေါက်မှ အရွက်တွေက တဇောင်းလက်ပတ်လို ချွဲပျစ်ပျစ်မို့  အရွက်ကို လှီးပြီ မြေဒယ်အိုးတွေထဲ ဘူးသီးကြော်လုပ်ဆော့သည်။ ဟီး ဟီး ခုတွေးမိ၊ ခုဆော့ခြင်သေး သလိုလိုပါပဲ။ ကြာတော့ ကျမ ဦးလေးလည်း အိုးပုတ်တွေ ရေးဆေးသိမ်းရလွန်းတော့ တစ်ခါ ရေဆေးပြီး ကျမတို့  ထားနေကျနေရာ မထားပဲ ဖေဖေကုတင်အောက် ကထ္ထူပုံးထဲ ထည့်ဖွတ်လိုက်ပါတော့သည်။ ရှာလို့  မတွေ့ တော့ ကစားနည်းပြောင်းသွားသည်။
အိမ်ပြင်ထွက် အိမ်နားက ကလေးတွေစုပြီး နှစ်ဖွဲ့ ခွဲး ဗုဓ်ဒီ၊ ဆလိမ်ပြေးတမ်း၊ တွတ်ဆွဲးကြသည်။ မြေမထိ၊ ဝါးမထိတို့  မိုးနှင့်မြေ၊ ထုတ်ဆီထိုးကြနှင့် ဘယ်လောက်ပျော်စရာကောင်းခဲ့ သလဲလို့ နော်။ အပျော်လွန်နေလို့  ည(၉)နာရီထိုးလျှင် ဖေဖေထွက်လာပြီး အိမ်ထဲဝင်ခိုင်းပြီ တံခါးပိတ်သည်။ ပျင်းလျှင် အိမ်ရှေ့ ဒန်ပေါ်မှာ စောက်ထိုးချိတ်ပြီး တစ်ယောက်ထဲ ဆော့လိုက်သေးသည်။ အိမ်မှာက မိန်းခလေးကြီးမို့  ဘောလုံးတော့ မကစား၊ ဒါပေမယ့် ဆော့နည်းကတော့ စုံနေအောင်ဆော့သည်။ ဒီကြားထဲ အမတွေဆော့သော ကျားကစား နှင့် မိုနိုပိုလီလိုမျိုးလည်း နွဲးလိုက်သေးသည်။
ကျမတို့  မြို့ က ဘုရားပွဲးလုပ်လျှင် ဇာတ်ရုံတွေတော့ မပြောလိုပါ။ မုန့် ဟင်းခါး၊ ခေါက်ဆွဲသုတ်ဆိုင်၊ မုန့် ရေ၊ မုန့် ပြားသလက်ဆိုင်၊ အကြော်ဆိုင်မှစ အဝတ်၊ အထည်ဆိုင်လည်း အစုံပါသည်။ ရာသီပေါ် ကြံချောင်းကို ခုတ်ရောင်းသောအခါ စာပွဲးခုံနှင့် ကြံသာမက၊ ကောက်ညှင် ကျည်ထောက်တွေပါ ရောင်းသေးသည်။ စာအုပ်ဆိုင်တွေ၊ သင်းဖြူဆိုင်၊ နိဗ်ဗန်ကုန်ဆိုင်လို့ ရေးထားသော ဘုရားနှင့် ပုလင်တွေ၊ ဒန်ထည်ပစ္စည်းဆိုင်တွေ စုံနေအောင် လာရောင်းလေ့ရှိပါသည်။ ကလေးတွေ အတွက် ဆော့ရသော ဒန်အိုးတွေပါသည့် အရုပ်ဆိုင်တွေ၊ မိုးပျံပူဖောင်တွေ၊ ဒလက်လို၊ယပ်တောင်လို စုံနေပါတော့တယ်။
ကျမတို့  အတွက်တော့ ခုတွေးရင် ခုလွမ်းမိသော ငယ်ဘဝတွေပေါ့။
9 comments:
မြန်မာပြည်က အခုခေတ် မြို့ပြလူနေမှု စနစ်ကြားမှာ ကလေးတွေက အိုးပုတ် ဂျိုးရုတ်နဲ့ ကစားရဖို့မလွယ်တော့ဘူး။
ခုခေတ်ကလေးတွေကတော့ အိုးပုတ်၊ချိုးရုပ်ဆိုတာဘာမှန်း
သိတော့မယ်မထင်..၊ကျွန်တော်လည်ူငယ်ငယ်က အစ်မတို့
နဲ့အတူ အိုးပုတ်တွေနဲ့ဆော့ခဲ့ရသေး....:) ငယ်ဘဝတွေက
တော့ ပြန်တွေးမိတိုင်း ပြုံးစရာ၊လွမ်းမောစရာလေးတွေ
ချည်းပဲဗျနော်....။
ငယ်ငယ်တုန်းက ကစားခဲ့ကြတာ မေ့ဘူးပေါ့ဝေ။။။
ငယ်ငယ်တုန်းက ကလေးဘဝလေးတောင် လွမ်းမိတယ.်မမရေ..
ကောင်းသောနေ့လေးဖြစ်ပါစေ။
စဉ့်အိုးတွေ၊ မြေထည်ပစ္စည်းတွေ၊ အိုးပုတ်တွေနဲ့ကစား
တာတွေ၊ ကစားတာတွေ တော်တော်တူပါတယ်..ဒါပေ
မယ့် ဆလိမ်ပြေးတမ်းဆိုတာ မသိဘူး.. အဲဒါ ဘယ်လို
မျိုးလဲ... ပြောပြနော်..
ကျေးလက်သားလေး
ဆလိမ်ပြေးတန်းက ခွေးရူးလုပ်မယ့်သူ့ ကို မဲချရတယ်။ မဲကျတဲ့သူကို ကျန်တဲ့သူတွေက စိန်ပြီလို အော်ရင် တွေ့ တဲ့သူ၊ နီးတဲ့သူကို လိုက်ဖမ်းတဲ့ ကစားနီးပေါ့။ စိန်ခေါ်ပြီး ထွက်ပြေးတဲ့ ကစားနည်းလေးပါပဲ။
:P
အဟီး စိန်ပြေးတန်းကို မြန်မြန်ပြောတော့ ဆလိမ်ပြေးတန်းဆိုပြီး ရေးလိုက်တာ ဟီး ဟီး
အိုးပုတ် ချိုးရုပ်ဆိုတာ ခုခေတ်တော့ နယ်မြို့တွေမှာ လောက်ပဲ တွေ့နိင်မယ်ထင်တယ်။
ဟုတ်ပ စောရေ..
အမ ငယ်ငယ်ကလည်း အိုးပုတ်လေးတွေနဲ့ ကစားခဲ့တာ..
ခုခေတ်မှာတော့ အိုးပုတ်ဆိုတာ ဘယ်နားရှာရမှန်းကို မသိတော့ပါဘူး...
Game ခေတ်ဖြစ်နေပြီလေ...
Post a Comment