အဘိဏှသုတ် (ဗုဒ္ဓဓမ္မ ဦးလောကနာထ မှ)
အဘိဏှသုတ် (ဗုဒ္ဓဓမ္မ ဦးလောကနာထ မှ ကူးယူဖော်ပြပါသည်)
ကံတရားကို အမြဲမပြတ် ဆင်ခြင်ပါ…
''မိမိ၏ ကံသာလျှင် မိမိဥစ္စာ ရှိ၏၊ ကံ၏ အမွေခံ ဖြစ်၏၊ ကံသာလျှင် အကြောင်းရှိ၏၊ ကံသာလျှင် အဆွေအမျိုး ရှိ၏၊ ကံသာလျှင် ကိုးကွယ် မှီခိုရာရှိ၏၊ ကောင်းသည်ဖြစ်စေ မကောင်းသည်ဖြစ်စေ ငါပြုမိသော ကံ၏ အမွေခံသာ ဖြစ်ရပေမည်'' ဟူ၍ မိန်းမဖြစ်စေ ယောက်ျားဖြစ်စေ လူဖြစ်စေ ရဟန်းဖြစ်စေ မပြတ် ဆင်ခြင်အပ်၏။
ရဟန်းတို့ သတ္တဝါတို့အား ကာယဒုစရိုက် ဝစီဒုစရိုက် မနောဒုစရိုက်သည် ရှိ၏၊ ထို(ကံ) အကြောင်းကို မပြတ် ဆင်ခြင်သော ထိုသူအား မကောင်းမှုသည် အချင်းခပ်သိမ်းမူလည်း ပျောက်ကင်း၏၊ ခေါင်းပါးခြင်းမူလည်း ဖြစ်၏။
''ငါတစ်ယောက်တည်းသာလျှင် ကံသာလျှင် မိမိဥစ္စာရှိသည် ကံ၏ အမွေခံဖြစ်သည် ကံသာလျှင် အကြောင်းရှိသည် ကံသာလျှင် အဆွေအမျိုးရှိသည် ကံသာလျှင် ကိုးကွယ်မှီခိုရာ ရှိသည် ကောင်းသည်ဖြစ်စေ မကောင်းသည် ဖြစ်စေ ငါပြုမိသော ကံ၏ အမွေခံဖြစ်သည် မဟုတ်၊ စင်စစ်မူကား ဤဘုံဘဝသို့ လာခြင်း တစ်ခြားဘုံဘဝသို့ သွားခြင်း စုတေခြင်း ပဋိသန္ဓေ နေခြင်းရှိသည့် သတ္တဝါဟူသမျှ အားလုံးတို့သည် ကံသာလျှင် မိမိဥစ္စာ ရှိကုန်၏၊ ကံ၏ အမွေခံ ဖြစ်ကုန်၏၊ ကံသာလျှင် အကြောင်းရှိကုန်၏၊ ကံသာလျှင် အဆွေအမျိုး ရှိကုန်၏၊ ကံသာလျှင် ကိုးကွယ် မှီခိုရာ ရှိကုန်၏၊ ကောင်းသည်ဖြစ်စေ မကောင်းသည်ဖြစ်စေ ပြုမိသော ကံ၏ အမွေခံတို့သာ ဖြစ်ကြလိမ့်မည်'' ဟု ဆင်ခြင်၏။
ထိုကံအကြောင်းကို မပြတ် ဆင်ခြင်သော ထိုသူအား မဂ်သည် ကောင်းစွာ ဖြစ်ပေါ်လာ၏၊ ထိုအရိယာတပည့်သည် ထိုမဂ်ကို မှီဝဲ၏၊ ပွါးများ၏၊ ကြိမ်ဖန်များစွာ ပြု၏၊ ထိုမဂ်ကို မှီဝဲသော ပွါးများသော ကြိမ်ဖန်များစွာ ပြုသော ထိုသူအား သံယောဇဉ်တို့သည် အချင်းခပ်သိမ်း ပျောက်ကင်းကုန်၏၊ အစဉ်ကိန်းနေသော 'အနုသယ' တရားတို့သည် ကင်းပြတ်ကုန်၏ ဟု မိန့်တော်မူ၏။
Friday, April 8, 2011
ငယ်ငယ်တုံးက ဒို့ ဘဝရယ်
         မူလတန်းတုံးကတော့ အလယ်တန်းကျောင်းမှာ သွားတက်ရတယ်။ အထက်က အမနှင့် အတူပေါ့။ အတန်းထဲမှာ ကျမနှင့် ခုံအတူတူထိုင်တဲ့ (နောက်တော့) သူငယ်ချင်းဖြစ်လာတဲ့ ကောင်မလေးနှင့် နေရာလုရင်း ရန်ဖြစ်ကြတယ်။ သူက ကျမထက် အကောင်သေးတယ်ပေမယ့် စွာပါတယ်။ ဘန်ဘီပုံ ထဲကလိုတော့ စတွေ့ တွေ့ ခြင်မှာ ပြုံပြနုတ်ဆက်ကြတာ မဟုပ်ပါဘူး။ :P   မုန့် စားကျောင်းဆင်းချိန် အမလာတော့ ကျမကပြောပြတယ်။ မနေ့ က ကျမရဲ့ နေရာကို သူမက ဒီနေ့  ဦးအောင်ထိုင်သည်။ နေရာဖယ်ခိုင်တော့ ရန်ဖြစ်ရတယ် သူကဖယ်မပေးပါ။  :)
       အမကသိတော့ ပြောဖယ်ခိုင်းတယ်။ သူကလဲ မဖယ်ပဲ ရန်ဖြစ်ကြပါတယ်။ ပါးစပ်နဲ့ သူတခွန်း၊ ငါတခွန်းနဲ့  ခွန်းကြီး ခွန်းငယ် ပြောကြရုံတင်ပါ။ ညနေ ကျောင်းကပြန်တော့ အမက မေမေကို ကျောင်းလိုက်တိုင်ဘို့  ပြောပါတယ်။ နေရာက ဆရာမချပေးထားပြီးသားလေ ။ သူက ပထမနေ့ ကမလာပဲ နောက်နေ့ မှ လာဗိုလ်ကျတာပါ။  ကျမကလည်း အကောင်သာကြီးတာ အဲလောက်လည်း မစွာတတ်ပါဘူး။ ခက်တာက မတည့်ပါဘူးဆိုနေမှ သူက ကျမနေရာထိုင်ထားတော့ သူ့ ဘေးမှာ ကျမကထိုင်နေရတာပေါ့။
       နောက်နေ့ ကျ မေမေကျောင်းလိုက်လာသည်။ ကျောင်းက အတန်းပိုင် ဆရာမ မလာသေးတော့ မေမေက အခန်းပြင်မှ စောင့်နေသည်။ ခဏနေတော့ ကျမနဲ့  ရန်ဖြစ်တဲ့ ကောင်းမလေးက သူ့ အမေနဲ့ ကျောင်းရောက်လာသည်။ ကျမက မေမေ့နားကပ်ပြီး `မေမေ အဲဒါ သူ့ အမေ` လို့  ပြောပြီး ပြလိုက်ပါတယ်။ ကျမ အမေက လှမ်းကြည့်ပြီ ဆရာမကို ပြောထားခဲ့မယ်၊ အခန်းထဲ သွားထိုင်လို့  ပြောပြီးပြန်သွားပါတယ်။:P
      ကျမလည်း    ဘာဖြစ်သွားပါလိမ်လို့ ပဲ တွေးတတ်ပါတယ်။ အခန်းထဲ ထိုင်ပြီး အတန်းချိန်ကုန်အောင် စာသင်ခဲ့ရပါတယ်။ ဆရာမကလည်း ဘာမှမပြောပါဘူး။ အတန်းထဲ ဝင်လာတုံးကတော့ တစ်ချက် လှမ်းကြည့်ပါတယ်။  နောက်တော့ စာသင်ဘို့  စလုပ်တယ်၊ စာသင်တယ်။ ကျမက ကလေးပဲ ရှိသေးတော့ ဘယ်သိပါ့ မလဲနော်။  ကျမတို့ ကျောင်းက နေ့ တစ်ဝက်ကျောင်း၊ မနက်ဆို  မူလတန်း၊ ညနေဆို အလယ်တန်းကျောင်းသားတွေကို သင်တယ်။ နေ့ လည် ကျောင်းဆင်းချိန်ကျတော့ အိမ်ပြန်ခဲ့ရတာပေါ့။
        အိမ်ရောက်တော့ ကျမအမက ကျောင်းမုန့် စားဆင်းချိန် ကျမနှင့် တွေ့ တော့ ကျမပြောပြထားလို့  မေမေပြန်တာကို သိပြီးပါပြီ။ ကျမ အမကလည်း အိမ်ရောက်ရောက်ခြင်း မေမေ့ကိုရှာပြီး အကျိုးအကြောင်း မေးပါလေရောလား။ ကျမလည်း သိခြင်တာနဲ့  အဲဒီနား မရောင်မလည်နဲ့  ရပ်နားထောင်နေတာပေါ့။  :D
        စာဖတ်သူများရော သိခြင်ပါသလား ?
        အဆိုတော် အဲလတ်စ် ဆိုတဲ့ ဟိုသီချင်းကို သိပါသလား ? 
        ဟီး ဟီး
        `ဝတုတ်ကြီး၊  ဝတုတ်ကြီး` လို့  ဆိုတဲ့သီချင်းလိုပေါ့
         အဲဒီ ကောင်မလေး အမေက `ဝတုတ်ကြီး` လေ။ ကျမ မေမေကို အဲဒါ သူ့ အမေလို ပြတော့ မေမေကလည်း ဝတုတ်ကြီး မြင်ပြီ ကြောက်လို့ ပြန်ပြေးပါလေရောလား။  ကျမ အမကမှ မကြောက်ပဲ ကျမအတွက် ရန်ဖြစ်ပေးသေးတယ်။ မေမေက ပြောလိုက်သေးတယ် `သူက ဝ ဝကြီး၊ ကြောက်စရာကောင်းလို့  မပြောရဲလို့ ပြန်လာတာ။ ဆရာမတော့ ကျမကို ကြည့်ပေးဘို့  သွားပြောလိုက်ပါသေးတယ်` တဲ့လေ။
        အင်း ကျမလည်း အဲလတ်စ် လို့ ပဲ   `ဝတုတ်ကြီး၊  ဝတုတ်ကြီး` လို့ ပဲ အော်လိုက်ခြင်ပါတော့တယ်။  ဟိုတုံးက စိတ်ရှုတ်စရာတွေဟာ ခုတော့လည်း ဟာသလိုပါပဲလားနော်။
No comments: